မညီမျှမှုနှင့် နိုင်ငံရေး အကွဲအပြဲဆိုင်ရာ စိတ်ပညာ
-
0:01 - 0:03ခင်ဗျား အခုဆို ကြားဖူးမှာပါ၊
-
0:03 - 0:06စီးပွားရေးဆိုင်ရာ မညီမျှမှုတွေက
သမိုင်းတွင်လောက်အောင် မြင့်နေတာ၊ -
0:06 - 0:09အမေရိကန်ပြည်ထောင်စုထဲက သုည ဒသမ
တစ်ရာခိုင်နှုန်းရှိတဲ့ အချမ်းသာဆုံးသူတွေက -
0:09 - 0:13အောက်ခြေပြည်သူ ၉၀ ရာခိုင်နှုန်းတို့ရဲ့
စုစုပေါင်း ကြွယ်ဝမှုလောက် ပိုင်ဆိုင်ကြတာ၊ -
0:13 - 0:16ဒါမှမဟုတ် ကမ္ဘာပေါ်က
အချမ်းသာဆုံး ပုဂ္ဂိုလ် ၈ ဦးတို့ရဲ့ -
0:16 - 0:17ကြွယ်ဝချမ်းသာမှုဟာ
-
0:17 - 0:21ကမ္ဘာပေါ်က အဆင်းရဲဆုံး လူ ၃.၅ ဘီလီယံ
တို့ရဲ့ ပိုင်ဆိုင်မှုနဲ့ တူညီနေတာကိုပါ။ -
0:21 - 0:26ဒါပေမဲ့ စီးပွားရေး မညီမျှမှုဟာ
လူ့သက်တမ်း တိုလာမှု၊ -
0:26 - 0:28ပျော်ရွှင်မှု နည်းလာမှု၊
-
0:28 - 0:30ပြစ်မှုတွေ များလာမှုနဲ့
-
0:30 - 0:33မူးယစ်ဆေး သုံးစွဲမှုများလာမှုနဲ့ ဆက်နွှယ်
နေတာကိုရော ခင်ဗျားတို့ သိကြလား။ -
0:33 - 0:36ဒါတွေဟာ ဆင်းရဲမှုနဲ့ သက်ဆိုင်တဲ့
ပြဿနာတွေလို့ ထင်ရပေမဲ့၊ -
0:36 - 0:38ချမ်းသာတဲ့ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာလည်း
-
0:38 - 0:40အဲဒီလို ကျန်းမာရေးနဲ့ လူမှုရေးဆိုင်ရာ
ပြဿနာတွေဟာ -
0:40 - 0:44တကယ်တော့ ဝင်ငွေပမာဏ သက်သက်ထက်
ဝင်ငွေ မညီမျှမှုတွေနဲ့ -
0:44 - 0:46ပိုနီးကပ်စွာ ဆက်စပ်နေပါတယ်။
-
0:46 - 0:47ပြီးတော့ အဲ့ဒါကြောင့်ပဲ
-
0:47 - 0:50ကမ္ဘာ့နိုင်ငံတွေထဲမှာ အချမ်းသာဆုံးနဲ့
မညီမျှမှု အကြီးမားဆုံးဖြစ်တဲ့ -
0:50 - 0:53အမေရိကန်ပြည်ထောင်စုရဲ့
-
0:53 - 0:57အခြေအနေဟာ ဖွံ့ဖြိုးပြီး အခြားနိုင်ငံ
အားလုံးတို့ထက် ပိုမိုဆိုးရွားနေတာပါ။ -
0:57 - 1:00စစ်တမ်းတွေ ပြနေတာက အမေရိကန်
ပြည်သူ အများစုတို့က၊ -
1:00 - 1:03ဒီမိုကရက်တွေနဲ့ ရီပတ်ဘလင်ကန်
နှစ်ခုစလုံးတို့က၊ -
1:03 - 1:08မညီမျှမှု အရမ်းမြင့်နေတယ်လို့ ယုံကြည်ပြီး
ပိုမိုညီမျှတဲ့ လုပ်ခကို လိုချင်ကြပါတယ်။ -
1:08 - 1:14လူ့အသိုင်းအဝိုင်အနေနဲ့ အဲဒါကို တစ်နည်း
နည်းနဲ့ ဖြေရှင်းဖို့ ကျုပ်တို့ဆီမှာ -
1:14 - 1:18ဘုံခံယူချက်၊ သဘောတူညီမှု၊
နိုင်ငံရေးဆန္ဒလည်း ရှိပုံမရပါဘူး။ -
1:18 - 1:22ဘာ့ကြောင့်လဲဆိုတော့ မညီမျှမှုဟာ နောက်ဆုံး
ဆယ်စုနှစ်များအတွင်း တိုးလာခဲ့တာနဲ့အမျှ -
1:22 - 1:25နိုင်ငံရေးအကွဲအပြဲတွေကလည်း အဲဒါနဲ့အတူ
မြင့်တက်လာခဲ့လို့ပါ။ -
1:27 - 1:31ကျနော်တို့က ကိုယ်နဲ့ သဘောထား မတူသူတွေကို
လူအ တွေ အကျင့်ပျက်တွေလို့ မြင်တယ်။ -
1:31 - 1:34ဒီမိုကရက်တွေနဲ့ ရီပတ်ဘလင်ကန်တွေရဲ့
တစ်ဝက်နီးပါက -
1:34 - 1:37အခြားတစ်ဖက်ဟာ မှားနေရုံတင်မဟုတ်ဘဲ
-
1:37 - 1:40နိုင်ငံတော်အတွက် အန္တရာယ်လို့တောင်
ထင်မြင်နေကြတယ်။ -
1:40 - 1:44ပြီးတော့ ဒီမုန်းတီးမှုက အပြောင်းအလဲတွေကို
ဖော်ဆောင်ဖို့ လိုအပ်တဲ့ ဘုံခံယူချက်အား -
1:44 - 1:46ရှာကြံမှုကို ဟန့်တားနေပါတယ်။
-
1:47 - 1:50ကျနော်ဟာ University of North Carolina က
လူမှုရေး စိတ်ပညာ ပါမောက္ခ ဖြစ်ပြီး၊ -
1:51 - 1:55မညီမျှမှုက လူတွေရဲ့ ဆင်ခြင် ပြုမူပုံတွေ
အပေါ် သက်ရောက်ပုံကို လေ့လာသူပါ။ -
1:56 - 2:00ကျနော် တင်ပြမှာက မညီမျှမှုနဲ့ နိုင်ငံရေး
အကွဲအပြဲတွေ အတူတကွ မြင့်တက်လာမှုဟာ -
2:00 - 2:04အကြောင်းမသင့်လို့ ဖြစ်လာတဲ့
တိုက်ဆိုင်မှု မဟုတ်တာကိုပါ။ -
2:04 - 2:07မညီမျှမှုဟာ ကျနော်တို့ရဲ့ နိုင်ငံရေးကို
သပ်ပင်းပေးနေတာ -
2:07 - 2:09ခိုင်လုံတဲ့ စိတ်ပိုင်းဆိုင်ရာ
အကြောင်းပြချက်တွေ ရှိပါတယ်။ -
2:09 - 2:13ဆိုလိုတာက အဲဒီအရာ ဒီနှစ်ခုစလုံးကို
တပြိုင်တည်း မြှင့်တင်ပေးဖို့ အတွက် -
2:13 - 2:15ခိုင်လုံတဲ့ စိတ်ပိုင်းဆိုင်ရာ
အကြောင်းရင်းတွေ ရှိကြပါတယ်။ -
2:16 - 2:19မညီမျှမှုဟာ ဘာ့ကြောင့် ဒီလောက်တောင်
စွမ်းအားကြီးမားတာကို နားလည်ဖို့ဆိုရင် -
2:19 - 2:23ကျနော်တို့ အရင်ဦးဆုံး နားလည်ကြရမှာက
ကျနော်တို့ဟာ တစ်ချိန်လုံး ကိုယ့်ကိုယ်ကိုယ် -
2:23 - 2:24အခြားသူတွေနဲ့ နှိုင်းယှဉ်တတ်ကြတယ်၊
-
2:24 - 2:26အဲ့လို နှိုင်းယှဉ်ကြည့်တဲ့အခါမှာ
-
2:26 - 2:29ကျနော်တို့ဟာ ထိပ်ဆုံးမှာ ရှိတာကို
မြင်လိုကြပြီး -
2:29 - 2:32အောက်ပိုင်းမှာ ရှိနေရင် စိတ်မချမ်းမြေ့
တတ်ကြတာကိုပါ။ -
2:32 - 2:35စိတ်ပညာရှင်တွေက ဒါကို "better-than-
average effect" လို့ ခေါ်ကြတယ်။ -
2:36 - 2:39လူအများစုက သူတို့ဟာ ပျမ်းမျှထက်
ပိုသာတယ်လို့ ယုံကြည်ကြပါတယ်။ -
2:39 - 2:41သူတို့ အလေးထားတဲ့ ဘယ်အရာမဆိုမှာပေါ့။
-
2:43 - 2:47ပျမ်းမျှရဲ့ အဓိပ္ပါယ် အရကိုက အဲဒါဟာ
လက်တွေ့မှာ မဖြစ်နိုင်ပါဘူး။ -
2:47 - 2:50(ရယ်သံများ)
-
2:50 - 2:52ဒါပေမဲ့ လူတွေ ခံစားကြပုံက အဲ့လိုမျိုးပါ။
-
2:52 - 2:55လူအများစုက ကိုယ်ဟာ ပျမ်းမျှထက်
ပိုပြီး ထက်မြက်ကြတယ်၊ -
2:55 - 2:57ပျမ်းမျှထက် ပိုပြီး အလုပ်ကြိုးစားကြပြီး
-
2:57 - 2:59လူမှုရေးကိစ္စတွေမှာ ပိုပြီး
ကျွမ်းကျင်တယ်လို့ ထင်တတ်ကြတယ်။ -
2:59 - 3:03လူအများစုက သူတို့ ကားမောင်းတာ
ပျမ်းမျှထက် ပိုတော်တယ်လို့ ထင်ကြတယ်။ -
3:03 - 3:03(ရယ်သံများ)
-
3:03 - 3:07သူတို့ကြောင့် ယာဉ်မတော်တဆ ဖြစ်မှု
ဖြစ်ခဲ့လို့ လောလောဆယ်မှာ -
3:07 - 3:10ဆေးရုံတက်နေကြရတဲ့ လူတစ်စုကို ယူပြီး
လေ့လာကြည့်ရင် အဲဒါမှန်တာ တွေ့ရမှာပါ။ -
3:10 - 3:12(ရယ်သံများ)
-
3:13 - 3:16ဒီတော့ ကျနော်တို့ဟာ ကိုယ့်ကိုယ်ကိုယ်
ပျမ်းမျှထက် ပိုသာတာကို မြင်လိုကြတယ်၊ -
3:16 - 3:18အကယ်၍ အဲ့သလိုမဟုတ်တာ တွေ့ရရင်တော့၊
-
3:18 - 3:21ဒါဟာ ကျနော်တို့အဖို့ လက်ခံရခက်တဲ့
အခြေအနေမျိုးပါ။ -
3:21 - 3:25ပြီးတော့ ကမ္ဘာကြီးအား ကျနော်တို့ မြင်ပုံ
ပြောင်းခြင်းဖြင့် အဲဒါကို ညှိယူကြပါတယ်။ -
3:25 - 3:27အဲဒီလို ဖြစ်ပျက်လာပုံကို နားလည်ဖို့
-
3:27 - 3:31ကျနော့် လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကျနော်ဟာ
စမ်းသပ်မှု တစ်ခုကို ပြုလုပ်ခဲ့တယ်။ -
3:31 - 3:35ပါဝင်သူတွေ ပိုက်ဆံအချို့ရဖို့ ဆုံးဖြတ်ချက်
ချပေးရမယ့် တာဝန်ကို ပေးခဲ့ကြတယ်၊ -
3:35 - 3:38အမှန်က လူတိုင်းဟာ တူညီတဲ့ ပိုက်ဆံကို
ရခဲ့ကြတာပါ။ -
3:38 - 3:41ဒါပေမဲ့ ကျနော်တို့က သူတို့ကို
ကျပန်း နှစ်ဖွဲ့ခွဲလိုက်ပြီး -
3:41 - 3:45တဖွဲ့ကို သူတို့ဟာ သပျမ်းမျှထက် ပိုသာအောင်
လုပ်ခဲ့ကြောင်း ပြောဆိုလျက် -
3:45 - 3:48နောက်တဖွဲ့ကိုတော့ သူတို့ လုပ်ခဲ့တာ
ပျမ်းမျှထက် ညံ့တယ်လို့ ပြောခဲ့ကြတယ်။ -
3:48 - 3:52ဒီလိုနည်းဖြင့် ကျနော်တို့မှာ ပိုချမ်းသာတယ်
လို့ ထင်နေတဲ့အဖွဲ့နဲ့ ပိုဆင်းရဲတယ်လို့ -
3:52 - 3:55ထင်တဲ့အဖွဲ့ ရှိလာပေမဲ့ အဲဒီလို
ထင်စရာ အကြောင်းပြချက် မရှိခဲ့ဘူး။ -
3:55 - 3:58ပြီးနောက် ကျနော်တို့က သူတို့ကို
မေးခွန်းအချို့ မေးကြည့်တယ်။ -
3:58 - 4:02ကျနော်တို့က ခင်ဗျားတို့ ဆုံးဖြတ်ချက်ချတာ
ဘယ်လောက် ကောင်းလဲလို့ မေးကြည့်တော့ -
4:02 - 4:05ပျမ်းမျှထက် ပိုသာတဲ့ အဖွဲ့က သူတို့ဟာ
ပျမ်းမျှထက် နိမ့်တဲ့ အဖွဲ့ထက် စာရင် -
4:05 - 4:07ပိုကျွမ်းကျင်ကြောင်း ပြောကြတယ်။
-
4:07 - 4:10ပျမ်းမျှထက် ပိုတော်တဲ့ အဖွဲ့က သူတို့ရဲ့
အောင်မြင်မှုဟာ -
4:10 - 4:14အရည်အသွေး အလျောက်မြှောက်စားတဲ့
စနစ်ရဲ့ မျှတတဲ့ ရလဒ်ပါလို့ ဆိုကြတယ်။ -
4:14 - 4:18ပျမ်းမျှထက် နိမ့်တဲ့ အဖွဲ့ကျတော့ ဒီစနစ်ထဲ
အကြံအဖန်ရှိခဲ့တယ်လို့ ထင်ခဲ့ကြရာ၊ -
4:18 - 4:20ဒီဖြစ်ရပ်ထဲမှာ သူတို့ ပြောတာ
မှန်ခဲ့ပါတယ်။ -
4:20 - 4:23(ရယ်သံများ)
-
4:23 - 4:26နှစ်ဖွဲ့စလုံးဟာ တူညီတဲ့ ပိုက်ဆံကို
ရခဲ့ကြပေမဲ့၊ -
4:26 - 4:30ပိုပြီးချမ်းသာတယ်လို့ ထင်တဲ့အဖွဲ့က
လူချမ်းသာတွေကို အခွန်လျှော့ ကောက်သင့်တယ်၊ -
4:30 - 4:33ဆင်းရဲသားတွေကို အခွင့်အရေးပေးတာ
လျှော့သင့်တယ်လို့ ဆိုလာကြတယ်။ -
4:33 - 4:37ဆင်းရဲသူတို့ အလုပ်ကိုကြိုးစား လုပ်သင့်ပြီး
တာဝန်ယူတတ်ဖို့ လိုအပ်ကြောင်း အကြံပေးကြတယ်။ -
4:38 - 4:43ကျနော်တို့ ပုံမှန်လက်ခံတဲ့ ဒီလိုအမြင်တွေဟာ
နက်ရှိုင်းစွာ စွဲမြဲနေတဲ့ တန်ဖိုးတွေနဲ့ -
4:43 - 4:46ဘဝ အတွေ့အကြုံထဲမှာ
အမြစ်တွယ်နေကြပေမဲ့၊ -
4:46 - 4:48၁၀ မိနစ်ကြာတဲ့ လေ့ကျင့်ခန်းတစ်ခုက
-
4:48 - 4:52လူတွေ ပိုချမ်းသာအောင်၊ ပိုဆင်းရဲအောင်
လုပ်ပေးခဲ့ခြင်းဖြင့် -
4:52 - 4:54အဲ့အမြင်တွေကို ပြောင်းလဲပစ်လိုက်တာပါ။
-
4:54 - 4:59ဆင်းရဲခြင်း (သို့) ချမ်းသာခြင်းနဲ့ ဆင်းရဲ
(သို့) ချမ်းသာတယ်လို့ ခံစားရမှု အကြားက -
5:00 - 5:03ခြားနားချက်ဟာ အရေးကြီးပါတယ်၊ ဒီနှစ်ခုကို
ယှဉ်ကြည့်ဖို့ မလွယ်တောင်မှာပါ။ -
5:03 - 5:06"တို့တွေက ဆင်းရဲခဲ့ကြပေမဲ့
တို့အဲဒါကို မသိခဲ့ကြဘူး"လို့ -
5:06 - 5:09လူတွေ အတိတ်ကို လွမ်းသံနဲ့ ပြောဆိုတာ
ကျနော်တို့ မကြာခဏ ကြားရပါတယ်။ -
5:09 - 5:13ကျနော်ရဲ့ အသိစိတ်ကို မြှင့်တင်ပေးခဲ့တဲ့
အဖြစ်အပျက် တစ်ခု ကြုံခဲ့ဘူးတယ်။ -
5:13 - 5:14တစ်နေ့တွင်၊
-
5:14 - 5:16လေးတန်းမှာ နေ့လယ်စာအတွက်
တန်းစီနေစဉ်၊ -
5:16 - 5:19အကျိုးအကြောင်းမသိသေးတဲ့ ငွေကိုင်
အမျိုးသမီးအသစ် ပေါ်လာရာ၊ -
5:19 - 5:21ကျနော့်ကို ၁.၂၅ ဒေါ်လာ ပေးချေဖို့
တောင်းလိုက်တယ်။ -
5:22 - 5:27ကျနော်ဟာ နေ့လယ်စာအတွက် ဘယ်တော့မှ
မပေးချေခဲ့ရတော့ အံ့အားသင့်သွားတယ်။ -
5:27 - 5:31ကျနော့်ဆီမှာ ငွေတစ်ပြားမှ မရှိတော့
ဘာပြောရမှန်း မသိခဲ့ဘူး။ -
5:31 - 5:34ဒါနဲ့ ရုတ်တရက်ပဲ ကျနော် ပထမဦးဆုံးအကြိမ်
နားလည်မိတာက -
5:34 - 5:38နေ့လယ်စာကို အခမဲ့ စားရတဲ့ ကလေးတွေဟာ
ဆင်းရဲ့တဲ့ သူတွေပဲ ဆိုတာပါ။ -
5:38 - 5:41ကျောင်းထဲက နေ့လယ်စာ အချိန်တုန်းက
အဲဒီ ဖြစ်ရပ်ဟာ -
5:42 - 5:44ကျနော့့်ကို အကြီးအကျယ် ပြောင်းလဲ
ပစ်ခဲ့တယ်။ -
5:44 - 5:48ဘဝထဲမှာ ပထမဆုံးအကြိမ် ကျနော်
ဆင်းရဲတာကို ခံစားလိုက်ရလို့လေ။ -
5:48 - 5:51ကျနော်တို့ဆီမှာ ရှိတဲ့ငွေဟာ
အရင်တစ်နေ့ထက် နည်းမသွားခဲ့ပေမဲ့ -
5:51 - 5:53အဲဒီအချိန်ကစပြီး ကျနော်ဟာ
-
5:53 - 5:55အရာတွေ အားလုံးကို
တစ်မျိုး မြင်တွေ့လာတော့တယ်။ -
5:55 - 5:58ကျနော်ဟာ ကမ္ဘာကြီးအား ရှုမြင်ပုံကို
ပြောင်းပစ်လိုက်တယ်။ -
5:58 - 6:02နေ့လယ်စာကို ပိုက်ဆံပေးစားကြတဲ့
ကလေးတွေ ဝတ်စားကြပုံကလည်း -
6:02 - 6:05ပိုသားနားသလို ခံစားရတာကို
ကျနော် စပြီး သတိထားမိလာတယ်။ -
6:05 - 6:07အစိုးရမှ ထောက်ပံ့ပေးတဲ့
အဝါရောင် ဒိန်ခဲတုံးကြီးတွေ -
6:07 - 6:09ကျနော်တို့ တံခါး၀မှာ ပေါ်လာတတ်တာကို၊
-
6:09 - 6:13ကုန်စုံဆိုင်မှာ အမေ ထုတ်ပေးတတ်တဲ့ စားနပ်
ရိက္ခာ တံဆိပ်ခေါင်းတွေကို သတိထားမိတယ်။ -
6:13 - 6:15ကျနော့်က အစဉ်ပဲ ရှက်ကြောက်တဲ့
ကလေး ဖြစ်ခဲ့ပြီး၊ -
6:15 - 6:19အဲ့ဖြစ်ရပ် နောက်မှာ ကျောင်းထဲမှာ
ကျနော် စကားတောင် မပြောဖြစ်သလောက်ပါ။ -
6:19 - 6:21ငါဟာ ဘယ်သူမို့လို့ ပြောရမှာလဲ။
-
6:21 - 6:24နှစ်ပေါင်းများစွာ ကြာအောင်ကိုပဲ
လူမှုရေးသိပ္ပံပညာရှင်တွေဟာ -
6:25 - 6:27အခြားသူတွေထက် ချို့တဲ့ကြောင်း
ခံစားရမှုက -
6:27 - 6:30နိုင်ငံရေးအရ လှုပ်ရှားဖို့ လှုံ့ဆော်နိုင်
ကြောင်း အထောက်အထားတွေ ရှာနေခဲ့ကြတယ်။ -
6:30 - 6:34အဲဒီလို ခံစားရမှုက ဆန္ဒပြပွဲတွေ၊ သပိတ်
မှောက်ပွဲတွေကို၊ တော်လှန်ရေးတွေကိုတောင် -
6:34 - 6:37လှုံ့ဆော် ထိုးဆွပေးနိုင်တယ်လို့ သူတို့
ထင်ခဲ့ကြတယ်။ -
6:37 - 6:40ဒါပေမဲ့ ထပ်ပြီးရင် ထပ်ပြီး သူတို့
ရှာတွေ့ခဲ့ရတာ ဘာမှမလုပ်ချင်ကြတဲ့ လူတွေပါ၊ -
6:41 - 6:42ဘာ့ကြောင့်လဲဆိုတော့
တကယ့်အကြောင်းရင်းက -
6:43 - 6:45အခြားသူတွေထက် နိမ့်ကျသလို
ခံစားရခြင်းက -
6:45 - 6:46ရှက်ကြောက်စိတ်ကို ဖြစ်ပေါ်စေလို့ပါ။
-
6:46 - 6:49အဲဒီ ရှက်ကြောက်စိတ်ကြောင့် လူတွေဟာ
စနစ်ကို ရွံ့မုန်းကြလို့ -
6:49 - 6:51ဝေးရာကို ထွက်ပြေးလိုခဲ့ကြလို့ပါ။
-
6:51 - 6:53အခြားသူတွေထက် သာတယ်လို့
ခံစားစိတ်ကျတော့ -
6:54 - 6:55လူတွေကို တက်ကြွဖို့ လှုံ့ဆော်ပါတယ်။
-
6:56 - 6:59ဒါက အဲ့ဒီအနေအထားကို ကာကွယ်ဖို့
ကျနော်တို့ကို တွန်းအားပေးတာမို့လို့ -
6:59 - 7:03ကျနော်တို့ နိုင်ငံရေးမှာ အရေးပါတဲ့
အကျိုးဆက်တွေ ရှိနိုင်ပါတယ်။ -
7:03 - 7:07ဘာကြောင့်လဲ ဆိုတာ နားလည်ဖို့
နောက် စမ်းသပ်မှု တစ်ခုကို စဉ်းစားရပါမယ်။ -
7:07 - 7:11ထပ်ပြီး ပါဝင်သူတွေ ပိုက်ဆံရဖို့ ဆုံးဖြတ်
ချက်တွေ ချမှတ်ရန် တာဝန်ပေးခဲ့ကြတယ်။ -
7:11 - 7:14တစ်ဖွဲ့ကို သူတို့ဟာ ပျမ်းမျှထက်
ပိုတော်တယ်လို့ ပြောခဲ့ကြပြီး -
7:14 - 7:18နောက်တဖွဲ့ကိုတော့ သူတို့လုပ်ခဲ့တာဟာ
ပျမ်းမျှထက် ပိုညံ့ကြောင်း ပြောခဲ့ကြတယ်။ -
7:18 - 7:21ထပ်ပြီး ပျမ်းမျှထက်သာတဲ့ အဖွဲ့က
မျှတတဲ့ အရည်အသွေးအလျောက် မြှောက်စားခံရတာ၊ -
7:21 - 7:23လူချမ်းသာတွေကို အခွန်လျှော့ကောက်သင့်တာ၊
-
7:23 - 7:27လူဆင်းရဲတွေရဲ့ အကျိုးခံစားခွင့်တွေ
လျှော့ချသင့်တာ ပြောဆိုခဲ့ကြတယ်။ -
7:27 - 7:30ဒါပေမဲ့ ဒီတကြိမ်မှာ အဲဒီကိစ္စများမှာ
သူတို့နဲ့ သဘောမတူကြတဲ့ -
7:30 - 7:33အခြား ပါဝင်သူတို့နှင့် ပတ်သက်ပြီး
သူတို့ရဲ့ ထင်မြင်ချက်ကိုပါ -
7:33 - 7:35မေးကြည့်ခဲ့ကြသေးတယ်။
-
7:35 - 7:37သူတို့ကော တော်ကြသလား ဒါမှမဟုတ်
ညံ့ကြသလား ပေါ့လေ။ -
7:37 - 7:40သူတို့ အကျိုးအကြောင်း ရှိရဲ့လား
ဒါမှမဟုတ် ဘက်လိုက် ပြောနေကြတာလား။ -
7:41 - 7:45ပျမ်းမျှထက်သာတဲ့အဖွဲ့ ပြောတာက
သူတို့နဲ့ သဘောမတူတဲ့ လူတိုင်းဟာ -
7:45 - 7:48ညံ့လို့ ဘက်လိုက်လို့ပဲ ဖြစ်ရမယ်၊
-
7:48 - 7:51ကိုယ်ကျိုးစီးပွားကို ငှဲနေလို့
မမြင်နိုင်ကြတာတဲ့။ -
7:51 - 7:54ပျမ်းမျှထက်နိမ့်ကျတဲ့ အဖွဲ့ကျတော့၊
-
7:54 - 7:57သူတို့ရဲ့ပြိုင်ဘက်တွေနဲ့ ပတ်သက်လို့
ယူဆပုံဟာ အဲ့လို့ မဟုတ်ခဲ့ဘူး။ -
7:57 - 8:00အခု စိတ်ပညာဆိုင်ရာ လေ့လာချက်တွေ
အများကြီး ညွှန်ပြနေကြတာက၊ -
8:00 - 8:02အခြားသူတွေက ကျနော်တို့နဲ့
သဘောထားတူတယ် ဆိုရင်၊ -
8:02 - 8:04သူတို့ကို တော်ကြတယ်လို့
ကျနော်တို့က ထင်တတ်ကြပြီး၊ -
8:04 - 8:06လူတွေက ကျနော်တို့နဲ့ သဘောထား မတူရင်တော့၊
-
8:06 - 8:09သူတို့ကို အရူးတွေလို့ ကျနော်တို့က
ထင်တတ်ကြတာကိုပါ။ -
8:09 - 8:10(ရယ်သံများ)
-
8:10 - 8:12ဒါပေမဲ့ ခုနက အချက် ဆန်းသစ်နေတာက
သူတို့နဲ့ သဘောမတူသူတွေကို -
8:12 - 8:15ဖယ်ထုတ်ပစ်ရန် သူတို့ဆီမှာ
လုပ်ပိုင်ခွင့် အာဏာရှိတယ်လို့ ပြောလာတာက -
8:15 - 8:19ပျမ်းမျှထက် သာတယ်လို့ ယူဆကြသူတို့ရဲ့
ယုံကြည်မှု သက်သက် ဖြစ်တာကိုပါ။ -
8:20 - 8:24ပိုင်ဆိုင်ကြသူတို့နဲ့ ဘာမှမရှိကြသူတို့
အကြား ကွာဟချက် ပိုပိုကြီးမားလာနေလို့ -
8:25 - 8:29အခုက ပြောပြခဲ့တဲ့ အချက်ဟာ နိုင်ငံရေးနဲ့
ဆက်စပ်နေပုံကို စဉ်းစားကြည့်ကြပါ။ -
8:31 - 8:36အခြားတစ်ဖက်မှာ ရှိတဲ့ သူတွေဟာ အရူးတွေလို
လူတော်တော်များများ ထင်ကြတာ ဟုတ်မှန်ပေမဲ့၊ -
8:37 - 8:42နိုင်ငံရေးနဲ့ပတ်သက်ပြီး အပြန်အလှန်
ငြင်းခုန် အော်ဟပ်ဖို့ နိုင်ငံရေးထဲမှာ -
8:42 - 8:45ပါဝင်လုပ်ကိုင်နေကြသူ အများစုတို့ဟာ
တကယ်ကျတော့ လူချမ်းသာတွေပါ။ -
8:45 - 8:50အမှန်စင်စစ်မှာတော့ မညီမျှမှုဟာ နောက်ဆုံး
ဆယ်စုနှစ်တွေမှာ တိုးလာခဲ့ပြီး -
8:50 - 8:54ဆင်းရဲကြသူတို့ အကြားမှာ နိုင်ငံရေးကို စိတ်
ဝင်စားမှုနဲ့ ပါဝင်လိုစိတ် ထိုးကျသွားတယ်။ -
8:54 - 8:58ထပ်ပြီးမြင်ရတာက ပစ်ပယ်ခံထားရတယ်လို့
ခံစားကြရသူတွေ လမ်းပေါ်ထွက်ပြီး -
8:58 - 9:02ဆန္ဒပြတာတွေ မဲဆန္ဒရှင်တွေ မှတ်ပုံတင်ရေး
လှုံ့ဆော်ပွဲတွေ မလုပ်ကြတာကိုပါ။ -
9:03 - 9:05မကြာခဏဆိုသလို မဲတောင် သွားမပေးကြပါဘူး။
-
9:05 - 9:08အဲ့ဒီအစား သူတို့ဟာ ရှောင်ဖယ်လျက်
နုတ်ထွက် နေကြပါတယ်။ -
9:09 - 9:12ဒီတော့ ကျနော်တို့က အလွန်အမင်း မညီမမျှ
ဖြစ်နေတာနဲ့ပတ်သက်ပြီး တစ်ခုခုလုပ်ချင်ရင်၊ -
9:12 - 9:15ကျနော်တို့ဟာ ကျနော်တို့ နိုင်ငံရေးကို
ပြုပြင်ကြရမှာ ဖြစ်ပါတယ်။ -
9:15 - 9:18ကျနော်တို့က ကျနော်တို့ရဲ့
နိုင်ငံရေးကို ပြင်ချင်ကြတယ်ဆိုရင်၊ -
9:18 - 9:21မညီမျှမှုနဲ့ ပတ်သက်ပြီး ကျနော်တို့
တစ်ခုခု လုပ်ကြရပါလိမ့်မယ်။ -
9:21 - 9:23ဒါဆို ကျနော်တို့ ဘာလုပ်ကြမလဲ။
-
9:23 - 9:25ဝဲကတော့ပုံ ရစ်ပတ်မှုရဲ့
အံ့သြဖွယ်ကောင်းတဲ့ အချက်က၊ -
9:26 - 9:29ရစ်ပတ်မှု စက်ဝန်းထဲက ဘယ်နေရာမှာမဆို
ရပ်ပစ်လျက် ကျနော်တို့ ထွက်နိုင်ခြင်းပါ။ -
9:29 - 9:32စတင်ဖို့ အကောင်းဆုံး သူတွေက
ကျနော့်စိတ်ထင် -
9:33 - 9:37မညီမျှမှု ကြီးထွားလာမှုကြောင့်
အများဆုံး အကျိုးဖြစ်ထွန်းခဲ့ကြတဲ့ သူတွေ၊ -
9:38 - 9:40ပျမ်းမျှထက် ပိုသာအောင်
လုပ်ဆောင်နိုင်ခဲ့ကြတဲ့ သူတွေပေါ့။ -
9:40 - 9:42ကိုယ်ဟာ အောင်မြင်သူ ဖြစ်တယ်ဆိုရင်၊
-
9:42 - 9:46ကိုယ့် အောင်မြင်မှုကို ကိုယ့် ကြိုးစားအား
ထုတ်မှုကြောင့်လို့ ပြောကြတာ ဓမ္မတာပါပဲ။ -
9:47 - 9:49ဒါပေမဲ့ ခင်ဗျားတို့ကို ကျနော်ပြခဲ့တဲ့
လေ့လာမှုတွေမှာလို -
9:49 - 9:51လူတိုင်းက အဲ့လို ကြိုးစာကြတာချင်းပါပဲ၊
-
9:51 - 9:55အလုပ်ကြိုးစားခဲ့မှုက တကယ်ကျတော့
အရေးကြီးဆုံး ဟုတ်ချင်မှ ဟုတ်ခဲ့မှာပါ။ -
9:57 - 9:59ကျနော်သိတဲ့ အောင်မြင်တဲ့ လူတိုင်းဟာ
-
10:01 - 10:05အောင်မြင်ဖို့ သူတို့ကြိုးစားလုပ်ခဲ့ကြတဲ့
အချိန်တွေ အကြာင်းကို စဉ်းစားနိုင်ကြပါတယ်။ -
10:06 - 10:07သူတို့ စဉ်းစားနိုင်ကြသေးတာက
-
10:07 - 10:12ကံကောင်းခဲ့လို့ လက်ကမ်း
ကူညီပေးခဲ့သူပါ ရှိခဲ့တာကိုကိုပါ၊ -
10:12 - 10:13ဒါပေမဲ့ အဲဒီလို စဉ်းစားခဲကြတယ်။
-
10:14 - 10:16စိတ်ပညာရှင်တွေ Shai Davidai နဲ့
Tom Gilovich တို့က -
10:16 - 10:20အဲဒါကို "headwind-tailwind asymmetry"
လို့ ခေါ်ဝေါ်ကြပါတယ်။ -
10:20 - 10:23ကိုယ်က လေကိုဆန်ပြီး ရုန်းကန်နေရတဲ့အခါမှာ၊
-
10:23 - 10:25အတားအဆီး အားလုံးကို ကိုယ်က မြင်နိုင်ပြီး
-
10:25 - 10:28အဲဒါကို ကိုယ်ဟာ မှတ်မိပြီး သတိရနေမှာပါ။
-
10:28 - 10:31ဒါပေမဲ့ ကိုယ့်ကို နောက်ကျောကနေပြီး
လေက တိုက်ပြီး ကူပေးနေရင် -
10:31 - 10:34အရာအားလုံ ချောမွေ့နေလို့ ကိုယ် သတိထား
မိတာက ကိုယ့်ကိုယ်ကိုယ်၊ -
10:34 - 10:36ပြီးတော့ ကိုယ်ရဲ့ အံသြဖွယ်ရာ
ပင်ကိုယ် စွမ်းရည်တွေကိုပေါ့။ -
10:36 - 10:40ဒါ့ကြောင့် ကျနော်တို့ဟာ ခဏလောက် ရပ်ပြီး
ကျနော်တို့ကို နောက်ကနေပြီး -
10:40 - 10:43တွန်းပေးခဲ့တဲ့ အားတွေကို သတိရဖို့
စဉ်းစားသင့်ပါတယ်။ -
10:43 - 10:46ကိုယ်နဲ့ သဘောထား မတူတဲ့သူတွေရဲ့ အမှားကို
-
10:46 - 10:48တွေ့မြင်ဖို့ ကိစ္စဟာ သိပ်လွယ်ပါတယ်။
-
10:48 - 10:52မညီမျှမှုဟာ အန္တရာယ်ရှိတယ်လို့ ကျနော်
ပြောခဲ့တဲ့ ပထမဦးဆုံး နှစ်မိနစ်တုန်းက -
10:52 - 10:55ခင်ဗျားတို့ထဲက အချို့က
ကျနော့်ကို အရူးလို့ ထင်ခဲ့ကြမှာပါ။ -
10:55 - 10:56(ရယ်သံများ)
-
10:56 - 10:58အသိအမှတ်ပြုဖို့ အခက်ဆုံး အပိုင်းက
-
10:58 - 11:01ကိုယ်ဟာ ခြားနားကွဲပြားတဲ့ အခြေအနေ
မျိုးမှာသာ ရှိနေခဲ့ရင်၊ -
11:01 - 11:04ကျနော်တို့ရဲ့ စမ်းသပ်မှုတွေထဲ
ပါဝင်ခဲ့ကြတဲ့ သူတွေလို ဖြစ်နိုင်လို့ -
11:04 - 11:07ကိုယ်ဟာ အရာတွေကို တစ်မျိုးတစ်ဖုံ
ရှုမြင်နိုင်ခဲ့မယ် ဆိုတဲ့ အချက်ပါ။ -
11:07 - 11:10ဒီတော့ ခင်ဗျားတို့ရဲ့ ဘဝပုံစံက
ပျမ်းမျှထက်သာတဲ့အဖွဲ့ထဲ ပါဝင်တယ် ဆိုရင် -- -
11:10 - 11:14ပြီးတော့ ဒီမှာ တွေ့ရသလို TED ဟောပြောချက်
စောင့်ကြည့်သူ ဖြစ်တယ် ဆိုရင်တော့ -- -
11:14 - 11:15(ရယ်မောသံများ)
-
11:15 - 11:17ခင်ဗျားတို့ အတွက် ထားရစ်ခဲ့ချင်တဲ့
အမှာစကားက - -
11:17 - 11:21နောင်မှာများ ခင်ဗျားတို့က သဘောထားမတူသူ
တစ်ဦးဦးကို အရူးတစ်ယောက်လို -
11:21 - 11:23ဖယ်ထုတ်ပစ်ချင်စိတ် ပေါက်လာခဲ့ရင်၊
-
11:23 - 11:27ခင်ဗျားတို့ကို အခုနေရာဆီ တွန်းပို့
ပေးခဲ့တဲ့ ပံ့ပိုးမှုတွေကို သတိရကြပါ။ -
11:27 - 11:30ခင်ဗျားတို့ရဲ့ ဘဝထဲမှာ ကံကောင်းခဲ့တဲ့
အခွင့်အလမ်းတွ မရရှိခဲ့ရင် -
11:30 - 11:32အခြေအနေဟာ လုံးဝ တမျိုးတမည်
ပြောင်းလဲသွားနိုင်ခဲ့မှာကိုပါ။ -
11:32 - 11:36ခင်ဗျားတို့ ကျေးဇူးတင်ချင်တဲ့ လက်ကမ်း
ကူညီပေးခဲ့ကြသူတွေကိုလည်း သတိရကြပါ။ -
11:36 - 11:40အဲဒီလို ပံ့ပိုးကူညီခဲ့မှုတွေကို သတိရနေရင်
ကျနော်တို့စိတ်ကို နှိမ့်ချနို်င်ထားမှာမို့ -
11:40 - 11:43ကျနော်တို့နဲ့ သဘောထားမတူကြတဲ့ လူတွေ
အရူးတွေမဟုတ်တာကို မြင်လာကြမှာပါ။ -
11:43 - 11:45တကယ် ခက်ခဲတဲ့အပိုင်းက
ဘုံခံယူချက်ကို ရှာကြံနိုင်ဖို့ပါ၊ -
11:45 - 11:49အရာတွေကို ပြောင်းလဲပစ်ရေး တာဝန်ကို ယူပြီး
လိုအပ်တဲ့ စွမ်းအားတွေ ရှိကြတာက -
11:49 - 11:51ချမ်းသာကြွယ်ဝကြတဲ့ သူတွေ ဖြစ်ကြလို့ပါ။
-
11:51 - 11:52ကျေးဇူးတင်ပါတယ်
-
11:52 - 11:55(လက်ခုပ်သြဘာသံများ)
- Title:
- မညီမျှမှုနှင့် နိုင်ငံရေး အကွဲအပြဲဆိုင်ရာ စိတ်ပညာ
- Speaker:
- Keith Payne
- Description:
-
"ကျနော်တို့ရဲ့ နိုင်ငံရေးကို ပြုပြင်ချင်တယ်ဆိုရင် ကျနော်တို့ဟာ မညီမျှမှုနဲ့ ပတ်သက်လို့ တခုခုလုပ်ကြရပါမယ်။"လို့ လူမှုရေးစိတ်ပညာရှင် Keith Payne က ဆိုပါတယ်။ စီးပွားရေး မညီမျှမှုတွေဟာ လူတွေရဲ့ တယောက်အပေါ် တယောက် ရှုမြင်ပုံ ပြုမူဆက်ဆံပုံကို ပြောင်းလဲစေတာကို ပြောပြရင်း Payne က လူ့အဖွဲ့အစည်းကို အပိုင်းပိုင်းဖြတ်နေတဲ့ နိုင်ငံရေးအကွဲအပြဲ မြင့်တက်လာမှုကို ရှင်းပြပြီး နောင်မှာ နိုင်ငံရေးအကျိုးအတွက် တစ်စုံတစ်ယောက်ကို ဖယ်ထုတ်ပစ်ချင်ရင် အသေအချာ လေးလေးနက်နက် စဉ်းစားဖို့ ကျွန်ုပ်တို့ကို တိုက်တွန်းထားပါတယ်။
- Video Language:
- English
- Team:
closed TED
- Project:
- TEDTalks
- Duration:
- 12:09
![]() |
Myo Aung approved Burmese subtitles for The psychology of inequality and political division | |
![]() |
Myo Aung edited Burmese subtitles for The psychology of inequality and political division | |
![]() |
Myo Aung accepted Burmese subtitles for The psychology of inequality and political division | |
![]() |
Myo Aung edited Burmese subtitles for The psychology of inequality and political division | |
![]() |
Myo Aung edited Burmese subtitles for The psychology of inequality and political division | |
![]() |
Myo Aung edited Burmese subtitles for The psychology of inequality and political division | |
![]() |
Myo Aung edited Burmese subtitles for The psychology of inequality and political division | |
![]() |
Myo Aung edited Burmese subtitles for The psychology of inequality and political division |