WEBVTT 00:00:00.860 --> 00:00:02.524 ခင်ဗျား အခုဆို ကြားဖူးမှာပါ၊ 00:00:02.524 --> 00:00:05.622 စီးပွားရေးဆိုင်ရာ မညီမျှမှုတွေက သမိုင်းတွင်လောက်အောင် မြင့်နေတာ၊ 00:00:05.622 --> 00:00:09.093 အမေရိကန်ပြည်ထောင်စုထဲက သုည ဒသမ တစ်ရာခိုင်နှုန်းရှိတဲ့ အချမ်းသာဆုံးသူတွေက 00:00:09.093 --> 00:00:12.854 အောက်ခြေပြည်သူ ၉၀ ရာခိုင်နှုန်းတို့ရဲ့ စုစုပေါင်း ကြွယ်ဝမှုလောက် ပိုင်ဆိုင်ကြတာ၊ 00:00:12.854 --> 00:00:15.758 ဒါမှမဟုတ် ကမ္ဘာပေါ်က အချမ်းသာဆုံး ပုဂ္ဂိုလ် ၈ ဦးတို့ရဲ့ 00:00:15.758 --> 00:00:16.944 ကြွယ်ဝချမ်းသာမှုဟာ 00:00:16.968 --> 00:00:20.609 ကမ္ဘာပေါ်က အဆင်းရဲဆုံး လူ ၃.၅ ဘီလီယံ တို့ရဲ့ ပိုင်ဆိုင်မှုနဲ့ တူညီနေတာကိုပါ။ NOTE Paragraph 00:00:21.000 --> 00:00:26.230 ဒါပေမဲ့ စီးပွားရေး မညီမျှမှုဟာ လူ့သက်တမ်း တိုလာမှု၊ 00:00:26.394 --> 00:00:27.956 ပျော်ရွှင်မှု နည်းလာမှု၊ 00:00:27.956 --> 00:00:29.659 ပြစ်မှုတွေ များလာမှုနဲ့ 00:00:29.693 --> 00:00:33.163 မူးယစ်ဆေး သုံးစွဲမှုများလာမှုနဲ့ ဆက်နွှယ် နေတာကိုရော ခင်ဗျားတို့ သိကြလား။ 00:00:33.163 --> 00:00:35.787 ဒါတွေဟာ ဆင်းရဲမှုနဲ့ သက်ဆိုင်တဲ့ ပြဿနာတွေလို့ ထင်ရပေမဲ့၊ 00:00:35.787 --> 00:00:37.810 ချမ်းသာတဲ့ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာလည်း 00:00:37.810 --> 00:00:40.086 အဲဒီလို ကျန်းမာရေးနဲ့ လူမှုရေးဆိုင်ရာ ပြဿနာတွေဟာ 00:00:40.086 --> 00:00:44.027 တကယ်တော့ ဝင်ငွေပမာဏ သက်သက်ထက် ဝင်ငွေ မညီမျှမှုတွေနဲ့ 00:00:44.051 --> 00:00:45.785 ပိုနီးကပ်စွာ ဆက်စပ်နေပါတယ်။ 00:00:45.785 --> 00:00:47.278 ပြီးတော့ အဲ့ဒါကြောင့်ပဲ 00:00:47.278 --> 00:00:50.420 ကမ္ဘာ့နိုင်ငံတွေထဲမှာ အချမ်းသာဆုံးနဲ့ မညီမျှမှု အကြီးမားဆုံးဖြစ်တဲ့ 00:00:50.420 --> 00:00:52.755 အမေရိကန်ပြည်ထောင်စုရဲ့ 00:00:52.779 --> 00:00:56.701 အ​ခြေအနေဟာ ဖွံ့ဖြိုးပြီး အခြားနိုင်ငံ အားလုံးတို့ထက် ပိုမိုဆိုးရွားနေတာပါ။ NOTE Paragraph 00:00:56.830 --> 00:00:59.800 စစ်တမ်းတွေ ပြနေတာက အမေရိကန် ပြည်သူ အများစုတို့က၊ 00:01:00.484 --> 00:01:02.866 ဒီမိုကရက်တွေနဲ့ ရီပတ်ဘလင်ကန် နှစ်ခုစလုံးတို့က၊ 00:01:03.380 --> 00:01:07.595 မညီမျှမှု အရမ်းမြင့်နေတယ်လို့ ယုံကြည်ပြီး ပိုမိုညီမျှတဲ့ လုပ်ခကို လိုချင်ကြပါတယ်။ 00:01:08.194 --> 00:01:13.862 လူ့အသိုင်းအဝိုင်အနေနဲ့ အဲဒါကို တစ်နည်း နည်းနဲ့ ဖြေရှင်းဖို့ ကျုပ်တို့ဆီမှာ 00:01:13.886 --> 00:01:17.655 ဘုံခံယူချက်၊ သဘောတူညီမှု‌၊ နိုင်ငံရေးဆန္ဒလည်း ရှိပုံမရပါဘူး။ 00:01:17.655 --> 00:01:21.915 ဘာ့ကြောင့်လဲဆိုတော့ မညီမျှမှုဟာ နောက်ဆုံး ဆယ်စုနှစ်များအတွင်း တိုးလာခဲ့တာနဲ့အမျှ 00:01:21.939 --> 00:01:25.154 နိုင်ငံရေးအကွဲအပြဲတွေကလည်း အဲဒါနဲ့အတူ မြင့်တက်လာခဲ့လို့ပါ။ 00:01:26.774 --> 00:01:30.888 ကျနော်တို့က ကိုယ်နဲ့ သဘောထား မတူသူတွေကို လူအ တွေ အကျင့်ပျက်တွေလို့ မြင်တယ်။ 00:01:31.473 --> 00:01:33.691 ဒီမိုကရက်တွေနဲ့ ရီပတ်ဘလင်ကန်တွေရဲ့ တစ်ဝက်နီးပါက 00:01:33.965 --> 00:01:36.694 အခြားတစ်ဖက်ဟာ မှားနေရုံတင်မဟုတ်ဘဲ 00:01:37.074 --> 00:01:39.569 နိုင်ငံတော်အတွက် အန္တရာယ်လို့တောင် ထင်မြင်နေကြတယ်။ 00:01:39.998 --> 00:01:43.752 ပြီးတော့ ဒီမုန်းတီးမှုက အပြောင်းအလဲတွေကို ဖော်ဆောင်ဖို့ လိုအပ်တဲ့ ဘုံခံယူချက်အား 00:01:43.776 --> 00:01:45.743 ရှာကြံမှုကို ဟန့်တားနေပါတယ်။ NOTE Paragraph 00:01:46.733 --> 00:01:50.284 ကျနော်ဟာ University of North Carolina က လူမှုရေး စိတ်ပညာ ပါမောက္ခ ဖြစ်ပြီး၊ 00:01:50.948 --> 00:01:55.128 မညီမျှမှုက လူတွေရဲ့ ဆင်ခြင် ပြုမူပုံတွေ အပေါ် သက်ရောက်ပုံကို လေ့လာသူပါ။ 00:01:55.893 --> 00:01:59.931 ကျနော် တင်ပြမှာက မညီမျှမှုနဲ့ နိုင်ငံရေး အကွဲအပြဲတွေ အတူတကွ မြင့်တက်လာမှုဟာ 00:01:59.955 --> 00:02:03.517 အကြောင်းမသင့်လို့ ဖြစ်လာတဲ့ တိုက်ဆိုင်မှု မဟုတ်တာကိုပါ။ 00:02:03.833 --> 00:02:06.530 မညီမျှမှုဟာ ကျနော်တို့ရဲ့ နိုင်ငံရေးကို သပ်ပင်းပေးနေတာ 00:02:06.530 --> 00:02:09.339 ခိုင်လုံတဲ့ စိတ်ပိုင်းဆိုင်ရာ အကြောင်းပြချက်တွေ ရှိပါတယ်။ 00:02:09.346 --> 00:02:12.633 ဆိုလိုတာက အဲဒီအရာ ဒီနှစ်ခုစလုံးကို တပြိုင်တည်း မြှင့်တင်ပေးဖို့ အတွက် 00:02:12.633 --> 00:02:15.418 ခိုင်လုံတဲ့ စိတ်ပိုင်းဆိုင်ရာ အကြောင်းရင်းတွေ ရှိကြပါတယ်။ NOTE Paragraph 00:02:15.527 --> 00:02:18.961 မညီမျှမှုဟာ ဘာ့ကြောင့် ဒီလောက်တောင် စွမ်းအားကြီးမားတာကို နားလည်ဖို့ဆိုရင် 00:02:18.961 --> 00:02:22.642 ကျနော်တို့ အရင်ဦးဆုံး နားလည်ကြရမှာက ကျနော်တို့ဟာ တစ်ချိန်လုံး ကိုယ့်ကိုယ်ကိုယ် 00:02:22.642 --> 00:02:24.321 အခြားသူတွေနဲ့ နှိုင်းယှဉ်တတ်ကြတယ်၊ 00:02:24.321 --> 00:02:26.006 အဲ့လို နှိုင်းယှဉ်ကြည့်တဲ့အခါမှာ 00:02:26.030 --> 00:02:28.971 ကျနော်တို့ဟာ ထိပ်ဆုံးမှာ ရှိတာကို မြင်လိုကြပြီး 00:02:28.995 --> 00:02:31.579 အောက်ပိုင်းမှာ ရှိနေရင် စိတ်မချမ်းမြေ့ တတ်ကြတာကိုပါ။ 00:02:32.053 --> 00:02:35.290 စိတ်ပညာရှင်တွေက ဒါကို "better-than- average effect" လို့ ခေါ်ကြတယ်။ 00:02:35.728 --> 00:02:38.759 လူအများစုက သူတို့ဟာ ပျမ်းမျှထက် ပိုသာတယ်လို့ ယုံကြည်ကြပါတယ်။ 00:02:38.783 --> 00:02:41.299 သူတို့ အလေးထားတဲ့ ဘယ်အရာမဆိုမှာပေါ့။ 00:02:43.418 --> 00:02:46.997 ပျမ်းမျှရဲ့ အဓိပ္ပါယ် အရကိုက အဲဒါဟာ လက်တွေ့မှာ မဖြစ်နိုင်ပါဘူး။ NOTE Paragraph 00:02:47.021 --> 00:02:49.954 (ရယ်သံများ) NOTE Paragraph 00:02:49.978 --> 00:02:52.184 ဒါပေမဲ့ လူတွေ ခံစားကြပုံက အဲ့လိုမျိုးပါ။ 00:02:52.208 --> 00:02:54.842 လူအများစုက ကိုယ်ဟာ ပျမ်းမျှထက် ပိုပြီး ထက်မြက်ကြတယ်၊ 00:02:54.866 --> 00:02:56.747 ပျမ်းမျှထက် ပိုပြီး အလုပ်ကြိုးစားကြပြီး 00:02:56.747 --> 00:02:59.472 လူမှုရေးကိစ္စတွေမှာ ပိုပြီး ကျွမ်းကျင်တယ်လို့ ထင်တတ်ကြတယ်။ 00:02:59.472 --> 00:03:02.590 လူအများစုက သူတို့ ကားမောင်းတာ ပျမ်းမျှထက် ပိုတော်တယ်လို့ ထင်ကြတယ်။ NOTE Paragraph 00:03:02.590 --> 00:03:03.411 (ရယ်သံများ) NOTE Paragraph 00:03:03.411 --> 00:03:06.624 သူတို့ကြောင့် ယာဉ်မတော်တဆ ဖြစ်မှု ဖြစ်ခဲ့လို့ လောလောဆယ်မှာ 00:03:06.648 --> 00:03:10.230 ဆေးရုံတက်နေကြရတဲ့ လူတစ်စုကို ယူပြီး လေ့လာကြည့်ရင် အဲဒါမှန်တာ တွေ့ရမှာပါ။ NOTE Paragraph 00:03:10.254 --> 00:03:12.345 (ရယ်သံများ) NOTE Paragraph 00:03:13.144 --> 00:03:16.442 ဒီတော့ ကျနော်တို့ဟာ ကိုယ့်ကိုယ်ကိုယ် ပျမ်းမျှထက် ပိုသာတာကို မြင်လိုကြတယ်၊ 00:03:16.442 --> 00:03:18.128 အကယ်၍ အဲ့သလိုမဟုတ်တာ တွေ့ရရင်တော့၊ 00:03:18.128 --> 00:03:20.636 ဒါဟာ ကျနော်တို့အဖို့ လက်ခံရခက်တဲ့ အခြေအနေမျိုးပါ။ 00:03:20.636 --> 00:03:24.527 ပြီးတော့ ကမ္ဘာကြီးအား ကျနော်တို့ မြင်ပုံ ပြောင်းခြင်းဖြင့် အဲဒါကို ညှိယူကြပါတယ်။ NOTE Paragraph 00:03:24.591 --> 00:03:27.198 အဲဒီလို ဖြစ်ပျက်လာပုံကို နားလည်ဖို့ 00:03:27.198 --> 00:03:30.764 ကျနော့် လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကျနော်ဟာ စမ်းသပ်မှု တစ်ခုကို ပြုလုပ်ခဲ့တယ်။ 00:03:30.805 --> 00:03:35.126 ပါဝင်သူတွေ ပိုက်ဆံအချို့ရဖို့ ဆုံးဖြတ်ချက် ချပေးရမယ့် တာဝန်ကို ပေးခဲ့ကြတယ်၊ 00:03:35.150 --> 00:03:38.105 အမှန်က လူတိုင်းဟာ တူညီတဲ့ ပိုက်ဆံကို ရခဲ့ကြတာပါ။ 00:03:38.105 --> 00:03:40.893 ဒါပေမဲ့ ကျနော်တို့က သူတို့ကို ကျပန်း နှစ်ဖွဲ့ခွဲလိုက်ပြီး 00:03:40.983 --> 00:03:44.792 တဖွဲ့ကို သူတို့ဟာ သပျမ်းမျှထက် ပိုသာအောင် လုပ်ခဲ့ကြောင်း ပြောဆိုလျက် 00:03:44.802 --> 00:03:48.014 နောက်တဖွဲ့ကိုတော့ သူတို့ လုပ်ခဲ့တာ ပျမ်းမျှထက် ညံ့တယ်လို့ ပြောခဲ့ကြတယ်။ 00:03:48.014 --> 00:03:51.953 ဒီလိုနည်းဖြင့် ကျနော်တို့မှာ ပိုချမ်းသာတယ် လို့ ထင်နေတဲ့အဖွဲ့နဲ့ ပိုဆင်းရဲတယ်လို့ 00:03:51.993 --> 00:03:55.012 ထင်တဲ့အဖွဲ့ ရှိလာပေမဲ့ အဲဒီလို ထင်စရာ အကြောင်းပြချက် မရှိခဲ့ဘူး။ 00:03:55.012 --> 00:03:57.790 ပြီးနောက် ကျနော်တို့က သူတို့ကို မေးခွန်းအချို့ မေးကြည့်တယ်။ 00:03:57.931 --> 00:04:01.806 ကျနော်တို့က ခင်ဗျားတို့ ဆုံးဖြတ်ချက်ချတာ ဘယ်လောက် ကောင်းလဲလို့ မေးကြည့်တော့ 00:04:01.806 --> 00:04:05.343 ပျမ်းမျှထက် ပိုသာတဲ့ အဖွဲ့က သူတို့ဟာ ပျမ်းမျှထက် နိမ့်တဲ့ အဖွဲ့ထက် စာရင် 00:04:05.343 --> 00:04:07.079 ပိုကျွမ်းကျင်ကြောင်း ပြောကြတယ်။ 00:04:07.160 --> 00:04:10.348 ပျမ်းမျှထက် ပိုတော်တဲ့ အဖွဲ့က သူတို့ရဲ့ အောင်မြင်မှုဟာ 00:04:10.462 --> 00:04:13.826 အရည်အသွေး အလျောက်မြှောက်စားတဲ့ စနစ်ရဲ့ မျှတတဲ့ ရလဒ်ပါလို့ ဆိုကြတယ်။ 00:04:13.976 --> 00:04:17.548 ပျမ်းမျှထက် နိမ့်တဲ့ အဖွဲ့ကျတော့ ဒီစနစ်ထဲ အကြံအဖန်ရှိခဲ့တယ်လို့ ထင်ခဲ့ကြရာ၊ 00:04:17.548 --> 00:04:19.776 ဒီဖြစ်ရပ်ထဲမှာ သူတို့ ပြောတာ မှန်ခဲ့ပါတယ်။ NOTE Paragraph 00:04:20.080 --> 00:04:22.548 (ရယ်သံများ) NOTE Paragraph 00:04:22.686 --> 00:04:25.933 နှစ်ဖွဲ့စလုံးဟာ တူညီတဲ့ ပိုက်ဆံကို ရခဲ့ကြပေမဲ့၊ 00:04:26.207 --> 00:04:29.911 ပိုပြီးချမ်းသာတယ်လို့ ထင်တဲ့အဖွဲ့က လူချမ်းသာတွေကို အခွန်လျှော့ ကောက်သင့်တယ်၊ 00:04:30.081 --> 00:04:33.057 ဆင်းရဲသားတွေကို အခွင့်အရေးပေးတာ လျှော့သင့်တယ်လို့ ဆိုလာကြတယ်။ 00:04:33.151 --> 00:04:37.212 ဆင်းရဲသူတို့ အလုပ်ကိုကြိုးစား လုပ်သင့်ပြီး တာဝန်ယူတတ်ဖို့ လိုအပ်ကြောင်း အကြံပေးကြတယ်။ NOTE Paragraph 00:04:37.647 --> 00:04:42.675 ကျနော်တို့ ပုံမှန်လက်ခံတဲ့ ဒီလိုအမြင်တွေဟာ နက်ရှိုင်းစွာ စွဲမြဲနေတဲ့ တန်ဖိုးတွေနဲ့ 00:04:42.909 --> 00:04:45.926 ဘဝ အတွေ့အကြုံထဲမှာ အမြစ်တွယ်နေကြပေမဲ့၊ 00:04:45.996 --> 00:04:47.745 ၁၀ မိနစ်ကြာတဲ့ လေ့ကျင့်ခန်းတစ်ခုက 00:04:47.895 --> 00:04:51.741 လူတွေ ပိုချမ်းသာအောင်၊ ပိုဆင်းရဲအောင် လုပ်ပေးခဲ့ခြင်းဖြင့် 00:04:51.741 --> 00:04:54.161 အဲ့အမြင်တွေကို ပြောင်းလဲပစ်လိုက်တာပါ။ 00:04:54.403 --> 00:04:59.400 ဆင်းရဲခြင်း (သို့) ချမ်းသာခြင်းနဲ့ ဆင်းရဲ (သို့) ချမ်းသာတယ်လို့ ခံစားရမှု အကြားက 00:04:59.550 --> 00:05:03.271 ခြားနားချက်ဟာ အရေးကြီးပါတယ်၊ ဒီနှစ်ခုကို ယှဉ်ကြည့်ဖို့ မလွယ်တောင်မှာပါ။ 00:05:03.436 --> 00:05:06.195 "တို့တွေက ဆင်းရဲခဲ့ကြပေမဲ့ တို့အဲဒါကို မသိခဲ့ကြဘူး"လို့ 00:05:06.195 --> 00:05:09.285 လူတွေ အတိတ်ကို လွမ်းသံနဲ့ ပြောဆိုတာ ကျနော်တို့ မကြာခဏ ကြားရပါတယ်။ NOTE Paragraph 00:05:09.285 --> 00:05:12.687 ကျနော်ရဲ့ အသိစိတ်ကို မြှင့်တင်ပေးခဲ့တဲ့ အဖြစ်အပျက် တစ်ခု ကြုံခဲ့ဘူးတယ်။ 00:05:12.687 --> 00:05:13.681 တစ်နေ့တွင်၊ 00:05:13.681 --> 00:05:15.806 လေးတန်းမှာ နေ့လယ်စာအတွက် တန်းစီနေစဉ်၊ 00:05:15.830 --> 00:05:18.822 အကျိုးအကြောင်းမသိသေးတဲ့ ငွေကိုင် အမျိုးသမီးအသစ် ပေါ်လာရာ၊ 00:05:18.846 --> 00:05:21.198 ကျနော့်ကို ၁.၂၅ ဒေါ်လာ ပေးချေဖို့ တောင်းလိုက်တယ်။ 00:05:22.466 --> 00:05:26.672 ကျနော်ဟာ နေ့လယ်စာအတွက် ဘယ်တော့မှ မပေးချေခဲ့ရတော့ အံ့အားသင့်သွားတယ်။ 00:05:27.090 --> 00:05:31.022 ကျနော့်ဆီမှာ ငွေတစ်ပြားမှ မရှိတော့ ဘာပြောရမှန်း မသိခဲ့ဘူး။ 00:05:31.374 --> 00:05:34.133 ဒါနဲ့ ရုတ်တရက်ပဲ ကျနော် ပထမဦးဆုံးအကြိမ် နားလည်မိတာက 00:05:34.157 --> 00:05:37.684 နေ့လယ်စာကို အခမဲ့ စားရတဲ့ ကလေးတွေဟာ ဆင်းရဲ့တဲ့ သူတွေပဲ ဆိုတာပါ။ NOTE Paragraph 00:05:38.151 --> 00:05:41.315 ကျောင်းထဲက နေ့လယ်စာ အချိန်တုန်းက အဲဒီ ဖြစ်ရပ်ဟာ 00:05:41.765 --> 00:05:44.057 ကျနော့့်ကို အကြီးအကျယ် ပြောင်းလဲ ပစ်ခဲ့တယ်။ 00:05:44.301 --> 00:05:47.714 ဘဝထဲမှာ ပထမဆုံးအကြိမ် ကျနော် ဆင်းရဲတာကို ခံစားလိုက်ရလို့လေ။ 00:05:47.922 --> 00:05:51.102 ကျနော်တို့ဆီမှာ ရှိတဲ့ငွေဟာ အရင်တစ်နေ့ထက် နည်းမသွားခဲ့ပေမဲ့ 00:05:51.246 --> 00:05:52.920 အဲဒီအချိန်ကစပြီး ကျနော်ဟာ 00:05:52.920 --> 00:05:55.490 အရာတွေ အားလုံးကို တစ်မျိုး မြင်တွေ့လာတော့တယ်။ 00:05:55.490 --> 00:05:58.265 ကျနော်ဟာ ကမ္ဘာကြီးအား ရှုမြင်ပုံကို ပြောင်းပစ်လိုက်တယ်။ 00:05:58.265 --> 00:06:01.506 နေ့လယ်စာကို ပိုက်ဆံပေးစားကြတဲ့ ကလေးတွေ ဝတ်စားကြပုံကလည်း 00:06:01.530 --> 00:06:04.858 ပိုသားနားသလို ခံစားရတာကို ကျနော် စပြီး သတိထားမိလာတယ်။ 00:06:04.858 --> 00:06:07.228 အစိုးရမှ ထောက်ပံ့ပေးတဲ့ အဝါရောင် ဒိန်ခဲတုံးကြီးတွေ 00:06:07.228 --> 00:06:09.213 ကျနော်တို့ တံခါး၀မှာ ပေါ်လာတတ်တာကို၊ 00:06:09.213 --> 00:06:12.976 ကုန်စုံဆိုင်မှာ အမေ ထုတ်ပေးတတ်တဲ့ စားနပ် ရိက္ခာ တံဆိပ်ခေါင်းတွေကို သတိထားမိတယ်။ 00:06:12.976 --> 00:06:15.457 ကျနော့်က အစဉ်ပဲ ရှက်ကြောက်တဲ့ ကလေး ဖြစ်ခဲ့ပြီး၊ 00:06:15.457 --> 00:06:19.044 အဲ့ဖြစ်ရပ် နောက်မှာ ကျောင်းထဲမှာ ကျနော် စကားတောင် မပြောဖြစ်သလောက်ပါ။ 00:06:19.044 --> 00:06:20.620 ငါဟာ ဘယ်သူမို့လို့ ပြောရမှာလဲ။ NOTE Paragraph 00:06:20.792 --> 00:06:24.470 နှစ်ပေါင်းများစွာ ကြာအောင်ကိုပဲ လူမှုရေးသိပ္ပံပညာရှင်တွေဟာ 00:06:24.654 --> 00:06:26.590 အခြားသူတွေထက် ချို့တဲ့ကြောင်း ခံစားရမှုက 00:06:26.760 --> 00:06:30.450 နိုင်ငံရေးအရ လှုပ်ရှားဖို့ လှုံ့ဆော်နိုင် ကြောင်း အထောက်အထားတွေ ရှာနေခဲ့ကြတယ်။ 00:06:30.450 --> 00:06:34.143 အဲဒီလို ခံစားရမှုက ဆန္ဒပြပွဲတွေ၊ သပိတ် မှောက်ပွဲတွေကို၊ တော်လှန်ရေးတွေကိုတောင် 00:06:34.143 --> 00:06:36.560 လှုံ့ဆော် ထိုးဆွပေးနိုင်တယ်လို့ သူတို့ ထင်ခဲ့ကြတယ်။ 00:06:36.560 --> 00:06:40.444 ဒါပေမဲ့ ထပ်ပြီးရင် ထပ်ပြီး သူတို့ ရှာတွေ့ခဲ့ရတာ ဘာမှမလုပ်ချင်ကြတဲ့ လူတွေပါ၊ 00:06:40.551 --> 00:06:42.488 ဘာ့ကြောင့်လဲဆိုတော့ တကယ့်အကြောင်းရင်းက 00:06:42.518 --> 00:06:44.582 အခြားသူတွေထက် နိမ့်ကျသလို ခံစားရခြင်းက 00:06:44.612 --> 00:06:46.275 ရှက်ကြောက်စိတ်ကို ဖြစ်ပေါ်စေလို့ပါ။ 00:06:46.275 --> 00:06:49.017 အဲဒီ ရှက်ကြောက်စိတ်ကြောင့် လူတွေဟာ စနစ်ကို ရွံ့မုန်းကြလို့ 00:06:49.052 --> 00:06:50.939 ဝေးရာကို ထွက်ပြေးလိုခဲ့ကြလို့ပါ။ 00:06:51.093 --> 00:06:53.122 အခြားသူတွေထက် သာတယ်လို့ ခံစားစိတ်ကျတော့ 00:06:53.516 --> 00:06:55.264 လူတွေကို တက်ကြွဖို့ လှုံ့ဆော်ပါတယ်။ 00:06:55.697 --> 00:06:58.971 ဒါက အဲ့ဒီအနေအထားကို ကာကွယ်ဖို့ ကျနော်တို့ကို တွန်းအားပေးတာမို့လို့ 00:06:58.995 --> 00:07:03.091 ကျနော်တို့ နိုင်ငံရေးမှာ အရေးပါတဲ့ အကျိုးဆက်တွေ ရှိနိုင်ပါတယ်။ NOTE Paragraph 00:07:03.380 --> 00:07:06.690 ဘာကြောင့်လဲ ဆိုတာ နားလည်ဖို့ နောက် စမ်းသပ်မှု တစ်ခုကို စဉ်းစားရပါမယ်။ 00:07:06.802 --> 00:07:10.553 ထပ်ပြီး ပါဝင်သူတွေ ပိုက်ဆံရဖို့ ဆုံးဖြတ် ချက်တွေ ချမှတ်ရန် တာဝန်ပေးခဲ့ကြတယ်။ 00:07:10.553 --> 00:07:13.938 တစ်ဖွဲ့ကို သူတို့ဟာ ပျမ်းမျှထက် ပိုတော်တယ်လို့ ပြောခဲ့ကြပြီး 00:07:13.938 --> 00:07:17.556 နောက်တဖွဲ့ကိုတော့ သူတို့လုပ်ခဲ့တာဟာ ပျမ်းမျှထက် ပိုညံ့ကြောင်း ပြောခဲ့ကြတယ်။ 00:07:17.606 --> 00:07:21.322 ထပ်ပြီး ပျမ်းမျှထက်သာတဲ့ အဖွဲ့က မျှတတဲ့ အရည်အသွေးအလျောက် မြှောက်စားခံရတာ၊ 00:07:21.322 --> 00:07:23.392 လူချမ်းသာတွေကို အခွန်လျှော့ကောက်သင့်တာ၊ 00:07:23.392 --> 00:07:26.564 လူဆင်းရဲတွေရဲ့ အကျိုးခံစားခွင့်တွေ လျှော့ချသင့်တာ ပြောဆိုခဲ့ကြတယ်။ 00:07:26.660 --> 00:07:29.715 ဒါပေမဲ့ ဒီတကြိမ်မှာ အဲဒီကိစ္စများမှာ သူတို့နဲ့ သဘောမတူကြတဲ့ 00:07:29.899 --> 00:07:33.012 အခြား ပါဝင်သူတို့နှင့် ပတ်သက်ပြီး သူတို့ရဲ့ ထင်မြင်ချက်ကိုပါ 00:07:33.106 --> 00:07:34.870 မေးကြည့်ခဲ့ကြသေးတယ်။ 00:07:34.894 --> 00:07:37.177 သူတို့ကော တော်ကြသလား ဒါမှမဟုတ် ညံ့ကြသလား ပေါ့လေ။ NOTE Paragraph 00:07:37.322 --> 00:07:40.367 သူတို့ အကျိုးအကြောင်း ရှိရဲ့လား ဒါမှမဟုတ် ဘက်လိုက် ပြောနေကြတာလား။ 00:07:40.684 --> 00:07:44.817 ပျမ်းမျှထက်သာတဲ့အဖွဲ့ ပြောတာက သူတို့နဲ့ သဘောမတူတဲ့ လူတိုင်းဟာ 00:07:45.011 --> 00:07:47.884 ညံ့လို့ ဘက်လိုက်လို့ပဲ ဖြစ်ရမယ်၊ 00:07:48.238 --> 00:07:51.026 ကိုယ်ကျိုးစီးပွားကို ငှဲနေလို့ မမြင်နိုင်ကြတာတဲ့။ 00:07:51.230 --> 00:07:53.682 ပျမ်းမျှထက်နိမ့်ကျတဲ့ အဖွဲ့ကျတော့၊ 00:07:53.696 --> 00:07:56.817 သူတို့ရဲ့ပြိုင်ဘက်တွေနဲ့ ပတ်သက်လို့ ယူဆပုံဟာ အဲ့လို့ မဟုတ်ခဲ့ဘူး။ NOTE Paragraph 00:07:56.817 --> 00:07:59.559 အခု စိတ်ပညာဆိုင်ရာ လေ့လာချက်တွေ အများကြီး ညွှန်ပြနေကြတာက၊ 00:07:59.559 --> 00:08:01.705 အခြားသူတွေက ကျနော်တို့နဲ့ သဘောထားတူတယ် ဆိုရင်၊ 00:08:01.705 --> 00:08:04.015 သူတို့ကို တော်ကြတယ်လို့ ကျနော်တို့က ထင်တတ်ကြပြီး၊ 00:08:04.015 --> 00:08:06.073 လူတွေက ကျနော်တို့နဲ့ သဘောထား မတူရင်တော့၊ 00:08:06.073 --> 00:08:08.526 သူတို့ကို အရူးတွေလို့ ကျနော်တို့က ထင်တတ်ကြတာကိုပါ။ NOTE Paragraph 00:08:08.627 --> 00:08:09.509 (ရယ်သံများ) NOTE Paragraph 00:08:09.509 --> 00:08:12.183 ဒါပေမဲ့ ခုနက အချက် ဆန်းသစ်နေတာက သူတို့နဲ့ သဘောမတူသူတွေကို 00:08:12.183 --> 00:08:15.237 ဖယ်ထုတ်ပစ်ရန် သူတို့ဆီမှာ လုပ်ပိုင်ခွင့် အာဏာရှိတယ်လို့ ပြောလာတာက 00:08:15.237 --> 00:08:19.392 ပျမ်းမျှထက် သာတယ်လို့ ယူဆကြသူတို့ရဲ့ ယုံကြည်မှု သက်သက် ဖြစ်တာကိုပါ။ NOTE Paragraph 00:08:19.899 --> 00:08:23.764 ပိုင်ဆိုင်ကြသူတို့နဲ့ ဘာမှမရှိကြသူတို့ အကြား ကွာဟချက် ပိုပိုကြီးမားလာနေလို့ 00:08:24.534 --> 00:08:29.087 အခုက ပြောပြခဲ့တဲ့ အချက်ဟာ နိုင်ငံရေးနဲ့ ဆက်စပ်နေပုံကို စဉ်းစားကြည့်ကြပါ။ 00:08:31.326 --> 00:08:35.581 အခြားတစ်ဖက်မှာ ရှိတဲ့ သူတွေဟာ အရူးတွေလို လူတော်တော်များများ ထင်ကြတာ ဟုတ်မှန်ပေမဲ့၊ 00:08:36.748 --> 00:08:42.045 နိုင်ငံရေးနဲ့ပတ်သက်ပြီး အပြန်အလှန် ငြင်းခုန် အော်ဟပ်ဖို့ နိုင်ငံရေးထဲမှာ 00:08:42.069 --> 00:08:45.253 ပါဝင်လုပ်ကိုင်နေကြသူ အများစုတို့ဟာ တကယ်ကျတော့ လူချမ်းသာတွေပါ။ 00:08:45.277 --> 00:08:49.734 အမှန်စင်စစ်မှာတော့ မညီမျှမှုဟာ နောက်ဆုံး ဆယ်စုနှစ်တွေမှာ တိုးလာခဲ့ပြီး 00:08:49.758 --> 00:08:53.746 ဆင်းရဲကြသူတို့ အကြားမှာ နိုင်ငံရေးကို စိတ် ဝင်စားမှုနဲ့ ပါဝင်လိုစိတ် ထိုးကျသွားတယ်။ 00:08:54.014 --> 00:08:57.604 ထပ်ပြီးမြင်ရတာက ပစ်ပယ်ခံထားရတယ်လို့ ခံစားကြရသူတွေ လမ်းပေါ်ထွက်ပြီး 00:08:57.788 --> 00:09:02.199 ဆန္ဒပြတာတွေ မဲဆန္ဒရှင်တွေ မှတ်ပုံတင်ရေး လှုံ့ဆော်ပွဲတွေ မလုပ်ကြတာကိုပါ။ 00:09:02.680 --> 00:09:04.761 မကြာခဏဆိုသလို မဲတောင် သွားမပေးကြပါဘူး။ 00:09:05.016 --> 00:09:07.886 အဲ့ဒီအစား သူတို့ဟာ ရှောင်ဖယ်လျက် နုတ်ထွက် နေကြပါတယ်။ NOTE Paragraph 00:09:08.705 --> 00:09:12.480 ဒီတော့ ကျနော်တို့က အလွန်အမင်း မညီမမျှ ဖြစ်နေတာနဲ့ပတ်သက်ပြီး တစ်ခုခုလုပ်ချင်ရင်၊ 00:09:12.480 --> 00:09:15.392 ကျနော်တို့ဟာ ကျနော်တို့ နိုင်ငံရေးကို ပြုပြင်ကြရမှာ ဖြစ်ပါတယ်။ 00:09:15.392 --> 00:09:18.229 ကျနော်တို့က ကျနော်တို့ရဲ့ နိုင်ငံရေးကို ပြင်ချင်ကြတယ်ဆိုရင်၊ 00:09:18.229 --> 00:09:21.140 မညီမျှမှုနဲ့ ပတ်သက်ပြီး ကျနော်တို့ တစ်ခုခု လုပ်ကြရပါလိမ့်မယ်။ 00:09:21.360 --> 00:09:22.786 ဒါဆို ကျနော်တို့ ဘာလုပ်ကြမလဲ။ 00:09:22.923 --> 00:09:25.355 ဝဲကတော့ပုံ ရစ်ပတ်မှုရဲ့ အံ့သြဖွယ်ကောင်းတဲ့ အချက်က၊ 00:09:25.539 --> 00:09:29.061 ရစ်ပတ်မှု စက်ဝန်းထဲက ဘယ်နေရာမှာမဆို ရပ်ပစ်လျက် ကျနော်တို့ ထွက်နိုင်ခြင်းပါ။ NOTE Paragraph 00:09:29.305 --> 00:09:32.404 စတင်ဖို့ အကောင်းဆုံး သူတွေက ကျနော့်စိတ်ထင် 00:09:32.868 --> 00:09:36.889 မညီမျှမှု ကြီးထွားလာမှုကြောင့် အများဆုံး အကျိုးဖြစ်ထွန်းခဲ့ကြတဲ့ သူတွေ၊ 00:09:37.613 --> 00:09:40.283 ပျမ်းမျှထက် ပိုသာအောင် လုပ်ဆောင်နိုင်ခဲ့ကြတဲ့ သူတွေပေါ့။ 00:09:40.403 --> 00:09:42.143 ကိုယ်ဟာ အောင်မြင်သူ ဖြစ်တယ်ဆိုရင်၊ 00:09:42.457 --> 00:09:46.410 ကိုယ့် အောင်မြင်မှုကို ကိုယ့် ကြိုးစားအား ထုတ်မှုကြောင့်လို့ ပြောကြတာ ဓမ္မတာပါပဲ။ 00:09:46.700 --> 00:09:49.472 ဒါပေမဲ့ ခင်ဗျားတို့ကို ကျနော်ပြခဲ့တဲ့ လေ့လာမှုတွေမှာလို 00:09:49.472 --> 00:09:51.148 လူတိုင်းက အဲ့လို ကြိုးစာကြတာချင်းပါပဲ၊ 00:09:51.172 --> 00:09:55.083 အလုပ်ကြိုးစားခဲ့မှုက တကယ်ကျတော့ အရေးကြီးဆုံး ဟုတ်ချင်မှ ဟုတ်ခဲ့မှာပါ။ 00:09:56.603 --> 00:09:58.878 ကျနော်သိတဲ့ အောင်မြင်တဲ့ လူတိုင်းဟာ 00:10:00.802 --> 00:10:05.208 အောင်မြင်ဖို့ သူတို့ကြိုးစားလုပ်ခဲ့ကြတဲ့ အချိန်တွေ အကြာင်းကို စဉ်းစားနိုင်ကြပါတယ်။ 00:10:06.113 --> 00:10:07.455 သူတို့ စဉ်းစားနိုင်ကြသေးတာက 00:10:07.455 --> 00:10:11.641 ကံကောင်းခဲ့လို့ လက်ကမ်း ကူညီပေးခဲ့သူပါ ရှိခဲ့တာကိုကိုပါ၊ 00:10:11.665 --> 00:10:13.218 ဒါပေမဲ့ အဲဒီလို စဉ်းစားခဲကြတယ်။ 00:10:13.632 --> 00:10:16.385 စိတ်ပညာရှင်တွေ Shai Davidai နဲ့ Tom Gilovich တို့က 00:10:16.409 --> 00:10:19.712 အဲဒါကို "headwind-tailwind asymmetry" လို့ ခေါ်ဝေါ်ကြပါတယ်။ 00:10:20.380 --> 00:10:22.723 ကိုယ်က လေကိုဆန်ပြီး ရုန်းကန်နေရတဲ့အခါမှာ၊ 00:10:22.747 --> 00:10:24.948 အတားအဆီး အားလုံးကို ကိုယ်က မြင်နိုင်ပြီး 00:10:25.384 --> 00:10:27.728 အဲဒါကို ကိုယ်ဟာ မှတ်မိပြီး သတိရနေမှာပါ။ 00:10:27.728 --> 00:10:30.571 ဒါပေမဲ့ ကိုယ့်ကို နောက်ကျောကနေပြီး လေက တိုက်ပြီး ကူပေးနေရင် 00:10:30.571 --> 00:10:33.604 အရာအားလုံ ချောမွေ့နေလို့ ကိုယ် သတိထား မိတာက ကိုယ့်ကိုယ်ကိုယ်၊ 00:10:33.604 --> 00:10:36.459 ပြီးတော့ ကိုယ်ရဲ့ အံသြဖွယ်ရာ ပင်ကိုယ် စွမ်းရည်တွေကိုပေါ့။ 00:10:36.459 --> 00:10:40.032 ဒါ့ကြောင့် ကျနော်တို့ဟာ ခဏလောက် ရပ်ပြီး ကျနော်တို့ကို နောက်ကနေပြီး 00:10:40.032 --> 00:10:43.119 တွန်းပေးခဲ့တဲ့ အားတွေကို သတိရဖို့ စဉ်းစားသင့်ပါတယ်။ NOTE Paragraph 00:10:43.332 --> 00:10:46.136 ကိုယ်နဲ့ သဘောထား မတူတဲ့သူတွေရဲ့ အမှားကို 00:10:46.376 --> 00:10:48.389 တွေ့မြင်ဖို့ ကိစ္စဟာ သိပ်လွယ်ပါတယ်။ 00:10:48.389 --> 00:10:52.109 မညီမျှမှုဟာ အန္တရာယ်ရှိတယ်လို့ ကျနော် ပြောခဲ့တဲ့ ပထမဦးဆုံး နှစ်မိနစ်တုန်းက 00:10:52.109 --> 00:10:55.400 ခင်ဗျားတို့ထဲက အချို့က ကျနော့်ကို အရူးလို့ ထင်ခဲ့ကြမှာပါ။ NOTE Paragraph 00:10:55.400 --> 00:10:56.362 (ရယ်သံများ) NOTE Paragraph 00:10:56.362 --> 00:10:58.049 အသိအမှတ်ပြုဖို့ အခက်ဆုံး အပိုင်းက 00:10:58.049 --> 00:11:00.720 ကိုယ်ဟာ ခြားနားကွဲပြားတဲ့ အခြေအနေ မျိုးမှာသာ ရှိနေခဲ့ရင်၊ 00:11:00.720 --> 00:11:03.844 ကျနော်တို့ရဲ့ စမ်းသပ်မှုတွေထဲ ပါဝင်ခဲ့ကြတဲ့ သူတွေလို ဖြစ်နိုင်လို့ 00:11:03.844 --> 00:11:06.994 ကိုယ်ဟာ အရာတွေကို တစ်မျိုးတစ်ဖုံ ရှုမြင်နိုင်ခဲ့မယ် ဆိုတဲ့ အချက်ပါ။ NOTE Paragraph 00:11:06.994 --> 00:11:10.456 ဒီတော့ ခင်ဗျားတို့ရဲ့ ဘဝပုံစံက ပျမ်းမျှထက်သာတဲ့အဖွဲ့ထဲ ပါဝင်တယ် ဆိုရင် -- 00:11:10.456 --> 00:11:14.044 ပြီးတော့ ဒီမှာ တွေ့ရသလို TED ဟောပြောချက် စောင့်ကြည့်သူ ဖြစ်တယ် ဆိုရင်တော့ -- NOTE Paragraph 00:11:14.044 --> 00:11:14.801 (ရယ်မောသံများ) NOTE Paragraph 00:11:14.801 --> 00:11:17.464 ခင်ဗျားတို့ အတွက် ထားရစ်ခဲ့ချင်တဲ့ အမှာစကားက - 00:11:17.464 --> 00:11:21.045 နောင်မှာများ ခင်ဗျားတို့က သဘောထားမတူသူ တစ်ဦးဦးကို အရူးတစ်ယောက်လို 00:11:21.086 --> 00:11:22.915 ဖယ်ထုတ်ပစ်ချင်စိတ် ပေါက်လာခဲ့ရင်၊ 00:11:22.939 --> 00:11:26.571 ခင်ဗျားတို့ကို အခုနေရာဆီ တွန်းပို့ ပေးခဲ့တဲ့ ပံ့ပိုးမှုတွေကို သတိရကြပါ။ 00:11:26.571 --> 00:11:29.544 ခင်ဗျားတို့ရဲ့ ဘဝထဲမှာ ကံကောင်းခဲ့တဲ့ အခွင့်အလမ်းတွ မရရှိခဲ့ရင် 00:11:29.544 --> 00:11:32.257 အခြေအနေဟာ လုံးဝ တမျိုးတမည် ပြောင်းလဲသွားနိုင်ခဲ့မှာကိုပါ။ 00:11:32.274 --> 00:11:35.664 ခင်ဗျားတို့ ကျေးဇူးတင်ချင်တဲ့ လက်ကမ်း ကူညီပေးခဲ့ကြသူတွေကိုလည်း သတိရကြပါ။ 00:11:35.664 --> 00:11:39.613 အဲဒီလို ပံ့ပိုးကူညီခဲ့မှုတွေကို သတိရနေရင် ကျနော်တို့စိတ်ကို နှိမ့်ချနို်င်ထားမှာမို့ 00:11:39.613 --> 00:11:42.879 ကျနော်တို့နဲ့ သဘောထားမတူကြတဲ့ လူတွေ အရူးတွေမဟုတ်တာကို မြင်လာကြမှာပါ။ 00:11:42.879 --> 00:11:45.495 တကယ် ခက်ခဲတဲ့အပိုင်းက ဘုံခံယူချက်ကို ရှာကြံနိုင်ဖို့ပါ၊ 00:11:45.495 --> 00:11:48.873 အရာတွေကို ပြောင်းလဲပစ်ရေး တာဝန်ကို ယူပြီး လိုအပ်တဲ့ စွမ်းအားတွေ ရှိကြတာက 00:11:48.873 --> 00:11:51.365 ချမ်းသာကြွယ်ဝကြတဲ့ သူတွေ ဖြစ်ကြလို့ပါ။ NOTE Paragraph 00:11:51.365 --> 00:11:52.087 ကျေးဇူးတင်ပါတယ် NOTE Paragraph 00:11:52.111 --> 00:11:55.389 (လက်ခုပ်သြဘာသံများ)