1 00:00:00,860 --> 00:00:02,524 ခင်ဗျား အခုဆို ကြားဖူးမှာပါ၊ 2 00:00:02,524 --> 00:00:05,622 စီးပွားရေးဆိုင်ရာ မညီမျှမှုတွေက သမိုင်းတွင်လောက်အောင် မြင့်နေတာ၊ 3 00:00:05,622 --> 00:00:09,093 အမေရိကန်ပြည်ထောင်စုထဲက သုည ဒသမ တစ်ရာခိုင်နှုန်းရှိတဲ့ အချမ်းသာဆုံးသူတွေက 4 00:00:09,093 --> 00:00:12,854 အောက်ခြေပြည်သူ ၉၀ ရာခိုင်နှုန်းတို့ရဲ့ စုစုပေါင်း ကြွယ်ဝမှုလောက် ပိုင်ဆိုင်ကြတာ၊ 5 00:00:12,854 --> 00:00:15,758 ဒါမှမဟုတ် ကမ္ဘာပေါ်က အချမ်းသာဆုံး ပုဂ္ဂိုလ် ၈ ဦးတို့ရဲ့ 6 00:00:15,758 --> 00:00:16,944 ကြွယ်ဝချမ်းသာမှုဟာ 7 00:00:16,968 --> 00:00:20,609 ကမ္ဘာပေါ်က အဆင်းရဲဆုံး လူ ၃.၅ ဘီလီယံ တို့ရဲ့ ပိုင်ဆိုင်မှုနဲ့ တူညီနေတာကိုပါ။ 8 00:00:21,000 --> 00:00:26,230 ဒါပေမဲ့ စီးပွားရေး မညီမျှမှုဟာ လူ့သက်တမ်း တိုလာမှု၊ 9 00:00:26,394 --> 00:00:27,956 ပျော်ရွှင်မှု နည်းလာမှု၊ 10 00:00:27,956 --> 00:00:29,659 ပြစ်မှုတွေ များလာမှုနဲ့ 11 00:00:29,693 --> 00:00:33,163 မူးယစ်ဆေး သုံးစွဲမှုများလာမှုနဲ့ ဆက်နွှယ် နေတာကိုရော ခင်ဗျားတို့ သိကြလား။ 12 00:00:33,163 --> 00:00:35,787 ဒါတွေဟာ ဆင်းရဲမှုနဲ့ သက်ဆိုင်တဲ့ ပြဿနာတွေလို့ ထင်ရပေမဲ့၊ 13 00:00:35,787 --> 00:00:37,810 ချမ်းသာတဲ့ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာလည်း 14 00:00:37,810 --> 00:00:40,086 အဲဒီလို ကျန်းမာရေးနဲ့ လူမှုရေးဆိုင်ရာ ပြဿနာတွေဟာ 15 00:00:40,086 --> 00:00:44,027 တကယ်တော့ ဝင်ငွေပမာဏ သက်သက်ထက် ဝင်ငွေ မညီမျှမှုတွေနဲ့ 16 00:00:44,051 --> 00:00:45,785 ပိုနီးကပ်စွာ ဆက်စပ်နေပါတယ်။ 17 00:00:45,785 --> 00:00:47,278 ပြီးတော့ အဲ့ဒါကြောင့်ပဲ 18 00:00:47,278 --> 00:00:50,420 ကမ္ဘာ့နိုင်ငံတွေထဲမှာ အချမ်းသာဆုံးနဲ့ မညီမျှမှု အကြီးမားဆုံးဖြစ်တဲ့ 19 00:00:50,420 --> 00:00:52,755 အမေရိကန်ပြည်ထောင်စုရဲ့ 20 00:00:52,779 --> 00:00:56,701 အ​ခြေအနေဟာ ဖွံ့ဖြိုးပြီး အခြားနိုင်ငံ အားလုံးတို့ထက် ပိုမိုဆိုးရွားနေတာပါ။ 21 00:00:56,830 --> 00:00:59,800 စစ်တမ်းတွေ ပြနေတာက အမေရိကန် ပြည်သူ အများစုတို့က၊ 22 00:01:00,484 --> 00:01:02,866 ဒီမိုကရက်တွေနဲ့ ရီပတ်ဘလင်ကန် နှစ်ခုစလုံးတို့က၊ 23 00:01:03,380 --> 00:01:07,595 မညီမျှမှု အရမ်းမြင့်နေတယ်လို့ ယုံကြည်ပြီး ပိုမိုညီမျှတဲ့ လုပ်ခကို လိုချင်ကြပါတယ်။ 24 00:01:08,194 --> 00:01:13,862 လူ့အသိုင်းအဝိုင်အနေနဲ့ အဲဒါကို တစ်နည်း နည်းနဲ့ ဖြေရှင်းဖို့ ကျုပ်တို့ဆီမှာ 25 00:01:13,886 --> 00:01:17,655 ဘုံခံယူချက်၊ သဘောတူညီမှု‌၊ နိုင်ငံရေးဆန္ဒလည်း ရှိပုံမရပါဘူး။ 26 00:01:17,655 --> 00:01:21,915 ဘာ့ကြောင့်လဲဆိုတော့ မညီမျှမှုဟာ နောက်ဆုံး ဆယ်စုနှစ်များအတွင်း တိုးလာခဲ့တာနဲ့အမျှ 27 00:01:21,939 --> 00:01:25,154 နိုင်ငံရေးအကွဲအပြဲတွေကလည်း အဲဒါနဲ့အတူ မြင့်တက်လာခဲ့လို့ပါ။ 28 00:01:26,774 --> 00:01:30,888 ကျနော်တို့က ကိုယ်နဲ့ သဘောထား မတူသူတွေကို လူအ တွေ အကျင့်ပျက်တွေလို့ မြင်တယ်။ 29 00:01:31,473 --> 00:01:33,691 ဒီမိုကရက်တွေနဲ့ ရီပတ်ဘလင်ကန်တွေရဲ့ တစ်ဝက်နီးပါက 30 00:01:33,965 --> 00:01:36,694 အခြားတစ်ဖက်ဟာ မှားနေရုံတင်မဟုတ်ဘဲ 31 00:01:37,074 --> 00:01:39,569 နိုင်ငံတော်အတွက် အန္တရာယ်လို့တောင် ထင်မြင်နေကြတယ်။ 32 00:01:39,998 --> 00:01:43,752 ပြီးတော့ ဒီမုန်းတီးမှုက အပြောင်းအလဲတွေကို ဖော်ဆောင်ဖို့ လိုအပ်တဲ့ ဘုံခံယူချက်အား 33 00:01:43,776 --> 00:01:45,743 ရှာကြံမှုကို ဟန့်တားနေပါတယ်။ 34 00:01:46,733 --> 00:01:50,284 ကျနော်ဟာ University of North Carolina က လူမှုရေး စိတ်ပညာ ပါမောက္ခ ဖြစ်ပြီး၊ 35 00:01:50,948 --> 00:01:55,128 မညီမျှမှုက လူတွေရဲ့ ဆင်ခြင် ပြုမူပုံတွေ အပေါ် သက်ရောက်ပုံကို လေ့လာသူပါ။ 36 00:01:55,893 --> 00:01:59,931 ကျနော် တင်ပြမှာက မညီမျှမှုနဲ့ နိုင်ငံရေး အကွဲအပြဲတွေ အတူတကွ မြင့်တက်လာမှုဟာ 37 00:01:59,955 --> 00:02:03,517 အကြောင်းမသင့်လို့ ဖြစ်လာတဲ့ တိုက်ဆိုင်မှု မဟုတ်တာကိုပါ။ 38 00:02:03,833 --> 00:02:06,530 မညီမျှမှုဟာ ကျနော်တို့ရဲ့ နိုင်ငံရေးကို သပ်ပင်းပေးနေတာ 39 00:02:06,530 --> 00:02:09,339 ခိုင်လုံတဲ့ စိတ်ပိုင်းဆိုင်ရာ အကြောင်းပြချက်တွေ ရှိပါတယ်။ 40 00:02:09,346 --> 00:02:12,633 ဆိုလိုတာက အဲဒီအရာ ဒီနှစ်ခုစလုံးကို တပြိုင်တည်း မြှင့်တင်ပေးဖို့ အတွက် 41 00:02:12,633 --> 00:02:15,418 ခိုင်လုံတဲ့ စိတ်ပိုင်းဆိုင်ရာ အကြောင်းရင်းတွေ ရှိကြပါတယ်။ 42 00:02:15,527 --> 00:02:18,961 မညီမျှမှုဟာ ဘာ့ကြောင့် ဒီလောက်တောင် စွမ်းအားကြီးမားတာကို နားလည်ဖို့ဆိုရင် 43 00:02:18,961 --> 00:02:22,642 ကျနော်တို့ အရင်ဦးဆုံး နားလည်ကြရမှာက ကျနော်တို့ဟာ တစ်ချိန်လုံး ကိုယ့်ကိုယ်ကိုယ် 44 00:02:22,642 --> 00:02:24,321 အခြားသူတွေနဲ့ နှိုင်းယှဉ်တတ်ကြတယ်၊ 45 00:02:24,321 --> 00:02:26,006 အဲ့လို နှိုင်းယှဉ်ကြည့်တဲ့အခါမှာ 46 00:02:26,030 --> 00:02:28,971 ကျနော်တို့ဟာ ထိပ်ဆုံးမှာ ရှိတာကို မြင်လိုကြပြီး 47 00:02:28,995 --> 00:02:31,579 အောက်ပိုင်းမှာ ရှိနေရင် စိတ်မချမ်းမြေ့ တတ်ကြတာကိုပါ။ 48 00:02:32,053 --> 00:02:35,290 စိတ်ပညာရှင်တွေက ဒါကို "better-than- average effect" လို့ ခေါ်ကြတယ်။ 49 00:02:35,728 --> 00:02:38,759 လူအများစုက သူတို့ဟာ ပျမ်းမျှထက် ပိုသာတယ်လို့ ယုံကြည်ကြပါတယ်။ 50 00:02:38,783 --> 00:02:41,299 သူတို့ အလေးထားတဲ့ ဘယ်အရာမဆိုမှာပေါ့။ 51 00:02:43,418 --> 00:02:46,997 ပျမ်းမျှရဲ့ အဓိပ္ပါယ် အရကိုက အဲဒါဟာ လက်တွေ့မှာ မဖြစ်နိုင်ပါဘူး။ 52 00:02:47,021 --> 00:02:49,954 (ရယ်သံများ) 53 00:02:49,978 --> 00:02:52,184 ဒါပေမဲ့ လူတွေ ခံစားကြပုံက အဲ့လိုမျိုးပါ။ 54 00:02:52,208 --> 00:02:54,842 လူအများစုက ကိုယ်ဟာ ပျမ်းမျှထက် ပိုပြီး ထက်မြက်ကြတယ်၊ 55 00:02:54,866 --> 00:02:56,747 ပျမ်းမျှထက် ပိုပြီး အလုပ်ကြိုးစားကြပြီး 56 00:02:56,747 --> 00:02:59,472 လူမှုရေးကိစ္စတွေမှာ ပိုပြီး ကျွမ်းကျင်တယ်လို့ ထင်တတ်ကြတယ်။ 57 00:02:59,472 --> 00:03:02,590 လူအများစုက သူတို့ ကားမောင်းတာ ပျမ်းမျှထက် ပိုတော်တယ်လို့ ထင်ကြတယ်။ 58 00:03:02,590 --> 00:03:03,411 (ရယ်သံများ) 59 00:03:03,411 --> 00:03:06,624 သူတို့ကြောင့် ယာဉ်မတော်တဆ ဖြစ်မှု ဖြစ်ခဲ့လို့ လောလောဆယ်မှာ 60 00:03:06,648 --> 00:03:10,230 ဆေးရုံတက်နေကြရတဲ့ လူတစ်စုကို ယူပြီး လေ့လာကြည့်ရင် အဲဒါမှန်တာ တွေ့ရမှာပါ။ 61 00:03:10,254 --> 00:03:12,345 (ရယ်သံများ) 62 00:03:13,144 --> 00:03:16,442 ဒီတော့ ကျနော်တို့ဟာ ကိုယ့်ကိုယ်ကိုယ် ပျမ်းမျှထက် ပိုသာတာကို မြင်လိုကြတယ်၊ 63 00:03:16,442 --> 00:03:18,128 အကယ်၍ အဲ့သလိုမဟုတ်တာ တွေ့ရရင်တော့၊ 64 00:03:18,128 --> 00:03:20,636 ဒါဟာ ကျနော်တို့အဖို့ လက်ခံရခက်တဲ့ အခြေအနေမျိုးပါ။ 65 00:03:20,636 --> 00:03:24,527 ပြီးတော့ ကမ္ဘာကြီးအား ကျနော်တို့ မြင်ပုံ ပြောင်းခြင်းဖြင့် အဲဒါကို ညှိယူကြပါတယ်။ 66 00:03:24,591 --> 00:03:27,198 အဲဒီလို ဖြစ်ပျက်လာပုံကို နားလည်ဖို့ 67 00:03:27,198 --> 00:03:30,764 ကျနော့် လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကျနော်ဟာ စမ်းသပ်မှု တစ်ခုကို ပြုလုပ်ခဲ့တယ်။ 68 00:03:30,805 --> 00:03:35,126 ပါဝင်သူတွေ ပိုက်ဆံအချို့ရဖို့ ဆုံးဖြတ်ချက် ချပေးရမယ့် တာဝန်ကို ပေးခဲ့ကြတယ်၊ 69 00:03:35,150 --> 00:03:38,105 အမှန်က လူတိုင်းဟာ တူညီတဲ့ ပိုက်ဆံကို ရခဲ့ကြတာပါ။ 70 00:03:38,105 --> 00:03:40,893 ဒါပေမဲ့ ကျနော်တို့က သူတို့ကို ကျပန်း နှစ်ဖွဲ့ခွဲလိုက်ပြီး 71 00:03:40,983 --> 00:03:44,792 တဖွဲ့ကို သူတို့ဟာ သပျမ်းမျှထက် ပိုသာအောင် လုပ်ခဲ့ကြောင်း ပြောဆိုလျက် 72 00:03:44,802 --> 00:03:48,014 နောက်တဖွဲ့ကိုတော့ သူတို့ လုပ်ခဲ့တာ ပျမ်းမျှထက် ညံ့တယ်လို့ ပြောခဲ့ကြတယ်။ 73 00:03:48,014 --> 00:03:51,953 ဒီလိုနည်းဖြင့် ကျနော်တို့မှာ ပိုချမ်းသာတယ် လို့ ထင်နေတဲ့အဖွဲ့နဲ့ ပိုဆင်းရဲတယ်လို့ 74 00:03:51,993 --> 00:03:55,012 ထင်တဲ့အဖွဲ့ ရှိလာပေမဲ့ အဲဒီလို ထင်စရာ အကြောင်းပြချက် မရှိခဲ့ဘူး။ 75 00:03:55,012 --> 00:03:57,790 ပြီးနောက် ကျနော်တို့က သူတို့ကို မေးခွန်းအချို့ မေးကြည့်တယ်။ 76 00:03:57,931 --> 00:04:01,806 ကျနော်တို့က ခင်ဗျားတို့ ဆုံးဖြတ်ချက်ချတာ ဘယ်လောက် ကောင်းလဲလို့ မေးကြည့်တော့ 77 00:04:01,806 --> 00:04:05,343 ပျမ်းမျှထက် ပိုသာတဲ့ အဖွဲ့က သူတို့ဟာ ပျမ်းမျှထက် နိမ့်တဲ့ အဖွဲ့ထက် စာရင် 78 00:04:05,343 --> 00:04:07,079 ပိုကျွမ်းကျင်ကြောင်း ပြောကြတယ်။ 79 00:04:07,160 --> 00:04:10,348 ပျမ်းမျှထက် ပိုတော်တဲ့ အဖွဲ့က သူတို့ရဲ့ အောင်မြင်မှုဟာ 80 00:04:10,462 --> 00:04:13,826 အရည်အသွေး အလျောက်မြှောက်စားတဲ့ စနစ်ရဲ့ မျှတတဲ့ ရလဒ်ပါလို့ ဆိုကြတယ်။ 81 00:04:13,976 --> 00:04:17,548 ပျမ်းမျှထက် နိမ့်တဲ့ အဖွဲ့ကျတော့ ဒီစနစ်ထဲ အကြံအဖန်ရှိခဲ့တယ်လို့ ထင်ခဲ့ကြရာ၊ 82 00:04:17,548 --> 00:04:19,776 ဒီဖြစ်ရပ်ထဲမှာ သူတို့ ပြောတာ မှန်ခဲ့ပါတယ်။ 83 00:04:20,080 --> 00:04:22,548 (ရယ်သံများ) 84 00:04:22,686 --> 00:04:25,933 နှစ်ဖွဲ့စလုံးဟာ တူညီတဲ့ ပိုက်ဆံကို ရခဲ့ကြပေမဲ့၊ 85 00:04:26,207 --> 00:04:29,911 ပိုပြီးချမ်းသာတယ်လို့ ထင်တဲ့အဖွဲ့က လူချမ်းသာတွေကို အခွန်လျှော့ ကောက်သင့်တယ်၊ 86 00:04:30,081 --> 00:04:33,057 ဆင်းရဲသားတွေကို အခွင့်အရေးပေးတာ လျှော့သင့်တယ်လို့ ဆိုလာကြတယ်။ 87 00:04:33,151 --> 00:04:37,212 ဆင်းရဲသူတို့ အလုပ်ကိုကြိုးစား လုပ်သင့်ပြီး တာဝန်ယူတတ်ဖို့ လိုအပ်ကြောင်း အကြံပေးကြတယ်။ 88 00:04:37,647 --> 00:04:42,675 ကျနော်တို့ ပုံမှန်လက်ခံတဲ့ ဒီလိုအမြင်တွေဟာ နက်ရှိုင်းစွာ စွဲမြဲနေတဲ့ တန်ဖိုးတွေနဲ့ 89 00:04:42,909 --> 00:04:45,926 ဘဝ အတွေ့အကြုံထဲမှာ အမြစ်တွယ်နေကြပေမဲ့၊ 90 00:04:45,996 --> 00:04:47,745 ၁၀ မိနစ်ကြာတဲ့ လေ့ကျင့်ခန်းတစ်ခုက 91 00:04:47,895 --> 00:04:51,741 လူတွေ ပိုချမ်းသာအောင်၊ ပိုဆင်းရဲအောင် လုပ်ပေးခဲ့ခြင်းဖြင့် 92 00:04:51,741 --> 00:04:54,161 အဲ့အမြင်တွေကို ပြောင်းလဲပစ်လိုက်တာပါ။ 93 00:04:54,403 --> 00:04:59,400 ဆင်းရဲခြင်း (သို့) ချမ်းသာခြင်းနဲ့ ဆင်းရဲ (သို့) ချမ်းသာတယ်လို့ ခံစားရမှု အကြားက 94 00:04:59,550 --> 00:05:03,271 ခြားနားချက်ဟာ အရေးကြီးပါတယ်၊ ဒီနှစ်ခုကို ယှဉ်ကြည့်ဖို့ မလွယ်တောင်မှာပါ။ 95 00:05:03,436 --> 00:05:06,195 "တို့တွေက ဆင်းရဲခဲ့ကြပေမဲ့ တို့အဲဒါကို မသိခဲ့ကြဘူး"လို့ 96 00:05:06,195 --> 00:05:09,285 လူတွေ အတိတ်ကို လွမ်းသံနဲ့ ပြောဆိုတာ ကျနော်တို့ မကြာခဏ ကြားရပါတယ်။ 97 00:05:09,285 --> 00:05:12,687 ကျနော်ရဲ့ အသိစိတ်ကို မြှင့်တင်ပေးခဲ့တဲ့ အဖြစ်အပျက် တစ်ခု ကြုံခဲ့ဘူးတယ်။ 98 00:05:12,687 --> 00:05:13,681 တစ်နေ့တွင်၊ 99 00:05:13,681 --> 00:05:15,806 လေးတန်းမှာ နေ့လယ်စာအတွက် တန်းစီနေစဉ်၊ 100 00:05:15,830 --> 00:05:18,822 အကျိုးအကြောင်းမသိသေးတဲ့ ငွေကိုင် အမျိုးသမီးအသစ် ပေါ်လာရာ၊ 101 00:05:18,846 --> 00:05:21,198 ကျနော့်ကို ၁.၂၅ ဒေါ်လာ ပေးချေဖို့ တောင်းလိုက်တယ်။ 102 00:05:22,466 --> 00:05:26,672 ကျနော်ဟာ နေ့လယ်စာအတွက် ဘယ်တော့မှ မပေးချေခဲ့ရတော့ အံ့အားသင့်သွားတယ်။ 103 00:05:27,090 --> 00:05:31,022 ကျနော့်ဆီမှာ ငွေတစ်ပြားမှ မရှိတော့ ဘာပြောရမှန်း မသိခဲ့ဘူး။ 104 00:05:31,374 --> 00:05:34,133 ဒါနဲ့ ရုတ်တရက်ပဲ ကျနော် ပထမဦးဆုံးအကြိမ် နားလည်မိတာက 105 00:05:34,157 --> 00:05:37,684 နေ့လယ်စာကို အခမဲ့ စားရတဲ့ ကလေးတွေဟာ ဆင်းရဲ့တဲ့ သူတွေပဲ ဆိုတာပါ။ 106 00:05:38,151 --> 00:05:41,315 ကျောင်းထဲက နေ့လယ်စာ အချိန်တုန်းက အဲဒီ ဖြစ်ရပ်ဟာ 107 00:05:41,765 --> 00:05:44,057 ကျနော့့်ကို အကြီးအကျယ် ပြောင်းလဲ ပစ်ခဲ့တယ်။ 108 00:05:44,301 --> 00:05:47,714 ဘဝထဲမှာ ပထမဆုံးအကြိမ် ကျနော် ဆင်းရဲတာကို ခံစားလိုက်ရလို့လေ။ 109 00:05:47,922 --> 00:05:51,102 ကျနော်တို့ဆီမှာ ရှိတဲ့ငွေဟာ အရင်တစ်နေ့ထက် နည်းမသွားခဲ့ပေမဲ့ 110 00:05:51,246 --> 00:05:52,920 အဲဒီအချိန်ကစပြီး ကျနော်ဟာ 111 00:05:52,920 --> 00:05:55,490 အရာတွေ အားလုံးကို တစ်မျိုး မြင်တွေ့လာတော့တယ်။ 112 00:05:55,490 --> 00:05:58,265 ကျနော်ဟာ ကမ္ဘာကြီးအား ရှုမြင်ပုံကို ပြောင်းပစ်လိုက်တယ်။ 113 00:05:58,265 --> 00:06:01,506 နေ့လယ်စာကို ပိုက်ဆံပေးစားကြတဲ့ ကလေးတွေ ဝတ်စားကြပုံကလည်း 114 00:06:01,530 --> 00:06:04,858 ပိုသားနားသလို ခံစားရတာကို ကျနော် စပြီး သတိထားမိလာတယ်။ 115 00:06:04,858 --> 00:06:07,228 အစိုးရမှ ထောက်ပံ့ပေးတဲ့ အဝါရောင် ဒိန်ခဲတုံးကြီးတွေ 116 00:06:07,228 --> 00:06:09,213 ကျနော်တို့ တံခါး၀မှာ ပေါ်လာတတ်တာကို၊ 117 00:06:09,213 --> 00:06:12,976 ကုန်စုံဆိုင်မှာ အမေ ထုတ်ပေးတတ်တဲ့ စားနပ် ရိက္ခာ တံဆိပ်ခေါင်းတွေကို သတိထားမိတယ်။ 118 00:06:12,976 --> 00:06:15,457 ကျနော့်က အစဉ်ပဲ ရှက်ကြောက်တဲ့ ကလေး ဖြစ်ခဲ့ပြီး၊ 119 00:06:15,457 --> 00:06:19,044 အဲ့ဖြစ်ရပ် နောက်မှာ ကျောင်းထဲမှာ ကျနော် စကားတောင် မပြောဖြစ်သလောက်ပါ။ 120 00:06:19,044 --> 00:06:20,620 ငါဟာ ဘယ်သူမို့လို့ ပြောရမှာလဲ။ 121 00:06:20,792 --> 00:06:24,470 နှစ်ပေါင်းများစွာ ကြာအောင်ကိုပဲ လူမှုရေးသိပ္ပံပညာရှင်တွေဟာ 122 00:06:24,654 --> 00:06:26,590 အခြားသူတွေထက် ချို့တဲ့ကြောင်း ခံစားရမှုက 123 00:06:26,760 --> 00:06:30,450 နိုင်ငံရေးအရ လှုပ်ရှားဖို့ လှုံ့ဆော်နိုင် ကြောင်း အထောက်အထားတွေ ရှာနေခဲ့ကြတယ်။ 124 00:06:30,450 --> 00:06:34,143 အဲဒီလို ခံစားရမှုက ဆန္ဒပြပွဲတွေ၊ သပိတ် မှောက်ပွဲတွေကို၊ တော်လှန်ရေးတွေကိုတောင် 125 00:06:34,143 --> 00:06:36,560 လှုံ့ဆော် ထိုးဆွပေးနိုင်တယ်လို့ သူတို့ ထင်ခဲ့ကြတယ်။ 126 00:06:36,560 --> 00:06:40,444 ဒါပေမဲ့ ထပ်ပြီးရင် ထပ်ပြီး သူတို့ ရှာတွေ့ခဲ့ရတာ ဘာမှမလုပ်ချင်ကြတဲ့ လူတွေပါ၊ 127 00:06:40,551 --> 00:06:42,488 ဘာ့ကြောင့်လဲဆိုတော့ တကယ့်အကြောင်းရင်းက 128 00:06:42,518 --> 00:06:44,582 အခြားသူတွေထက် နိမ့်ကျသလို ခံစားရခြင်းက 129 00:06:44,612 --> 00:06:46,275 ရှက်ကြောက်စိတ်ကို ဖြစ်ပေါ်စေလို့ပါ။ 130 00:06:46,275 --> 00:06:49,017 အဲဒီ ရှက်ကြောက်စိတ်ကြောင့် လူတွေဟာ စနစ်ကို ရွံ့မုန်းကြလို့ 131 00:06:49,052 --> 00:06:50,939 ဝေးရာကို ထွက်ပြေးလိုခဲ့ကြလို့ပါ။ 132 00:06:51,093 --> 00:06:53,122 အခြားသူတွေထက် သာတယ်လို့ ခံစားစိတ်ကျတော့ 133 00:06:53,516 --> 00:06:55,264 လူတွေကို တက်ကြွဖို့ လှုံ့ဆော်ပါတယ်။ 134 00:06:55,697 --> 00:06:58,971 ဒါက အဲ့ဒီအနေအထားကို ကာကွယ်ဖို့ ကျနော်တို့ကို တွန်းအားပေးတာမို့လို့ 135 00:06:58,995 --> 00:07:03,091 ကျနော်တို့ နိုင်ငံရေးမှာ အရေးပါတဲ့ အကျိုးဆက်တွေ ရှိနိုင်ပါတယ်။ 136 00:07:03,380 --> 00:07:06,690 ဘာကြောင့်လဲ ဆိုတာ နားလည်ဖို့ နောက် စမ်းသပ်မှု တစ်ခုကို စဉ်းစားရပါမယ်။ 137 00:07:06,802 --> 00:07:10,553 ထပ်ပြီး ပါဝင်သူတွေ ပိုက်ဆံရဖို့ ဆုံးဖြတ် ချက်တွေ ချမှတ်ရန် တာဝန်ပေးခဲ့ကြတယ်။ 138 00:07:10,553 --> 00:07:13,938 တစ်ဖွဲ့ကို သူတို့ဟာ ပျမ်းမျှထက် ပိုတော်တယ်လို့ ပြောခဲ့ကြပြီး 139 00:07:13,938 --> 00:07:17,556 နောက်တဖွဲ့ကိုတော့ သူတို့လုပ်ခဲ့တာဟာ ပျမ်းမျှထက် ပိုညံ့ကြောင်း ပြောခဲ့ကြတယ်။ 140 00:07:17,606 --> 00:07:21,322 ထပ်ပြီး ပျမ်းမျှထက်သာတဲ့ အဖွဲ့က မျှတတဲ့ အရည်အသွေးအလျောက် မြှောက်စားခံရတာ၊ 141 00:07:21,322 --> 00:07:23,392 လူချမ်းသာတွေကို အခွန်လျှော့ကောက်သင့်တာ၊ 142 00:07:23,392 --> 00:07:26,564 လူဆင်းရဲတွေရဲ့ အကျိုးခံစားခွင့်တွေ လျှော့ချသင့်တာ ပြောဆိုခဲ့ကြတယ်။ 143 00:07:26,660 --> 00:07:29,715 ဒါပေမဲ့ ဒီတကြိမ်မှာ အဲဒီကိစ္စများမှာ သူတို့နဲ့ သဘောမတူကြတဲ့ 144 00:07:29,899 --> 00:07:33,012 အခြား ပါဝင်သူတို့နှင့် ပတ်သက်ပြီး သူတို့ရဲ့ ထင်မြင်ချက်ကိုပါ 145 00:07:33,106 --> 00:07:34,870 မေးကြည့်ခဲ့ကြသေးတယ်။ 146 00:07:34,894 --> 00:07:37,177 သူတို့ကော တော်ကြသလား ဒါမှမဟုတ် ညံ့ကြသလား ပေါ့လေ။ 147 00:07:37,322 --> 00:07:40,367 သူတို့ အကျိုးအကြောင်း ရှိရဲ့လား ဒါမှမဟုတ် ဘက်လိုက် ပြောနေကြတာလား။ 148 00:07:40,684 --> 00:07:44,817 ပျမ်းမျှထက်သာတဲ့အဖွဲ့ ပြောတာက သူတို့နဲ့ သဘောမတူတဲ့ လူတိုင်းဟာ 149 00:07:45,011 --> 00:07:47,884 ညံ့လို့ ဘက်လိုက်လို့ပဲ ဖြစ်ရမယ်၊ 150 00:07:48,238 --> 00:07:51,026 ကိုယ်ကျိုးစီးပွားကို ငှဲနေလို့ မမြင်နိုင်ကြတာတဲ့။ 151 00:07:51,230 --> 00:07:53,682 ပျမ်းမျှထက်နိမ့်ကျတဲ့ အဖွဲ့ကျတော့၊ 152 00:07:53,696 --> 00:07:56,817 သူတို့ရဲ့ပြိုင်ဘက်တွေနဲ့ ပတ်သက်လို့ ယူဆပုံဟာ အဲ့လို့ မဟုတ်ခဲ့ဘူး။ 153 00:07:56,817 --> 00:07:59,559 အခု စိတ်ပညာဆိုင်ရာ လေ့လာချက်တွေ အများကြီး ညွှန်ပြနေကြတာက၊ 154 00:07:59,559 --> 00:08:01,705 အခြားသူတွေက ကျနော်တို့နဲ့ သဘောထားတူတယ် ဆိုရင်၊ 155 00:08:01,705 --> 00:08:04,015 သူတို့ကို တော်ကြတယ်လို့ ကျနော်တို့က ထင်တတ်ကြပြီး၊ 156 00:08:04,015 --> 00:08:06,073 လူတွေက ကျနော်တို့နဲ့ သဘောထား မတူရင်တော့၊ 157 00:08:06,073 --> 00:08:08,526 သူတို့ကို အရူးတွေလို့ ကျနော်တို့က ထင်တတ်ကြတာကိုပါ။ 158 00:08:08,627 --> 00:08:09,509 (ရယ်သံများ) 159 00:08:09,509 --> 00:08:12,183 ဒါပေမဲ့ ခုနက အချက် ဆန်းသစ်နေတာက သူတို့နဲ့ သဘောမတူသူတွေကို 160 00:08:12,183 --> 00:08:15,237 ဖယ်ထုတ်ပစ်ရန် သူတို့ဆီမှာ လုပ်ပိုင်ခွင့် အာဏာရှိတယ်လို့ ပြောလာတာက 161 00:08:15,237 --> 00:08:19,392 ပျမ်းမျှထက် သာတယ်လို့ ယူဆကြသူတို့ရဲ့ ယုံကြည်မှု သက်သက် ဖြစ်တာကိုပါ။ 162 00:08:19,899 --> 00:08:23,764 ပိုင်ဆိုင်ကြသူတို့နဲ့ ဘာမှမရှိကြသူတို့ အကြား ကွာဟချက် ပိုပိုကြီးမားလာနေလို့ 163 00:08:24,534 --> 00:08:29,087 အခုက ပြောပြခဲ့တဲ့ အချက်ဟာ နိုင်ငံရေးနဲ့ ဆက်စပ်နေပုံကို စဉ်းစားကြည့်ကြပါ။ 164 00:08:31,326 --> 00:08:35,581 အခြားတစ်ဖက်မှာ ရှိတဲ့ သူတွေဟာ အရူးတွေလို လူတော်တော်များများ ထင်ကြတာ ဟုတ်မှန်ပေမဲ့၊ 165 00:08:36,748 --> 00:08:42,045 နိုင်ငံရေးနဲ့ပတ်သက်ပြီး အပြန်အလှန် ငြင်းခုန် အော်ဟပ်ဖို့ နိုင်ငံရေးထဲမှာ 166 00:08:42,069 --> 00:08:45,253 ပါဝင်လုပ်ကိုင်နေကြသူ အများစုတို့ဟာ တကယ်ကျတော့ လူချမ်းသာတွေပါ။ 167 00:08:45,277 --> 00:08:49,734 အမှန်စင်စစ်မှာတော့ မညီမျှမှုဟာ နောက်ဆုံး ဆယ်စုနှစ်တွေမှာ တိုးလာခဲ့ပြီး 168 00:08:49,758 --> 00:08:53,746 ဆင်းရဲကြသူတို့ အကြားမှာ နိုင်ငံရေးကို စိတ် ဝင်စားမှုနဲ့ ပါဝင်လိုစိတ် ထိုးကျသွားတယ်။ 169 00:08:54,014 --> 00:08:57,604 ထပ်ပြီးမြင်ရတာက ပစ်ပယ်ခံထားရတယ်လို့ ခံစားကြရသူတွေ လမ်းပေါ်ထွက်ပြီး 170 00:08:57,788 --> 00:09:02,199 ဆန္ဒပြတာတွေ မဲဆန္ဒရှင်တွေ မှတ်ပုံတင်ရေး လှုံ့ဆော်ပွဲတွေ မလုပ်ကြတာကိုပါ။ 171 00:09:02,680 --> 00:09:04,761 မကြာခဏဆိုသလို မဲတောင် သွားမပေးကြပါဘူး။ 172 00:09:05,016 --> 00:09:07,886 အဲ့ဒီအစား သူတို့ဟာ ရှောင်ဖယ်လျက် နုတ်ထွက် နေကြပါတယ်။ 173 00:09:08,705 --> 00:09:12,480 ဒီတော့ ကျနော်တို့က အလွန်အမင်း မညီမမျှ ဖြစ်နေတာနဲ့ပတ်သက်ပြီး တစ်ခုခုလုပ်ချင်ရင်၊ 174 00:09:12,480 --> 00:09:15,392 ကျနော်တို့ဟာ ကျနော်တို့ နိုင်ငံရေးကို ပြုပြင်ကြရမှာ ဖြစ်ပါတယ်။ 175 00:09:15,392 --> 00:09:18,229 ကျနော်တို့က ကျနော်တို့ရဲ့ နိုင်ငံရေးကို ပြင်ချင်ကြတယ်ဆိုရင်၊ 176 00:09:18,229 --> 00:09:21,140 မညီမျှမှုနဲ့ ပတ်သက်ပြီး ကျနော်တို့ တစ်ခုခု လုပ်ကြရပါလိမ့်မယ်။ 177 00:09:21,360 --> 00:09:22,786 ဒါဆို ကျနော်တို့ ဘာလုပ်ကြမလဲ။ 178 00:09:22,923 --> 00:09:25,355 ဝဲကတော့ပုံ ရစ်ပတ်မှုရဲ့ အံ့သြဖွယ်ကောင်းတဲ့ အချက်က၊ 179 00:09:25,539 --> 00:09:29,061 ရစ်ပတ်မှု စက်ဝန်းထဲက ဘယ်နေရာမှာမဆို ရပ်ပစ်လျက် ကျနော်တို့ ထွက်နိုင်ခြင်းပါ။ 180 00:09:29,305 --> 00:09:32,404 စတင်ဖို့ အကောင်းဆုံး သူတွေက ကျနော့်စိတ်ထင် 181 00:09:32,868 --> 00:09:36,889 မညီမျှမှု ကြီးထွားလာမှုကြောင့် အများဆုံး အကျိုးဖြစ်ထွန်းခဲ့ကြတဲ့ သူတွေ၊ 182 00:09:37,613 --> 00:09:40,283 ပျမ်းမျှထက် ပိုသာအောင် လုပ်ဆောင်နိုင်ခဲ့ကြတဲ့ သူတွေပေါ့။ 183 00:09:40,403 --> 00:09:42,143 ကိုယ်ဟာ အောင်မြင်သူ ဖြစ်တယ်ဆိုရင်၊ 184 00:09:42,457 --> 00:09:46,410 ကိုယ့် အောင်မြင်မှုကို ကိုယ့် ကြိုးစားအား ထုတ်မှုကြောင့်လို့ ပြောကြတာ ဓမ္မတာပါပဲ။ 185 00:09:46,700 --> 00:09:49,472 ဒါပေမဲ့ ခင်ဗျားတို့ကို ကျနော်ပြခဲ့တဲ့ လေ့လာမှုတွေမှာလို 186 00:09:49,472 --> 00:09:51,148 လူတိုင်းက အဲ့လို ကြိုးစာကြတာချင်းပါပဲ၊ 187 00:09:51,172 --> 00:09:55,083 အလုပ်ကြိုးစားခဲ့မှုက တကယ်ကျတော့ အရေးကြီးဆုံး ဟုတ်ချင်မှ ဟုတ်ခဲ့မှာပါ။ 188 00:09:56,603 --> 00:09:58,878 ကျနော်သိတဲ့ အောင်မြင်တဲ့ လူတိုင်းဟာ 189 00:10:00,802 --> 00:10:05,208 အောင်မြင်ဖို့ သူတို့ကြိုးစားလုပ်ခဲ့ကြတဲ့ အချိန်တွေ အကြာင်းကို စဉ်းစားနိုင်ကြပါတယ်။ 190 00:10:06,113 --> 00:10:07,455 သူတို့ စဉ်းစားနိုင်ကြသေးတာက 191 00:10:07,455 --> 00:10:11,641 ကံကောင်းခဲ့လို့ လက်ကမ်း ကူညီပေးခဲ့သူပါ ရှိခဲ့တာကိုကိုပါ၊ 192 00:10:11,665 --> 00:10:13,218 ဒါပေမဲ့ အဲဒီလို စဉ်းစားခဲကြတယ်။ 193 00:10:13,632 --> 00:10:16,385 စိတ်ပညာရှင်တွေ Shai Davidai နဲ့ Tom Gilovich တို့က 194 00:10:16,409 --> 00:10:19,712 အဲဒါကို "headwind-tailwind asymmetry" လို့ ခေါ်ဝေါ်ကြပါတယ်။ 195 00:10:20,380 --> 00:10:22,723 ကိုယ်က လေကိုဆန်ပြီး ရုန်းကန်နေရတဲ့အခါမှာ၊ 196 00:10:22,747 --> 00:10:24,948 အတားအဆီး အားလုံးကို ကိုယ်က မြင်နိုင်ပြီး 197 00:10:25,384 --> 00:10:27,728 အဲဒါကို ကိုယ်ဟာ မှတ်မိပြီး သတိရနေမှာပါ။ 198 00:10:27,728 --> 00:10:30,571 ဒါပေမဲ့ ကိုယ့်ကို နောက်ကျောကနေပြီး လေက တိုက်ပြီး ကူပေးနေရင် 199 00:10:30,571 --> 00:10:33,604 အရာအားလုံ ချောမွေ့နေလို့ ကိုယ် သတိထား မိတာက ကိုယ့်ကိုယ်ကိုယ်၊ 200 00:10:33,604 --> 00:10:36,459 ပြီးတော့ ကိုယ်ရဲ့ အံသြဖွယ်ရာ ပင်ကိုယ် စွမ်းရည်တွေကိုပေါ့။ 201 00:10:36,459 --> 00:10:40,032 ဒါ့ကြောင့် ကျနော်တို့ဟာ ခဏလောက် ရပ်ပြီး ကျနော်တို့ကို နောက်ကနေပြီး 202 00:10:40,032 --> 00:10:43,119 တွန်းပေးခဲ့တဲ့ အားတွေကို သတိရဖို့ စဉ်းစားသင့်ပါတယ်။ 203 00:10:43,332 --> 00:10:46,136 ကိုယ်နဲ့ သဘောထား မတူတဲ့သူတွေရဲ့ အမှားကို 204 00:10:46,376 --> 00:10:48,389 တွေ့မြင်ဖို့ ကိစ္စဟာ သိပ်လွယ်ပါတယ်။ 205 00:10:48,389 --> 00:10:52,109 မညီမျှမှုဟာ အန္တရာယ်ရှိတယ်လို့ ကျနော် ပြောခဲ့တဲ့ ပထမဦးဆုံး နှစ်မိနစ်တုန်းက 206 00:10:52,109 --> 00:10:55,400 ခင်ဗျားတို့ထဲက အချို့က ကျနော့်ကို အရူးလို့ ထင်ခဲ့ကြမှာပါ။ 207 00:10:55,400 --> 00:10:56,362 (ရယ်သံများ) 208 00:10:56,362 --> 00:10:58,049 အသိအမှတ်ပြုဖို့ အခက်ဆုံး အပိုင်းက 209 00:10:58,049 --> 00:11:00,720 ကိုယ်ဟာ ခြားနားကွဲပြားတဲ့ အခြေအနေ မျိုးမှာသာ ရှိနေခဲ့ရင်၊ 210 00:11:00,720 --> 00:11:03,844 ကျနော်တို့ရဲ့ စမ်းသပ်မှုတွေထဲ ပါဝင်ခဲ့ကြတဲ့ သူတွေလို ဖြစ်နိုင်လို့ 211 00:11:03,844 --> 00:11:06,994 ကိုယ်ဟာ အရာတွေကို တစ်မျိုးတစ်ဖုံ ရှုမြင်နိုင်ခဲ့မယ် ဆိုတဲ့ အချက်ပါ။ 212 00:11:06,994 --> 00:11:10,456 ဒီတော့ ခင်ဗျားတို့ရဲ့ ဘဝပုံစံက ပျမ်းမျှထက်သာတဲ့အဖွဲ့ထဲ ပါဝင်တယ် ဆိုရင် -- 213 00:11:10,456 --> 00:11:14,044 ပြီးတော့ ဒီမှာ တွေ့ရသလို TED ဟောပြောချက် စောင့်ကြည့်သူ ဖြစ်တယ် ဆိုရင်တော့ -- 214 00:11:14,044 --> 00:11:14,801 (ရယ်မောသံများ) 215 00:11:14,801 --> 00:11:17,464 ခင်ဗျားတို့ အတွက် ထားရစ်ခဲ့ချင်တဲ့ အမှာစကားက - 216 00:11:17,464 --> 00:11:21,045 နောင်မှာများ ခင်ဗျားတို့က သဘောထားမတူသူ တစ်ဦးဦးကို အရူးတစ်ယောက်လို 217 00:11:21,086 --> 00:11:22,915 ဖယ်ထုတ်ပစ်ချင်စိတ် ပေါက်လာခဲ့ရင်၊ 218 00:11:22,939 --> 00:11:26,571 ခင်ဗျားတို့ကို အခုနေရာဆီ တွန်းပို့ ပေးခဲ့တဲ့ ပံ့ပိုးမှုတွေကို သတိရကြပါ။ 219 00:11:26,571 --> 00:11:29,544 ခင်ဗျားတို့ရဲ့ ဘဝထဲမှာ ကံကောင်းခဲ့တဲ့ အခွင့်အလမ်းတွ မရရှိခဲ့ရင် 220 00:11:29,544 --> 00:11:32,257 အခြေအနေဟာ လုံးဝ တမျိုးတမည် ပြောင်းလဲသွားနိုင်ခဲ့မှာကိုပါ။ 221 00:11:32,274 --> 00:11:35,664 ခင်ဗျားတို့ ကျေးဇူးတင်ချင်တဲ့ လက်ကမ်း ကူညီပေးခဲ့ကြသူတွေကိုလည်း သတိရကြပါ။ 222 00:11:35,664 --> 00:11:39,613 အဲဒီလို ပံ့ပိုးကူညီခဲ့မှုတွေကို သတိရနေရင် ကျနော်တို့စိတ်ကို နှိမ့်ချနို်င်ထားမှာမို့ 223 00:11:39,613 --> 00:11:42,879 ကျနော်တို့နဲ့ သဘောထားမတူကြတဲ့ လူတွေ အရူးတွေမဟုတ်တာကို မြင်လာကြမှာပါ။ 224 00:11:42,879 --> 00:11:45,495 တကယ် ခက်ခဲတဲ့အပိုင်းက ဘုံခံယူချက်ကို ရှာကြံနိုင်ဖို့ပါ၊ 225 00:11:45,495 --> 00:11:48,873 အရာတွေကို ပြောင်းလဲပစ်ရေး တာဝန်ကို ယူပြီး လိုအပ်တဲ့ စွမ်းအားတွေ ရှိကြတာက 226 00:11:48,873 --> 00:11:51,365 ချမ်းသာကြွယ်ဝကြတဲ့ သူတွေ ဖြစ်ကြလို့ပါ။ 227 00:11:51,365 --> 00:11:52,087 ကျေးဇူးတင်ပါတယ် 228 00:11:52,111 --> 00:11:55,389 (လက်ခုပ်သြဘာသံများ)