[Script Info] Title: [Events] Format: Layer, Start, End, Style, Name, MarginL, MarginR, MarginV, Effect, Text Dialogue: 0,0:00:00.86,0:00:02.52,Default,,0000,0000,0000,,ခင်ဗျား အခုဆို ကြားဖူးမှာပါ၊ Dialogue: 0,0:00:02.52,0:00:05.62,Default,,0000,0000,0000,,စီးပွားရေးဆိုင်ရာ မညီမျှမှုတွေက\Nသမိုင်းတွင်လောက်အောင် မြင့်နေတာ၊ Dialogue: 0,0:00:05.62,0:00:09.09,Default,,0000,0000,0000,,အမေရိကန်ပြည်ထောင်စုထဲက သုည ဒသမ\Nတစ်ရာခိုင်နှုန်းရှိတဲ့ အချမ်းသာဆုံးသူတွေက Dialogue: 0,0:00:09.09,0:00:12.85,Default,,0000,0000,0000,,အောက်ခြေပြည်သူ ၉၀ ရာခိုင်နှုန်းတို့ရဲ့\Nစုစုပေါင်း ကြွယ်ဝမှုလောက် ပိုင်ဆိုင်ကြတာ၊ Dialogue: 0,0:00:12.85,0:00:15.76,Default,,0000,0000,0000,,ဒါမှမဟုတ် ကမ္ဘာပေါ်က \Nအချမ်းသာဆုံး ပုဂ္ဂိုလ် ၈ ဦးတို့ရဲ့ Dialogue: 0,0:00:15.76,0:00:16.94,Default,,0000,0000,0000,,ကြွယ်ဝချမ်းသာမှုဟာ Dialogue: 0,0:00:16.97,0:00:20.61,Default,,0000,0000,0000,,ကမ္ဘာပေါ်က အဆင်းရဲဆုံး လူ ၃.၅ ဘီလီယံ\Nတို့ရဲ့ ပိုင်ဆိုင်မှုနဲ့ တူညီနေတာကိုပါ။ Dialogue: 0,0:00:21.00,0:00:26.23,Default,,0000,0000,0000,,ဒါပေမဲ့ စီးပွားရေး မညီမျှမှုဟာ\Nလူ့သက်တမ်း တိုလာမှု၊ Dialogue: 0,0:00:26.39,0:00:27.96,Default,,0000,0000,0000,,ပျော်ရွှင်မှု နည်းလာမှု၊ Dialogue: 0,0:00:27.96,0:00:29.66,Default,,0000,0000,0000,,ပြစ်မှုတွေ များလာမှုနဲ့ Dialogue: 0,0:00:29.69,0:00:33.16,Default,,0000,0000,0000,,မူးယစ်ဆေး သုံးစွဲမှုများလာမှုနဲ့ ဆက်နွှယ်\Nနေတာကိုရော ခင်ဗျားတို့ သိကြလား။ Dialogue: 0,0:00:33.16,0:00:35.79,Default,,0000,0000,0000,,ဒါတွေဟာ ဆင်းရဲမှုနဲ့ သက်ဆိုင်တဲ့\Nပြဿနာတွေလို့ ထင်ရပေမဲ့၊ Dialogue: 0,0:00:35.79,0:00:37.81,Default,,0000,0000,0000,,ချမ်းသာတဲ့ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာလည်း Dialogue: 0,0:00:37.81,0:00:40.09,Default,,0000,0000,0000,,အဲဒီလို ကျန်းမာရေးနဲ့ လူမှုရေးဆိုင်ရာ\Nပြဿနာတွေဟာ Dialogue: 0,0:00:40.09,0:00:44.03,Default,,0000,0000,0000,,တကယ်တော့ ဝင်ငွေပမာဏ သက်သက်ထက်\Nဝင်ငွေ မညီမျှမှုတွေနဲ့ Dialogue: 0,0:00:44.05,0:00:45.78,Default,,0000,0000,0000,,ပိုနီးကပ်စွာ ဆက်စပ်နေပါတယ်။ Dialogue: 0,0:00:45.78,0:00:47.28,Default,,0000,0000,0000,,ပြီးတော့ အဲ့ဒါကြောင့်ပဲ Dialogue: 0,0:00:47.28,0:00:50.42,Default,,0000,0000,0000,,ကမ္ဘာ့နိုင်ငံတွေထဲမှာ အချမ်းသာဆုံးနဲ့\Nမညီမျှမှု အကြီးမားဆုံးဖြစ်တဲ့ Dialogue: 0,0:00:50.42,0:00:52.76,Default,,0000,0000,0000,,အမေရိကန်ပြည်ထောင်စုရဲ့ Dialogue: 0,0:00:52.78,0:00:56.70,Default,,0000,0000,0000,,အ​ခြေအနေဟာ ဖွံ့ဖြိုးပြီး အခြားနိုင်ငံ\Nအားလုံးတို့ထက် ပိုမိုဆိုးရွားနေတာပါ။ Dialogue: 0,0:00:56.83,0:00:59.80,Default,,0000,0000,0000,,စစ်တမ်းတွေ ပြနေတာက အမေရိကန်\Nပြည်သူ အများစုတို့က၊ Dialogue: 0,0:01:00.48,0:01:02.87,Default,,0000,0000,0000,,ဒီမိုကရက်တွေနဲ့ ရီပတ်ဘလင်ကန်\Nနှစ်ခုစလုံးတို့က၊ Dialogue: 0,0:01:03.38,0:01:07.60,Default,,0000,0000,0000,,မညီမျှမှု အရမ်းမြင့်နေတယ်လို့ ယုံကြည်ပြီး\Nပိုမိုညီမျှတဲ့ လုပ်ခကို လိုချင်ကြပါတယ်။ Dialogue: 0,0:01:08.19,0:01:13.86,Default,,0000,0000,0000,,လူ့အသိုင်းအဝိုင်အနေနဲ့ အဲဒါကို တစ်နည်း\Nနည်းနဲ့ ဖြေရှင်းဖို့ ကျုပ်တို့ဆီမှာ Dialogue: 0,0:01:13.89,0:01:17.66,Default,,0000,0000,0000,,ဘုံခံယူချက်၊ သဘောတူညီမှု‌၊\Nနိုင်ငံရေးဆန္ဒလည်း ရှိပုံမရပါဘူး။ Dialogue: 0,0:01:17.66,0:01:21.92,Default,,0000,0000,0000,,ဘာ့ကြောင့်လဲဆိုတော့ မညီမျှမှုဟာ နောက်ဆုံး\Nဆယ်စုနှစ်များအတွင်း တိုးလာခဲ့တာနဲ့အမျှ Dialogue: 0,0:01:21.94,0:01:25.15,Default,,0000,0000,0000,,နိုင်ငံရေးအကွဲအပြဲတွေကလည်း အဲဒါနဲ့အတူ\Nမြင့်တက်လာခဲ့လို့ပါ။ Dialogue: 0,0:01:26.77,0:01:30.89,Default,,0000,0000,0000,,ကျနော်တို့က ကိုယ်နဲ့ သဘောထား မတူသူတွေကို\Nလူအ တွေ အကျင့်ပျက်တွေလို့ မြင်တယ်။ Dialogue: 0,0:01:31.47,0:01:33.69,Default,,0000,0000,0000,,ဒီမိုကရက်တွေနဲ့ ရီပတ်ဘလင်ကန်တွေရဲ့\Nတစ်ဝက်နီးပါက Dialogue: 0,0:01:33.96,0:01:36.69,Default,,0000,0000,0000,,အခြားတစ်ဖက်ဟာ မှားနေရုံတင်မဟုတ်ဘဲ Dialogue: 0,0:01:37.07,0:01:39.57,Default,,0000,0000,0000,,နိုင်ငံတော်အတွက် အန္တရာယ်လို့တောင်\Nထင်မြင်နေကြတယ်။ Dialogue: 0,0:01:39.100,0:01:43.75,Default,,0000,0000,0000,,ပြီးတော့ ဒီမုန်းတီးမှုက အပြောင်းအလဲတွေကို\Nဖော်ဆောင်ဖို့ လိုအပ်တဲ့ ဘုံခံယူချက်အား Dialogue: 0,0:01:43.78,0:01:45.74,Default,,0000,0000,0000,,ရှာကြံမှုကို ဟန့်တားနေပါတယ်။ Dialogue: 0,0:01:46.73,0:01:50.28,Default,,0000,0000,0000,,ကျနော်ဟာ University of North Carolina က\Nလူမှုရေး စိတ်ပညာ ပါမောက္ခ ဖြစ်ပြီး၊ Dialogue: 0,0:01:50.95,0:01:55.13,Default,,0000,0000,0000,,မညီမျှမှုက လူတွေရဲ့ ဆင်ခြင် ပြုမူပုံတွေ\Nအပေါ် သက်ရောက်ပုံကို လေ့လာသူပါ။ Dialogue: 0,0:01:55.89,0:01:59.93,Default,,0000,0000,0000,,ကျနော် တင်ပြမှာက မညီမျှမှုနဲ့ နိုင်ငံရေး\Nအကွဲအပြဲတွေ အတူတကွ မြင့်တက်လာမှုဟာ Dialogue: 0,0:01:59.96,0:02:03.52,Default,,0000,0000,0000,,အကြောင်းမသင့်လို့ ဖြစ်လာတဲ့\Nတိုက်ဆိုင်မှု မဟုတ်တာကိုပါ။ Dialogue: 0,0:02:03.83,0:02:06.53,Default,,0000,0000,0000,,မညီမျှမှုဟာ ကျနော်တို့ရဲ့ နိုင်ငံရေးကို\Nသပ်ပင်းပေးနေတာ Dialogue: 0,0:02:06.53,0:02:09.34,Default,,0000,0000,0000,,ခိုင်လုံတဲ့ စိတ်ပိုင်းဆိုင်ရာ\Nအကြောင်းပြချက်တွေ ရှိပါတယ်။ Dialogue: 0,0:02:09.35,0:02:12.63,Default,,0000,0000,0000,,ဆိုလိုတာက အဲဒီအရာ ဒီနှစ်ခုစလုံးကို\Nတပြိုင်တည်း မြှင့်တင်ပေးဖို့ အတွက် Dialogue: 0,0:02:12.63,0:02:15.42,Default,,0000,0000,0000,,ခိုင်လုံတဲ့ စိတ်ပိုင်းဆိုင်ရာ\Nအကြောင်းရင်းတွေ ရှိကြပါတယ်။ Dialogue: 0,0:02:15.53,0:02:18.96,Default,,0000,0000,0000,,မညီမျှမှုဟာ ဘာ့ကြောင့် ဒီလောက်တောင်\Nစွမ်းအားကြီးမားတာကို နားလည်ဖို့ဆိုရင် Dialogue: 0,0:02:18.96,0:02:22.64,Default,,0000,0000,0000,,ကျနော်တို့ အရင်ဦးဆုံး နားလည်ကြရမှာက\Nကျနော်တို့ဟာ တစ်ချိန်လုံး ကိုယ့်ကိုယ်ကိုယ် Dialogue: 0,0:02:22.64,0:02:24.32,Default,,0000,0000,0000,,အခြားသူတွေနဲ့ နှိုင်းယှဉ်တတ်ကြတယ်၊ Dialogue: 0,0:02:24.32,0:02:26.01,Default,,0000,0000,0000,,အဲ့လို နှိုင်းယှဉ်ကြည့်တဲ့အခါမှာ Dialogue: 0,0:02:26.03,0:02:28.97,Default,,0000,0000,0000,,ကျနော်တို့ဟာ ထိပ်ဆုံးမှာ ရှိတာကို\Nမြင်လိုကြပြီး Dialogue: 0,0:02:28.100,0:02:31.58,Default,,0000,0000,0000,,အောက်ပိုင်းမှာ ရှိနေရင် စိတ်မချမ်းမြေ့\Nတတ်ကြတာကိုပါ။ Dialogue: 0,0:02:32.05,0:02:35.29,Default,,0000,0000,0000,,စိတ်ပညာရှင်တွေက ဒါကို "better-than-\Naverage effect" လို့ ခေါ်ကြတယ်။ Dialogue: 0,0:02:35.73,0:02:38.76,Default,,0000,0000,0000,,လူအများစုက သူတို့ဟာ ပျမ်းမျှထက်\Nပိုသာတယ်လို့ ယုံကြည်ကြပါတယ်။ Dialogue: 0,0:02:38.78,0:02:41.30,Default,,0000,0000,0000,,သူတို့ အလေးထားတဲ့ ဘယ်အရာမဆိုမှာပေါ့။ Dialogue: 0,0:02:43.42,0:02:46.100,Default,,0000,0000,0000,,ပျမ်းမျှရဲ့ အဓိပ္ပါယ် အရကိုက အဲဒါဟာ\Nလက်တွေ့မှာ မဖြစ်နိုင်ပါဘူး။ Dialogue: 0,0:02:47.02,0:02:49.95,Default,,0000,0000,0000,,(ရယ်သံများ) Dialogue: 0,0:02:49.98,0:02:52.18,Default,,0000,0000,0000,,ဒါပေမဲ့ လူတွေ ခံစားကြပုံက အဲ့လိုမျိုးပါ။ Dialogue: 0,0:02:52.21,0:02:54.84,Default,,0000,0000,0000,,လူအများစုက ကိုယ်ဟာ ပျမ်းမျှထက်\Nပိုပြီး ထက်မြက်ကြတယ်၊ Dialogue: 0,0:02:54.87,0:02:56.75,Default,,0000,0000,0000,,ပျမ်းမျှထက် ပိုပြီး အလုပ်ကြိုးစားကြပြီး Dialogue: 0,0:02:56.75,0:02:59.47,Default,,0000,0000,0000,,လူမှုရေးကိစ္စတွေမှာ ပိုပြီး\Nကျွမ်းကျင်တယ်လို့ ထင်တတ်ကြတယ်။ Dialogue: 0,0:02:59.47,0:03:02.59,Default,,0000,0000,0000,,လူအများစုက သူတို့ ကားမောင်းတာ\Nပျမ်းမျှထက် ပိုတော်တယ်လို့ ထင်ကြတယ်။ Dialogue: 0,0:03:02.59,0:03:03.41,Default,,0000,0000,0000,,(ရယ်သံများ) Dialogue: 0,0:03:03.41,0:03:06.62,Default,,0000,0000,0000,,သူတို့ကြောင့် ယာဉ်မတော်တဆ ဖြစ်မှု\Nဖြစ်ခဲ့လို့ လောလောဆယ်မှာ Dialogue: 0,0:03:06.65,0:03:10.23,Default,,0000,0000,0000,,ဆေးရုံတက်နေကြရတဲ့ လူတစ်စုကို ယူပြီး\Nလေ့လာကြည့်ရင် အဲဒါမှန်တာ တွေ့ရမှာပါ။ Dialogue: 0,0:03:10.25,0:03:12.34,Default,,0000,0000,0000,,(ရယ်သံများ) Dialogue: 0,0:03:13.14,0:03:16.44,Default,,0000,0000,0000,,ဒီတော့ ကျနော်တို့ဟာ ကိုယ့်ကိုယ်ကိုယ်\Nပျမ်းမျှထက် ပိုသာတာကို မြင်လိုကြတယ်၊ Dialogue: 0,0:03:16.44,0:03:18.13,Default,,0000,0000,0000,,အကယ်၍ အဲ့သလိုမဟုတ်တာ တွေ့ရရင်တော့၊ Dialogue: 0,0:03:18.13,0:03:20.64,Default,,0000,0000,0000,,ဒါဟာ ကျနော်တို့အဖို့ လက်ခံရခက်တဲ့\Nအခြေအနေမျိုးပါ။ Dialogue: 0,0:03:20.64,0:03:24.53,Default,,0000,0000,0000,,ပြီးတော့ ကမ္ဘာကြီးအား ကျနော်တို့ မြင်ပုံ\Nပြောင်းခြင်းဖြင့် အဲဒါကို ညှိယူကြပါတယ်။ Dialogue: 0,0:03:24.59,0:03:27.20,Default,,0000,0000,0000,,အဲဒီလို ဖြစ်ပျက်လာပုံကို နားလည်ဖို့ Dialogue: 0,0:03:27.20,0:03:30.76,Default,,0000,0000,0000,,ကျနော့် လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကျနော်ဟာ\Nစမ်းသပ်မှု တစ်ခုကို ပြုလုပ်ခဲ့တယ်။ Dialogue: 0,0:03:30.80,0:03:35.13,Default,,0000,0000,0000,,ပါဝင်သူတွေ ပိုက်ဆံအချို့ရဖို့ ဆုံးဖြတ်ချက်\Nချပေးရမယ့် တာဝန်ကို ပေးခဲ့ကြတယ်၊ Dialogue: 0,0:03:35.15,0:03:38.10,Default,,0000,0000,0000,,အမှန်က လူတိုင်းဟာ တူညီတဲ့ ပိုက်ဆံကို\Nရခဲ့ကြတာပါ။ Dialogue: 0,0:03:38.10,0:03:40.89,Default,,0000,0000,0000,,ဒါပေမဲ့ ကျနော်တို့က သူတို့ကို\Nကျပန်း နှစ်ဖွဲ့ခွဲလိုက်ပြီး Dialogue: 0,0:03:40.98,0:03:44.79,Default,,0000,0000,0000,,တဖွဲ့ကို သူတို့ဟာ သပျမ်းမျှထက် ပိုသာအောင်\Nလုပ်ခဲ့ကြောင်း ပြောဆိုလျက် Dialogue: 0,0:03:44.80,0:03:48.01,Default,,0000,0000,0000,,နောက်တဖွဲ့ကိုတော့ သူတို့ လုပ်ခဲ့တာ\Nပျမ်းမျှထက် ညံ့တယ်လို့ ပြောခဲ့ကြတယ်။ Dialogue: 0,0:03:48.01,0:03:51.95,Default,,0000,0000,0000,,ဒီလိုနည်းဖြင့် ကျနော်တို့မှာ ပိုချမ်းသာတယ်\Nလို့ ထင်နေတဲ့အဖွဲ့နဲ့ ပိုဆင်းရဲတယ်လို့ Dialogue: 0,0:03:51.99,0:03:55.01,Default,,0000,0000,0000,,ထင်တဲ့အဖွဲ့ ရှိလာပေမဲ့ အဲဒီလို\Nထင်စရာ အကြောင်းပြချက် မရှိခဲ့ဘူး။ Dialogue: 0,0:03:55.01,0:03:57.79,Default,,0000,0000,0000,,ပြီးနောက် ကျနော်တို့က သူတို့ကို\Nမေးခွန်းအချို့ မေးကြည့်တယ်။ Dialogue: 0,0:03:57.93,0:04:01.81,Default,,0000,0000,0000,,ကျနော်တို့က ခင်ဗျားတို့ ဆုံးဖြတ်ချက်ချတာ\Nဘယ်လောက် ကောင်းလဲလို့ မေးကြည့်တော့ Dialogue: 0,0:04:01.81,0:04:05.34,Default,,0000,0000,0000,,ပျမ်းမျှထက် ပိုသာတဲ့ အဖွဲ့က သူတို့ဟာ\Nပျမ်းမျှထက် နိမ့်တဲ့ အဖွဲ့ထက် စာရင် Dialogue: 0,0:04:05.34,0:04:07.08,Default,,0000,0000,0000,,ပိုကျွမ်းကျင်ကြောင်း ပြောကြတယ်။ Dialogue: 0,0:04:07.16,0:04:10.35,Default,,0000,0000,0000,,ပျမ်းမျှထက် ပိုတော်တဲ့ အဖွဲ့က သူတို့ရဲ့\Nအောင်မြင်မှုဟာ Dialogue: 0,0:04:10.46,0:04:13.83,Default,,0000,0000,0000,,အရည်အသွေး အလျောက်မြှောက်စားတဲ့\Nစနစ်ရဲ့ မျှတတဲ့ ရလဒ်ပါလို့ ဆိုကြတယ်။ Dialogue: 0,0:04:13.98,0:04:17.55,Default,,0000,0000,0000,,ပျမ်းမျှထက် နိမ့်တဲ့ အဖွဲ့ကျတော့ ဒီစနစ်ထဲ\Nအကြံအဖန်ရှိခဲ့တယ်လို့ ထင်ခဲ့ကြရာ၊ Dialogue: 0,0:04:17.55,0:04:19.78,Default,,0000,0000,0000,,ဒီဖြစ်ရပ်ထဲမှာ သူတို့ ပြောတာ\Nမှန်ခဲ့ပါတယ်။ Dialogue: 0,0:04:20.08,0:04:22.55,Default,,0000,0000,0000,,(ရယ်သံများ) Dialogue: 0,0:04:22.69,0:04:25.93,Default,,0000,0000,0000,,နှစ်ဖွဲ့စလုံးဟာ တူညီတဲ့ ပိုက်ဆံကို\Nရခဲ့ကြပေမဲ့၊ Dialogue: 0,0:04:26.21,0:04:29.91,Default,,0000,0000,0000,,ပိုပြီးချမ်းသာတယ်လို့ ထင်တဲ့အဖွဲ့က\Nလူချမ်းသာတွေကို အခွန်လျှော့ ကောက်သင့်တယ်၊ Dialogue: 0,0:04:30.08,0:04:33.06,Default,,0000,0000,0000,,ဆင်းရဲသားတွေကို အခွင့်အရေးပေးတာ\Nလျှော့သင့်တယ်လို့ ဆိုလာကြတယ်။ Dialogue: 0,0:04:33.15,0:04:37.21,Default,,0000,0000,0000,,ဆင်းရဲသူတို့ အလုပ်ကိုကြိုးစား လုပ်သင့်ပြီး\Nတာဝန်ယူတတ်ဖို့ လိုအပ်ကြောင်း အကြံပေးကြတယ်။ Dialogue: 0,0:04:37.65,0:04:42.68,Default,,0000,0000,0000,,ကျနော်တို့ ပုံမှန်လက်ခံတဲ့ ဒီလိုအမြင်တွေဟာ\Nနက်ရှိုင်းစွာ စွဲမြဲနေတဲ့ တန်ဖိုးတွေနဲ့ Dialogue: 0,0:04:42.91,0:04:45.93,Default,,0000,0000,0000,,ဘဝ အတွေ့အကြုံထဲမှာ\Nအမြစ်တွယ်နေကြပေမဲ့၊ Dialogue: 0,0:04:45.100,0:04:47.74,Default,,0000,0000,0000,,၁၀ မိနစ်ကြာတဲ့ လေ့ကျင့်ခန်းတစ်ခုက Dialogue: 0,0:04:47.90,0:04:51.74,Default,,0000,0000,0000,,လူတွေ ပိုချမ်းသာအောင်၊ ပိုဆင်းရဲအောင်\Nလုပ်ပေးခဲ့ခြင်းဖြင့် Dialogue: 0,0:04:51.74,0:04:54.16,Default,,0000,0000,0000,,အဲ့အမြင်တွေကို ပြောင်းလဲပစ်လိုက်တာပါ။ Dialogue: 0,0:04:54.40,0:04:59.40,Default,,0000,0000,0000,,ဆင်းရဲခြင်း (သို့) ချမ်းသာခြင်းနဲ့ ဆင်းရဲ\N(သို့) ချမ်းသာတယ်လို့ ခံစားရမှု အကြားက Dialogue: 0,0:04:59.55,0:05:03.27,Default,,0000,0000,0000,,ခြားနားချက်ဟာ အရေးကြီးပါတယ်၊ ဒီနှစ်ခုကို\Nယှဉ်ကြည့်ဖို့ မလွယ်တောင်မှာပါ။ Dialogue: 0,0:05:03.44,0:05:06.20,Default,,0000,0000,0000,,"တို့တွေက ဆင်းရဲခဲ့ကြပေမဲ့\Nတို့အဲဒါကို မသိခဲ့ကြဘူး"လို့ Dialogue: 0,0:05:06.20,0:05:09.28,Default,,0000,0000,0000,,လူတွေ အတိတ်ကို လွမ်းသံနဲ့ ပြောဆိုတာ\Nကျနော်တို့ မကြာခဏ ကြားရပါတယ်။ Dialogue: 0,0:05:09.28,0:05:12.69,Default,,0000,0000,0000,,ကျနော်ရဲ့ အသိစိတ်ကို မြှင့်တင်ပေးခဲ့တဲ့\Nအဖြစ်အပျက် တစ်ခု ကြုံခဲ့ဘူးတယ်။ Dialogue: 0,0:05:12.69,0:05:13.68,Default,,0000,0000,0000,,တစ်နေ့တွင်၊ Dialogue: 0,0:05:13.68,0:05:15.81,Default,,0000,0000,0000,,လေးတန်းမှာ နေ့လယ်စာအတွက်\Nတန်းစီနေစဉ်၊ Dialogue: 0,0:05:15.83,0:05:18.82,Default,,0000,0000,0000,,အကျိုးအကြောင်းမသိသေးတဲ့ ငွေကိုင်\Nအမျိုးသမီးအသစ် ပေါ်လာရာ၊ Dialogue: 0,0:05:18.85,0:05:21.20,Default,,0000,0000,0000,,ကျနော့်ကို ၁.၂၅ ဒေါ်လာ ပေးချေဖို့\Nတောင်းလိုက်တယ်။ Dialogue: 0,0:05:22.47,0:05:26.67,Default,,0000,0000,0000,,ကျနော်ဟာ နေ့လယ်စာအတွက် ဘယ်တော့မှ\Nမပေးချေခဲ့ရတော့ အံ့အားသင့်သွားတယ်။ Dialogue: 0,0:05:27.09,0:05:31.02,Default,,0000,0000,0000,,ကျနော့်ဆီမှာ ငွေတစ်ပြားမှ မရှိတော့\Nဘာပြောရမှန်း မသိခဲ့ဘူး။ Dialogue: 0,0:05:31.37,0:05:34.13,Default,,0000,0000,0000,,ဒါနဲ့ ရုတ်တရက်ပဲ ကျနော် ပထမဦးဆုံးအကြိမ်\Nနားလည်မိတာက Dialogue: 0,0:05:34.16,0:05:37.68,Default,,0000,0000,0000,,နေ့လယ်စာကို အခမဲ့ စားရတဲ့ ကလေးတွေဟာ\Nဆင်းရဲ့တဲ့ သူတွေပဲ ဆိုတာပါ။ Dialogue: 0,0:05:38.15,0:05:41.32,Default,,0000,0000,0000,,ကျောင်းထဲက နေ့လယ်စာ အချိန်တုန်းက\Nအဲဒီ ဖြစ်ရပ်ဟာ Dialogue: 0,0:05:41.76,0:05:44.06,Default,,0000,0000,0000,,ကျနော့့်ကို အကြီးအကျယ် ပြောင်းလဲ\Nပစ်ခဲ့တယ်။ Dialogue: 0,0:05:44.30,0:05:47.71,Default,,0000,0000,0000,,ဘဝထဲမှာ ပထမဆုံးအကြိမ် ကျနော်\Nဆင်းရဲတာကို ခံစားလိုက်ရလို့လေ။ Dialogue: 0,0:05:47.92,0:05:51.10,Default,,0000,0000,0000,,ကျနော်တို့ဆီမှာ ရှိတဲ့ငွေဟာ\Nအရင်တစ်နေ့ထက် နည်းမသွားခဲ့ပေမဲ့ Dialogue: 0,0:05:51.25,0:05:52.92,Default,,0000,0000,0000,,အဲဒီအချိန်ကစပြီး ကျနော်ဟာ Dialogue: 0,0:05:52.92,0:05:55.49,Default,,0000,0000,0000,,အရာတွေ အားလုံးကို\Nတစ်မျိုး မြင်တွေ့လာတော့တယ်။ Dialogue: 0,0:05:55.49,0:05:58.26,Default,,0000,0000,0000,,ကျနော်ဟာ ကမ္ဘာကြီးအား ရှုမြင်ပုံကို\Nပြောင်းပစ်လိုက်တယ်။ Dialogue: 0,0:05:58.26,0:06:01.51,Default,,0000,0000,0000,,နေ့လယ်စာကို ပိုက်ဆံပေးစားကြတဲ့\Nကလေးတွေ ဝတ်စားကြပုံကလည်း Dialogue: 0,0:06:01.53,0:06:04.86,Default,,0000,0000,0000,,ပိုသားနားသလို ခံစားရတာကို\Nကျနော် စပြီး သတိထားမိလာတယ်။ Dialogue: 0,0:06:04.86,0:06:07.23,Default,,0000,0000,0000,,အစိုးရမှ ထောက်ပံ့ပေးတဲ့\Nအဝါရောင် ဒိန်ခဲတုံးကြီးတွေ Dialogue: 0,0:06:07.23,0:06:09.21,Default,,0000,0000,0000,,ကျနော်တို့ တံခါး၀မှာ ပေါ်လာတတ်တာကို၊ Dialogue: 0,0:06:09.21,0:06:12.98,Default,,0000,0000,0000,,ကုန်စုံဆိုင်မှာ အမေ ထုတ်ပေးတတ်တဲ့ စားနပ်\Nရိက္ခာ တံဆိပ်ခေါင်းတွေကို သတိထားမိတယ်။ Dialogue: 0,0:06:12.98,0:06:15.46,Default,,0000,0000,0000,,ကျနော့်က အစဉ်ပဲ ရှက်ကြောက်တဲ့\Nကလေး ဖြစ်ခဲ့ပြီး၊ Dialogue: 0,0:06:15.46,0:06:19.04,Default,,0000,0000,0000,,အဲ့ဖြစ်ရပ် နောက်မှာ ကျောင်းထဲမှာ\Nကျနော် စကားတောင် မပြောဖြစ်သလောက်ပါ။ Dialogue: 0,0:06:19.04,0:06:20.62,Default,,0000,0000,0000,,ငါဟာ ဘယ်သူမို့လို့ ပြောရမှာလဲ။ Dialogue: 0,0:06:20.79,0:06:24.47,Default,,0000,0000,0000,,နှစ်ပေါင်းများစွာ ကြာအောင်ကိုပဲ\Nလူမှုရေးသိပ္ပံပညာရှင်တွေဟာ Dialogue: 0,0:06:24.65,0:06:26.59,Default,,0000,0000,0000,,အခြားသူတွေထက် ချို့တဲ့ကြောင်း\Nခံစားရမှုက Dialogue: 0,0:06:26.76,0:06:30.45,Default,,0000,0000,0000,,နိုင်ငံရေးအရ လှုပ်ရှားဖို့ လှုံ့ဆော်နိုင်\Nကြောင်း အထောက်အထားတွေ ရှာနေခဲ့ကြတယ်။ Dialogue: 0,0:06:30.45,0:06:34.14,Default,,0000,0000,0000,,အဲဒီလို ခံစားရမှုက ဆန္ဒပြပွဲတွေ၊ သပိတ်\Nမှောက်ပွဲတွေကို၊ တော်လှန်ရေးတွေကိုတောင် Dialogue: 0,0:06:34.14,0:06:36.56,Default,,0000,0000,0000,,လှုံ့ဆော် ထိုးဆွပေးနိုင်တယ်လို့ သူတို့\Nထင်ခဲ့ကြတယ်။ Dialogue: 0,0:06:36.56,0:06:40.44,Default,,0000,0000,0000,,ဒါပေမဲ့ ထပ်ပြီးရင် ထပ်ပြီး သူတို့\Nရှာတွေ့ခဲ့ရတာ ဘာမှမလုပ်ချင်ကြတဲ့ လူတွေပါ၊ Dialogue: 0,0:06:40.55,0:06:42.49,Default,,0000,0000,0000,,ဘာ့ကြောင့်လဲဆိုတော့\Nတကယ့်အကြောင်းရင်းက Dialogue: 0,0:06:42.52,0:06:44.58,Default,,0000,0000,0000,,အခြားသူတွေထက် နိမ့်ကျသလို\Nခံစားရခြင်းက Dialogue: 0,0:06:44.61,0:06:46.28,Default,,0000,0000,0000,,ရှက်ကြောက်စိတ်ကို ဖြစ်ပေါ်စေလို့ပါ။ Dialogue: 0,0:06:46.28,0:06:49.02,Default,,0000,0000,0000,,အဲဒီ ရှက်ကြောက်စိတ်ကြောင့် လူတွေဟာ\Nစနစ်ကို ရွံ့မုန်းကြလို့ Dialogue: 0,0:06:49.05,0:06:50.94,Default,,0000,0000,0000,,ဝေးရာကို ထွက်ပြေးလိုခဲ့ကြလို့ပါ။ Dialogue: 0,0:06:51.09,0:06:53.12,Default,,0000,0000,0000,,အခြားသူတွေထက် သာတယ်လို့\Nခံစားစိတ်ကျတော့ Dialogue: 0,0:06:53.52,0:06:55.26,Default,,0000,0000,0000,,လူတွေကို တက်ကြွဖို့ လှုံ့ဆော်ပါတယ်။ Dialogue: 0,0:06:55.70,0:06:58.97,Default,,0000,0000,0000,,ဒါက အဲ့ဒီအနေအထားကို ကာကွယ်ဖို့\Nကျနော်တို့ကို တွန်းအားပေးတာမို့လို့ Dialogue: 0,0:06:58.100,0:07:03.09,Default,,0000,0000,0000,,ကျနော်တို့ နိုင်ငံရေးမှာ အရေးပါတဲ့\Nအကျိုးဆက်တွေ ရှိနိုင်ပါတယ်။ Dialogue: 0,0:07:03.38,0:07:06.69,Default,,0000,0000,0000,,ဘာကြောင့်လဲ ဆိုတာ နားလည်ဖို့\Nနောက် စမ်းသပ်မှု တစ်ခုကို စဉ်းစားရပါမယ်။ Dialogue: 0,0:07:06.80,0:07:10.55,Default,,0000,0000,0000,,ထပ်ပြီး ပါဝင်သူတွေ ပိုက်ဆံရဖို့ ဆုံးဖြတ်\Nချက်တွေ ချမှတ်ရန် တာဝန်ပေးခဲ့ကြတယ်။ Dialogue: 0,0:07:10.55,0:07:13.94,Default,,0000,0000,0000,,တစ်ဖွဲ့ကို သူတို့ဟာ ပျမ်းမျှထက်\Nပိုတော်တယ်လို့ ပြောခဲ့ကြပြီး Dialogue: 0,0:07:13.94,0:07:17.56,Default,,0000,0000,0000,,နောက်တဖွဲ့ကိုတော့ သူတို့လုပ်ခဲ့တာဟာ\Nပျမ်းမျှထက် ပိုညံ့ကြောင်း ပြောခဲ့ကြတယ်။ Dialogue: 0,0:07:17.61,0:07:21.32,Default,,0000,0000,0000,,ထပ်ပြီး ပျမ်းမျှထက်သာတဲ့ အဖွဲ့က \Nမျှတတဲ့ အရည်အသွေးအလျောက် မြှောက်စားခံရတာ၊ Dialogue: 0,0:07:21.32,0:07:23.39,Default,,0000,0000,0000,,လူချမ်းသာတွေကို အခွန်လျှော့ကောက်သင့်တာ၊ Dialogue: 0,0:07:23.39,0:07:26.56,Default,,0000,0000,0000,,လူဆင်းရဲတွေရဲ့ အကျိုးခံစားခွင့်တွေ\Nလျှော့ချသင့်တာ ပြောဆိုခဲ့ကြတယ်။ Dialogue: 0,0:07:26.66,0:07:29.72,Default,,0000,0000,0000,,ဒါပေမဲ့ ဒီတကြိမ်မှာ အဲဒီကိစ္စများမှာ\Nသူတို့နဲ့ သဘောမတူကြတဲ့ Dialogue: 0,0:07:29.90,0:07:33.01,Default,,0000,0000,0000,,အခြား ပါဝင်သူတို့နှင့် ပတ်သက်ပြီး\Nသူတို့ရဲ့ ထင်မြင်ချက်ကိုပါ Dialogue: 0,0:07:33.11,0:07:34.87,Default,,0000,0000,0000,,မေးကြည့်ခဲ့ကြသေးတယ်။ Dialogue: 0,0:07:34.89,0:07:37.18,Default,,0000,0000,0000,,သူတို့ကော တော်ကြသလား ဒါမှမဟုတ်\Nညံ့ကြသလား ပေါ့လေ။ Dialogue: 0,0:07:37.32,0:07:40.37,Default,,0000,0000,0000,,သူတို့ အကျိုးအကြောင်း ရှိရဲ့လား\Nဒါမှမဟုတ် ဘက်လိုက် ပြောနေကြတာလား။ Dialogue: 0,0:07:40.68,0:07:44.82,Default,,0000,0000,0000,,ပျမ်းမျှထက်သာတဲ့အဖွဲ့ ပြောတာက\Nသူတို့နဲ့ သဘောမတူတဲ့ လူတိုင်းဟာ Dialogue: 0,0:07:45.01,0:07:47.88,Default,,0000,0000,0000,,ညံ့လို့ ဘက်လိုက်လို့ပဲ ဖြစ်ရမယ်၊ Dialogue: 0,0:07:48.24,0:07:51.03,Default,,0000,0000,0000,,ကိုယ်ကျိုးစီးပွားကို ငှဲနေလို့\Nမမြင်နိုင်ကြတာတဲ့။ Dialogue: 0,0:07:51.23,0:07:53.68,Default,,0000,0000,0000,,ပျမ်းမျှထက်နိမ့်ကျတဲ့ အဖွဲ့ကျတော့၊ Dialogue: 0,0:07:53.70,0:07:56.82,Default,,0000,0000,0000,,သူတို့ရဲ့ပြိုင်ဘက်တွေနဲ့ ပတ်သက်လို့\Nယူဆပုံဟာ အဲ့လို့ မဟုတ်ခဲ့ဘူး။ Dialogue: 0,0:07:56.82,0:07:59.56,Default,,0000,0000,0000,,အခု စိတ်ပညာဆိုင်ရာ လေ့လာချက်တွေ\Nအများကြီး ညွှန်ပြနေကြတာက၊ Dialogue: 0,0:07:59.56,0:08:01.70,Default,,0000,0000,0000,,အခြားသူတွေက ကျနော်တို့နဲ့\Nသဘောထားတူတယ် ဆိုရင်၊ Dialogue: 0,0:08:01.70,0:08:04.02,Default,,0000,0000,0000,,သူတို့ကို တော်ကြတယ်လို့\Nကျနော်တို့က ထင်တတ်ကြပြီး၊ Dialogue: 0,0:08:04.02,0:08:06.07,Default,,0000,0000,0000,,လူတွေက ကျနော်တို့နဲ့ သဘောထား မတူရင်တော့၊ Dialogue: 0,0:08:06.07,0:08:08.53,Default,,0000,0000,0000,,သူတို့ကို အရူးတွေလို့ ကျနော်တို့က \Nထင်တတ်ကြတာကိုပါ။ Dialogue: 0,0:08:08.63,0:08:09.51,Default,,0000,0000,0000,,(ရယ်သံများ) Dialogue: 0,0:08:09.51,0:08:12.18,Default,,0000,0000,0000,,ဒါပေမဲ့ ခုနက အချက် ဆန်းသစ်နေတာက\Nသူတို့နဲ့ သဘောမတူသူတွေကို Dialogue: 0,0:08:12.18,0:08:15.24,Default,,0000,0000,0000,,ဖယ်ထုတ်ပစ်ရန် သူတို့ဆီမှာ\Nလုပ်ပိုင်ခွင့် အာဏာရှိတယ်လို့ ပြောလာတာက Dialogue: 0,0:08:15.24,0:08:19.39,Default,,0000,0000,0000,,ပျမ်းမျှထက် သာတယ်လို့ ယူဆကြသူတို့ရဲ့\Nယုံကြည်မှု သက်သက် ဖြစ်တာကိုပါ။ Dialogue: 0,0:08:19.90,0:08:23.76,Default,,0000,0000,0000,,ပိုင်ဆိုင်ကြသူတို့နဲ့ ဘာမှမရှိကြသူတို့\Nအကြား ကွာဟချက် ပိုပိုကြီးမားလာနေလို့ Dialogue: 0,0:08:24.53,0:08:29.09,Default,,0000,0000,0000,,အခုက ပြောပြခဲ့တဲ့ အချက်ဟာ နိုင်ငံရေးနဲ့\Nဆက်စပ်နေပုံကို စဉ်းစားကြည့်ကြပါ။ Dialogue: 0,0:08:31.33,0:08:35.58,Default,,0000,0000,0000,,အခြားတစ်ဖက်မှာ ရှိတဲ့ သူတွေဟာ အရူးတွေလို\Nလူတော်တော်များများ ထင်ကြတာ ဟုတ်မှန်ပေမဲ့၊ Dialogue: 0,0:08:36.75,0:08:42.04,Default,,0000,0000,0000,,နိုင်ငံရေးနဲ့ပတ်သက်ပြီး အပြန်အလှန်\Nငြင်းခုန် အော်ဟပ်ဖို့ နိုင်ငံရေးထဲမှာ Dialogue: 0,0:08:42.07,0:08:45.25,Default,,0000,0000,0000,,ပါဝင်လုပ်ကိုင်နေကြသူ အများစုတို့ဟာ\Nတကယ်ကျတော့ လူချမ်းသာတွေပါ။ Dialogue: 0,0:08:45.28,0:08:49.73,Default,,0000,0000,0000,,အမှန်စင်စစ်မှာတော့ မညီမျှမှုဟာ နောက်ဆုံး\Nဆယ်စုနှစ်တွေမှာ တိုးလာခဲ့ပြီး Dialogue: 0,0:08:49.76,0:08:53.75,Default,,0000,0000,0000,,ဆင်းရဲကြသူတို့ အကြားမှာ နိုင်ငံရေးကို စိတ်\Nဝင်စားမှုနဲ့ ပါဝင်လိုစိတ် ထိုးကျသွားတယ်။ Dialogue: 0,0:08:54.01,0:08:57.60,Default,,0000,0000,0000,,ထပ်ပြီးမြင်ရတာက ပစ်ပယ်ခံထားရတယ်လို့\Nခံစားကြရသူတွေ လမ်းပေါ်ထွက်ပြီး Dialogue: 0,0:08:57.79,0:09:02.20,Default,,0000,0000,0000,,ဆန္ဒပြတာတွေ မဲဆန္ဒရှင်တွေ မှတ်ပုံတင်ရေး\Nလှုံ့ဆော်ပွဲတွေ မလုပ်ကြတာကိုပါ။ Dialogue: 0,0:09:02.68,0:09:04.76,Default,,0000,0000,0000,,မကြာခဏဆိုသလို မဲတောင် သွားမပေးကြပါဘူး။ Dialogue: 0,0:09:05.02,0:09:07.89,Default,,0000,0000,0000,,အဲ့ဒီအစား သူတို့ဟာ ရှောင်ဖယ်လျက်\Nနုတ်ထွက် နေကြပါတယ်။ Dialogue: 0,0:09:08.70,0:09:12.48,Default,,0000,0000,0000,,ဒီတော့ ကျနော်တို့က အလွန်အမင်း မညီမမျှ\Nဖြစ်နေတာနဲ့ပတ်သက်ပြီး တစ်ခုခုလုပ်ချင်ရင်၊ Dialogue: 0,0:09:12.48,0:09:15.39,Default,,0000,0000,0000,,ကျနော်တို့ဟာ ကျနော်တို့ နိုင်ငံရေးကို\Nပြုပြင်ကြရမှာ ဖြစ်ပါတယ်။ Dialogue: 0,0:09:15.39,0:09:18.23,Default,,0000,0000,0000,,ကျနော်တို့က ကျနော်တို့ရဲ့\Nနိုင်ငံရေးကို ပြင်ချင်ကြတယ်ဆိုရင်၊ Dialogue: 0,0:09:18.23,0:09:21.14,Default,,0000,0000,0000,,မညီမျှမှုနဲ့ ပတ်သက်ပြီး ကျနော်တို့\Nတစ်ခုခု လုပ်ကြရပါလိမ့်မယ်။ Dialogue: 0,0:09:21.36,0:09:22.79,Default,,0000,0000,0000,,ဒါဆို ကျနော်တို့ ဘာလုပ်ကြမလဲ။ Dialogue: 0,0:09:22.92,0:09:25.36,Default,,0000,0000,0000,,ဝဲကတော့ပုံ ရစ်ပတ်မှုရဲ့\Nအံ့သြဖွယ်ကောင်းတဲ့ အချက်က၊ Dialogue: 0,0:09:25.54,0:09:29.06,Default,,0000,0000,0000,,ရစ်ပတ်မှု စက်ဝန်းထဲက ဘယ်နေရာမှာမဆို\Nရပ်ပစ်လျက် ကျနော်တို့ ထွက်နိုင်ခြင်းပါ။ Dialogue: 0,0:09:29.30,0:09:32.40,Default,,0000,0000,0000,,စတင်ဖို့ အကောင်းဆုံး သူတွေက\Nကျနော့်စိတ်ထင် Dialogue: 0,0:09:32.87,0:09:36.89,Default,,0000,0000,0000,,မညီမျှမှု ကြီးထွားလာမှုကြောင့်\Nအများဆုံး အကျိုးဖြစ်ထွန်းခဲ့ကြတဲ့ သူတွေ၊ Dialogue: 0,0:09:37.61,0:09:40.28,Default,,0000,0000,0000,,ပျမ်းမျှထက် ပိုသာအောင်\Nလုပ်ဆောင်နိုင်ခဲ့ကြတဲ့ သူတွေပေါ့။ Dialogue: 0,0:09:40.40,0:09:42.14,Default,,0000,0000,0000,,ကိုယ်ဟာ အောင်မြင်သူ ဖြစ်တယ်ဆိုရင်၊ Dialogue: 0,0:09:42.46,0:09:46.41,Default,,0000,0000,0000,,ကိုယ့် အောင်မြင်မှုကို ကိုယ့် ကြိုးစားအား\Nထုတ်မှုကြောင့်လို့ ပြောကြတာ ဓမ္မတာပါပဲ။ Dialogue: 0,0:09:46.70,0:09:49.47,Default,,0000,0000,0000,,ဒါပေမဲ့ ခင်ဗျားတို့ကို ကျနော်ပြခဲ့တဲ့\Nလေ့လာမှုတွေမှာလို Dialogue: 0,0:09:49.47,0:09:51.15,Default,,0000,0000,0000,,လူတိုင်းက အဲ့လို ကြိုးစာကြတာချင်းပါပဲ၊ Dialogue: 0,0:09:51.17,0:09:55.08,Default,,0000,0000,0000,,အလုပ်ကြိုးစားခဲ့မှုက တကယ်ကျတော့\Nအရေးကြီးဆုံး ဟုတ်ချင်မှ ဟုတ်ခဲ့မှာပါ။ Dialogue: 0,0:09:56.60,0:09:58.88,Default,,0000,0000,0000,,ကျနော်သိတဲ့ အောင်မြင်တဲ့ လူတိုင်းဟာ Dialogue: 0,0:10:00.80,0:10:05.21,Default,,0000,0000,0000,,အောင်မြင်ဖို့ သူတို့ကြိုးစားလုပ်ခဲ့ကြတဲ့\Nအချိန်တွေ အကြာင်းကို စဉ်းစားနိုင်ကြပါတယ်။ Dialogue: 0,0:10:06.11,0:10:07.46,Default,,0000,0000,0000,,သူတို့ စဉ်းစားနိုင်ကြသေးတာက Dialogue: 0,0:10:07.46,0:10:11.64,Default,,0000,0000,0000,,ကံကောင်းခဲ့လို့ လက်ကမ်း\Nကူညီပေးခဲ့သူပါ ရှိခဲ့တာကိုကိုပါ၊ Dialogue: 0,0:10:11.66,0:10:13.22,Default,,0000,0000,0000,,ဒါပေမဲ့ အဲဒီလို စဉ်းစားခဲကြတယ်။ Dialogue: 0,0:10:13.63,0:10:16.38,Default,,0000,0000,0000,,စိတ်ပညာရှင်တွေ Shai Davidai နဲ့\NTom Gilovich တို့က Dialogue: 0,0:10:16.41,0:10:19.71,Default,,0000,0000,0000,,အဲဒါကို "headwind-tailwind asymmetry"\Nလို့ ခေါ်ဝေါ်ကြပါတယ်။ Dialogue: 0,0:10:20.38,0:10:22.72,Default,,0000,0000,0000,,ကိုယ်က လေကိုဆန်ပြီး ရုန်းကန်နေရတဲ့အခါမှာ၊ Dialogue: 0,0:10:22.75,0:10:24.95,Default,,0000,0000,0000,,အတားအဆီး အားလုံးကို ကိုယ်က မြင်နိုင်ပြီး Dialogue: 0,0:10:25.38,0:10:27.73,Default,,0000,0000,0000,,အဲဒါကို ကိုယ်ဟာ မှတ်မိပြီး သတိရနေမှာပါ။ Dialogue: 0,0:10:27.73,0:10:30.57,Default,,0000,0000,0000,,ဒါပေမဲ့ ကိုယ့်ကို နောက်ကျောကနေပြီး\Nလေက တိုက်ပြီး ကူပေးနေရင် Dialogue: 0,0:10:30.57,0:10:33.60,Default,,0000,0000,0000,,အရာအားလုံ ချောမွေ့နေလို့ ကိုယ် သတိထား\Nမိတာက ကိုယ့်ကိုယ်ကိုယ်၊ Dialogue: 0,0:10:33.60,0:10:36.46,Default,,0000,0000,0000,,ပြီးတော့ ကိုယ်ရဲ့ အံသြဖွယ်ရာ\Nပင်ကိုယ် စွမ်းရည်တွေကိုပေါ့။ Dialogue: 0,0:10:36.46,0:10:40.03,Default,,0000,0000,0000,,ဒါ့ကြောင့် ကျနော်တို့ဟာ ခဏလောက် ရပ်ပြီး\Nကျနော်တို့ကို နောက်ကနေပြီး Dialogue: 0,0:10:40.03,0:10:43.12,Default,,0000,0000,0000,,တွန်းပေးခဲ့တဲ့ အားတွေကို သတိရဖို့\Nစဉ်းစားသင့်ပါတယ်။ Dialogue: 0,0:10:43.33,0:10:46.14,Default,,0000,0000,0000,,ကိုယ်နဲ့ သဘောထား မတူတဲ့သူတွေရဲ့ အမှားကို Dialogue: 0,0:10:46.38,0:10:48.39,Default,,0000,0000,0000,,တွေ့မြင်ဖို့ ကိစ္စဟာ သိပ်လွယ်ပါတယ်။ Dialogue: 0,0:10:48.39,0:10:52.11,Default,,0000,0000,0000,,မညီမျှမှုဟာ အန္တရာယ်ရှိတယ်လို့ ကျနော်\Nပြောခဲ့တဲ့ ပထမဦးဆုံး နှစ်မိနစ်တုန်းက Dialogue: 0,0:10:52.11,0:10:55.40,Default,,0000,0000,0000,,ခင်ဗျားတို့ထဲက အချို့က\Nကျနော့်ကို အရူးလို့ ထင်ခဲ့ကြမှာပါ။ Dialogue: 0,0:10:55.40,0:10:56.36,Default,,0000,0000,0000,,(ရယ်သံများ) Dialogue: 0,0:10:56.36,0:10:58.05,Default,,0000,0000,0000,,အသိအမှတ်ပြုဖို့ အခက်ဆုံး အပိုင်းက Dialogue: 0,0:10:58.05,0:11:00.72,Default,,0000,0000,0000,,ကိုယ်ဟာ ခြားနားကွဲပြားတဲ့ အခြေအနေ\Nမျိုးမှာသာ ရှိနေခဲ့ရင်၊ Dialogue: 0,0:11:00.72,0:11:03.84,Default,,0000,0000,0000,,ကျနော်တို့ရဲ့ စမ်းသပ်မှုတွေထဲ\Nပါဝင်ခဲ့ကြတဲ့ သူတွေလို ဖြစ်နိုင်လို့ Dialogue: 0,0:11:03.84,0:11:06.99,Default,,0000,0000,0000,,ကိုယ်ဟာ အရာတွေကို တစ်မျိုးတစ်ဖုံ\Nရှုမြင်နိုင်ခဲ့မယ် ဆိုတဲ့ အချက်ပါ။ Dialogue: 0,0:11:06.99,0:11:10.46,Default,,0000,0000,0000,,ဒီတော့ ခင်ဗျားတို့ရဲ့ ဘဝပုံစံက\Nပျမ်းမျှထက်သာတဲ့အဖွဲ့ထဲ ပါဝင်တယ် ဆိုရင် -- Dialogue: 0,0:11:10.46,0:11:14.04,Default,,0000,0000,0000,,ပြီးတော့ ဒီမှာ တွေ့ရသလို TED ဟောပြောချက်\Nစောင့်ကြည့်သူ ဖြစ်တယ် ဆိုရင်တော့ -- Dialogue: 0,0:11:14.04,0:11:14.80,Default,,0000,0000,0000,,(ရယ်မောသံများ) Dialogue: 0,0:11:14.80,0:11:17.46,Default,,0000,0000,0000,,ခင်ဗျားတို့ အတွက် ထားရစ်ခဲ့ချင်တဲ့\Nအမှာစကားက - Dialogue: 0,0:11:17.46,0:11:21.04,Default,,0000,0000,0000,,နောင်မှာများ ခင်ဗျားတို့က သဘောထားမတူသူ\Nတစ်ဦးဦးကို အရူးတစ်ယောက်လို Dialogue: 0,0:11:21.09,0:11:22.92,Default,,0000,0000,0000,,ဖယ်ထုတ်ပစ်ချင်စိတ် ပေါက်လာခဲ့ရင်၊ Dialogue: 0,0:11:22.94,0:11:26.57,Default,,0000,0000,0000,,ခင်ဗျားတို့ကို အခုနေရာဆီ တွန်းပို့\Nပေးခဲ့တဲ့ ပံ့ပိုးမှုတွေကို သတိရကြပါ။ Dialogue: 0,0:11:26.57,0:11:29.54,Default,,0000,0000,0000,,ခင်ဗျားတို့ရဲ့ ဘဝထဲမှာ ကံကောင်းခဲ့တဲ့\Nအခွင့်အလမ်းတွ မရရှိခဲ့ရင် Dialogue: 0,0:11:29.54,0:11:32.26,Default,,0000,0000,0000,,အခြေအနေဟာ လုံးဝ တမျိုးတမည်\Nပြောင်းလဲသွားနိုင်ခဲ့မှာကိုပါ။ Dialogue: 0,0:11:32.27,0:11:35.66,Default,,0000,0000,0000,,ခင်ဗျားတို့ ကျေးဇူးတင်ချင်တဲ့ လက်ကမ်း\Nကူညီပေးခဲ့ကြသူတွေကိုလည်း သတိရကြပါ။ Dialogue: 0,0:11:35.66,0:11:39.61,Default,,0000,0000,0000,,အဲဒီလို ပံ့ပိုးကူညီခဲ့မှုတွေကို သတိရနေရင်\Nကျနော်တို့စိတ်ကို နှိမ့်ချနို်င်ထားမှာမို့ Dialogue: 0,0:11:39.61,0:11:42.88,Default,,0000,0000,0000,,ကျနော်တို့နဲ့ သဘောထားမတူကြတဲ့ လူတွေ\Nအရူးတွေမဟုတ်တာကို မြင်လာကြမှာပါ။ Dialogue: 0,0:11:42.88,0:11:45.50,Default,,0000,0000,0000,,တကယ် ခက်ခဲတဲ့အပိုင်းက\Nဘုံခံယူချက်ကို ရှာကြံနိုင်ဖို့ပါ၊ Dialogue: 0,0:11:45.50,0:11:48.87,Default,,0000,0000,0000,,အရာတွေကို ပြောင်းလဲပစ်ရေး တာဝန်ကို ယူပြီး\Nလိုအပ်တဲ့ စွမ်းအားတွေ ရှိကြတာက Dialogue: 0,0:11:48.87,0:11:51.36,Default,,0000,0000,0000,,ချမ်းသာကြွယ်ဝကြတဲ့ သူတွေ ဖြစ်ကြလို့ပါ။ Dialogue: 0,0:11:51.36,0:11:52.09,Default,,0000,0000,0000,,ကျေးဇူးတင်ပါတယ် Dialogue: 0,0:11:52.11,0:11:55.39,Default,,0000,0000,0000,,(လက်ခုပ်သြဘာသံများ)