0:00:00.860,0:00:02.524 ခင်ဗျား အခုဆို ကြားဖူးမှာပါ၊ 0:00:02.524,0:00:05.622 စီးပွားရေးဆိုင်ရာ မညီမျှမှုတွေက[br]သမိုင်းတွင်လောက်အောင် မြင့်နေတာ၊ 0:00:05.622,0:00:09.093 အမေရိကန်ပြည်ထောင်စုထဲက သုည ဒသမ[br]တစ်ရာခိုင်နှုန်းရှိတဲ့ အချမ်းသာဆုံးသူတွေက 0:00:09.093,0:00:12.854 အောက်ခြေပြည်သူ ၉၀ ရာခိုင်နှုန်းတို့ရဲ့[br]စုစုပေါင်း ကြွယ်ဝမှုလောက် ပိုင်ဆိုင်ကြတာ၊ 0:00:12.854,0:00:15.758 ဒါမှမဟုတ် ကမ္ဘာပေါ်က [br]အချမ်းသာဆုံး ပုဂ္ဂိုလ် ၈ ဦးတို့ရဲ့ 0:00:15.758,0:00:16.944 ကြွယ်ဝချမ်းသာမှုဟာ 0:00:16.968,0:00:20.609 ကမ္ဘာပေါ်က အဆင်းရဲဆုံး လူ ၃.၅ ဘီလီယံ[br]တို့ရဲ့ ပိုင်ဆိုင်မှုနဲ့ တူညီနေတာကိုပါ။ 0:00:21.000,0:00:26.230 ဒါပေမဲ့ စီးပွားရေး မညီမျှမှုဟာ[br]လူ့သက်တမ်း တိုလာမှု၊ 0:00:26.394,0:00:27.956 ပျော်ရွှင်မှု နည်းလာမှု၊ 0:00:27.956,0:00:29.659 ပြစ်မှုတွေ များလာမှုနဲ့ 0:00:29.693,0:00:33.163 မူးယစ်ဆေး သုံးစွဲမှုများလာမှုနဲ့ ဆက်နွှယ်[br]နေတာကိုရော ခင်ဗျားတို့ သိကြလား။ 0:00:33.163,0:00:35.787 ဒါတွေဟာ ဆင်းရဲမှုနဲ့ သက်ဆိုင်တဲ့[br]ပြဿနာတွေလို့ ထင်ရပေမဲ့၊ 0:00:35.787,0:00:37.810 ချမ်းသာတဲ့ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာလည်း 0:00:37.810,0:00:40.086 အဲဒီလို ကျန်းမာရေးနဲ့ လူမှုရေးဆိုင်ရာ[br]ပြဿနာတွေဟာ 0:00:40.086,0:00:44.027 တကယ်တော့ ဝင်ငွေပမာဏ သက်သက်ထက်[br]ဝင်ငွေ မညီမျှမှုတွေနဲ့ 0:00:44.051,0:00:45.785 ပိုနီးကပ်စွာ ဆက်စပ်နေပါတယ်။ 0:00:45.785,0:00:47.278 ပြီးတော့ အဲ့ဒါကြောင့်ပဲ 0:00:47.278,0:00:50.420 ကမ္ဘာ့နိုင်ငံတွေထဲမှာ အချမ်းသာဆုံးနဲ့[br]မညီမျှမှု အကြီးမားဆုံးဖြစ်တဲ့ 0:00:50.420,0:00:52.755 အမေရိကန်ပြည်ထောင်စုရဲ့ 0:00:52.779,0:00:56.701 အ​ခြေအနေဟာ ဖွံ့ဖြိုးပြီး အခြားနိုင်ငံ[br]အားလုံးတို့ထက် ပိုမိုဆိုးရွားနေတာပါ။ 0:00:56.830,0:00:59.800 စစ်တမ်းတွေ ပြနေတာက အမေရိကန်[br]ပြည်သူ အများစုတို့က၊ 0:01:00.484,0:01:02.866 ဒီမိုကရက်တွေနဲ့ ရီပတ်ဘလင်ကန်[br]နှစ်ခုစလုံးတို့က၊ 0:01:03.380,0:01:07.595 မညီမျှမှု အရမ်းမြင့်နေတယ်လို့ ယုံကြည်ပြီး[br]ပိုမိုညီမျှတဲ့ လုပ်ခကို လိုချင်ကြပါတယ်။ 0:01:08.194,0:01:13.862 လူ့အသိုင်းအဝိုင်အနေနဲ့ အဲဒါကို တစ်နည်း[br]နည်းနဲ့ ဖြေရှင်းဖို့ ကျုပ်တို့ဆီမှာ 0:01:13.886,0:01:17.655 ဘုံခံယူချက်၊ သဘောတူညီမှု‌၊[br]နိုင်ငံရေးဆန္ဒလည်း ရှိပုံမရပါဘူး။ 0:01:17.655,0:01:21.915 ဘာ့ကြောင့်လဲဆိုတော့ မညီမျှမှုဟာ နောက်ဆုံး[br]ဆယ်စုနှစ်များအတွင်း တိုးလာခဲ့တာနဲ့အမျှ 0:01:21.939,0:01:25.154 နိုင်ငံရေးအကွဲအပြဲတွေကလည်း အဲဒါနဲ့အတူ[br]မြင့်တက်လာခဲ့လို့ပါ။ 0:01:26.774,0:01:30.888 ကျနော်တို့က ကိုယ်နဲ့ သဘောထား မတူသူတွေကို[br]လူအ တွေ အကျင့်ပျက်တွေလို့ မြင်တယ်။ 0:01:31.473,0:01:33.691 ဒီမိုကရက်တွေနဲ့ ရီပတ်ဘလင်ကန်တွေရဲ့[br]တစ်ဝက်နီးပါက 0:01:33.965,0:01:36.694 အခြားတစ်ဖက်ဟာ မှားနေရုံတင်မဟုတ်ဘဲ 0:01:37.074,0:01:39.569 နိုင်ငံတော်အတွက် အန္တရာယ်လို့တောင်[br]ထင်မြင်နေကြတယ်။ 0:01:39.998,0:01:43.752 ပြီးတော့ ဒီမုန်းတီးမှုက အပြောင်းအလဲတွေကို[br]ဖော်ဆောင်ဖို့ လိုအပ်တဲ့ ဘုံခံယူချက်အား 0:01:43.776,0:01:45.743 ရှာကြံမှုကို ဟန့်တားနေပါတယ်။ 0:01:46.733,0:01:50.284 ကျနော်ဟာ University of North Carolina က[br]လူမှုရေး စိတ်ပညာ ပါမောက္ခ ဖြစ်ပြီး၊ 0:01:50.948,0:01:55.128 မညီမျှမှုက လူတွေရဲ့ ဆင်ခြင် ပြုမူပုံတွေ[br]အပေါ် သက်ရောက်ပုံကို လေ့လာသူပါ။ 0:01:55.893,0:01:59.931 ကျနော် တင်ပြမှာက မညီမျှမှုနဲ့ နိုင်ငံရေး[br]အကွဲအပြဲတွေ အတူတကွ မြင့်တက်လာမှုဟာ 0:01:59.955,0:02:03.517 အကြောင်းမသင့်လို့ ဖြစ်လာတဲ့[br]တိုက်ဆိုင်မှု မဟုတ်တာကိုပါ။ 0:02:03.833,0:02:06.530 မညီမျှမှုဟာ ကျနော်တို့ရဲ့ နိုင်ငံရေးကို[br]သပ်ပင်းပေးနေတာ 0:02:06.530,0:02:09.339 ခိုင်လုံတဲ့ စိတ်ပိုင်းဆိုင်ရာ[br]အကြောင်းပြချက်တွေ ရှိပါတယ်။ 0:02:09.346,0:02:12.633 ဆိုလိုတာက အဲဒီအရာ ဒီနှစ်ခုစလုံးကို[br]တပြိုင်တည်း မြှင့်တင်ပေးဖို့ အတွက် 0:02:12.633,0:02:15.418 ခိုင်လုံတဲ့ စိတ်ပိုင်းဆိုင်ရာ[br]အကြောင်းရင်းတွေ ရှိကြပါတယ်။ 0:02:15.527,0:02:18.961 မညီမျှမှုဟာ ဘာ့ကြောင့် ဒီလောက်တောင်[br]စွမ်းအားကြီးမားတာကို နားလည်ဖို့ဆိုရင် 0:02:18.961,0:02:22.642 ကျနော်တို့ အရင်ဦးဆုံး နားလည်ကြရမှာက[br]ကျနော်တို့ဟာ တစ်ချိန်လုံး ကိုယ့်ကိုယ်ကိုယ် 0:02:22.642,0:02:24.321 အခြားသူတွေနဲ့ နှိုင်းယှဉ်တတ်ကြတယ်၊ 0:02:24.321,0:02:26.006 အဲ့လို နှိုင်းယှဉ်ကြည့်တဲ့အခါမှာ 0:02:26.030,0:02:28.971 ကျနော်တို့ဟာ ထိပ်ဆုံးမှာ ရှိတာကို[br]မြင်လိုကြပြီး 0:02:28.995,0:02:31.579 အောက်ပိုင်းမှာ ရှိနေရင် စိတ်မချမ်းမြေ့[br]တတ်ကြတာကိုပါ။ 0:02:32.053,0:02:35.290 စိတ်ပညာရှင်တွေက ဒါကို "better-than-[br]average effect" လို့ ခေါ်ကြတယ်။ 0:02:35.728,0:02:38.759 လူအများစုက သူတို့ဟာ ပျမ်းမျှထက်[br]ပိုသာတယ်လို့ ယုံကြည်ကြပါတယ်။ 0:02:38.783,0:02:41.299 သူတို့ အလေးထားတဲ့ ဘယ်အရာမဆိုမှာပေါ့။ 0:02:43.418,0:02:46.997 ပျမ်းမျှရဲ့ အဓိပ္ပါယ် အရကိုက အဲဒါဟာ[br]လက်တွေ့မှာ မဖြစ်နိုင်ပါဘူး။ 0:02:47.021,0:02:49.954 (ရယ်သံများ) 0:02:49.978,0:02:52.184 ဒါပေမဲ့ လူတွေ ခံစားကြပုံက အဲ့လိုမျိုးပါ။ 0:02:52.208,0:02:54.842 လူအများစုက ကိုယ်ဟာ ပျမ်းမျှထက်[br]ပိုပြီး ထက်မြက်ကြတယ်၊ 0:02:54.866,0:02:56.747 ပျမ်းမျှထက် ပိုပြီး အလုပ်ကြိုးစားကြပြီး 0:02:56.747,0:02:59.472 လူမှုရေးကိစ္စတွေမှာ ပိုပြီး[br]ကျွမ်းကျင်တယ်လို့ ထင်တတ်ကြတယ်။ 0:02:59.472,0:03:02.590 လူအများစုက သူတို့ ကားမောင်းတာ[br]ပျမ်းမျှထက် ပိုတော်တယ်လို့ ထင်ကြတယ်။ 0:03:02.590,0:03:03.411 (ရယ်သံများ) 0:03:03.411,0:03:06.624 သူတို့ကြောင့် ယာဉ်မတော်တဆ ဖြစ်မှု[br]ဖြစ်ခဲ့လို့ လောလောဆယ်မှာ 0:03:06.648,0:03:10.230 ဆေးရုံတက်နေကြရတဲ့ လူတစ်စုကို ယူပြီး[br]လေ့လာကြည့်ရင် အဲဒါမှန်တာ တွေ့ရမှာပါ။ 0:03:10.254,0:03:12.345 (ရယ်သံများ) 0:03:13.144,0:03:16.442 ဒီတော့ ကျနော်တို့ဟာ ကိုယ့်ကိုယ်ကိုယ်[br]ပျမ်းမျှထက် ပိုသာတာကို မြင်လိုကြတယ်၊ 0:03:16.442,0:03:18.128 အကယ်၍ အဲ့သလိုမဟုတ်တာ တွေ့ရရင်တော့၊ 0:03:18.128,0:03:20.636 ဒါဟာ ကျနော်တို့အဖို့ လက်ခံရခက်တဲ့[br]အခြေအနေမျိုးပါ။ 0:03:20.636,0:03:24.527 ပြီးတော့ ကမ္ဘာကြီးအား ကျနော်တို့ မြင်ပုံ[br]ပြောင်းခြင်းဖြင့် အဲဒါကို ညှိယူကြပါတယ်။ 0:03:24.591,0:03:27.198 အဲဒီလို ဖြစ်ပျက်လာပုံကို နားလည်ဖို့ 0:03:27.198,0:03:30.764 ကျနော့် လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကျနော်ဟာ[br]စမ်းသပ်မှု တစ်ခုကို ပြုလုပ်ခဲ့တယ်။ 0:03:30.805,0:03:35.126 ပါဝင်သူတွေ ပိုက်ဆံအချို့ရဖို့ ဆုံးဖြတ်ချက်[br]ချပေးရမယ့် တာဝန်ကို ပေးခဲ့ကြတယ်၊ 0:03:35.150,0:03:38.105 အမှန်က လူတိုင်းဟာ တူညီတဲ့ ပိုက်ဆံကို[br]ရခဲ့ကြတာပါ။ 0:03:38.105,0:03:40.893 ဒါပေမဲ့ ကျနော်တို့က သူတို့ကို[br]ကျပန်း နှစ်ဖွဲ့ခွဲလိုက်ပြီး 0:03:40.983,0:03:44.792 တဖွဲ့ကို သူတို့ဟာ သပျမ်းမျှထက် ပိုသာအောင်[br]လုပ်ခဲ့ကြောင်း ပြောဆိုလျက် 0:03:44.802,0:03:48.014 နောက်တဖွဲ့ကိုတော့ သူတို့ လုပ်ခဲ့တာ[br]ပျမ်းမျှထက် ညံ့တယ်လို့ ပြောခဲ့ကြတယ်။ 0:03:48.014,0:03:51.953 ဒီလိုနည်းဖြင့် ကျနော်တို့မှာ ပိုချမ်းသာတယ်[br]လို့ ထင်နေတဲ့အဖွဲ့နဲ့ ပိုဆင်းရဲတယ်လို့ 0:03:51.993,0:03:55.012 ထင်တဲ့အဖွဲ့ ရှိလာပေမဲ့ အဲဒီလို[br]ထင်စရာ အကြောင်းပြချက် မရှိခဲ့ဘူး။ 0:03:55.012,0:03:57.790 ပြီးနောက် ကျနော်တို့က သူတို့ကို[br]မေးခွန်းအချို့ မေးကြည့်တယ်။ 0:03:57.931,0:04:01.806 ကျနော်တို့က ခင်ဗျားတို့ ဆုံးဖြတ်ချက်ချတာ[br]ဘယ်လောက် ကောင်းလဲလို့ မေးကြည့်တော့ 0:04:01.806,0:04:05.343 ပျမ်းမျှထက် ပိုသာတဲ့ အဖွဲ့က သူတို့ဟာ[br]ပျမ်းမျှထက် နိမ့်တဲ့ အဖွဲ့ထက် စာရင် 0:04:05.343,0:04:07.079 ပိုကျွမ်းကျင်ကြောင်း ပြောကြတယ်။ 0:04:07.160,0:04:10.348 ပျမ်းမျှထက် ပိုတော်တဲ့ အဖွဲ့က သူတို့ရဲ့[br]အောင်မြင်မှုဟာ 0:04:10.462,0:04:13.826 အရည်အသွေး အလျောက်မြှောက်စားတဲ့[br]စနစ်ရဲ့ မျှတတဲ့ ရလဒ်ပါလို့ ဆိုကြတယ်။ 0:04:13.976,0:04:17.548 ပျမ်းမျှထက် နိမ့်တဲ့ အဖွဲ့ကျတော့ ဒီစနစ်ထဲ[br]အကြံအဖန်ရှိခဲ့တယ်လို့ ထင်ခဲ့ကြရာ၊ 0:04:17.548,0:04:19.776 ဒီဖြစ်ရပ်ထဲမှာ သူတို့ ပြောတာ[br]မှန်ခဲ့ပါတယ်။ 0:04:20.080,0:04:22.548 (ရယ်သံများ) 0:04:22.686,0:04:25.933 နှစ်ဖွဲ့စလုံးဟာ တူညီတဲ့ ပိုက်ဆံကို[br]ရခဲ့ကြပေမဲ့၊ 0:04:26.207,0:04:29.911 ပိုပြီးချမ်းသာတယ်လို့ ထင်တဲ့အဖွဲ့က[br]လူချမ်းသာတွေကို အခွန်လျှော့ ကောက်သင့်တယ်၊ 0:04:30.081,0:04:33.057 ဆင်းရဲသားတွေကို အခွင့်အရေးပေးတာ[br]လျှော့သင့်တယ်လို့ ဆိုလာကြတယ်။ 0:04:33.151,0:04:37.212 ဆင်းရဲသူတို့ အလုပ်ကိုကြိုးစား လုပ်သင့်ပြီး[br]တာဝန်ယူတတ်ဖို့ လိုအပ်ကြောင်း အကြံပေးကြတယ်။ 0:04:37.647,0:04:42.675 ကျနော်တို့ ပုံမှန်လက်ခံတဲ့ ဒီလိုအမြင်တွေဟာ[br]နက်ရှိုင်းစွာ စွဲမြဲနေတဲ့ တန်ဖိုးတွေနဲ့ 0:04:42.909,0:04:45.926 ဘဝ အတွေ့အကြုံထဲမှာ[br]အမြစ်တွယ်နေကြပေမဲ့၊ 0:04:45.996,0:04:47.745 ၁၀ မိနစ်ကြာတဲ့ လေ့ကျင့်ခန်းတစ်ခုက 0:04:47.895,0:04:51.741 လူတွေ ပိုချမ်းသာအောင်၊ ပိုဆင်းရဲအောင်[br]လုပ်ပေးခဲ့ခြင်းဖြင့် 0:04:51.741,0:04:54.161 အဲ့အမြင်တွေကို ပြောင်းလဲပစ်လိုက်တာပါ။ 0:04:54.403,0:04:59.400 ဆင်းရဲခြင်း (သို့) ချမ်းသာခြင်းနဲ့ ဆင်းရဲ[br](သို့) ချမ်းသာတယ်လို့ ခံစားရမှု အကြားက 0:04:59.550,0:05:03.271 ခြားနားချက်ဟာ အရေးကြီးပါတယ်၊ ဒီနှစ်ခုကို[br]ယှဉ်ကြည့်ဖို့ မလွယ်တောင်မှာပါ။ 0:05:03.436,0:05:06.195 "တို့တွေက ဆင်းရဲခဲ့ကြပေမဲ့[br]တို့အဲဒါကို မသိခဲ့ကြဘူး"လို့ 0:05:06.195,0:05:09.285 လူတွေ အတိတ်ကို လွမ်းသံနဲ့ ပြောဆိုတာ[br]ကျနော်တို့ မကြာခဏ ကြားရပါတယ်။ 0:05:09.285,0:05:12.687 ကျနော်ရဲ့ အသိစိတ်ကို မြှင့်တင်ပေးခဲ့တဲ့[br]အဖြစ်အပျက် တစ်ခု ကြုံခဲ့ဘူးတယ်။ 0:05:12.687,0:05:13.681 တစ်နေ့တွင်၊ 0:05:13.681,0:05:15.806 လေးတန်းမှာ နေ့လယ်စာအတွက်[br]တန်းစီနေစဉ်၊ 0:05:15.830,0:05:18.822 အကျိုးအကြောင်းမသိသေးတဲ့ ငွေကိုင်[br]အမျိုးသမီးအသစ် ပေါ်လာရာ၊ 0:05:18.846,0:05:21.198 ကျနော့်ကို ၁.၂၅ ဒေါ်လာ ပေးချေဖို့[br]တောင်းလိုက်တယ်။ 0:05:22.466,0:05:26.672 ကျနော်ဟာ နေ့လယ်စာအတွက် ဘယ်တော့မှ[br]မပေးချေခဲ့ရတော့ အံ့အားသင့်သွားတယ်။ 0:05:27.090,0:05:31.022 ကျနော့်ဆီမှာ ငွေတစ်ပြားမှ မရှိတော့[br]ဘာပြောရမှန်း မသိခဲ့ဘူး။ 0:05:31.374,0:05:34.133 ဒါနဲ့ ရုတ်တရက်ပဲ ကျနော် ပထမဦးဆုံးအကြိမ်[br]နားလည်မိတာက 0:05:34.157,0:05:37.684 နေ့လယ်စာကို အခမဲ့ စားရတဲ့ ကလေးတွေဟာ[br]ဆင်းရဲ့တဲ့ သူတွေပဲ ဆိုတာပါ။ 0:05:38.151,0:05:41.315 ကျောင်းထဲက နေ့လယ်စာ အချိန်တုန်းက[br]အဲဒီ ဖြစ်ရပ်ဟာ 0:05:41.765,0:05:44.057 ကျနော့့်ကို အကြီးအကျယ် ပြောင်းလဲ[br]ပစ်ခဲ့တယ်။ 0:05:44.301,0:05:47.714 ဘဝထဲမှာ ပထမဆုံးအကြိမ် ကျနော်[br]ဆင်းရဲတာကို ခံစားလိုက်ရလို့လေ။ 0:05:47.922,0:05:51.102 ကျနော်တို့ဆီမှာ ရှိတဲ့ငွေဟာ[br]အရင်တစ်နေ့ထက် နည်းမသွားခဲ့ပေမဲ့ 0:05:51.246,0:05:52.920 အဲဒီအချိန်ကစပြီး ကျနော်ဟာ 0:05:52.920,0:05:55.490 အရာတွေ အားလုံးကို[br]တစ်မျိုး မြင်တွေ့လာတော့တယ်။ 0:05:55.490,0:05:58.265 ကျနော်ဟာ ကမ္ဘာကြီးအား ရှုမြင်ပုံကို[br]ပြောင်းပစ်လိုက်တယ်။ 0:05:58.265,0:06:01.506 နေ့လယ်စာကို ပိုက်ဆံပေးစားကြတဲ့[br]ကလေးတွေ ဝတ်စားကြပုံကလည်း 0:06:01.530,0:06:04.858 ပိုသားနားသလို ခံစားရတာကို[br]ကျနော် စပြီး သတိထားမိလာတယ်။ 0:06:04.858,0:06:07.228 အစိုးရမှ ထောက်ပံ့ပေးတဲ့[br]အဝါရောင် ဒိန်ခဲတုံးကြီးတွေ 0:06:07.228,0:06:09.213 ကျနော်တို့ တံခါး၀မှာ ပေါ်လာတတ်တာကို၊ 0:06:09.213,0:06:12.976 ကုန်စုံဆိုင်မှာ အမေ ထုတ်ပေးတတ်တဲ့ စားနပ်[br]ရိက္ခာ တံဆိပ်ခေါင်းတွေကို သတိထားမိတယ်။ 0:06:12.976,0:06:15.457 ကျနော့်က အစဉ်ပဲ ရှက်ကြောက်တဲ့[br]ကလေး ဖြစ်ခဲ့ပြီး၊ 0:06:15.457,0:06:19.044 အဲ့ဖြစ်ရပ် နောက်မှာ ကျောင်းထဲမှာ[br]ကျနော် စကားတောင် မပြောဖြစ်သလောက်ပါ။ 0:06:19.044,0:06:20.620 ငါဟာ ဘယ်သူမို့လို့ ပြောရမှာလဲ။ 0:06:20.792,0:06:24.470 နှစ်ပေါင်းများစွာ ကြာအောင်ကိုပဲ[br]လူမှုရေးသိပ္ပံပညာရှင်တွေဟာ 0:06:24.654,0:06:26.590 အခြားသူတွေထက် ချို့တဲ့ကြောင်း[br]ခံစားရမှုက 0:06:26.760,0:06:30.450 နိုင်ငံရေးအရ လှုပ်ရှားဖို့ လှုံ့ဆော်နိုင်[br]ကြောင်း အထောက်အထားတွေ ရှာနေခဲ့ကြတယ်။ 0:06:30.450,0:06:34.143 အဲဒီလို ခံစားရမှုက ဆန္ဒပြပွဲတွေ၊ သပိတ်[br]မှောက်ပွဲတွေကို၊ တော်လှန်ရေးတွေကိုတောင် 0:06:34.143,0:06:36.560 လှုံ့ဆော် ထိုးဆွပေးနိုင်တယ်လို့ သူတို့[br]ထင်ခဲ့ကြတယ်။ 0:06:36.560,0:06:40.444 ဒါပေမဲ့ ထပ်ပြီးရင် ထပ်ပြီး သူတို့[br]ရှာတွေ့ခဲ့ရတာ ဘာမှမလုပ်ချင်ကြတဲ့ လူတွေပါ၊ 0:06:40.551,0:06:42.488 ဘာ့ကြောင့်လဲဆိုတော့[br]တကယ့်အကြောင်းရင်းက 0:06:42.518,0:06:44.582 အခြားသူတွေထက် နိမ့်ကျသလို[br]ခံစားရခြင်းက 0:06:44.612,0:06:46.275 ရှက်ကြောက်စိတ်ကို ဖြစ်ပေါ်စေလို့ပါ။ 0:06:46.275,0:06:49.017 အဲဒီ ရှက်ကြောက်စိတ်ကြောင့် လူတွေဟာ[br]စနစ်ကို ရွံ့မုန်းကြလို့ 0:06:49.052,0:06:50.939 ဝေးရာကို ထွက်ပြေးလိုခဲ့ကြလို့ပါ။ 0:06:51.093,0:06:53.122 အခြားသူတွေထက် သာတယ်လို့[br]ခံစားစိတ်ကျတော့ 0:06:53.516,0:06:55.264 လူတွေကို တက်ကြွဖို့ လှုံ့ဆော်ပါတယ်။ 0:06:55.697,0:06:58.971 ဒါက အဲ့ဒီအနေအထားကို ကာကွယ်ဖို့[br]ကျနော်တို့ကို တွန်းအားပေးတာမို့လို့ 0:06:58.995,0:07:03.091 ကျနော်တို့ နိုင်ငံရေးမှာ အရေးပါတဲ့[br]အကျိုးဆက်တွေ ရှိနိုင်ပါတယ်။ 0:07:03.380,0:07:06.690 ဘာကြောင့်လဲ ဆိုတာ နားလည်ဖို့[br]နောက် စမ်းသပ်မှု တစ်ခုကို စဉ်းစားရပါမယ်။ 0:07:06.802,0:07:10.553 ထပ်ပြီး ပါဝင်သူတွေ ပိုက်ဆံရဖို့ ဆုံးဖြတ်[br]ချက်တွေ ချမှတ်ရန် တာဝန်ပေးခဲ့ကြတယ်။ 0:07:10.553,0:07:13.938 တစ်ဖွဲ့ကို သူတို့ဟာ ပျမ်းမျှထက်[br]ပိုတော်တယ်လို့ ပြောခဲ့ကြပြီး 0:07:13.938,0:07:17.556 နောက်တဖွဲ့ကိုတော့ သူတို့လုပ်ခဲ့တာဟာ[br]ပျမ်းမျှထက် ပိုညံ့ကြောင်း ပြောခဲ့ကြတယ်။ 0:07:17.606,0:07:21.322 ထပ်ပြီး ပျမ်းမျှထက်သာတဲ့ အဖွဲ့က [br]မျှတတဲ့ အရည်အသွေးအလျောက် မြှောက်စားခံရတာ၊ 0:07:21.322,0:07:23.392 လူချမ်းသာတွေကို အခွန်လျှော့ကောက်သင့်တာ၊ 0:07:23.392,0:07:26.564 လူဆင်းရဲတွေရဲ့ အကျိုးခံစားခွင့်တွေ[br]လျှော့ချသင့်တာ ပြောဆိုခဲ့ကြတယ်။ 0:07:26.660,0:07:29.715 ဒါပေမဲ့ ဒီတကြိမ်မှာ အဲဒီကိစ္စများမှာ[br]သူတို့နဲ့ သဘောမတူကြတဲ့ 0:07:29.899,0:07:33.012 အခြား ပါဝင်သူတို့နှင့် ပတ်သက်ပြီး[br]သူတို့ရဲ့ ထင်မြင်ချက်ကိုပါ 0:07:33.106,0:07:34.870 မေးကြည့်ခဲ့ကြသေးတယ်။ 0:07:34.894,0:07:37.177 သူတို့ကော တော်ကြသလား ဒါမှမဟုတ်[br]ညံ့ကြသလား ပေါ့လေ။ 0:07:37.322,0:07:40.367 သူတို့ အကျိုးအကြောင်း ရှိရဲ့လား[br]ဒါမှမဟုတ် ဘက်လိုက် ပြောနေကြတာလား။ 0:07:40.684,0:07:44.817 ပျမ်းမျှထက်သာတဲ့အဖွဲ့ ပြောတာက[br]သူတို့နဲ့ သဘောမတူတဲ့ လူတိုင်းဟာ 0:07:45.011,0:07:47.884 ညံ့လို့ ဘက်လိုက်လို့ပဲ ဖြစ်ရမယ်၊ 0:07:48.238,0:07:51.026 ကိုယ်ကျိုးစီးပွားကို ငှဲနေလို့[br]မမြင်နိုင်ကြတာတဲ့။ 0:07:51.230,0:07:53.682 ပျမ်းမျှထက်နိမ့်ကျတဲ့ အဖွဲ့ကျတော့၊ 0:07:53.696,0:07:56.817 သူတို့ရဲ့ပြိုင်ဘက်တွေနဲ့ ပတ်သက်လို့[br]ယူဆပုံဟာ အဲ့လို့ မဟုတ်ခဲ့ဘူး။ 0:07:56.817,0:07:59.559 အခု စိတ်ပညာဆိုင်ရာ လေ့လာချက်တွေ[br]အများကြီး ညွှန်ပြနေကြတာက၊ 0:07:59.559,0:08:01.705 အခြားသူတွေက ကျနော်တို့နဲ့[br]သဘောထားတူတယ် ဆိုရင်၊ 0:08:01.705,0:08:04.015 သူတို့ကို တော်ကြတယ်လို့[br]ကျနော်တို့က ထင်တတ်ကြပြီး၊ 0:08:04.015,0:08:06.073 လူတွေက ကျနော်တို့နဲ့ သဘောထား မတူရင်တော့၊ 0:08:06.073,0:08:08.526 သူတို့ကို အရူးတွေလို့ ကျနော်တို့က [br]ထင်တတ်ကြတာကိုပါ။ 0:08:08.627,0:08:09.509 (ရယ်သံများ) 0:08:09.509,0:08:12.183 ဒါပေမဲ့ ခုနက အချက် ဆန်းသစ်နေတာက[br]သူတို့နဲ့ သဘောမတူသူတွေကို 0:08:12.183,0:08:15.237 ဖယ်ထုတ်ပစ်ရန် သူတို့ဆီမှာ[br]လုပ်ပိုင်ခွင့် အာဏာရှိတယ်လို့ ပြောလာတာက 0:08:15.237,0:08:19.392 ပျမ်းမျှထက် သာတယ်လို့ ယူဆကြသူတို့ရဲ့[br]ယုံကြည်မှု သက်သက် ဖြစ်တာကိုပါ။ 0:08:19.899,0:08:23.764 ပိုင်ဆိုင်ကြသူတို့နဲ့ ဘာမှမရှိကြသူတို့[br]အကြား ကွာဟချက် ပိုပိုကြီးမားလာနေလို့ 0:08:24.534,0:08:29.087 အခုက ပြောပြခဲ့တဲ့ အချက်ဟာ နိုင်ငံရေးနဲ့[br]ဆက်စပ်နေပုံကို စဉ်းစားကြည့်ကြပါ။ 0:08:31.326,0:08:35.581 အခြားတစ်ဖက်မှာ ရှိတဲ့ သူတွေဟာ အရူးတွေလို[br]လူတော်တော်များများ ထင်ကြတာ ဟုတ်မှန်ပေမဲ့၊ 0:08:36.748,0:08:42.045 နိုင်ငံရေးနဲ့ပတ်သက်ပြီး အပြန်အလှန်[br]ငြင်းခုန် အော်ဟပ်ဖို့ နိုင်ငံရေးထဲမှာ 0:08:42.069,0:08:45.253 ပါဝင်လုပ်ကိုင်နေကြသူ အများစုတို့ဟာ[br]တကယ်ကျတော့ လူချမ်းသာတွေပါ။ 0:08:45.277,0:08:49.734 အမှန်စင်စစ်မှာတော့ မညီမျှမှုဟာ နောက်ဆုံး[br]ဆယ်စုနှစ်တွေမှာ တိုးလာခဲ့ပြီး 0:08:49.758,0:08:53.746 ဆင်းရဲကြသူတို့ အကြားမှာ နိုင်ငံရေးကို စိတ်[br]ဝင်စားမှုနဲ့ ပါဝင်လိုစိတ် ထိုးကျသွားတယ်။ 0:08:54.014,0:08:57.604 ထပ်ပြီးမြင်ရတာက ပစ်ပယ်ခံထားရတယ်လို့[br]ခံစားကြရသူတွေ လမ်းပေါ်ထွက်ပြီး 0:08:57.788,0:09:02.199 ဆန္ဒပြတာတွေ မဲဆန္ဒရှင်တွေ မှတ်ပုံတင်ရေး[br]လှုံ့ဆော်ပွဲတွေ မလုပ်ကြတာကိုပါ။ 0:09:02.680,0:09:04.761 မကြာခဏဆိုသလို မဲတောင် သွားမပေးကြပါဘူး။ 0:09:05.016,0:09:07.886 အဲ့ဒီအစား သူတို့ဟာ ရှောင်ဖယ်လျက်[br]နုတ်ထွက် နေကြပါတယ်။ 0:09:08.705,0:09:12.480 ဒီတော့ ကျနော်တို့က အလွန်အမင်း မညီမမျှ[br]ဖြစ်နေတာနဲ့ပတ်သက်ပြီး တစ်ခုခုလုပ်ချင်ရင်၊ 0:09:12.480,0:09:15.392 ကျနော်တို့ဟာ ကျနော်တို့ နိုင်ငံရေးကို[br]ပြုပြင်ကြရမှာ ဖြစ်ပါတယ်။ 0:09:15.392,0:09:18.229 ကျနော်တို့က ကျနော်တို့ရဲ့[br]နိုင်ငံရေးကို ပြင်ချင်ကြတယ်ဆိုရင်၊ 0:09:18.229,0:09:21.140 မညီမျှမှုနဲ့ ပတ်သက်ပြီး ကျနော်တို့[br]တစ်ခုခု လုပ်ကြရပါလိမ့်မယ်။ 0:09:21.360,0:09:22.786 ဒါဆို ကျနော်တို့ ဘာလုပ်ကြမလဲ။ 0:09:22.923,0:09:25.355 ဝဲကတော့ပုံ ရစ်ပတ်မှုရဲ့[br]အံ့သြဖွယ်ကောင်းတဲ့ အချက်က၊ 0:09:25.539,0:09:29.061 ရစ်ပတ်မှု စက်ဝန်းထဲက ဘယ်နေရာမှာမဆို[br]ရပ်ပစ်လျက် ကျနော်တို့ ထွက်နိုင်ခြင်းပါ။ 0:09:29.305,0:09:32.404 စတင်ဖို့ အကောင်းဆုံး သူတွေက[br]ကျနော့်စိတ်ထင် 0:09:32.868,0:09:36.889 မညီမျှမှု ကြီးထွားလာမှုကြောင့်[br]အများဆုံး အကျိုးဖြစ်ထွန်းခဲ့ကြတဲ့ သူတွေ၊ 0:09:37.613,0:09:40.283 ပျမ်းမျှထက် ပိုသာအောင်[br]လုပ်ဆောင်နိုင်ခဲ့ကြတဲ့ သူတွေပေါ့။ 0:09:40.403,0:09:42.143 ကိုယ်ဟာ အောင်မြင်သူ ဖြစ်တယ်ဆိုရင်၊ 0:09:42.457,0:09:46.410 ကိုယ့် အောင်မြင်မှုကို ကိုယ့် ကြိုးစားအား[br]ထုတ်မှုကြောင့်လို့ ပြောကြတာ ဓမ္မတာပါပဲ။ 0:09:46.700,0:09:49.472 ဒါပေမဲ့ ခင်ဗျားတို့ကို ကျနော်ပြခဲ့တဲ့[br]လေ့လာမှုတွေမှာလို 0:09:49.472,0:09:51.148 လူတိုင်းက အဲ့လို ကြိုးစာကြတာချင်းပါပဲ၊ 0:09:51.172,0:09:55.083 အလုပ်ကြိုးစားခဲ့မှုက တကယ်ကျတော့[br]အရေးကြီးဆုံး ဟုတ်ချင်မှ ဟုတ်ခဲ့မှာပါ။ 0:09:56.603,0:09:58.878 ကျနော်သိတဲ့ အောင်မြင်တဲ့ လူတိုင်းဟာ 0:10:00.802,0:10:05.208 အောင်မြင်ဖို့ သူတို့ကြိုးစားလုပ်ခဲ့ကြတဲ့[br]အချိန်တွေ အကြာင်းကို စဉ်းစားနိုင်ကြပါတယ်။ 0:10:06.113,0:10:07.455 သူတို့ စဉ်းစားနိုင်ကြသေးတာက 0:10:07.455,0:10:11.641 ကံကောင်းခဲ့လို့ လက်ကမ်း[br]ကူညီပေးခဲ့သူပါ ရှိခဲ့တာကိုကိုပါ၊ 0:10:11.665,0:10:13.218 ဒါပေမဲ့ အဲဒီလို စဉ်းစားခဲကြတယ်။ 0:10:13.632,0:10:16.385 စိတ်ပညာရှင်တွေ Shai Davidai နဲ့[br]Tom Gilovich တို့က 0:10:16.409,0:10:19.712 အဲဒါကို "headwind-tailwind asymmetry"[br]လို့ ခေါ်ဝေါ်ကြပါတယ်။ 0:10:20.380,0:10:22.723 ကိုယ်က လေကိုဆန်ပြီး ရုန်းကန်နေရတဲ့အခါမှာ၊ 0:10:22.747,0:10:24.948 အတားအဆီး အားလုံးကို ကိုယ်က မြင်နိုင်ပြီး 0:10:25.384,0:10:27.728 အဲဒါကို ကိုယ်ဟာ မှတ်မိပြီး သတိရနေမှာပါ။ 0:10:27.728,0:10:30.571 ဒါပေမဲ့ ကိုယ့်ကို နောက်ကျောကနေပြီး[br]လေက တိုက်ပြီး ကူပေးနေရင် 0:10:30.571,0:10:33.604 အရာအားလုံ ချောမွေ့နေလို့ ကိုယ် သတိထား[br]မိတာက ကိုယ့်ကိုယ်ကိုယ်၊ 0:10:33.604,0:10:36.459 ပြီးတော့ ကိုယ်ရဲ့ အံသြဖွယ်ရာ[br]ပင်ကိုယ် စွမ်းရည်တွေကိုပေါ့။ 0:10:36.459,0:10:40.032 ဒါ့ကြောင့် ကျနော်တို့ဟာ ခဏလောက် ရပ်ပြီး[br]ကျနော်တို့ကို နောက်ကနေပြီး 0:10:40.032,0:10:43.119 တွန်းပေးခဲ့တဲ့ အားတွေကို သတိရဖို့[br]စဉ်းစားသင့်ပါတယ်။ 0:10:43.332,0:10:46.136 ကိုယ်နဲ့ သဘောထား မတူတဲ့သူတွေရဲ့ အမှားကို 0:10:46.376,0:10:48.389 တွေ့မြင်ဖို့ ကိစ္စဟာ သိပ်လွယ်ပါတယ်။ 0:10:48.389,0:10:52.109 မညီမျှမှုဟာ အန္တရာယ်ရှိတယ်လို့ ကျနော်[br]ပြောခဲ့တဲ့ ပထမဦးဆုံး နှစ်မိနစ်တုန်းက 0:10:52.109,0:10:55.400 ခင်ဗျားတို့ထဲက အချို့က[br]ကျနော့်ကို အရူးလို့ ထင်ခဲ့ကြမှာပါ။ 0:10:55.400,0:10:56.362 (ရယ်သံများ) 0:10:56.362,0:10:58.049 အသိအမှတ်ပြုဖို့ အခက်ဆုံး အပိုင်းက 0:10:58.049,0:11:00.720 ကိုယ်ဟာ ခြားနားကွဲပြားတဲ့ အခြေအနေ[br]မျိုးမှာသာ ရှိနေခဲ့ရင်၊ 0:11:00.720,0:11:03.844 ကျနော်တို့ရဲ့ စမ်းသပ်မှုတွေထဲ[br]ပါဝင်ခဲ့ကြတဲ့ သူတွေလို ဖြစ်နိုင်လို့ 0:11:03.844,0:11:06.994 ကိုယ်ဟာ အရာတွေကို တစ်မျိုးတစ်ဖုံ[br]ရှုမြင်နိုင်ခဲ့မယ် ဆိုတဲ့ အချက်ပါ။ 0:11:06.994,0:11:10.456 ဒီတော့ ခင်ဗျားတို့ရဲ့ ဘဝပုံစံက[br]ပျမ်းမျှထက်သာတဲ့အဖွဲ့ထဲ ပါဝင်တယ် ဆိုရင် -- 0:11:10.456,0:11:14.044 ပြီးတော့ ဒီမှာ တွေ့ရသလို TED ဟောပြောချက်[br]စောင့်ကြည့်သူ ဖြစ်တယ် ဆိုရင်တော့ -- 0:11:14.044,0:11:14.801 (ရယ်မောသံများ) 0:11:14.801,0:11:17.464 ခင်ဗျားတို့ အတွက် ထားရစ်ခဲ့ချင်တဲ့[br]အမှာစကားက - 0:11:17.464,0:11:21.045 နောင်မှာများ ခင်ဗျားတို့က သဘောထားမတူသူ[br]တစ်ဦးဦးကို အရူးတစ်ယောက်လို 0:11:21.086,0:11:22.915 ဖယ်ထုတ်ပစ်ချင်စိတ် ပေါက်လာခဲ့ရင်၊ 0:11:22.939,0:11:26.571 ခင်ဗျားတို့ကို အခုနေရာဆီ တွန်းပို့[br]ပေးခဲ့တဲ့ ပံ့ပိုးမှုတွေကို သတိရကြပါ။ 0:11:26.571,0:11:29.544 ခင်ဗျားတို့ရဲ့ ဘဝထဲမှာ ကံကောင်းခဲ့တဲ့[br]အခွင့်အလမ်းတွ မရရှိခဲ့ရင် 0:11:29.544,0:11:32.257 အခြေအနေဟာ လုံးဝ တမျိုးတမည်[br]ပြောင်းလဲသွားနိုင်ခဲ့မှာကိုပါ။ 0:11:32.274,0:11:35.664 ခင်ဗျားတို့ ကျေးဇူးတင်ချင်တဲ့ လက်ကမ်း[br]ကူညီပေးခဲ့ကြသူတွေကိုလည်း သတိရကြပါ။ 0:11:35.664,0:11:39.613 အဲဒီလို ပံ့ပိုးကူညီခဲ့မှုတွေကို သတိရနေရင်[br]ကျနော်တို့စိတ်ကို နှိမ့်ချနို်င်ထားမှာမို့ 0:11:39.613,0:11:42.879 ကျနော်တို့နဲ့ သဘောထားမတူကြတဲ့ လူတွေ[br]အရူးတွေမဟုတ်တာကို မြင်လာကြမှာပါ။ 0:11:42.879,0:11:45.495 တကယ် ခက်ခဲတဲ့အပိုင်းက[br]ဘုံခံယူချက်ကို ရှာကြံနိုင်ဖို့ပါ၊ 0:11:45.495,0:11:48.873 အရာတွေကို ပြောင်းလဲပစ်ရေး တာဝန်ကို ယူပြီး[br]လိုအပ်တဲ့ စွမ်းအားတွေ ရှိကြတာက 0:11:48.873,0:11:51.365 ချမ်းသာကြွယ်ဝကြတဲ့ သူတွေ ဖြစ်ကြလို့ပါ။ 0:11:51.365,0:11:52.087 ကျေးဇူးတင်ပါတယ် 0:11:52.111,0:11:55.389 (လက်ခုပ်သြဘာသံများ)