လေဖြတ်ခြင်းဖြစ်စဥ်မှာ ဘာတွေဖြစ်သလဲ။ Vaibhav Goswami
-
0:00 - 0:13ကမ္ဘာမှာ တစ်စုံတစ်ယောက်ဟာ တစ်နေရာရာမှာ
နှစ်စက္ကန့်တိုင်း လေဖြတ်ခြင်းကိုခံစားရတယ်။ -
0:13 - 0:18လူခြောက်ယောက်မှာ တစ်ယောက်ဟာ
ဘဝမှာ ဒီအဖြစ်ကိုကြုံတွေ့ရမှာပါ။ -
0:18 - 0:21လေဖြတ်ခြင်းကဦးနှောက်ဆဲလ်တွေ
အောက်စီဂျင် ချို့ငဲ့လို့ဖြစ်ပြီး၊ -
0:21 - 0:24လူသေဆုံးစေတဲ့ အကြောင််းရင်းထဲက
အဖြစ်များဆုံးတစ်ခုဖြစ်တယ်။ -
0:24 - 0:27ကာကွယ်နိုင်တဲ့ မသန်စွမ်းဖြစ်မှုကို
ဖြစ်စေတဲ့အဓိကအကြောင်းလည်းဖြစ်တယ်။ -
0:27 - 0:31လူတစ်ဦးလေဖြတ်ခဲ့ရင် အမြန်ဆုံး
ဆေးဝါးကုသစေဖို့က အလွန်အရေးကြီးပြီး၊ -
0:31 - 0:35ရာသက်ပန်ဦးနှောက်ပျက်စီးခြင်းကို
ရှောင်ရှားနိုင်ပါတယ်။ -
0:35 - 0:38ဒါပေမယ့် လေဖြတ်ခြင်းးကို ဖြစ်စေတဲ့
အကြောင်းရင်းကဘာလဲ။ -
0:38 - 0:41ဆရာဝန်တွေအနေနဲ့ ဒါကိုကုသဖို့
ဘာတွေလုပ်ပေးနိုင်လဲ? -
0:41 - 0:45ဦးနှောက်က သင့်ခန္ဓာကိုယ်ရဲ့
၂% သာ ရှိပါတယ်။ -
0:45 - 0:49ဒါပေမယ့် သွေးထဲမှာရှိတဲ့ အောက်ဆီဂျင်ရဲ့
၂၀% ထက်ပိုပြီး သုံးစွဲပါတယ်။ -
0:49 - 0:53အဲ့ဒီအောက်ဆီဂျင်ကို သွေးလွှတ်ကြောစနစ်
မှတဆင့် ဦးနှောက်ကိုသယ်သွားပြီး -
0:53 - 0:56Carotid artieriesများက
ဦးနှောက်အရှေ့ပိုင်းကိုသွေးပို့ပေးပြီး -
0:56 - 0:59ကြောရိုးရှိသွေးလွှတ်ကြောများက
အနောက်ပိုင်းကို ပို့ပေးပါတယ်။ -
0:59 - 1:01သူတို့ဟာ အချင်းချင်းဆက်နွယ်နေပါတယ်။
-
1:01 - 1:03၄င်းတို့ဟာ ပိုမိုသေးငယ်တဲ့သွေးကြောများ
အဖြစ် ခွဲထွက်ကာ -
1:03 - 1:07ဘီလီယံနဲ့ချီတဲ့ အာရုံကြောဆဲလ်လေးများ
လိုအပ်တဲ့အောက်ဆီဂျင်ဓါတ်ကိုပေးပါတယ်။ -
1:07 - 1:13သွေးလည်ပတ်မှု ပြတ်တောက်ရင် အောက်ဆီဂျင်
ပို့ပေးမှုရပ်ပြီး ဦးနှောက်ဆဲလ်တွေသေမှာပါ။ -
1:13 - 1:15ဒီလိုဖြစ်နိုင်တဲ့ နည်းလမ်းနှစ်ခုရှိပါတယ်။
-
1:15 - 1:21ဦးနှောက်သွေးကြောပြတ်၍ ဦးနှောက်တွင်း
သွေးယိုစိမ့်ရင်ဖြစ်နိုင်ပါတယ်။ -
1:21 - 1:24ပိုအဖြစ်များတာကတော့ ischemic လို့ခေါ်တဲ့
လေဖြတ်ခြင်းဖြစ်ပြီး၊ -
1:24 - 1:29သွေးကြောထဲမှာ သွေးခဲပိတ်ဆို့မှုဖြစ်ပြီး
သွေးလည်ပတ်မှု ရပ်တန့်သွားတာပါ။ -
1:29 - 1:31ဒီသွေးခဲက ဘယ်ကဖြစ်လာတာလဲ။
-
1:31 - 1:34ရှားပါးတဲ့ ဖြစ်စဉ်တွေမှာ
နှလုံးးခုန်နှုန်း ရုတ်တရက်ပြောင်းတာက -
1:34 - 1:38နှလုံးအပေါ်ခန်းတွေကို
ပုံမှန်အတိုင်း မကျုံ့စေတော့တဲ့အတွက် -
1:38 - 1:40သွေးလည်ပတ်မှုက နှေးကွေးသွားပြီး၊
-
1:40 - 1:45သွေးလည်ပတ်မှုကို ပိတ်ဆို့စေတဲ့
အရာများကို စုဝေးစေပြီး သွေးခဲဖြစ်စေတယ်။ -
1:45 - 1:47ဒီသွေးခဲက သွေးလွှတ်ကြောနဲ့
-
1:47 - 1:51ဦးနှောက်ကိုထောက်ပံ့ပေးတဲ့ သွေးကြောတွေဆီ
သယ်ဆောင်ခြင်းခံရပြီး၊ -
1:51 - 1:54ထပ်ပြီးတိုးဝင်လို့မရတော့တဲ့
သွေးကြောဆီရောက်တဲ့အထိပါပဲ။ -
1:54 - 1:56ဒါကို embolism လို့ခေါ်ပြီး၊
-
1:56 - 2:01နှလုံးကစီးတဲ့သွေးကြောတွေကနေ ဆဲလ်တွေဆီ
အောက်ဆီဂျင်ပို့ခြင်းကို ဖြတ်တောက်ပါတယ်။ -
2:01 - 2:06ဦးနှောက်မှာ နာကျင်မှုကိုခံစားတဲ့အာရုံခံတွေ
မရှိတဲ့အတွက် ပိတ်ဆို့မှုကို မခံစားရပါဘူး။ -
2:06 - 2:09သို့သော် အောက်ဆီဂျင်ချို့တဲ့၍
ဦးနှောက်လုပ်ဆောင်မှုနှေးစေပြီး -
2:09 - 2:12ရုတ်တရက် သိသာတဲ့ အကျိုးဆက်ကို ဖြစ်စေပါတယ်။
-
2:12 - 2:16ဥပမာ- ထိခိုက်သွားတဲ့နေရာက ဦးနှောက်ရဲ့
စကားပြောဖို့အတွက် အလုပ်လုပ်တဲ့နေရာဖြစ်ရင်၊ -
2:16 - 2:19အဲ့ဒီလူ ပြောတဲ့စကားတွေက
ဗလုံးဗထွေး ဖြစ်သွားနိုင်ပါတယ်။ -
2:19 - 2:22ကြွက်သားလှုပ်ရှားမှုကို
ထိန်းချုပ်တဲ့အပိုင်းကို ထိခိုက်သွားခဲ့ရင် -
2:22 - 2:27များသောအားဖြင့် ကိုယ်ခန္ဓာတစ်ခြမ်းမှာ
အားနည်းမှုဖြစ်သွားနိုင်ပါတယ်။ -
2:27 - 2:30အဲဒီလိုဖြစ်ရင်၊ ထိခိုက်တဲ့နေရာကို
လမ်းကြောင်းပြောင်း သွေးစီးဆင်းခြင်းဖြင့် -
2:30 - 2:33ကိုယ်ခန္ဓာက ချက်ချင်းချိန်ညှိပေးဖို့
ကြိုးစားပါတယ်။ -
2:33 - 2:36ဒါပေမယ့် ဒါဟာအကောင်းဆုံးအဖြေမဟုတ်ပါဘူး။
-
2:36 - 2:40နောက်ဆုံးတော့ အောက်ဆီဂျင် လုံလုံလောက်လောက်
မရတဲ့ဆဲလ်ဟာ သေဆုံးပြီး၊ -
2:40 - 2:44ပြင်းထန်တဲ့ သို့မဟုတ် ရာသက်ပန်
ဦးနှောက်ပျက်စီးမှုကို ဖြစ်စေပါတယ်။ -
2:44 - 2:48ဒါကြောင့် အမြန်ဆုံးဆေးဝါးကုသမှု
ခံယူဖို့အရေးကြီးပါတယ်။ -
2:48 - 2:51ကနဦး ကုသမှုအပိုင်းမှာတော့
သွေးကြောထဲကို ဆေးသွင်းခြင်းဖြစ်ပြီး၊ -
2:51 - 2:54Tissue Plasminogen Activator
လို့ခေါ်ပါတယ်။ -
2:54 - 2:56ဒါက သွေးခဲကို ပြိုကွဲစေပြီး၊
-
2:56 - 3:00သွေးလုံလောက်စွာမရတဲ့ သွေးလွှတ်ကြောများသို့
သွေးပြန်လည်စီးဆင်းစေပါတယ်။ -
3:00 - 3:02နာရီပိုင်းအတွင်း သွေးပြန်စီးဆင်းနိုင်ရင်၊
-
3:02 - 3:05ဒီကုသနည်းက လေဖြတ်ခြင်းကို ကျော်လွှား
နိုင်စေမှာဖြစ်ပြီး၊ -
3:05 - 3:08ရာသက်ပန်ဖြစ်စေနိုင်တဲ့ အကျိုးဆက်တွေကိုလည်း
ရှောင်ရှားနိုင်ပါတယ်။ -
3:08 - 3:12Tissue Plasminogen Activator ကုသနည်း နဲ့
ကုပေးလို့မရတဲ့၊ -
3:12 - 3:14အချို့သောဆေးဝါးတွေကို
လူနာက မှီဝဲနေတဲ့အခါမျိုး၊ -
3:14 - 3:16သွေးအလွန်ထွက်ဖူးတဲ့ သမိုင်းရှိရင်
-
3:16 - 3:18သို့မဟုတ် သွေးခဲကအလွန်ကြီးနေရင်၊
-
3:18 - 3:24ဆရာဝန်တွေအနေနဲ့ endovascular thrombectomy
ဆိုတဲ့ ကုထုံးနဲ့ ကုသမှာဖြစ်တယ်။ -
3:24 - 3:29မီးထိုးလျှင် တောက်ပသော ဆိုးဆေးသုံး၍
အားကောင်းသောဓါတ်မှန်အောက်မှာ -
3:29 - 3:33သွေးကြောကို ထင်ရှားစေပြီး၊ သေးငယ်
ရှည်လျား၍ ကွေးကောက်နိုင်သောပြွန်ကို -
3:33 - 3:35လူနာခြေထောက်ရှိ သွေးလွှတ်ကြောထဲ
မှတဆင့်၊ -
3:35 - 3:39သွေးကြောပိတ်ဆို့တဲ့ နေရာအထိ
ထိန်းချုပ် ထိုးသွင်းသွားမှာဖြစ်ပါတယ်။ -
3:39 - 3:41ဒီပြွန်ထဲမှ retriever ကိရိုယာ
ကဖြတ်သန်းသွားမှာပါ။ -
3:41 - 3:46၄င်းက သွေးခဲကိုဖြတ်သွားချိန်မှာ
ဖြန့်ကားပြီး၊သွေးခဲကို ချိတ်တွယ်ထားပါတယ်။ -
3:46 - 3:51ထို့နောက် ပြွန်ငယ်ကိုပြန်ထုတ်ချိန်မှာ
သွေးခဲကိုပါဆွဲထုတ်လိုက်နိုင်ပါတယ်။ -
3:51 - 3:54ဦးနှောက်လည်ပတ်နိုင်မှု မပျက်စေဖို့
ဒီကုသမှုတွေကို တတ်နိုင်သမျှ -
3:54 - 3:55အမြန်ဆုံးလုပ်ဖို့ လိုပါတယ်။
-
3:55 - 4:00ဒီအတွက် တစ်စုံတစ်ဦး လေဖြတ်နိုင်ခြေကို
အမြန်ဆုံး ခန့်မှန်းနိုင်ဖို့လိုပါတယ်။ -
4:00 - 4:01ဒါဆို ဘယ်လိုသိနိုင်မှာလဲ။
-
4:01 - 4:04အမြန်ဆုံးသိနိုင်မယ့် နည်း(၃)ခုရှိပါတယ်။
-
4:04 - 4:07၁။ အဲဒီလူကို ပြုံးပြခိုင်းပါ။
-
4:07 - 4:11ပါးစပ်ကရွဲ့နေရင် (သို့မဟုတ်) မျက်နှာက
တွဲကျနေရင် ကြွက်သားအားနည်းတာ ဖြစ်နိုင်တယ်။ -
4:11 - 4:14၂။ လက်မြှောက်ခိုင်းကြည့်ပါ။
-
4:14 - 4:20လက်တစ်ဖက်က အောက်ဖက်ကို ပြန်လျှောကျလာရင်
ဒါကလည်း လေဖြတ်ချင်တဲ့ လက္ခဏာပါပဲ။ -
4:20 - 4:24၃။ ရိုးရှင်းတဲ့စကားလုံး သို့မဟုတ်
စကားစုကို ထပ်တလဲလဲ ရွတ်ခိုင်းကြည့်ပါ။ -
4:24 - 4:27သူတို့အသံက ဗလုံးဗထွေးဖြစ်နေရင်
သို့မဟုတ် တမူထူးနေရင်၊ -
4:27 - 4:31စကားကိုထိန်းချုပ်တဲ့ဦးနှောက်အစိတ်အပိုင်းက
အောက်ဆီဂျင်ချို့တဲ့နေတဲ့ အဓိပ္ပါယ်ပါ။ -
4:31 - 4:37ဒါကို FAST စစ်ဆေးမှုလို့ခေါ်ပြီး၊
T က အချိန်ကို ကိုယ်စားပြုပါတယ်။ -
4:37 - 4:42ဒီလက္ခဏာတစ်ခုခုကို တွေ့ခဲ့ရင်
အရေးပေါ်ဝန်ဆောင်မှုကို ချက်ချင်းခေါ်ဆိုပါ။ -
4:42 - 4:44လူ့အသက်များ ဒီအပေါ်မူတည်နေနိုင်ပါတယ်။
- Title:
- လေဖြတ်ခြင်းဖြစ်စဥ်မှာ ဘာတွေဖြစ်သလဲ။ Vaibhav Goswami
- Description:
-
သင်ခန်းစာ အပြည့်အစုံကြည့်ရှုရန် - https://ed.ted.com/lessons/what-happens-during-a-stroke-vaibhav-goswami
ကမ္ဘာမှာ တစ်စုံတစ်ယောက်ဟာ တစ်နေရာရာမှာ နှစ်စက္ကန့်တိုင်း လေဖြတ်ခြင်းကို ခံစားရတယ်။ လူခြောက်ယောက်မှာ တစ်ယောက်ဟာ ဘဝမှာ ဒီအဖြစ်ကို ကြုံတွေ့ရမှာပါ။ လေဖြတ်ခြင်းကဦးနှောက်ဆဲလ်တွေ oxygen လုံလောက်စွာ မရလို့ဖြစ်ပြီး၊ လူသေဆုံးစေတဲ့ အကြောင်းများစွာထဲက အဖြစ်များသောတစ်ခုဖြစ်တယ်။ ကာကွယ်နိုင်တဲ့မသန်စွမ်းဖြစ်မှုကို
ဖြစ်စေတဲ့အဓိကအကြောင်းရင်းလည်းဖြစ်တယ်။ - Video Language:
- English
- Team:
- closed TED
- Project:
- TED-Ed
- Duration:
- 05:00
sann tint approved Burmese subtitles for What happens during a stroke? - Vaibhav Goswami | ||
sann tint edited Burmese subtitles for What happens during a stroke? - Vaibhav Goswami | ||
sann tint accepted Burmese subtitles for What happens during a stroke? - Vaibhav Goswami | ||
sann tint edited Burmese subtitles for What happens during a stroke? - Vaibhav Goswami | ||
sann tint edited Burmese subtitles for What happens during a stroke? - Vaibhav Goswami | ||
sann tint edited Burmese subtitles for What happens during a stroke? - Vaibhav Goswami | ||
Mie Cho edited Burmese subtitles for What happens during a stroke? - Vaibhav Goswami | ||
Mie Cho edited Burmese subtitles for What happens during a stroke? - Vaibhav Goswami |