1 00:00:00,000 --> 00:00:12,525 ကမ္ဘာမှာ တစ်စုံတစ်ယောက်ဟာ တစ်နေရာရာမှာ နှစ်စက္ကန့်တိုင်း လေဖြတ်ခြင်းကိုခံစားရတယ်။ 2 00:00:12,525 --> 00:00:17,878 လူခြောက်ယောက်မှာ တစ်ယောက်ဟာ ဘဝမှာ ဒီအဖြစ်ကိုကြုံတွေ့ရမှာပါ။ 3 00:00:17,878 --> 00:00:20,868 လေဖြတ်ခြင်းကဦးနှောက်ဆဲလ်တွေ အောက်စီဂျင် ချို့ငဲ့လို့ဖြစ်ပြီး၊ 4 00:00:20,868 --> 00:00:23,589 လူသေဆုံးစေတဲ့ အကြောင််းရင်းထဲက အဖြစ်များဆုံးတစ်ခုဖြစ်တယ်။ 5 00:00:23,589 --> 00:00:26,785 ကာကွယ်နိုင်တဲ့ မသန်စွမ်းဖြစ်မှုကို ဖြစ်စေတဲ့အဓိကအကြောင်းလည်းဖြစ်တယ်။ 6 00:00:26,785 --> 00:00:31,449 လူတစ်ဦးလေဖြတ်ခဲ့ရင် အမြန်ဆုံး ဆေးဝါးကုသစေဖို့က အလွန်အရေးကြီးပြီး၊ 7 00:00:31,449 --> 00:00:34,729 ရာသက်ပန်ဦးနှောက်ပျက်စီးခြင်းကို ရှောင်ရှားနိုင်ပါတယ်။ 8 00:00:34,729 --> 00:00:37,588 ဒါပေမယ့် လေဖြတ်ခြင်းးကို ဖြစ်စေတဲ့ အကြောင်းရင်းကဘာလဲ။ 9 00:00:37,588 --> 00:00:40,849 ဆရာဝန်တွေအနေနဲ့ ဒါကိုကုသဖို့ ဘာတွေလုပ်ပေးနိုင်လဲ? 10 00:00:40,849 --> 00:00:44,520 ဦးနှောက်က သင့်ခန္ဓာကိုယ်ရဲ့ ၂% သာ ရှိပါတယ်။ 11 00:00:44,520 --> 00:00:48,958 ဒါပေမယ့် သွေးထဲမှာရှိတဲ့ အောက်ဆီဂျင်ရဲ့ ၂၀% ထက်ပိုပြီး သုံးစွဲပါတယ်။ 12 00:00:48,958 --> 00:00:52,751 အဲ့ဒီအောက်ဆီဂျင်ကို သွေးလွှတ်ကြောစနစ် မှတဆင့် ဦးနှောက်ကိုသယ်သွားပြီး 13 00:00:52,751 --> 00:00:55,638 Carotid artieriesများက ဦးနှောက်အရှေ့ပိုင်းကိုသွေးပို့ပေးပြီး 14 00:00:55,638 --> 00:00:58,688 ကြောရိုးရှိသွေးလွှတ်ကြောများက အနောက်ပိုင်းကို ပို့ပေးပါတယ်။ 15 00:00:58,688 --> 00:01:00,719 သူတို့ဟာ အချင်းချင်းဆက်နွယ်နေပါတယ်။ 16 00:01:00,719 --> 00:01:03,369 ၄င်းတို့ဟာ ပိုမိုသေးငယ်တဲ့သွေးကြောများ အဖြစ် ခွဲထွက်ကာ 17 00:01:03,369 --> 00:01:07,380 ဘီလီယံနဲ့ချီတဲ့ အာရုံကြောဆဲလ်လေးများ လိုအပ်တဲ့အောက်ဆီဂျင်ဓါတ်ကိုပေးပါတယ်။ 18 00:01:07,380 --> 00:01:13,349 သွေးလည်ပတ်မှု ပြတ်တောက်ရင် အောက်ဆီဂျင် ပို့ပေးမှုရပ်ပြီး ဦးနှောက်ဆဲလ်တွေသေမှာပါ။ 19 00:01:13,349 --> 00:01:15,490 ဒီလိုဖြစ်နိုင်တဲ့ နည်းလမ်းနှစ်ခုရှိပါတယ်။ 20 00:01:15,490 --> 00:01:20,641 ဦးနှောက်သွေးကြောပြတ်၍ ဦးနှောက်တွင်း သွေးယိုစိမ့်ရင်ဖြစ်နိုင်ပါတယ်။ 21 00:01:20,641 --> 00:01:23,530 ပိုအဖြစ်များတာကတော့ ischemic လို့ခေါ်တဲ့ လေဖြတ်ခြင်းဖြစ်ပြီး၊ 22 00:01:23,530 --> 00:01:28,518 သွေးကြောထဲမှာ သွေးခဲပိတ်ဆို့မှုဖြစ်ပြီး သွေးလည်ပတ်မှု ရပ်တန့်သွားတာပါ။ 23 00:01:28,518 --> 00:01:30,690 ဒီသွေးခဲက ဘယ်ကဖြစ်လာတာလဲ။ 24 00:01:30,690 --> 00:01:33,591 ရှားပါးတဲ့ ဖြစ်စဉ်တွေမှာ နှလုံးးခုန်နှုန်း ရုတ်တရက်ပြောင်းတာက 25 00:01:33,591 --> 00:01:37,900 နှလုံးအပေါ်ခန်းတွေကို ပုံမှန်အတိုင်း မကျုံ့စေတော့တဲ့အတွက် 26 00:01:37,900 --> 00:01:39,809 သွေးလည်ပတ်မှုက နှေးကွေးသွားပြီး၊ 27 00:01:39,809 --> 00:01:45,382 သွေးလည်ပတ်မှုကို ပိတ်ဆို့စေတဲ့ အရာများကို စုဝေးစေပြီး သွေးခဲဖြစ်စေတယ်။ 28 00:01:45,382 --> 00:01:46,731 ဒီသွေးခဲက သွေးလွှတ်ကြောနဲ့ 29 00:01:46,731 --> 00:01:50,611 ဦးနှောက်ကိုထောက်ပံ့ပေးတဲ့ သွေးကြောတွေဆီ သယ်ဆောင်ခြင်းခံရပြီး၊ 30 00:01:50,611 --> 00:01:54,092 ထပ်ပြီးတိုးဝင်လို့မရတော့တဲ့ သွေးကြောဆီရောက်တဲ့အထိပါပဲ။ 31 00:01:54,092 --> 00:01:56,297 ဒါကို embolism လို့ခေါ်ပြီး၊ 32 00:01:56,297 --> 00:02:00,665 နှလုံးကစီးတဲ့သွေးကြောတွေကနေ ဆဲလ်တွေဆီ အောက်ဆီဂျင်ပို့ခြင်းကို ဖြတ်တောက်ပါတယ်။ 33 00:02:00,665 --> 00:02:05,862 ဦးနှောက်မှာ နာကျင်မှုကိုခံစားတဲ့အာရုံခံတွေ မရှိတဲ့အတွက် ပိတ်ဆို့မှုကို မခံစားရပါဘူး။ 34 00:02:05,862 --> 00:02:08,672 သို့သော် အောက်ဆီဂျင်ချို့တဲ့၍ ဦးနှောက်လုပ်ဆောင်မှုနှေးစေပြီး 35 00:02:08,672 --> 00:02:11,802 ရုတ်တရက် သိသာတဲ့ အကျိုးဆက်ကို ဖြစ်စေပါတယ်။ 36 00:02:11,802 --> 00:02:15,593 ဥပမာ- ထိခိုက်သွားတဲ့နေရာက ဦးနှောက်ရဲ့ စကားပြောဖို့အတွက် အလုပ်လုပ်တဲ့နေရာဖြစ်ရင်၊ 37 00:02:15,593 --> 00:02:18,514 အဲ့ဒီလူ ပြောတဲ့စကားတွေက ဗလုံးဗထွေး ဖြစ်သွားနိုင်ပါတယ်။ 38 00:02:18,514 --> 00:02:21,972 ကြွက်သားလှုပ်ရှားမှုကို ထိန်းချုပ်တဲ့အပိုင်းကို ထိခိုက်သွားခဲ့ရင် 39 00:02:21,972 --> 00:02:26,553 များသောအားဖြင့် ကိုယ်ခန္ဓာတစ်ခြမ်းမှာ အားနည်းမှုဖြစ်သွားနိုင်ပါတယ်။ 40 00:02:26,553 --> 00:02:30,435 အဲဒီလိုဖြစ်ရင်၊ ထိခိုက်တဲ့နေရာကို လမ်းကြောင်းပြောင်း သွေးစီးဆင်းခြင်းဖြင့် 41 00:02:30,435 --> 00:02:33,405 ကိုယ်ခန္ဓာက ချက်ချင်းချိန်ညှိပေးဖို့ ကြိုးစားပါတယ်။ 42 00:02:33,405 --> 00:02:35,885 ဒါပေမယ့် ဒါဟာအကောင်းဆုံးအဖြေမဟုတ်ပါဘူး။ 43 00:02:35,885 --> 00:02:39,824 နောက်ဆုံးတော့ အောက်ဆီဂျင် လုံလုံလောက်လောက် မရတဲ့ဆဲလ်ဟာ သေဆုံးပြီး၊ 44 00:02:39,824 --> 00:02:43,748 ပြင်းထန်တဲ့ သို့မဟုတ် ရာသက်ပန် ဦးနှောက်ပျက်စီးမှုကို ဖြစ်စေပါတယ်။ 45 00:02:43,748 --> 00:02:48,390 ဒါကြောင့် အမြန်ဆုံးဆေးဝါးကုသမှု ခံယူဖို့အရေးကြီးပါတယ်။ 46 00:02:48,390 --> 00:02:51,370 ကနဦး ကုသမှုအပိုင်းမှာတော့ သွေးကြောထဲကို ဆေးသွင်းခြင်းဖြစ်ပြီး၊ 47 00:02:51,370 --> 00:02:54,205 Tissue Plasminogen Activator လို့ခေါ်ပါတယ်။ 48 00:02:54,205 --> 00:02:55,884 ဒါက သွေးခဲကို ပြိုကွဲစေပြီး၊ 49 00:02:55,884 --> 00:02:59,855 သွေးလုံလောက်စွာမရတဲ့ သွေးလွှတ်ကြောများသို့ သွေးပြန်လည်စီးဆင်းစေပါတယ်။ 50 00:02:59,855 --> 00:03:02,015 နာရီပိုင်းအတွင်း သွေးပြန်စီးဆင်းနိုင်ရင်၊ 51 00:03:02,015 --> 00:03:05,415 ဒီကုသနည်းက လေဖြတ်ခြင်းကို ကျော်လွှား နိုင်စေမှာဖြစ်ပြီး၊ 52 00:03:05,415 --> 00:03:08,496 ရာသက်ပန်ဖြစ်စေနိုင်တဲ့ အကျိုးဆက်တွေကိုလည်း ရှောင်ရှားနိုင်ပါတယ်။ 53 00:03:08,496 --> 00:03:11,646 Tissue Plasminogen Activator ကုသနည်း နဲ့ ကုပေးလို့မရတဲ့၊ 54 00:03:11,646 --> 00:03:13,976 အချို့သောဆေးဝါးတွေကို လူနာက မှီဝဲနေတဲ့အခါမျိုး၊ 55 00:03:13,976 --> 00:03:15,595 သွေးအလွန်ထွက်ဖူးတဲ့ သမိုင်းရှိရင် 56 00:03:15,595 --> 00:03:18,336 သို့မဟုတ် သွေးခဲကအလွန်ကြီးနေရင်၊ 57 00:03:18,336 --> 00:03:23,605 ဆရာဝန်တွေအနေနဲ့ endovascular thrombectomy ဆိုတဲ့ ကုထုံးနဲ့ ကုသမှာဖြစ်တယ်။ 58 00:03:23,605 --> 00:03:28,694 မီးထိုးလျှင် တောက်ပသော ဆိုးဆေးသုံး၍ အားကောင်းသောဓါတ်မှန်အောက်မှာ 59 00:03:28,694 --> 00:03:33,146 သွေးကြောကို ထင်ရှားစေပြီး၊ သေးငယ် ရှည်လျား၍ ကွေးကောက်နိုင်သောပြွန်ကို 60 00:03:33,146 --> 00:03:35,375 လူနာခြေထောက်ရှိ သွေးလွှတ်ကြောထဲ မှတဆင့်၊ 61 00:03:35,375 --> 00:03:38,508 သွေးကြောပိတ်ဆို့တဲ့ နေရာအထိ ထိန်းချုပ် ထိုးသွင်းသွားမှာဖြစ်ပါတယ်။ 62 00:03:38,508 --> 00:03:41,377 ဒီပြွန်ထဲမှ retriever ကိရိုယာ ကဖြတ်သန်းသွားမှာပါ။ 63 00:03:41,377 --> 00:03:45,867 ၄င်းက သွေးခဲကိုဖြတ်သွားချိန်မှာ ဖြန့်ကားပြီး၊သွေးခဲကို ချိတ်တွယ်ထားပါတယ်။ 64 00:03:45,867 --> 00:03:50,737 ထို့နောက် ပြွန်ငယ်ကိုပြန်ထုတ်ချိန်မှာ သွေးခဲကိုပါဆွဲထုတ်လိုက်နိုင်ပါတယ်။ 65 00:03:50,737 --> 00:03:53,679 ဦးနှောက်လည်ပတ်နိုင်မှု မပျက်စေဖို့ ဒီကုသမှုတွေကို တတ်နိုင်သမျှ 66 00:03:53,679 --> 00:03:55,338 အမြန်ဆုံးလုပ်ဖို့ လိုပါတယ်။ 67 00:03:55,338 --> 00:03:59,588 ဒီအတွက် တစ်စုံတစ်ဦး လေဖြတ်နိုင်ခြေကို အမြန်ဆုံး ခန့်မှန်းနိုင်ဖို့လိုပါတယ်။ 68 00:03:59,588 --> 00:04:01,017 ဒါဆို ဘယ်လိုသိနိုင်မှာလဲ။ 69 00:04:01,017 --> 00:04:03,869 အမြန်ဆုံးသိနိုင်မယ့် နည်း(၃)ခုရှိပါတယ်။ 70 00:04:03,869 --> 00:04:06,558 ၁။ အဲဒီလူကို ပြုံးပြခိုင်းပါ။ 71 00:04:06,558 --> 00:04:11,118 ပါးစပ်ကရွဲ့နေရင် (သို့မဟုတ်) မျက်နှာက တွဲကျနေရင် ကြွက်သားအားနည်းတာ ဖြစ်နိုင်တယ်။ 72 00:04:11,118 --> 00:04:13,879 ၂။ လက်မြှောက်ခိုင်းကြည့်ပါ။ 73 00:04:13,879 --> 00:04:19,829 လက်တစ်ဖက်က အောက်ဖက်ကို ပြန်လျှောကျလာရင် ဒါကလည်း လေဖြတ်ချင်တဲ့ လက္ခဏာပါပဲ။ 74 00:04:19,829 --> 00:04:23,919 ၃။ ရိုးရှင်းတဲ့စကားလုံး သို့မဟုတ် စကားစုကို ထပ်တလဲလဲ ရွတ်ခိုင်းကြည့်ပါ။ 75 00:04:23,919 --> 00:04:26,788 သူတို့အသံက ဗလုံးဗထွေးဖြစ်နေရင် သို့မဟုတ် တမူထူးနေရင်၊ 76 00:04:26,788 --> 00:04:31,489 စကားကိုထိန်းချုပ်တဲ့ဦးနှောက်အစိတ်အပိုင်းက အောက်ဆီဂျင်ချို့တဲ့နေတဲ့ အဓိပ္ပါယ်ပါ။ 77 00:04:31,489 --> 00:04:37,281 ဒါကို FAST စစ်ဆေးမှုလို့ခေါ်ပြီး၊ T က အချိန်ကို ကိုယ်စားပြုပါတယ်။ 78 00:04:37,281 --> 00:04:42,290 ဒီလက္ခဏာတစ်ခုခုကို တွေ့ခဲ့ရင် အရေးပေါ်ဝန်ဆောင်မှုကို ချက်ချင်းခေါ်ဆိုပါ။ 79 00:04:42,290 --> 00:04:44,331 လူ့အသက်များ ဒီအပေါ်မူတည်နေနိုင်ပါတယ်။