0:00:00.000,0:00:12.525 ကမ္ဘာမှာ တစ်စုံတစ်ယောက်ဟာ တစ်နေရာရာမှာ[br]နှစ်စက္ကန့်တိုင်း လေဖြတ်ခြင်းကိုခံစားရတယ်။ 0:00:12.525,0:00:17.878 လူခြောက်ယောက်မှာ တစ်ယောက်ဟာ[br]ဘဝမှာ ဒီအဖြစ်ကိုကြုံတွေ့ရမှာပါ။ 0:00:17.878,0:00:20.868 လေဖြတ်ခြင်းကဦးနှောက်ဆဲလ်တွေ [br]အောက်စီဂျင် ချို့ငဲ့လို့ဖြစ်ပြီး၊ 0:00:20.868,0:00:23.589 လူသေဆုံးစေတဲ့ အကြောင််းရင်းထဲက[br]အဖြစ်များဆုံးတစ်ခုဖြစ်တယ်။ 0:00:23.589,0:00:26.785 ကာကွယ်နိုင်တဲ့ မသန်စွမ်းဖြစ်မှုကို[br]ဖြစ်စေတဲ့အဓိကအကြောင်းလည်းဖြစ်တယ်။ 0:00:26.785,0:00:31.449 လူတစ်ဦးလေဖြတ်ခဲ့ရင် အမြန်ဆုံး[br]ဆေးဝါးကုသစေဖို့က အလွန်အရေးကြီးပြီး၊ 0:00:31.449,0:00:34.729 ရာသက်ပန်ဦးနှောက်ပျက်စီးခြင်းကို[br]ရှောင်ရှားနိုင်ပါတယ်။ 0:00:34.729,0:00:37.588 ဒါပေမယ့် လေဖြတ်ခြင်းးကို ဖြစ်စေတဲ့[br]အကြောင်းရင်းကဘာလဲ။ 0:00:37.588,0:00:40.849 ဆရာဝန်တွေအနေနဲ့ ဒါကိုကုသဖို့[br]ဘာတွေလုပ်ပေးနိုင်လဲ? 0:00:40.849,0:00:44.520 ဦးနှောက်က သင့်ခန္ဓာကိုယ်ရဲ့ [br]၂% သာ ရှိပါတယ်။ 0:00:44.520,0:00:48.958 ဒါပေမယ့် သွေးထဲမှာရှိတဲ့ အောက်ဆီဂျင်ရဲ့[br]၂၀% ထက်ပိုပြီး သုံးစွဲပါတယ်။ 0:00:48.958,0:00:52.751 အဲ့ဒီအောက်ဆီဂျင်ကို သွေးလွှတ်ကြောစနစ်[br]မှတဆင့် ဦးနှောက်ကိုသယ်သွားပြီး 0:00:52.751,0:00:55.638 Carotid artieriesများက [br]ဦးနှောက်အရှေ့ပိုင်းကိုသွေးပို့ပေးပြီး 0:00:55.638,0:00:58.688 ကြောရိုးရှိသွေးလွှတ်ကြောများက [br]အနောက်ပိုင်းကို ပို့ပေးပါတယ်။ 0:00:58.688,0:01:00.719 သူတို့ဟာ အချင်းချင်းဆက်နွယ်နေပါတယ်။ 0:01:00.719,0:01:03.369 ၄င်းတို့ဟာ ပိုမိုသေးငယ်တဲ့သွေးကြောများ[br]အဖြစ် ခွဲထွက်ကာ 0:01:03.369,0:01:07.380 ဘီလီယံနဲ့ချီတဲ့ အာရုံကြောဆဲလ်လေးများ[br]လိုအပ်တဲ့အောက်ဆီဂျင်ဓါတ်ကိုပေးပါတယ်။ 0:01:07.380,0:01:13.349 သွေးလည်ပတ်မှု ပြတ်တောက်ရင် အောက်ဆီဂျင်[br]ပို့ပေးမှုရပ်ပြီး ဦးနှောက်ဆဲလ်တွေသေမှာပါ။ 0:01:13.349,0:01:15.490 ဒီလိုဖြစ်နိုင်တဲ့ နည်းလမ်းနှစ်ခုရှိပါတယ်။ 0:01:15.490,0:01:20.641 ဦးနှောက်သွေးကြောပြတ်၍ ဦးနှောက်တွင်း [br]သွေးယိုစိမ့်ရင်ဖြစ်နိုင်ပါတယ်။ 0:01:20.641,0:01:23.530 ပိုအဖြစ်များတာကတော့ ischemic လို့ခေါ်တဲ့[br]လေဖြတ်ခြင်းဖြစ်ပြီး၊ 0:01:23.530,0:01:28.518 သွေးကြောထဲမှာ သွေးခဲပိတ်ဆို့မှုဖြစ်ပြီး[br]သွေးလည်ပတ်မှု ရပ်တန့်သွားတာပါ။ 0:01:28.518,0:01:30.690 ဒီသွေးခဲက ဘယ်ကဖြစ်လာတာလဲ။ 0:01:30.690,0:01:33.591 ရှားပါးတဲ့ ဖြစ်စဉ်တွေမှာ[br]နှလုံးးခုန်နှုန်း ရုတ်တရက်ပြောင်းတာက 0:01:33.591,0:01:37.900 နှလုံးအပေါ်ခန်းတွေကို [br]ပုံမှန်အတိုင်း မကျုံ့စေတော့တဲ့အတွက် 0:01:37.900,0:01:39.809 သွေးလည်ပတ်မှုက နှေးကွေးသွားပြီး၊ 0:01:39.809,0:01:45.382 သွေးလည်ပတ်မှုကို ပိတ်ဆို့စေတဲ့ [br]အရာများကို စုဝေးစေပြီး သွေးခဲဖြစ်စေတယ်။ 0:01:45.382,0:01:46.731 ဒီသွေးခဲက သွေးလွှတ်ကြောနဲ့ 0:01:46.731,0:01:50.611 ဦးနှောက်ကိုထောက်ပံ့ပေးတဲ့ သွေးကြောတွေဆီ[br]သယ်ဆောင်ခြင်းခံရပြီး၊ 0:01:50.611,0:01:54.092 ထပ်ပြီးတိုးဝင်လို့မရတော့တဲ့ [br]သွေးကြောဆီရောက်တဲ့အထိပါပဲ။ 0:01:54.092,0:01:56.297 ဒါကို embolism လို့ခေါ်ပြီး၊ 0:01:56.297,0:02:00.665 နှလုံးကစီးတဲ့သွေးကြောတွေကနေ ဆဲလ်တွေဆီ[br]အောက်ဆီဂျင်ပို့ခြင်းကို ဖြတ်တောက်ပါတယ်။ 0:02:00.665,0:02:05.862 ဦးနှောက်မှာ နာကျင်မှုကိုခံစားတဲ့အာရုံခံတွေ[br]မရှိတဲ့အတွက် ပိတ်ဆို့မှုကို မခံစားရပါဘူး။ 0:02:05.862,0:02:08.672 သို့သော် အောက်ဆီဂျင်ချို့တဲ့၍[br]ဦးနှောက်လုပ်ဆောင်မှုနှေးစေပြီး 0:02:08.672,0:02:11.802 ရုတ်တရက် သိသာတဲ့ အကျိုးဆက်ကို ဖြစ်စေပါတယ်။ 0:02:11.802,0:02:15.593 ဥပမာ- ထိခိုက်သွားတဲ့နေရာက ဦးနှောက်ရဲ့[br]စကားပြောဖို့အတွက် အလုပ်လုပ်တဲ့နေရာဖြစ်ရင်၊ 0:02:15.593,0:02:18.514 အဲ့ဒီလူ ပြောတဲ့စကားတွေက [br]ဗလုံးဗထွေး ဖြစ်သွားနိုင်ပါတယ်။ 0:02:18.514,0:02:21.972 ကြွက်သားလှုပ်ရှားမှုကို [br]ထိန်းချုပ်တဲ့အပိုင်းကို ထိခိုက်သွားခဲ့ရင် 0:02:21.972,0:02:26.553 များသောအားဖြင့် ကိုယ်ခန္ဓာတစ်ခြမ်းမှာ [br]အားနည်းမှုဖြစ်သွားနိုင်ပါတယ်။ 0:02:26.553,0:02:30.435 အဲဒီလိုဖြစ်ရင်၊ ထိခိုက်တဲ့နေရာကို[br]လမ်းကြောင်းပြောင်း သွေးစီးဆင်းခြင်းဖြင့် 0:02:30.435,0:02:33.405 ကိုယ်ခန္ဓာက ချက်ချင်းချိန်ညှိပေးဖို့ [br]ကြိုးစားပါတယ်။ 0:02:33.405,0:02:35.885 ဒါပေမယ့် ဒါဟာအကောင်းဆုံးအဖြေမဟုတ်ပါဘူး။ 0:02:35.885,0:02:39.824 နောက်ဆုံးတော့ အောက်ဆီဂျင် လုံလုံလောက်လောက်[br]မရတဲ့ဆဲလ်ဟာ သေဆုံးပြီး၊ 0:02:39.824,0:02:43.748 ပြင်းထန်တဲ့ သို့မဟုတ် ရာသက်ပန်[br]ဦးနှောက်ပျက်စီးမှုကို ဖြစ်စေပါတယ်။ 0:02:43.748,0:02:48.390 ဒါကြောင့် အမြန်ဆုံးဆေးဝါးကုသမှု[br]ခံယူဖို့အရေးကြီးပါတယ်။ 0:02:48.390,0:02:51.370 ကနဦး ကုသမှုအပိုင်းမှာတော့ [br]သွေးကြောထဲကို ဆေးသွင်းခြင်းဖြစ်ပြီး၊ 0:02:51.370,0:02:54.205 Tissue Plasminogen Activator [br]လို့ခေါ်ပါတယ်။ 0:02:54.205,0:02:55.884 ဒါက သွေးခဲကို ပြိုကွဲစေပြီး၊ 0:02:55.884,0:02:59.855 သွေးလုံလောက်စွာမရတဲ့ သွေးလွှတ်ကြောများသို့[br]သွေးပြန်လည်စီးဆင်းစေပါတယ်။ 0:02:59.855,0:03:02.015 နာရီပိုင်းအတွင်း သွေးပြန်စီးဆင်းနိုင်ရင်၊ 0:03:02.015,0:03:05.415 ဒီကုသနည်းက လေဖြတ်ခြင်းကို ကျော်လွှား[br]နိုင်စေမှာဖြစ်ပြီး၊ 0:03:05.415,0:03:08.496 ရာသက်ပန်ဖြစ်စေနိုင်တဲ့ အကျိုးဆက်တွေကိုလည်း[br]ရှောင်ရှားနိုင်ပါတယ်။ 0:03:08.496,0:03:11.646 Tissue Plasminogen Activator ကုသနည်း နဲ့[br]ကုပေးလို့မရတဲ့၊ 0:03:11.646,0:03:13.976 အချို့သောဆေးဝါးတွေကို[br]လူနာက မှီဝဲနေတဲ့အခါမျိုး၊ 0:03:13.976,0:03:15.595 သွေးအလွန်ထွက်ဖူးတဲ့ သမိုင်းရှိရင် 0:03:15.595,0:03:18.336 သို့မဟုတ် သွေးခဲကအလွန်ကြီးနေရင်၊ 0:03:18.336,0:03:23.605 ဆရာဝန်တွေအနေနဲ့ endovascular thrombectomy[br]ဆိုတဲ့ ကုထုံးနဲ့ ကုသမှာဖြစ်တယ်။ 0:03:23.605,0:03:28.694 မီးထိုးလျှင် တောက်ပသော ဆိုးဆေးသုံး၍[br]အားကောင်းသောဓါတ်မှန်အောက်မှာ 0:03:28.694,0:03:33.146 သွေးကြောကို ထင်ရှားစေပြီး၊ သေးငယ်[br]ရှည်လျား၍ ကွေးကောက်နိုင်သောပြွန်ကို 0:03:33.146,0:03:35.375 လူနာခြေထောက်ရှိ သွေးလွှတ်ကြောထဲ[br]မှတဆင့်၊ 0:03:35.375,0:03:38.508 သွေးကြောပိတ်ဆို့တဲ့ နေရာအထိ [br]ထိန်းချုပ် ထိုးသွင်းသွားမှာဖြစ်ပါတယ်။ 0:03:38.508,0:03:41.377 ဒီပြွန်ထဲမှ retriever ကိရိုယာ[br]ကဖြတ်သန်းသွားမှာပါ။ 0:03:41.377,0:03:45.867 ၄င်းက သွေးခဲကိုဖြတ်သွားချိန်မှာ[br]ဖြန့်ကားပြီး၊သွေးခဲကို ချိတ်တွယ်ထားပါတယ်။ 0:03:45.867,0:03:50.737 ထို့နောက် ပြွန်ငယ်ကိုပြန်ထုတ်ချိန်မှာ[br]သွေးခဲကိုပါဆွဲထုတ်လိုက်နိုင်ပါတယ်။ 0:03:50.737,0:03:53.679 ဦးနှောက်လည်ပတ်နိုင်မှု မပျက်စေဖို့[br]ဒီကုသမှုတွေကို တတ်နိုင်သမျှ 0:03:53.679,0:03:55.338 အမြန်ဆုံးလုပ်ဖို့ လိုပါတယ်။ 0:03:55.338,0:03:59.588 ဒီအတွက် တစ်စုံတစ်ဦး လေဖြတ်နိုင်ခြေကို [br]အမြန်ဆုံး ခန့်မှန်းနိုင်ဖို့လိုပါတယ်။ 0:03:59.588,0:04:01.017 ဒါဆို ဘယ်လိုသိနိုင်မှာလဲ။ 0:04:01.017,0:04:03.869 အမြန်ဆုံးသိနိုင်မယ့် နည်း(၃)ခုရှိပါတယ်။ 0:04:03.869,0:04:06.558 ၁။ အဲဒီလူကို ပြုံးပြခိုင်းပါ။ 0:04:06.558,0:04:11.118 ပါးစပ်ကရွဲ့နေရင် (သို့မဟုတ်) မျက်နှာက[br]တွဲကျနေရင် ကြွက်သားအားနည်းတာ ဖြစ်နိုင်တယ်။ 0:04:11.118,0:04:13.879 ၂။ လက်မြှောက်ခိုင်းကြည့်ပါ။ 0:04:13.879,0:04:19.829 လက်တစ်ဖက်က အောက်ဖက်ကို ပြန်လျှောကျလာရင်[br]ဒါကလည်း လေဖြတ်ချင်တဲ့ လက္ခဏာပါပဲ။ 0:04:19.829,0:04:23.919 ၃။ ရိုးရှင်းတဲ့စကားလုံး သို့မဟုတ်[br]စကားစုကို ထပ်တလဲလဲ ရွတ်ခိုင်းကြည့်ပါ။ 0:04:23.919,0:04:26.788 သူတို့အသံက ဗလုံးဗထွေးဖြစ်နေရင်[br]သို့မဟုတ် တမူထူးနေရင်၊ 0:04:26.788,0:04:31.489 စကားကိုထိန်းချုပ်တဲ့ဦးနှောက်အစိတ်အပိုင်းက [br]အောက်ဆီဂျင်ချို့တဲ့နေတဲ့ အဓိပ္ပါယ်ပါ။ 0:04:31.489,0:04:37.281 ဒါကို FAST စစ်ဆေးမှုလို့ခေါ်ပြီး၊[br]T က အချိန်ကို ကိုယ်စားပြုပါတယ်။ 0:04:37.281,0:04:42.290 ဒီလက္ခဏာတစ်ခုခုကို တွေ့ခဲ့ရင်[br]အရေးပေါ်ဝန်ဆောင်မှုကို ချက်ချင်းခေါ်ဆိုပါ။ 0:04:42.290,0:04:44.331 လူ့အသက်များ ဒီအပေါ်မူတည်နေနိုင်ပါတယ်။