< Return to Video

လေဖြတ်ခြင်းဖြစ်စဥ်မှာ ဘာတွေဖြစ်သလဲ။ Vaibhav Goswami

  • 0:00 - 0:13
    ကမ္ဘာမှာ တစ်စုံတစ်ယောက်ဟာ တစ်နေရာရာမှာ
    နှစ်စက္ကန့်တိုင်း လေဖြတ်ခြင်းကိုခံစားရတယ်။
  • 0:13 - 0:18
    လူခြောက်ယောက်မှာ တစ်ယောက်ဟာ
    ဘဝမှာ ဒီအဖြစ်ကိုကြုံတွေ့ရမှာပါ။
  • 0:18 - 0:21
    လေဖြတ်ခြင်းကဦးနှောက်ဆဲလ်တွေ
    အောက်စီဂျင် ချို့ငဲ့လို့ဖြစ်ပြီး၊
  • 0:21 - 0:24
    လူသေဆုံးစေတဲ့ အကြောင််းရင်းထဲက
    အဖြစ်များဆုံးတစ်ခုဖြစ်တယ်။
  • 0:24 - 0:27
    ကာကွယ်နိုင်တဲ့ မသန်စွမ်းဖြစ်မှုကို
    ဖြစ်စေတဲ့အဓိကအကြောင်းလည်းဖြစ်တယ်။
  • 0:27 - 0:31
    လူတစ်ဦးလေဖြတ်ခဲ့ရင် အမြန်ဆုံး
    ဆေးဝါးကုသစေဖို့က အလွန်အရေးကြီးပြီး၊
  • 0:31 - 0:35
    ရာသက်ပန်ဦးနှောက်ပျက်စီးခြင်းကို
    ရှောင်ရှားနိုင်ပါတယ်။
  • 0:35 - 0:38
    ဒါပေမယ့် လေဖြတ်ခြင်းးကို ဖြစ်စေတဲ့
    အကြောင်းရင်းကဘာလဲ။
  • 0:38 - 0:41
    ဆရာဝန်တွေအနေနဲ့ ဒါကိုကုသဖို့
    ဘာတွေလုပ်ပေးနိုင်လဲ?
  • 0:41 - 0:45
    ဦးနှောက်က သင့်ခန္ဓာကိုယ်ရဲ့
    ၂% သာ ရှိပါတယ်။
  • 0:45 - 0:49
    ဒါပေမယ့် သွေးထဲမှာရှိတဲ့ အောက်ဆီဂျင်ရဲ့
    ၂၀% ထက်ပိုပြီး သုံးစွဲပါတယ်။
  • 0:49 - 0:53
    အဲ့ဒီအောက်ဆီဂျင်ကို သွေးလွှတ်ကြောစနစ်
    မှတဆင့် ဦးနှောက်ကိုသယ်သွားပြီး
  • 0:53 - 0:56
    Carotid artieriesများက
    ဦးနှောက်အရှေ့ပိုင်းကိုသွေးပို့ပေးပြီး
  • 0:56 - 0:59
    ကြောရိုးရှိသွေးလွှတ်ကြောများက
    အနောက်ပိုင်းကို ပို့ပေးပါတယ်။
  • 0:59 - 1:01
    သူတို့ဟာ အချင်းချင်းဆက်နွယ်နေပါတယ်။
  • 1:01 - 1:03
    ၄င်းတို့ဟာ ပိုမိုသေးငယ်တဲ့သွေးကြောများ
    အဖြစ် ခွဲထွက်ကာ
  • 1:03 - 1:07
    ဘီလီယံနဲ့ချီတဲ့ အာရုံကြောဆဲလ်လေးများ
    လိုအပ်တဲ့အောက်ဆီဂျင်ဓါတ်ကိုပေးပါတယ်။
  • 1:07 - 1:13
    သွေးလည်ပတ်မှု ပြတ်တောက်ရင် အောက်ဆီဂျင်
    ပို့ပေးမှုရပ်ပြီး ဦးနှောက်ဆဲလ်တွေသေမှာပါ။
  • 1:13 - 1:15
    ဒီလိုဖြစ်နိုင်တဲ့ နည်းလမ်းနှစ်ခုရှိပါတယ်။
  • 1:15 - 1:21
    ဦးနှောက်သွေးကြောပြတ်၍ ဦးနှောက်တွင်း
    သွေးယိုစိမ့်ရင်ဖြစ်နိုင်ပါတယ်။
  • 1:21 - 1:24
    ပိုအဖြစ်များတာကတော့ ischemic လို့ခေါ်တဲ့
    လေဖြတ်ခြင်းဖြစ်ပြီး၊
  • 1:24 - 1:29
    သွေးကြောထဲမှာ သွေးခဲပိတ်ဆို့မှုဖြစ်ပြီး
    သွေးလည်ပတ်မှု ရပ်တန့်သွားတာပါ။
  • 1:29 - 1:31
    ဒီသွေးခဲက ဘယ်ကဖြစ်လာတာလဲ။
  • 1:31 - 1:34
    ရှားပါးတဲ့ ဖြစ်စဉ်တွေမှာ
    နှလုံးးခုန်နှုန်း ရုတ်တရက်ပြောင်းတာက
  • 1:34 - 1:38
    နှလုံးအပေါ်ခန်းတွေကို
    ပုံမှန်အတိုင်း မကျုံ့စေတော့တဲ့အတွက်
  • 1:38 - 1:40
    သွေးလည်ပတ်မှုက နှေးကွေးသွားပြီး၊
  • 1:40 - 1:45
    သွေးလည်ပတ်မှုကို ပိတ်ဆို့စေတဲ့
    အရာများကို စုဝေးစေပြီး သွေးခဲဖြစ်စေတယ်။
  • 1:45 - 1:47
    ဒီသွေးခဲက သွေးလွှတ်ကြောနဲ့
  • 1:47 - 1:51
    ဦးနှောက်ကိုထောက်ပံ့ပေးတဲ့ သွေးကြောတွေဆီ
    သယ်ဆောင်ခြင်းခံရပြီး၊
  • 1:51 - 1:54
    ထပ်ပြီးတိုးဝင်လို့မရတော့တဲ့
    သွေးကြောဆီရောက်တဲ့အထိပါပဲ။
  • 1:54 - 1:56
    ဒါကို embolism လို့ခေါ်ပြီး၊
  • 1:56 - 2:01
    နှလုံးကစီးတဲ့သွေးကြောတွေကနေ ဆဲလ်တွေဆီ
    အောက်ဆီဂျင်ပို့ခြင်းကို ဖြတ်တောက်ပါတယ်။
  • 2:01 - 2:06
    ဦးနှောက်မှာ နာကျင်မှုကိုခံစားတဲ့အာရုံခံတွေ
    မရှိတဲ့အတွက် ပိတ်ဆို့မှုကို မခံစားရပါဘူး။
  • 2:06 - 2:09
    သို့သော် အောက်ဆီဂျင်ချို့တဲ့၍
    ဦးနှောက်လုပ်ဆောင်မှုနှေးစေပြီး
  • 2:09 - 2:12
    ရုတ်တရက် သိသာတဲ့ အကျိုးဆက်ကို ဖြစ်စေပါတယ်။
  • 2:12 - 2:16
    ဥပမာ- ထိခိုက်သွားတဲ့နေရာက ဦးနှောက်ရဲ့
    စကားပြောဖို့အတွက် အလုပ်လုပ်တဲ့နေရာဖြစ်ရင်၊
  • 2:16 - 2:19
    အဲ့ဒီလူ ပြောတဲ့စကားတွေက
    ဗလုံးဗထွေး ဖြစ်သွားနိုင်ပါတယ်။
  • 2:19 - 2:22
    ကြွက်သားလှုပ်ရှားမှုကို
    ထိန်းချုပ်တဲ့အပိုင်းကို ထိခိုက်သွားခဲ့ရင်
  • 2:22 - 2:27
    များသောအားဖြင့် ကိုယ်ခန္ဓာတစ်ခြမ်းမှာ
    အားနည်းမှုဖြစ်သွားနိုင်ပါတယ်။
  • 2:27 - 2:30
    အဲဒီလိုဖြစ်ရင်၊ ထိခိုက်တဲ့နေရာကို
    လမ်းကြောင်းပြောင်း သွေးစီးဆင်းခြင်းဖြင့်
  • 2:30 - 2:33
    ကိုယ်ခန္ဓာက ချက်ချင်းချိန်ညှိပေးဖို့
    ကြိုးစားပါတယ်။
  • 2:33 - 2:36
    ဒါပေမယ့် ဒါဟာအကောင်းဆုံးအဖြေမဟုတ်ပါဘူး။
  • 2:36 - 2:40
    နောက်ဆုံးတော့ အောက်ဆီဂျင် လုံလုံလောက်လောက်
    မရတဲ့ဆဲလ်ဟာ သေဆုံးပြီး၊
  • 2:40 - 2:44
    ပြင်းထန်တဲ့ သို့မဟုတ် ရာသက်ပန်
    ဦးနှောက်ပျက်စီးမှုကို ဖြစ်စေပါတယ်။
  • 2:44 - 2:48
    ဒါကြောင့် အမြန်ဆုံးဆေးဝါးကုသမှု
    ခံယူဖို့အရေးကြီးပါတယ်။
  • 2:48 - 2:51
    ကနဦး ကုသမှုအပိုင်းမှာတော့
    သွေးကြောထဲကို ဆေးသွင်းခြင်းဖြစ်ပြီး၊
  • 2:51 - 2:54
    Tissue Plasminogen Activator
    လို့ခေါ်ပါတယ်။
  • 2:54 - 2:56
    ဒါက သွေးခဲကို ပြိုကွဲစေပြီး၊
  • 2:56 - 3:00
    သွေးလုံလောက်စွာမရတဲ့ သွေးလွှတ်ကြောများသို့
    သွေးပြန်လည်စီးဆင်းစေပါတယ်။
  • 3:00 - 3:02
    နာရီပိုင်းအတွင်း သွေးပြန်စီးဆင်းနိုင်ရင်၊
  • 3:02 - 3:05
    ဒီကုသနည်းက လေဖြတ်ခြင်းကို ကျော်လွှား
    နိုင်စေမှာဖြစ်ပြီး၊
  • 3:05 - 3:08
    ရာသက်ပန်ဖြစ်စေနိုင်တဲ့ အကျိုးဆက်တွေကိုလည်း
    ရှောင်ရှားနိုင်ပါတယ်။
  • 3:08 - 3:12
    Tissue Plasminogen Activator ကုသနည်း နဲ့
    ကုပေးလို့မရတဲ့၊
  • 3:12 - 3:14
    အချို့သောဆေးဝါးတွေကို
    လူနာက မှီဝဲနေတဲ့အခါမျိုး၊
  • 3:14 - 3:16
    သွေးအလွန်ထွက်ဖူးတဲ့ သမိုင်းရှိရင်
  • 3:16 - 3:18
    သို့မဟုတ် သွေးခဲကအလွန်ကြီးနေရင်၊
  • 3:18 - 3:24
    ဆရာဝန်တွေအနေနဲ့ endovascular thrombectomy
    ဆိုတဲ့ ကုထုံးနဲ့ ကုသမှာဖြစ်တယ်။
  • 3:24 - 3:29
    မီးထိုးလျှင် တောက်ပသော ဆိုးဆေးသုံး၍
    အားကောင်းသောဓါတ်မှန်အောက်မှာ
  • 3:29 - 3:33
    သွေးကြောကို ထင်ရှားစေပြီး၊ သေးငယ်
    ရှည်လျား၍ ကွေးကောက်နိုင်သောပြွန်ကို
  • 3:33 - 3:35
    လူနာခြေထောက်ရှိ သွေးလွှတ်ကြောထဲ
    မှတဆင့်၊
  • 3:35 - 3:39
    သွေးကြောပိတ်ဆို့တဲ့ နေရာအထိ
    ထိန်းချုပ် ထိုးသွင်းသွားမှာဖြစ်ပါတယ်။
  • 3:39 - 3:41
    ဒီပြွန်ထဲမှ retriever ကိရိုယာ
    ကဖြတ်သန်းသွားမှာပါ။
  • 3:41 - 3:46
    ၄င်းက သွေးခဲကိုဖြတ်သွားချိန်မှာ
    ဖြန့်ကားပြီး၊သွေးခဲကို ချိတ်တွယ်ထားပါတယ်။
  • 3:46 - 3:51
    ထို့နောက် ပြွန်ငယ်ကိုပြန်ထုတ်ချိန်မှာ
    သွေးခဲကိုပါဆွဲထုတ်လိုက်နိုင်ပါတယ်။
  • 3:51 - 3:54
    ဦးနှောက်လည်ပတ်နိုင်မှု မပျက်စေဖို့
    ဒီကုသမှုတွေကို တတ်နိုင်သမျှ
  • 3:54 - 3:55
    အမြန်ဆုံးလုပ်ဖို့ လိုပါတယ်။
  • 3:55 - 4:00
    ဒီအတွက် တစ်စုံတစ်ဦး လေဖြတ်နိုင်ခြေကို
    အမြန်ဆုံး ခန့်မှန်းနိုင်ဖို့လိုပါတယ်။
  • 4:00 - 4:01
    ဒါဆို ဘယ်လိုသိနိုင်မှာလဲ။
  • 4:01 - 4:04
    အမြန်ဆုံးသိနိုင်မယ့် နည်း(၃)ခုရှိပါတယ်။
  • 4:04 - 4:07
    ၁။ အဲဒီလူကို ပြုံးပြခိုင်းပါ။
  • 4:07 - 4:11
    ပါးစပ်ကရွဲ့နေရင် (သို့မဟုတ်) မျက်နှာက
    တွဲကျနေရင် ကြွက်သားအားနည်းတာ ဖြစ်နိုင်တယ်။
  • 4:11 - 4:14
    ၂။ လက်မြှောက်ခိုင်းကြည့်ပါ။
  • 4:14 - 4:20
    လက်တစ်ဖက်က အောက်ဖက်ကို ပြန်လျှောကျလာရင်
    ဒါကလည်း လေဖြတ်ချင်တဲ့ လက္ခဏာပါပဲ။
  • 4:20 - 4:24
    ၃။ ရိုးရှင်းတဲ့စကားလုံး သို့မဟုတ်
    စကားစုကို ထပ်တလဲလဲ ရွတ်ခိုင်းကြည့်ပါ။
  • 4:24 - 4:27
    သူတို့အသံက ဗလုံးဗထွေးဖြစ်နေရင်
    သို့မဟုတ် တမူထူးနေရင်၊
  • 4:27 - 4:31
    စကားကိုထိန်းချုပ်တဲ့ဦးနှောက်အစိတ်အပိုင်းက
    အောက်ဆီဂျင်ချို့တဲ့နေတဲ့ အဓိပ္ပါယ်ပါ။
  • 4:31 - 4:37
    ဒါကို FAST စစ်ဆေးမှုလို့ခေါ်ပြီး၊
    T က အချိန်ကို ကိုယ်စားပြုပါတယ်။
  • 4:37 - 4:42
    ဒီလက္ခဏာတစ်ခုခုကို တွေ့ခဲ့ရင်
    အရေးပေါ်ဝန်ဆောင်မှုကို ချက်ချင်းခေါ်ဆိုပါ။
  • 4:42 - 4:44
    လူ့အသက်များ ဒီအပေါ်မူတည်နေနိုင်ပါတယ်။
Title:
လေဖြတ်ခြင်းဖြစ်စဥ်မှာ ဘာတွေဖြစ်သလဲ။ Vaibhav Goswami
Description:

သင်ခန်းစာ အပြည့်အစုံကြည့်ရှုရန် - https://ed.ted.com/lessons/what-happens-during-a-stroke-vaibhav-goswami

ကမ္ဘာမှာ တစ်စုံတစ်ယောက်ဟာ တစ်နေရာရာမှာ နှစ်စက္ကန့်တိုင်း လေဖြတ်ခြင်းကို ခံစားရတယ်။ လူခြောက်ယောက်မှာ တစ်ယောက်ဟာ ဘဝမှာ ဒီအဖြစ်ကို ကြုံတွေ့ရမှာပါ။ ‌လေဖြတ်ခြင်းကဦးနှောက်ဆဲလ်တွေ oxygen လုံလောက်စွာ မရလို့ဖြစ်ပြီး၊ လူသေဆုံးစေတဲ့ အကြောင်းများစွာထဲက အဖြစ်များသောတစ်ခုဖြစ်တယ်။ ကာကွယ်နိုင်တဲ့မသန်စွမ်းဖြစ်မှုကို
ဖြစ်စေတဲ့အဓိကအကြောင်းရင်းလည်းဖြစ်တယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
05:00

Burmese subtitles

Revisions