WEBVTT 00:00:00.000 --> 00:00:12.525 ကမ္ဘာမှာ တစ်စုံတစ်ယောက်ဟာ တစ်နေရာရာမှာ နှစ်စက္ကန့်တိုင်း လေဖြတ်ခြင်းကိုခံစားရတယ်။ 00:00:12.525 --> 00:00:17.878 လူခြောက်ယောက်မှာ တစ်ယောက်ဟာ ဘဝမှာ ဒီအဖြစ်ကိုကြုံတွေ့ရမှာပါ။ 00:00:17.878 --> 00:00:20.868 လေဖြတ်ခြင်းကဦးနှောက်ဆဲလ်တွေ အောက်စီဂျင် ချို့ငဲ့လို့ဖြစ်ပြီး၊ 00:00:20.868 --> 00:00:23.589 လူသေဆုံးစေတဲ့ အကြောင််းရင်းထဲက အဖြစ်များဆုံးတစ်ခုဖြစ်တယ်။ 00:00:23.589 --> 00:00:26.785 ကာကွယ်နိုင်တဲ့ မသန်စွမ်းဖြစ်မှုကို ဖြစ်စေတဲ့အဓိကအကြောင်းလည်းဖြစ်တယ်။ 00:00:26.785 --> 00:00:31.449 လူတစ်ဦးလေဖြတ်ခဲ့ရင် အမြန်ဆုံး ဆေးဝါးကုသစေဖို့က အလွန်အရေးကြီးပြီး၊ 00:00:31.449 --> 00:00:34.729 ရာသက်ပန်ဦးနှောက်ပျက်စီးခြင်းကို ရှောင်ရှားနိုင်ပါတယ်။ 00:00:34.729 --> 00:00:37.588 ဒါပေမယ့် လေဖြတ်ခြင်းးကို ဖြစ်စေတဲ့ အကြောင်းရင်းကဘာလဲ။ 00:00:37.588 --> 00:00:40.849 ဆရာဝန်တွေအနေနဲ့ ဒါကိုကုသဖို့ ဘာတွေလုပ်ပေးနိုင်လဲ? NOTE Paragraph 00:00:40.849 --> 00:00:44.520 ဦးနှောက်က သင့်ခန္ဓာကိုယ်ရဲ့ ၂% သာ ရှိပါတယ်။ 00:00:44.520 --> 00:00:48.958 ဒါပေမယ့် သွေးထဲမှာရှိတဲ့ အောက်ဆီဂျင်ရဲ့ ၂၀% ထက်ပိုပြီး သုံးစွဲပါတယ်။ 00:00:48.958 --> 00:00:52.751 အဲ့ဒီအောက်ဆီဂျင်ကို သွေးလွှတ်ကြောစနစ် မှတဆင့် ဦးနှောက်ကိုသယ်သွားပြီး 00:00:52.751 --> 00:00:55.638 Carotid artieriesများက ဦးနှောက်အရှေ့ပိုင်းကိုသွေးပို့ပေးပြီး 00:00:55.638 --> 00:00:58.688 ကြောရိုးရှိသွေးလွှတ်ကြောများက အနောက်ပိုင်းကို ပို့ပေးပါတယ်။ 00:00:58.688 --> 00:01:00.719 သူတို့ဟာ အချင်းချင်းဆက်နွယ်နေပါတယ်။ 00:01:00.719 --> 00:01:03.369 ၄င်းတို့ဟာ ပိုမိုသေးငယ်တဲ့သွေးကြောများ အဖြစ် ခွဲထွက်ကာ 00:01:03.369 --> 00:01:07.380 ဘီလီယံနဲ့ချီတဲ့ အာရုံကြောဆဲလ်လေးများ လိုအပ်တဲ့အောက်ဆီဂျင်ဓါတ်ကိုပေးပါတယ်။ 00:01:07.380 --> 00:01:13.349 သွေးလည်ပတ်မှု ပြတ်တောက်ရင် အောက်ဆီဂျင် ပို့ပေးမှုရပ်ပြီး ဦးနှောက်ဆဲလ်တွေသေမှာပါ။ 00:01:13.349 --> 00:01:15.490 ဒီလိုဖြစ်နိုင်တဲ့ နည်းလမ်းနှစ်ခုရှိပါတယ်။ 00:01:15.490 --> 00:01:20.641 ဦးနှောက်သွေးကြောပြတ်၍ ဦးနှောက်တွင်း သွေးယိုစိမ့်ရင်ဖြစ်နိုင်ပါတယ်။ 00:01:20.641 --> 00:01:23.530 ပိုအဖြစ်များတာကတော့ ischemic လို့ခေါ်တဲ့ လေဖြတ်ခြင်းဖြစ်ပြီး၊ 00:01:23.530 --> 00:01:28.518 သွေးကြောထဲမှာ သွေးခဲပိတ်ဆို့မှုဖြစ်ပြီး သွေးလည်ပတ်မှု ရပ်တန့်သွားတာပါ။ NOTE Paragraph 00:01:28.518 --> 00:01:30.690 ဒီသွေးခဲက ဘယ်ကဖြစ်လာတာလဲ။ 00:01:30.690 --> 00:01:33.591 ရှားပါးတဲ့ ဖြစ်စဉ်တွေမှာ နှလုံးးခုန်နှုန်း ရုတ်တရက်ပြောင်းတာက 00:01:33.591 --> 00:01:37.900 နှလုံးအပေါ်ခန်းတွေကို ပုံမှန်အတိုင်း မကျုံ့စေတော့တဲ့အတွက် 00:01:37.900 --> 00:01:39.809 သွေးလည်ပတ်မှုက နှေးကွေးသွားပြီး၊ 00:01:39.809 --> 00:01:45.382 သွေးလည်ပတ်မှုကို ပိတ်ဆို့စေတဲ့ အရာများကို စုဝေးစေပြီး သွေးခဲဖြစ်စေတယ်။ 00:01:45.382 --> 00:01:46.731 ဒီသွေးခဲက သွေးလွှတ်ကြောနဲ့ 00:01:46.731 --> 00:01:50.611 ဦးနှောက်ကိုထောက်ပံ့ပေးတဲ့ သွေးကြောတွေဆီ သယ်ဆောင်ခြင်းခံရပြီး၊ 00:01:50.611 --> 00:01:54.092 ထပ်ပြီးတိုးဝင်လို့မရတော့တဲ့ သွေးကြောဆီရောက်တဲ့အထိပါပဲ။ 00:01:54.092 --> 00:01:56.297 ဒါကို embolism လို့ခေါ်ပြီး၊ 00:01:56.297 --> 00:02:00.665 နှလုံးကစီးတဲ့သွေးကြောတွေကနေ ဆဲလ်တွေဆီ အောက်ဆီဂျင်ပို့ခြင်းကို ဖြတ်တောက်ပါတယ်။ 00:02:00.665 --> 00:02:05.862 ဦးနှောက်မှာ နာကျင်မှုကိုခံစားတဲ့အာရုံခံတွေ မရှိတဲ့အတွက် ပိတ်ဆို့မှုကို မခံစားရပါဘူး။ 00:02:05.862 --> 00:02:08.672 သို့သော် အောက်ဆီဂျင်ချို့တဲ့၍ ဦးနှောက်လုပ်ဆောင်မှုနှေးစေပြီး 00:02:08.672 --> 00:02:11.802 ရုတ်တရက် သိသာတဲ့ အကျိုးဆက်ကို ဖြစ်စေပါတယ်။ 00:02:11.802 --> 00:02:15.593 ဥပမာ- ထိခိုက်သွားတဲ့နေရာက ဦးနှောက်ရဲ့ စကားပြောဖို့အတွက် အလုပ်လုပ်တဲ့နေရာဖြစ်ရင်၊ 00:02:15.593 --> 00:02:18.514 အဲ့ဒီလူ ပြောတဲ့စကားတွေက ဗလုံးဗထွေး ဖြစ်သွားနိုင်ပါတယ်။ 00:02:18.514 --> 00:02:21.972 ကြွက်သားလှုပ်ရှားမှုကို ထိန်းချုပ်တဲ့အပိုင်းကို ထိခိုက်သွားခဲ့ရင် 00:02:21.972 --> 00:02:26.553 များသောအားဖြင့် ကိုယ်ခန္ဓာတစ်ခြမ်းမှာ အားနည်းမှုဖြစ်သွားနိုင်ပါတယ်။ NOTE Paragraph 00:02:26.553 --> 00:02:30.435 အဲဒီလိုဖြစ်ရင်၊ ထိခိုက်တဲ့နေရာကို လမ်းကြောင်းပြောင်း သွေးစီးဆင်းခြင်းဖြင့် 00:02:30.435 --> 00:02:33.405 ကိုယ်ခန္ဓာက ချက်ချင်းချိန်ညှိပေးဖို့ ကြိုးစားပါတယ်။ 00:02:33.405 --> 00:02:35.885 ဒါပေမယ့် ဒါဟာအကောင်းဆုံးအဖြေမဟုတ်ပါဘူး။ 00:02:35.885 --> 00:02:39.824 နောက်ဆုံးတော့ အောက်ဆီဂျင် လုံလုံလောက်လောက် မရတဲ့ဆဲလ်ဟာ သေဆုံးပြီး၊ 00:02:39.824 --> 00:02:43.748 ပြင်းထန်တဲ့ သို့မဟုတ် ရာသက်ပန် ဦးနှောက်ပျက်စီးမှုကို ဖြစ်စေပါတယ်။ 00:02:43.748 --> 00:02:48.390 ဒါကြောင့် အမြန်ဆုံးဆေးဝါးကုသမှု ခံယူဖို့အရေးကြီးပါတယ်။ 00:02:48.390 --> 00:02:51.370 ကနဦး ကုသမှုအပိုင်းမှာတော့ သွေးကြောထဲကို ဆေးသွင်းခြင်းဖြစ်ပြီး၊ 00:02:51.370 --> 00:02:54.205 Tissue Plasminogen Activator လို့ခေါ်ပါတယ်။ 00:02:54.205 --> 00:02:55.884 ဒါက သွေးခဲကို ပြိုကွဲစေပြီး၊ 00:02:55.884 --> 00:02:59.855 သွေးလုံလောက်စွာမရတဲ့ သွေးလွှတ်ကြောများသို့ သွေးပြန်လည်စီးဆင်းစေပါတယ်။ 00:02:59.855 --> 00:03:02.015 နာရီပိုင်းအတွင်း သွေးပြန်စီးဆင်းနိုင်ရင်၊ 00:03:02.015 --> 00:03:05.415 ဒီကုသနည်းက လေဖြတ်ခြင်းကို ကျော်လွှား နိုင်စေမှာဖြစ်ပြီး၊ 00:03:05.415 --> 00:03:08.496 ရာသက်ပန်ဖြစ်စေနိုင်တဲ့ အကျိုးဆက်တွေကိုလည်း ရှောင်ရှားနိုင်ပါတယ်။ NOTE Paragraph 00:03:08.496 --> 00:03:11.646 Tissue Plasminogen Activator ကုသနည်း နဲ့ ကုပေးလို့မရတဲ့၊ 00:03:11.646 --> 00:03:13.976 အချို့သောဆေးဝါးတွေကို လူနာက မှီဝဲနေတဲ့အခါမျိုး၊ 00:03:13.976 --> 00:03:15.595 သွေးအလွန်ထွက်ဖူးတဲ့ သမိုင်းရှိရင် 00:03:15.595 --> 00:03:18.336 သို့မဟုတ် သွေးခဲကအလွန်ကြီးနေရင်၊ 00:03:18.336 --> 00:03:23.605 ဆရာဝန်တွေအနေနဲ့ endovascular thrombectomy ဆိုတဲ့ ကုထုံးနဲ့ ကုသမှာဖြစ်တယ်။ 00:03:23.605 --> 00:03:28.694 မီးထိုးလျှင် တောက်ပသော ဆိုးဆေးသုံး၍ အားကောင်းသောဓါတ်မှန်အောက်မှာ 00:03:28.694 --> 00:03:33.146 သွေးကြောကို ထင်ရှားစေပြီး၊ သေးငယ် ရှည်လျား၍ ကွေးကောက်နိုင်သောပြွန်ကို 00:03:33.146 --> 00:03:35.375 လူနာခြေထောက်ရှိ သွေးလွှတ်ကြောထဲ မှတဆင့်၊ 00:03:35.375 --> 00:03:38.508 သွေးကြောပိတ်ဆို့တဲ့ နေရာအထိ ထိန်းချုပ် ထိုးသွင်းသွားမှာဖြစ်ပါတယ်။ 00:03:38.508 --> 00:03:41.377 ဒီပြွန်ထဲမှ retriever ကိရိုယာ ကဖြတ်သန်းသွားမှာပါ။ 00:03:41.377 --> 00:03:45.867 ၄င်းက သွေးခဲကိုဖြတ်သွားချိန်မှာ ဖြန့်ကားပြီး၊သွေးခဲကို ချိတ်တွယ်ထားပါတယ်။ 00:03:45.867 --> 00:03:50.737 ထို့နောက် ပြွန်ငယ်ကိုပြန်ထုတ်ချိန်မှာ သွေးခဲကိုပါဆွဲထုတ်လိုက်နိုင်ပါတယ်။ NOTE Paragraph 00:03:50.737 --> 00:03:53.679 ဦးနှောက်လည်ပတ်နိုင်မှု မပျက်စေဖို့ ဒီကုသမှုတွေကို တတ်နိုင်သမျှ 00:03:53.679 --> 00:03:55.338 အမြန်ဆုံးလုပ်ဖို့ လိုပါတယ်။ 00:03:55.338 --> 00:03:59.588 ဒီအတွက် တစ်စုံတစ်ဦး လေဖြတ်နိုင်ခြေကို အမြန်ဆုံး ခန့်မှန်းနိုင်ဖို့လိုပါတယ်။ 00:03:59.588 --> 00:04:01.017 ဒါဆို ဘယ်လိုသိနိုင်မှာလဲ။ 00:04:01.017 --> 00:04:03.869 အမြန်ဆုံးသိနိုင်မယ့် နည်း(၃)ခုရှိပါတယ်။ 00:04:03.869 --> 00:04:06.558 ၁။ အဲဒီလူကို ပြုံးပြခိုင်းပါ။ 00:04:06.558 --> 00:04:11.118 ပါးစပ်ကရွဲ့နေရင် (သို့မဟုတ်) မျက်နှာက တွဲကျနေရင် ကြွက်သားအားနည်းတာ ဖြစ်နိုင်တယ်။ 00:04:11.118 --> 00:04:13.879 ၂။ လက်မြှောက်ခိုင်းကြည့်ပါ။ 00:04:13.879 --> 00:04:19.829 လက်တစ်ဖက်က အောက်ဖက်ကို ပြန်လျှောကျလာရင် ဒါကလည်း လေဖြတ်ချင်တဲ့ လက္ခဏာပါပဲ။ 00:04:19.829 --> 00:04:23.919 ၃။ ရိုးရှင်းတဲ့စကားလုံး သို့မဟုတ် စကားစုကို ထပ်တလဲလဲ ရွတ်ခိုင်းကြည့်ပါ။ 00:04:23.919 --> 00:04:26.788 သူတို့အသံက ဗလုံးဗထွေးဖြစ်နေရင် သို့မဟုတ် တမူထူးနေရင်၊ 00:04:26.788 --> 00:04:31.489 စကားကိုထိန်းချုပ်တဲ့ဦးနှောက်အစိတ်အပိုင်းက အောက်ဆီဂျင်ချို့တဲ့နေတဲ့ အဓိပ္ပါယ်ပါ။ 00:04:31.489 --> 00:04:37.281 ဒါကို FAST စစ်ဆေးမှုလို့ခေါ်ပြီး၊ T က အချိန်ကို ကိုယ်စားပြုပါတယ်။ 00:04:37.281 --> 00:04:42.290 ဒီလက္ခဏာတစ်ခုခုကို တွေ့ခဲ့ရင် အရေးပေါ်ဝန်ဆောင်မှုကို ချက်ချင်းခေါ်ဆိုပါ။ 00:04:42.290 --> 00:04:44.331 လူ့အသက်များ ဒီအပေါ်မူတည်နေနိုင်ပါတယ်။