ပါစကယ် တြိဂံ၏ သင်္ချာဆိုင်ရာ လျို့ဝှက်ချက်များ - Wajdi Mohamed Ratemi
-
0:08 - 0:11ဒါက သပ်သပ်ရပ်ရပ် စီစဉ်ထားတဲ့
ကိန်း အပုံလိုက်ကြီးနှယ် ပုံပေါ်နိုင်ပါတယ်၊ -
0:11 - 0:15ဒါပေမဲ့၊ ဒါဟာ တကယ်တော့
သင်္ချာဆိုင်ရာ ရတနာသိုက် တစ်ခုပါ။ -
0:15 - 0:19အိန္ဒိယ သင်္ချာပညာရှင်တွေက ဒါကို
မေရုတောင်ရဲ့ လှေကားထစ်များလို့ ခေါ်ပါတယ်။ -
0:19 - 0:21အီရန်မှာ၊ ဒါက Khayyam တြိဂံပါ။
-
0:21 - 0:24ပြီးတော့ တရုတ်မှာ၊ ဒါက Yang Hui ရဲ့
တြိဂံပါ။ -
0:24 - 0:28အနောက်တိုင်းကမ္ဘာ အများစုအတွက်တော့
ပြင်သစ်သင်္ချာ ပညာရှင် -
0:28 - 0:31Blaise Pascal အမည်အစွဲပြုကာ
ဒါကို Pascal's Triangle လို့ခေါ်တာ -
0:31 - 0:35နောက်မှမွေးပြီး ကိုဦးလို့ အမည်ပေးသလို
တစိတ်တော့ လွန်လေမလားပဲ၊ -
0:35 - 0:37ဒါပေမဲ့ သူ အများကြီး
ပါဝင်ဆောက်ရွက်ထားခဲ့ရတာပါ။ -
0:37 - 0:42ဒါဆို တကမ္ဘာလုံးက သင်္ချာပညာရှင်တွေကို
ဖမ်းစားနိုင်လွန်းတာ ဘယ်လို အချက်မျိုးပါလဲ။ -
0:42 - 0:46အချုပ်အားဖြင့်၊ ဒါက ပုံစံကွဲ အသွယ်သွယ်နဲ့
လျို့ဝှက်ချက်တွေ ရှိတာပါ။ -
0:46 - 0:49ပထမဦးစဆုံး
ဒါကို ပေါ်ထွက်လာစေတဲ့ ပုံစံရှိပါတယ်။ -
0:49 - 0:54စ စခြင်း တစ်နဲ့ ၎င်းရဲ့ တဘက်တချက်စီက
သုညတွေကို စိတ်ကူးကြည့်ပါ။ -
0:54 - 0:59သူတို့ကို တစ်စုံချင်းတွဲလို့ ပေါင်းပါက
နောက် အတန်း တစ်တန်း ရပါလိမ့်မယ်။ -
0:59 - 1:02အခု၊ ဒါကိုပဲ အထပ်ထပ် လုပ်ပါ။
-
1:02 - 1:06ဆက်လုပ်သွားလိုက်ပါ၊ တကယ်တော့
ပါစကယ် တြိဂံဟာ အန္တတိုင်ရှိပေမဲ့လည်း -
1:06 - 1:09ဒီလိုမျိုးနဲ့ သင် အဆုံးသတ်ပါလိမ့်မယ်။
-
1:09 - 1:15အခု အတန်း တစ်တန်းစီမှာ (x+y)^n ပုံစံရှိ
ဒွိနာမကိန်းတွဲ ဖြန့်စီခြင်းရဲ့ -
1:15 - 1:19မြောက်ဖော်ကိန်း ဆိုတာတွေ ရပါပြီ၊
-
1:19 - 1:21ဒီမှာ n ဟာ အတန်း အရေအတွက်ဖြစ်ပြီး
-
1:21 - 1:24တို့တွေ ရေတွက်ခြင်းကို သုညမှ စရေပါမယ်။
-
1:24 - 1:27ဒီတော့၊ n = 2 နဲ့ညီပြီး ဒါကို ဖြန့်ရင်
-
1:27 - 1:31သင် ရမှာ (x^2) + 2xy + (y^2) ပါ။
-
1:31 - 1:34မြောက်ဖော်ကိန်းတွေ သို့မဟုတ်
ကိန်းရှင်တွေရဲ့ ရှေ့မှ ကိန်းတွေဟာ -
1:34 - 1:38ပါစကယ် တြိဂံရဲ့ အတန်းတစ်ခုမှာရှိတဲ့
ကိန်းတွေ အတိုင်းပါပဲ။ -
1:38 - 1:43n = 3 ထားပြီး ဒီလို ဖြန့်ပါက အတူတူပဲ
ဖြစ်နေအုံးမှာပါ။ -
1:43 - 1:48ဒီတြိဂံဟာ ဒီမြောက်ဖော်ကိန်းတွေကို
ကြည့်ဖို့ လျင်မြန်၊ လွယ်ကူတဲ့ နည်းလမ်းပါ။ -
1:48 - 1:50ဒါပေမဲ့ ဒီထက်ပိုပါတယ်။
-
1:50 - 1:53ဥပမာ၊ အတန်းတစ်ခုစီက
ကိန်းတွေကို ပေါင်းပါ၊ ဒါဆို -
1:53 - 1:56နှစ်ကို အစဉ်လိုက် ပါဝါတင်ပြီးသားတွေကို
ရလာပါလိမ့်မယ်။ -
1:56 - 2:01ဒါမှမဟုတ် အတန်းတစ်တန်းက ကိန်းတစ်လုံးစီကို
နေရာအလိုက် ဖြန့်ချလိုက်ပါ။ -
2:01 - 2:08တနည်းအာဖြင့်၊ ဒုတိယ အတန်းက
(1x1) + (2x10) + (1x100) ဖြစ်ပါတယ်။ -
2:08 - 2:12သင် ရမှာ 121၊ ဒါက 11^2 ပါ။
-
2:12 - 2:16ဆဌမအတန်းမှ ကိန်းကို
ဒါမျိုးလုပ်တဲ့အခါ ဘာဖြစ်မလဲ ကြည့်ရအောင်။ -
2:16 - 2:25ပေါင်းလဒ်က 1,771,561မို့ ဒါက 11^6..
စသည်ဖြင့် ရှေ့ဆက်နိုင်ပါတယ်။ -
2:25 - 2:28ဂျီဩမေတြိဆိုင်ရာ အသုံးတွေလည်း ရှိပါတယ်။
-
2:28 - 2:30ထောင့်တန်းလိုင်းတွေကို ကြည့်ပါ။
-
2:30 - 2:34ပထမနှစ်တန်းဟာ တစ်တွေချည်းပဲရယ်၊
သဘာ၀ကိန်း ဝါ အပေါင်းကိန်းပြည့်တွေရယ်မို့ -
2:34 - 2:37သိပ်စိတ်ဝင်စား စရာမကောင်းပါဘူး။
ဒါပေမဲ့ နောက်ထပ် -
2:37 - 2:41ထောင့်တန်းလိုင်းက ကိန်းတွေကိုတော့
တြိဂံဆိုင်ရာ ကိန်းတွေ လို့ခေါ်ပါတယ်။ -
2:41 - 2:43အကြောင်းက ဒီ အလုံးတွေ အများကြီး ယူလိုက်ရင်
-
2:43 - 2:46ဒါတွေကို သုံးနားညီ တြိဂံတွေအဖြစ်
ထပ်နိုင်လို့ပါ။ -
2:46 - 2:49နောက်က ထောင့်တန်းလိုင်းမှာ
လေးမျက်နှာဒုချွန်ကိန်းတွေ ရှိပါတယ် -
2:49 - 2:55ဆင်တူတာကြောင့်၊ ဒီစက်လုံး များစွာကို
လေးမျက်နှာဒုချွန်အဖြစ် ထပ်နိုင်ပါတယ်။ -
2:55 - 2:58သို့မဟုတ်၊ မကိန်းတွေအားလုံးကို
ပုံဖော်လိုက်ရင် ဘယ်နှယ့်ရှိစ။ -
2:58 - 3:01တြိဂံမှာ အတန်းနည်းတဲ့အခါ ဒါက
ပုံ သိပ်မပေါ်ပေမဲ့ -
3:01 - 3:03အတန်းတွေ ထောင်ချီလာရင်တော့
ဂျီဩမေတြီအရ -
3:03 - 3:07ပုံစံ ထပ်ကြိမ်ပြုချက် ရလာမှာပါ
ဒါကို Sierpinski's Triangle လို့ခေါ်ပါတယ်။ -
3:07 - 3:11ဒီတြိဂံတွေက သင်္ချာဆိုင်ရာ
အနုပညာဖြစ်ရုံသာမက၊ -
3:11 - 3:13၎င်းက အသုံးလည်း သိပ်ဝင်ပါတယ်
-
3:13 - 3:15အထူးအားဖြင့် ဖြစ်တန်စွမ်းရယ်၊
ကိန်းရွေးခြယ် စီစဉ်နိုင်တဲ့ -
3:15 - 3:19နည်းလမ်း အရေအတွက်ရယ်ကို
တွက်ချက်မှုပြုလုပ်ချိန်မှာပါ။ -
3:19 - 3:20သင်က ကလေးငါးယောက် ယူချင်တယ်
-
3:20 - 3:22ပြီးတော့ မ ၃၊ ကျား ၂ ရဖို့
သင့်.. -
3:22 - 3:27စိတ်ကူးယဉ် မိသားစုရဲ့ ဖြစ်တန်းစွမ်းကို
သိခြင်တယ် ဆိုပါတော့။ -
3:27 - 3:28ဒွိနာမကိန်းတွဲ ဖြန့်စီခြင်းအရ
-
3:28 - 3:32မ အပေါင်း ကျား၊ ဒါကို တစ်ကွင်းလုံး
ငါးထပ် တင်ပါ့မယ်။ -
3:32 - 3:34ဒီတော့ ပဉ္စမမြောက်အတန်းထံ ရှု့ပါ
-
3:34 - 3:37အဲဒီမှာ ပထမကိန်းက မ ငါးယောက်၊
-
3:37 - 3:40နောက်ဆုံးမှာက ကျား ငါးယောက်ဖြစ်လာမယ်။
-
3:40 - 3:43တတိယကိန်းဟာ ကျွန်တော်တို့ ရှာနေတဲ့
အရာ ပါပဲ။ -
3:43 - 3:47အတန်းထဲက ဖြစ်တန်စွမ်းတွေ အားလုံးရဲ့
ပေါင်းလဒ်အပေါ် တစ်ဆယ်ကို တည်ပါ။ -
3:47 - 3:51ဒီတော့ 10/32, ဝါ 31.25% ပါ။
-
3:51 - 3:55သင့် သူငယ်ချင်း ဆယ့်နှစ်ယောက် အဖွဲ့ထဲက
ကစားသမား ငါးဦးပါတဲ့ ဘက်စကတ်ဘော- -
3:55 - 3:57တစ်သင်းစာ ကျပန်းရွေးထုတ်ရင်
-
3:57 - 4:00ငါးယောက်တဖွဲ့ အဖွဲ့ဘယ်လောက်များ
ဒီထဲက ရွေးထုတ်နိုင်မှာလဲ။ -
4:00 - 4:05ကိန်းရွေးခြယ် စီစဉ်နည်းအရ၊ ဒီပုစ္ဆာကို
ဆယ့်နှစ်ဦးထဲက ငါးဦးရွေးတယ်လို့ -
4:05 - 4:07ပြောနိုင်လိမ့်မယ်၊ ဒီ ပုံသေနည်းသုံးလျက်
-
4:07 - 4:12တွက်နိုင်တယ်၊ ဒါမှမဟုတ် တြိဂံပေါ်က
ဆယ့်နှစ်တန်းမြောက်မှာ ခြောက်ခုမြောက်က -
4:12 - 4:13ရှိတာကို ကြည့်ရုံနဲ့ အဖြေရပါတယ်။
-
4:13 - 4:15ပါစကယ်ရဲ့ တြိဂံထဲက ပုံစံတွေဟာ
-
4:15 - 4:19သင်္ချာပညာရပ်ရဲ့သပ်ရပ်စွာ ရက်ဖောက်ထားတဲ့
အစိတ်အပိုင်းအတွက် အထောက်အထားတစ်ခုပါ။ -
4:19 - 4:23ပြီးတော့၊ လျှို့ဝှက်ချက် အသစ်များစွာကို
ယနေ့ထိ ဖော်ထုတ်နေဆဲဖြစ်ပါတယ်။ -
4:23 - 4:27ဥပမာ၊ သင်္ချာပညာရှင်တွေက ဒီလိုမျိုး
ဗဟုကိန်းတန်းတွေကို ဖြန့်စီဖို့ရာ -
4:27 - 4:30မကြာမီက နည်းလမ်းရှာတွေ့ခဲ့ပါတယ်။
-
4:30 - 4:32နောက်ထပ် တို့ရှာတွေ့မှာ ဘာဖြစ်လာမလဲ။
-
4:32 - 4:34ဟုတ်ပြီ၊ ဒါက သင့်အပေါ် မူတည်ပါတယ်။
- Title:
- ပါစကယ် တြိဂံ၏ သင်္ချာဆိုင်ရာ လျို့ဝှက်ချက်များ - Wajdi Mohamed Ratemi
- Speaker:
- Wajdi Mohamed Ratemi
- Description:
-
သင်ခန်းစာအပြည့်အစုံကြည့်ရန်: http://ed.ted.com/lessons/the-mathematical-secrets-of-pascal-s-triangle-wajdi-mohamed-ratemi ။
Pascal's triangle ဟာ ရုတ်တရက်ကြည့်လိုက်ရင် ကိန်းတွေကို သပ်သပ်ရပ်ရပ် စီစဉ်ထားတဲ့ အထပ်တစ်ခုလို မြင်ရမှာပါ၊ တကယ်တော့ ဒါက သင်္ချာဆိုင်ရာ ရတနာသိုက်တစ်ခုပါ။ ဒါပေမဲ့ ဒါက တကမ္ဘာတဝန်းက သင်္ချာပညာရှင်တွေ စိတ်ဝင်စားအောင်လုပ်နိုင်တာ ဘာဖြစ်လို့ပါလဲ။ Wajdi Mohamed Ratemiက Pascal's Triangle ရဲ့ ပုံစံအသွယ်သွယ်နဲ့ လျို့ဝှက်ချက်တွေကို ထုတ်ဖော်ပြသပါတယ်။
သင်ခန်းစာတင်ဆက်သူ- Wajdi Mohamed Ratemi၊ ရုပ်သံလှုပ်ရှားမှုပုံရိပ်- Henrik Malmgren။
- Video Language:
- English
- Team:
- closed TED
- Project:
- TED-Ed
- Duration:
- 04:50
sann tint approved Burmese subtitles for The mathematical secrets of Pascal's triangle | ||
sann tint accepted Burmese subtitles for The mathematical secrets of Pascal's triangle | ||
sann tint edited Burmese subtitles for The mathematical secrets of Pascal's triangle | ||
sann tint edited Burmese subtitles for The mathematical secrets of Pascal's triangle | ||
Tun Lin Aung + 1 edited Burmese subtitles for The mathematical secrets of Pascal's triangle | ||
Tun Lin Aung + 1 edited Burmese subtitles for The mathematical secrets of Pascal's triangle | ||
Tun Lin Aung + 1 edited Burmese subtitles for The mathematical secrets of Pascal's triangle | ||
Tun Lin Aung + 1 edited Burmese subtitles for The mathematical secrets of Pascal's triangle |