အချစ်ကဗျာများ။ အချစ်က မြန်မာစာပေကို ထာဝရ ကြွယ်ဝစေခဲ့ပုံ။ Nay Oke | TEDxInyaLake
-
0:12 - 0:14ကျွန်တော့အမေကို လုံးလုံး မသိခဲ့ရပါဘူး။
-
0:15 - 0:20အကြောင်းက ကျွန်တော့ကို မွေးပြီး
ခုနှစ်ရက်အကြာမှာပဲ ဆုံးသွားခဲ့လိုပါ။ -
0:20 - 0:25ကျွန်တော်ဟာ စစ်ကိုင်းတိုင်းက မြောင်ဆိုတဲ့
မြို့ငယ်လေးမှာ မွေးဖွားခဲ့ပါတယ်၊ -
0:25 - 0:29ဒုတိယ ကမ္ဘာစစ်ကြီး ပြီးခါနီးလေးပေါ့။
-
0:30 - 0:33အဖေ့ဘက်က အဖိုးက "နေအုပ်"ဆိုပြီး
-
0:34 - 0:37ထူးခြားတဲ့ မြန်မာအမည်ကို ပေးခဲ့တယ်၊
-
0:38 - 0:41အဓိပ္ပါယ်က "နေကို အုပ်စိုးသူ"ပါ။
-
0:41 - 0:46အကြောင်းက ကျွန်တော်မွေးခဲ့တာက
နေဝန်းနီ အမှတ်တံဆိပ်ပါတဲ့ အလံတွေနဲ့ -
0:47 - 0:50ဖက်ဆစ်ဂျပန်တွေ မြန်မာပြည်မှာ
-
0:50 - 0:52စစ်ရှုံးနေတဲ့ အချိန်ဖြစ်လို့ပါ။
-
0:52 - 0:56နောက်ပြီး ကျွန်တော်ဟာ
စနေသားလည်းဖြစ်တာကြောင့်ပါ။ -
0:56 - 1:00စစ်ပြီးတော့ မိသားစုဟာ
ရန်ကုန်ကို ပြန်ပြောင်းလာခဲ့ပြီး -
1:00 - 1:01ကျောင်းပညာကို St. Paul ခေါ်
-
1:01 - 1:05ခရစ်ယာန် သာသနာပြု ကျောင်းမှာ စတင်ခဲ့တယ်။
-
1:05 - 1:08မူလတန်းကျောင်း ပထမနှစ်ကနေပြီး
-
1:09 - 1:13နိုင်ငံ့ဂုဏ်ဆောင် ကဗျာဆရာကြီး
မင်းသုဝဏ်ရေးတဲ့ -
1:13 - 1:17ကလေးတေး ကဗျာတွေ လေ့လာခဲ့ရတယ်။
-
1:19 - 1:21သူဟာ ကမ္ဘာ့အကြီးကျယ်ဆုံး ကဗျာဆရာ ၁၀၀ ထဲမှာ
-
1:22 - 1:27စာရင်းသွင်းခံရတဲ့ တစ်ဦးတည်းသော
မြန်မာကဗျာဆရာပါ။ -
1:28 - 1:32ကလေးတေးကဗျာ ၁၃ ပုဒ်ရေးခဲ့ပြီး
-
1:33 - 1:37အခုလိုပဲ အဲဒီတုန်းကပါ လူကြိုက်များခဲ့ပါတယ်။
-
1:37 - 1:43မြန်မာကျောင်းသား ကလေးအားလုံး
ဒါတွေကို အလွတ်ဆိုနိုင်ပါတယ်။ -
1:43 - 1:45ဟောဒီမှာ ကျွန်တော်အကြိုက်ဆုံးတစ်ပုဒ်ပါ။
-
1:47 - 1:49"သပြေသီးကောက်
-
1:49 - 1:54ဝါဆိုဝါခေါင် ရေတွေကြီးလို့
သပြေသီးမှည့် ကောက်စို့ကွယ်။ -
1:54 - 1:59ခရာဆူးချုံ ဟိုအထဲက
မျှော့နက်မည်းကြီး တွယ်တတ်တယ်။ -
1:59 - 2:03မျှော့နက်ဆိုတာ ချိုနဲ့လားကွဲ့
မြွေနဂါးတောင် ကြောက်ဘူးကွယ်။ -
2:03 - 2:08တို့လည်းကြောက်ပေါင် အတူသွားစို့
အုန်းလက်နွားလေးထားခဲ့မယ်။ -
2:08 - 2:10သွားကွယ်၊ သွားကွယ်။."
-
2:10 - 2:17ပါမောက္ခ G.H. Luce က "Rose Apple
Gatherers"လို့ အင်္ဂလိပ်လို ပြန်ဆိုခဲ့တယ်- -
2:17 - 2:22"July, August, rain and flood,
let's go pick the ripe rose-apple. -
2:22 - 2:27Hi, take care in thorns and mud.
That's where big, black leeches grapple. -
2:27 - 2:33Leeches? Pah! The hornless things.
I'll fight snakes or serpent-kings. -
2:33 - 2:39Who's afraid? Let’s all go now.
I'll just leave my coconut cow. -
2:39 - 2:40Come on! Come on!"
-
2:41 - 2:48ဒီတေးအားလုံးကို ကျွန်တော်တို့
အလွတ်ကျက်ပြီး အတန်းတဲမှာ ဆိုခဲ့ရပါတယ်။ -
2:49 - 2:53တစ်နေ့ ကျွန်တော် ဒုတိယတန်းမှာရှိစဉ်က
-
2:53 - 2:55ကျွန်တော့ရဲ့ မြန်မာစာဆရာက
ကျွန်တော့ကို မေးလိုက်တာက -
2:56 - 3:00"ဒီကလေးတေးကဗျာကို ရေးခဲ့တဲ့
ကဗျာဆရာကို မင်းသိလားကွ။" -
3:00 - 3:03ကျွန်တော်က "သိပါတယ်ဗျ၊ မင်းသုဝဏ်ပါ။"
-
3:03 - 3:08သူက "မဟုတ်ဘူးကွ၊ ငါဆိုလိုတာက
မင်းသူ့ကို လူကိုယ်တိုင် သိလား။" -
3:08 - 3:11ကျွန်တော်က "မသိပါဘူး"လို့ ဆိုတော့ သူက
-
3:13 - 3:17"ဒီကဗျာဆရာက ကောလိပ်တုန်းက
မင်းအမေရဲ့ ရည်းစားလေ။" -
3:17 - 3:21ကျွန်တော်ဟာ လုံးဝ မွှန်ထူသွားခဲ့တယ်။
-
3:21 - 3:25တစ်တန်းလုံး ငြိမ်ကျသွားတယ်၊ အားလုံးရဲ့
မျက်လုံးတွေက ကျွန်တော့ကို စိုက်ကြည့်နေတယ်။ -
3:25 - 3:28ကျွန်တော် အရမ်းရှက်သွားတာပေါ့။
-
3:28 - 3:33အိမ်ပြန်ရောက်ရောက်ချင်း ကျွန်တော့ထက်
ခုနှစ်နှစ်ပိုကြီးတဲ့ အမကို မေးခဲ့တယ်၊ -
3:34 - 3:36သူက အကုန်လုံး ကျွန်တော့ကို ရှင်းပြခဲ့တယ်။
-
3:38 - 3:43မိထွေးဟာ တယုတယနဲ့ကျွန်တော့ကို စောင့်ရှောက်
ခဲ့တဲ့ အင်မတန်ကြင်နာတတ်တဲ့အမျိုးသမီးပါ။ -
3:43 - 3:46ကျွန်တော့ရဲ့မိခင်အရင်းလို့
အမြဲတမ်း ထင်ခဲ့တယ်လေ။ -
3:47 - 3:49ကျွန်တော်လန့်သွားခဲ့တာ ဟုတ်ပါတယ်။
-
3:49 - 3:55ဒါပေမဲ့ ကျွန်တော့ မိခင်အစစ်က ဘယ်သူဆို
တာသိရတော့ အတော်လေး ကျေနပ်မိပါတယ်။ -
3:57 - 4:00ကျွန်တော် အလယ်တန်းကျောင်းရောက်တော့
-
4:01 - 4:06ကျွန်တော့အမေနဲ့ မင်းသုဝဏ် နှစ်ဦးစလုံးရဲ့
ကဗျာတွေကို ကျောင်းဖတ်စာအုပ်ထဲမှာ -
4:06 - 4:08တစ်ဖန် တွေ့ရှိရပြန်တယ်။
-
4:08 - 4:13အဲဒီအချိန်မတိုင်ခင်က ဆရာတွေနဲ့
ကျောင်းသားအားလုံးဟာ -
4:13 - 4:16ဒီကဗျာစာဆိုနှစ်ဦးနဲ့ သူတို့ရဲ့ချစ်သံယောဇဉ်
အကြောင်း သိခဲ့ပြီးသားပါ။ -
4:17 - 4:20သူတို့ကို သိလိုက်ရတာ အတော်လေး
နေသာလာခဲ့တယ်။ -
4:20 - 4:23ကျွန်တော်တွေ့ရှိရတာက အမေ့ကဗျာတွေဟာ
-
4:24 - 4:31ထိခိုက်ဖွယ်၊ ပုဂ္ဂိုလ်ရေးဆန်ကာ တစ်ခါတစ်ရံ
ချစ်ရေးချစ်ရာ၊တစ်ခါတစ်ရံ စိတ်အားငယ်စရာပါ -
4:31 - 4:36မင်းသုဝဏ်ရဲ့ ကဗျာတွေကတော့ အမြဲတမ်း
အင်မတန် ချစ်စရာ၊၊ပျော်ရွှင်ဖွယ်ရာတွေပါ၊ -
4:36 - 4:39တစ်ခါတစ်လေ ဒဿနဆန်ပါတယ်၊
-
4:39 - 4:44အကြောင်းက သူဟာ အများစုအနေနဲ့ ကျေးလက်
ဘဝနဲ့ ရိုးရာတွေအကြောင်းသီဖွဲ့လို့ပါ။ -
4:47 - 4:51ကဗျာတွေကို လေ့လာပြီးတဲ့အခါမှသာ
-
4:51 - 4:55ကျွန်တော့အမေကို မြင်ယောင်လို့ရခဲ့တာပါ။
-
4:56 - 5:02တကယ်တမ်းက ကျွန်တော့အိမ်မှာ အမေ့ရဲ့
ပန်းချီကားတွေနဲ့ ပုံတူတွေရှိပါတယ်။ -
5:02 - 5:05ဒါပေမဲ့ ဒါတွေက အတော့ကို အသက်မပါပါဘူး၊
-
5:06 - 5:10သူမရဲ့ကဗျာတွေက သူမကို ကျွန်တော့
စိတ်ထဲမှာ အသက်သွင်းပေးခဲ့ကြတာပါ။ -
5:10 - 5:16ကျွန်တော်ငယ်ငယ်တုန်းက
ခင်စောမူရဲ့သားလို့ မိတ်ဆက်ခံရတိုင်း -
5:16 - 5:18ဒါ ကျွန်တော့အမေရဲ့ အမည်ပါ၊
-
5:18 - 5:21ပထမဆုံးကြားခဲ့ရတဲ့ ချီးကျူးသံက
-
5:21 - 5:25"အိုး၊ မင်းအမေကတော့ တကယ်ကို
လှတယ်ဟေ့"လို့ပါ။ -
5:26 - 5:29အမေ့ကို လူကိုယ်တိုင် တစ်ခါမှ မမြင်ဖူးပေမဲ့
-
5:29 - 5:32သူမဟာ အတော့ကို လှပမှာပဲလို့
သဘောပေါက်ခဲ့တယ်။ -
5:34 - 5:39ဒါပေမဲ့ သူမရဲ့အတွေးတွေ၊ စိတ်ခံစားမှုတွေ၊
ခံစားချက်တွေကျတာ့ရော။ -
5:40 - 5:43သူမရဲ့ကဗျာတွေက ကျွန်တော့ကို ဖွင့်ပြခဲ့တယ်။
-
5:43 - 5:47ကျွန်တော့အမေဆီမှာ အလှအပ
ထက် ပိုတာရှိတယ်ဆိုတာပါ။ -
5:48 - 5:54ကျွန်တော်တွေ့ရှိရတာက အမေဟာ ချစ်စရာကောင်း၊
သိမ်မွေ့ပြီး ယုယကြင်နာတတ်တဲ့သူ -
5:54 - 5:59အစဉ်ချစ်ခင်သစ္စာရှိတဲ့မိခင်၊ နာခံတတ်တဲ့
သမီး၊ ချစ်စရာကောင်းတဲ့ အမ၊ -
5:59 - 6:03ဒါတွေအပြင် ဝတ္တရားကျေတဲ့ ဇနီးသည်တစ်ဦးပါ။
-
6:05 - 6:08အံ့သြဖွယ်ကော်းတဲ့ ဒီကဗျာတွေအားလုံးကို
-
6:08 - 6:12သူမသီဖွဲ့ခဲ့တာကို
ကျွန်တော် သိပ် ဝမ်းမြောက်မိတယ်။ -
6:13 - 6:14ဒီကဗျာတွေသာ မရှိခဲ့ကြဘူးဆိုရင်
-
6:14 - 6:19ကျွန်တော့အမေကို ကျွန်တော် ဘယ်တော့မှ
ရင်းရင်းနှီးနှီး သိခဲ့ရမှာ မဟုတ်ပါဘူ။ -
6:20 - 6:25ကျွန်တော့ အမေဘက်က အဖိုးအဖွားတွေဟာ
မြန်မာမင်းမျိုးစိုးနွယ်ဝင် မိသားစုတစ်ခုရဲ့ -
6:25 - 6:30ဓလေ့ထုံးစံတွေနဲ့ အစဉ်အလာတွေကို
တင်းကျပ်စွာ လိုက်နာရင်း သူတို့ကလေးတွေကို -
6:30 - 6:33ဆုံးမသွန်သင်ခဲ့ကြပါတယ်။
-
6:33 - 6:39ကျွန်တော့အဖိုးက ဗြိတိသျှ ကိုလိုနီအစိုးရ
ဌာနမှာ အဆင့်မြင့် အရာရှိတစ်ဦးပါ။ -
6:43 - 6:50သူဟာ သားသမီးခုနစ်ယောက်အား
သူ့ရဲ့ အမွေအနှစ်တွေကို ကမ်းပေးခဲ့ပါတယ်။ -
6:50 - 6:55အံ့ဖွယ်ကောင်းတာက ခုနှစ်ယောက်စလုံး
သားလေးယောက်၊ သမီးသုံးယောက်ဟာ -
6:55 - 6:58အလွန်တော်တဲ့ ပညာရှင်တွေဖြစ်လာကြတာပါ။
-
6:58 - 7:01ကျွန်တော့အဖိုး ကွယ်လွန်တော့
-
7:01 - 7:05အကြီးဆုံးဦးလေးက မိသားစုရဲ့
ဦးစီးအဖြစ် သူ့နေရာ ဆက်ခံခဲ့ပါတယ်။ -
7:05 - 7:10ဦးလေးက အဖိုးထက်တောင်
ပိုတင်းကျပ်သေးတယ်။ -
7:11 - 7:17ညီအမသုံးယောက်ဟာ သူတို့ရဲ့ကျောင်းနဲ့
ကောလိပ်အားလပ်ရက်အားလုံးကို -
7:17 - 7:19သူတာဝန်ကျတဲ့ ဒေသရာမှာ ကုန်ဆုံးခဲ့ရတယ်။
-
7:20 - 7:24ကျွန်တော့အမေဟာ နွေရာသီ
အားလပ်ရက်ရှည်တွေအတွင်း -
7:24 - 7:26သူငယ်ချင်းတွေနဲ့ ဆက်သွယ်ခွင့်မရှိရှာဘူး၊
-
7:26 - 7:28ပြောချင်တာတော့ သူ့ရည်းစားနဲ့ပေါ့။
-
7:28 - 7:34ဒီတော့ အဲဒီအချိန်က အလွန်လူကြိုက်များတဲ့
"ဂန္ထလောက"လို့ခေါ်တဲ့ -
7:34 - 7:40စာစောင်ကနေ သူတို့အချင်းချင်း
ကဗျာတွေနဲ့ ဆက်သွယ်ခဲ့တယ်။ -
7:42 - 7:47နွေရာသီ အားလပ်ရက်တွေအတွင်း သူတို့
ရေးခဲ့တဲ့ ကဗျာတွေဟာ ဂန္ထဝင်ဖြစ်လာခဲ့ပြီး -
7:47 - 7:54အခုဆို ၎င်းတို့ကို ကျောင်းနဲ့ ကောလိပ်
ပြဌာန်းစာအုပ်တွေမှာ ထည့်ထားပါတယ်။ -
7:54 - 7:59ဟောဒီမှာတော့ နွေရာသီ လရှည်တွေအတွင်း
ကျွန်တော့အမေ ရေးတဲ့ကဗျာတွေထဲက -
7:59 - 8:02ကောက်နှုတ်ချက်တစ်ခုပါ။
-
8:02 - 8:04"လိပ်ပြာနဲ့ ကြာကုမုဒ်"
-
8:04 - 8:11မြကန်သာဝယ် သင်းပျံ့ကြွယ်သည်
သွယ်သွယ်ကနုတ် ကြာကုမုဒ်တို့ -
8:11 - 8:17လဲ့လုတ်လဲ့လီ ဖူးဖွင်ချီသည်
ဒေဝီနတ်မိ တို့နှယ်တကား။ -
8:17 - 8:23ဖူးလိပ်ပြေစ ရွက်ညိုမြတွင်
ရွရွနားကာ ပန်းလိပ်ပြာသည် -
8:23 - 8:29သက်လျာနှမ ကုမုဒါငယ်
စောင့်ရနောင့်ကို ချစ်ကြည်ညိုက" -
8:30 - 8:32ဒါက ကောက်နှုတ်ချက်လေးပါပဲ။
-
8:32 - 8:34ဒီကဗျာထဲမှာ
-
8:35 - 8:42လိပ်ပြာနဲ့ ကုမုဒြာလို့ခေါ်တဲ့ ကြာပန်း
တစ်မျိုးဟာ ဘယ်တော့မှ မဆုံနိုင်ကြဘူး၊ -
8:42 - 8:47အကြောင်းက လိပ်ပြာက နေ့အခါမှာသာ
ထွက်ပြီး -
8:47 - 8:51ကြာပန်းက လရောင်နဲ့မှ ပွင့်တာကြောင့်ပါ။
-
8:51 - 8:57ဒီတော့ လိပ်ပြာဟာ တစ်နေ့လုံး
သစ်ရွက်ပေါ်မှာ ရွရွကလေးနားပြီး -
8:57 - 9:00ကြာပန်းကို နေဝင်တဲ့အထိ
-
9:00 - 9:05ပွင့်ဖို့ပဲ တောင်းခံပါတယ်။
-
9:06 - 9:11ညဘက်ရောက်တော့ ကြာပန်းဟာ
လရောင်အောက်မှာ ပွင့်ပြီး -
9:11 - 9:17လိပ်ပြာကို အရုဏ်တက်သည့်တိုင်အောင်
တစ်ဖန် ရှာဖွေနေပါလိမ့်မယ်။ -
9:17 - 9:20ဒါဟာ ခံစားမှုပိုင်းအရ ကရုဏာ
သက်ဖွယ် ကဗျာတစ်ပုဒ်ပါ။ -
9:20 - 9:24ကျွန်တော်ထင်တာက အမေ ဒီကဗျာကိုရေးတုန်းက
-
9:24 - 9:28သူ့ရည်းစားကို တွေဖို့တမ်းတနေမယ်ဆိုတာ
အသေချာပါပဲ။ -
9:29 - 9:34ဒီမှာတော့ မင်းသုဝဏ်ရေးတဲ့
ကြည်နူးဖွယ်ကဗျာ နောက်တစ်ပုဒ်ပါ။ -
9:34 - 9:41"နှင်းဆီပွင့်"လို့ခေါ်တဲ့ စိတ်ထိခိုက်စရာ
ဆိုပေမဲ့ ကြည်နူးဖွယ်ကဗျာပါ၊ -
9:41 - 9:43"နှင်းဆီပွင့်။
လယ်တောက ပြန် -
9:43 - 9:47ပန်ချင်တယ် ခရေဖူးဆိုလို့
မောင်ခူးကာပေး။ -
9:47 - 9:50မနက်တုန်းဆီက
ကြော့ဆုံးကို မောင်မြင်တော့ -
9:50 - 9:54သူ့ဆံပင် နှင်းဆီပွင့်တွေနှင့်
ဂုဏ်တင့်တယ်လေး။" -
9:54 - 9:58ဦးခင်ဇော်ကနေပြီးတော့
-
9:58 - 10:02"Roses":ဆိုပြီး ကျစ်ကျစ်လျစ်လျစ်
အင်္ဂလိပ်လို ပြန်ဆိုခဲ့ပါတယ်။ -
10:02 - 10:07"Last eve her ladyship fancied
some flowers we saw on the wild-wood way. -
10:07 - 10:11I plucked them for her,
those forest flowers. -
10:11 - 10:15Alas, today in her hair are roses, roses
-
10:15 - 10:18very pretty she looks with roses!
-
10:18 - 10:22ကဗျာဆရာက ဒီကဗျာကို ကျွန်တော့
အမေကို ရည်းစူးခဲ့တာလို ထင်ပါတယ်။ -
10:24 - 10:29ကျန်တော့အမေ ကောလိပ်
နောက်ဆုံးနှစ်ပြီးတော့ -
10:29 - 10:32ခါတိုင်းလိုပဲ နွေရာသီအားလပ်ရက်ကို
သူမရဲ့အကြီးဆုံး အကို၊ -
10:32 - 10:35ကျွန်တော့ဦးလေးနဲ့ ကုန်ဆုံးခဲ့ရတယ်။
-
10:36 - 10:39နွေရာသီ အားလပ်ရက်တွေအတွင်းမှာ
-
10:39 - 10:45ကျွန်တော့အမေနဲ့ အဖေကို အလျင်စလို
လက်ထပ်ပေးဖို့ စီစဉ်ခဲ့တယ်။ -
10:45 - 10:49အဲဒီအချိန်က ကျွန်တော့ဦးလေးဟာ
ပြည်မှာ ခရိုင်မင်းကြီးဖြစ်ပြီး -
10:49 - 10:54ကျွန်တော့အဖေကတော့
လက်ထောက် ခရိုင်မင်းကြီးပါ။ -
10:54 - 10:59ကျွန်တော့အဖေ ဦးဘတင့်နဲ့ ကျွန်တော့
ဦးလေး ဦးတင်ထွဋ်တို့ နှစ်ဦးစလုံးဟာ -
11:01 - 11:07အင်မတန် အထက်တန်းကျတဲ့
ICS လို့ခေါ်တဲ့ Indian Civil Service -
11:07 - 11:08အဆင့် ပြည်သူ့ဝန်ထမ်းတွေပါ။
-
11:09 - 11:15ဗြိတိသျှတွေဟာ ကောလိပ်မှာ
ထူးခွန်တဲ့ ပညာရှင်တွေကို ရွေးပြီး -
11:15 - 11:18ထပ်ဆောင်း လေ့လာမှုတွေအတွက်
UK ကို ပို့ပေးခဲ့ကာ -
11:19 - 11:25ဗြိတိသျှ ကိုလိုနီ ဌာနရဲ့အစိတ်အပိုင်း
ဖြစ်ဖို့ သီးသန့် လေ့ကျင့်ပေးခဲ့တယ်။ -
11:25 - 11:29အဲဒီအချိန်တွေတုန်းကတော့
သူတို့ဟာ လူ့မလိုင်တွေပေါ့။ -
11:29 - 11:35ကျွန်တော့အမေဟာ အမြဲတမ်း နာခံတတ်တဲ့
ညီမဖြစ်တော့ ဘာမှ ဆန့်ကျင်တာတွေမလုပ်ခဲ့ဘဲ -
11:36 - 11:43အကြီးတန်း အစိုးရ အရာရှိကတော်အဖြစ်နဲ့
သူမရဲ့ ကံကြမ္မာပဲလို့ ခံယူခဲ့တယ်။ -
11:44 - 11:46ဒီကာလအတွင်းမှာပဲ
-
11:46 - 11:52မြန်မာစာပေဟာ မင်းသုဝဏ်ရေးတဲ့
ထာဝရရှင်သန်နေတဲ့ -
11:52 - 11:56“ဘကြီးအောင်ညာတယ်”
ဆိုတဲ့ ဝတ္ထုတိုတစ်ပုဒ်နဲ့ ကြွယ်ဝခဲ့ပါတယ်။ -
11:56 - 12:00အဓိပ္ပါယ်ကတော့ "ဦးလေးအောင်
ကတိမတည်ဘူး"ပေါ့။ -
12:00 - 12:07ဒါက မိန်းမပျို သစ်သားပန်းပုရုပ်ကို
စွဲလမ်းမိသွားတဲ့ -
12:07 - 12:13ဆယ်နှစ်အရွယ် ရွာက ကောင်လေးတစ်ယောက်
အကြောင်း ထိခိုက်ဖွယ် ဇာတ်လမ်းတစ်ပုဒ်ပါ။ -
12:13 - 12:19သူက ပန်းပုပညာကိုချစ်တော့ ရွာက ပန်းပုဆရာ
ဦးအောင်ဆီကို မကြာခဏ သွားလည်ပတ်ကာ -
12:20 - 12:23ပုံသဏ္ဌာန်မဲ့ သစ်သားတုံးတွေကနေ
-
12:24 - 12:28လှပတဲ့ ပန်းပုလက်ရာတွေကို ထုလုပ်ပုံ
သွင်းတာကို စောင့်ကြည့်တယ်။ -
12:29 - 12:33ဒီမိန်းမပျိုရုပ်ထုလေးဟာ
အလှဆုံးပဲလို့ သူထင်ခဲ့တယ်၊ -
12:34 - 12:37သူမျက်စိကျသွားခဲ့တာပေါ့။
-
12:37 - 12:39ဒီလိုနဲ့ တစ်နေ့မှာ
-
12:40 - 12:46မနေနိုင်တော့ပဲ ပန်းပုဆရာကြီးကို
မဝံ့မရဲနဲ့ မေးလိုက်တာက -
12:46 - 12:51"ဒီရုပ်ထုကိုဝယ်ဖို့ ဘယ်လောက်ပေးရမလဲဗျ။"
-
12:51 - 12:56ပန်းပုဆရာကြီးက "တစ်ရူပီး"လို့ ပြောလိုက်
တဲ့အခါ ရင်ကွဲမတတ်ဖြစ်သွားခဲ့တယ်၊ -
12:56 - 12:59အကြောင်းက ဒီပိုက်ဆံမျိုး
သူတစ်ခါမှ မရှိခဲ့ဖူးဘူးလေ။ -
12:59 - 13:05သူက တစ်နေ့ကို မုန့်ဖိုးတစ်နေ့မှ
တစ်ပိုက်စ်ပဲ ရနေခဲ့တာပါ။ -
13:05 - 13:07ကိုလိုနီခေတ်တုန်းက
-
13:07 - 13:12ကျွန်တော်တို့ဟာ အိန္ဒိယငွေကြေးဖြစ်တဲ့
ရူပီး၊ အန်နာနဲ့ ပိုက်စ်တွေ သုံးခဲ့ရတယ်။ -
13:12 - 13:17တစ်ရူပီထဲမှာ ၆၄ ပိုက်စ် ရှိပါတယ်။
-
13:18 - 13:23ဒါပေမည့်လည်း သူက ပန်းပုဆရာကြီးကို
သူ့အတွက်ထားပေးဖို့ တောင်းပန်ခဲ့တယ်။ -
13:23 - 13:29အကြောင်းက ဒီအရုပ်အတွက်
ငွေစုလို့ပြည့်တဲ့အခါ သူပြန်လာမှာမို့ပါ။ -
13:29 - 13:35ပန်းပုဆရာကြီးက ဒါကို ဘယ်သူ့ကိုမှ
မရောင်းဘူးလို့ အလေးအနက်ကတိပေးခဲ့တယ်။ -
13:36 - 13:41ဒီတော့ ဆင်းရဲ့သားကောင်လေးဟာ
သူကြိုက်တဲ့မုန့်တွေကို မစားတော့ပဲ -
13:41 - 13:45သူ့မုန့်ဖိုးကို ဝါးကျည်ထောက်တစ်ခု
ထဲမှာ စပြီးစုခဲ့တယ်။ -
13:46 - 13:49ညနေတိုင်း သူအိပ်ရာမဝင်ခင်မှာ
-
13:49 - 13:54ငွေအကြွေစေ့တွေကို ထုတ်ပြီး
ရေရေတွက်ကြည့်တယ်။ -
13:54 - 13:56ဒါက အတော့ကို နှေးတဲ့ ဖြစ်စဉ်တစ်ခုဆိုတော့
-
13:56 - 14:01လက်တိုလက်တောင်းလေးတွေလုပ်ပြီး
အပိုဝင်ငွေရဖို့ ဆုံးဖြတ်လိုက်တယ်။ -
14:01 - 14:06သူ့အိမ်နီးနားချင်းတွေအတွက်
ရေခပ်ပေးတာတို့၊ ထင်းခွေပေးတာတို့ပေါ့။ -
14:06 - 14:10သူ့စုတာ ပြည့်သွားတဲ့အခါ၊
ပြည့်လုနီးနီးမှာပေါ့ -
14:10 - 14:13ရက်အနည်းငယ်အတွင်းမှာတော့
သူဝယ်နိုင်တော့မယ်လို့ -
14:13 - 14:17ပန်းပုဆရာကြီးဆီသွားပြီး
အကြောင်းကြားခဲ့တယ်။ -
14:17 - 14:21ဒါပေမဲ့ စိတ်မကောင်းစရာက
ရုပ်ထုကမရှိတော့ဘူး။ -
14:22 - 14:26ပန်းပုဆရာကြီးက
တောင်းတောင်းပန်ပန်နဲ့ ပြောတာက -
14:26 - 14:33အစိုးရ အဆင့်မြင့်အရာရှိကြီးတစ်ဦးက
ခုပဲ ဝယ်သွားပြီတဲ့။ -
14:33 - 14:36ဆင်းရဲသားကောင်လေးဟာ အသည်းကွဲတော့တာပေါ့။
-
14:36 - 14:42သူဟာ နေ့ပေါင်းမျာစွာ စားလည်းမစား၊ အိပ်လည်း
မအိပ်၊ ဘယ်သူ့နဲ့မှ စကားလည်း မပြောတော့ဘူး။ -
14:42 - 14:43ဘာကြောင့်ဆိုတာကို ဘယ်သူမှ မသိကြဘူးလေ။
-
14:44 - 14:50မကြာခင်မှာပဲ အပြင်းဖျားခဲ့ပြီး
ကုတင်ထက်မှာ သေလုမျောပါးဖြစ်ခဲ့တယ်။ -
14:50 - 14:52သူမဆုံးခင်လေးမှာ
-
14:52 - 14:58ဝါးကျည်ထောက်ထဲက သူစုထားသမျှ
အားလုံးကို ရွာဘုန်းကြီးကျောင်းကို လှူဖို့ -
14:58 - 15:00သူ့ရဲ့အမေကိုပြောခဲ့တယ်။
-
15:00 - 15:05သူ့ရဲ့နောက်ဆုံးစကားကတော့
'ဘကြီးအောင်ညာတယ်,” -
15:05 - 15:09အဓိပ္ပါယ်ကတော့ "ဦးလေးအောင်
ကတိမတည်ဘူး"ပေါ့။ -
15:09 - 15:14အင်မတန် စိတ်ထိခိုက်ဖွယ်ဆိုပေမဲ့
ဂန္ဓဝင်စာပေကို -
15:15 - 15:18ဖန်တီးပေးခဲ့တဲ့
လူသားဆန်တဲ့ဝတ္ထုတစ်ပုဒ်ပါ။ -
15:18 - 15:25ဒီဝတ္ထုကိုနှစ်သက်မှုက ၎င်းကို ခံစားမှုတွေ
သွန်းလောင်းပေးသူတွေထက် အမြဲ ပိုရှည်ခဲ့တယ်။ -
15:26 - 15:32စာရေးသူ၊ ကျွန်တေ့အမေ၊
ကျွန်တော့အေဖနဲ့ ဦးလေးတို့ဟာ -
15:32 - 15:36အားလုံးသော သေမျိုးတွေဟာ
ကွယ်လွန်သွားကြပါပြီ။ -
15:36 - 15:42ကဗျာတွေနဲ့ ဝတ္ထုတွေကတော့
ထာဝရ၊ ရှင်သန်နေတုန်းပါ။ -
15:43 - 15:46ဒီဝတ္ထုဟာ အင်မတန် လူကြိက်များတဲ့
ပြဇာတ်တစ်ပုဒ်ဖြစ်လာခဲ့ပြီး -
15:46 - 15:52တစ်နိုင်ငံလုံးမှာရှိတဲ့ ဘုရာပွဲတော်တွမှာ
ဖျော်ဖြေတင်ဆက်တုန်းပါ။ -
15:52 - 15:59ရွာသားတွေနဲ့ ကလေးငယ်တွေဟာ ဒီဝတ္ထုကို
သိနေတာ ဆယ်စုနှစ်တွေချီနေပါပြီ။ -
15:59 - 16:04မနှစ်က ရန်ကုန်လို့ထင်တယ်၊
ရန်ကုန်က စာပေပွဲတစ်ခုမှာ -
16:04 - 16:07နာမည်ကျာ် ဒါရိုက်တာတစ်ဦးကနေ
ဒါကို တင်ဆက်ခဲ့ရာ -
16:07 - 16:13ပွဲတော်ရဲ့ အဓိက တင်ဆက်ပွဲကြီး ဖြစ်လာတယ်။
-
16:13 - 16:18ကောင်းပါပြီ၊ ဒါကတော့ ကျွန်တော့အမေ၊
-
16:18 - 16:23ကြာပြီဆိုပေမဲ့ ထာဝရရှင်ကျန်နေတဲ့
သူမရဲ့ကဗျာတွေနဲ့ -
16:23 - 16:26မင်းသုဝဏ်ရဲ့ ကဗျာတွေ၊
ဝတ္ထုတွေရဲ့ဇာတ်လမ်းပါ -
16:26 - 16:31ဒီအပြောင်မြောက်ဆုံးလက်ရာတွေကို
ရေးစဉ်က ကဗျာစာဆိုတွေက -
16:31 - 16:36ဘယ်သူကို ရည်ညွှန်းခဲ့တယ်ဆိုတာကို
မြန်မာ စာပေအသိုင်းအဝိုင်းမှာ -
16:36 - 16:39ယနေ့ထိတိုင် ငြင်းခုံဆွေးနွေနေဆဲပါ။
-
16:39 - 16:42အဲဒါဟာ အခုတော့ အရေးမကြီးဘူးထင်ပါတယ်၊
-
16:42 - 16:45အရေးကြီးတဲ့ အကြောင်းက
-
16:45 - 16:51ဒီကဗျာတွေဟာ မြန်မာစာပေမှာ တကယ့်ကို
အပြောင်မြောက်ဆုံး လက်ရာတွေဖြစ်လာတာပါ၊ -
16:51 - 16:57ကျွန်တော်တို့အားလုံး မရှိတော့တဲ့
နောက်မှာလည်း တည်ရှိနေကြမှာပါ။ -
16:59 - 17:04လူတွေရဲ့ စာပေကို ချစ်မြတ်နိုးမှုဟာ
ကမ္ဘာအနှံ့ မှေးမှိန်လာနေပါတယ်။ -
17:05 - 17:07စာဖတ်သူတွေကို ပိုပိုပြီး
သုံးခွင့်ရအောင်လုပ်ပေးနိုင်တဲ့ -
17:07 - 17:14အိလက်ထရွန်းနစ် ပစ္စည်းတွေဟာ
လုံးဝ ကူညီမနိုင်ကြဘူး။ -
17:14 - 17:20အကြောင်းက ဂန္ထဝင်စာပေတွေဖတ်ခြင်းထက်
ဒီပစ္စည်းတွေက ပိုအသုံးကျတာတွေရှိတယ်လို့ -
17:20 - 17:24လက်ရှိမျိုးဆက်က ထင်မြင်နေကြလို့ပါ။
-
17:24 - 17:29ယနေ့ ပညာရေးဟာ အလုပ်ကို
ဦးစားပေးတာမျိုး ဖြစ်လာတယ်။ -
17:29 - 17:36ကမ္ဘာကြီးဟာ ရှင်ကျန်ဖို့ အသက်မွေးမှု
ကျွမ်းကျင်မှုတွေ လိုအပ်တဲ့နေရာဖြစ်လာတယ်။ -
17:36 - 17:40မှန်ပါတယ်၊ အလုပ်အကိုင်တွေက
သင့်ဝမ်းကို ဖြည့်ပေးကြပါတယ်။ -
17:40 - 17:44ဒါပေမဲ့ နှလုံသားအတွက်ကျတော့ရော။
စိတ်အတွက်ကျတာ့တော့ရော။ -
17:44 - 17:50စာပေပါ၊ နှလုံးသားနဲ့ စိတ်ကို ကျွေးမွေးပြီး
သင့်ကို လူသားတစ်ဦးလည်း ဖြစ်လာစေတာက -
17:50 - 17:52ကဗျာစာပေပါ။
-
17:53 - 17:59နိဂုံးချုပ်အနေနဲ့ ဗုဒ္ဓဘုရားရှင်ရဲ့
ဆိုရိုးစကားတစ်ခုကို ကိုးကားချင်ပါတယ်။ -
17:59 - 18:02ဗုဒ္ဓဘုရားရှင်အား တစ်ခါ မေးမြန်းခဲ့ဖူးတာက
-
18:02 - 18:08"ချစ်တာနဲ့ ကြိုက်တာကို အရှင်ဘုရား
ဘယ်လို ခွဲခြားသိမြင်နိုင်သလဲ"တဲ့။ -
18:09 - 18:15ဗုဒ္ဓမိန့်ဆိုတာက "သင်ဟာ ပန်းတစ်ပွင့်ကို
ကြိုက်ရင် အဲဒီပန်းကို သင်ဟာ ခူးယူတယ်၊ -
18:15 - 18:20ဒါပေမဲ့ ပန်းတစ်ပွင့်ကို သင်ချစ်တယ်ဆိုရင်
နေ့စဉ် ရေလောင်းပေးလိမ့်မယ်။ -
18:20 - 18:26သင်ဒါကို နားလည်ပြီဆိုရင်
ဘဝကို နားလည်လိမ့်မယ်"တဲ့။ -
18:26 - 18:28ကျေးဇူးအမျာကြီးတင်ပါတယ်။
-
18:28 - 18:31(လက်ခုပ်သံများ)
- Title:
- အချစ်ကဗျာများ။ အချစ်က မြန်မာစာပေကို ထာဝရ ကြွယ်ဝစေခဲ့ပုံ။ Nay Oke | TEDxInyaLake
- Description:
-
၁၉၂၀ နှစ်လွန်နှောင်းပိုင်းမှာ လူငယ်ကျောင်းသားနှစ်ဦးဟာ ရန်ကုန် တက္ကသိုလ်တက်ရောက်ရင်း ချစ်ကြိုက်မိခဲ့ကြပါတယ်။ ရှည်လျားတဲ့ နွေရာသီလတွေအတွင်း ကွဲကွာနေရတော့ စာစောင်တစ်ခုမှာ ကဗျာတွေကို ပုံနှိပ်ထုတ်ဝေရင်းနဲ့ တစ်ဦးနဲ့တစ်ဦး ဆက်သွယ်ခဲ့ကြပါတယ်။ယနေ့တိုင် လေ့လာပြီး မြတ်နိုးနေဆဲဖြစ်တဲ့ အမှတ်မထက် သူတို့ ဖန်တီးလိုက်တာ အခုထိကို ထာဝရရှင်သန်နေတဲ့ ကဗျာနဲ့ စာပေပါ။ ကံကြမ္မာခေတဲ့ ချစ်သူနှစ်ဦးကတော့ နိုင်ငံကိုယ်စားပြု ကဗျာဆရာ မင်းသုဝဏ်နဲ့ ထင်ရှားတဲ့ ကဗျာဆရာမက ခင်စောမူ၊ ဟောပြောသူ မွေးဖွားပြီး မကြာခင်မှာပဲ ဆုံးသွားရှာတဲ့ သူ့မိခင်ပါ။ ဒီဆွတ်ပျံဖွယ်၊ ညှို့ယူဖမ်းစားနိုင်တဲ့ ဟောပြောချက်ထဲမှာ (ဦး)နေအုပ်ကနေပြီး မြန်မာ့ အထင်ရှားဆုံး စာပေလက်ရာများရဲ့ နောက်ကွယ်က မိသားစု ဇာတ်လမ်းကို ပြောပြထားပါတယ်။
ဒီဟောပြောချက်ဟာ TED ညီလာခံ ပုံစံ အသုံးပြုထားပေမဲ့ ဒေသတွင်း လူတစ်စုက သီးသန့်ကျင်းပတဲ့ TEDx ပွဲတစ်ခုမှာ ဟောပြောခဲ့တာပါ။ http://ted.com/tedx
တွင် ပိုလေ့လာနိုင်ပါတယ်။ - Video Language:
- English
- Team:
- closed TED
- Project:
- TEDxTalks
- Duration:
- 18:34
sann tint approved Burmese subtitles for Love poems: How love enriched Myanmar literature forever | Nay Oke | TEDxInyaLake | ||
Myo Aung accepted Burmese subtitles for Love poems: How love enriched Myanmar literature forever | Nay Oke | TEDxInyaLake | ||
Myo Aung edited Burmese subtitles for Love poems: How love enriched Myanmar literature forever | Nay Oke | TEDxInyaLake | ||
sann tint edited Burmese subtitles for Love poems: How love enriched Myanmar literature forever | Nay Oke | TEDxInyaLake | ||
sann tint edited Burmese subtitles for Love poems: How love enriched Myanmar literature forever | Nay Oke | TEDxInyaLake | ||
sann tint edited Burmese subtitles for Love poems: How love enriched Myanmar literature forever | Nay Oke | TEDxInyaLake | ||
sann tint edited Burmese subtitles for Love poems: How love enriched Myanmar literature forever | Nay Oke | TEDxInyaLake | ||
sann tint edited Burmese subtitles for Love poems: How love enriched Myanmar literature forever | Nay Oke | TEDxInyaLake |