1 00:00:11,500 --> 00:00:14,315 ကျွန်တော့အမေကို လုံးလုံး မသိခဲ့ရပါဘူး။ 2 00:00:14,777 --> 00:00:19,997 အကြောင်းက ကျွန်တော့ကို မွေးပြီး ခုနှစ်ရက်အကြာမှာပဲ ဆုံးသွားခဲ့လိုပါ။ 3 00:00:19,997 --> 00:00:25,469 ကျွန်တော်ဟာ စစ်ကိုင်းတိုင်းက မြောင်ဆိုတဲ့ မြို့ငယ်လေးမှာ မွေးဖွားခဲ့ပါတယ်၊ 4 00:00:25,469 --> 00:00:29,169 ဒုတိယ ကမ္ဘာစစ်ကြီး ပြီးခါနီးလေးပေါ့။ 5 00:00:29,639 --> 00:00:32,648 အဖေ့ဘက်က အဖိုးက "နေအုပ်"ဆိုပြီး 6 00:00:33,618 --> 00:00:37,468 ထူးခြားတဲ့ မြန်မာအမည်ကို ပေးခဲ့တယ်၊ 7 00:00:38,118 --> 00:00:40,999 အဓိပ္ပါယ်က "နေကို အုပ်စိုးသူ"ပါ။ 8 00:00:40,999 --> 00:00:46,329 အကြောင်းက ကျွန်တော်မွေးခဲ့တာက နေဝန်းနီ အမှတ်တံဆိပ်ပါတဲ့ အလံတွေနဲ့ 9 00:00:46,909 --> 00:00:49,544 ဖက်ဆစ်ဂျပန်တွေ မြန်မာပြည်မှာ 10 00:00:49,544 --> 00:00:51,974 စစ်ရှုံးနေတဲ့ အချိန်ဖြစ်လို့ပါ။ 11 00:00:51,974 --> 00:00:55,799 နောက်ပြီး ကျွန်တော်ဟာ စနေသားလည်းဖြစ်တာကြောင့်ပါ။ 12 00:00:55,999 --> 00:00:59,720 စစ်ပြီးတော့ မိသားစုဟာ ရန်ကုန်ကို ပြန်ပြောင်းလာခဲ့ပြီး 13 00:00:59,720 --> 00:01:01,205 ကျောင်းပညာကို St. Paul ခေါ် 14 00:01:01,205 --> 00:01:05,220 ခရစ်ယာန် သာသနာပြု ကျောင်းမှာ စတင်ခဲ့တယ်။ 15 00:01:05,400 --> 00:01:08,500 မူလတန်းကျောင်း ပထမနှစ်ကနေပြီး 16 00:01:08,507 --> 00:01:12,627 နိုင်ငံ့ဂုဏ်ဆောင် ကဗျာဆရာကြီး မင်းသုဝဏ်ရေးတဲ့ 17 00:01:12,627 --> 00:01:16,957 ကလေးတေး ကဗျာတွေ လေ့လာခဲ့ရတယ်။ 18 00:01:18,509 --> 00:01:21,078 သူဟာ ကမ္ဘာ့အကြီးကျယ်ဆုံး ကဗျာဆရာ ၁၀၀ ထဲမှာ 19 00:01:21,638 --> 00:01:26,798 စာရင်းသွင်းခံရတဲ့ တစ်ဦးတည်းသော မြန်မာကဗျာဆရာပါ။ 20 00:01:27,881 --> 00:01:31,791 ကလေးတေးကဗျာ ၁၃ ပုဒ်ရေးခဲ့ပြီး 21 00:01:32,768 --> 00:01:36,858 အခုလိုပဲ အဲဒီတုန်းကပါ လူကြိုက်များခဲ့ပါတယ်။ 22 00:01:37,323 --> 00:01:42,673 မြန်မာကျောင်းသား ကလေးအားလုံး ဒါတွေကို အလွတ်ဆိုနိုင်ပါတယ်။ 23 00:01:43,146 --> 00:01:45,300 ဟောဒီမှာ ကျွန်တော်အကြိုက်ဆုံးတစ်ပုဒ်ပါ။ 24 00:01:47,080 --> 00:01:48,781 "သပြေသီးကောက် 25 00:01:49,261 --> 00:01:54,031 ဝါဆိုဝါခေါင် ရေတွေကြီးလို့ သပြေသီးမှည့် ကောက်စို့ကွယ်။ 26 00:01:54,031 --> 00:01:58,741 ခရာဆူးချုံ ဟိုအထဲက မျှော့နက်မည်းကြီး တွယ်တတ်တယ်။ 27 00:01:58,741 --> 00:02:03,446 မျှော့နက်ဆိုတာ ချိုနဲ့လားကွဲ့ မြွေနဂါးတောင် ကြောက်ဘူးကွယ်။ 28 00:02:03,446 --> 00:02:07,788 တို့လည်းကြောက်ပေါင် အတူသွားစို့ အုန်းလက်နွားလေးထားခဲ့မယ်။ 29 00:02:07,788 --> 00:02:10,201 သွားကွယ်၊ သွားကွယ်။." 30 00:02:10,351 --> 00:02:16,567 ပါမောက္ခ G.H. Luce က "Rose Apple Gatherers"လို့ အင်္ဂလိပ်လို ပြန်ဆိုခဲ့တယ်- 31 00:02:16,977 --> 00:02:21,707 "July, August, rain and flood, let's go pick the ripe rose-apple. 32 00:02:21,707 --> 00:02:27,360 Hi, take care in thorns and mud. That's where big, black leeches grapple. 33 00:02:27,360 --> 00:02:33,010 Leeches? Pah! The hornless things. I'll fight snakes or serpent-kings. 34 00:02:33,278 --> 00:02:38,578 Who's afraid? Let’s all go now. I'll just leave my coconut cow. 35 00:02:38,578 --> 00:02:40,338 Come on! Come on!" 36 00:02:41,332 --> 00:02:48,182 ဒီတေးအားလုံးကို ကျွန်တော်တို့ အလွတ်ကျက်ပြီး အတန်းတဲမှာ ဆိုခဲ့ရပါတယ်။ 37 00:02:49,260 --> 00:02:52,840 တစ်နေ့ ကျွန်တော် ဒုတိယတန်းမှာရှိစဉ်က 38 00:02:52,840 --> 00:02:55,429 ကျွန်တော့ရဲ့ မြန်မာစာဆရာက ကျွန်တော့ကို မေးလိုက်တာက 39 00:02:55,809 --> 00:03:00,059 "ဒီကလေးတေးကဗျာကို ရေးခဲ့တဲ့ ကဗျာဆရာကို မင်းသိလားကွ။" 40 00:03:00,369 --> 00:03:03,439 ကျွန်တော်က "သိပါတယ်ဗျ၊ မင်းသုဝဏ်ပါ။" 41 00:03:03,439 --> 00:03:07,599 သူက "မဟုတ်ဘူးကွ၊ ငါဆိုလိုတာက မင်းသူ့ကို လူကိုယ်တိုင် သိလား။" 42 00:03:07,869 --> 00:03:11,169 ကျွန်တော်က "မသိပါဘူး"လို့ ဆိုတော့ သူက 43 00:03:12,522 --> 00:03:16,942 "ဒီကဗျာဆရာက ကောလိပ်တုန်းက မင်းအမေရဲ့ ရည်းစားလေ။" 44 00:03:17,402 --> 00:03:20,872 ကျွန်တော်ဟာ လုံးဝ မွှန်ထူသွားခဲ့တယ်။ 45 00:03:21,196 --> 00:03:25,496 တစ်တန်းလုံး ငြိမ်ကျသွားတယ်၊ အားလုံးရဲ့ မျက်လုံးတွေက ကျွန်တော့ကို စိုက်ကြည့်နေတယ်။ 46 00:03:25,496 --> 00:03:27,656 ကျွန်တော် အရမ်းရှက်သွားတာပေါ့။ 47 00:03:27,658 --> 00:03:33,298 အိမ်ပြန်ရောက်ရောက်ချင်း ကျွန်တော့ထက် ခုနှစ်နှစ်ပိုကြီးတဲ့ အမကို မေးခဲ့တယ်၊ 48 00:03:33,608 --> 00:03:36,388 သူက အကုန်လုံး ကျွန်တော့ကို ရှင်းပြခဲ့တယ်။ 49 00:03:37,578 --> 00:03:42,528 မိထွေးဟာ တယုတယနဲ့ကျွန်တော့ကို စောင့်ရှောက် ခဲ့တဲ့ အင်မတန်ကြင်နာတတ်တဲ့အမျိုးသမီးပါ။ 50 00:03:42,528 --> 00:03:46,448 ကျွန်တော့ရဲ့မိခင်အရင်းလို့ အမြဲတမ်း ထင်ခဲ့တယ်လေ။ 51 00:03:46,958 --> 00:03:48,804 ကျွန်တော်လန့်သွားခဲ့တာ ဟုတ်ပါတယ်။ 52 00:03:48,804 --> 00:03:54,934 ဒါပေမဲ့ ကျွန်တော့ မိခင်အစစ်က ဘယ်သူဆို တာသိရတော့ အတော်လေး ကျေနပ်မိပါတယ်။ 53 00:03:57,112 --> 00:03:59,512 ကျွန်တော် အလယ်တန်းကျောင်းရောက်တော့ 54 00:04:00,895 --> 00:04:06,365 ကျွန်တော့အမေနဲ့ မင်းသုဝဏ် နှစ်ဦးစလုံးရဲ့ ကဗျာတွေကို ကျောင်းဖတ်စာအုပ်ထဲမှာ 55 00:04:06,365 --> 00:04:08,265 တစ်ဖန် တွေ့ရှိရပြန်တယ်။ 56 00:04:08,477 --> 00:04:12,945 အဲဒီအချိန်မတိုင်ခင်က ဆရာတွေနဲ့ ကျောင်းသားအားလုံးဟာ 57 00:04:12,945 --> 00:04:16,415 ဒီကဗျာစာဆိုနှစ်ဦးနဲ့ သူတို့ရဲ့ချစ်သံယောဇဉ် အကြောင်း သိခဲ့ပြီးသားပါ။ 58 00:04:16,536 --> 00:04:19,816 သူတို့ကို သိလိုက်ရတာ အတော်လေး နေသာလာခဲ့တယ်။ 59 00:04:20,411 --> 00:04:23,471 ကျွန်တော်တွေ့ရှိရတာက အမေ့ကဗျာတွေဟာ 60 00:04:24,121 --> 00:04:30,501 ထိခိုက်ဖွယ်၊ ပုဂ္ဂိုလ်ရေးဆန်ကာ တစ်ခါတစ်ရံ ချစ်ရေးချစ်ရာ၊တစ်ခါတစ်ရံ စိတ်အားငယ်စရာပါ 61 00:04:30,501 --> 00:04:36,128 မင်းသုဝဏ်ရဲ့ ကဗျာတွေကတော့ အမြဲတမ်း အင်မတန် ချစ်စရာ၊၊ပျော်ရွှင်ဖွယ်ရာတွေပါ၊ 62 00:04:36,128 --> 00:04:38,513 တစ်ခါတစ်လေ ဒဿနဆန်ပါတယ်၊ 63 00:04:38,513 --> 00:04:44,403 အကြောင်းက သူဟာ အများစုအနေနဲ့ ကျေးလက် ဘဝနဲ့ ရိုးရာတွေအကြောင်းသီဖွဲ့လို့ပါ။ 64 00:04:46,618 --> 00:04:50,603 ကဗျာတွေကို လေ့လာပြီးတဲ့အခါမှသာ 65 00:04:51,173 --> 00:04:54,868 ကျွန်တော့အမေကို မြင်ယောင်လို့ရခဲ့တာပါ။ 66 00:04:55,514 --> 00:05:01,904 တကယ်တမ်းက ကျွန်တော့အိမ်မှာ အမေ့ရဲ့ ပန်းချီကားတွေနဲ့ ပုံတူတွေရှိပါတယ်။ 67 00:05:02,264 --> 00:05:04,624 ဒါပေမဲ့ ဒါတွေက အတော့ကို အသက်မပါပါဘူး၊ 68 00:05:05,774 --> 00:05:09,744 သူမရဲ့ကဗျာတွေက သူမကို ကျွန်တော့ စိတ်ထဲမှာ အသက်သွင်းပေးခဲ့ကြတာပါ။ 69 00:05:09,944 --> 00:05:15,808 ကျွန်တော်ငယ်ငယ်တုန်းက ခင်စောမူရဲ့သားလို့ မိတ်ဆက်ခံရတိုင်း 70 00:05:15,808 --> 00:05:17,781 ဒါ ကျွန်တော့အမေရဲ့ အမည်ပါ၊ 71 00:05:17,921 --> 00:05:20,906 ပထမဆုံးကြားခဲ့ရတဲ့ ချီးကျူးသံက 72 00:05:20,906 --> 00:05:24,966 "အိုး၊ မင်းအမေကတော့ တကယ်ကို လှတယ်ဟေ့"လို့ပါ။ 73 00:05:25,933 --> 00:05:28,803 အမေ့ကို လူကိုယ်တိုင် တစ်ခါမှ မမြင်ဖူးပေမဲ့ 74 00:05:28,803 --> 00:05:32,203 သူမဟာ အတော့ကို လှပမှာပဲလို့ သဘောပေါက်ခဲ့တယ်။ 75 00:05:33,628 --> 00:05:39,008 ဒါပေမဲ့ သူမရဲ့အတွေးတွေ၊ စိတ်ခံစားမှုတွေ၊ ခံစားချက်တွေကျတာ့ရော။ 76 00:05:40,271 --> 00:05:42,811 သူမရဲ့ကဗျာတွေက ကျွန်တော့ကို ဖွင့်ပြခဲ့တယ်။ 77 00:05:43,056 --> 00:05:47,186 ကျွန်တော့အမေဆီမှာ အလှအပ ထက် ပိုတာရှိတယ်ဆိုတာပါ။ 78 00:05:47,606 --> 00:05:53,558 ကျွန်တော်တွေ့ရှိရတာက အမေဟာ ချစ်စရာကောင်း၊ သိမ်မွေ့ပြီး ယုယကြင်နာတတ်တဲ့သူ 79 00:05:53,575 --> 00:05:58,876 အစဉ်ချစ်ခင်သစ္စာရှိတဲ့မိခင်၊ နာခံတတ်တဲ့ သမီး၊ ချစ်စရာကောင်းတဲ့ အမ၊ 80 00:05:58,876 --> 00:06:03,146 ဒါတွေအပြင် ဝတ္တရားကျေတဲ့ ဇနီးသည်တစ်ဦးပါ။ 81 00:06:05,099 --> 00:06:07,929 အံ့သြဖွယ်ကော်းတဲ့ ဒီကဗျာတွေအားလုံးကို 82 00:06:07,946 --> 00:06:12,266 သူမသီဖွဲ့ခဲ့တာကို ကျွန်တော် သိပ် ဝမ်းမြောက်မိတယ်။ 83 00:06:12,788 --> 00:06:14,428 ဒီကဗျာတွေသာ မရှိခဲ့ကြဘူးဆိုရင် 84 00:06:14,428 --> 00:06:18,708 ကျွန်တော့အမေကို ကျွန်တော် ဘယ်တော့မှ ရင်းရင်းနှီးနှီး သိခဲ့ရမှာ မဟုတ်ပါဘူ။ 85 00:06:20,182 --> 00:06:24,892 ကျွန်တော့ အမေဘက်က အဖိုးအဖွားတွေဟာ မြန်မာမင်းမျိုးစိုးနွယ်ဝင် မိသားစုတစ်ခုရဲ့ 86 00:06:24,932 --> 00:06:30,167 ဓလေ့ထုံးစံတွေနဲ့ အစဉ်အလာတွေကို တင်းကျပ်စွာ လိုက်နာရင်း သူတို့ကလေးတွေကို 87 00:06:30,167 --> 00:06:33,322 ဆုံးမသွန်သင်ခဲ့ကြပါတယ်။ 88 00:06:33,348 --> 00:06:39,298 ကျွန်တော့အဖိုးက ဗြိတိသျှ ကိုလိုနီအစိုးရ ဌာနမှာ အဆင့်မြင့် အရာရှိတစ်ဦးပါ။ 89 00:06:43,415 --> 00:06:49,785 သူဟာ သားသမီးခုနစ်ယောက်အား သူ့ရဲ့ အမွေအနှစ်တွေကို ကမ်းပေးခဲ့ပါတယ်။ 90 00:06:50,226 --> 00:06:55,236 အံ့ဖွယ်ကောင်းတာက ခုနှစ်ယောက်စလုံး သားလေးယောက်၊ သမီးသုံးယောက်ဟာ 91 00:06:55,236 --> 00:06:57,716 အလွန်တော်တဲ့ ပညာရှင်တွေဖြစ်လာကြတာပါ။ 92 00:06:58,329 --> 00:07:00,940 ကျွန်တော့အဖိုး ကွယ်လွန်တော့ 93 00:07:00,940 --> 00:07:05,210 အကြီးဆုံးဦးလေးက မိသားစုရဲ့ ဦးစီးအဖြစ် သူ့နေရာ ဆက်ခံခဲ့ပါတယ်။ 94 00:07:05,210 --> 00:07:09,860 ဦးလေးက အဖိုးထက်တောင် ပိုတင်းကျပ်သေးတယ်။ 95 00:07:10,880 --> 00:07:16,750 ညီအမသုံးယောက်ဟာ သူတို့ရဲ့ကျောင်းနဲ့ ကောလိပ်အားလပ်ရက်အားလုံးကို 96 00:07:16,770 --> 00:07:18,810 သူတာဝန်ကျတဲ့ ဒေသရာမှာ ကုန်ဆုံးခဲ့ရတယ်။ 97 00:07:19,558 --> 00:07:24,176 ကျွန်တော့အမေဟာ နွေရာသီ အားလပ်ရက်ရှည်တွေအတွင်း 98 00:07:24,176 --> 00:07:26,106 သူငယ်ချင်းတွေနဲ့ ဆက်သွယ်ခွင့်မရှိရှာဘူး၊ 99 00:07:26,106 --> 00:07:28,370 ပြောချင်တာတော့ သူ့ရည်းစားနဲ့ပေါ့။ 100 00:07:28,370 --> 00:07:33,800 ဒီတော့ အဲဒီအချိန်က အလွန်လူကြိုက်များတဲ့ "ဂန္ထလောက"လို့ခေါ်တဲ့ 101 00:07:34,256 --> 00:07:39,766 စာစောင်ကနေ သူတို့အချင်းချင်း ကဗျာတွေနဲ့ ဆက်သွယ်ခဲ့တယ်။ 102 00:07:41,797 --> 00:07:47,282 နွေရာသီ အားလပ်ရက်တွေအတွင်း သူတို့ ရေးခဲ့တဲ့ ကဗျာတွေဟာ ဂန္ထဝင်ဖြစ်လာခဲ့ပြီး 103 00:07:47,282 --> 00:07:53,532 အခုဆို ၎င်းတို့ကို ကျောင်းနဲ့ ကောလိပ် ပြဌာန်းစာအုပ်တွေမှာ ထည့်ထားပါတယ်။ 104 00:07:54,322 --> 00:07:58,712 ဟောဒီမှာတော့ နွေရာသီ လရှည်တွေအတွင်း ကျွန်တော့အမေ ရေးတဲ့ကဗျာတွေထဲက 105 00:07:58,712 --> 00:08:01,684 ကောက်နှုတ်ချက်တစ်ခုပါ။ 106 00:08:01,684 --> 00:08:04,062 "လိပ်ပြာနဲ့ ကြာကုမုဒ်" 107 00:08:04,472 --> 00:08:10,922 မြကန်သာဝယ် သင်းပျံ့ကြွယ်သည် သွယ်သွယ်ကနုတ် ကြာကုမုဒ်တို့ 108 00:08:11,092 --> 00:08:17,102 လဲ့လုတ်လဲ့လီ ဖူးဖွင်ချီသည် ဒေဝီနတ်မိ တို့နှယ်တကား။ 109 00:08:17,102 --> 00:08:23,017 ဖူးလိပ်ပြေစ ရွက်ညိုမြတွင် ရွရွနားကာ ပန်းလိပ်ပြာသည် 110 00:08:23,177 --> 00:08:28,852 သက်လျာနှမ ကုမုဒါငယ် စောင့်ရနောင့်ကို ချစ်ကြည်ညိုက" 111 00:08:30,002 --> 00:08:31,792 ဒါက ကောက်နှုတ်ချက်လေးပါပဲ။ 112 00:08:32,292 --> 00:08:34,139 ဒီကဗျာထဲမှာ 113 00:08:35,119 --> 00:08:41,826 လိပ်ပြာနဲ့ ကုမုဒြာလို့ခေါ်တဲ့ ကြာပန်း တစ်မျိုးဟာ ဘယ်တော့မှ မဆုံနိုင်ကြဘူး၊ 114 00:08:42,166 --> 00:08:46,931 အကြောင်းက လိပ်ပြာက နေ့အခါမှာသာ ထွက်ပြီး 115 00:08:46,931 --> 00:08:51,281 ကြာပန်းက လရောင်နဲ့မှ ပွင့်တာကြောင့်ပါ။ 116 00:08:51,415 --> 00:08:56,895 ဒီတော့ လိပ်ပြာဟာ တစ်နေ့လုံး သစ်ရွက်ပေါ်မှာ ရွရွကလေးနားပြီး 117 00:08:56,895 --> 00:09:00,363 ကြာပန်းကို နေဝင်တဲ့အထိ 118 00:09:00,363 --> 00:09:04,953 ပွင့်ဖို့ပဲ တောင်းခံပါတယ်။ 119 00:09:05,569 --> 00:09:11,309 ညဘက်ရောက်တော့ ကြာပန်းဟာ လရောင်အောက်မှာ ပွင့်ပြီး 120 00:09:11,329 --> 00:09:16,559 လိပ်ပြာကို အရုဏ်တက်သည့်တိုင်အောင် တစ်ဖန် ရှာဖွေနေပါလိမ့်မယ်။ 121 00:09:16,559 --> 00:09:20,049 ဒါဟာ ခံစားမှုပိုင်းအရ ကရုဏာ သက်ဖွယ် ကဗျာတစ်ပုဒ်ပါ။ 122 00:09:20,081 --> 00:09:23,533 ကျွန်တော်ထင်တာက အမေ ဒီကဗျာကိုရေးတုန်းက 123 00:09:23,533 --> 00:09:27,583 သူ့ရည်းစားကို တွေဖို့တမ်းတနေမယ်ဆိုတာ အသေချာပါပဲ။ 124 00:09:28,537 --> 00:09:33,847 ဒီမှာတော့ မင်းသုဝဏ်ရေးတဲ့ ကြည်နူးဖွယ်ကဗျာ နောက်တစ်ပုဒ်ပါ။ 125 00:09:34,113 --> 00:09:40,653 "နှင်းဆီပွင့်"လို့ခေါ်တဲ့ စိတ်ထိခိုက်စရာ ဆိုပေမဲ့ ကြည်နူးဖွယ်ကဗျာပါ၊ 126 00:09:41,378 --> 00:09:43,219 "နှင်းဆီပွင့်။ လယ်တောက ပြန် 127 00:09:43,219 --> 00:09:46,919 ပန်ချင်တယ် ခရေဖူးဆိုလို့ မောင်ခူးကာပေး။ 128 00:09:46,919 --> 00:09:49,919 မနက်တုန်းဆီက ကြော့ဆုံးကို မောင်မြင်တော့ 129 00:09:49,919 --> 00:09:53,909 သူ့ဆံပင် နှင်းဆီပွင့်တွေနှင့် ဂုဏ်တင့်တယ်လေး။" 130 00:09:53,909 --> 00:09:57,634 ဦးခင်ဇော်ကနေပြီးတော့ 131 00:09:57,634 --> 00:10:01,559 "Roses":ဆိုပြီး ကျစ်ကျစ်လျစ်လျစ် အင်္ဂလိပ်လို ပြန်ဆိုခဲ့ပါတယ်။ 132 00:10:01,612 --> 00:10:06,952 "Last eve her ladyship fancied some flowers we saw on the wild-wood way. 133 00:10:06,952 --> 00:10:10,582 I plucked them for her, those forest flowers. 134 00:10:10,582 --> 00:10:14,593 Alas, today in her hair are roses, roses 135 00:10:14,593 --> 00:10:17,573 very pretty she looks with roses! 136 00:10:17,573 --> 00:10:22,393 ကဗျာဆရာက ဒီကဗျာကို ကျွန်တော့ အမေကို ရည်းစူးခဲ့တာလို ထင်ပါတယ်။ 137 00:10:24,265 --> 00:10:29,215 ကျန်တော့အမေ ကောလိပ် နောက်ဆုံးနှစ်ပြီးတော့ 138 00:10:29,493 --> 00:10:32,448 ခါတိုင်းလိုပဲ နွေရာသီအားလပ်ရက်ကို သူမရဲ့အကြီးဆုံး အကို၊ 139 00:10:32,448 --> 00:10:35,403 ကျွန်တော့ဦးလေးနဲ့ ကုန်ဆုံးခဲ့ရတယ်။ 140 00:10:35,939 --> 00:10:38,639 နွေရာသီ အားလပ်ရက်တွေအတွင်းမှာ 141 00:10:38,639 --> 00:10:45,049 ကျွန်တော့အမေနဲ့ အဖေကို အလျင်စလို လက်ထပ်ပေးဖို့ စီစဉ်ခဲ့တယ်။ 142 00:10:45,223 --> 00:10:49,336 အဲဒီအချိန်က ကျွန်တော့ဦးလေးဟာ ပြည်မှာ ခရိုင်မင်းကြီးဖြစ်ပြီး 143 00:10:49,336 --> 00:10:53,866 ကျွန်တော့အဖေကတော့ လက်ထောက် ခရိုင်မင်းကြီးပါ။ 144 00:10:54,366 --> 00:10:58,996 ကျွန်တော့အဖေ ဦးဘတင့်နဲ့ ကျွန်တော့ ဦးလေး ဦးတင်ထွဋ်တို့ နှစ်ဦးစလုံးဟာ 145 00:11:00,874 --> 00:11:06,574 အင်မတန် အထက်တန်းကျတဲ့ ICS လို့ခေါ်တဲ့ Indian Civil Service 146 00:11:06,574 --> 00:11:08,164 အဆင့် ပြည်သူ့ဝန်ထမ်းတွေပါ။ 147 00:11:08,976 --> 00:11:14,581 ဗြိတိသျှတွေဟာ ကောလိပ်မှာ ထူးခွန်တဲ့ ပညာရှင်တွေကို ရွေးပြီး 148 00:11:15,041 --> 00:11:18,251 ထပ်ဆောင်း လေ့လာမှုတွေအတွက် UK ကို ပို့ပေးခဲ့ကာ 149 00:11:18,541 --> 00:11:24,761 ဗြိတိသျှ ကိုလိုနီ ဌာနရဲ့အစိတ်အပိုင်း ဖြစ်ဖို့ သီးသန့် လေ့ကျင့်ပေးခဲ့တယ်။ 150 00:11:24,761 --> 00:11:29,061 အဲဒီအချိန်တွေတုန်းကတော့ သူတို့ဟာ လူ့မလိုင်တွေပေါ့။ 151 00:11:29,061 --> 00:11:35,455 ကျွန်တော့အမေဟာ အမြဲတမ်း နာခံတတ်တဲ့ ညီမဖြစ်တော့ ဘာမှ ဆန့်ကျင်တာတွေမလုပ်ခဲ့ဘဲ 152 00:11:35,733 --> 00:11:42,553 အကြီးတန်း အစိုးရ အရာရှိကတော်အဖြစ်နဲ့ သူမရဲ့ ကံကြမ္မာပဲလို့ ခံယူခဲ့တယ်။ 153 00:11:43,887 --> 00:11:46,337 ဒီကာလအတွင်းမှာပဲ 154 00:11:46,467 --> 00:11:52,014 မြန်မာစာပေဟာ မင်းသုဝဏ်ရေးတဲ့ ထာဝရရှင်သန်နေတဲ့ 155 00:11:52,014 --> 00:11:56,464 “ဘကြီးအောင်ညာတယ်” ဆိုတဲ့ ဝတ္ထုတိုတစ်ပုဒ်နဲ့ ကြွယ်ဝခဲ့ပါတယ်။ 156 00:11:56,464 --> 00:12:00,145 အဓိပ္ပါယ်ကတော့ "ဦးလေးအောင် ကတိမတည်ဘူး"ပေါ့။ 157 00:12:00,145 --> 00:12:06,619 ဒါက မိန်းမပျို သစ်သားပန်းပုရုပ်ကို စွဲလမ်းမိသွားတဲ့ 158 00:12:07,339 --> 00:12:12,727 ဆယ်နှစ်အရွယ် ရွာက ကောင်လေးတစ်ယောက် အကြောင်း ထိခိုက်ဖွယ် ဇာတ်လမ်းတစ်ပုဒ်ပါ။ 159 00:12:12,847 --> 00:12:19,004 သူက ပန်းပုပညာကိုချစ်တော့ ရွာက ပန်းပုဆရာ ဦးအောင်ဆီကို မကြာခဏ သွားလည်ပတ်ကာ 160 00:12:19,994 --> 00:12:22,664 ပုံသဏ္ဌာန်မဲ့ သစ်သားတုံးတွေကနေ 161 00:12:23,568 --> 00:12:28,488 လှပတဲ့ ပန်းပုလက်ရာတွေကို ထုလုပ်ပုံ သွင်းတာကို စောင့်ကြည့်တယ်။ 162 00:12:29,013 --> 00:12:33,403 ဒီမိန်းမပျိုရုပ်ထုလေးဟာ အလှဆုံးပဲလို့ သူထင်ခဲ့တယ်၊ 163 00:12:34,443 --> 00:12:37,193 သူမျက်စိကျသွားခဲ့တာပေါ့။ 164 00:12:37,472 --> 00:12:39,081 ဒီလိုနဲ့ တစ်နေ့မှာ 165 00:12:39,911 --> 00:12:45,580 မနေနိုင်တော့ပဲ ပန်းပုဆရာကြီးကို မဝံ့မရဲနဲ့ မေးလိုက်တာက 166 00:12:45,580 --> 00:12:50,950 "ဒီရုပ်ထုကိုဝယ်ဖို့ ဘယ်လောက်ပေးရမလဲဗျ။" 167 00:12:50,950 --> 00:12:56,269 ပန်းပုဆရာကြီးက "တစ်ရူပီး"လို့ ပြောလိုက် တဲ့အခါ ရင်ကွဲမတတ်ဖြစ်သွားခဲ့တယ်၊ 168 00:12:56,459 --> 00:12:59,289 အကြောင်းက ဒီပိုက်ဆံမျိုး သူတစ်ခါမှ မရှိခဲ့ဖူးဘူးလေ။ 169 00:12:59,289 --> 00:13:04,716 သူက တစ်နေ့ကို မုန့်ဖိုးတစ်နေ့မှ တစ်ပိုက်စ်ပဲ ရနေခဲ့တာပါ။ 170 00:13:04,716 --> 00:13:06,646 ကိုလိုနီခေတ်တုန်းက 171 00:13:06,646 --> 00:13:12,496 ကျွန်တော်တို့ဟာ အိန္ဒိယငွေကြေးဖြစ်တဲ့ ရူပီး၊ အန်နာနဲ့ ပိုက်စ်တွေ သုံးခဲ့ရတယ်။ 172 00:13:12,496 --> 00:13:16,816 တစ်ရူပီထဲမှာ ၆၄ ပိုက်စ် ရှိပါတယ်။ 173 00:13:17,755 --> 00:13:23,295 ဒါပေမည့်လည်း သူက ပန်းပုဆရာကြီးကို သူ့အတွက်ထားပေးဖို့ တောင်းပန်ခဲ့တယ်။ 174 00:13:23,295 --> 00:13:28,965 အကြောင်းက ဒီအရုပ်အတွက် ငွေစုလို့ပြည့်တဲ့အခါ သူပြန်လာမှာမို့ပါ။ 175 00:13:29,495 --> 00:13:35,355 ပန်းပုဆရာကြီးက ဒါကို ဘယ်သူ့ကိုမှ မရောင်းဘူးလို့ အလေးအနက်ကတိပေးခဲ့တယ်။ 176 00:13:35,899 --> 00:13:40,539 ဒီတော့ ဆင်းရဲ့သားကောင်လေးဟာ သူကြိုက်တဲ့မုန့်တွေကို မစားတော့ပဲ 177 00:13:40,539 --> 00:13:45,254 သူ့မုန့်ဖိုးကို ဝါးကျည်ထောက်တစ်ခု ထဲမှာ စပြီးစုခဲ့တယ်။ 178 00:13:46,068 --> 00:13:48,988 ညနေတိုင်း သူအိပ်ရာမဝင်ခင်မှာ 179 00:13:49,096 --> 00:13:53,516 ငွေအကြွေစေ့တွေကို ထုတ်ပြီး ရေရေတွက်ကြည့်တယ်။ 180 00:13:53,816 --> 00:13:55,977 ဒါက အတော့ကို နှေးတဲ့ ဖြစ်စဉ်တစ်ခုဆိုတော့ 181 00:13:55,977 --> 00:14:01,017 လက်တိုလက်တောင်းလေးတွေလုပ်ပြီး အပိုဝင်ငွေရဖို့ ဆုံးဖြတ်လိုက်တယ်။ 182 00:14:01,050 --> 00:14:05,530 သူ့အိမ်နီးနားချင်းတွေအတွက် ရေခပ်ပေးတာတို့၊ ထင်းခွေပေးတာတို့ပေါ့။ 183 00:14:05,666 --> 00:14:10,006 သူ့စုတာ ပြည့်သွားတဲ့အခါ၊ ပြည့်လုနီးနီးမှာပေါ့ 184 00:14:10,006 --> 00:14:12,906 ရက်အနည်းငယ်အတွင်းမှာတော့ သူဝယ်နိုင်တော့မယ်လို့ 185 00:14:12,906 --> 00:14:16,696 ပန်းပုဆရာကြီးဆီသွားပြီး အကြောင်းကြားခဲ့တယ်။ 186 00:14:16,696 --> 00:14:21,101 ဒါပေမဲ့ စိတ်မကောင်းစရာက ရုပ်ထုကမရှိတော့ဘူး။ 187 00:14:21,531 --> 00:14:26,116 ပန်းပုဆရာကြီးက တောင်းတောင်းပန်ပန်နဲ့ ပြောတာက 188 00:14:26,116 --> 00:14:32,586 အစိုးရ အဆင့်မြင့်အရာရှိကြီးတစ်ဦးက ခုပဲ ဝယ်သွားပြီတဲ့။ 189 00:14:32,966 --> 00:14:36,126 ဆင်းရဲသားကောင်လေးဟာ အသည်းကွဲတော့တာပေါ့။ 190 00:14:36,126 --> 00:14:41,602 သူဟာ နေ့ပေါင်းမျာစွာ စားလည်းမစား၊ အိပ်လည်း မအိပ်၊ ဘယ်သူ့နဲ့မှ စကားလည်း မပြောတော့ဘူး။ 191 00:14:41,602 --> 00:14:43,477 ဘာကြောင့်ဆိုတာကို ဘယ်သူမှ မသိကြဘူးလေ။ 192 00:14:43,877 --> 00:14:50,414 မကြာခင်မှာပဲ အပြင်းဖျားခဲ့ပြီး ကုတင်ထက်မှာ သေလုမျောပါးဖြစ်ခဲ့တယ်။ 193 00:14:50,414 --> 00:14:51,830 သူမဆုံးခင်လေးမှာ 194 00:14:51,830 --> 00:14:57,527 ဝါးကျည်ထောက်ထဲက သူစုထားသမျှ အားလုံးကို ရွာဘုန်းကြီးကျောင်းကို လှူဖို့ 195 00:14:57,527 --> 00:14:59,837 သူ့ရဲ့အမေကိုပြောခဲ့တယ်။ 196 00:15:00,472 --> 00:15:04,745 သူ့ရဲ့နောက်ဆုံးစကားကတော့ 'ဘကြီးအောင်ညာတယ်,” 197 00:15:04,745 --> 00:15:09,165 အဓိပ္ပါယ်ကတော့ "ဦးလေးအောင် ကတိမတည်ဘူး"ပေါ့။ 198 00:15:09,165 --> 00:15:14,214 အင်မတန် စိတ်ထိခိုက်ဖွယ်ဆိုပေမဲ့ ဂန္ဓဝင်စာပေကို 199 00:15:14,594 --> 00:15:17,884 ဖန်တီးပေးခဲ့တဲ့ လူသားဆန်တဲ့ဝတ္ထုတစ်ပုဒ်ပါ။ 200 00:15:17,884 --> 00:15:24,904 ဒီဝတ္ထုကိုနှစ်သက်မှုက ၎င်းကို ခံစားမှုတွေ သွန်းလောင်းပေးသူတွေထက် အမြဲ ပိုရှည်ခဲ့တယ်။ 201 00:15:26,431 --> 00:15:31,781 စာရေးသူ၊ ကျွန်တေ့အမေ၊ ကျွန်တော့အေဖနဲ့ ဦးလေးတို့ဟာ 202 00:15:31,781 --> 00:15:35,571 အားလုံးသော သေမျိုးတွေဟာ ကွယ်လွန်သွားကြပါပြီ။ 203 00:15:35,571 --> 00:15:42,023 ကဗျာတွေနဲ့ ဝတ္ထုတွေကတော့ ထာဝရ၊ ရှင်သန်နေတုန်းပါ။ 204 00:15:42,503 --> 00:15:46,072 ဒီဝတ္ထုဟာ အင်မတန် လူကြိက်များတဲ့ ပြဇာတ်တစ်ပုဒ်ဖြစ်လာခဲ့ပြီး 205 00:15:46,072 --> 00:15:51,982 တစ်နိုင်ငံလုံးမှာရှိတဲ့ ဘုရာပွဲတော်တွမှာ ဖျော်ဖြေတင်ဆက်တုန်းပါ။ 206 00:15:51,982 --> 00:15:59,097 ရွာသားတွေနဲ့ ကလေးငယ်တွေဟာ ဒီဝတ္ထုကို သိနေတာ ဆယ်စုနှစ်တွေချီနေပါပြီ။ 207 00:15:59,097 --> 00:16:03,766 မနှစ်က ရန်ကုန်လို့ထင်တယ်၊ ရန်ကုန်က စာပေပွဲတစ်ခုမှာ 208 00:16:03,786 --> 00:16:07,402 နာမည်ကျာ် ဒါရိုက်တာတစ်ဦးကနေ ဒါကို တင်ဆက်ခဲ့ရာ 209 00:16:07,402 --> 00:16:12,602 ပွဲတော်ရဲ့ အဓိက တင်ဆက်ပွဲကြီး ဖြစ်လာတယ်။ 210 00:16:13,341 --> 00:16:17,540 ကောင်းပါပြီ၊ ဒါကတော့ ကျွန်တော့အမေ၊ 211 00:16:17,950 --> 00:16:22,575 ကြာပြီဆိုပေမဲ့ ထာဝရရှင်ကျန်နေတဲ့ သူမရဲ့ကဗျာတွေနဲ့ 212 00:16:22,575 --> 00:16:26,220 မင်းသုဝဏ်ရဲ့ ကဗျာတွေ၊ ဝတ္ထုတွေရဲ့ဇာတ်လမ်းပါ 213 00:16:26,220 --> 00:16:31,330 ဒီအပြောင်မြောက်ဆုံးလက်ရာတွေကို ရေးစဉ်က ကဗျာစာဆိုတွေက 214 00:16:31,330 --> 00:16:36,095 ဘယ်သူကို ရည်ညွှန်းခဲ့တယ်ဆိုတာကို မြန်မာ စာပေအသိုင်းအဝိုင်းမှာ 215 00:16:36,095 --> 00:16:38,900 ယနေ့ထိတိုင် ငြင်းခုံဆွေးနွေနေဆဲပါ။ 216 00:16:38,900 --> 00:16:42,150 အဲဒါဟာ အခုတော့ အရေးမကြီးဘူးထင်ပါတယ်၊ 217 00:16:42,150 --> 00:16:45,069 အရေးကြီးတဲ့ အကြောင်းက 218 00:16:45,069 --> 00:16:51,449 ဒီကဗျာတွေဟာ မြန်မာစာပေမှာ တကယ့်ကို အပြောင်မြောက်ဆုံး လက်ရာတွေဖြစ်လာတာပါ၊ 219 00:16:51,449 --> 00:16:56,520 ကျွန်တော်တို့အားလုံး မရှိတော့တဲ့ နောက်မှာလည်း တည်ရှိနေကြမှာပါ။ 220 00:16:58,985 --> 00:17:04,105 လူတွေရဲ့ စာပေကို ချစ်မြတ်နိုးမှုဟာ ကမ္ဘာအနှံ့ မှေးမှိန်လာနေပါတယ်။ 221 00:17:04,685 --> 00:17:07,442 စာဖတ်သူတွေကို ပိုပိုပြီး သုံးခွင့်ရအောင်လုပ်ပေးနိုင်တဲ့ 222 00:17:07,442 --> 00:17:14,121 အိလက်ထရွန်းနစ် ပစ္စည်းတွေဟာ လုံးဝ ကူညီမနိုင်ကြဘူး။ 223 00:17:14,121 --> 00:17:20,111 အကြောင်းက ဂန္ထဝင်စာပေတွေဖတ်ခြင်းထက် ဒီပစ္စည်းတွေက ပိုအသုံးကျတာတွေရှိတယ်လို့ 224 00:17:20,126 --> 00:17:23,616 လက်ရှိမျိုးဆက်က ထင်မြင်နေကြလို့ပါ။ 225 00:17:24,236 --> 00:17:28,968 ယနေ့ ပညာရေးဟာ အလုပ်ကို ဦးစားပေးတာမျိုး ဖြစ်လာတယ်။ 226 00:17:28,968 --> 00:17:35,500 ကမ္ဘာကြီးဟာ ရှင်ကျန်ဖို့ အသက်မွေးမှု ကျွမ်းကျင်မှုတွေ လိုအပ်တဲ့နေရာဖြစ်လာတယ်။ 227 00:17:36,150 --> 00:17:40,047 မှန်ပါတယ်၊ အလုပ်အကိုင်တွေက သင့်ဝမ်းကို ဖြည့်ပေးကြပါတယ်။ 228 00:17:40,047 --> 00:17:43,527 ဒါပေမဲ့ နှလုံသားအတွက်ကျတော့ရော။ စိတ်အတွက်ကျတာ့တော့ရော။ 229 00:17:43,537 --> 00:17:49,659 စာပေပါ၊ နှလုံးသားနဲ့ စိတ်ကို ကျွေးမွေးပြီး သင့်ကို လူသားတစ်ဦးလည်း ဖြစ်လာစေတာက 230 00:17:49,659 --> 00:17:52,139 ကဗျာစာပေပါ။ 231 00:17:53,075 --> 00:17:59,145 နိဂုံးချုပ်အနေနဲ့ ဗုဒ္ဓဘုရားရှင်ရဲ့ ဆိုရိုးစကားတစ်ခုကို ကိုးကားချင်ပါတယ်။ 232 00:17:59,395 --> 00:18:01,803 ဗုဒ္ဓဘုရားရှင်အား တစ်ခါ မေးမြန်းခဲ့ဖူးတာက 233 00:18:01,803 --> 00:18:08,349 "ချစ်တာနဲ့ ကြိုက်တာကို အရှင်ဘုရား ဘယ်လို ခွဲခြားသိမြင်နိုင်သလဲ"တဲ့။ 234 00:18:08,599 --> 00:18:14,857 ဗုဒ္ဓမိန့်ဆိုတာက "သင်ဟာ ပန်းတစ်ပွင့်ကို ကြိုက်ရင် အဲဒီပန်းကို သင်ဟာ ခူးယူတယ်၊ 235 00:18:15,337 --> 00:18:20,350 ဒါပေမဲ့ ပန်းတစ်ပွင့်ကို သင်ချစ်တယ်ဆိုရင် နေ့စဉ် ရေလောင်းပေးလိမ့်မယ်။ 236 00:18:20,350 --> 00:18:26,240 သင်ဒါကို နားလည်ပြီဆိုရင် ဘဝကို နားလည်လိမ့်မယ်"တဲ့။ 237 00:18:26,240 --> 00:18:27,775 ကျေးဇူးအမျာကြီးတင်ပါတယ်။ 238 00:18:27,775 --> 00:18:30,843 (လက်ခုပ်သံများ)