< Return to Video

ကျွန်ုပ်တို့ရဲ့ အစာခြေမှု စနစ် အလုပ်လုပ်ပုံ - Emma Bryce

  • 0:07 - 0:08
    တစ်ကမ္ဘာလုံးမှာ
  • 0:08 - 0:14
    လူသားဟာ ပျမ်းမျှအားဖြင့် တစ်နေ့မှာ အစားစာ
    ၁ မှ ၂.၇ ကီလိုဂရမ် အထိ စားပါတယ်။
  • 0:14 - 0:18
    အဲဒါက လူတစ်ဦး တစ်နှစ်မှာ
    ၃၆၅ ကီလိုဂရမ် ကျော်ပါတယ်။
  • 0:18 - 0:23
    တစ်သက်တာမှာ
    ကီလိုဂရမ် ၂၈.၈၀၀ ထက်ပိုများပါတယ်။
  • 0:23 - 0:27
    စားလိုက်သမျှဟာ အစာခြေစနစ်ကို
    ဖြတ်ကျော်ရပါတယ်။
  • 0:27 - 0:30
    ကိုးမီတာ ရှည်လျားပြီး အင်္ဂါအစိတ်အပိုင်း
    ဆယ်ခုရှိကာ
  • 0:30 - 0:33
    အထူးဆဲလ်အမျိုးအစား ၁၀ ကျော်
    ပါရှိတဲ့ အဲဒီစနစ်ဟာဖြင့်
  • 0:33 - 0:38
    လူ့ခန္ဓာကိုယ်ထဲက မတူကွဲပြားလှပြီး
    အရှုပ်ထွေးဆုံး စနစ် တစ်ခုပါပဲ။
  • 0:38 - 0:42
    ၎င်းရဲ့ အစိတ်အပိုင်းတွေဟာ သင့်အစားအစာထဲက
    ကုန်ကြမ်းပစ္စည်းတွေကို
  • 0:42 - 0:45
    သင့်အား အသက်ရှင်နေထိုင်ရန် လိုတဲ့
    အာဟာရများနဲ့ စွမ်းအင်များကို
  • 0:45 - 0:49
    ထုတ်လုပ်ပေးရန်ဆိုတဲ့ တစ်ခုတည်းသော
    တာဝန်ကို လုပ်ကိုင်ထမ်းဆောင်နေကြတာပါ။
  • 0:49 - 0:51
    သင့်ရဲ့ကိုယ်ထည်တစ်ခုလုံးမှာ
    နေရာယူထားတဲ့
  • 0:51 - 0:55
    အစာခြေစနစ်ထဲတွင် အဓိကအပိုင်း
    လေးခု ရှိပါတယ်။
  • 0:55 - 0:57
    ပထမတစ်ခုက အစာအိမ်နဲ့အူလမ်းကြောင်းပါ၊
  • 0:57 - 1:00
    သင်ရဲ့ အစားအစာကို ပို့ဆောင်ပေးတဲ့
    တွန့်လိမ်နေတဲ့ လမ်းကြောင်းဖြစ်ပြီး
  • 1:00 - 1:06
    အတွင်းပိုင်း မျက်နှာပြင်ဟာ စတုရန်းမီတာ
    ၃၀ - ၄၀ ခန့်ရှိတတ်ရာ
  • 1:06 - 1:09
    ကြက်တောင်ကွင်း တစ်ဝက်ကို
    လွှမ်းအုပ်နိုင်ပါတယ်။
  • 1:09 - 1:10
    ဒုတိယထဲတွင် ပန်ကရိယတွေ၊
  • 1:10 - 1:11
    သည်းခြေအိတ်နဲ့
  • 1:11 - 1:12
    အသည်းပါပြီး
  • 1:12 - 1:17
    အထူးအရည်များကို သုံးပြီး အစားအစာကို
    ခြေဖျက်ပစ်ပေးကြတဲ့ အင်္ဂါ သုံးခုပါ။
  • 1:17 - 1:18
    တတိယထဲတွင် အင်ဇိုင်းတွေ၊
  • 1:18 - 1:19
    ဟော်မုန်းတွေ၊
  • 1:19 - 1:20
    အာရုံကြောတွေနဲ့
  • 1:20 - 1:21
    သွေးပါဝင်ပါတယ်၊
  • 1:21 - 1:23
    ၎င်းတို့ အားလုံးဟာ
    အစားအစာကို ခြေဖျက်ပစ်ရင်း
  • 1:23 - 1:25
    အစာခြေရေး ဖြစ်စဉ်ကို
    ရုပ်လုံးဖေါ်ပေးလျက်
  • 1:25 - 1:28
    ရရှိိလာတဲ့ နောက်ဆုံးထုတ်ကုန်များကို
    ပို့ဆောင်ပေးပါတယ်။
  • 1:28 - 1:29
    နောက်ဆုံးအနေနဲ့ အစာခြေရေး
  • 1:29 - 1:32
    အစိတ်အပိုင်းအားလုံး ၎င်းတို့ရဲ့ တာဝန်တွေ
    လုပ်ကိုင်နိုင်အောင်
  • 1:32 - 1:36
    အစာအိမ်ထဲတွင် ရှိနေစေရန်
    ပံ့ပိုးပေးတဲ့
  • 1:36 - 1:38
    ရှည်လျားလှတဲ့ အသားမျှင် အလွှာပါ။
  • 1:38 - 1:42
    တကယ်တော့ အစာခြေရေး ဖြစ်စဉ်ဟာ
    အစားအစာက သင့်လျှာကို မထိခင် စတင်ပါတယ်။
  • 1:42 - 1:44
    ဝင်လာတော့မယ် မြိန်ရှက်တဲ့
    စားဖွယ်ရာကို စောင့်မျှော်ရင်း၊
  • 1:44 - 1:48
    သင့်ပါးစားထဲက အကျိတ်တွေဟာ
    သွားရည်ကို စထုတ်လုပ်ပေးပါတယ်။
  • 1:48 - 1:52
    ကျန်ုပ်တို့ဟာ သွားရည်ကို နေ့စဉ် ၁.၅ လီတာ
    ထုတ်လုပ်ကြပါတယ်။
  • 1:52 - 1:54
    ပါးစပ် အတွင်းမှာကျတော့
  • 1:54 - 1:56
    ကြိတ်ဝါးရင်း သွားရည်တွေနဲ့
    ပေါင်းစပ်ပေးခြင်းဖြင့်
  • 1:56 - 2:01
    စိုစွတ်နေတဲ့ အလုံးများအဖြစ်
    ပြောင်းလဲပစ်လိုက်ပါတယ်။
  • 2:01 - 2:05
    ခုနက သွားရည်ထဲ ပါဝင်တဲ့ အင်ဇိုင်းတွေက
    ပါနိုင်တဲ့ ကစီဓါတ်ကို ဖြိုဖျက်ပေးပါတယ်။
  • 2:05 - 2:06
    အဲဒီနောက် သင်စားလိုက်တဲ့ အစားအစာဟာ
  • 2:06 - 2:11
    အစာပြွန် လို့ခေါ်တဲ့ ၂၅ စင်တီမီတာ
    ရှည်တဲ့ ပြွန်ဝဆီ ရောက်လာပါတယ်၊
  • 2:11 - 2:14
    အဲဒီကနေ အောက်ပို လျှော်ဆင်းသွားရင်း
    အစာအိမ်ရောက်ထဲ ရောက်သွားမှာပါ။
  • 2:14 - 2:17
    ခုနက esophagus အသားမျှင်ရဲ့
    ဝန်းကျင်ရှိ အာရုံကြောတွေက
  • 2:17 - 2:20
    အစားအစာအလုံးတွေ ရောက်လာတာကို
    အာရုံခံလိုက်ရလို့ ကြွက်သားတွေ
  • 2:20 - 2:23
    အထူးပုံစံဖြင့် ကျုံ့လာစေရန် အချက်ပေးကြတယ်။
  • 2:23 - 2:26
    အဲဒါက အစားအစာကို အစာအိမ်ထဲသို့
    တွန်းချပေးလိုက်လို့
  • 2:26 - 2:30
    ရှေ့ဆက်ပြီး အစာအိမ်ရဲ့ နံရံထဲက
    ကြွက်သားတွေရဲ့ လက်ထဲ ရောက်သွားကြတယ်၊
  • 2:30 - 2:33
    ၎င်းတို့ဟာ အစားအစာ အလုံးတွေကို
    ဆက်ပြီး အတုံးလေးတွေအဖြစ် တုံးပစ်ပါတယ်။
  • 2:33 - 2:37
    အတွင်းခံထဲက ဆဲလ်တွေမှ ထုတ်ပေးလိုက်တဲ့
    ဟော်မုန်းတွေက အက်စစ်တွေနဲ့
  • 2:37 - 2:40
    အစာအိမ်ရ့ နံရံမှ အင်ဇိုင်းကြွယ်ဝတဲ့
    အရည်တွေ ထုတ်ပေးလိုက်ရာ
  • 2:40 - 2:44
    အစားအစာကို ချေဖျက်လျက် အသားဓာတ်
    ထုတ်လုပ်မှုကို စပေးပါတယ်။
  • 2:44 - 2:46
    အဲဒီဟော်မုန်းတွေက ပန်ကရိယတွေ၊
  • 2:46 - 2:47
    အသည်း၊ နှင့်
  • 2:47 - 2:48
    သည်းခြေအိတ်တို့ကိုပါ
  • 2:48 - 2:50
    အစာချေရေး အရည်များကို ထုတ်လုပ်ပေးလျက်
  • 2:50 - 2:54
    အဆီတွေ ချေဖျက်ရန် ဝါကြင့်ကြင့်ရောင်
    ပို့ဆောင်ရေး သည်းခြေရည်ကို ထုတ်စေပါတယ်၊
  • 2:54 - 2:56
    နောက်တဆင့်အတွက် ပြင်ဆင်မှုပါပြ၊
  • 2:56 - 2:58
    အစာအိမ်ထဲမှာ သုံးနာရီကြာသွားတဲ့ နောက်မှာ၊
  • 2:58 - 3:03
    တစ်ချိန်တုန်းက အတုံးလေး ပုံစံဖြစ်ခဲ့တဲ့ဟာ
    အခုတော့ အမြှုပ်ထနေတဲ့ အရည်ဖြစ်လာလျက်
  • 3:03 - 3:06
    အူသိမ်ဆီသို့ ရွှေ့ပြောင်းဖို့
    အဆင်သင့်ပါပဲ။
  • 3:06 - 3:08
    အသည်းဟာ သည်းခြေအိတ်ထံမှ
    သည်းခြေရည်ကို ရလိုက်ပြီး
  • 3:08 - 3:14
    အဲဒါကို duodenum လို့ခေါ်တဲ့ အူသိမ်ရဲ့
    ပထမပိုင်းထဲကို ထုတ်လွှတ်ပေးလိုက်ပါတယ်။
  • 3:14 - 3:18
    အဲဒီမှာ ၎င်းဟာ အမြှုပ်ထနေတဲ့ အရည်ထဲက
    အဆီတွေကို ချေဖျက်ပေးလိုက်ခြင်းဖြင့်
  • 3:18 - 3:22
    အဲဒီမှာ ရောက်ရှိနေကြတဲ့ ပန်ကရိယနဲ့
    အူထဲက အရည်များဖြင့်
  • 3:22 - 3:24
    အလွယ်တကူ ချေဖျက်ပေးလာနိုင်တော့မှာပါ။
  • 3:24 - 3:30
    အဲဒီလို အင်ဇိုင်းကြွယ်တဲ့ အရည်များက
    အဆီမော်လီကျူးတွေကို ခန္ဓာကိုယ်ထဲသို့
  • 3:30 - 3:33
    လွယ်ကူစွာ စုပ်ယူစေရန် အဆီအက်စစ်များနဲ့
    glycerol အဖြစ် ခွဲပစ်ပါတယ်။
  • 3:33 - 3:36
    အင်ဇိုင်းတွေဟာ အသားဓာတ်ကို
    နောက်ဆုံး အမိုင်နို အက်စစ်များနဲ့
  • 3:36 - 3:39
    ကစီဓာတ်များကို
    ဂလူးကို့စ်အဖြစ် ပြောင်းလဲရန်
  • 3:39 - 3:41
    နောက်ဆုံး ခြေဖျက်မှုကို လုပ်ဆောင်ပေးတယ်။
  • 3:41 - 3:44
    အဲဒါဟာ jejunum နဲ့ ileum လို့ခေါ်တဲ့
    အူသိမ်ရဲ့ အောက်ပိုင်းနေရာမှာ
  • 3:44 - 3:46
    ဖြစ်ပျက်ခြင်း ဖြစ်ပြီး၊
  • 3:46 - 3:50
    အဲဒါတွေကို villi ခေါ် သေးနုပ်ကြတဲ့
    ထိုးထွက်နေတဲ့ အရာများဖြင့် ဖုံးအုပ်ထားတယ်။
  • 3:50 - 3:54
    ၎င်းတို့ဟာ ကြီးမားတဲ့မျက်နှာပြင် ဖြစ်လို့
    မော်လီကျူး စုပ်ယူမှုနဲ့ သွေးစနစ်ထဲသို့
  • 3:54 - 3:57
    လွှဲပြောင်းမှု အများဆုံး ဖြစ်အောင်
    ဆောင်ရွက်ပေးနိုင်ပါတယ်။
  • 3:57 - 4:00
    သွေးဟာ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းများနဲ့
    အမျှင်များအား ကျွေးပေးရန်
  • 4:00 - 4:02
    ၎င်းတို့ရဲ့ ခရီးအဆုံးပိုင်းမှာ
    ယူလိုက်ပါတယ်။
  • 4:02 - 4:04
    ဒါပေမဲ့ ဒီနေရာမှာ ပြီးဆုံး မသွားသေးပါ။
  • 4:04 - 4:06
    ကျန်ရစ်ခဲ့ကြတဲ့ အသားအမျှင်များ၊
  • 4:06 - 4:06
    ရေနဲ့
  • 4:06 - 4:09
    အစာချက်စဉ် သေသွားကြတဲ့ ဆဲလ်တွေကို
  • 4:09 - 4:13
    အူမကြီးဆီကို ခါထုတ် စွန့်ပစ်လိုက်ပါတယ်။
  • 4:13 - 4:17
    ခန္ဓာကိုယ်ဟာ ကျန်ရစ်တဲ့ အရည်အများစုကို
    အူမရဲ့ နံရံများမှတဆင့် အပြင်ကိုထုတ်ပစ်တယ်။
  • 4:17 - 4:20
    ကျန်ရစ်ခဲ့တဲ့ အရာကတော့ မစင်လို့ ခေါ်ကြတဲ့
    ပျော့နေတဲ့ အရာပါပဲ။
  • 4:20 - 4:24
    အူမကြီးဟာ စွန့်ပစ်အရာကို စအိုလမ်းကြောင်း
    လို့ခေါ်တဲ့ အခေါင်းထဲသို့ ညှစ်ထုပ်ပစ်ရာ၊
  • 4:24 - 4:26
    အဲဒါ ကျယ်ပြန့်လာနေကြောင်း
    အာရုံကြောတွေ ခံစားမိရင်
  • 4:26 - 4:29
    အစွန့်အကျေးတွေ ထုတ်ပစ်ရမယ့်အချိန်မှာ
    ခန္ဓာကိုယ်ကို အချက်ပေးတယ်။
  • 4:29 - 4:32
    အစာချေမှုရဲ့ စွန့်ပစ်စရာကို
    စအိုပေါက်မှ ထုတ်ပစ်ခြင်းဖြင့်
  • 4:32 - 4:34
    ပုံမှန်အားဖြင့် နာရီ ၃၀ မှ ၄၀ အထိ
  • 4:34 - 4:37
    ကြာတတ်တဲ့ အစားအစာရဲ့ခရီးရှည်ဟာ
    အဲဒီမှာ ဆုံးသွားလျက်
  • 4:37 - 4:38
    ပြီးဆုံးသွားတာ ဖြစ်ပါတယ်။
Title:
ကျွန်ုပ်တို့ရဲ့ အစာခြေမှု စနစ် အလုပ်လုပ်ပုံ - Emma Bryce
Description:

သင်ခန်းစာ အပြည့်ကို ကြည့်ရှုရန်မှာ - https://ed.ted.com/lessons/how-your-digestive-system-works-emma-bryce

ကမ္ဘာဂြိုဟ်တဝမ်းမှာ၊ လူတွေဟာ နေ့စဉ် အစားအစာ ၁ မှ ၂.၇ ကီလိုဂရမ်အထိ စားသုံးပြီး၊ စားလိုက်သမျှ အရာတိုင်းဟာ အစာခြေ စနစ်ကို ဖြတ်ကျော်ရပါတယ်။ အင်္ဂါအစိတ်အပိုင်း ဆယ်ခုပါဝင်ပြီး ကိုးမီတာအထိ ရှည်လျားတဲ့ အဲဒီစနစ်ဟာ လူ့ခန္ဓာကိုယ်ထဲက အရှုပ်ထွေးဆုံး စနစ်တစ်ခုပါပဲ။ Emma Bryce က အစာခြေရေး စနစ်ထဲက ကွဲပြားကြတဲ့ အစိတ်အပိုင်းတွေက ကျွန်ုပ်တို့ရဲ့ အစားအစာတွေကို ကျွန်ုပ်တို့ အသက်ရှင်သန်ရန် အထူး လိုအပ်တဲ့ အာဟာရနဲ့ စွမ်းအင်အဖြစ်ကို ပြောင်းလဲပေးရန် လုပ်ကိုင်ကြပုံကို ရှင်းပြထားပါတယ်။
Emma Bryce ရဲ့ သင်ခန်းစာကို Augenblick Studios မှ သက်ဝင်အောင် လုပ်ပေးထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
04:57

Burmese subtitles

Revisions Compare revisions