WEBVTT 00:00:06.513 --> 00:00:07.893 တစ်ကမ္ဘာလုံးမှာ 00:00:07.893 --> 00:00:13.712 လူသားဟာ ပျမ်းမျှအားဖြင့် တစ်နေ့မှာ အစားစာ ၁ မှ ၂.၇ ကီလိုဂရမ် အထိ စားပါတယ်။ 00:00:13.712 --> 00:00:17.534 အဲဒါက လူတစ်ဦး တစ်နှစ်မှာ ၃၆၅ ကီလိုဂရမ် ကျော်ပါတယ်။ 00:00:17.534 --> 00:00:23.072 တစ်သက်တာမှာ ကီလိုဂရမ် ၂၈.၈၀၀ ထက်ပိုများပါတယ်။ 00:00:23.072 --> 00:00:27.384 စားလိုက်သမျှဟာ အစာခြေစနစ်ကို ဖြတ်ကျော်ရပါတယ်။ 00:00:27.384 --> 00:00:30.103 ကိုးမီတာ ရှည်လျားပြီး အင်္ဂါအစိတ်အပိုင်း ဆယ်ခုရှိကာ 00:00:30.103 --> 00:00:33.423 အထူးဆဲလ်အမျိုးအစား ၁၀ ကျော် ပါရှိတဲ့ အဲဒီစနစ်ဟာဖြင့် 00:00:33.423 --> 00:00:38.123 လူ့ခန္ဓာကိုယ်ထဲက မတူကွဲပြားလှပြီး အရှုပ်ထွေးဆုံး စနစ် တစ်ခုပါပဲ။ 00:00:38.123 --> 00:00:42.413 ၎င်းရဲ့ အစိတ်အပိုင်းတွေဟာ သင့်အစားအစာထဲက ကုန်ကြမ်းပစ္စည်းတွေကို 00:00:42.413 --> 00:00:45.393 သင့်အား အသက်ရှင်နေထိုင်ရန် လိုတဲ့ အာဟာရများနဲ့ စွမ်းအင်များကို 00:00:45.393 --> 00:00:48.914 ထုတ်လုပ်ပေးရန်ဆိုတဲ့ တစ်ခုတည်းသော တာဝန်ကို လုပ်ကိုင်ထမ်းဆောင်နေကြတာပါ။ 00:00:48.914 --> 00:00:51.384 သင့်ရဲ့ကိုယ်ထည်တစ်ခုလုံးမှာ နေရာယူထားတဲ့ 00:00:51.384 --> 00:00:54.705 အစာခြေစနစ်ထဲတွင် အဓိကအပိုင်း လေးခု ရှိပါတယ်။ 00:00:54.705 --> 00:00:56.794 ပထမတစ်ခုက အစာအိမ်နဲ့အူလမ်းကြောင်းပါ၊ 00:00:56.794 --> 00:00:59.995 သင်ရဲ့ အစားအစာကို ပို့ဆောင်ပေးတဲ့ တွန့်လိမ်နေတဲ့ လမ်းကြောင်းဖြစ်ပြီး 00:00:59.995 --> 00:01:05.625 အတွင်းပိုင်း မျက်နှာပြင်ဟာ စတုရန်းမီတာ ၃၀ - ၄၀ ခန့်ရှိတတ်ရာ 00:01:05.625 --> 00:01:08.589 ကြက်တောင်ကွင်း တစ်ဝက်ကို လွှမ်းအုပ်နိုင်ပါတယ်။ 00:01:08.589 --> 00:01:09.977 ဒုတိယထဲတွင် ပန်ကရိယတွေ၊ 00:01:09.977 --> 00:01:10.893 သည်းခြေအိတ်နဲ့ 00:01:10.893 --> 00:01:11.678 အသည်းပါပြီး 00:01:11.678 --> 00:01:16.504 အထူးအရည်များကို သုံးပြီး အစားအစာကို ခြေဖျက်ပစ်ပေးကြတဲ့ အင်္ဂါ သုံးခုပါ။ 00:01:16.504 --> 00:01:18.472 တတိယထဲတွင် အင်ဇိုင်းတွေ၊ 00:01:18.472 --> 00:01:19.253 ဟော်မုန်းတွေ၊ 00:01:19.253 --> 00:01:19.996 အာရုံကြောတွေနဲ့ 00:01:19.996 --> 00:01:20.727 သွေးပါဝင်ပါတယ်၊ 00:01:20.727 --> 00:01:23.023 ၎င်းတို့ အားလုံးဟာ အစားအစာကို ခြေဖျက်ပစ်ရင်း 00:01:23.023 --> 00:01:25.093 အစာခြေရေး ဖြစ်စဉ်ကို ရုပ်လုံးဖေါ်ပေးလျက် 00:01:25.093 --> 00:01:27.657 ရရှိိလာတဲ့ နောက်ဆုံးထုတ်ကုန်များကို ပို့ဆောင်ပေးပါတယ်။ 00:01:27.657 --> 00:01:29.206 နောက်ဆုံးအနေနဲ့ အစာခြေရေး 00:01:29.206 --> 00:01:32.095 အစိတ်အပိုင်းအားလုံး ၎င်းတို့ရဲ့ တာဝန်တွေ လုပ်ကိုင်နိုင်အောင် 00:01:32.095 --> 00:01:35.854 အစာအိမ်ထဲတွင် ရှိနေစေရန် ပံ့ပိုးပေးတဲ့ 00:01:35.854 --> 00:01:37.833 ရှည်လျားလှတဲ့ အသားမျှင် အလွှာပါ။ 00:01:37.833 --> 00:01:41.513 တကယ်တော့ အစာခြေရေး ဖြစ်စဉ်ဟာ အစားအစာက သင့်လျှာကို မထိခင် စတင်ပါတယ်။ 00:01:41.513 --> 00:01:44.184 ဝင်လာတော့မယ် မြိန်ရှက်တဲ့ စားဖွယ်ရာကို စောင့်မျှော်ရင်း၊ 00:01:44.184 --> 00:01:47.644 သင့်ပါးစားထဲက အကျိတ်တွေဟာ သွားရည်ကို စထုတ်လုပ်ပေးပါတယ်။ 00:01:47.644 --> 00:01:52.134 ကျန်ုပ်တို့ဟာ သွားရည်ကို နေ့စဉ် ၁.၅ လီတာ ထုတ်လုပ်ကြပါတယ်။ 00:01:52.134 --> 00:01:53.575 ပါးစပ် အတွင်းမှာကျတော့ 00:01:53.575 --> 00:01:56.055 ကြိတ်ဝါးရင်း သွားရည်တွေနဲ့ ပေါင်းစပ်ပေးခြင်းဖြင့် 00:01:56.055 --> 00:02:00.873 စိုစွတ်နေတဲ့ အလုံးများအဖြစ် ပြောင်းလဲပစ်လိုက်ပါတယ်။ 00:02:00.873 --> 00:02:04.550 ခုနက သွားရည်ထဲ ပါဝင်တဲ့ အင်ဇိုင်းတွေက ပါနိုင်တဲ့ ကစီဓါတ်ကို ဖြိုဖျက်ပေးပါတယ်။ 00:02:04.550 --> 00:02:06.225 အဲဒီနောက် သင်စားလိုက်တဲ့ အစားအစာဟာ 00:02:06.225 --> 00:02:10.985 အစာပြွန် လို့ခေါ်တဲ့ ၂၅ စင်တီမီတာ ရှည်တဲ့ ပြွန်ဝဆီ ရောက်လာပါတယ်၊ 00:02:10.985 --> 00:02:14.134 အဲဒီကနေ အောက်ပို လျှော်ဆင်းသွားရင်း အစာအိမ်ရောက်ထဲ ရောက်သွားမှာပါ။ 00:02:14.134 --> 00:02:16.726 ခုနက esophagus အသားမျှင်ရဲ့ ဝန်းကျင်ရှိ အာရုံကြောတွေက 00:02:16.726 --> 00:02:20.268 အစားအစာအလုံးတွေ ရောက်လာတာကို အာရုံခံလိုက်ရလို့ ကြွက်သားတွေ 00:02:20.268 --> 00:02:23.155 အထူးပုံစံဖြင့် ကျုံ့လာစေရန် အချက်ပေးကြတယ်။ 00:02:23.155 --> 00:02:25.905 အဲဒါက အစားအစာကို အစာအိမ်ထဲသို့ တွန်းချပေးလိုက်လို့ 00:02:25.905 --> 00:02:29.537 ရှေ့ဆက်ပြီး အစာအိမ်ရဲ့ နံရံထဲက ကြွက်သားတွေရဲ့ လက်ထဲ ရောက်သွားကြတယ်၊ 00:02:29.537 --> 00:02:32.886 ၎င်းတို့ဟာ အစားအစာ အလုံးတွေကို ဆက်ပြီး အတုံးလေးတွေအဖြစ် တုံးပစ်ပါတယ်။ 00:02:32.886 --> 00:02:37.016 အတွင်းခံထဲက ဆဲလ်တွေမှ ထုတ်ပေးလိုက်တဲ့ ဟော်မုန်းတွေက အက်စစ်တွေနဲ့ 00:02:37.016 --> 00:02:39.936 အစာအိမ်ရ့ နံရံမှ အင်ဇိုင်းကြွယ်ဝတဲ့ အရည်တွေ ထုတ်ပေးလိုက်ရာ 00:02:39.936 --> 00:02:43.517 အစားအစာကို ချေဖျက်လျက် အသားဓာတ် ထုတ်လုပ်မှုကို စပေးပါတယ်။ 00:02:43.517 --> 00:02:45.988 အဲဒီဟော်မုန်းတွေက ပန်ကရိယတွေ၊ 00:02:45.988 --> 00:02:46.695 အသည်း၊ နှင့် 00:02:46.695 --> 00:02:47.767 သည်းခြေအိတ်တို့ကိုပါ 00:02:47.767 --> 00:02:49.717 အစာချေရေး အရည်များကို ထုတ်လုပ်ပေးလျက် 00:02:49.717 --> 00:02:53.815 အဆီတွေ ချေဖျက်ရန် ဝါကြင့်ကြင့်ရောင် ပို့ဆောင်ရေး သည်းခြေရည်ကို ထုတ်စေပါတယ်၊ 00:02:53.815 --> 00:02:56.427 နောက်တဆင့်အတွက် ပြင်ဆင်မှုပါပြ၊ 00:02:56.427 --> 00:02:58.450 အစာအိမ်ထဲမှာ သုံးနာရီကြာသွားတဲ့ နောက်မှာ၊ 00:02:58.450 --> 00:03:02.957 တစ်ချိန်တုန်းက အတုံးလေး ပုံစံဖြစ်ခဲ့တဲ့ဟာ အခုတော့ အမြှုပ်ထနေတဲ့ အရည်ဖြစ်လာလျက် 00:03:02.957 --> 00:03:05.714 အူသိမ်ဆီသို့ ရွှေ့ပြောင်းဖို့ အဆင်သင့်ပါပဲ။ 00:03:05.714 --> 00:03:08.237 အသည်းဟာ သည်းခြေအိတ်ထံမှ သည်းခြေရည်ကို ရလိုက်ပြီး 00:03:08.237 --> 00:03:14.169 အဲဒါကို duodenum လို့ခေါ်တဲ့ အူသိမ်ရဲ့ ပထမပိုင်းထဲကို ထုတ်လွှတ်ပေးလိုက်ပါတယ်။ 00:03:14.169 --> 00:03:17.778 အဲဒီမှာ ၎င်းဟာ အမြှုပ်ထနေတဲ့ အရည်ထဲက အဆီတွေကို ချေဖျက်ပေးလိုက်ခြင်းဖြင့် 00:03:17.778 --> 00:03:22.238 အဲဒီမှာ ရောက်ရှိနေကြတဲ့ ပန်ကရိယနဲ့ အူထဲက အရည်များဖြင့် 00:03:22.238 --> 00:03:24.467 အလွယ်တကူ ချေဖျက်ပေးလာနိုင်တော့မှာပါ။ 00:03:24.467 --> 00:03:29.528 အဲဒီလို အင်ဇိုင်းကြွယ်တဲ့ အရည်များက အဆီမော်လီကျူးတွေကို ခန္ဓာကိုယ်ထဲသို့ 00:03:29.528 --> 00:03:32.787 လွယ်ကူစွာ စုပ်ယူစေရန် အဆီအက်စစ်များနဲ့ glycerol အဖြစ် ခွဲပစ်ပါတယ်။ 00:03:32.787 --> 00:03:35.889 အင်ဇိုင်းတွေဟာ အသားဓာတ်ကို နောက်ဆုံး အမိုင်နို အက်စစ်များနဲ့ 00:03:35.889 --> 00:03:38.559 ကစီဓာတ်များကို ဂလူးကို့စ်အဖြစ် ပြောင်းလဲရန် 00:03:38.559 --> 00:03:40.759 နောက်ဆုံး ခြေဖျက်မှုကို လုပ်ဆောင်ပေးတယ်။ 00:03:40.759 --> 00:03:43.900 အဲဒါဟာ jejunum နဲ့ ileum လို့ခေါ်တဲ့ အူသိမ်ရဲ့ အောက်ပိုင်းနေရာမှာ 00:03:43.900 --> 00:03:45.888 ဖြစ်ပျက်ခြင်း ဖြစ်ပြီး၊ 00:03:45.888 --> 00:03:49.877 အဲဒါတွေကို villi ခေါ် သေးနုပ်ကြတဲ့ ထိုးထွက်နေတဲ့ အရာများဖြင့် ဖုံးအုပ်ထားတယ်။ 00:03:49.877 --> 00:03:53.930 ၎င်းတို့ဟာ ကြီးမားတဲ့မျက်နှာပြင် ဖြစ်လို့ မော်လီကျူး စုပ်ယူမှုနဲ့ သွေးစနစ်ထဲသို့ 00:03:53.930 --> 00:03:56.661 လွှဲပြောင်းမှု အများဆုံး ဖြစ်အောင် ဆောင်ရွက်ပေးနိုင်ပါတယ်။ 00:03:56.661 --> 00:04:00.140 သွေးဟာ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းများနဲ့ အမျှင်များအား ကျွေးပေးရန် 00:04:00.140 --> 00:04:02.240 ၎င်းတို့ရဲ့ ခရီးအဆုံးပိုင်းမှာ ယူလိုက်ပါတယ်။ 00:04:02.240 --> 00:04:04.151 ဒါပေမဲ့ ဒီနေရာမှာ ပြီးဆုံး မသွားသေးပါ။ 00:04:04.151 --> 00:04:05.669 ကျန်ရစ်ခဲ့ကြတဲ့ အသားအမျှင်များ၊ 00:04:05.669 --> 00:04:06.401 ရေနဲ့ 00:04:06.401 --> 00:04:09.300 အစာချက်စဉ် သေသွားကြတဲ့ ဆဲလ်တွေကို 00:04:09.300 --> 00:04:13.160 အူမကြီးဆီကို ခါထုတ် စွန့်ပစ်လိုက်ပါတယ်။ 00:04:13.160 --> 00:04:17.111 ခန္ဓာကိုယ်ဟာ ကျန်ရစ်တဲ့ အရည်အများစုကို အူမရဲ့ နံရံများမှတဆင့် အပြင်ကိုထုတ်ပစ်တယ်။ 00:04:17.111 --> 00:04:20.029 ကျန်ရစ်ခဲ့တဲ့ အရာကတော့ မစင်လို့ ခေါ်ကြတဲ့ ပျော့နေတဲ့ အရာပါပဲ။ 00:04:20.029 --> 00:04:23.871 အူမကြီးဟာ စွန့်ပစ်အရာကို စအိုလမ်းကြောင်း လို့ခေါ်တဲ့ အခေါင်းထဲသို့ ညှစ်ထုပ်ပစ်ရာ၊ 00:04:23.871 --> 00:04:26.230 အဲဒါ ကျယ်ပြန့်လာနေကြောင်း အာရုံကြောတွေ ခံစားမိရင် 00:04:26.230 --> 00:04:29.193 အစွန့်အကျေးတွေ ထုတ်ပစ်ရမယ့်အချိန်မှာ ခန္ဓာကိုယ်ကို အချက်ပေးတယ်။ 00:04:29.193 --> 00:04:31.951 အစာချေမှုရဲ့ စွန့်ပစ်စရာကို စအိုပေါက်မှ ထုတ်ပစ်ခြင်းဖြင့် 00:04:31.951 --> 00:04:33.590 ပုံမှန်အားဖြင့် နာရီ ၃၀ မှ ၄၀ အထိ 00:04:33.590 --> 00:04:36.521 ကြာတတ်တဲ့ အစားအစာရဲ့ခရီးရှည်ဟာ အဲဒီမှာ ဆုံးသွားလျက် 00:04:36.521 --> 00:04:38.190 ပြီးဆုံးသွားတာ ဖြစ်ပါတယ်။