1 00:00:06,513 --> 00:00:07,893 တစ်ကမ္ဘာလုံးမှာ 2 00:00:07,893 --> 00:00:13,712 လူသားဟာ ပျမ်းမျှအားဖြင့် တစ်နေ့မှာ အစားစာ ၁ မှ ၂.၇ ကီလိုဂရမ် အထိ စားပါတယ်။ 3 00:00:13,712 --> 00:00:17,534 အဲဒါက လူတစ်ဦး တစ်နှစ်မှာ ၃၆၅ ကီလိုဂရမ် ကျော်ပါတယ်။ 4 00:00:17,534 --> 00:00:23,072 တစ်သက်တာမှာ ကီလိုဂရမ် ၂၈.၈၀၀ ထက်ပိုများပါတယ်။ 5 00:00:23,072 --> 00:00:27,384 စားလိုက်သမျှဟာ အစာခြေစနစ်ကို ဖြတ်ကျော်ရပါတယ်။ 6 00:00:27,384 --> 00:00:30,103 ကိုးမီတာ ရှည်လျားပြီး အင်္ဂါအစိတ်အပိုင်း ဆယ်ခုရှိကာ 7 00:00:30,103 --> 00:00:33,423 အထူးဆဲလ်အမျိုးအစား ၁၀ ကျော် ပါရှိတဲ့ အဲဒီစနစ်ဟာဖြင့် 8 00:00:33,423 --> 00:00:38,123 လူ့ခန္ဓာကိုယ်ထဲက မတူကွဲပြားလှပြီး အရှုပ်ထွေးဆုံး စနစ် တစ်ခုပါပဲ။ 9 00:00:38,123 --> 00:00:42,413 ၎င်းရဲ့ အစိတ်အပိုင်းတွေဟာ သင့်အစားအစာထဲက ကုန်ကြမ်းပစ္စည်းတွေကို 10 00:00:42,413 --> 00:00:45,393 သင့်အား အသက်ရှင်နေထိုင်ရန် လိုတဲ့ အာဟာရများနဲ့ စွမ်းအင်များကို 11 00:00:45,393 --> 00:00:48,914 ထုတ်လုပ်ပေးရန်ဆိုတဲ့ တစ်ခုတည်းသော တာဝန်ကို လုပ်ကိုင်ထမ်းဆောင်နေကြတာပါ။ 12 00:00:48,914 --> 00:00:51,384 သင့်ရဲ့ကိုယ်ထည်တစ်ခုလုံးမှာ နေရာယူထားတဲ့ 13 00:00:51,384 --> 00:00:54,705 အစာခြေစနစ်ထဲတွင် အဓိကအပိုင်း လေးခု ရှိပါတယ်။ 14 00:00:54,705 --> 00:00:56,794 ပထမတစ်ခုက အစာအိမ်နဲ့အူလမ်းကြောင်းပါ၊ 15 00:00:56,794 --> 00:00:59,995 သင်ရဲ့ အစားအစာကို ပို့ဆောင်ပေးတဲ့ တွန့်လိမ်နေတဲ့ လမ်းကြောင်းဖြစ်ပြီး 16 00:00:59,995 --> 00:01:05,625 အတွင်းပိုင်း မျက်နှာပြင်ဟာ စတုရန်းမီတာ ၃၀ - ၄၀ ခန့်ရှိတတ်ရာ 17 00:01:05,625 --> 00:01:08,589 ကြက်တောင်ကွင်း တစ်ဝက်ကို လွှမ်းအုပ်နိုင်ပါတယ်။ 18 00:01:08,589 --> 00:01:09,977 ဒုတိယထဲတွင် ပန်ကရိယတွေ၊ 19 00:01:09,977 --> 00:01:10,893 သည်းခြေအိတ်နဲ့ 20 00:01:10,893 --> 00:01:11,678 အသည်းပါပြီး 21 00:01:11,678 --> 00:01:16,504 အထူးအရည်များကို သုံးပြီး အစားအစာကို ခြေဖျက်ပစ်ပေးကြတဲ့ အင်္ဂါ သုံးခုပါ။ 22 00:01:16,504 --> 00:01:18,472 တတိယထဲတွင် အင်ဇိုင်းတွေ၊ 23 00:01:18,472 --> 00:01:19,253 ဟော်မုန်းတွေ၊ 24 00:01:19,253 --> 00:01:19,996 အာရုံကြောတွေနဲ့ 25 00:01:19,996 --> 00:01:20,727 သွေးပါဝင်ပါတယ်၊ 26 00:01:20,727 --> 00:01:23,023 ၎င်းတို့ အားလုံးဟာ အစားအစာကို ခြေဖျက်ပစ်ရင်း 27 00:01:23,023 --> 00:01:25,093 အစာခြေရေး ဖြစ်စဉ်ကို ရုပ်လုံးဖေါ်ပေးလျက် 28 00:01:25,093 --> 00:01:27,657 ရရှိိလာတဲ့ နောက်ဆုံးထုတ်ကုန်များကို ပို့ဆောင်ပေးပါတယ်။ 29 00:01:27,657 --> 00:01:29,206 နောက်ဆုံးအနေနဲ့ အစာခြေရေး 30 00:01:29,206 --> 00:01:32,095 အစိတ်အပိုင်းအားလုံး ၎င်းတို့ရဲ့ တာဝန်တွေ လုပ်ကိုင်နိုင်အောင် 31 00:01:32,095 --> 00:01:35,854 အစာအိမ်ထဲတွင် ရှိနေစေရန် ပံ့ပိုးပေးတဲ့ 32 00:01:35,854 --> 00:01:37,833 ရှည်လျားလှတဲ့ အသားမျှင် အလွှာပါ။ 33 00:01:37,833 --> 00:01:41,513 တကယ်တော့ အစာခြေရေး ဖြစ်စဉ်ဟာ အစားအစာက သင့်လျှာကို မထိခင် စတင်ပါတယ်။ 34 00:01:41,513 --> 00:01:44,184 ဝင်လာတော့မယ် မြိန်ရှက်တဲ့ စားဖွယ်ရာကို စောင့်မျှော်ရင်း၊ 35 00:01:44,184 --> 00:01:47,644 သင့်ပါးစားထဲက အကျိတ်တွေဟာ သွားရည်ကို စထုတ်လုပ်ပေးပါတယ်။ 36 00:01:47,644 --> 00:01:52,134 ကျန်ုပ်တို့ဟာ သွားရည်ကို နေ့စဉ် ၁.၅ လီတာ ထုတ်လုပ်ကြပါတယ်။ 37 00:01:52,134 --> 00:01:53,575 ပါးစပ် အတွင်းမှာကျတော့ 38 00:01:53,575 --> 00:01:56,055 ကြိတ်ဝါးရင်း သွားရည်တွေနဲ့ ပေါင်းစပ်ပေးခြင်းဖြင့် 39 00:01:56,055 --> 00:02:00,873 စိုစွတ်နေတဲ့ အလုံးများအဖြစ် ပြောင်းလဲပစ်လိုက်ပါတယ်။ 40 00:02:00,873 --> 00:02:04,550 ခုနက သွားရည်ထဲ ပါဝင်တဲ့ အင်ဇိုင်းတွေက ပါနိုင်တဲ့ ကစီဓါတ်ကို ဖြိုဖျက်ပေးပါတယ်။ 41 00:02:04,550 --> 00:02:06,225 အဲဒီနောက် သင်စားလိုက်တဲ့ အစားအစာဟာ 42 00:02:06,225 --> 00:02:10,985 အစာပြွန် လို့ခေါ်တဲ့ ၂၅ စင်တီမီတာ ရှည်တဲ့ ပြွန်ဝဆီ ရောက်လာပါတယ်၊ 43 00:02:10,985 --> 00:02:14,134 အဲဒီကနေ အောက်ပို လျှော်ဆင်းသွားရင်း အစာအိမ်ရောက်ထဲ ရောက်သွားမှာပါ။ 44 00:02:14,134 --> 00:02:16,726 ခုနက esophagus အသားမျှင်ရဲ့ ဝန်းကျင်ရှိ အာရုံကြောတွေက 45 00:02:16,726 --> 00:02:20,268 အစားအစာအလုံးတွေ ရောက်လာတာကို အာရုံခံလိုက်ရလို့ ကြွက်သားတွေ 46 00:02:20,268 --> 00:02:23,155 အထူးပုံစံဖြင့် ကျုံ့လာစေရန် အချက်ပေးကြတယ်။ 47 00:02:23,155 --> 00:02:25,905 အဲဒါက အစားအစာကို အစာအိမ်ထဲသို့ တွန်းချပေးလိုက်လို့ 48 00:02:25,905 --> 00:02:29,537 ရှေ့ဆက်ပြီး အစာအိမ်ရဲ့ နံရံထဲက ကြွက်သားတွေရဲ့ လက်ထဲ ရောက်သွားကြတယ်၊ 49 00:02:29,537 --> 00:02:32,886 ၎င်းတို့ဟာ အစားအစာ အလုံးတွေကို ဆက်ပြီး အတုံးလေးတွေအဖြစ် တုံးပစ်ပါတယ်။ 50 00:02:32,886 --> 00:02:37,016 အတွင်းခံထဲက ဆဲလ်တွေမှ ထုတ်ပေးလိုက်တဲ့ ဟော်မုန်းတွေက အက်စစ်တွေနဲ့ 51 00:02:37,016 --> 00:02:39,936 အစာအိမ်ရ့ နံရံမှ အင်ဇိုင်းကြွယ်ဝတဲ့ အရည်တွေ ထုတ်ပေးလိုက်ရာ 52 00:02:39,936 --> 00:02:43,517 အစားအစာကို ချေဖျက်လျက် အသားဓာတ် ထုတ်လုပ်မှုကို စပေးပါတယ်။ 53 00:02:43,517 --> 00:02:45,988 အဲဒီဟော်မုန်းတွေက ပန်ကရိယတွေ၊ 54 00:02:45,988 --> 00:02:46,695 အသည်း၊ နှင့် 55 00:02:46,695 --> 00:02:47,767 သည်းခြေအိတ်တို့ကိုပါ 56 00:02:47,767 --> 00:02:49,717 အစာချေရေး အရည်များကို ထုတ်လုပ်ပေးလျက် 57 00:02:49,717 --> 00:02:53,815 အဆီတွေ ချေဖျက်ရန် ဝါကြင့်ကြင့်ရောင် ပို့ဆောင်ရေး သည်းခြေရည်ကို ထုတ်စေပါတယ်၊ 58 00:02:53,815 --> 00:02:56,427 နောက်တဆင့်အတွက် ပြင်ဆင်မှုပါပြ၊ 59 00:02:56,427 --> 00:02:58,450 အစာအိမ်ထဲမှာ သုံးနာရီကြာသွားတဲ့ နောက်မှာ၊ 60 00:02:58,450 --> 00:03:02,957 တစ်ချိန်တုန်းက အတုံးလေး ပုံစံဖြစ်ခဲ့တဲ့ဟာ အခုတော့ အမြှုပ်ထနေတဲ့ အရည်ဖြစ်လာလျက် 61 00:03:02,957 --> 00:03:05,714 အူသိမ်ဆီသို့ ရွှေ့ပြောင်းဖို့ အဆင်သင့်ပါပဲ။ 62 00:03:05,714 --> 00:03:08,237 အသည်းဟာ သည်းခြေအိတ်ထံမှ သည်းခြေရည်ကို ရလိုက်ပြီး 63 00:03:08,237 --> 00:03:14,169 အဲဒါကို duodenum လို့ခေါ်တဲ့ အူသိမ်ရဲ့ ပထမပိုင်းထဲကို ထုတ်လွှတ်ပေးလိုက်ပါတယ်။ 64 00:03:14,169 --> 00:03:17,778 အဲဒီမှာ ၎င်းဟာ အမြှုပ်ထနေတဲ့ အရည်ထဲက အဆီတွေကို ချေဖျက်ပေးလိုက်ခြင်းဖြင့် 65 00:03:17,778 --> 00:03:22,238 အဲဒီမှာ ရောက်ရှိနေကြတဲ့ ပန်ကရိယနဲ့ အူထဲက အရည်များဖြင့် 66 00:03:22,238 --> 00:03:24,467 အလွယ်တကူ ချေဖျက်ပေးလာနိုင်တော့မှာပါ။ 67 00:03:24,467 --> 00:03:29,528 အဲဒီလို အင်ဇိုင်းကြွယ်တဲ့ အရည်များက အဆီမော်လီကျူးတွေကို ခန္ဓာကိုယ်ထဲသို့ 68 00:03:29,528 --> 00:03:32,787 လွယ်ကူစွာ စုပ်ယူစေရန် အဆီအက်စစ်များနဲ့ glycerol အဖြစ် ခွဲပစ်ပါတယ်။ 69 00:03:32,787 --> 00:03:35,889 အင်ဇိုင်းတွေဟာ အသားဓာတ်ကို နောက်ဆုံး အမိုင်နို အက်စစ်များနဲ့ 70 00:03:35,889 --> 00:03:38,559 ကစီဓာတ်များကို ဂလူးကို့စ်အဖြစ် ပြောင်းလဲရန် 71 00:03:38,559 --> 00:03:40,759 နောက်ဆုံး ခြေဖျက်မှုကို လုပ်ဆောင်ပေးတယ်။ 72 00:03:40,759 --> 00:03:43,900 အဲဒါဟာ jejunum နဲ့ ileum လို့ခေါ်တဲ့ အူသိမ်ရဲ့ အောက်ပိုင်းနေရာမှာ 73 00:03:43,900 --> 00:03:45,888 ဖြစ်ပျက်ခြင်း ဖြစ်ပြီး၊ 74 00:03:45,888 --> 00:03:49,877 အဲဒါတွေကို villi ခေါ် သေးနုပ်ကြတဲ့ ထိုးထွက်နေတဲ့ အရာများဖြင့် ဖုံးအုပ်ထားတယ်။ 75 00:03:49,877 --> 00:03:53,930 ၎င်းတို့ဟာ ကြီးမားတဲ့မျက်နှာပြင် ဖြစ်လို့ မော်လီကျူး စုပ်ယူမှုနဲ့ သွေးစနစ်ထဲသို့ 76 00:03:53,930 --> 00:03:56,661 လွှဲပြောင်းမှု အများဆုံး ဖြစ်အောင် ဆောင်ရွက်ပေးနိုင်ပါတယ်။ 77 00:03:56,661 --> 00:04:00,140 သွေးဟာ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းများနဲ့ အမျှင်များအား ကျွေးပေးရန် 78 00:04:00,140 --> 00:04:02,240 ၎င်းတို့ရဲ့ ခရီးအဆုံးပိုင်းမှာ ယူလိုက်ပါတယ်။ 79 00:04:02,240 --> 00:04:04,151 ဒါပေမဲ့ ဒီနေရာမှာ ပြီးဆုံး မသွားသေးပါ။ 80 00:04:04,151 --> 00:04:05,669 ကျန်ရစ်ခဲ့ကြတဲ့ အသားအမျှင်များ၊ 81 00:04:05,669 --> 00:04:06,401 ရေနဲ့ 82 00:04:06,401 --> 00:04:09,300 အစာချက်စဉ် သေသွားကြတဲ့ ဆဲလ်တွေကို 83 00:04:09,300 --> 00:04:13,160 အူမကြီးဆီကို ခါထုတ် စွန့်ပစ်လိုက်ပါတယ်။ 84 00:04:13,160 --> 00:04:17,111 ခန္ဓာကိုယ်ဟာ ကျန်ရစ်တဲ့ အရည်အများစုကို အူမရဲ့ နံရံများမှတဆင့် အပြင်ကိုထုတ်ပစ်တယ်။ 85 00:04:17,111 --> 00:04:20,029 ကျန်ရစ်ခဲ့တဲ့ အရာကတော့ မစင်လို့ ခေါ်ကြတဲ့ ပျော့နေတဲ့ အရာပါပဲ။ 86 00:04:20,029 --> 00:04:23,871 အူမကြီးဟာ စွန့်ပစ်အရာကို စအိုလမ်းကြောင်း လို့ခေါ်တဲ့ အခေါင်းထဲသို့ ညှစ်ထုပ်ပစ်ရာ၊ 87 00:04:23,871 --> 00:04:26,230 အဲဒါ ကျယ်ပြန့်လာနေကြောင်း အာရုံကြောတွေ ခံစားမိရင် 88 00:04:26,230 --> 00:04:29,193 အစွန့်အကျေးတွေ ထုတ်ပစ်ရမယ့်အချိန်မှာ ခန္ဓာကိုယ်ကို အချက်ပေးတယ်။ 89 00:04:29,193 --> 00:04:31,951 အစာချေမှုရဲ့ စွန့်ပစ်စရာကို စအိုပေါက်မှ ထုတ်ပစ်ခြင်းဖြင့် 90 00:04:31,951 --> 00:04:33,590 ပုံမှန်အားဖြင့် နာရီ ၃၀ မှ ၄၀ အထိ 91 00:04:33,590 --> 00:04:36,521 ကြာတတ်တဲ့ အစားအစာရဲ့ခရီးရှည်ဟာ အဲဒီမှာ ဆုံးသွားလျက် 92 00:04:36,521 --> 00:04:38,190 ပြီးဆုံးသွားတာ ဖြစ်ပါတယ်။