တစ်ကမ္ဘာလုံးမှာ လူသားဟာ ပျမ်းမျှအားဖြင့် တစ်နေ့မှာ အစားစာ ၁ မှ ၂.၇ ကီလိုဂရမ် အထိ စားပါတယ်။ အဲဒါက လူတစ်ဦး တစ်နှစ်မှာ ၃၆၅ ကီလိုဂရမ် ကျော်ပါတယ်။ တစ်သက်တာမှာ ကီလိုဂရမ် ၂၈.၈၀၀ ထက်ပိုများပါတယ်။ စားလိုက်သမျှဟာ အစာခြေစနစ်ကို ဖြတ်ကျော်ရပါတယ်။ ကိုးမီတာ ရှည်လျားပြီး အင်္ဂါအစိတ်အပိုင်း ဆယ်ခုရှိကာ အထူးဆဲလ်အမျိုးအစား ၁၀ ကျော် ပါရှိတဲ့ အဲဒီစနစ်ဟာဖြင့် လူ့ခန္ဓာကိုယ်ထဲက မတူကွဲပြားလှပြီး အရှုပ်ထွေးဆုံး စနစ် တစ်ခုပါပဲ။ ၎င်းရဲ့ အစိတ်အပိုင်းတွေဟာ သင့်အစားအစာထဲက ကုန်ကြမ်းပစ္စည်းတွေကို သင့်အား အသက်ရှင်နေထိုင်ရန် လိုတဲ့ အာဟာရများနဲ့ စွမ်းအင်များကို ထုတ်လုပ်ပေးရန်ဆိုတဲ့ တစ်ခုတည်းသော တာဝန်ကို လုပ်ကိုင်ထမ်းဆောင်နေကြတာပါ။ သင့်ရဲ့ကိုယ်ထည်တစ်ခုလုံးမှာ နေရာယူထားတဲ့ အစာခြေစနစ်ထဲတွင် အဓိကအပိုင်း လေးခု ရှိပါတယ်။ ပထမတစ်ခုက အစာအိမ်နဲ့အူလမ်းကြောင်းပါ၊ သင်ရဲ့ အစားအစာကို ပို့ဆောင်ပေးတဲ့ တွန့်လိမ်နေတဲ့ လမ်းကြောင်းဖြစ်ပြီး အတွင်းပိုင်း မျက်နှာပြင်ဟာ စတုရန်းမီတာ ၃၀ - ၄၀ ခန့်ရှိတတ်ရာ ကြက်တောင်ကွင်း တစ်ဝက်ကို လွှမ်းအုပ်နိုင်ပါတယ်။ ဒုတိယထဲတွင် ပန်ကရိယတွေ၊ သည်းခြေအိတ်နဲ့ အသည်းပါပြီး အထူးအရည်များကို သုံးပြီး အစားအစာကို ခြေဖျက်ပစ်ပေးကြတဲ့ အင်္ဂါ သုံးခုပါ။ တတိယထဲတွင် အင်ဇိုင်းတွေ၊ ဟော်မုန်းတွေ၊ အာရုံကြောတွေနဲ့ သွေးပါဝင်ပါတယ်၊ ၎င်းတို့ အားလုံးဟာ အစားအစာကို ခြေဖျက်ပစ်ရင်း အစာခြေရေး ဖြစ်စဉ်ကို ရုပ်လုံးဖေါ်ပေးလျက် ရရှိိလာတဲ့ နောက်ဆုံးထုတ်ကုန်များကို ပို့ဆောင်ပေးပါတယ်။ နောက်ဆုံးအနေနဲ့ အစာခြေရေး အစိတ်အပိုင်းအားလုံး ၎င်းတို့ရဲ့ တာဝန်တွေ လုပ်ကိုင်နိုင်အောင် အစာအိမ်ထဲတွင် ရှိနေစေရန် ပံ့ပိုးပေးတဲ့ ရှည်လျားလှတဲ့ အသားမျှင် အလွှာပါ။ တကယ်တော့ အစာခြေရေး ဖြစ်စဉ်ဟာ အစားအစာက သင့်လျှာကို မထိခင် စတင်ပါတယ်။ ဝင်လာတော့မယ် မြိန်ရှက်တဲ့ စားဖွယ်ရာကို စောင့်မျှော်ရင်း၊ သင့်ပါးစားထဲက အကျိတ်တွေဟာ သွားရည်ကို စထုတ်လုပ်ပေးပါတယ်။ ကျန်ုပ်တို့ဟာ သွားရည်ကို နေ့စဉ် ၁.၅ လီတာ ထုတ်လုပ်ကြပါတယ်။ ပါးစပ် အတွင်းမှာကျတော့ ကြိတ်ဝါးရင်း သွားရည်တွေနဲ့ ပေါင်းစပ်ပေးခြင်းဖြင့် စိုစွတ်နေတဲ့ အလုံးများအဖြစ် ပြောင်းလဲပစ်လိုက်ပါတယ်။ ခုနက သွားရည်ထဲ ပါဝင်တဲ့ အင်ဇိုင်းတွေက ပါနိုင်တဲ့ ကစီဓါတ်ကို ဖြိုဖျက်ပေးပါတယ်။ အဲဒီနောက် သင်စားလိုက်တဲ့ အစားအစာဟာ အစာပြွန် လို့ခေါ်တဲ့ ၂၅ စင်တီမီတာ ရှည်တဲ့ ပြွန်ဝဆီ ရောက်လာပါတယ်၊ အဲဒီကနေ အောက်ပို လျှော်ဆင်းသွားရင်း အစာအိမ်ရောက်ထဲ ရောက်သွားမှာပါ။ ခုနက esophagus အသားမျှင်ရဲ့ ဝန်းကျင်ရှိ အာရုံကြောတွေက အစားအစာအလုံးတွေ ရောက်လာတာကို အာရုံခံလိုက်ရလို့ ကြွက်သားတွေ အထူးပုံစံဖြင့် ကျုံ့လာစေရန် အချက်ပေးကြတယ်။ အဲဒါက အစားအစာကို အစာအိမ်ထဲသို့ တွန်းချပေးလိုက်လို့ ရှေ့ဆက်ပြီး အစာအိမ်ရဲ့ နံရံထဲက ကြွက်သားတွေရဲ့ လက်ထဲ ရောက်သွားကြတယ်၊ ၎င်းတို့ဟာ အစားအစာ အလုံးတွေကို ဆက်ပြီး အတုံးလေးတွေအဖြစ် တုံးပစ်ပါတယ်။ အတွင်းခံထဲက ဆဲလ်တွေမှ ထုတ်ပေးလိုက်တဲ့ ဟော်မုန်းတွေက အက်စစ်တွေနဲ့ အစာအိမ်ရ့ နံရံမှ အင်ဇိုင်းကြွယ်ဝတဲ့ အရည်တွေ ထုတ်ပေးလိုက်ရာ အစားအစာကို ချေဖျက်လျက် အသားဓာတ် ထုတ်လုပ်မှုကို စပေးပါတယ်။ အဲဒီဟော်မုန်းတွေက ပန်ကရိယတွေ၊ အသည်း၊ နှင့် သည်းခြေအိတ်တို့ကိုပါ အစာချေရေး အရည်များကို ထုတ်လုပ်ပေးလျက် အဆီတွေ ချေဖျက်ရန် ဝါကြင့်ကြင့်ရောင် ပို့ဆောင်ရေး သည်းခြေရည်ကို ထုတ်စေပါတယ်၊ နောက်တဆင့်အတွက် ပြင်ဆင်မှုပါပြ၊ အစာအိမ်ထဲမှာ သုံးနာရီကြာသွားတဲ့ နောက်မှာ၊ တစ်ချိန်တုန်းက အတုံးလေး ပုံစံဖြစ်ခဲ့တဲ့ဟာ အခုတော့ အမြှုပ်ထနေတဲ့ အရည်ဖြစ်လာလျက် အူသိမ်ဆီသို့ ရွှေ့ပြောင်းဖို့ အဆင်သင့်ပါပဲ။ အသည်းဟာ သည်းခြေအိတ်ထံမှ သည်းခြေရည်ကို ရလိုက်ပြီး အဲဒါကို duodenum လို့ခေါ်တဲ့ အူသိမ်ရဲ့ ပထမပိုင်းထဲကို ထုတ်လွှတ်ပေးလိုက်ပါတယ်။ အဲဒီမှာ ၎င်းဟာ အမြှုပ်ထနေတဲ့ အရည်ထဲက အဆီတွေကို ချေဖျက်ပေးလိုက်ခြင်းဖြင့် အဲဒီမှာ ရောက်ရှိနေကြတဲ့ ပန်ကရိယနဲ့ အူထဲက အရည်များဖြင့် အလွယ်တကူ ချေဖျက်ပေးလာနိုင်တော့မှာပါ။ အဲဒီလို အင်ဇိုင်းကြွယ်တဲ့ အရည်များက အဆီမော်လီကျူးတွေကို ခန္ဓာကိုယ်ထဲသို့ လွယ်ကူစွာ စုပ်ယူစေရန် အဆီအက်စစ်များနဲ့ glycerol အဖြစ် ခွဲပစ်ပါတယ်။ အင်ဇိုင်းတွေဟာ အသားဓာတ်ကို နောက်ဆုံး အမိုင်နို အက်စစ်များနဲ့ ကစီဓာတ်များကို ဂလူးကို့စ်အဖြစ် ပြောင်းလဲရန် နောက်ဆုံး ခြေဖျက်မှုကို လုပ်ဆောင်ပေးတယ်။ အဲဒါဟာ jejunum နဲ့ ileum လို့ခေါ်တဲ့ အူသိမ်ရဲ့ အောက်ပိုင်းနေရာမှာ ဖြစ်ပျက်ခြင်း ဖြစ်ပြီး၊ အဲဒါတွေကို villi ခေါ် သေးနုပ်ကြတဲ့ ထိုးထွက်နေတဲ့ အရာများဖြင့် ဖုံးအုပ်ထားတယ်။ ၎င်းတို့ဟာ ကြီးမားတဲ့မျက်နှာပြင် ဖြစ်လို့ မော်လီကျူး စုပ်ယူမှုနဲ့ သွေးစနစ်ထဲသို့ လွှဲပြောင်းမှု အများဆုံး ဖြစ်အောင် ဆောင်ရွက်ပေးနိုင်ပါတယ်။ သွေးဟာ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းများနဲ့ အမျှင်များအား ကျွေးပေးရန် ၎င်းတို့ရဲ့ ခရီးအဆုံးပိုင်းမှာ ယူလိုက်ပါတယ်။ ဒါပေမဲ့ ဒီနေရာမှာ ပြီးဆုံး မသွားသေးပါ။ ကျန်ရစ်ခဲ့ကြတဲ့ အသားအမျှင်များ၊ ရေနဲ့ အစာချက်စဉ် သေသွားကြတဲ့ ဆဲလ်တွေကို အူမကြီးဆီကို ခါထုတ် စွန့်ပစ်လိုက်ပါတယ်။ ခန္ဓာကိုယ်ဟာ ကျန်ရစ်တဲ့ အရည်အများစုကို အူမရဲ့ နံရံများမှတဆင့် အပြင်ကိုထုတ်ပစ်တယ်။ ကျန်ရစ်ခဲ့တဲ့ အရာကတော့ မစင်လို့ ခေါ်ကြတဲ့ ပျော့နေတဲ့ အရာပါပဲ။ အူမကြီးဟာ စွန့်ပစ်အရာကို စအိုလမ်းကြောင်း လို့ခေါ်တဲ့ အခေါင်းထဲသို့ ညှစ်ထုပ်ပစ်ရာ၊ အဲဒါ ကျယ်ပြန့်လာနေကြောင်း အာရုံကြောတွေ ခံစားမိရင် အစွန့်အကျေးတွေ ထုတ်ပစ်ရမယ့်အချိန်မှာ ခန္ဓာကိုယ်ကို အချက်ပေးတယ်။ အစာချေမှုရဲ့ စွန့်ပစ်စရာကို စအိုပေါက်မှ ထုတ်ပစ်ခြင်းဖြင့် ပုံမှန်အားဖြင့် နာရီ ၃၀ မှ ၄၀ အထိ ကြာတတ်တဲ့ အစားအစာရဲ့ခရီးရှည်ဟာ အဲဒီမှာ ဆုံးသွားလျက် ပြီးဆုံးသွားတာ ဖြစ်ပါတယ်။