အီဂျစ် ဒဏ္ဍာရီလာ Isis နှင့် ကင်းမြီးကောက် ၇ ကောင်အကြောင်း
-
0:11 - 0:17ဧရာမ ကင်းမြီးကောက် ၇ ကောင် ခြံရံထားတဲ့
နုံးမြေထဲကနေ သူဆင်းရဲမ ပေါ်ထွက်လာခဲ့တယ်။ -
0:17 - 0:22သူဟာ အစာတောင်းခံဖို့ ကလေးတစ်ဘက်နဲ့
အနီးဆုံး ရွာဆီကို ဦးတည်ခဲ့ပါတယ်။ -
0:22 - 0:24သူဟာ ခမ်းနားတဲ့
အိမ်တစ်အိမ်ကို ချဉ်းကပ်ခဲ့ပေမဲ့၊ -
0:24 - 0:28အိမ်ပိုင်ရှင် သခင်မဟာ သူဆင်းရဲမရဲ့
ညစ်ပတ်ပေကျံနေတဲ့ အဝတ်အစားတွေနဲ့ -
0:28 - 0:32ထူးဆန်းကြတဲ့ အခြံအရံတွေကို တစ်ချက်
ကြည့်လိုက်ပြီး တံခါးကို ပိတ်ချလိုက်ပါတယ်။ -
0:32 - 0:37အဲဒီလိုနဲ့ လမ်းတစ်လျှောက် ဆက်သွားနေရင်း
အိမ်ငယ်လေး တစ်အိမ်ကို ရောက်လာတော့တယ်။ -
0:37 - 0:40အဲဒီအိမ်က မိန်းမကြီးဟာ လူစိမ်းကို
ကရုဏာသက်မိပြီး သူတတ်နိုင်သလောက် -
0:40 - 0:44အစာတစ်နပ်စာနဲ့ အိပ်ရာခင်း တစ်နေရာကို
စီစဉ်ပေးခဲ့တယ်။ -
0:44 - 0:47သူ့ရဲ့ ဧည့်သည်တော်ဟာ
သာမန် သူဆင်းရဲမ မဟုတ်ခဲ့ဘဲ၊ -
0:47 - 0:50အီဂျစ်ပြည်ရဲ့ ဩဇာအရှိဆုံး
နတ်ဘုရားမ Isis ပဲ ဖြစ်ခဲ့တယ်။ -
0:50 - 0:54Isis ဟာ ခင်ပွန်းသည်ကို အဆုံးစီရင်ပြီး
သားငယ် Horus ကိုပါ အစဖျောက်ချင်နေတဲ့ -
0:54 - 0:59အစ်ကိုတော် Set နတ်ဘုရားရဲ့
လက်ထဲကနေ ရှောင်တိမ်း ပြေးအောင်း နေရတာပါ။ -
0:59 - 1:03Set ဟာလည်း စွမ်းအားကြီးမားတဲ့ နတ်ဘုရား
တစ်ပါးဖြစ်ပြီး သူတို့ကို လိုက်ရှာနေခဲ့တယ်။ -
1:03 - 1:07Isis ဟာ အယောင်ဖျောက်ဖို့အတွက်
သူ့ရဲ့အစွမ်းတွေကို အသုံးမချနိုင်ဘဲ -
1:07 - 1:09သိုသိုသိပ်သိပ် နေခဲ့ရပါတယ်။
-
1:09 - 1:11ဒါပေမဲ့ သူဟာ အကူအညီ
ကင်းမဲ့နေခဲ့တာတော့ မဟုတ်ပါဘူး။ -
1:11 - 1:14အဆိပ်ပြင်း သတ္တဝါကြီးတွေရဲ့
နတ်ဘုရားမဖြစ်တဲ့ Serket ဟာ -
1:14 - 1:20Isis နဲ့ ကလေးငယ်ကို စောင့်ရှောက်ဖို့ ကြမ်း
ကြုတ်တဲ့ အစေခံ ၇ ယောက်ကို စေလွှတ်ခဲ့ပါတယ်။ -
1:20 - 1:24Isis နဲ့ Horus ဟာ သူတို့အတွက် နေရာ
ထိုင်ခင်းကို ဝင်နေရာ ယူလိုက်တဲ့အခါမှာ၊ -
1:24 - 1:29ကြီးမတ်တဲ့ သူတို့သခင်မအား သူဠေးမရဲ့ ဆက်ဆံ
ပုံကို ကင်းမြီးကောက်တွေ အမျက်ထွက်ကြတယ်။ -
1:29 - 1:34သူတို့အားလုံး သူတို့ရဲ့အဆိပ်တွေ စုစည်းပြီး
၇ ကောင်ထဲက Tefen ကို ပေးလိုက်ကြတယ်။ -
1:34 - 1:38ညအမှောင်လွှမ်းချိန်မှာ Tefen ဟာ
အိမ်ကြီးဆီကို တွားရင်း ထွက်လာခဲ့တယ်။ -
1:38 - 1:39သူဟာ တံခါးအောက်ကနေ လျှိုဝင်သွားပြီး၊
-
1:39 - 1:42အိမ်ပိုင်ရှင်ရဲ့ အိပ်မောကျနေတဲ့
ကလေးငယ်ကို တွေ့မိတာနဲ့၊ -
1:42 - 1:45အားပြင်းတဲ့ အဆိပ်တွေနဲ့ တုပ်လိုက်တာ့တယ်။
-
1:45 - 1:49Isis နဲ့ သူ့အိမ်ရှင်တို့ဟာ ကျယ်လောင်တဲ့
ငိုကြွေးသံကြောင့် အလန့်တကြားနိုးလာကြတယ်။ -
1:49 - 1:52သူတို့ဟာ အိမ်တံခါးပေါက်ကနေ
ထွက်ကြည့်လိုက်ကြတော့၊ -
1:52 - 1:54လမ်းပေါ်မှာ ဆောက်တည်ရာမရ ပြေးလွှားရင်း
-
1:54 - 1:57သားငယ်ကို ပွေ့ဖက်ငိုနေတဲ့
မိခင်ကို တွေ့လိုက်ကြတယ်။ -
1:57 - 2:00Isis ဟာ သူ့ကို မောင်းထုတ်လိုက်တဲ့
မိန်းမကြီးကို သိလိုက်လို့၊ -
2:00 - 2:03သူ့ကင်းမြီးကောက်တွေရဲ့ လက်ချက်ပဲလို့
ရိပ်စားမိလိုက်ပါတယ်။ -
2:03 - 2:09Isis ဟာ ကောင်လေးကို ပွေ့ချီယူလိုက်ပြီး
အစွမ်းထက်တဲ့ ဂါထာတစ်ပုဒ်ကို စရွတ်တော့တယ်။ -
2:09 - 2:13အို Tefen ရဲ့ အဆိပ်တို့၊ ကိုယ်ထဲမှ
ထွက်လျက် မြေသို့ ခညောင်းလော့။ -
2:13 - 2:18Tefen ရဲ့ အဆိပ်တွေ ရပ်တန့်သွားပြီး
ရှေ့ဆက် မဝင်ဘဲ သူ့ကိုယ်ထဲမှ ထွက်လာကြ၊ -
2:18 - 2:21မြေသို့ ခညောင်းကြလော့၊
-
2:21 - 2:26ကြီးမြတ်တဲ့ နတ်ဘုရားမဖြစ်သူ၊
ကျွန်မ Isis ရဲ့ ဂါထာမန္တန်နှင့်အညီ၊ -
2:26 - 2:31မြေသို့ခညောင်းလော့၊ အို Mestet ရဲ့ အဆိပ်
အလျင်အမြန်ထွက်လော့ Mestetef ရဲ့ အဆိပ်၊ -
2:31 - 2:39Petet နဲ့ Thetet ရဲ့ အဆိပ်တွေ ဆက်မတက်ကြဘဲ
Matet ရဲ့ အဆိပ် ပျက်ပယ်စေသား။ -
2:39 - 2:45သူ ရွတ်လိုက်တဲ့ နာမည်အလိုက် ကင်းမြီးကောက်
အဆိပ်တွေ ပျက်ပြယ်သွားပါတော့တယ်။ -
2:45 - 2:48ကလေးငယ်လည်း သက်သာသွားပြီး
သူ့မိခင်ဟာ ငိုကြွေးရင်း ကျေးဇူးတင်ပြီး -
2:48 - 2:51အစောပိုင်းက သူ့စာနာစိတ် ကင်းမဲ့ခဲ့တာကို
ယူကျုံးမရ ဖြစ်ခဲ့လို့၊ -
2:51 - 2:56နောင်တရတဲ့ အနေနဲ့ သူ့ရဲ့ စည်းစိမ်
ဥစ္စာတွေအားလုံးကို Isis အား ဆက်သခဲ့တယ်။ -
2:56 - 2:59Isis ကို ကူညီခဲ့တဲ့ အိမ်ရှင်မကြီးကတော့
အံ့ဩမှင်သက်စွာနဲ့ ကြည့်ရှုရင်း -
2:59 - 3:02သူက ခေါ်ယူစောင့်ရှောက်ခဲ့သူရဲ့ သရုပ်
အမှန်ကို မယုံနိုင်အောင်ဖြစ်မိတယ်။ -
3:02 - 3:05အဲဒီကနေ စပြီးတော့၊
-
3:05 - 3:08လူတွေဟာ ကင်းမြီးကောက်အကိုက်ခံရတဲ့
ဒဏ်ရာတွေကို ဆေးဖက်ဝင် ရွှံ့စေးနဲ့ -
3:08 - 3:12နတ်ဘုရားမ ရွတ်ဖတ်ခဲ့တဲ့ ဂါထာမန္တန်ကို ရွတ်
ဖတ်ရင်း ကုသတဲ့နည်းကို ကျင့်သုံးလာခဲ့ကြတယ်။
- Title:
- အီဂျစ် ဒဏ္ဍာရီလာ Isis နှင့် ကင်းမြီးကောက် ၇ ကောင်အကြောင်း
- Speaker:
- Alex Gendler
- Description:
-
သင်ခန်းစာ အပြည့်အစုံကို ကြည့်ရန်- https://ed.ted.com/lessons/the-egyptian-myth-of-isis-and-the-seven-scorpions-alex-gendler
ဧရာမ ကင်းမြီးကောက်ကြီး ၇ ကောင်ခြံရံထား နွံမြေထဲကနေ ပေါ်ထွက်လာကာ အဝတ်စုတ်တွေ ဝတ်ထားတဲ့ အမျိုးသမီး တစ်ယောက်ဟာ ခမ်းနားထည်ဝါတဲ့ အိမ်ကြီးကို ချဉ်းကပ်ပြီး အစာကို တောင်းခံခဲ့ပါတယ်။ ဒါပေမဲ့ အိမ်ပိုင်ရှင် သခင်မဟာ သူ့ရဲ့ နွမ်းပါးလှတဲ့ အဝတ်အစားတွေနဲ့ ထူးဆန်တဲ့ အခြံအရံတွေကို တစ်ချက်ကြည့်လိုက်ပြီး တံခါးကို ပိတ်ချပစ်လိုက်ပါတယ်။ အစာတောင်းခံတဲ့ အမျိုးသမီးဟာ သာမန် ဆင်းရဲသူ မဟုတ်ခဲ့ဘဲ အီဂျစ်ပြည်ရဲ့ ဩဇာအာဏာအရှိဆုံး နတ်ဘုရားမ ဖြစ်တာကို အိမ်ပိုင်ရှင် အမျိုးသမီးကြီးက လုံးဝမသိခဲ့ပါဘူး။ Alex Gendler က အဲဒီ ဒဏ္ဍာရီပုံပြင်ကို အသေးစိတ် တင်ပြထားပါတယ်။
Alex Gendler ရဲ့ ဒဏ္ဍာရီပုံပြင်ကို Bren López Zepeda မှ ညွှန်ကြား ရိုက်ကူးပေးထားပါတယ်။
- Video Language:
- English
- Team:
closed TED
- Project:
- TED-Ed
- Duration:
- 03:19
![]() |
Myo Aung approved Burmese subtitles for The Egyptian myth of Isis and the seven scorpions | |
![]() |
Myo Aung edited Burmese subtitles for The Egyptian myth of Isis and the seven scorpions | |
![]() |
Myo Aung edited Burmese subtitles for The Egyptian myth of Isis and the seven scorpions | |
![]() |
Myo Aung accepted Burmese subtitles for The Egyptian myth of Isis and the seven scorpions | |
![]() |
Myo Aung edited Burmese subtitles for The Egyptian myth of Isis and the seven scorpions | |
![]() |
Myo Aung edited Burmese subtitles for The Egyptian myth of Isis and the seven scorpions | |
![]() |
Kay Khaing Aung edited Burmese subtitles for The Egyptian myth of Isis and the seven scorpions | |
![]() |
Myo Aung declined Burmese subtitles for The Egyptian myth of Isis and the seven scorpions |