1 00:00:11,018 --> 00:00:16,751 ဧရာမ ကင်းမြီးကောက် ၇ ကောင် ခြံရံထားတဲ့ နုံးမြေထဲကနေ သူဆင်းရဲမ ပေါ်ထွက်လာခဲ့တယ်။ 2 00:00:16,751 --> 00:00:21,961 သူဟာ အစာတောင်းခံဖို့ ကလေးတစ်ဘက်နဲ့ အနီးဆုံး ရွာဆီကို ဦးတည်ခဲ့ပါတယ်။ 3 00:00:21,961 --> 00:00:24,209 သူဟာ ခမ်းနားတဲ့ အိမ်တစ်အိမ်ကို ချဉ်းကပ်ခဲ့ပေမဲ့၊ 4 00:00:24,209 --> 00:00:27,699 အိမ်ပိုင်ရှင် သခင်မဟာ သူဆင်းရဲမရဲ့ ညစ်ပတ်ပေကျံနေတဲ့ အဝတ်အစားတွေနဲ့ 5 00:00:27,699 --> 00:00:32,219 ထူးဆန်းကြတဲ့ အခြံအရံတွေကို တစ်ချက် ကြည့်လိုက်ပြီး တံခါးကို ပိတ်ချလိုက်ပါတယ်။ 6 00:00:32,219 --> 00:00:36,953 အဲဒီလိုနဲ့ လမ်းတစ်လျှောက် ဆက်သွားနေရင်း အိမ်ငယ်လေး တစ်အိမ်ကို ရောက်လာတော့တယ်။ 7 00:00:36,953 --> 00:00:40,459 အဲဒီအိမ်က မိန်းမကြီးဟာ လူစိမ်းကို ကရုဏာသက်မိပြီး သူတတ်နိုင်သလောက် 8 00:00:40,459 --> 00:00:43,581 အစာတစ်နပ်စာနဲ့ အိပ်ရာခင်း တစ်နေရာကို စီစဉ်ပေးခဲ့တယ်။ 9 00:00:43,581 --> 00:00:46,551 သူ့ရဲ့ ဧည့်သည်တော်ဟာ သာမန် သူဆင်းရဲမ မဟုတ်ခဲ့ဘဲ၊ 10 00:00:46,551 --> 00:00:50,452 အီဂျစ်ပြည်ရဲ့ ဩဇာအရှိဆုံး နတ်ဘုရားမ Isis ပဲ ဖြစ်ခဲ့တယ်။ 11 00:00:50,452 --> 00:00:54,002 Isis ဟာ ခင်ပွန်းသည်ကို အဆုံးစီရင်ပြီး သားငယ် Horus ကိုပါ အစဖျောက်ချင်နေတဲ့ 12 00:00:54,002 --> 00:00:59,316 အစ်ကိုတော် Set နတ်ဘုရားရဲ့ လက်ထဲကနေ ရှောင်တိမ်း ပြေးအောင်း နေရတာပါ။ 13 00:00:59,316 --> 00:01:03,353 Set ဟာလည်း စွမ်းအားကြီးမားတဲ့ နတ်ဘုရား တစ်ပါးဖြစ်ပြီး သူတို့ကို လိုက်ရှာနေခဲ့တယ်။ 14 00:01:03,353 --> 00:01:06,703 Isis ဟာ အယောင်ဖျောက်ဖို့အတွက် သူ့ရဲ့အစွမ်းတွေကို အသုံးမချနိုင်ဘဲ 15 00:01:06,703 --> 00:01:08,993 သိုသိုသိပ်သိပ် နေခဲ့ရပါတယ်။ 16 00:01:08,993 --> 00:01:11,463 ဒါပေမဲ့ သူဟာ အကူအညီ ကင်းမဲ့နေခဲ့တာတော့ မဟုတ်ပါဘူး။ 17 00:01:11,463 --> 00:01:14,093 အဆိပ်ပြင်း သတ္တဝါကြီးတွေရဲ့‌ နတ်ဘုရားမဖြစ်တဲ့ Serket ဟာ 18 00:01:14,093 --> 00:01:19,916 Isis နဲ့ ကလေးငယ်ကို စောင့်ရှောက်ဖို့ ကြမ်း ကြုတ်တဲ့ အစေခံ ၇ ယောက်ကို စေလွှတ်ခဲ့ပါတယ်။ 19 00:01:19,916 --> 00:01:23,616 Isis နဲ့ Horus ဟာ သူတို့အတွက် နေရာ ထိုင်ခင်းကို ဝင်နေရာ ယူလိုက်တဲ့အခါမှာ၊ 20 00:01:23,616 --> 00:01:28,687 ကြီးမတ်တဲ့ သူတို့သခင်မအား သူဠေးမရဲ့ ဆက်ဆံ ပုံကို ကင်းမြီးကောက်တွေ အမျက်ထွက်ကြတယ်။ 21 00:01:28,687 --> 00:01:33,625 သူတို့အားလုံး သူတို့ရဲ့အဆိပ်တွေ စုစည်းပြီး ၇ ကောင်ထဲက Tefen ကို ပေးလိုက်ကြတယ်။ 22 00:01:33,625 --> 00:01:37,625 ညအမှောင်လွှမ်းချိန်မှာ Tefen ဟာ အိမ်ကြီးဆီကို တွားရင်း ထွက်လာခဲ့တယ်။ 23 00:01:37,625 --> 00:01:39,465 သူဟာ တံခါးအောက်ကနေ လျှိုဝင်သွားပြီး၊ 24 00:01:39,465 --> 00:01:42,345 အိမ်ပိုင်ရှင်ရဲ့ အိပ်မောကျနေတဲ့ ကလေးငယ်ကို တွေ့မိတာနဲ့၊ 25 00:01:42,345 --> 00:01:45,145 အားပြင်းတဲ့ အဆိပ်တွေနဲ့ တုပ်လိုက်တာ့တယ်။ 26 00:01:45,145 --> 00:01:49,307 Isis နဲ့ သူ့အိမ်ရှင်တို့ဟာ ကျယ်လောင်တဲ့ ငိုကြွေးသံကြောင့် အလန့်တကြားနိုးလာကြတယ်။ 27 00:01:49,307 --> 00:01:51,747 သူတို့ဟာ အိမ်တံခါးပေါက်ကနေ ထွက်ကြည့်လိုက်ကြတော့၊ 28 00:01:51,747 --> 00:01:54,393 လမ်းပေါ်မှာ‌ ဆောက်တည်ရာမရ ပြေးလွှားရင်း 29 00:01:54,393 --> 00:01:56,865 သားငယ်ကို ပွေ့ဖက်ငိုနေတဲ့ မိခင်ကို တွေ့လိုက်ကြတယ်။ 30 00:01:56,865 --> 00:02:00,085 Isis ဟာ သူ့ကို မောင်းထုတ်လိုက်တဲ့ မိန်းမကြီးကို သိလိုက်လို့၊ 31 00:02:00,085 --> 00:02:02,965 သူ့ကင်းမြီးကောက်တွေရဲ့ လက်ချက်ပဲလို့ ရိပ်စားမိလိုက်ပါတယ်။ 32 00:02:02,965 --> 00:02:08,658 Isis ဟာ ကောင်လေးကို ပွေ့ချီယူလိုက်ပြီး အစွမ်းထက်တဲ့ ဂါထာတစ်ပုဒ်ကို စရွတ်တော့တယ်။ 33 00:02:08,658 --> 00:02:13,412 အို Tefen ရဲ့ အဆိပ်တို့၊ ကိုယ်ထဲမှ ထွက်လျက် မြေသို့ ခညောင်းလော့။ 34 00:02:13,412 --> 00:02:18,324 Tefen ရဲ့ အဆိပ်တွေ ရပ်တန့်သွားပြီး ရှေ့ဆက် မဝင်ဘဲ သူ့ကိုယ်ထဲမှ ထွက်လာကြ၊ 35 00:02:18,324 --> 00:02:20,784 မြေသို့ ခညောင်းကြလော့၊ 36 00:02:20,784 --> 00:02:25,620 ကြီးမြတ်တဲ့ နတ်ဘုရားမဖြစ်သူ၊ ကျွန်မ Isis ရဲ့ ဂါထာမန္တန်နှင့်အညီ၊ 37 00:02:25,620 --> 00:02:30,896 မြေသို့ခညောင်းလော့၊ အို Mestet ရဲ့ အဆိပ် အလျင်အမြန်ထွက်လော့ Mestetef ရဲ့ အဆိပ်၊ 38 00:02:30,896 --> 00:02:38,714 Petet နဲ့ Thetet ရဲ့ အဆိပ်တွေ ဆက်မတက်ကြဘဲ Matet ရဲ့ အဆိပ် ပျက်ပယ်စေသား။ 39 00:02:38,714 --> 00:02:44,967 သူ ရွတ်လိုက်တဲ့ နာမည်အလိုက် ကင်းမြီးကောက် အဆိပ်တွေ ပျက်ပြယ်သွားပါတော့တယ်။ 40 00:02:44,967 --> 00:02:48,357 ကလေးငယ်လည်း သက်သာသွားပြီး သူ့မိခင်ဟာ ငိုကြွေးရင်း ကျေးဇူးတင်ပြီး 41 00:02:48,357 --> 00:02:51,367 အစောပိုင်းက သူ့စာနာစိတ် ကင်းမဲ့ခဲ့တာကို ယူကျုံးမရ ဖြစ်ခဲ့လို့၊ 42 00:02:51,367 --> 00:02:55,626 နောင်တရတဲ့ အနေနဲ့ သူ့ရဲ့ စည်းစိမ် ဥစ္စာတွေအားလုံးကို Isis အား ဆက်သခဲ့တယ်။ 43 00:02:55,626 --> 00:02:59,142 Isis ကို ကူညီခဲ့တဲ့ အိမ်ရှင်မကြီးကတော့ အံ့ဩမှင်သက်စွာနဲ့ ကြည့်ရှုရင်း 44 00:02:59,142 --> 00:03:02,452 သူက ခေါ်ယူစောင့်ရှောက်ခဲ့သူရဲ့ သရုပ် အမှန်ကို မယုံနိုင်အောင်ဖြစ်မိတယ်။ 45 00:03:02,452 --> 00:03:04,572 အဲဒီကနေ စပြီးတော့၊ 46 00:03:04,572 --> 00:03:08,102 လူတွေဟာ ကင်းမြီးကောက်အကိုက်ခံရတဲ့ ဒဏ်ရာတွေကို ဆေးဖက်ဝင် ရွှံ့စေးနဲ့ 47 00:03:08,102 --> 00:03:12,107 နတ်ဘုရားမ ရွတ်ဖတ်ခဲ့တဲ့ ဂါထာမန္တန်ကို ရွတ် ဖတ်ရင်း ကုသတဲ့နည်းကို ကျင့်သုံးလာခဲ့ကြတယ်။