0:00:11.018,0:00:16.751 ဧရာမ ကင်းမြီးကောက် ၇ ကောင် ခြံရံထားတဲ့[br]နုံးမြေထဲကနေ သူဆင်းရဲမ ပေါ်ထွက်လာခဲ့တယ်။ 0:00:16.751,0:00:21.961 သူဟာ အစာတောင်းခံဖို့ ကလေးတစ်ဘက်နဲ့[br]အနီးဆုံး ရွာဆီကို ဦးတည်ခဲ့ပါတယ်။ 0:00:21.961,0:00:24.209 သူဟာ ခမ်းနားတဲ့[br]အိမ်တစ်အိမ်ကို ချဉ်းကပ်ခဲ့ပေမဲ့၊ 0:00:24.209,0:00:27.699 အိမ်ပိုင်ရှင် သခင်မဟာ သူဆင်းရဲမရဲ့[br]ညစ်ပတ်ပေကျံနေတဲ့ အဝတ်အစားတွေနဲ့ 0:00:27.699,0:00:32.219 ထူးဆန်းကြတဲ့ အခြံအရံတွေကို တစ်ချက်[br]ကြည့်လိုက်ပြီး တံခါးကို ပိတ်ချလိုက်ပါတယ်။ 0:00:32.219,0:00:36.953 အဲဒီလိုနဲ့ လမ်းတစ်လျှောက် ဆက်သွားနေရင်း[br]အိမ်ငယ်လေး တစ်အိမ်ကို ရောက်လာတော့တယ်။ 0:00:36.953,0:00:40.459 အဲဒီအိမ်က မိန်းမကြီးဟာ လူစိမ်းကို[br]ကရုဏာသက်မိပြီး သူတတ်နိုင်သလောက် 0:00:40.459,0:00:43.581 အစာတစ်နပ်စာနဲ့ အိပ်ရာခင်း တစ်နေရာကို[br]စီစဉ်ပေးခဲ့တယ်။ 0:00:43.581,0:00:46.551 သူ့ရဲ့ ဧည့်သည်တော်ဟာ [br]သာမန် သူဆင်းရဲမ မဟုတ်ခဲ့ဘဲ၊ 0:00:46.551,0:00:50.452 အီဂျစ်ပြည်ရဲ့ ဩဇာအရှိဆုံး[br]နတ်ဘုရားမ Isis ပဲ ဖြစ်ခဲ့တယ်။ 0:00:50.452,0:00:54.002 Isis ဟာ ခင်ပွန်းသည်ကို အဆုံးစီရင်ပြီး[br]သားငယ် Horus ကိုပါ အစဖျောက်ချင်နေတဲ့ 0:00:54.002,0:00:59.316 အစ်ကိုတော် Set နတ်ဘုရားရဲ့ [br]လက်ထဲကနေ ရှောင်တိမ်း ပြေးအောင်း နေရတာပါ။ 0:00:59.316,0:01:03.353 Set ဟာလည်း စွမ်းအားကြီးမားတဲ့ နတ်ဘုရား[br]တစ်ပါးဖြစ်ပြီး သူတို့ကို လိုက်ရှာနေခဲ့တယ်။ 0:01:03.353,0:01:06.703 Isis ဟာ အယောင်ဖျောက်ဖို့အတွက်[br]သူ့ရဲ့အစွမ်းတွေကို အသုံးမချနိုင်ဘဲ 0:01:06.703,0:01:08.993 သိုသိုသိပ်သိပ် နေခဲ့ရပါတယ်။ 0:01:08.993,0:01:11.463 ဒါပေမဲ့ သူဟာ အကူအညီ[br]ကင်းမဲ့နေခဲ့တာတော့ မဟုတ်ပါဘူး။ 0:01:11.463,0:01:14.093 အဆိပ်ပြင်း သတ္တဝါကြီးတွေရဲ့‌ [br]နတ်ဘုရားမဖြစ်တဲ့ Serket ဟာ 0:01:14.093,0:01:19.916 Isis နဲ့ ကလေးငယ်ကို စောင့်ရှောက်ဖို့ ကြမ်း[br]ကြုတ်တဲ့ အစေခံ ၇ ယောက်ကို စေလွှတ်ခဲ့ပါတယ်။ 0:01:19.916,0:01:23.616 Isis နဲ့ Horus ဟာ သူတို့အတွက် နေရာ[br]ထိုင်ခင်းကို ဝင်နေရာ ယူလိုက်တဲ့အခါမှာ၊ 0:01:23.616,0:01:28.687 ကြီးမတ်တဲ့ သူတို့သခင်မအား သူဠေးမရဲ့ ဆက်ဆံ[br]ပုံကို ကင်းမြီးကောက်တွေ အမျက်ထွက်ကြတယ်။ 0:01:28.687,0:01:33.625 သူတို့အားလုံး သူတို့ရဲ့အဆိပ်တွေ စုစည်းပြီး[br]၇ ကောင်ထဲက Tefen ကို ပေးလိုက်ကြတယ်။ 0:01:33.625,0:01:37.625 ညအမှောင်လွှမ်းချိန်မှာ Tefen ဟာ[br]အိမ်ကြီးဆီကို တွားရင်း ထွက်လာခဲ့တယ်။ 0:01:37.625,0:01:39.465 သူဟာ တံခါးအောက်ကနေ လျှိုဝင်သွားပြီး၊ 0:01:39.465,0:01:42.345 အိမ်ပိုင်ရှင်ရဲ့ အိပ်မောကျနေတဲ့[br]ကလေးငယ်ကို တွေ့မိတာနဲ့၊ 0:01:42.345,0:01:45.145 အားပြင်းတဲ့ အဆိပ်တွေနဲ့ တုပ်လိုက်တာ့တယ်။ 0:01:45.145,0:01:49.307 Isis နဲ့ သူ့အိမ်ရှင်တို့ဟာ ကျယ်လောင်တဲ့[br]ငိုကြွေးသံကြောင့် အလန့်တကြားနိုးလာကြတယ်။ 0:01:49.307,0:01:51.747 သူတို့ဟာ အိမ်တံခါးပေါက်ကနေ[br]ထွက်ကြည့်လိုက်ကြတော့၊ 0:01:51.747,0:01:54.393 လမ်းပေါ်မှာ‌ ဆောက်တည်ရာမရ ပြေးလွှားရင်း 0:01:54.393,0:01:56.865 သားငယ်ကို ပွေ့ဖက်ငိုနေတဲ့[br]မိခင်ကို တွေ့လိုက်ကြတယ်။ 0:01:56.865,0:02:00.085 Isis ဟာ သူ့ကို မောင်းထုတ်လိုက်တဲ့[br]မိန်းမကြီးကို သိလိုက်လို့၊ 0:02:00.085,0:02:02.965 သူ့ကင်းမြီးကောက်တွေရဲ့ လက်ချက်ပဲလို့[br]ရိပ်စားမိလိုက်ပါတယ်။ 0:02:02.965,0:02:08.658 Isis ဟာ ကောင်လေးကို ပွေ့ချီယူလိုက်ပြီး[br]အစွမ်းထက်တဲ့ ဂါထာတစ်ပုဒ်ကို စရွတ်တော့တယ်။ 0:02:08.658,0:02:13.412 အို Tefen ရဲ့ အဆိပ်တို့၊ ကိုယ်ထဲမှ[br]ထွက်လျက် မြေသို့ ခညောင်းလော့။ 0:02:13.412,0:02:18.324 Tefen ရဲ့ အဆိပ်တွေ ရပ်တန့်သွားပြီး[br]ရှေ့ဆက် မဝင်ဘဲ သူ့ကိုယ်ထဲမှ ထွက်လာကြ၊ 0:02:18.324,0:02:20.784 မြေသို့ ခညောင်းကြလော့၊ 0:02:20.784,0:02:25.620 ကြီးမြတ်တဲ့ နတ်ဘုရားမဖြစ်သူ၊[br]ကျွန်မ Isis ရဲ့ ဂါထာမန္တန်နှင့်အညီ၊ 0:02:25.620,0:02:30.896 မြေသို့ခညောင်းလော့၊ အို Mestet ရဲ့ အဆိပ်[br]အလျင်အမြန်ထွက်လော့ Mestetef ရဲ့ အဆိပ်၊ 0:02:30.896,0:02:38.714 Petet နဲ့ Thetet ရဲ့ အဆိပ်တွေ ဆက်မတက်ကြဘဲ[br]Matet ရဲ့ အဆိပ် ပျက်ပယ်စေသား။ 0:02:38.714,0:02:44.967 သူ ရွတ်လိုက်တဲ့ နာမည်အလိုက် ကင်းမြီးကောက်[br]အဆိပ်တွေ ပျက်ပြယ်သွားပါတော့တယ်။ 0:02:44.967,0:02:48.357 ကလေးငယ်လည်း သက်သာသွားပြီး[br]သူ့မိခင်ဟာ ငိုကြွေးရင်း ကျေးဇူးတင်ပြီး 0:02:48.357,0:02:51.367 အစောပိုင်းက သူ့စာနာစိတ် ကင်းမဲ့ခဲ့တာကို[br]ယူကျုံးမရ ဖြစ်ခဲ့လို့၊ 0:02:51.367,0:02:55.626 နောင်တရတဲ့ အနေနဲ့ သူ့ရဲ့ စည်းစိမ်[br]ဥစ္စာတွေအားလုံးကို Isis အား ဆက်သခဲ့တယ်။ 0:02:55.626,0:02:59.142 Isis ကို ကူညီခဲ့တဲ့ အိမ်ရှင်မကြီးကတော့[br]အံ့ဩမှင်သက်စွာနဲ့ ကြည့်ရှုရင်း 0:02:59.142,0:03:02.452 သူက ခေါ်ယူစောင့်ရှောက်ခဲ့သူရဲ့ သရုပ်[br]အမှန်ကို မယုံနိုင်အောင်ဖြစ်မိတယ်။ 0:03:02.452,0:03:04.572 အဲဒီကနေ စပြီးတော့၊ 0:03:04.572,0:03:08.102 လူတွေဟာ ကင်းမြီးကောက်အကိုက်ခံရတဲ့[br]ဒဏ်ရာတွေကို ဆေးဖက်ဝင် ရွှံ့စေးနဲ့ 0:03:08.102,0:03:12.107 နတ်ဘုရားမ ရွတ်ဖတ်ခဲ့တဲ့ ဂါထာမန္တန်ကို ရွတ်[br]ဖတ်ရင်း ကုသတဲ့နည်းကို ကျင့်သုံးလာခဲ့ကြတယ်။