WEBVTT 00:00:11.018 --> 00:00:16.751 ဧရာမ ကင်းမြီးကောက် ၇ ကောင် ခြံရံထားတဲ့ နုံးမြေထဲကနေ သူဆင်းရဲမ ပေါ်ထွက်လာခဲ့တယ်။ 00:00:16.751 --> 00:00:21.961 သူဟာ အစာတောင်းခံဖို့ ကလေးတစ်ဘက်နဲ့ အနီးဆုံး ရွာဆီကို ဦးတည်ခဲ့ပါတယ်။ 00:00:21.961 --> 00:00:24.209 သူဟာ ခမ်းနားတဲ့ အိမ်တစ်အိမ်ကို ချဉ်းကပ်ခဲ့ပေမဲ့၊ NOTE Paragraph 00:00:24.209 --> 00:00:27.699 အိမ်ပိုင်ရှင် သခင်မဟာ သူဆင်းရဲမရဲ့ ညစ်ပတ်ပေကျံနေတဲ့ အဝတ်အစားတွေနဲ့ 00:00:27.699 --> 00:00:32.219 ထူးဆန်းကြတဲ့ အခြံအရံတွေကို တစ်ချက် ကြည့်လိုက်ပြီး တံခါးကို ပိတ်ချလိုက်ပါတယ်။ 00:00:32.219 --> 00:00:36.953 အဲဒီလိုနဲ့ လမ်းတစ်လျှောက် ဆက်သွားနေရင်း အိမ်ငယ်လေး တစ်အိမ်ကို ရောက်လာတော့တယ်။ 00:00:36.953 --> 00:00:40.459 အဲဒီအိမ်က မိန်းမကြီးဟာ လူစိမ်းကို ကရုဏာသက်မိပြီး သူတတ်နိုင်သလောက် 00:00:40.459 --> 00:00:43.581 အစာတစ်နပ်စာနဲ့ အိပ်ရာခင်း တစ်နေရာကို စီစဉ်ပေးခဲ့တယ်။ 00:00:43.581 --> 00:00:46.551 သူ့ရဲ့ ဧည့်သည်တော်ဟာ သာမန် သူဆင်းရဲမ မဟုတ်ခဲ့ဘဲ၊ NOTE Paragraph 00:00:46.551 --> 00:00:50.452 အီဂျစ်ပြည်ရဲ့ ဩဇာအရှိဆုံး နတ်ဘုရားမ Isis ပဲ ဖြစ်ခဲ့တယ်။ 00:00:50.452 --> 00:00:54.002 Isis ဟာ ခင်ပွန်းသည်ကို အဆုံးစီရင်ပြီး သားငယ် Horus ကိုပါ အစဖျောက်ချင်နေတဲ့ 00:00:54.002 --> 00:00:59.316 အစ်ကိုတော် Set နတ်ဘုရားရဲ့ လက်ထဲကနေ ရှောင်တိမ်း ပြေးအောင်း နေရတာပါ။ NOTE Paragraph 00:00:59.316 --> 00:01:03.353 Set ဟာလည်း စွမ်းအားကြီးမားတဲ့ နတ်ဘုရား တစ်ပါးဖြစ်ပြီး သူတို့ကို လိုက်ရှာနေခဲ့တယ်။ NOTE Paragraph 00:01:03.353 --> 00:01:06.703 Isis ဟာ အယောင်ဖျောက်ဖို့အတွက် သူ့ရဲ့အစွမ်းတွေကို အသုံးမချနိုင်ဘဲ 00:01:06.703 --> 00:01:08.993 သိုသိုသိပ်သိပ် နေခဲ့ရပါတယ်။ 00:01:08.993 --> 00:01:11.463 ဒါပေမဲ့ သူဟာ အကူအညီ ကင်းမဲ့နေခဲ့တာတော့ မဟုတ်ပါဘူး။ 00:01:11.463 --> 00:01:14.093 အဆိပ်ပြင်း သတ္တဝါကြီးတွေရဲ့‌ နတ်ဘုရားမဖြစ်တဲ့ Serket ဟာ 00:01:14.093 --> 00:01:19.916 Isis နဲ့ ကလေးငယ်ကို စောင့်ရှောက်ဖို့ ကြမ်း ကြုတ်တဲ့ အစေခံ ၇ ယောက်ကို စေလွှတ်ခဲ့ပါတယ်။ NOTE Paragraph 00:01:19.916 --> 00:01:23.616 Isis နဲ့ Horus ဟာ သူတို့အတွက် နေရာ ထိုင်ခင်းကို ဝင်နေရာ ယူလိုက်တဲ့အခါမှာ၊ 00:01:23.616 --> 00:01:28.687 ကြီးမတ်တဲ့ သူတို့သခင်မအား သူဠေးမရဲ့ ဆက်ဆံ ပုံကို ကင်းမြီးကောက်တွေ အမျက်ထွက်ကြတယ်။ 00:01:28.687 --> 00:01:33.625 သူတို့အားလုံး သူတို့ရဲ့အဆိပ်တွေ စုစည်းပြီး ၇ ကောင်ထဲက Tefen ကို ပေးလိုက်ကြတယ်။ 00:01:33.625 --> 00:01:37.625 ညအမှောင်လွှမ်းချိန်မှာ Tefen ဟာ အိမ်ကြီးဆီကို တွားရင်း ထွက်လာခဲ့တယ်။ 00:01:37.625 --> 00:01:39.465 သူဟာ တံခါးအောက်ကနေ လျှိုဝင်သွားပြီး၊ 00:01:39.465 --> 00:01:42.345 အိမ်ပိုင်ရှင်ရဲ့ အိပ်မောကျနေတဲ့ ကလေးငယ်ကို တွေ့မိတာနဲ့၊ 00:01:42.345 --> 00:01:45.145 အားပြင်းတဲ့ အဆိပ်တွေနဲ့ တုပ်လိုက်တာ့တယ်။ NOTE Paragraph 00:01:45.145 --> 00:01:49.307 Isis နဲ့ သူ့အိမ်ရှင်တို့ဟာ ကျယ်လောင်တဲ့ ငိုကြွေးသံကြောင့် အလန့်တကြားနိုးလာကြတယ်။ 00:01:49.307 --> 00:01:51.747 သူတို့ဟာ အိမ်တံခါးပေါက်ကနေ ထွက်ကြည့်လိုက်ကြတော့၊ 00:01:51.747 --> 00:01:54.393 လမ်းပေါ်မှာ‌ ဆောက်တည်ရာမရ ပြေးလွှားရင်း 00:01:54.393 --> 00:01:56.865 သားငယ်ကို ပွေ့ဖက်ငိုနေတဲ့ မိခင်ကို တွေ့လိုက်ကြတယ်။ 00:01:56.865 --> 00:02:00.085 Isis ဟာ သူ့ကို မောင်းထုတ်လိုက်တဲ့ မိန်းမကြီးကို သိလိုက်လို့၊ 00:02:00.085 --> 00:02:02.965 သူ့ကင်းမြီးကောက်တွေရဲ့ လက်ချက်ပဲလို့ ရိပ်စားမိလိုက်ပါတယ်။ NOTE Paragraph 00:02:02.965 --> 00:02:08.658 Isis ဟာ ကောင်လေးကို ပွေ့ချီယူလိုက်ပြီး အစွမ်းထက်တဲ့ ဂါထာတစ်ပုဒ်ကို စရွတ်တော့တယ်။ NOTE Paragraph 00:02:08.658 --> 00:02:13.412 အို Tefen ရဲ့ အဆိပ်တို့၊ ကိုယ်ထဲမှ ထွက်လျက် မြေသို့ ခညောင်းလော့။ 00:02:13.412 --> 00:02:18.324 Tefen ရဲ့ အဆိပ်တွေ ရပ်တန့်သွားပြီး ရှေ့ဆက် မဝင်ဘဲ သူ့ကိုယ်ထဲမှ ထွက်လာကြ၊ 00:02:18.324 --> 00:02:20.784 မြေသို့ ခညောင်းကြလော့၊ 00:02:20.784 --> 00:02:25.620 ကြီးမြတ်တဲ့ နတ်ဘုရားမဖြစ်သူ၊ ကျွန်မ Isis ရဲ့ ဂါထာမန္တန်နှင့်အညီ၊ 00:02:25.620 --> 00:02:30.896 မြေသို့ခညောင်းလော့၊ အို Mestet ရဲ့ အဆိပ် အလျင်အမြန်ထွက်လော့ Mestetef ရဲ့ အဆိပ်၊ 00:02:30.896 --> 00:02:38.714 Petet နဲ့ Thetet ရဲ့ အဆိပ်တွေ ဆက်မတက်ကြဘဲ Matet ရဲ့ အဆိပ် ပျက်ပယ်စေသား။ NOTE Paragraph 00:02:38.714 --> 00:02:44.967 သူ ရွတ်လိုက်တဲ့ နာမည်အလိုက် ကင်းမြီးကောက် အဆိပ်တွေ ပျက်ပြယ်သွားပါတော့တယ်။ 00:02:44.967 --> 00:02:48.357 ကလေးငယ်လည်း သက်သာသွားပြီး သူ့မိခင်ဟာ ငိုကြွေးရင်း ကျေးဇူးတင်ပြီး 00:02:48.357 --> 00:02:51.367 အစောပိုင်းက သူ့စာနာစိတ် ကင်းမဲ့ခဲ့တာကို ယူကျုံးမရ ဖြစ်ခဲ့လို့၊ 00:02:51.367 --> 00:02:55.626 နောင်တရတဲ့ အနေနဲ့ သူ့ရဲ့ စည်းစိမ် ဥစ္စာတွေအားလုံးကို Isis အား ဆက်သခဲ့တယ်။ NOTE Paragraph 00:02:55.626 --> 00:02:59.142 Isis ကို ကူညီခဲ့တဲ့ အိမ်ရှင်မကြီးကတော့ အံ့ဩမှင်သက်စွာနဲ့ ကြည့်ရှုရင်း 00:02:59.142 --> 00:03:02.452 သူက ခေါ်ယူစောင့်ရှောက်ခဲ့သူရဲ့ သရုပ် အမှန်ကို မယုံနိုင်အောင်ဖြစ်မိတယ်။ 00:03:02.452 --> 00:03:04.572 အဲဒီကနေ စပြီးတော့၊ 00:03:04.572 --> 00:03:08.102 လူတွေဟာ ကင်းမြီးကောက်အကိုက်ခံရတဲ့ ဒဏ်ရာတွေကို ဆေးဖက်ဝင် ရွှံ့စေးနဲ့ 00:03:08.102 --> 00:03:12.107 နတ်ဘုရားမ ရွတ်ဖတ်ခဲ့တဲ့ ဂါထာမန္တန်ကို ရွတ် ဖတ်ရင်း ကုသတဲ့နည်းကို ကျင့်သုံးလာခဲ့ကြတယ်။