[Script Info] Title: [Events] Format: Layer, Start, End, Style, Name, MarginL, MarginR, MarginV, Effect, Text Dialogue: 0,0:00:11.02,0:00:16.75,Default,,0000,0000,0000,,ဧရာမ ကင်းမြီးကောက် ၇ ကောင် ခြံရံထားတဲ့\Nနုံးမြေထဲကနေ သူဆင်းရဲမ ပေါ်ထွက်လာခဲ့တယ်။ Dialogue: 0,0:00:16.75,0:00:21.96,Default,,0000,0000,0000,,သူဟာ အစာတောင်းခံဖို့ ကလေးတစ်ဘက်နဲ့\Nအနီးဆုံး ရွာဆီကို ဦးတည်ခဲ့ပါတယ်။ Dialogue: 0,0:00:21.96,0:00:24.21,Default,,0000,0000,0000,,သူဟာ ခမ်းနားတဲ့\Nအိမ်တစ်အိမ်ကို ချဉ်းကပ်ခဲ့ပေမဲ့၊ Dialogue: 0,0:00:24.21,0:00:27.70,Default,,0000,0000,0000,,အိမ်ပိုင်ရှင် သခင်မဟာ သူဆင်းရဲမရဲ့\Nညစ်ပတ်ပေကျံနေတဲ့ အဝတ်အစားတွေနဲ့ Dialogue: 0,0:00:27.70,0:00:32.22,Default,,0000,0000,0000,,ထူးဆန်းကြတဲ့ အခြံအရံတွေကို တစ်ချက်\Nကြည့်လိုက်ပြီး တံခါးကို ပိတ်ချလိုက်ပါတယ်။ Dialogue: 0,0:00:32.22,0:00:36.95,Default,,0000,0000,0000,,အဲဒီလိုနဲ့ လမ်းတစ်လျှောက် ဆက်သွားနေရင်း\Nအိမ်ငယ်လေး တစ်အိမ်ကို ရောက်လာတော့တယ်။ Dialogue: 0,0:00:36.95,0:00:40.46,Default,,0000,0000,0000,,အဲဒီအိမ်က မိန်းမကြီးဟာ လူစိမ်းကို\Nကရုဏာသက်မိပြီး သူတတ်နိုင်သလောက် Dialogue: 0,0:00:40.46,0:00:43.58,Default,,0000,0000,0000,,အစာတစ်နပ်စာနဲ့ အိပ်ရာခင်း တစ်နေရာကို\Nစီစဉ်ပေးခဲ့တယ်။ Dialogue: 0,0:00:43.58,0:00:46.55,Default,,0000,0000,0000,,သူ့ရဲ့ ဧည့်သည်တော်ဟာ \Nသာမန် သူဆင်းရဲမ မဟုတ်ခဲ့ဘဲ၊ Dialogue: 0,0:00:46.55,0:00:50.45,Default,,0000,0000,0000,,အီဂျစ်ပြည်ရဲ့ ဩဇာအရှိဆုံး\Nနတ်ဘုရားမ Isis ပဲ ဖြစ်ခဲ့တယ်။ Dialogue: 0,0:00:50.45,0:00:54.00,Default,,0000,0000,0000,,Isis ဟာ ခင်ပွန်းသည်ကို အဆုံးစီရင်ပြီး\Nသားငယ် Horus ကိုပါ အစဖျောက်ချင်နေတဲ့ Dialogue: 0,0:00:54.00,0:00:59.32,Default,,0000,0000,0000,,အစ်ကိုတော် Set နတ်ဘုရားရဲ့ \Nလက်ထဲကနေ ရှောင်တိမ်း ပြေးအောင်း နေရတာပါ။ Dialogue: 0,0:00:59.32,0:01:03.35,Default,,0000,0000,0000,,Set ဟာလည်း စွမ်းအားကြီးမားတဲ့ နတ်ဘုရား\Nတစ်ပါးဖြစ်ပြီး သူတို့ကို လိုက်ရှာနေခဲ့တယ်။ Dialogue: 0,0:01:03.35,0:01:06.70,Default,,0000,0000,0000,,Isis ဟာ အယောင်ဖျောက်ဖို့အတွက်\Nသူ့ရဲ့အစွမ်းတွေကို အသုံးမချနိုင်ဘဲ Dialogue: 0,0:01:06.70,0:01:08.99,Default,,0000,0000,0000,,သိုသိုသိပ်သိပ် နေခဲ့ရပါတယ်။ Dialogue: 0,0:01:08.99,0:01:11.46,Default,,0000,0000,0000,,ဒါပေမဲ့ သူဟာ အကူအညီ\Nကင်းမဲ့နေခဲ့တာတော့ မဟုတ်ပါဘူး။ Dialogue: 0,0:01:11.46,0:01:14.09,Default,,0000,0000,0000,,အဆိပ်ပြင်း သတ္တဝါကြီးတွေရဲ့‌ \Nနတ်ဘုရားမဖြစ်တဲ့ Serket ဟာ Dialogue: 0,0:01:14.09,0:01:19.92,Default,,0000,0000,0000,,Isis နဲ့ ကလေးငယ်ကို စောင့်ရှောက်ဖို့ ကြမ်း\Nကြုတ်တဲ့ အစေခံ ၇ ယောက်ကို စေလွှတ်ခဲ့ပါတယ်။ Dialogue: 0,0:01:19.92,0:01:23.62,Default,,0000,0000,0000,,Isis နဲ့ Horus ဟာ သူတို့အတွက် နေရာ\Nထိုင်ခင်းကို ဝင်နေရာ ယူလိုက်တဲ့အခါမှာ၊ Dialogue: 0,0:01:23.62,0:01:28.69,Default,,0000,0000,0000,,ကြီးမတ်တဲ့ သူတို့သခင်မအား သူဠေးမရဲ့ ဆက်ဆံ\Nပုံကို ကင်းမြီးကောက်တွေ အမျက်ထွက်ကြတယ်။ Dialogue: 0,0:01:28.69,0:01:33.62,Default,,0000,0000,0000,,သူတို့အားလုံး သူတို့ရဲ့အဆိပ်တွေ စုစည်းပြီး\N၇ ကောင်ထဲက Tefen ကို ပေးလိုက်ကြတယ်။ Dialogue: 0,0:01:33.62,0:01:37.62,Default,,0000,0000,0000,,ညအမှောင်လွှမ်းချိန်မှာ Tefen ဟာ\Nအိမ်ကြီးဆီကို တွားရင်း ထွက်လာခဲ့တယ်။ Dialogue: 0,0:01:37.62,0:01:39.46,Default,,0000,0000,0000,,သူဟာ တံခါးအောက်ကနေ လျှိုဝင်သွားပြီး၊ Dialogue: 0,0:01:39.46,0:01:42.34,Default,,0000,0000,0000,,အိမ်ပိုင်ရှင်ရဲ့ အိပ်မောကျနေတဲ့\Nကလေးငယ်ကို တွေ့မိတာနဲ့၊ Dialogue: 0,0:01:42.34,0:01:45.14,Default,,0000,0000,0000,,အားပြင်းတဲ့ အဆိပ်တွေနဲ့ တုပ်လိုက်တာ့တယ်။ Dialogue: 0,0:01:45.14,0:01:49.31,Default,,0000,0000,0000,,Isis နဲ့ သူ့အိမ်ရှင်တို့ဟာ ကျယ်လောင်တဲ့\Nငိုကြွေးသံကြောင့် အလန့်တကြားနိုးလာကြတယ်။ Dialogue: 0,0:01:49.31,0:01:51.75,Default,,0000,0000,0000,,သူတို့ဟာ အိမ်တံခါးပေါက်ကနေ\Nထွက်ကြည့်လိုက်ကြတော့၊ Dialogue: 0,0:01:51.75,0:01:54.39,Default,,0000,0000,0000,,လမ်းပေါ်မှာ‌ ဆောက်တည်ရာမရ ပြေးလွှားရင်း Dialogue: 0,0:01:54.39,0:01:56.86,Default,,0000,0000,0000,,သားငယ်ကို ပွေ့ဖက်ငိုနေတဲ့\Nမိခင်ကို တွေ့လိုက်ကြတယ်။ Dialogue: 0,0:01:56.86,0:02:00.08,Default,,0000,0000,0000,,Isis ဟာ သူ့ကို မောင်းထုတ်လိုက်တဲ့\Nမိန်းမကြီးကို သိလိုက်လို့၊ Dialogue: 0,0:02:00.08,0:02:02.96,Default,,0000,0000,0000,,သူ့ကင်းမြီးကောက်တွေရဲ့ လက်ချက်ပဲလို့\Nရိပ်စားမိလိုက်ပါတယ်။ Dialogue: 0,0:02:02.96,0:02:08.66,Default,,0000,0000,0000,,Isis ဟာ ကောင်လေးကို ပွေ့ချီယူလိုက်ပြီး\Nအစွမ်းထက်တဲ့ ဂါထာတစ်ပုဒ်ကို စရွတ်တော့တယ်။ Dialogue: 0,0:02:08.66,0:02:13.41,Default,,0000,0000,0000,,အို Tefen ရဲ့ အဆိပ်တို့၊ ကိုယ်ထဲမှ\Nထွက်လျက် မြေသို့ ခညောင်းလော့။ Dialogue: 0,0:02:13.41,0:02:18.32,Default,,0000,0000,0000,,Tefen ရဲ့ အဆိပ်တွေ ရပ်တန့်သွားပြီး\Nရှေ့ဆက် မဝင်ဘဲ သူ့ကိုယ်ထဲမှ ထွက်လာကြ၊ Dialogue: 0,0:02:18.32,0:02:20.78,Default,,0000,0000,0000,,မြေသို့ ခညောင်းကြလော့၊ Dialogue: 0,0:02:20.78,0:02:25.62,Default,,0000,0000,0000,,ကြီးမြတ်တဲ့ နတ်ဘုရားမဖြစ်သူ၊\Nကျွန်မ Isis ရဲ့ ဂါထာမန္တန်နှင့်အညီ၊ Dialogue: 0,0:02:25.62,0:02:30.90,Default,,0000,0000,0000,,မြေသို့ခညောင်းလော့၊ အို Mestet ရဲ့ အဆိပ်\Nအလျင်အမြန်ထွက်လော့ Mestetef ရဲ့ အဆိပ်၊ Dialogue: 0,0:02:30.90,0:02:38.71,Default,,0000,0000,0000,,Petet နဲ့ Thetet ရဲ့ အဆိပ်တွေ ဆက်မတက်ကြဘဲ\NMatet ရဲ့ အဆိပ် ပျက်ပယ်စေသား။ Dialogue: 0,0:02:38.71,0:02:44.97,Default,,0000,0000,0000,,သူ ရွတ်လိုက်တဲ့ နာမည်အလိုက် ကင်းမြီးကောက်\Nအဆိပ်တွေ ပျက်ပြယ်သွားပါတော့တယ်။ Dialogue: 0,0:02:44.97,0:02:48.36,Default,,0000,0000,0000,,ကလေးငယ်လည်း သက်သာသွားပြီး\Nသူ့မိခင်ဟာ ငိုကြွေးရင်း ကျေးဇူးတင်ပြီး Dialogue: 0,0:02:48.36,0:02:51.37,Default,,0000,0000,0000,,အစောပိုင်းက သူ့စာနာစိတ် ကင်းမဲ့ခဲ့တာကို\Nယူကျုံးမရ ဖြစ်ခဲ့လို့၊ Dialogue: 0,0:02:51.37,0:02:55.63,Default,,0000,0000,0000,,နောင်တရတဲ့ အနေနဲ့ သူ့ရဲ့ စည်းစိမ်\Nဥစ္စာတွေအားလုံးကို Isis အား ဆက်သခဲ့တယ်။ Dialogue: 0,0:02:55.63,0:02:59.14,Default,,0000,0000,0000,,Isis ကို ကူညီခဲ့တဲ့ အိမ်ရှင်မကြီးကတော့\Nအံ့ဩမှင်သက်စွာနဲ့ ကြည့်ရှုရင်း Dialogue: 0,0:02:59.14,0:03:02.45,Default,,0000,0000,0000,,သူက ခေါ်ယူစောင့်ရှောက်ခဲ့သူရဲ့ သရုပ်\Nအမှန်ကို မယုံနိုင်အောင်ဖြစ်မိတယ်။ Dialogue: 0,0:03:02.45,0:03:04.57,Default,,0000,0000,0000,,အဲဒီကနေ စပြီးတော့၊ Dialogue: 0,0:03:04.57,0:03:08.10,Default,,0000,0000,0000,,လူတွေဟာ ကင်းမြီးကောက်အကိုက်ခံရတဲ့\Nဒဏ်ရာတွေကို ဆေးဖက်ဝင် ရွှံ့စေးနဲ့ Dialogue: 0,0:03:08.10,0:03:12.11,Default,,0000,0000,0000,,နတ်ဘုရားမ ရွတ်ဖတ်ခဲ့တဲ့ ဂါထာမန္တန်ကို ရွတ်\Nဖတ်ရင်း ကုသတဲ့နည်းကို ကျင့်သုံးလာခဲ့ကြတယ်။