တရားရှုမှတ်မှုက ဦးနှောက်များကို ပုံသွင်းပေးနိုင်ပုံ။ Sara Lazar | TEDxCambridge
-
0:12 - 0:13မင်္ဂလာ မနက်ခင်းပါ။
-
0:13 - 0:16ဘွဲ့လွန်သင်တန်းမှာတုန်းက ကျွန်မဟာ
အပြေးသမားဖြစ်ပြီး -
0:16 - 0:18သူငယ်ချင်းနဲ့ကျွန်မ Boston Marathon
ပြေးဖို့ ဆုံးဖြတ်ခဲ့တယ်။ -
0:19 - 0:21ဒါနဲ့ လေ့ကျင်းရင်း၊ လေ့ကျင့်လွန်သွားပြီး
-
0:21 - 0:23ကျွန်မ ဒူးနဲ့ ကျောမှာ ရောဂါတွေပေါ်ခဲ့တယ်။
-
0:23 - 0:25ဒါနဲ့ ခန္ဓာဆိုင်ရာ အထူးကုကို သွားပြတော့
-
0:25 - 0:27ကျွန်မ ပြေးတာရပ်ဖို့လို့ပြီး ဒီအစား
-
0:27 - 0:28အကျောဆန့်သင့်တယ်လို့
ကျွန်မကို ပြောတယ်။ -
0:28 - 0:32ခန္ဓာဆိုင်ရာ အထူးကုဆေးခန်းကအထွက်မှာ
-
0:32 - 0:35ပျော့ပြောင်းမှုသာမကပဲ ခွန်အားနဲ့
-
0:35 - 0:38နှလုံး၊ အဆုပ် ကျန်းမာမှုကိုပါ
တိုးတက်စေမယ်လို့ -
0:38 - 0:42ကတိပေးထားတဲ့ ပြင်းထန်တဲ့ ယောဂ
သင်တန်းကြော်ငြာကို တွေ့မိတယ်၊ -
0:42 - 0:44
ဒီတော့ တွေးမိတာ အိုး၊ အကြောဆန့်နိုင်ပြီး -
0:44 - 0:47ကိုယ်ခန္ဓာအချိုးကျဖို့ နည်းကောင်းတစ်ခုပဲ၊
-
0:47 - 0:50Boston Marathon တောင်
ဝင်ပြေးနိုင်သေးတယ်ပေါ့။ -
0:50 - 0:54ဒါနဲ့ ယောဂအတန်းကိုသွားတော့
အရမ်းကြိုက်သွားတယ်၊ -
0:54 - 0:58ဆရာမက တောင်းဆိုတာမျိုးစုံ ကလွဲရင်ပေါ့လေ။
-
0:58 - 1:01သိတဲ့အတိုင်း၊ ဆေးဘက်ဆိုင်ရာတောင်းဆိုချက်
အစုံလေ၊ ဟုတ်ကယ် သင့်ကို ကူညီမယ့် -
1:01 - 1:03တောင်းဆိုချက်တွေရောလေ၊
-
1:03 - 1:06သင့်ရဲ့ စာနာမှုတိုးလာမယ်၊
စိတ်နှလုံးပွင့်လာမယ်ဆိုတာမျိုးပေါ့ -
1:06 - 1:09ကျွန်မလုံး အပြူးသားဖြစ်တာ မှတ်မိသေးတယ်၊
-
1:09 - 1:12ဟုတ်ကဲ့၊ ဒီကို အကြောဆန့်ဖို့
ရောက်လာတာ ထင်ပါတယ်၊ -
1:12 - 1:14(ရယ်သံများ)
-
1:15 - 1:17ဒါပေမဲ့ စိတ်ဝင်စားစရာက
တစ်ပတ်နှစ်ပတ်မှာ -
1:17 - 1:18ဒီအပြောင်းအလဲတွေကို စသတိထားမိတယ်။
-
1:18 - 1:22ကျွန်မဟာ ပိုတည်ငြိမ်လာပြီး
ခက်ခဲတဲ့အခြေအနေတွေကို -
1:22 - 1:26ပိုကောင်းစွာကိုင်တွယ်လာနိုင်တာ စသတိထား
မိတယ်၊ ပိုပြီးစာနာစိတ်ထားနိုင်လာပြီး -
1:27 - 1:28သူတစ်ပါးကို စိတ်နှလုံးပွင့်လာတယ်၊
-
1:28 - 1:31သူတစ်ပါးရဲ့ အမြင်ကနေ ပိုကောင်းစွာ
မြင်နိုင်လာခဲ့တယ် -
1:31 - 1:34သိတဲ့အတိုင်း ကျွန်မက ဘယ်လိုဖြစ်မလဲ၊
-
1:34 - 1:36ဘယ်လိုဖြစ်နိုင်လဲဆိုတော့
-
1:36 - 1:40တွေးတာက အင်း၊ ဖြစ်နိုင်တာက၊ သိတဲ့အတိုင်း
ဒါက ချွေးသိပ်တဲ့ တုံ့ပြန်မှုလေလားပေါ့။ -
1:40 - 1:42သူမက ကျွန်မ ဒါကို ခံစားရမယ်၊
ဒါကြောင့် ဒီလိုခံစားနေတာ၊ -
1:42 - 1:46ဒါနဲ့ ဒီအကြောင်း သုတေသနရှိ၊ မရှိသိဖို့
စာပေ ရှာဖွေမှုလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ -
1:46 - 1:49ဟိုမှာ သည်မှာ ယောဂနဲ့
တရာရှုမှတ်ခြင်းတွေဟာ -
1:49 - 1:55စိတ်ဖိစီးမှု လျော့စေဖို့ အင်မတန် ထိရောက်
ပြီး စိတ်ကျတာ၊ ပူပန်မှုနဲ့ အိပ်မပျော်တာတွေ -
1:55 - 1:59အပါအဝင် ရောဂါပေါင်းများစွာနဲ့ ဆက်စပ်နေတဲ့
အရိပ်လက္ခဏာတွေကို -
1:59 - 2:02လျော့ပါးဖို့အတွက်လည်း ကောင်းတယ်လို့
ပြထားတာ အနည်းငယ်ရှိပါတယ်။ -
2:02 - 2:07အာရုံစိုက်နိုင်စွမ်းကို တကယ်ပဲ
တိုးတက်နိုင်စေတယ်လို့ သရုပ်ပြတဲ့ -
2:07 - 2:11အတော်ကောင်းတဲ့ လေ့လာမှုတစ်ခုနှစ်ခုရှိတယ်၊
စိတ်ဝင်စားစရာ အကောင်းဆုံးက -
2:11 - 2:14လေ့လာမှုတိုင်းနီးပါးက လူတိုင်း
ပိုပျော်တာကို ပြတာလို့ထင်တယ် -
2:14 - 2:17ဘဝကို ပိုကျေနပ်ကြပြီး ပိုမြင့်မားတဲ့
ဘဝ အရည်အသွေးရှိတယ်လို့ အစီရင်ခံကြတယ်။ -
2:17 - 2:20ဒါနဲ့ ကျွန်မ စိတ်ဝင်စားသွားတယ်၊
-
2:20 - 2:25ဒီလိုနဲ့ ပြောင်းလဲကာ ဒီလိုမျို သုတေသန
ပြုဖို့ ဆုံးဖြတ်ချက်ချလိုက်တယ်။ -
2:25 - 2:28အာရုံကြောသိပ္ပံပညာရှင်ဆိုတော့
ဒါက ဘယ်လိုဖြစ်နေနိုင်တာလဲ၊ -
2:28 - 2:32ယောဂ ကိုယ်ဟန်လို၊ အသက်ရှုတာကို
ထိုင်ပြီး စောင့်ကြည့်တာလို -
2:32 - 2:33ပေါက်ကရတစ်ခု ဘာဖြစ်နိုင်မှာလဲ။
-
2:33 - 2:37ဒါက ဒီမတူညီပြောင်းလဲမှုမျိုးစုံကို
ဘယ်လိုဖြစ်နိုင်တာလဲ။ -
2:37 - 2:42ဒီတော့ သိကြတာကအပြုအမူတစ်ခုကို
ထပ်ကာထပ်ကာ လုပ်တဲ့အခါတိုင်း -
2:42 - 2:45ဒါက ဦးနှောက်မှာ အပြောင်းအလဲတွေဖြစ်စေတာပါ။
-
2:45 - 2:47ဒါကို အာရုံကြောပျော့ပြောင်းမှုလို့
ရည်ညွှန်းတယ်။ -
2:47 - 2:51ဆိုလိုတာက သင့်ဦးနှောက်ဟာ ပုံသွန်းနိုင်ပြီး
-
2:51 - 2:55နူရွန်းတွေဟာ အတွေ့အကြုံနဲ့အတူ
အချင်းချင်း ပြောပုံကို ပြောင်းလဲနိုင်တာပါ။ -
2:55 - 3:00ဒီတော့ MRI လိုစက်ကို သုံးပြီး
ဒါကို ရှာနိုင်တယ်လို့ -
3:00 - 3:03သရုပ်ပြတဲ့ လေ့လာမှု တစ်ခုနှစ်ခုရှိပါတယ်။
-
3:03 - 3:05ပထမလေ့လာမှုက ရွဲကစားခြင်းနဲ့ပါ။
-
3:05 - 3:07တစ်ခါမှ ရွဲမကစားဖူးတဲ့ သူတွေကိုခေါ်ပြီး
-
3:07 - 3:09သူတို့ကို စကင်ရိုက်ပြီး ရွဲကစားတာကို
သင်ပေးလိုက်တယ်၊ -
3:09 - 3:12"သုံးလ ဆက်တိုက်ကစားကြပါ"လို့ပြောတယ်။
-
3:12 - 3:15သုံးလပြည့်ပြီး သူတို့ကို ပြန်ခေါ်လာက
ဒုတိယအကြိမ် စကင်ရိုက်တော့ -
3:15 - 3:18ဒီလူတွေရဲ့ ဦးနှောက်ထဲက အမြင်ပိုင်း
လှုပ်ရှားမှု ရှာဖွေဖို့ -
3:18 - 3:20အရေးပါတဲ့ ဧရီယာတွေ၊ မီးခိုးရောင်ဒြပ်
ပမာဏ ပြောင်းလဲတာတွေ -
3:20 - 3:23MRI စက်နဲ့
တကယ် ရှာတွေ့နိုင်တာကို တွေ့ရှိရတယ်။ -
3:23 - 3:28ဒီတော့ တွေးမိတာက အိုကေ၊ သုံးလ၊ သိတယ်နော်
-
3:28 - 3:33တရားရှုမှတ်မှုက ဦးနှောက်
တည်ဆောက်မှုကိုပါ ပြောင်းလဲနိုင်လား။ -
3:33 - 3:36ရွဲကစားတာလို ရိုးစင်းတဲ့ တစ်ခုခုကလေ၊
-
3:36 - 3:37တရားရှုမှတ်မှုဆိုရင်ရော။
-
3:37 - 3:39ဒါနဲ့ ကျွန်မတို့လုပ်တဲ့ ပထမလေ့လာမှုက
-
3:39 - 3:42Boston ဧရိယာက လူတစ်စုကို စုလိုက်တယ်၊
-
3:42 - 3:44ဒီလူတွေဟာ ဘုန်းကြီးတွေ၊
တရားပြဆရာတွေမဟုတ်ဘူး။ -
3:44 - 3:46တစ်နေ့ကို ပျမ်းမျှ မိနစ် ၃၀-၄၀ လောက်ပဲ
-
3:46 - 3:48တရားရှုမှတ်တဲ့ သာမန်လူတွေပါ။
-
3:48 - 3:50သူတို့ကို စကင်နာထဲထည့်လိုက်ပြီး
-
3:50 - 3:52လူဦးရေစာရင်းအရ ကိုက်တဲ့ လူစုနဲ့
နှိုင်းယှဉ်တယ် -
3:52 - 3:54တရားမမှတ်သူတွေပေါ့။
-
3:54 - 3:56တွေ့ရှိရတာက ဒါပါ၊
-
3:56 - 3:58ထိန်းချုပ်သူတွေနဲ့ယှဉ်ရင်
တရားမှတ်သူတွေမှာ -
3:58 - 4:02မီးခိုးရောင်ဒြပ် ပိုများတဲ့
ဦးနှောက်ထဲက နေရာများစွာ တကယ်ရှိတာပါ။ -
4:02 - 4:05ကျွန်မ ထောက်ပြမယ့် နေရာတစ်ခုက
-
4:05 - 4:07ဒီ ဦးနှောက်ရှေ့ပိုင်းမှာပါ၊
ဒါက အလုပ်နဲ့ဆိုင်တဲ့ -
4:07 - 4:09မှတ်ဉာဏ်နဲ့ ဆုံးဖြတ်ရာမှာ
အရေးပါတဲ့ နေရာဖြစ်ကာ -
4:09 - 4:11စိတ်ဝင်စားစရာကောင်းတာက
-
4:11 - 4:14အသက်အရွယ်တွေနဲ့ယှဉ်ပြီး ဒေတာတွေကို
ရေးမှတ်တဲ့အခါမှာပါ -
4:14 - 4:18ဒီတော့ အနီရောင်အကွက်ထဲမှာ
ဒါက ထိန်းချုပ်တာပါ။ -
4:18 - 4:20ဒါက သင်တကယ် မြင်ရတာပါ၊
-
4:20 - 4:22အသေအချာ မှတ်တမ်းပြုထားတာက အသက်ကြီးလာတဲ့အခါ
-
4:22 - 4:24ဒီမှာတင် မဟုတ်ပဲ ဦးနှောက်အပြင်လွှာ
တစ်လျှောက်မှာရော -
4:24 - 4:26အိုမင်းလာတာနဲ့ ကျုံ့သွားတယ်။
-
4:26 - 4:28ဒါက အိုမင်းလာတဲ့ အကြောင်းရဲ့ အပိုင်းပါ။
-
4:28 - 4:35အကြောင်းအရာတွေကို မှန်းဆဖို့နဲ့
မှတ်မိဖို့ ပိုခက်ခဲတာပါ။ -
4:35 - 4:37ဒီတစ်နေရာထဲမှာ စိတ်ဝင်စားစရာကောင်းတာက
-
4:37 - 4:42အသက် ၅၀ အရွယ် တရားရှုမှတ်သူမှာ ၂၅ နှစ်
လို ဦးနှောက်အပြင်လွှာရဲ့ ပမာဏရှိခဲ့တာပါ၊ -
4:42 - 4:46ညွှန်ပြတာက တရားရှုမှတ်မှု အကျင့်ဟာ
အပြင်လွှာ တည်ဆောက်မှုအတွင်းက -
4:46 - 4:51သဘာဝ အိုမင်းမှုနဲ့ ဆက်နွယ်တဲ့ ကျဆင်းမှုကို
တကယ် နှေးစေတာ (သို့) တားဆီးပေးတယ်ဆိုတာပါ။ -
4:51 - 4:53ဒီတော့ ဝေဖန်သူတွေ၊ များစွာသော
ဝေဖန်သူတွေ ပြောတာက -
4:53 - 4:57တရားရှုမှတ်သူတွေဟာ
ကြောင်တယ်တဲ့။ -
4:57 - 5:00ဖြစ်နိုင်တာက သူတို့ စတင် မလေ့ကျင့်ခဲ့ခင်က
လို နေမှာပေါ့နော်။ -
5:00 - 5:03အတော်များများက သတ်သက်လွတ်သမား
တွေဆိုတော့ သူတို့အစားအသောက် -
5:03 - 5:05ဘဝဟန်နဲ့ဆိုင်တဲ့ ဒိပြင်ဟာဖြစ်နိုင်တယ်။
-
5:05 - 5:07တရားရှုမှတ်တာ မဖြစ်နိုင်ရင်
အခြားတစ်ခုခုလား။ -
5:07 - 5:12မျှမျှတတဆို ဒါဟာ မှန်နိုင်ပါတယ်။
-
5:12 - 5:14ပထမလေ့လာမှုက ဒါကို မကိုင်တွယ်ဘူး။
-
5:14 - 5:17ဒါနဲ့ ဒုတိယ လေ့လာမှုလုပ်ခဲ့တယ်။
-
5:18 - 5:21လုပ်ခဲ့တာက အရင်တရားမမှတ်ဖူးသူ
တွေကိုခေါ်၊ စကင်နာထဲထည့် -
5:21 - 5:25နောက် သီတင်း ရှစ်ပတ်
တရားရှုမှတ်မှု အခြေခံတဲ့ -
5:25 - 5:28စိတ်ဖိစီးမှု လျှောချခြင်း အစီအစဉ်ထဲ
ပို့လိုက်တယ်၊ -
5:28 - 5:31အဲဒီမှာ သူတို့ကို တစ်ရက် မိနစ် ၃၀ ကနေ
၄၀ ကြာ တရားမှတ်ခိုင်းတယ်။ -
5:31 - 5:33နောက် သီတင်း ရှစ်ပတ်အဆုံးမှာ
သူတို့ကို စကင်ထပ်ရိုက်တော့ -
5:33 - 5:35တွေ့ရှိရတာက ဒါပါ။
-
5:35 - 5:40ဒီတော့ မြင်တွေ့ရတာက ဧရိယာအတော်
များများ ပိုကြီးလာတာပါ။ -
5:40 - 5:42ဒီဆလိုက်မှာ hippocampus ကိုတွေ့ရပြီး
-
5:42 - 5:47ဂရပ်မှာတော့ ထိန်းချုပ်ထားသူတွေဟာ
အပြာရောင်၊ -
5:47 - 5:50တရားရှုမှတ်သူတွေက အနီရောင်ဖြစ်ပြီး
မြင်တွေ့ရတာက hippocampus ပါ -
5:50 - 5:53ဒါ သင်ကြာရေးနဲ့ မှတ်ဉာဏ်အတွက်
အရေးပါတဲ့ ဧရိယာပါ၊ -
5:53 - 5:58စိတ်ခံစားမှု ထိန်းညှိရေးအတွက်လည်း
အရေးပါပြီး စိတ်ဝင်စားစရာက စိတ်ကျပြီး -
5:58 - 6:01PTSD ရှိတဲ့ လူတွေရဲ ဒီနေရာက
မီးခိုးရောင်ဒြပ် ပိုနည်းတယ် -
6:01 - 6:05ကျွန်မတို့တွေ့ရှိတဲ့ အခြားနေရာတစ်ခုက
နားရဲ့ အထက်မှာရှိတဲ့ -
6:05 - 6:07temporo-parietal junction ပါ။
-
6:07 - 6:11ဒါက အမြင် လက်ခံခြင်းနဲ့ မျှဝေခံစားမှု၊
စာနာမှုအတွက် အရေးပါပါတယ်။ -
6:11 - 6:14ထပ်ပြီးတော့ လူတွေ တရားရှုမှတ်မှုနဲ့ ယောဂ
စလေ့ကျင့်တဲ့အခါ ပြောင်းလဲခြင်းကို -
6:14 - 6:18တင်ပြတဲ့ လုပ်ဆောင်မှုနှစ်ခုလုံးပါ။
-
6:18 - 6:21ကျွန်မတို့ရှာတွေ့တဲ့ နောက်ထပ်
နေရာတစ်ခုက amygdala ပါ။ -
6:21 - 6:23amygdala က ဦးနှောက်ရဲ့ တိုက်
မတိုက်ရင်ပြေးအပိုင်းပါ -
6:23 - 6:26ဟောဒီမှာ မီခိုးရောင်ဒြပ်မှာ လျော့ကျမှု
တစ်ခု တကယ်တွေ့ပါတယ်။ု -
6:26 - 6:29စိတ်ဝင်စားစရာက မီးခိုးရောင်
ဒြပ်ထဲက ပြောင်းလဲမှုဟာ -
6:29 - 6:30စိတ်ဖိစီးက ပြောင်းလဲမှုနဲ့
အညမညဖြစ်တာ။ -
6:30 - 6:33လူတွေတင်ပြတဲ့ စိတ်ဖိစီးလျော့တာ
ပိုများလေ -
6:33 - 6:36amygdala က ပိုသေးလာလေပါ။
-
6:36 - 6:41ဒါက တကယ်ကို စိတ်ဝင်စားစရာကောင်းတာက
တိရိစ္ဆာန်တွေ လေ့လာမှုတွေမှာ ပြတာတွေနဲ့ -
6:41 - 6:43ဆန်ကျင်ပြီး အပြိုင်ဖြစ်ေနတာမျိုးပါ။
-
6:43 - 6:46ဒါနဲ့ ကိုက်ဖြတ်တဲ့ သတ္တဝါတွေကိုသုံးတဲ့
လုပ်ဖော်တွေက -
6:46 - 6:50ပျော်ရွှင်တဲ့အကောင်တွေ၊
ပုံမှန်အကောင်တွေကိုယူပြီး -
6:50 - 6:52လှောင်အိမ်ထဲထည့်၊
၎င်းတို့ amygdala ကိုတိုင်းတာ -
6:52 - 6:55နောက် ၁၀ ရက် စိတ်ဖိစီးမှု
စနစ်မှာထားလိုက်တယ်။ -
6:55 - 6:58၁၀ ရက်အဆုံးမှာ ၎င်းတို့ရဲ့
amygdala ကိုတိုင်းတော့ -
6:58 - 7:02ကြွက် ဦးနှောက်ကြီးထွားတဲ့အပိုင်းနဲ့
လုံးဝထပ်တူပါ။ -
7:02 - 7:06ကျွန်မတို့က စိတ်ဖိစီးမှုနဲ့ လျော့တာတွေ့ကာ
သူတို့က စိတ်ဖိစီမှုနဲ့ တိုးတာကိုတွေ့တယ်။ -
7:06 - 7:10စိတ်ဝင်စားစရာက အဲဒီတုန်းက သူတို့ဟာ
တိရိစ္ဆာန်ချည်းထားခဲ့ပြီး -
7:10 - 7:13သုံးပတ်အကြာမှာ ပြန်သွားပြီး
ထပ်မံ စမ်းသပ်ခဲ့တယ်။ -
7:13 - 7:16သုံးပတ်အကြာမှာ ဒီအလားတူ amygdala
အပိုင်းဟာ ကြီးမားနေတုန်းပဲ။ -
7:16 - 7:19တိရိစ္ဆာန်တွေဟာ ၎င်းတို့ရဲ့
မူလလှောင်အိမ်တွေထဲမှာတောင် -
7:19 - 7:22ပျော်ကြတယ်၊ စိတ်ဖိစီးနေတုန်းပါ။
-
7:22 - 7:25ဒီတော့ သိတဲ့အတိုင်း သူတို့ဟာ
ထောင့်မှာ အမြီးကုပ်နေပြီး -
7:25 - 7:28အရင်က မစူစမ်းဖူးတဲ့နေရာကို မစူစမ်းနေကြဘူး။
-
7:28 - 7:33ဒီတော့ ဒါက လူသားတွေမှာတွေ့ရတာနဲ့
လုံးဝဆန့်ကျင်ဘက်ပါ၊ -
7:33 - 7:36အကြောင်းက လူတွေနဲ့က သူတို့ဝန်းကျင်
လိုက်ပြီး ဘာမှမပြောင်းလဲဘူး။ -
7:36 - 7:38စိတ်ဖိစီးတဲ့အလုပ်တွေ ရှိတုန်းပဲ၊
-
7:38 - 7:40ခက်ခဲတဲ့ ပြဿနာတွေက ခက်ခဲနေတုန်း၊
-
7:40 - 7:42စီးပွားရေးက ဆိုးဝါးတုန်းပဲလေ၊
-
7:42 - 7:47ဒါပေမဲ့ သူတို့ရဲ့ amygdala ပိုသေးလာလေ၊
စိတ်ဖိစီးမှုလျော့လေလို့ တင်ပြနေတယ်။ -
7:47 - 7:50ဒီတော့ ဒါတွေ စုပြီးပြတာက
amygdala ထဲက အပြောင်းအလဲဟာ -
7:50 - 7:54ပတ်ဝန်းကျင် အပြောင်းလဲကို မတုံ့ပြန်ပဲ
လူတွေရဲ့ သူတို့ပတ်ဝန်းကျင်ကို တုံ့ပြန်မှု -
7:54 - 8:00(သို့) ဆက်စပ်မှု အပြောင်းအလဲကို
ကိုယ်စားပြုနေပါတယ်။ -
8:02 - 8:05ဒီနောက် ဒီလေ့လာမှုကပြတဲ့ အြခားတစ်ခုက
-
8:06 - 8:10လူတွေပြောနေကြတဲ့ "အိုး၊ နေလိုကောင်းလာတယ်"
(သို့ ) ဒါဟာ ချွေးသိပ်တဲ့ တုံ့ပြန်မှု -
8:10 - 8:14(သို့) ငါတို့ကို စိတ်ကျေနပ်အောင်
လုပ်နေတာဆိုရုံပဲ မဟုတ်ဘူး၊ -
8:14 - 8:17သူတို့ စိတ်ဖိစီးမှု လျော့တယ်လို့ ခံစားရ
တယ်လို့ ပြောနေတာဟာ တကယ်က -
8:17 - 8:19အာရုံကြောဆိုင်ရာ
အကြောင်းအချက်ကြောင့်ပါ။ -
8:19 - 8:22ဒီနေ့ မျှဝေချင်တဲ့ စိတ်ကူးက
တရားမှတ်တာက ဦးနှောက်ကို -
8:22 - 8:23ပြောင်းလဲနိုင်တာပါ။
-
8:23 - 8:25ကျေးဇူးတင်ပါတယ်။
-
8:25 - 8:26(လက်ခုပ်သံများ)
- Title:
- တရားရှုမှတ်မှုက ဦးနှောက်များကို ပုံသွင်းပေးနိုင်ပုံ။ Sara Lazar | TEDxCambridge
- Description:
-
ဒီဟောပြောချက်ဟာ TED ညီလာခံ ပုံစံ အသုံးပြုထားပေမဲ့ ဒေသတွင်း လူတစ်စုက သီးသန့်ကျင်းပတဲ့ TEDx ပွဲတစ်ခုမှာ ဟောပြောခဲ့တာပါ။ http://ted.com/tedx တွင် ပိုလေ့လာပါ။
အာရုံကြောဆိုင်ရာ သိပ္ပံပညာရှင် Sara Lazar ရဲ့ အံဩဖွယ် ဦးနှောက် ဓါတ်မှန်များက တရားရှုမှတ်ခြင်းဟာ တကယ်ပဲ ကျွန်ုပ်တို့ရဲ့ အဓိက နေရာများရဲ့ အရွယ်အစားကို ပြောင်းလဲစေနိုင်တယ်ဆိုတာကို ပြသလိုက်ပါတယ်။ ကျွန်ုပ်တို့ရဲ့ မှတ်ဉာဏ်ကို တိုးပွားစေပြီး ကျွန်ုပ်တို့ကို ပိုမို မျှဝေခံစား၊ စာနာတတ်ပြီး စိတ်ဖိအားအောက်မှာ ဒူပေနာပေခံနိုင်အောင် ပြုလုပ်ပေးလိုက်ခြင်းပါ။ - Video Language:
- English
- Team:
closed TED
- Project:
- TEDxTalks
- Duration:
- 08:34
![]() |
sann tint approved Burmese subtitles for How meditation can reshape our brains - Sara Lazar at TEDxCambridge | |
![]() |
Myo Aung accepted Burmese subtitles for How meditation can reshape our brains - Sara Lazar at TEDxCambridge | |
![]() |
Myo Aung edited Burmese subtitles for How meditation can reshape our brains - Sara Lazar at TEDxCambridge | |
![]() |
sann tint edited Burmese subtitles for How meditation can reshape our brains - Sara Lazar at TEDxCambridge | |
![]() |
sann tint edited Burmese subtitles for How meditation can reshape our brains - Sara Lazar at TEDxCambridge | |
![]() |
sann tint edited Burmese subtitles for How meditation can reshape our brains - Sara Lazar at TEDxCambridge | |
![]() |
sann tint edited Burmese subtitles for How meditation can reshape our brains - Sara Lazar at TEDxCambridge | |
![]() |
sann tint edited Burmese subtitles for How meditation can reshape our brains - Sara Lazar at TEDxCambridge |