မင်္ဂလာ မနက်ခင်းပါ။ ဘွဲ့လွန်သင်တန်းမှာတုန်းက ကျွန်မဟာ အပြေးသမားဖြစ်ပြီး သူငယ်ချင်းနဲ့ကျွန်မ Boston Marathon ပြေးဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒါနဲ့ လေ့ကျင်းရင်း၊ လေ့ကျင့်လွန်သွားပြီး ကျွန်မ ဒူးနဲ့ ကျောမှာ ရောဂါတွေပေါ်ခဲ့တယ်။ ဒါနဲ့ ခန္ဓာဆိုင်ရာ အထူးကုကို သွားပြတော့ ကျွန်မ ပြေးတာရပ်ဖို့လို့ပြီး ဒီအစား အကျောဆန့်သင့်တယ်လို့ ကျွန်မကို ပြောတယ်။ ခန္ဓာဆိုင်ရာ အထူးကုဆေးခန်းကအထွက်မှာ ပျော့ပြောင်းမှုသာမကပဲ ခွန်အားနဲ့ နှလုံး၊ အဆုပ် ကျန်းမာမှုကိုပါ တိုးတက်စေမယ်လို့ ကတိပေးထားတဲ့ ပြင်းထန်တဲ့ ယောဂ သင်တန်းကြော်ငြာကို တွေ့မိတယ်၊ ဒီတော့ တွေးမိတာ အိုး၊ အကြောဆန့်နိုင်ပြီး ကိုယ်ခန္ဓာအချိုးကျဖို့ နည်းကောင်းတစ်ခုပဲ၊ Boston Marathon တောင် ဝင်ပြေးနိုင်သေးတယ်ပေါ့။ ဒါနဲ့ ယောဂအတန်းကိုသွားတော့ အရမ်းကြိုက်သွားတယ်၊ ဆရာမက တောင်းဆိုတာမျိုးစုံ ကလွဲရင်ပေါ့လေ။ သိတဲ့အတိုင်း၊ ဆေးဘက်ဆိုင်ရာတောင်းဆိုချက် အစုံလေ၊ ဟုတ်ကယ် သင့်ကို ကူညီမယ့် တောင်းဆိုချက်တွေရောလေ၊ သင့်ရဲ့ စာနာမှုတိုးလာမယ်၊ စိတ်နှလုံးပွင့်လာမယ်ဆိုတာမျိုးပေါ့ ကျွန်မလုံး အပြူးသားဖြစ်တာ မှတ်မိသေးတယ်၊ ဟုတ်ကဲ့၊ ဒီကို အကြောဆန့်ဖို့ ရောက်လာတာ ထင်ပါတယ်၊ (ရယ်သံများ) ဒါပေမဲ့ စိတ်ဝင်စားစရာက တစ်ပတ်နှစ်ပတ်မှာ ဒီအပြောင်းအလဲတွေကို စသတိထားမိတယ်။ ကျွန်မဟာ ပိုတည်ငြိမ်လာပြီး ခက်ခဲတဲ့အခြေအနေတွေကို ပိုကောင်းစွာကိုင်တွယ်လာနိုင်တာ စသတိထား မိတယ်၊ ပိုပြီးစာနာစိတ်ထားနိုင်လာပြီး သူတစ်ပါးကို စိတ်နှလုံးပွင့်လာတယ်၊ သူတစ်ပါးရဲ့ အမြင်ကနေ ပိုကောင်းစွာ မြင်နိုင်လာခဲ့တယ် သိတဲ့အတိုင်း ကျွန်မက ဘယ်လိုဖြစ်မလဲ၊ ဘယ်လိုဖြစ်နိုင်လဲဆိုတော့ တွေးတာက အင်း၊ ဖြစ်နိုင်တာက၊ သိတဲ့အတိုင်း ဒါက ချွေးသိပ်တဲ့ တုံ့ပြန်မှုလေလားပေါ့။ သူမက ကျွန်မ ဒါကို ခံစားရမယ်၊ ဒါကြောင့် ဒီလိုခံစားနေတာ၊ ဒါနဲ့ ဒီအကြောင်း သုတေသနရှိ၊ မရှိသိဖို့ စာပေ ရှာဖွေမှုလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဟိုမှာ သည်မှာ ယောဂနဲ့ တရာရှုမှတ်ခြင်းတွေဟာ စိတ်ဖိစီးမှု လျော့စေဖို့ အင်မတန် ထိရောက် ပြီး စိတ်ကျတာ၊ ပူပန်မှုနဲ့ အိပ်မပျော်တာတွေ အပါအဝင် ရောဂါပေါင်းများစွာနဲ့ ဆက်စပ်နေတဲ့ အရိပ်လက္ခဏာတွေကို လျော့ပါးဖို့အတွက်လည်း ကောင်းတယ်လို့ ပြထားတာ အနည်းငယ်ရှိပါတယ်။ အာရုံစိုက်နိုင်စွမ်းကို တကယ်ပဲ တိုးတက်နိုင်စေတယ်လို့ သရုပ်ပြတဲ့ အတော်ကောင်းတဲ့ လေ့လာမှုတစ်ခုနှစ်ခုရှိတယ်၊ စိတ်ဝင်စားစရာ အကောင်းဆုံးက လေ့လာမှုတိုင်းနီးပါးက လူတိုင်း ပိုပျော်တာကို ပြတာလို့ထင်တယ် ဘဝကို ပိုကျေနပ်ကြပြီး ပိုမြင့်မားတဲ့ ဘဝ အရည်အသွေးရှိတယ်လို့ အစီရင်ခံကြတယ်။ ဒါနဲ့ ကျွန်မ စိတ်ဝင်စားသွားတယ်၊ ဒီလိုနဲ့ ပြောင်းလဲကာ ဒီလိုမျို သုတေသန ပြုဖို့ ဆုံးဖြတ်ချက်ချလိုက်တယ်။ အာရုံကြောသိပ္ပံပညာရှင်ဆိုတော့ ဒါက ဘယ်လိုဖြစ်နေနိုင်တာလဲ၊ ယောဂ ကိုယ်ဟန်လို၊ အသက်ရှုတာကို ထိုင်ပြီး စောင့်ကြည့်တာလို ပေါက်ကရတစ်ခု ဘာဖြစ်နိုင်မှာလဲ။ ဒါက ဒီမတူညီပြောင်းလဲမှုမျိုးစုံကို ဘယ်လိုဖြစ်နိုင်တာလဲ။ ဒီတော့ သိကြတာကအပြုအမူတစ်ခုကို ထပ်ကာထပ်ကာ လုပ်တဲ့အခါတိုင်း ဒါက ဦးနှောက်မှာ အပြောင်းအလဲတွေဖြစ်စေတာပါ။ ဒါကို အာရုံကြောပျော့ပြောင်းမှုလို့ ရည်ညွှန်းတယ်။ ဆိုလိုတာက သင့်ဦးနှောက်ဟာ ပုံသွန်းနိုင်ပြီး နူရွန်းတွေဟာ အတွေ့အကြုံနဲ့အတူ အချင်းချင်း ပြောပုံကို ပြောင်းလဲနိုင်တာပါ။ ဒီတော့ MRI လိုစက်ကို သုံးပြီး ဒါကို ရှာနိုင်တယ်လို့ သရုပ်ပြတဲ့ လေ့လာမှု တစ်ခုနှစ်ခုရှိပါတယ်။ ပထမလေ့လာမှုက ရွဲကစားခြင်းနဲ့ပါ။ တစ်ခါမှ ရွဲမကစားဖူးတဲ့ သူတွေကိုခေါ်ပြီး သူတို့ကို စကင်ရိုက်ပြီး ရွဲကစားတာကို သင်ပေးလိုက်တယ်၊ "သုံးလ ဆက်တိုက်ကစားကြပါ"လို့ပြောတယ်။ သုံးလပြည့်ပြီး သူတို့ကို ပြန်ခေါ်လာက ဒုတိယအကြိမ် စကင်ရိုက်တော့ ဒီလူတွေရဲ့ ဦးနှောက်ထဲက အမြင်ပိုင်း လှုပ်ရှားမှု ရှာဖွေဖို့ အရေးပါတဲ့ ဧရီယာတွေ၊ မီးခိုးရောင်ဒြပ် ပမာဏ ပြောင်းလဲတာတွေ MRI စက်နဲ့ တကယ် ရှာတွေ့နိုင်တာကို တွေ့ရှိရတယ်။ ဒီတော့ တွေးမိတာက အိုကေ၊ သုံးလ၊ သိတယ်နော် တရားရှုမှတ်မှုက ဦးနှောက် တည်ဆောက်မှုကိုပါ ပြောင်းလဲနိုင်လား။ ရွဲကစားတာလို ရိုးစင်းတဲ့ တစ်ခုခုကလေ၊ တရားရှုမှတ်မှုဆိုရင်ရော။ ဒါနဲ့ ကျွန်မတို့လုပ်တဲ့ ပထမလေ့လာမှုက Boston ဧရိယာက လူတစ်စုကို စုလိုက်တယ်၊ ဒီလူတွေဟာ ဘုန်းကြီးတွေ၊ တရားပြဆရာတွေမဟုတ်ဘူး။ တစ်နေ့ကို ပျမ်းမျှ မိနစ် ၃၀-၄၀ လောက်ပဲ တရားရှုမှတ်တဲ့ သာမန်လူတွေပါ။ သူတို့ကို စကင်နာထဲထည့်လိုက်ပြီး လူဦးရေစာရင်းအရ ကိုက်တဲ့ လူစုနဲ့ နှိုင်းယှဉ်တယ် တရားမမှတ်သူတွေပေါ့။ တွေ့ရှိရတာက ဒါပါ၊ ထိန်းချုပ်သူတွေနဲ့ယှဉ်ရင် တရားမှတ်သူတွေမှာ မီးခိုးရောင်ဒြပ် ပိုများတဲ့ ဦးနှောက်ထဲက နေရာများစွာ တကယ်ရှိတာပါ။ ကျွန်မ ထောက်ပြမယ့် နေရာတစ်ခုက ဒီ ဦးနှောက်ရှေ့ပိုင်းမှာပါ၊ ဒါက အလုပ်နဲ့ဆိုင်တဲ့ မှတ်ဉာဏ်နဲ့ ဆုံးဖြတ်ရာမှာ အရေးပါတဲ့ နေရာဖြစ်ကာ စိတ်ဝင်စားစရာကောင်းတာက အသက်အရွယ်တွေနဲ့ယှဉ်ပြီး ဒေတာတွေကို ရေးမှတ်တဲ့အခါမှာပါ ဒီတော့ အနီရောင်အကွက်ထဲမှာ ဒါက ထိန်းချုပ်တာပါ။ ဒါက သင်တကယ် မြင်ရတာပါ၊ အသေအချာ မှတ်တမ်းပြုထားတာက အသက်ကြီးလာတဲ့အခါ ဒီမှာတင် မဟုတ်ပဲ ဦးနှောက်အပြင်လွှာ တစ်လျှောက်မှာရော အိုမင်းလာတာနဲ့ ကျုံ့သွားတယ်။ ဒါက အိုမင်းလာတဲ့ အကြောင်းရဲ့ အပိုင်းပါ။ အကြောင်းအရာတွေကို မှန်းဆဖို့နဲ့ မှတ်မိဖို့ ပိုခက်ခဲတာပါ။ ဒီတစ်နေရာထဲမှာ စိတ်ဝင်စားစရာကောင်းတာက အသက် ၅၀ အရွယ် တရားရှုမှတ်သူမှာ ၂၅ နှစ် လို ဦးနှောက်အပြင်လွှာရဲ့ ပမာဏရှိခဲ့တာပါ၊ ညွှန်ပြတာက တရားရှုမှတ်မှု အကျင့်ဟာ အပြင်လွှာ တည်ဆောက်မှုအတွင်းက သဘာဝ အိုမင်းမှုနဲ့ ဆက်နွယ်တဲ့ ကျဆင်းမှုကို တကယ် နှေးစေတာ (သို့) တားဆီးပေးတယ်ဆိုတာပါ။ ဒီတော့ ဝေဖန်သူတွေ၊ များစွာသော ဝေဖန်သူတွေ ပြောတာက တရားရှုမှတ်သူတွေဟာ ကြောင်တယ်တဲ့။ ဖြစ်နိုင်တာက သူတို့ စတင် မလေ့ကျင့်ခဲ့ခင်က လို နေမှာပေါ့နော်။ အတော်များများက သတ်သက်လွတ်သမား တွေဆိုတော့ သူတို့အစားအသောက် ဘဝဟန်နဲ့ဆိုင်တဲ့ ဒိပြင်ဟာဖြစ်နိုင်တယ်။ တရားရှုမှတ်တာ မဖြစ်နိုင်ရင် အခြားတစ်ခုခုလား။ မျှမျှတတဆို ဒါဟာ မှန်နိုင်ပါတယ်။ ပထမလေ့လာမှုက ဒါကို မကိုင်တွယ်ဘူး။ ဒါနဲ့ ဒုတိယ လေ့လာမှုလုပ်ခဲ့တယ်။ လုပ်ခဲ့တာက အရင်တရားမမှတ်ဖူးသူ တွေကိုခေါ်၊ စကင်နာထဲထည့် နောက် သီတင်း ရှစ်ပတ် တရားရှုမှတ်မှု အခြေခံတဲ့ စိတ်ဖိစီးမှု လျှောချခြင်း အစီအစဉ်ထဲ ပို့လိုက်တယ်၊ အဲဒီမှာ သူတို့ကို တစ်ရက် မိနစ် ၃၀ ကနေ ၄၀ ကြာ တရားမှတ်ခိုင်းတယ်။ နောက် သီတင်း ရှစ်ပတ်အဆုံးမှာ သူတို့ကို စကင်ထပ်ရိုက်တော့ တွေ့ရှိရတာက ဒါပါ။ ဒီတော့ မြင်တွေ့ရတာက ဧရိယာအတော် များများ ပိုကြီးလာတာပါ။ ဒီဆလိုက်မှာ hippocampus ကိုတွေ့ရပြီး ဂရပ်မှာတော့ ထိန်းချုပ်ထားသူတွေဟာ အပြာရောင်၊ တရားရှုမှတ်သူတွေက အနီရောင်ဖြစ်ပြီး မြင်တွေ့ရတာက hippocampus ပါ ဒါ သင်ကြာရေးနဲ့ မှတ်ဉာဏ်အတွက် အရေးပါတဲ့ ဧရိယာပါ၊ စိတ်ခံစားမှု ထိန်းညှိရေးအတွက်လည်း အရေးပါပြီး စိတ်ဝင်စားစရာက စိတ်ကျပြီး PTSD ရှိတဲ့ လူတွေရဲ ဒီနေရာက မီးခိုးရောင်ဒြပ် ပိုနည်းတယ် ကျွန်မတို့တွေ့ရှိတဲ့ အခြားနေရာတစ်ခုက နားရဲ့ အထက်မှာရှိတဲ့ temporo-parietal junction ပါ။ ဒါက အမြင် လက်ခံခြင်းနဲ့ မျှဝေခံစားမှု၊ စာနာမှုအတွက် အရေးပါပါတယ်။ ထပ်ပြီးတော့ လူတွေ တရားရှုမှတ်မှုနဲ့ ယောဂ စလေ့ကျင့်တဲ့အခါ ပြောင်းလဲခြင်းကို တင်ပြတဲ့ လုပ်ဆောင်မှုနှစ်ခုလုံးပါ။ ကျွန်မတို့ရှာတွေ့တဲ့ နောက်ထပ် နေရာတစ်ခုက amygdala ပါ။ amygdala က ဦးနှောက်ရဲ့ တိုက် မတိုက်ရင်ပြေးအပိုင်းပါ ဟောဒီမှာ မီခိုးရောင်ဒြပ်မှာ လျော့ကျမှု တစ်ခု တကယ်တွေ့ပါတယ်။ု စိတ်ဝင်စားစရာက မီးခိုးရောင် ဒြပ်ထဲက ပြောင်းလဲမှုဟာ စိတ်ဖိစီးက ပြောင်းလဲမှုနဲ့ အညမညဖြစ်တာ။ လူတွေတင်ပြတဲ့ စိတ်ဖိစီးလျော့တာ ပိုများလေ amygdala က ပိုသေးလာလေပါ။ ဒါက တကယ်ကို စိတ်ဝင်စားစရာကောင်းတာက တိရိစ္ဆာန်တွေ လေ့လာမှုတွေမှာ ပြတာတွေနဲ့ ဆန်ကျင်ပြီး အပြိုင်ဖြစ်ေနတာမျိုးပါ။ ဒါနဲ့ ကိုက်ဖြတ်တဲ့ သတ္တဝါတွေကိုသုံးတဲ့ လုပ်ဖော်တွေက ပျော်ရွှင်တဲ့အကောင်တွေ၊ ပုံမှန်အကောင်တွေကိုယူပြီး လှောင်အိမ်ထဲထည့်၊ ၎င်းတို့ amygdala ကိုတိုင်းတာ နောက် ၁၀ ရက် စိတ်ဖိစီးမှု စနစ်မှာထားလိုက်တယ်။ ၁၀ ရက်အဆုံးမှာ ၎င်းတို့ရဲ့ amygdala ကိုတိုင်းတော့ ကြွက် ဦးနှောက်ကြီးထွားတဲ့အပိုင်းနဲ့ လုံးဝထပ်တူပါ။ ကျွန်မတို့က စိတ်ဖိစီးမှုနဲ့ လျော့တာတွေ့ကာ သူတို့က စိတ်ဖိစီမှုနဲ့ တိုးတာကိုတွေ့တယ်။ စိတ်ဝင်စားစရာက အဲဒီတုန်းက သူတို့ဟာ တိရိစ္ဆာန်ချည်းထားခဲ့ပြီး သုံးပတ်အကြာမှာ ပြန်သွားပြီး ထပ်မံ စမ်းသပ်ခဲ့တယ်။ သုံးပတ်အကြာမှာ ဒီအလားတူ amygdala အပိုင်းဟာ ကြီးမားနေတုန်းပဲ။ တိရိစ္ဆာန်တွေဟာ ၎င်းတို့ရဲ့ မူလလှောင်အိမ်တွေထဲမှာတောင် ပျော်ကြတယ်၊ စိတ်ဖိစီးနေတုန်းပါ။ ဒီတော့ သိတဲ့အတိုင်း သူတို့ဟာ ထောင့်မှာ အမြီးကုပ်နေပြီး အရင်က မစူစမ်းဖူးတဲ့နေရာကို မစူစမ်းနေကြဘူး။ ဒီတော့ ဒါက လူသားတွေမှာတွေ့ရတာနဲ့ လုံးဝဆန့်ကျင်ဘက်ပါ၊ အကြောင်းက လူတွေနဲ့က သူတို့ဝန်းကျင် လိုက်ပြီး ဘာမှမပြောင်းလဲဘူး။ စိတ်ဖိစီးတဲ့အလုပ်တွေ ရှိတုန်းပဲ၊ ခက်ခဲတဲ့ ပြဿနာတွေက ခက်ခဲနေတုန်း၊ စီးပွားရေးက ဆိုးဝါးတုန်းပဲလေ၊ ဒါပေမဲ့ သူတို့ရဲ့ amygdala ပိုသေးလာလေ၊ စိတ်ဖိစီးမှုလျော့လေလို့ တင်ပြနေတယ်။ ဒီတော့ ဒါတွေ စုပြီးပြတာက amygdala ထဲက အပြောင်းအလဲဟာ ပတ်ဝန်းကျင် အပြောင်းလဲကို မတုံ့ပြန်ပဲ လူတွေရဲ့ သူတို့ပတ်ဝန်းကျင်ကို တုံ့ပြန်မှု (သို့) ဆက်စပ်မှု အပြောင်းအလဲကို ကိုယ်စားပြုနေပါတယ်။ ဒီနောက် ဒီလေ့လာမှုကပြတဲ့ အြခားတစ်ခုက လူတွေပြောနေကြတဲ့ "အိုး၊ နေလိုကောင်းလာတယ်" (သို့ ) ဒါဟာ ချွေးသိပ်တဲ့ တုံ့ပြန်မှု (သို့) ငါတို့ကို စိတ်ကျေနပ်အောင် လုပ်နေတာဆိုရုံပဲ မဟုတ်ဘူး၊ သူတို့ စိတ်ဖိစီးမှု လျော့တယ်လို့ ခံစားရ တယ်လို့ ပြောနေတာဟာ တကယ်က အာရုံကြောဆိုင်ရာ အကြောင်းအချက်ကြောင့်ပါ။ ဒီနေ့ မျှဝေချင်တဲ့ စိတ်ကူးက တရားမှတ်တာက ဦးနှောက်ကို ပြောင်းလဲနိုင်တာပါ။ ကျေးဇူးတင်ပါတယ်။ (လက်ခုပ်သံများ)