< Return to Video

ရေမသောက်ရင် ဘာဖြစ်မလဲ - Mia Nacamulli

  • 0:07 - 0:09
    ရေကို လက်တွေ့မှာ
    နေရာတိုင်းတွင် ရှိနေပါတယ်၊
  • 0:09 - 0:11
    စိုစွတ်နေတဲ့မြေလွှာတွေနဲ့
    ရေခဲတောင်ထိပ်တွေမှအစ
  • 0:11 - 0:14
    ကျွန်ုပ်တို့ ခန္ဓာကိုယ်ထဲက
    ဆဲလ်တွေအဆုံး အထိပါပဲ။
  • 0:14 - 0:16
    တည်နေရာ၊
  • 0:16 - 0:17
    အဆီအချိုးအစား၊
  • 0:17 - 0:18
    အသက် နဲ့
  • 0:18 - 0:19
    လိင်ကို လိုက်ပြီး
  • 0:19 - 0:24
    ပုံမှန်လူတစ်ယောက်ရဲ့ ၅၅ မှ ၆၀ % အကြား
    ရေဓာတ် ရှိပါတယ်။
  • 0:24 - 0:27
    မွေးချိန်မှာ ကလေးငယ်လေးတွေမှာ
    ရေဓာတ်ပိုများပါတယ်။
  • 0:27 - 0:32
    ၇၅ ရာခိုင်နှုန်းတောင် ရှိနေတော့ သူတို့ဟာ
    ရေထဲကူးနေကြတဲ့ ငါးတွေနဲ့ တူပါတယ်။
  • 0:32 - 0:37
    ဒါပေမဲ့ သူတို့ရဲ့ပထမဆုံး မွေးနေ့အရောက်မှာ
    ရေရဲ့ပါဝင်မှုဟာ ၆၅ % အထိ ကျဆင်းသွးတတ်တယ်။
  • 0:37 - 0:40
    ဒီတော့ ရေက ကျွန်ုပ်တို့ခန္ဓာကိုယ်ထဲ
    ဘယ်လို အခန်းမှ ပါဝင်လဲ။
  • 0:40 - 0:44
    ကျန်းမာဖို့ တစ်နေ့ကို
    ရေ ဘယ်လောက် သောက်သင့်သလဲ။
  • 0:44 - 0:49
    ခန္ဓာကိုယ်ထဲက အဆစ်တွေ ချောမွေ့စေဖို့နဲ့
    ခုခံပေးဖို့ ရေက ဆောင်ရွက်ပေးပြီး၊
  • 0:49 - 0:50
    အပူချိန်ကို ထိန်းညှိပေးတယ်၊
  • 0:50 - 0:54
    ဦးနှာက်နဲ့ အာရုံကြောမကြီးကို
    အဟာရဓာတ်တွေ ဖြည့်တင်းပေးတယ်။
  • 0:54 - 0:56
    ရေဟာ ကျွန်တော်တို့ သွေးထဲမှာပဲ
    ရှိနေတာ မကပါ။
  • 0:56 - 1:01
    လူကြီးရဲ့ ဦးနှောက်နဲ့ နှလုံးထဲဆိုရင်
    ရေဟာ လေးပုံသုံးပုံလောက်ရှိနေတယ်
  • 1:01 - 1:04
    ဒါက အကြမ်းအားဖြင့် ငှက်ပျောသီးထဲက
    ပမာဏနဲ့ တူညီပါတယ်။
  • 1:04 - 1:08
    အဆုတ်ကျတော့
    ပန်းသီးနဲ့ တူပြီး ၈၃% ရှိပါတယ်။
  • 1:08 - 1:14
    ခြောက်သွေ့နေတယ်လို့ ထင်ရတဲ့
    လူ့အရိုးတွေတောင်မှ ရေ ၃၁% ပါတတ်တယ်။
  • 1:14 - 1:16
    ကျွန်တော်တို့ကို လက်တွေ့တွင်
    ရေနဲ့ ပြုလုပ်ထားကာ
  • 1:16 - 1:18
    ရေတွေနဲ့ ဝန်းရံထားတယ် ဆိုတော့၊
  • 1:18 - 1:20
    ဘာလို့များ ရေကို အဲဒီလောက် များများ
    သောက်ဖို့လိုနေသေးတာလဲ။
  • 1:20 - 1:24
    ကောင်းပါပြီ၊ နေ့စဉ် ရေ ၂ လီတာမှ ၃ လီတာအထိ
    ချွေး၊ ဆီးနဲ့ အစာအိမ်လှုပ်ရှားမှုများမှ
  • 1:24 - 1:25
    ကျွန်တော်တို့
  • 1:25 - 1:26
    ဆုံးရှံးနေကြရကာ၊
  • 1:26 - 1:28
    အသက်ရှူမှုကြောင့်လည့်း ရှုံးရတယ်။
  • 1:28 - 1:31
    ဒီလို လှုပ်ရှားမှုတွေက ကျွန်တော်တို့
    ရှင်သန်ဖို့ မမရှိမဖြစ်တာမို့လို့၊
  • 1:31 - 1:34
    ဆုံးရှုံးသွားတဲ့ ရေကို
    ပြန်ဖြည့်ပေးဖို့လိုပါတယ်။
  • 1:34 - 1:38
    ရေဓာတ် ခမ်းခြောက်ခြင်း မသွားရန်နဲ့
    ရေတွေ အရမ်းများမသွားစေရန်
  • 1:38 - 1:40
    ရေဓာတ်ကို ထိန်းညှိပေးရန် အရေးကြီးတယ်။
  • 1:40 - 1:43
    နှစ်မျိုးလုံးက ကျွန်တော်တို့
    ကျန်းမာရေးကို ဆိုးဝါးလာစေနိုင်ကြတယ်။
  • 1:43 - 1:45
    အဦးဆုံး ..ရေဓာတ်နည်းနေတာကို
  • 1:45 - 1:48
    ဦးနှောက်ရဲ့ hypothalamus ထဲက
    အာရုံခံပစ္စည်းလေးတွေက သိရှိတာနဲ့
  • 1:48 - 1:51
    Antidiuretic ဟိုမုန်းတွေကို
    ထုတ်လွှတ်ဖို့အချက်ပြပါတယ်
  • 1:51 - 1:54
    အဲဒီဟိုမုန်းတွေ ကျောက်ကပ်ကို ရောက်ရင်
    aquaporins ကိုဖန်တီးပါတယ်၊
  • 1:54 - 2:00
    အဲဒါက သွေးအား ရေကို ပိုမိုထိန်းသိမ်းရန်
    အထူးပြုလုပ်ထားတဲ့ လမ်းကြောင်းလေးတွေပါ၊
  • 2:00 - 2:03
    ဆီးကို ပိုပြီးပြင်းတဲ့ အရောင်ရင့်လာအောင်
    လုပ်ပေးပါတယ်။
  • 2:03 - 2:07
    ရေဓာတ် ခမ်းခြောက်မှု များလာရင်
    အားအင်ကို ကုန်ခမ်းစေနိုင်သလို
  • 2:07 - 2:08
    စိတ်အခြေအနေ၊
  • 2:08 - 2:09
    အရေပြားစိုစွတ်မှု နဲ့
  • 2:09 - 2:10
    သွေးပေါင်ချိန်ကိုပါ ကျစေပြီး
  • 2:10 - 2:13
    အာရုံစိုက် သိနားလည်နိုင်စွမ်းကို
    ကျဆင်းစေနိုင်တယ်။
  • 2:13 - 2:17
    ရေဓာတ် ခမ်းခြောက်နေတဲ့ ဦးနှောက်ဟာ
    တူညီတာကို လုပ်ကိုင်ရန် ပုံမှန်
  • 2:17 - 2:19
    ဦးနှောက်ထက် ပိုပြီးအားစိုက်ရကာ
  • 2:19 - 2:23
    ရေမရှိတဲ့အတွက် ဦးနှောက် ကျုံ့သွားတာ
    တောင်ဖြစ်နိုင်တယ်။
  • 2:23 - 2:26
    ရေဓာတ်များလွန်းခြင်း ဒါမှမဟုတ်
    hyponatremia က
  • 2:26 - 2:31
    အချိန်တိုအတွင်းမှာ ရေကို အလွန်အမင်း
    သောက်ရင် ဖြတ်တတ်တယ်။
  • 2:31 - 2:33
    အားကစားသမားတွေဟာ
    ရေဓာတ်များလွန်းခြင်း အဖြစ်များတယ်။
  • 2:33 - 2:37
    အလွန်ပြင်းထန်တဲ့ လှုပ်ရှားမှုတွေ
    ပြုလုပ်ရစဉ် ရေဓာတ်ကို
  • 2:37 - 2:39
    ထိန်းညှိဖို့ ရှုပ်ထွေးခက်ခဲလို့ပါ။
  • 2:39 - 2:44
    ရေဓာတ် ခမ်းခြောက်နေတဲ့ ဦးနှောက်က
    antidiuretic ဟိုမုန်းကို တိုးထုတ်ပေးမဲ့
  • 2:44 - 2:49
    ရေဓာတ်များတဲ့ဦးနှောက်က အဲဒီဟိုမုန်းထုတ်မှု
    လျှော့ချရပ်လျက် သွေးဆီပြန်လွှတပေးတယ်။
  • 2:49 - 2:52
    ခန္ဓာကိုယ်ထဲက Sodium electrolyt တွေဟာ
    ရေတွေနဲ့ကျဲလာတယ်၊
  • 2:52 - 2:54
    ဆဲလ်တွေကို ဖောင်းလာစေတယ်။
  • 2:54 - 2:56
    ဆိုးတဲ့အခြေအနေတွေမှာ၊
  • 2:56 - 3:00
    ကျောက်ကပ်တွေက ထွက်လာတဲ့ ဆီးပမာဏကို
    လိုက်မမှီနိုင်တော့ပါ။
  • 3:00 - 3:02
    အဲဒီလို ရေအဆိပ်တက်ခြင်း ဆိုတာ
    ဖြစ်ပေါ်လာမယ်၊
  • 3:02 - 3:04
    ခေါင်းကိုက်တာ၊
  • 3:04 - 3:05
    အန်တာ၊
  • 3:05 - 3:08
    ပြီးတော့ ရှားရှားပါးပါး ကြွက်တက်မှု၊ သေတာ
    ကြုံရနိုင်ပါတယ်။
  • 3:08 - 3:10
    ဒါပေမဲ့ အဲဒါ ကြုံခဲတဲ့ အခြေအနေမျိုးပါ။
  • 3:10 - 3:12
    ပုံမှန် နေ့စဉ်ဆိုရင်၊
  • 3:12 - 3:16
    ရေကောင်းရေသန့် ရနိုင်တဲ့ ကျနော်တို့လို
    ကံကောင်းတဲ့သူတွေအတွက်
  • 3:16 - 3:20
    ရေဓာတ်ကို ကောင်းမွန်စွာ
    ထိန်းညှိဖို့ဆိုတာ မခက်ခဲပါဘူး။
  • 3:20 - 3:24
    ရှေးလူကြီးတွေက တစ်နေ့ကို ရေ ရှစ်ခွက်
    သောက်သင့်ကြောင်း ပြောလေ့ရှိခဲ့ကြပါတယ်။
  • 3:24 - 3:26
    ဒီခန့်မှန်းချက်ကို ပိုပြီး အသေးစိတ်ထား
    သိလာခဲ့ရပါပြီ။
  • 3:26 - 3:30
    အခုတော့ အများက လက်ခံထားကြတာက
    ကျွန်တော်တို့ လိုအပ်တဲ့ရေပမာဏဟာ
  • 3:30 - 3:33
    ခန္ဓာကိုယ်ရဲ့ အလေးချိန်နဲ့ ပတ်ဝန်းကျင်
    ပေါ်မှာ မူတည်ပါတယ်။
  • 3:33 - 3:40
    အကြံပြုထားတဲ့ တစ်နေ့တာ ရေလိုအပ်ချက်က
    အမျိုးသားအတွက် ၂.၅ - ၃.၇ လီတာနဲ့
  • 3:40 - 3:43
    အမျိုးသမီးအတွက်ဆို ၂ - ၂.၇ လီတာ ဖြစ်ပြီး၊
  • 3:43 - 3:46
    အဲဒါကို ကျွန်တော်တို့ရဲ့
    ကျန်းမာရေး၊ ကောင်းမွန်မှု၊ လှုပ်ရှားမှု၊
  • 3:46 - 3:47
    အိုမင်းမှု၊
  • 3:47 - 3:48
    ဒါမှမဟုတ်
  • 3:48 - 3:50
    အရမ်းပူပြင်းမှု အလိုက်
    အတက်အကျရှိနိုင်တယ်။
  • 3:50 - 3:52
    ရေက အကျန်းမာဆုံး ရေဓာတ်ဖြည့်မှု
    ဖြစ်ပေမဲ့
  • 3:52 - 3:53
    အခြားသော အချိုရည်တွေ
  • 3:53 - 3:55
    ကဖင်းဓာတ်ပါတဲ့ကော်ဖီနဲ့ လက်ဖက်ရည်တွေကလည်း
  • 3:55 - 3:57
    ရေဓာတ် ကိုဖြည့်ပေးနိုင်ပါတယ်။
  • 3:57 - 4:02
    ကျွန်တော်တို့စားတဲအစားအစာထဲမှာလည်း
    ရေဓာတ် ၅ ပုံ ၁ ပုံ ပါဝင်ပါတယ်။
  • 4:02 - 4:04
    စတော်ဘယ်ရီ၊ သခွားသီး၊ ပန်းမုံလာလို
  • 4:04 - 4:05
    အသီးများနဲ့
  • 4:05 - 4:09
    ဟင်းသီးဟင်းရွက်ထဲမှာဆို
    ရေဟာ ၉၀% အထိ ပါဝင်ကာ
  • 4:09 - 4:14
    အခြားအာဟာရနဲ့ အမျှင်ဓာတ်တွေ ဖြည့်ပေးလျက်
    ရေဓာတ်ကိုလည်း ဖြည့်စွမ်းပေးနိုင်ပါတယ်။
  • 4:14 - 4:17
    ရေကို ကောင်းမွန်စွာ သောက်တာက
    ရေရှည်အကျိုးကျေးဇူးတွေရှိနိုင်ပါတယ်။
  • 4:17 - 4:22
    လေ့လာချက်တွေအရဆိုရင် အကောင်းဆုံး ရေဓာတ်
    ထိန်းပေးမှုက လေဖြတ်ခြင်းကိုလျော့ကျစေကာ၊
  • 4:22 - 4:23
    ဆီးချိုကိုလည်း ထိန်းပေးပါတယ်၊
  • 4:23 - 4:28
    အချို့သော ကင်ဆာဖြစ်ပွားမှုကိုလည်း
    လျော့ကျစေနိုင်ပါတယ်။
  • 4:28 - 4:32
    မည်သို့ပင်ဖြစ်စေ၊ မှန်ကန်တဲ့
    ရေပမာဏကို ရရှိခြင်းက
  • 4:32 - 4:33
    သင်ခံစားရမှု၊ စဉ်းစားမှုနဲ့
  • 4:33 - 4:35
    နေ့စဉ် လှုပ်ရှားမှုတွေကို
  • 4:35 - 4:36
    ပြောင်းလဲသွားစေမှာ သေချာပါတယ်...
Title:
ရေမသောက်ရင် ဘာဖြစ်မလဲ - Mia Nacamulli
Speaker:
Mia Nacamulli
Description:

သင်ခန်းစာ အပြည့်အစုံကို လေ့လာရန် - http://ed.ted.com/lessons/what-would-happen-if-you-didn-t-drink-water-mia-nacamulli

ရေကို ကျွန်ုပ်တို့ ကမ္ဘာ့ကြီးရဲ့ နေရာတိုင်းမှာမြင်နိုင်ကာ၊ ပျမ်းမျှ လူသားထဲတွင် ရေရဲ့ပါဝင်မှုဟာ ၅၅ နဲ့ ၆၀% အကြားမှာ ရှိပါတယ်။ ဒီတော့ ကျွန်ုပ်တို့ရဲ့ ခန္ဓာကိုယ်ထဲမှာ ရေရဲ့ အခန်းကဏ္ဍက ဘာလဲ၊ ပြီးတော့ ကျန်းမာလျက် ရှိနေရန် ကျွန်ုပ်တို့ဟာ ရေကို ဘယ်လောက် သောက်ဖို့ လိုအပ်ပါသလဲ။ ရေသောက်ခြင်းက ကျန်းမာရေးအတွက် အကျိုးရှိပုံ အသေးစိတ် အချက်တွေကို Mia Nacamulli က တင်ပြထားပါတယ်။

သင်ခန်းစာကို Mia Nacamulli က ပြုစုခဲ့ပြီး လှုပ်ရှား ရုပ်ပုံတွေကိုတော့ Chris Bishop က ဖန်တီးပေးခဲ့တာပါ။

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
04:52

Burmese subtitles

Revisions