ရေကို လက်တွေ့မှာ နေရာတိုင်းတွင် ရှိနေပါတယ်၊ စိုစွတ်နေတဲ့မြေလွှာတွေနဲ့ ရေခဲတောင်ထိပ်တွေမှအစ ကျွန်ုပ်တို့ ခန္ဓာကိုယ်ထဲက ဆဲလ်တွေအဆုံး အထိပါပဲ။ တည်နေရာ၊ အဆီအချိုးအစား၊ အသက် နဲ့ လိင်ကို လိုက်ပြီး ပုံမှန်လူတစ်ယောက်ရဲ့ ၅၅ မှ ၆၀ % အကြား ရေဓာတ် ရှိပါတယ်။ မွေးချိန်မှာ ကလေးငယ်လေးတွေမှာ ရေဓာတ်ပိုများပါတယ်။ ၇၅ ရာခိုင်နှုန်းတောင် ရှိနေတော့ သူတို့ဟာ ရေထဲကူးနေကြတဲ့ ငါးတွေနဲ့ တူပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ပထမဆုံး မွေးနေ့အရောက်မှာ ရေရဲ့ပါဝင်မှုဟာ ၆၅ % အထိ ကျဆင်းသွးတတ်တယ်။ ဒီတော့ ရေက ကျွန်ုပ်တို့ခန္ဓာကိုယ်ထဲ ဘယ်လို အခန်းမှ ပါဝင်လဲ။ ကျန်းမာဖို့ တစ်နေ့ကို ရေ ဘယ်လောက် သောက်သင့်သလဲ။ ခန္ဓာကိုယ်ထဲက အဆစ်တွေ ချောမွေ့စေဖို့နဲ့ ခုခံပေးဖို့ ရေက ဆောင်ရွက်ပေးပြီး၊ အပူချိန်ကို ထိန်းညှိပေးတယ်၊ ဦးနှာက်နဲ့ အာရုံကြောမကြီးကို အဟာရဓာတ်တွေ ဖြည့်တင်းပေးတယ်။ ရေဟာ ကျွန်တော်တို့ သွေးထဲမှာပဲ ရှိနေတာ မကပါ။ လူကြီးရဲ့ ဦးနှောက်နဲ့ နှလုံးထဲဆိုရင် ရေဟာ လေးပုံသုံးပုံလောက်ရှိနေတယ် ဒါက အကြမ်းအားဖြင့် ငှက်ပျောသီးထဲက ပမာဏနဲ့ တူညီပါတယ်။ အဆုတ်ကျတော့ ပန်းသီးနဲ့ တူပြီး ၈၃% ရှိပါတယ်။ ခြောက်သွေ့နေတယ်လို့ ထင်ရတဲ့ လူ့အရိုးတွေတောင်မှ ရေ ၃၁% ပါတတ်တယ်။ ကျွန်တော်တို့ကို လက်တွေ့တွင် ရေနဲ့ ပြုလုပ်ထားကာ ရေတွေနဲ့ ဝန်းရံထားတယ် ဆိုတော့၊ ဘာလို့များ ရေကို အဲဒီလောက် များများ သောက်ဖို့လိုနေသေးတာလဲ။ ကောင်းပါပြီ၊ နေ့စဉ် ရေ ၂ လီတာမှ ၃ လီတာအထိ ချွေး၊ ဆီးနဲ့ အစာအိမ်လှုပ်ရှားမှုများမှ ကျွန်တော်တို့ ဆုံးရှံးနေကြရကာ၊ အသက်ရှူမှုကြောင့်လည့်း ရှုံးရတယ်။ ဒီလို လှုပ်ရှားမှုတွေက ကျွန်တော်တို့ ရှင်သန်ဖို့ မမရှိမဖြစ်တာမို့လို့၊ ဆုံးရှုံးသွားတဲ့ ရေကို ပြန်ဖြည့်ပေးဖို့လိုပါတယ်။ ရေဓာတ် ခမ်းခြောက်ခြင်း မသွားရန်နဲ့ ရေတွေ အရမ်းများမသွားစေရန် ရေဓာတ်ကို ထိန်းညှိပေးရန် အရေးကြီးတယ်။ နှစ်မျိုးလုံးက ကျွန်တော်တို့ ကျန်းမာရေးကို ဆိုးဝါးလာစေနိုင်ကြတယ်။ အဦးဆုံး ..ရေဓာတ်နည်းနေတာကို ဦးနှောက်ရဲ့ hypothalamus ထဲက အာရုံခံပစ္စည်းလေးတွေက သိရှိတာနဲ့ Antidiuretic ဟိုမုန်းတွေကို ထုတ်လွှတ်ဖို့အချက်ပြပါတယ် အဲဒီဟိုမုန်းတွေ ကျောက်ကပ်ကို ရောက်ရင် aquaporins ကိုဖန်တီးပါတယ်၊ အဲဒါက သွေးအား ရေကို ပိုမိုထိန်းသိမ်းရန် အထူးပြုလုပ်ထားတဲ့ လမ်းကြောင်းလေးတွေပါ၊ ဆီးကို ပိုပြီးပြင်းတဲ့ အရောင်ရင့်လာအောင် လုပ်ပေးပါတယ်။ ရေဓာတ် ခမ်းခြောက်မှု များလာရင် အားအင်ကို ကုန်ခမ်းစေနိုင်သလို စိတ်အခြေအနေ၊ အရေပြားစိုစွတ်မှု နဲ့ သွေးပေါင်ချိန်ကိုပါ ကျစေပြီး အာရုံစိုက် သိနားလည်နိုင်စွမ်းကို ကျဆင်းစေနိုင်တယ်။ ရေဓာတ် ခမ်းခြောက်နေတဲ့ ဦးနှောက်ဟာ တူညီတာကို လုပ်ကိုင်ရန် ပုံမှန် ဦးနှောက်ထက် ပိုပြီးအားစိုက်ရကာ ရေမရှိတဲ့အတွက် ဦးနှောက် ကျုံ့သွားတာ တောင်ဖြစ်နိုင်တယ်။ ရေဓာတ်များလွန်းခြင်း ဒါမှမဟုတ် hyponatremia က အချိန်တိုအတွင်းမှာ ရေကို အလွန်အမင်း သောက်ရင် ဖြတ်တတ်တယ်။ အားကစားသမားတွေဟာ ရေဓာတ်များလွန်းခြင်း အဖြစ်များတယ်။ အလွန်ပြင်းထန်တဲ့ လှုပ်ရှားမှုတွေ ပြုလုပ်ရစဉ် ရေဓာတ်ကို ထိန်းညှိဖို့ ရှုပ်ထွေးခက်ခဲလို့ပါ။ ရေဓာတ် ခမ်းခြောက်နေတဲ့ ဦးနှောက်က antidiuretic ဟိုမုန်းကို တိုးထုတ်ပေးမဲ့ ရေဓာတ်များတဲ့ဦးနှောက်က အဲဒီဟိုမုန်းထုတ်မှု လျှော့ချရပ်လျက် သွေးဆီပြန်လွှတပေးတယ်။ ခန္ဓာကိုယ်ထဲက Sodium electrolyt တွေဟာ ရေတွေနဲ့ကျဲလာတယ်၊ ဆဲလ်တွေကို ဖောင်းလာစေတယ်။ ဆိုးတဲ့အခြေအနေတွေမှာ၊ ကျောက်ကပ်တွေက ထွက်လာတဲ့ ဆီးပမာဏကို လိုက်မမှီနိုင်တော့ပါ။ အဲဒီလို ရေအဆိပ်တက်ခြင်း ဆိုတာ ဖြစ်ပေါ်လာမယ်၊ ခေါင်းကိုက်တာ၊ အန်တာ၊ ပြီးတော့ ရှားရှားပါးပါး ကြွက်တက်မှု၊ သေတာ ကြုံရနိုင်ပါတယ်။ ဒါပေမဲ့ အဲဒါ ကြုံခဲတဲ့ အခြေအနေမျိုးပါ။ ပုံမှန် နေ့စဉ်ဆိုရင်၊ ရေကောင်းရေသန့် ရနိုင်တဲ့ ကျနော်တို့လို ကံကောင်းတဲ့သူတွေအတွက် ရေဓာတ်ကို ကောင်းမွန်စွာ ထိန်းညှိဖို့ဆိုတာ မခက်ခဲပါဘူး။ ရှေးလူကြီးတွေက တစ်နေ့ကို ရေ ရှစ်ခွက် သောက်သင့်ကြောင်း ပြောလေ့ရှိခဲ့ကြပါတယ်။ ဒီခန့်မှန်းချက်ကို ပိုပြီး အသေးစိတ်ထား သိလာခဲ့ရပါပြီ။ အခုတော့ အများက လက်ခံထားကြတာက ကျွန်တော်တို့ လိုအပ်တဲ့ရေပမာဏဟာ ခန္ဓာကိုယ်ရဲ့ အလေးချိန်နဲ့ ပတ်ဝန်းကျင် ပေါ်မှာ မူတည်ပါတယ်။ အကြံပြုထားတဲ့ တစ်နေ့တာ ရေလိုအပ်ချက်က အမျိုးသားအတွက် ၂.၅ - ၃.၇ လီတာနဲ့ အမျိုးသမီးအတွက်ဆို ၂ - ၂.၇ လီတာ ဖြစ်ပြီး၊ အဲဒါကို ကျွန်တော်တို့ရဲ့ ကျန်းမာရေး၊ ကောင်းမွန်မှု၊ လှုပ်ရှားမှု၊ အိုမင်းမှု၊ ဒါမှမဟုတ် အရမ်းပူပြင်းမှု အလိုက် အတက်အကျရှိနိုင်တယ်။ ရေက အကျန်းမာဆုံး ရေဓာတ်ဖြည့်မှု ဖြစ်ပေမဲ့ အခြားသော အချိုရည်တွေ ကဖင်းဓာတ်ပါတဲ့ကော်ဖီနဲ့ လက်ဖက်ရည်တွေကလည်း ရေဓာတ် ကိုဖြည့်ပေးနိုင်ပါတယ်။ ကျွန်တော်တို့စားတဲအစားအစာထဲမှာလည်း ရေဓာတ် ၅ ပုံ ၁ ပုံ ပါဝင်ပါတယ်။ စတော်ဘယ်ရီ၊ သခွားသီး၊ ပန်းမုံလာလို အသီးများနဲ့ ဟင်းသီးဟင်းရွက်ထဲမှာဆို ရေဟာ ၉၀% အထိ ပါဝင်ကာ အခြားအာဟာရနဲ့ အမျှင်ဓာတ်တွေ ဖြည့်ပေးလျက် ရေဓာတ်ကိုလည်း ဖြည့်စွမ်းပေးနိုင်ပါတယ်။ ရေကို ကောင်းမွန်စွာ သောက်တာက ရေရှည်အကျိုးကျေးဇူးတွေရှိနိုင်ပါတယ်။ လေ့လာချက်တွေအရဆိုရင် အကောင်းဆုံး ရေဓာတ် ထိန်းပေးမှုက လေဖြတ်ခြင်းကိုလျော့ကျစေကာ၊ ဆီးချိုကိုလည်း ထိန်းပေးပါတယ်၊ အချို့သော ကင်ဆာဖြစ်ပွားမှုကိုလည်း လျော့ကျစေနိုင်ပါတယ်။ မည်သို့ပင်ဖြစ်စေ၊ မှန်ကန်တဲ့ ရေပမာဏကို ရရှိခြင်းက သင်ခံစားရမှု၊ စဉ်းစားမှုနဲ့ နေ့စဉ် လှုပ်ရှားမှုတွေကို ပြောင်းလဲသွားစေမှာ သေချာပါတယ်...