ယောဂက သင့်ခန္ဓာကိုယ်နှင့် သင့်ဦးနှောက်ကို အကျိုးပြုပေးပုံ။ Krishna Sudhir
-
0:07 - 0:11ခရစ်နှစ် ၁ ရာစုနဲ့ ၅ ရာစုအတွင်း
တစ်ချိန်မှာ -
0:11 - 0:18ဟိန္ဒူ ပညာရှိ Patañjali ဟာ အိန္ဒိယအနှံ့မှာ
ကျင့်သုံးခဲ့ကြတဲ့ ရှေးဟောင်း -
0:18 - 0:20ကမ္မဋ္ဌာန်းပွားတဲ့ အစဉ်အလာတွေ
စတင်စုပေါင်းခဲ့တယ်။ -
0:20 - 0:26အိန္ဒိယ ယဉ်ကျေးမှု ကိုယ်၌နီးပါး ရှေးကျတဲ့
နည်းစနစ်တွေကို ယောဂ သျှတ္တရလို့ခေါ်တဲ့ -
0:26 - 0:31လက်စွဲကျမ်း ၁၉၆ ကျမ်းမှာ
သူ မှတ်တမ်းတင်ခဲ့တယ်။ -
0:31 - 0:36ဒီစာပိုဒ်တွေက ယောဂကို ထိန်းချုပ်ခြင်း
(သို့) စင်ကြယ်တဲ့ အသိရဲ့ -
0:36 - 0:39အဆင့်တစ်ဆင့်ရောက်ဖို့ စိတ်ကို ပြင်ပ
အရာဝတ္ထုတွေကို အာရုံစိုက်မှုမှ -
0:39 - 0:43သန့်စင်တဲ့ အသိစိတ်ဆီ အာရုံစိုက်
ပေးမှုလို့ အနက်ဖွင့်ပေးခဲ့တယ်။ -
0:43 - 0:48အချိန်ကြာလာတော့ ယောဂဟာ
ကျွမ်းဘားနဲ့ နပန်းလုံးခြင်းကနေ -
0:48 - 0:50ရုပ်ပိုင်းအစိတ်အပိုင်းတွေ ပေါင်းစပ်လာတယ်။
-
0:50 - 0:54ယနေ့မှာတော့ ခေတ်သစ် ယောဂ
နည်းလမ်းတွေ အနမတဂ္ဂရှိပေမဲ့ -
0:54 - 1:01အများစုက Patañjali ရဲ့ အဓိက အစိတ်အပိုင်း
သုံးခုကို ထိန်းသိမ်းထားဆဲပါ။ -
1:01 - 1:07ကိုယ်ဟန်အနေအထားတွေ၊ အသက်ရှူ
လေ့ကျင့်ခန်းတွေနဲ့ စိတ်ပိုင်းအာရုံပြုမှုပါ -
1:07 - 1:10ဒီရုပ်ပိုင်းနဲ့ စိတ်ပိုင်း
လေ့ကျင့်ခန်း ပေါင်းစပ်မှုဟာ -
1:10 - 1:15ထူးခြားတဲ့ ကျန်းမာရေး အကျိုးကျေးဇူးတစ်စု
ရရှိစေတယ်လို့ ကျယ်ပြန့်စွာ ယုံကြည်ကြတယ်။ -
1:15 - 1:19ဥပမာ သန်စွမ်းမှုနဲ့ ကွေးနိုင်
ဆန့်နိုင်စွမ်း ပိုကောင်းလာခြင်း၊ -
1:19 - 1:24နှလုံးနဲ့ အဆုတ် လုပ်ဆောင်နိုင်စွမ်း
တိုးစေခြင်း၊ စိတ်ပိုင်း သုခ ရရှိစေခြင်းပါ။ -
1:24 - 1:29ဒါပေမဲ့ ဒီရှေးဟောင်း အစဉ်အလာရဲ့
အကျိုးကျေးဇူးတွေနဲ့ ပတ်သက်ပြီး -
1:29 - 1:31ခေတ်ပြိုင် လေ့လာမှုတွေက
ဘတွေကို ပြနေကြလဲ။ -
1:31 - 1:34သုတေသီများစွာ အားထုတ်ကြပေမဲ့
-
1:34 - 1:39ယောဂရံ့ အကျိုးကျေးဇူးတွေနဲ့ ပတ်သက်ပြီး
တိကျတဲ့ အချက်တွေ ထောက်ပြဖို့ ခက်ခဲပါတယ်။ -
1:39 - 1:43၎င်းရဲ့ လှုပ်ရှားမှုတွေကို ထူးခြားစွာ
ပေါင်းစပ်မှုထဲက ဘယ်အစိတ်အပိုင်းက -
1:43 - 1:47တိကျတဲ့ ကျန်းမာရေး အကျိုးကျေးဇူး
ထုတ်ပေးတာကို ပိုင်းဖြတ်ဖို့ ခက်ခဲစေတာပါ။ -
1:47 - 1:51နောက်ပြီး ယောဂ လေ့လာမှုတွေဟာ
မကြာခဏ စုံလင်မှု မရှိတဲ့ အရွယ်သေးငယ်တဲ့ -
1:51 - 1:53နမူနာတွေကို အခြေခံထားပြီး
-
1:53 - 1:58ကိုယ့်ဘာသာ တင်ပြချက်တွေကို အကြီးအကျယ်
အားကိုးမှုက ရလဒ်တွေ ပုဂ္ဂလဓိဋ္ဌာန်ကျစေတယ်။ -
1:58 - 2:01သို့ပေမဲ့ အခြားဟာတွေထက် ပိုခိုင်မာတဲ့
-
2:01 - 2:05သိပ္ပံနည်းကျ ထောက်ခံမှုရှိတဲ့ အခြားသော
ကျန်းမာရေး အကျိုးကျေးဇူးတွေ ရှိပါတယ်။ -
2:05 - 2:09ပျော့ပျောင်းမှု၊ သန်စွမ်းမှုနဲ့ စရအောင်။
-
2:09 - 2:12သင့်ခန္ဓာကိုယ်ကို ယောဂ ကိုယ်ဟန်
အနေအထားတွေအဖြစ် ကွေးလှည့်လိုက်ခြင်းက -
2:12 - 2:14ကြွက်သားစုမျိုးစုံကို ဆန့်ထွက်စေတယ်။
-
2:14 - 2:19ရေတိုမှာ အကြောလျှော့ခြင်းတာ
ပိုပျော့ပျောင်းစေဖို့ ဒီကြွက်သားတွေ၊ -
2:19 - 2:23အရွတ်တွေ၊ တံကောက်ကြောတွေရဲ့
ရေပါဝင်မှု ပမာဏကို ပြောင်းလဲနိုင်တယ်။ -
2:23 - 2:28အချိန်ကြာလာတော့ ပုံမှန် အကြောလျှော့ခြင်းက
ပင်စည် ဆဲလ်တွေကို နှိုးဆွပေးပြီး -
2:28 - 2:31နောက်တော့ ၎င်းတို့က ကြွက်သားတစ်ရှူး
အသစ်တွေနဲ့ ပျော့ပျောင်းတဲ့ -
2:31 - 2:35ကော်လာဂျင် ထုတ်ပေးတဲ့ အခြားဆဲလ်တွေကို
ခွဲခြားပေးတယ်။ -
2:35 - 2:39မကြာခဏ အကြောလျှော့ခြင်းဟာ
ကြွက်သားတွေ တည်ဆောက်ဖို့ ခန္ဓာကိုယ်ရဲ့ -
2:39 - 2:41သဘာဝတုံ့ပြန်မှုတွေကိုပါ လျော့စေတယ်၊
-
2:41 - 2:45ပျော့ပျောင်းမှုရဲ့ စွမ်းဆောင်မှုတွေအတွက်
သင့်ရဲ့ နာကျင်မှု ခံနိုင်ရည်ကို တိုးစေတယ်။ -
2:45 - 2:49အခြားဟာထက် ပျော့ပျောင်းမှုကို
ပိုတိုးတက်စေတဲ့ ယောဂ ပုံစံတစ်ခုကိုမှ -
2:49 - 2:51သုတေသီတွေ မတွေ့ရှိသေးတာကြောင့်
-
2:51 - 2:56သီးခြား ကိုယ်ဟန်တွေရဲ့
သက်ရောက်မှုက မရှင်းလင်းပါ။ -
2:56 - 2:59ဒါပေမဲ့ အခြား သက်ရောက်မှု နည်းတဲ့
လေ့ကျင့်ခန်းတွေလိုပဲ -
2:59 - 3:05ယောဂဟာ ကျန်းမာတဲ့လူတွေမှာ ကြံ့ခိုင်မှုနဲ့
ပျော့ပျောင်းမှု တိုးတက်စေတာက သေချာပါတယ်။ -
3:05 - 3:11ဒီအလေ့အကျင့်ဟာ စွမ်းအားကောင်းတဲ့
လက်နက်တစ်ခု ဖြစ်နိုင်ခြေရှိတာကို ပြသတယ်။ -
3:11 - 3:17ကြွက်သား၊ အရိုးဆိုင်ရာ ရောဂါမျိုးစုံရှိတဲ့
လူနာတွေနဲ့ ပတ်သက်နေတဲ့ လေ့လာမှုတွေမှာ -
3:17 - 3:22အခြား သက်ရောက်မှု နည်းတဲ့ လေ့ကျင့်ခန်း
ပုံစံတွေထက် ယောဂဟာ နာကျင်မှုကို လျော့စေကာ -
3:22 - 3:25လှုပ်ရှားနိုင်မှုကို တိုးတက်စေရာမှာ
ပိုအထောက်အကူ ဖြစ်ခဲ့တယ်။ -
3:25 - 3:29ရှိနေတဲ့ လေ့ကျင့်ခန်း အစီအစဉ်မှာ
ယောဂကို ပေါင်းထည့်ခြင်းဟာ -
3:29 - 3:34နာတာရှည် ခါးနာတာ၊ အဆစ်မမြစ်ရောင်တာနဲ့
အရိုးပွလို အခြေအနေတွေကို ကုဖို့ ခက်တာအတွက် -
3:34 - 3:38သန်စွမ်းမှုနဲ့ ပျော့ပျောင်းမှုကို
တိုးတက်စေနိုင်တယ်။ -
3:38 - 3:43ယောဂရဲ့ ကာယ လေ့ကျင့်ခန်းနဲ့
ပုံစံသွင်းထားတဲ့အသက်ရှူမှု ပေါင်းစပ်မှုဟာ -
3:43 - 3:47အဆုတ် ကျန်းမာရေးအတွက်
အလားတူ ကုသနည်းဆိုတာ ပြသထားတယ်။ -
3:47 - 3:51နာတာရှည် ချောင်းဆိုးရင်ကျပ်၊ အဆုပ်ပွတာနဲ့
ပန်းနာရောဂါလို အဆုတ်ရောဂါတွေဟာ -
3:51 - 3:54အောက်စီဂျင်ကို သယ်ဆောင်တဲ့
လမ်းကြောင်းကို ကျုံ့စဉ်မှာ -
3:54 - 3:59သွေးထဲကို အောက်စီဂျင် ယူလာတဲ့
အလွှာပါးကို အားနည်းစေတယ်။ -
3:59 - 4:02ဒါပေမဲ့ ယောဂမှာ တွေ့ရှိရတဲ့
ဒီလို အသက်ရှူ လေ့ကျင့်ခန်းတွေက -
4:02 - 4:05ဒီလမ်းကြောင်းတွေကို တင်းကျပ်စေတဲ့
ကြွက်သားတွေကို ပြေလျော့စေကာ -
4:05 - 4:08အောက်စီဂျင် ပျံ့နှံ့မှုကို ပိုကောင်းစေတယ်။
-
4:08 - 4:12သွေးရဲ့ အောက်စီဂျင် ပါဝင်မှု ပမာဏကို
တိုးစေခြင်းဟာ ခန္ဓာကိုယ်အနှံ့ အောက်စီဂျင် -
4:12 - 4:14အလုံအလောက် ပိုလွတ်ဖို့
-
4:14 - 4:18ခက်နေတဲ့နှလုံး ကြွက်သား အားနည်းသူတွေ
အတွက် အထူး အထောက်အကူဖြစ်စေတယ်။ -
4:18 - 4:20ကျန်းမာတဲ့ နှလုံးရှိသူတွေအတွက်တော့
-
4:20 - 4:24ဒီအလေ့အကျင့်က သွေးဖိအားကို ကျစေပြီး
နှလုံးဆိုင်ရာ ရောဂါအတွက် -
4:24 - 4:27အန္တရာယ်ရှိတဲ့ အကြောင်းရင်း
တွေကို လျော့ကျစေတယ်။ -
4:27 - 4:33ယောဂရဲ့ အကျယ်ပြန့်ဆုံး ကျော်ကြားတဲ့ အကျိုး
တွေက သက်သေပြဖို့ အခက်ဆုံးဖြစ်လောက်တယ်။ -
4:33 - 4:35၎င်းရဲ့ စိတ်ပိုင်းဆိုင်ရာ
သက်ရောက်မှုတွေပါ။ -
4:35 - 4:41ယောဂနဲ့ စိတ်ပိုင်း ကောင်းကျိုးသုခကြားက
ရှည်ကြာစွာ ရှိနေတဲ့ ဆက်စပ်မှုဆိုပေမဲ့ -
4:41 - 4:45ဒီအကျင့်က စိတ်ကျန်းမာရေးကို သက်ရောက်ပုံမှာ
ခိုင်မာတဲ့ အထောက်အထားမရှိသလောက်ပါ။ -
4:45 - 4:47အကြီးမားဆုံး အဆိုတစ်ခုက
-
4:47 - 4:53ယောဂဟာ စိတ်ဓာတ်ကျမှု၊ ပူပန်မှု ရောဂါ
တွေရဲ့ လက္ခဏာတွေကို ပိုကောင်းလာစေတာပါ။ -
4:53 - 4:56ဒီအခြေအနေတွေကို ရှာတွေ့မှုက
၎င်းတို့ရဲ့ ဇာစ်မြစ်နဲ့ ပြင်းထန်မှုလို -
4:56 - 5:02ကျယ်ပြန့်စွာ ခြားနားတာကြောင့် ယောဂရဲ့
သက်ရောက်မှုကို တိုင်းတာဖို့ ခက်ခဲပါတယ်။ -
5:02 - 5:05သို့ပေမဲ့ ယောဂဟာ ကမ္မဋ္ဌာန်းထိုင်ခြင်းနဲ့
-
5:05 - 5:08ဖြေလျော့ခြင်းလို စိတ်ဖိစီးမှု လက္ခဏာကို
လျော့ပါးစေဖို့ ကူညီနိုင်တယ်ဆိုတာကို -
5:08 - 5:13အကြံပြုဖို့ အထောက်အထားရှိပါတယ်။
-
5:13 - 5:16ယောဂရဲ့ သက်ရောက်မှုတွေအကြောင်း
သုတေသနက ဖွံ့ဖြိုးနေဆဲပါ။ -
5:16 - 5:21အနာဂတ်မှာ နှလုံးဖောက်ပြန်မှုတွေ၊ ကင်ဆာ
ဖြစ်နှုန်းတွေ၊ သိမှတ်မှု လုပ်ဆောင်မှုနဲ့ -
5:21 - 5:25ပိုမိုတာတွေမှာ ယောဂရဲ့ သက်ရောက်မှုကို
တိုင်းတာနိုင်တဲ့ ပါဝင်သူအစုံ ပူးပေါင်းတဲ့ -
5:25 - 5:28ပိုကြီးတဲ့
လေ့လာမှုတွေ လိုအပ်ပါလိမ့်မယ်။ -
5:28 - 5:31ဒါပေမဲ့ အခု ယောဂဟာ လေ့ကျင့်ခန်းလုပ်ဖို့၊
ဆင်ခြင်ဖို့၊ အပန်းဖြေဖို့ နည်လမ်းအဖြစ် -
5:31 - 5:35၎င်းရဲ့ ရှေးအစဉ်အလာတွေကို
ဆက်လက် သယ်ပိုးနေတုန်းပါ။
- Title:
- ယောဂက သင့်ခန္ဓာကိုယ်နှင့် သင့်ဦးနှောက်ကို အကျိုးပြုပေးပုံ။ Krishna Sudhir
- Speaker:
- Krishna Sudhir
- Description:
-
more » « less
သင်ခန်းစာ အပြည့်အစုံကို https://ed.ted.com/lessons/what-yoga-does-to-your-body-and-brain-krishna-sudhir တွင် ကြည့်ရှုပါ။
ခေတ်သစ် ယောဂအတွက် မတူညီတဲ့ နည်းလမ်းမျာစွာရှိပေမဲ့ ပုံစံအများစုက အဓိက အစိတ်အပိုင်း သုံးခုရှိပါတယ်။ ရုပ်ပိုင်း ကိုယ်ဟန်အနေအထားတွေ၊ အသက်ရှူ လေ့ကျင့်ခန်းတွေနဲ့ စိတ်ပိုင်း အာရုံပြုခြင်းပါ။ ဒီရုပ်ပိုင်းနဲ့ စိတ်ပိုင်း လေ့ကျင့်ခန်း ပေါင်းစပ်မှုဟာ ထူးခြားတဲ့ ကျန်းမာရေး အကျိုးကျေးဇူး တစ်စုကို ရရှိစေတယ်လို့ ကျယ်ပြန့်စွာ ယုံကြည်ကြတယ်။ ဒါပေမဲ့ ယောဂက သင့်ကျန်းမာရေးကို တကယ်ပဲ အကျိုးကျေးဇူးဖြစ်စေလား။ Krishna Sudhir ကနေပြီး ဒီရှေးဟောင်း အစဉ်အလာက ခန္ဓာကိုယ်နဲ့ စိတ်ကို သက်ရောက်စေပုံကို ဆန်းစစ်ထာ။ပါတယ်။
သင်ခန်းစာကို Krishna Sudhir က ပြုစုပြီး Zsuzsanna Kreif က ရိုက်ကူးထားပါတယ်။ - Video Language:
- English
- Team:
closed TED
- Project:
- TED-Ed
- Duration:
- 05:36
|
sann tint approved Burmese subtitles for What yoga does to your body and brain | |
|
sann tint edited Burmese subtitles for What yoga does to your body and brain | |
|
Myo Aung accepted Burmese subtitles for What yoga does to your body and brain | |
|
Myo Aung edited Burmese subtitles for What yoga does to your body and brain | |
|
sann tint edited Burmese subtitles for What yoga does to your body and brain | |
|
sann tint edited Burmese subtitles for What yoga does to your body and brain | |
|
sann tint edited Burmese subtitles for What yoga does to your body and brain | |
|
sann tint edited Burmese subtitles for What yoga does to your body and brain |

