ခရစ်နှစ် ၁ ရာစုနဲ့ ၅ ရာစုအတွင်း
တစ်ချိန်မှာ
ဟိန္ဒူ ပညာရှိ Patañjali ဟာ အိန္ဒိယအနှံ့မှာ
ကျင့်သုံးခဲ့ကြတဲ့ ရှေးဟောင်း
ကမ္မဋ္ဌာန်းပွားတဲ့ အစဉ်အလာတွေ
စတင်စုပေါင်းခဲ့တယ်။
အိန္ဒိယ ယဉ်ကျေးမှု ကိုယ်၌နီးပါး ရှေးကျတဲ့
နည်းစနစ်တွေကို ယောဂ သျှတ္တရလို့ခေါ်တဲ့
လက်စွဲကျမ်း ၁၉၆ ကျမ်းမှာ
သူ မှတ်တမ်းတင်ခဲ့တယ်။
ဒီစာပိုဒ်တွေက ယောဂကို ထိန်းချုပ်ခြင်း
(သို့) စင်ကြယ်တဲ့ အသိရဲ့
အဆင့်တစ်ဆင့်ရောက်ဖို့ စိတ်ကို ပြင်ပ
အရာဝတ္ထုတွေကို အာရုံစိုက်မှုမှ
သန့်စင်တဲ့ အသိစိတ်ဆီ အာရုံစိုက်
ပေးမှုလို့ အနက်ဖွင့်ပေးခဲ့တယ်။
အချိန်ကြာလာတော့ ယောဂဟာ
ကျွမ်းဘားနဲ့ နပန်းလုံးခြင်းကနေ
ရုပ်ပိုင်းအစိတ်အပိုင်းတွေ ပေါင်းစပ်လာတယ်။
ယနေ့မှာတော့ ခေတ်သစ် ယောဂ
နည်းလမ်းတွေ အနမတဂ္ဂရှိပေမဲ့
အများစုက Patañjali ရဲ့ အဓိက အစိတ်အပိုင်း
သုံးခုကို ထိန်းသိမ်းထားဆဲပါ။
ကိုယ်ဟန်အနေအထားတွေ၊ အသက်ရှူ
လေ့ကျင့်ခန်းတွေနဲ့ စိတ်ပိုင်းအာရုံပြုမှုပါ
ဒီရုပ်ပိုင်းနဲ့ စိတ်ပိုင်း
လေ့ကျင့်ခန်း ပေါင်းစပ်မှုဟာ
ထူးခြားတဲ့ ကျန်းမာရေး အကျိုးကျေးဇူးတစ်စု
ရရှိစေတယ်လို့ ကျယ်ပြန့်စွာ ယုံကြည်ကြတယ်။
ဥပမာ သန်စွမ်းမှုနဲ့ ကွေးနိုင်
ဆန့်နိုင်စွမ်း ပိုကောင်းလာခြင်း၊
နှလုံးနဲ့ အဆုတ် လုပ်ဆောင်နိုင်စွမ်း
တိုးစေခြင်း၊ စိတ်ပိုင်း သုခ ရရှိစေခြင်းပါ။
ဒါပေမဲ့ ဒီရှေးဟောင်း အစဉ်အလာရဲ့
အကျိုးကျေးဇူးတွေနဲ့ ပတ်သက်ပြီး
ခေတ်ပြိုင် လေ့လာမှုတွေက
ဘတွေကို ပြနေကြလဲ။
သုတေသီများစွာ အားထုတ်ကြပေမဲ့
ယောဂရံ့ အကျိုးကျေးဇူးတွေနဲ့ ပတ်သက်ပြီး
တိကျတဲ့ အချက်တွေ ထောက်ပြဖို့ ခက်ခဲပါတယ်။
၎င်းရဲ့ လှုပ်ရှားမှုတွေကို ထူးခြားစွာ
ပေါင်းစပ်မှုထဲက ဘယ်အစိတ်အပိုင်းက
တိကျတဲ့ ကျန်းမာရေး အကျိုးကျေးဇူး
ထုတ်ပေးတာကို ပိုင်းဖြတ်ဖို့ ခက်ခဲစေတာပါ။
နောက်ပြီး ယောဂ လေ့လာမှုတွေဟာ
မကြာခဏ စုံလင်မှု မရှိတဲ့ အရွယ်သေးငယ်တဲ့
နမူနာတွေကို အခြေခံထားပြီး
ကိုယ့်ဘာသာ တင်ပြချက်တွေကို အကြီးအကျယ်
အားကိုးမှုက ရလဒ်တွေ ပုဂ္ဂလဓိဋ္ဌာန်ကျစေတယ်။
သို့ပေမဲ့ အခြားဟာတွေထက် ပိုခိုင်မာတဲ့
သိပ္ပံနည်းကျ ထောက်ခံမှုရှိတဲ့ အခြားသော
ကျန်းမာရေး အကျိုးကျေးဇူးတွေ ရှိပါတယ်။
ပျော့ပျောင်းမှု၊ သန်စွမ်းမှုနဲ့ စရအောင်။
သင့်ခန္ဓာကိုယ်ကို ယောဂ ကိုယ်ဟန်
အနေအထားတွေအဖြစ် ကွေးလှည့်လိုက်ခြင်းက
ကြွက်သားစုမျိုးစုံကို ဆန့်ထွက်စေတယ်။
ရေတိုမှာ အကြောလျှော့ခြင်းတာ
ပိုပျော့ပျောင်းစေဖို့ ဒီကြွက်သားတွေ၊
အရွတ်တွေ၊ တံကောက်ကြောတွေရဲ့
ရေပါဝင်မှု ပမာဏကို ပြောင်းလဲနိုင်တယ်။
အချိန်ကြာလာတော့ ပုံမှန် အကြောလျှော့ခြင်းက
ပင်စည် ဆဲလ်တွေကို နှိုးဆွပေးပြီး
နောက်တော့ ၎င်းတို့က ကြွက်သားတစ်ရှူး
အသစ်တွေနဲ့ ပျော့ပျောင်းတဲ့
ကော်လာဂျင် ထုတ်ပေးတဲ့ အခြားဆဲလ်တွေကို
ခွဲခြားပေးတယ်။
မကြာခဏ အကြောလျှော့ခြင်းဟာ
ကြွက်သားတွေ တည်ဆောက်ဖို့ ခန္ဓာကိုယ်ရဲ့
သဘာဝတုံ့ပြန်မှုတွေကိုပါ လျော့စေတယ်၊
ပျော့ပျောင်းမှုရဲ့ စွမ်းဆောင်မှုတွေအတွက်
သင့်ရဲ့ နာကျင်မှု ခံနိုင်ရည်ကို တိုးစေတယ်။
အခြားဟာထက် ပျော့ပျောင်းမှုကို
ပိုတိုးတက်စေတဲ့ ယောဂ ပုံစံတစ်ခုကိုမှ
သုတေသီတွေ မတွေ့ရှိသေးတာကြောင့်
သီးခြား ကိုယ်ဟန်တွေရဲ့
သက်ရောက်မှုက မရှင်းလင်းပါ။
ဒါပေမဲ့ အခြား သက်ရောက်မှု နည်းတဲ့
လေ့ကျင့်ခန်းတွေလိုပဲ
ယောဂဟာ ကျန်းမာတဲ့လူတွေမှာ ကြံ့ခိုင်မှုနဲ့
ပျော့ပျောင်းမှု တိုးတက်စေတာက သေချာပါတယ်။
ဒီအလေ့အကျင့်ဟာ စွမ်းအားကောင်းတဲ့
လက်နက်တစ်ခု ဖြစ်နိုင်ခြေရှိတာကို ပြသတယ်။
ကြွက်သား၊ အရိုးဆိုင်ရာ ရောဂါမျိုးစုံရှိတဲ့
လူနာတွေနဲ့ ပတ်သက်နေတဲ့ လေ့လာမှုတွေမှာ
အခြား သက်ရောက်မှု နည်းတဲ့ လေ့ကျင့်ခန်း
ပုံစံတွေထက် ယောဂဟာ နာကျင်မှုကို လျော့စေကာ
လှုပ်ရှားနိုင်မှုကို တိုးတက်စေရာမှာ
ပိုအထောက်အကူ ဖြစ်ခဲ့တယ်။
ရှိနေတဲ့ လေ့ကျင့်ခန်း အစီအစဉ်မှာ
ယောဂကို ပေါင်းထည့်ခြင်းဟာ
နာတာရှည် ခါးနာတာ၊ အဆစ်မမြစ်ရောင်တာနဲ့
အရိုးပွလို အခြေအနေတွေကို ကုဖို့ ခက်တာအတွက်
သန်စွမ်းမှုနဲ့ ပျော့ပျောင်းမှုကို
တိုးတက်စေနိုင်တယ်။
ယောဂရဲ့ ကာယ လေ့ကျင့်ခန်းနဲ့
ပုံစံသွင်းထားတဲ့အသက်ရှူမှု ပေါင်းစပ်မှုဟာ
အဆုတ် ကျန်းမာရေးအတွက်
အလားတူ ကုသနည်းဆိုတာ ပြသထားတယ်။
နာတာရှည် ချောင်းဆိုးရင်ကျပ်၊ အဆုပ်ပွတာနဲ့
ပန်းနာရောဂါလို အဆုတ်ရောဂါတွေဟာ
အောက်စီဂျင်ကို သယ်ဆောင်တဲ့
လမ်းကြောင်းကို ကျုံ့စဉ်မှာ
သွေးထဲကို အောက်စီဂျင် ယူလာတဲ့
အလွှာပါးကို အားနည်းစေတယ်။
ဒါပေမဲ့ ယောဂမှာ တွေ့ရှိရတဲ့
ဒီလို အသက်ရှူ လေ့ကျင့်ခန်းတွေက
ဒီလမ်းကြောင်းတွေကို တင်းကျပ်စေတဲ့
ကြွက်သားတွေကို ပြေလျော့စေကာ
အောက်စီဂျင် ပျံ့နှံ့မှုကို ပိုကောင်းစေတယ်။
သွေးရဲ့ အောက်စီဂျင် ပါဝင်မှု ပမာဏကို
တိုးစေခြင်းဟာ ခန္ဓာကိုယ်အနှံ့ အောက်စီဂျင်
အလုံအလောက် ပိုလွတ်ဖို့
ခက်နေတဲ့နှလုံး ကြွက်သား အားနည်းသူတွေ
အတွက် အထူး အထောက်အကူဖြစ်စေတယ်။
ကျန်းမာတဲ့ နှလုံးရှိသူတွေအတွက်တော့
ဒီအလေ့အကျင့်က သွေးဖိအားကို ကျစေပြီး
နှလုံးဆိုင်ရာ ရောဂါအတွက်
အန္တရာယ်ရှိတဲ့ အကြောင်းရင်း
တွေကို လျော့ကျစေတယ်။
ယောဂရဲ့ အကျယ်ပြန့်ဆုံး ကျော်ကြားတဲ့ အကျိုး
တွေက သက်သေပြဖို့ အခက်ဆုံးဖြစ်လောက်တယ်။
၎င်းရဲ့ စိတ်ပိုင်းဆိုင်ရာ
သက်ရောက်မှုတွေပါ။
ယောဂနဲ့ စိတ်ပိုင်း ကောင်းကျိုးသုခကြားက
ရှည်ကြာစွာ ရှိနေတဲ့ ဆက်စပ်မှုဆိုပေမဲ့
ဒီအကျင့်က စိတ်ကျန်းမာရေးကို သက်ရောက်ပုံမှာ
ခိုင်မာတဲ့ အထောက်အထားမရှိသလောက်ပါ။
အကြီးမားဆုံး အဆိုတစ်ခုက
ယောဂဟာ စိတ်ဓာတ်ကျမှု၊ ပူပန်မှု ရောဂါ
တွေရဲ့ လက္ခဏာတွေကို ပိုကောင်းလာစေတာပါ။
ဒီအခြေအနေတွေကို ရှာတွေ့မှုက
၎င်းတို့ရဲ့ ဇာစ်မြစ်နဲ့ ပြင်းထန်မှုလို
ကျယ်ပြန့်စွာ ခြားနားတာကြောင့် ယောဂရဲ့
သက်ရောက်မှုကို တိုင်းတာဖို့ ခက်ခဲပါတယ်။
သို့ပေမဲ့ ယောဂဟာ ကမ္မဋ္ဌာန်းထိုင်ခြင်းနဲ့
ဖြေလျော့ခြင်းလို စိတ်ဖိစီးမှု လက္ခဏာကို
လျော့ပါးစေဖို့ ကူညီနိုင်တယ်ဆိုတာကို
အကြံပြုဖို့ အထောက်အထားရှိပါတယ်။
ယောဂရဲ့ သက်ရောက်မှုတွေအကြောင်း
သုတေသနက ဖွံ့ဖြိုးနေဆဲပါ။
အနာဂတ်မှာ နှလုံးဖောက်ပြန်မှုတွေ၊ ကင်ဆာ
ဖြစ်နှုန်းတွေ၊ သိမှတ်မှု လုပ်ဆောင်မှုနဲ့
ပိုမိုတာတွေမှာ ယောဂရဲ့ သက်ရောက်မှုကို
တိုင်းတာနိုင်တဲ့ ပါဝင်သူအစုံ ပူးပေါင်းတဲ့
ပိုကြီးတဲ့
လေ့လာမှုတွေ လိုအပ်ပါလိမ့်မယ်။
ဒါပေမဲ့ အခု ယောဂဟာ လေ့ကျင့်ခန်းလုပ်ဖို့၊
ဆင်ခြင်ဖို့၊ အပန်းဖြေဖို့ နည်လမ်းအဖြစ်
၎င်းရဲ့ ရှေးအစဉ်အလာတွေကို
ဆက်လက် သယ်ပိုးနေတုန်းပါ။