ကမ္ဘာပထမဆုံးစက်ရုပ်ကြီး Talos အကြောင်း ဂရိဒဏ္ဏာရီ - Adrienne Mayor
-
0:07 - 0:13နည်းပညာနတ်ဘုရား Hephaestus ဟာ
သူ့အကောင်းဆုံးလက်ရာအတွက် အားထည့်နေပါတယ် -
0:13 - 0:16သူဟာ Crete ကျွန်းနိုင်ငံလေး
ကျူးကျော်သူတွေ နည်းပါးသွားအောင် -
0:16 - 0:20Minos ဘုရင်အတွက်
ကာကွယ်ရေးစနစ်အသစ်တစ်ခု ဖန်တီးနေတာပါ -
0:20 - 0:23သက်ရှိအစောင့်လက်နက်တွေနဲ့ မလုံလောက်လို့
-
0:23 - 0:27ဘယ်သူမှ မယှဥ်နိုင်တဲ့ ကာကွယ်သူတစ်ဦးကို
ပန်းပဲဖိုမီးတွေကြားမှာ -
0:27 - 0:29နတ်ဘုရားက တီထွင်ပေးခဲ့တာပါ
-
0:29 - 0:34ပြောင်လက်တောက်ပနေတဲ့ ကြေးနဲ့လုပ်ထားပြီး
လူလွန်မသား အစွမ်းတွေနဲ့ -
0:34 - 0:37နတ်ဘုရားတွေရဲ့ ဇီ၀သွေးရည်ဖြစ်တဲ့ ichor
အစွမ်း သုံးထားတဲ့ -
0:37 - 0:41ဧရာမစက်ရုပ်ကြီးတစ်ခုကို
နတ်ဘုရား Hephaestus က တီထွင်ခဲ့တာပါ။ -
0:41 - 0:45ဒီစက်ရုပ်ကြီးဟာ Hephaestus
တီထွင်ခဲ့ဖူးတာတွေနဲ့ လုံးဝမတူပါဘူး။ -
0:45 - 0:49နတ်ဘုရားဟာ စက်ရုပ်ကြီးကို Talos လို့
နာမည်ပေးခဲ့ပြီး ပထမဆုံးစက်ရုပ်ဖြစ်လာပါတယ် -
0:49 - 0:54ကြေးစက်ရုပ်အစောင့်ကြီးဟာ ကျွန်းတဝှိက်မှာ
တနေ့သုံးကြိမ် ချီတက်ကင်းလှည့်ပြီး -
0:54 - 0:55ခိုးဝင်သူတွေကို ရှာဖွေပါတယ်။
-
0:55 - 0:58ကမ်းခြေကိုကပ်လာတဲ့ သင်္ဘောတွေကို
တွေ့တာနဲ့ -
0:58 - 1:01သင်္ဘောလားရာလမ်းကြောင်းတွေကို
ကျောက်တုံးကြီးတွေနဲ့ ပစ်ပါတယ်။ -
1:01 - 1:03အသက်ရှင်ကျန်ရစ်သူတွေ ကမ်းခြေကို
မျောပါလာခဲ့ရင် -
1:03 - 1:08သူ့ရဲ့ ကြေးကိုယ်ထည်ကြီးကို ပူအောင်လုပ်ပြီး
ရင်ဘတ်မှာ ညှစ်သတ်ပစ်ပါတယ်။ -
1:08 - 1:13ဒီလိုနဲ့ သူ့ရဲ့တာဝန်ကို နေ့စဥ်နေ့တိုင်း
ဦးလည်မသုန် ကျေပွန်စွာ ထမ်းဆောင်ပါတယ် -
1:13 - 1:15သို့သော် စက်ရုပ်အကျင့်တွေနဲ့ ဆန့်ကျင်စွာပဲ
-
1:15 - 1:19သူ့အတွင်းမှာ လူတွေထင်မှတ်မထားတဲ့
လူစိတ် ရှိနေခဲ့ပါတယ် -
1:19 - 1:20မကြာခင်မှာပဲ
-
1:20 - 1:25သူ့ရဲ့စိတ်ကို စမ်းသပ်မယ့်
သင်္ဘောတစ်စင်းနဲ့ တွေ့ပါတော့တယ် -
1:25 - 1:28Jason, Medea နဲ့ Argonauts တို့ရဲ့
ပေတိပေစုတ်သင်္ဘောသားတွေဟာ -
1:28 - 1:33ရွှေသိုးမွှေးရဖို့ အခက်အခဲပေါင်းစုံကို
ကျော်လွှားခဲ့ပြီး -
1:33 - 1:35အပြန်ခရီးမှာလည်း ပြဿနာပေါင်းစုံ
ကြုံနေရတာကြောင့် -
1:35 - 1:39ပင်ပန်းနေကြပြီး စိတ်ချရတဲ့ဆိပ်ကမ်းတစ်ခုမှာ
ကမ်းကပ် အနားယူချင်နေပါတယ်။ -
1:39 - 1:42သူတို့ဟာ Crete ရဲ့
ကြေးစက်ရုပ်ကြီးအကြောင်း ကြားသိရတဲ့အခါ -
1:42 - 1:45ပင်လယ်အော်တွင်း ခိုလှုံဖို့ကြိုးစားပေမဲ့
-
1:45 - 1:50ကျောက်မချခင်မှာပဲ Talos က
သူတို့ကို တွေ့သွားပါတယ်။ -
1:50 - 1:54အံ့ဖွယ်စက်ရုပ်ကြီး ချဥ်းကပ်လာတာကို
Argonauts က မှင်သက်နေမိချိန်မှာပဲ -
1:54 - 1:58Medea က စက်ရုပ်ကြီးရဲ့ ဖနောင့်က
တောက်ပနေတဲ့ အဆို့ကို သတိထားမိသွားကာ -
1:58 - 2:01ဉာဏ်နီဉာဏ်နက်ထုတ်ပြီး
ကံစမ်းဖို့ ကြံစည်ပါတယ် -
2:01 - 2:03Medea က
-
2:03 - 2:06တကယ်လို့ Talos သာ
ဖနောင့်က အဆို့ကို ဖြုတ်ပေးရင် -
2:06 - 2:08Talos ကို မသေအောင် လုပ်ပေးမယ်လို့
ကမ်းလှမ်းပါတယ်။ -
2:08 - 2:11Medea ရဲ့ ကမ်းလှမ်းချက်ဟာ
စက်ရုပ်ကြီးရဲ့အတွင်းစိတ်ထဲက -
2:11 - 2:14စက်ရဲ့ သဘာဝကို မသိခြင်း၊
လူလို အသက်ရှည်ချင်ခြင်းကို -
2:14 - 2:19ဆွဲကိုင်လှုပ်ခဲ့နိုင်တာကြောင့်
စက်ရုပ်ကြီးဟာ သဘောတူခဲ့ပါတယ်။ -
2:19 - 2:23Medea က ဂါထာမန္တာန်တွေ ရေရွတ်နေချိန်မှာ
Jason က အဆို့ကို ဖြုတ်ပါတယ်။ -
2:23 - 2:28Medea မျှော်မှန်းထားသလိုပဲ အဆို့ဟာ
စက်ရုပ်ကြီးအတွက် အားနည်းချက်ဖြစ်နေပြီး -
2:28 - 2:34ichor တွေ ချော်ရည်တွေလို စီးထွက်သွားတာနဲ့
Talos လည်း အင်အားနည်းသွားပါတယ်။ -
2:34 - 2:37စက်ရုပ်ကြီးဟာ အသံအကျယ်ကြီး
မြည်ဟိန်းကာ လဲကျသွားတဲ့နောက်မှာတော့ -
2:37 - 2:41Argonauts တို့ လွတ်သွားပြီး
အိမ်ပြန်သွားခဲ့ပါတယ်။ -
2:41 - 2:44ဒီပုံပြင်ကို ၇၀၀ ဘီစီမှာ မှတ်တမ်းတင်ထားတာ
စတင်တွေ့ရှိခဲ့ပြီး -
2:44 - 2:48စက်ရုပ်အသိဉာဏ်နဲ့ ပတ်သက်တဲ့
တွေးစရာ ပူပန်စရာတွေ ပေးခဲ့သလို -
2:48 - 2:52ရှေးခေတ် သိပ္ပံဝတ္တုတစ်ပုဒ်၊ ဇာတ်အိမ်တစ်ခု
ဖြစ်ခဲ့ပါတယ်။ -
2:52 - 2:57ဒါပေမဲ့ သမိုင်းပညာရှင်တွေအဆိုအရတော့
ရှေးစက်ရုပ်တွေဟာ ဒဏ္ဏာရီတွေသာ ဖြစ်ပါတယ် -
2:57 - 2:59ဘီစီ ၄ ရာစုမှာတော့
-
2:59 - 3:02ဂရိအင်ဂျင်နီယာတွေက အစေခံစက်ရုပ်၊
ငှက်စက်ရုပ်စတဲ့ စက်ရုပ်တွေကို -
3:02 - 3:06စတင်ပြုလုပ်တီထွင်ခဲ့ကြပေမဲ့
-
3:06 - 3:09Talos လောက်တော့ နာမည်မကြီးခဲ့ပါဘူး
-
3:09 - 3:13Talos ဟာ ဂရိဒင်္ဂါးတွေ၊ ပန်းအိုးတွေ၊
ပန်းချီကားတွေ၊ နံရံဆေးရေးပန်းချီတွေ၊ -
3:13 - 3:15ပြဇာတ်တွေထိ နာမည်ကြီးခဲ့တာပါ
-
3:15 - 3:17လွန်ခဲ့တဲ့ နှစ် ၂၅၀၀ ကတည်းက
-
3:17 - 3:20ဂရိတွေဟာ လူသားနဲ့ စက်ရုပ်ကြားက
ခြားနားခြင်းမျဥ်းကို -
3:20 - 3:23ယနေ့ခေတ် AI ဇာတ်လမ်းပုံပြင်ဝတ္တုတွေလို
-
3:23 - 3:26ရှာဖွေစူးစမ်းနေကြပြီ ဖြစ်ပါတယ်
-
3:26 - 3:32ဒီပုံပြင်မှာ စက်ရုပ်ကြီးရဲ့နှလုံးသားပါမက
စက်ရုပ်အသိဉာဏ်ကိုပါ ဖေါ်ပြထားတာပါ -
3:32 - 3:36ဘီစီ ၅ ရာစု ပန်းအိုးတစ်လုံးပေါ်က
Talos ဇာတ်ပန်းချီမှာဆိုရင် -
3:36 - 3:40ပန်းချီဆရာက စက်ရုပ်ကြီးသေဆုံးခန်းမှာ
စက်ရုပ်ရဲ့ကြေးပါးပေါ်က -
3:40 - 3:43မျက်ရည်တစ်စက် လိမ့်ကျလာပုံကို
ရေးဆွဲပုံဖော်ထားပါတယ်
- Title:
- ကမ္ဘာပထမဆုံးစက်ရုပ်ကြီး Talos အကြောင်း ဂရိဒဏ္ဏာရီ - Adrienne Mayor
- Speaker:
- Adrienne Mayor
- Description:
-
သင်ခန်းစာ အပြည့်အစုံ - https://ed.ted.com/lessons/the-greek-myth-of-talos-the-first-robot-adrienne-mayor
နည်းပညာနတ်ဘုရား Hephaestus ဟာ သူ့ရဲ့ အပြောင်မြောက်ဆုံးလက်ရာအတွက် အားထည့်နေပါတယ်။ သူဟာ Crete ကျွန်းက Minos ဘုရင်အတွက် ကျူးကျော်သူတွေကို ကာကွယ်မယ့် ကာကွယ်ရေးစနစ်တစ်ခု တီထွင်နေတာဖြစ်ပါတယ်။ သက်ရှိအစောင့်တွေ သာမာန်လက်နက်တွေနဲ့ မလုံလောက်တဲ့အတွက်၊ အမျှော်အမြင်ရှိတဲ့ နတ်ဘုရားက ဘယ်သူမှ ယှဥ်မရတဲ့ ကာကွယ်ရေးပစ္စည်းတစ်ခုကို တီထွင်ခဲ့ပါတယ်။ Adrienna Mayor က ပထမဆုံးစက်ရုပ်ရဲ့ ဒဏ္ဏာရီကို အတွင်းကျကျလေ့လာပြီး တင်ဆက်ထားပါတယ်။
တင်ဆက်သူ - Adrienna Mayor
ဒါရိုက်တာ - Cabong စတူရီယို - Video Language:
- English
- Team:
- closed TED
- Project:
- TED-Ed
- Duration:
- 03:43
sann tint approved Burmese subtitles for The Greek myth of Talos, the first robot | ||
sann tint accepted Burmese subtitles for The Greek myth of Talos, the first robot | ||
sann tint edited Burmese subtitles for The Greek myth of Talos, the first robot | ||
sann tint edited Burmese subtitles for The Greek myth of Talos, the first robot | ||
Ko Ko Oo edited Burmese subtitles for The Greek myth of Talos, the first robot | ||
Ko Ko Oo edited Burmese subtitles for The Greek myth of Talos, the first robot | ||
Ko Ko Oo edited Burmese subtitles for The Greek myth of Talos, the first robot | ||
Ko Ko Oo edited Burmese subtitles for The Greek myth of Talos, the first robot |