1 00:00:07,308 --> 00:00:12,658 နည်းပညာနတ်ဘုရား Hephaestus ဟာ သူ့အကောင်းဆုံးလက်ရာအတွက် အားထည့်နေပါတယ် 2 00:00:12,658 --> 00:00:15,946 သူဟာ Crete ကျွန်းနိုင်ငံလေး ကျူးကျော်သူတွေ နည်းပါးသွားအောင် 3 00:00:15,946 --> 00:00:19,947 Minos ဘုရင်အတွက် ကာကွယ်ရေးစနစ်အသစ်တစ်ခု ဖန်တီးနေတာပါ 4 00:00:19,947 --> 00:00:23,279 သက်ရှိအစောင့်လက်နက်တွေနဲ့ မလုံလောက်လို့ 5 00:00:23,279 --> 00:00:27,339 ဘယ်သူမှ မယှဥ်နိုင်တဲ့ ကာကွယ်သူတစ်ဦးကို ပန်းပဲဖိုမီးတွေကြားမှာ 6 00:00:27,339 --> 00:00:29,025 နတ်ဘုရားက တီထွင်ပေးခဲ့တာပါ 7 00:00:29,025 --> 00:00:33,535 ပြောင်လက်တောက်ပနေတဲ့ ကြေးနဲ့လုပ်ထားပြီး လူလွန်မသား အစွမ်းတွေနဲ့ 8 00:00:33,538 --> 00:00:37,227 နတ်ဘုရားတွေရဲ့ ဇီ၀သွေးရည်ဖြစ်တဲ့ ichor အစွမ်း သုံးထားတဲ့ 9 00:00:37,227 --> 00:00:40,522 ဧရာမစက်ရုပ်ကြီးတစ်ခုကို နတ်ဘုရား Hephaestus က တီထွင်ခဲ့တာပါ။ 10 00:00:40,522 --> 00:00:44,743 ဒီစက်ရုပ်ကြီးဟာ Hephaestus တီထွင်ခဲ့ဖူးတာတွေနဲ့ လုံးဝမတူပါဘူး။ 11 00:00:44,743 --> 00:00:49,433 နတ်ဘုရားဟာ စက်ရုပ်ကြီးကို Talos လို့ နာမည်ပေးခဲ့ပြီး ပထမဆုံးစက်ရုပ်ဖြစ်လာပါတယ် 12 00:00:49,433 --> 00:00:53,605 ကြေးစက်ရုပ်အစောင့်ကြီးဟာ ကျွန်းတဝှိက်မှာ တနေ့သုံးကြိမ် ချီတက်ကင်းလှည့်ပြီး 13 00:00:53,605 --> 00:00:55,389 ခိုးဝင်သူတွေကို ရှာဖွေပါတယ်။ 14 00:00:55,389 --> 00:00:57,856 ကမ်းခြေကိုကပ်လာတဲ့ သင်္ဘောတွေကို တွေ့တာနဲ့ 15 00:00:57,856 --> 00:01:00,763 သင်္ဘောလားရာလမ်းကြောင်းတွေကို ကျောက်တုံးကြီးတွေနဲ့ ပစ်ပါတယ်။ 16 00:01:00,763 --> 00:01:02,957 အသက်ရှင်ကျန်ရစ်သူတွေ ကမ်းခြေကို မျောပါလာခဲ့ရင် 17 00:01:02,957 --> 00:01:08,047 သူ့ရဲ့ ကြေးကိုယ်ထည်ကြီးကို ပူအောင်လုပ်ပြီး ရင်ဘတ်မှာ ညှစ်သတ်ပစ်ပါတယ်။ 18 00:01:08,047 --> 00:01:12,961 ဒီလိုနဲ့ သူ့ရဲ့တာဝန်ကို နေ့စဥ်နေ့တိုင်း ဦးလည်မသုန် ကျေပွန်စွာ ထမ်းဆောင်ပါတယ် 19 00:01:12,961 --> 00:01:15,040 သို့သော် စက်ရုပ်အကျင့်တွေနဲ့ ဆန့်ကျင်စွာပဲ 20 00:01:15,040 --> 00:01:19,200 သူ့အတွင်းမှာ လူတွေထင်မှတ်မထားတဲ့ လူစိတ် ရှိနေခဲ့ပါတယ် 21 00:01:19,200 --> 00:01:20,124 မကြာခင်မှာပဲ 22 00:01:20,124 --> 00:01:24,834 သူ့ရဲ့စိတ်ကို စမ်းသပ်မယ့် သင်္ဘောတစ်စင်းနဲ့ တွေ့ပါတော့တယ် 23 00:01:24,834 --> 00:01:28,269 Jason, Medea နဲ့ Argonauts တို့ရဲ့ ပေတိပေစုတ်သင်္ဘောသားတွေဟာ 24 00:01:28,269 --> 00:01:32,519 ရွှေသိုးမွှေးရဖို့ အခက်အခဲပေါင်းစုံကို ကျော်လွှားခဲ့ပြီး 25 00:01:32,519 --> 00:01:34,972 အပြန်ခရီးမှာလည်း ပြဿနာပေါင်းစုံ ကြုံနေရတာကြောင့် 26 00:01:34,972 --> 00:01:38,969 ပင်ပန်းနေကြပြီး စိတ်ချရတဲ့ဆိပ်ကမ်းတစ်ခုမှာ ကမ်းကပ် အနားယူချင်နေပါတယ်။ 27 00:01:38,969 --> 00:01:42,420 သူတို့ဟာ Crete ရဲ့ ကြေးစက်ရုပ်ကြီးအကြောင်း ကြားသိရတဲ့အခါ 28 00:01:42,420 --> 00:01:44,902 ပင်လယ်အော်တွင်း ခိုလှုံဖို့ကြိုးစားပေမဲ့ 29 00:01:44,902 --> 00:01:49,872 ကျောက်မချခင်မှာပဲ Talos က သူတို့ကို တွေ့သွားပါတယ်။ 30 00:01:49,872 --> 00:01:53,668 အံ့ဖွယ်စက်ရုပ်ကြီး ချဥ်းကပ်လာတာကို Argonauts က မှင်သက်နေမိချိန်မှာပဲ 31 00:01:53,668 --> 00:01:58,068 Medea က စက်ရုပ်ကြီးရဲ့ ဖနောင့်က တောက်ပနေတဲ့ အဆို့ကို သတိထားမိသွားကာ 32 00:01:58,068 --> 00:02:00,757 ဉာဏ်နီဉာဏ်နက်ထုတ်ပြီး ကံစမ်းဖို့ ကြံစည်ပါတယ် 33 00:02:00,757 --> 00:02:02,989 Medea က 34 00:02:02,989 --> 00:02:05,593 တကယ်လို့ Talos သာ ဖနောင့်က အဆို့ကို ဖြုတ်ပေးရင် 35 00:02:05,593 --> 00:02:08,206 Talos ကို မသေအောင် လုပ်ပေးမယ်လို့ ကမ်းလှမ်းပါတယ်။ 36 00:02:08,206 --> 00:02:11,372 Medea ရဲ့ ကမ်းလှမ်းချက်ဟာ စက်ရုပ်ကြီးရဲ့အတွင်းစိတ်ထဲက 37 00:02:11,372 --> 00:02:13,869 စက်ရဲ့ သဘာဝကို မသိခြင်း၊ လူလို အသက်ရှည်ချင်ခြင်းကို 38 00:02:13,869 --> 00:02:18,659 ဆွဲကိုင်လှုပ်ခဲ့နိုင်တာကြောင့် စက်ရုပ်ကြီးဟာ သဘောတူခဲ့ပါတယ်။ 39 00:02:18,659 --> 00:02:22,971 Medea က ဂါထာမန္တာန်တွေ ရေရွတ်နေချိန်မှာ Jason က အဆို့ကို ဖြုတ်ပါတယ်။ 40 00:02:22,971 --> 00:02:27,901 Medea မျှော်မှန်းထားသလိုပဲ အဆို့ဟာ စက်ရုပ်ကြီးအတွက် အားနည်းချက်ဖြစ်နေပြီး 41 00:02:27,901 --> 00:02:33,804 ichor တွေ ချော်ရည်တွေလို စီးထွက်သွားတာနဲ့ Talos လည်း အင်အားနည်းသွားပါတယ်။ 42 00:02:33,804 --> 00:02:36,943 စက်ရုပ်ကြီးဟာ အသံအကျယ်ကြီး မြည်ဟိန်းကာ လဲကျသွားတဲ့နောက်မှာတော့ 43 00:02:36,943 --> 00:02:40,508 Argonauts တို့ လွတ်သွားပြီး အိမ်ပြန်သွားခဲ့ပါတယ်။ 44 00:02:40,508 --> 00:02:44,310 ဒီပုံပြင်ကို ၇၀၀ ဘီစီမှာ မှတ်တမ်းတင်ထားတာ စတင်တွေ့ရှိခဲ့ပြီး 45 00:02:44,310 --> 00:02:48,404 စက်ရုပ်အသိဉာဏ်နဲ့ ပတ်သက်တဲ့ တွေးစရာ ပူပန်စရာတွေ ပေးခဲ့သလို 46 00:02:48,404 --> 00:02:52,399 ရှေးခေတ် သိပ္ပံဝတ္တုတစ်ပုဒ်၊ ဇာတ်အိမ်တစ်ခု ဖြစ်ခဲ့ပါတယ်။ 47 00:02:52,399 --> 00:02:56,739 ဒါပေမဲ့ သမိုင်းပညာရှင်တွေအဆိုအရတော့ ရှေးစက်ရုပ်တွေဟာ ဒဏ္ဏာရီတွေသာ ဖြစ်ပါတယ် 48 00:02:56,739 --> 00:02:58,583 ဘီစီ ၄ ရာစုမှာတော့ 49 00:02:58,583 --> 00:03:01,949 ဂရိအင်ဂျင်နီယာတွေက အစေခံစက်ရုပ်၊ ငှက်စက်ရုပ်စတဲ့ စက်ရုပ်တွေကို 50 00:03:01,949 --> 00:03:05,946 စတင်ပြုလုပ်တီထွင်ခဲ့ကြပေမဲ့ 51 00:03:05,946 --> 00:03:08,748 Talos လောက်တော့ နာမည်မကြီးခဲ့ပါဘူး 52 00:03:08,748 --> 00:03:12,509 Talos ဟာ ဂရိဒင်္ဂါးတွေ၊ ပန်းအိုးတွေ၊ ပန်းချီကားတွေ၊ နံရံဆေးရေးပန်းချီတွေ၊ 53 00:03:12,509 --> 00:03:14,508 ပြဇာတ်တွေထိ နာမည်ကြီးခဲ့တာပါ 54 00:03:14,508 --> 00:03:16,919 လွန်ခဲ့တဲ့ နှစ် ၂၅၀၀ ကတည်းက 55 00:03:16,919 --> 00:03:20,240 ဂရိတွေဟာ လူသားနဲ့ စက်ရုပ်ကြားက ခြားနားခြင်းမျဥ်းကို 56 00:03:20,240 --> 00:03:22,576 ယနေ့ခေတ် AI ဇာတ်လမ်းပုံပြင်ဝတ္တုတွေလို 57 00:03:22,576 --> 00:03:25,810 ရှာဖွေစူးစမ်းနေကြပြီ ဖြစ်ပါတယ် 58 00:03:25,810 --> 00:03:31,736 ဒီပုံပြင်မှာ စက်ရုပ်ကြီးရဲ့နှလုံးသားပါမက စက်ရုပ်အသိဉာဏ်ကိုပါ ဖေါ်ပြထားတာပါ 59 00:03:31,736 --> 00:03:36,226 ဘီစီ ၅ ရာစု ပန်းအိုးတစ်လုံးပေါ်က Talos ဇာတ်ပန်းချီမှာဆိုရင် 60 00:03:36,226 --> 00:03:39,536 ပန်းချီဆရာက စက်ရုပ်ကြီးသေဆုံးခန်းမှာ စက်ရုပ်ရဲ့ကြေးပါးပေါ်က 61 00:03:39,536 --> 00:03:42,586 မျက်ရည်တစ်စက် လိမ့်ကျလာပုံကို ရေးဆွဲပုံဖော်ထားပါတယ်