WEBVTT 00:00:07.308 --> 00:00:12.658 နည်းပညာနတ်ဘုရား Hephaestus ဟာ သူ့အကောင်းဆုံးလက်ရာအတွက် အားထည့်နေပါတယ် 00:00:12.658 --> 00:00:15.946 သူဟာ Crete ကျွန်းနိုင်ငံလေး ကျူးကျော်သူတွေ နည်းပါးသွားအောင် 00:00:15.946 --> 00:00:19.947 Minos ဘုရင်အတွက် ကာကွယ်ရေးစနစ်အသစ်တစ်ခု ဖန်တီးနေတာပါ 00:00:19.947 --> 00:00:23.279 သက်ရှိအစောင့်လက်နက်တွေနဲ့ မလုံလောက်လို့ 00:00:23.279 --> 00:00:27.339 ဘယ်သူမှ မယှဥ်နိုင်တဲ့ ကာကွယ်သူတစ်ဦးကို ပန်းပဲဖိုမီးတွေကြားမှာ 00:00:27.339 --> 00:00:29.025 နတ်ဘုရားက တီထွင်ပေးခဲ့တာပါ 00:00:29.025 --> 00:00:33.535 ပြောင်လက်တောက်ပနေတဲ့ ကြေးနဲ့လုပ်ထားပြီး လူလွန်မသား အစွမ်းတွေနဲ့ 00:00:33.538 --> 00:00:37.227 နတ်ဘုရားတွေရဲ့ ဇီ၀သွေးရည်ဖြစ်တဲ့ ichor အစွမ်း သုံးထားတဲ့ 00:00:37.227 --> 00:00:40.522 ဧရာမစက်ရုပ်ကြီးတစ်ခုကို နတ်ဘုရား Hephaestus က တီထွင်ခဲ့တာပါ။ 00:00:40.522 --> 00:00:44.743 ဒီစက်ရုပ်ကြီးဟာ Hephaestus တီထွင်ခဲ့ဖူးတာတွေနဲ့ လုံးဝမတူပါဘူး။ 00:00:44.743 --> 00:00:49.433 နတ်ဘုရားဟာ စက်ရုပ်ကြီးကို Talos လို့ နာမည်ပေးခဲ့ပြီး ပထမဆုံးစက်ရုပ်ဖြစ်လာပါတယ် NOTE Paragraph 00:00:49.433 --> 00:00:53.605 ကြေးစက်ရုပ်အစောင့်ကြီးဟာ ကျွန်းတဝှိက်မှာ တနေ့သုံးကြိမ် ချီတက်ကင်းလှည့်ပြီး 00:00:53.605 --> 00:00:55.389 ခိုးဝင်သူတွေကို ရှာဖွေပါတယ်။ 00:00:55.389 --> 00:00:57.856 ကမ်းခြေကိုကပ်လာတဲ့ သင်္ဘောတွေကို တွေ့တာနဲ့ 00:00:57.856 --> 00:01:00.763 သင်္ဘောလားရာလမ်းကြောင်းတွေကို ကျောက်တုံးကြီးတွေနဲ့ ပစ်ပါတယ်။ 00:01:00.763 --> 00:01:02.957 အသက်ရှင်ကျန်ရစ်သူတွေ ကမ်းခြေကို မျောပါလာခဲ့ရင် 00:01:02.957 --> 00:01:08.047 သူ့ရဲ့ ကြေးကိုယ်ထည်ကြီးကို ပူအောင်လုပ်ပြီး ရင်ဘတ်မှာ ညှစ်သတ်ပစ်ပါတယ်။ 00:01:08.047 --> 00:01:12.961 ဒီလိုနဲ့ သူ့ရဲ့တာဝန်ကို နေ့စဥ်နေ့တိုင်း ဦးလည်မသုန် ကျေပွန်စွာ ထမ်းဆောင်ပါတယ် 00:01:12.961 --> 00:01:15.040 သို့သော် စက်ရုပ်အကျင့်တွေနဲ့ ဆန့်ကျင်စွာပဲ 00:01:15.040 --> 00:01:19.200 သူ့အတွင်းမှာ လူတွေထင်မှတ်မထားတဲ့ လူစိတ် ရှိနေခဲ့ပါတယ် 00:01:19.200 --> 00:01:20.124 မကြာခင်မှာပဲ 00:01:20.124 --> 00:01:24.834 သူ့ရဲ့စိတ်ကို စမ်းသပ်မယ့် သင်္ဘောတစ်စင်းနဲ့ တွေ့ပါတော့တယ် NOTE Paragraph 00:01:24.834 --> 00:01:28.269 Jason, Medea နဲ့ Argonauts တို့ရဲ့ ပေတိပေစုတ်သင်္ဘောသားတွေဟာ 00:01:28.269 --> 00:01:32.519 ရွှေသိုးမွှေးရဖို့ အခက်အခဲပေါင်းစုံကို ကျော်လွှားခဲ့ပြီး 00:01:32.519 --> 00:01:34.972 အပြန်ခရီးမှာလည်း ပြဿနာပေါင်းစုံ ကြုံနေရတာကြောင့် 00:01:34.972 --> 00:01:38.969 ပင်ပန်းနေကြပြီး စိတ်ချရတဲ့ဆိပ်ကမ်းတစ်ခုမှာ ကမ်းကပ် အနားယူချင်နေပါတယ်။ 00:01:38.969 --> 00:01:42.420 သူတို့ဟာ Crete ရဲ့ ကြေးစက်ရုပ်ကြီးအကြောင်း ကြားသိရတဲ့အခါ 00:01:42.420 --> 00:01:44.902 ပင်လယ်အော်တွင်း ခိုလှုံဖို့ကြိုးစားပေမဲ့ 00:01:44.902 --> 00:01:49.872 ကျောက်မချခင်မှာပဲ Talos က သူတို့ကို တွေ့သွားပါတယ်။ NOTE Paragraph 00:01:49.872 --> 00:01:53.668 အံ့ဖွယ်စက်ရုပ်ကြီး ချဥ်းကပ်လာတာကို Argonauts က မှင်သက်နေမိချိန်မှာပဲ 00:01:53.668 --> 00:01:58.068 Medea က စက်ရုပ်ကြီးရဲ့ ဖနောင့်က တောက်ပနေတဲ့ အဆို့ကို သတိထားမိသွားကာ 00:01:58.068 --> 00:02:00.757 ဉာဏ်နီဉာဏ်နက်ထုတ်ပြီး ကံစမ်းဖို့ ကြံစည်ပါတယ် 00:02:00.757 --> 00:02:02.989 Medea က 00:02:02.989 --> 00:02:05.593 တကယ်လို့ Talos သာ ဖနောင့်က အဆို့ကို ဖြုတ်ပေးရင် 00:02:05.593 --> 00:02:08.206 Talos ကို မသေအောင် လုပ်ပေးမယ်လို့ ကမ်းလှမ်းပါတယ်။ 00:02:08.206 --> 00:02:11.372 Medea ရဲ့ ကမ်းလှမ်းချက်ဟာ စက်ရုပ်ကြီးရဲ့အတွင်းစိတ်ထဲက 00:02:11.372 --> 00:02:13.869 စက်ရဲ့ သဘာဝကို မသိခြင်း၊ လူလို အသက်ရှည်ချင်ခြင်းကို 00:02:13.869 --> 00:02:18.659 ဆွဲကိုင်လှုပ်ခဲ့နိုင်တာကြောင့် စက်ရုပ်ကြီးဟာ သဘောတူခဲ့ပါတယ်။ NOTE Paragraph 00:02:18.659 --> 00:02:22.971 Medea က ဂါထာမန္တာန်တွေ ရေရွတ်နေချိန်မှာ Jason က အဆို့ကို ဖြုတ်ပါတယ်။ 00:02:22.971 --> 00:02:27.901 Medea မျှော်မှန်းထားသလိုပဲ အဆို့ဟာ စက်ရုပ်ကြီးအတွက် အားနည်းချက်ဖြစ်နေပြီး 00:02:27.901 --> 00:02:33.804 ichor တွေ ချော်ရည်တွေလို စီးထွက်သွားတာနဲ့ Talos လည်း အင်အားနည်းသွားပါတယ်။ 00:02:33.804 --> 00:02:36.943 စက်ရုပ်ကြီးဟာ အသံအကျယ်ကြီး မြည်ဟိန်းကာ လဲကျသွားတဲ့နောက်မှာတော့ 00:02:36.943 --> 00:02:40.508 Argonauts တို့ လွတ်သွားပြီး အိမ်ပြန်သွားခဲ့ပါတယ်။ NOTE Paragraph 00:02:40.508 --> 00:02:44.310 ဒီပုံပြင်ကို ၇၀၀ ဘီစီမှာ မှတ်တမ်းတင်ထားတာ စတင်တွေ့ရှိခဲ့ပြီး 00:02:44.310 --> 00:02:48.404 စက်ရုပ်အသိဉာဏ်နဲ့ ပတ်သက်တဲ့ တွေးစရာ ပူပန်စရာတွေ ပေးခဲ့သလို 00:02:48.404 --> 00:02:52.399 ရှေးခေတ် သိပ္ပံဝတ္တုတစ်ပုဒ်၊ ဇာတ်အိမ်တစ်ခု ဖြစ်ခဲ့ပါတယ်။ 00:02:52.399 --> 00:02:56.739 ဒါပေမဲ့ သမိုင်းပညာရှင်တွေအဆိုအရတော့ ရှေးစက်ရုပ်တွေဟာ ဒဏ္ဏာရီတွေသာ ဖြစ်ပါတယ် 00:02:56.739 --> 00:02:58.583 ဘီစီ ၄ ရာစုမှာတော့ 00:02:58.583 --> 00:03:01.949 ဂရိအင်ဂျင်နီယာတွေက အစေခံစက်ရုပ်၊ ငှက်စက်ရုပ်စတဲ့ စက်ရုပ်တွေကို 00:03:01.949 --> 00:03:05.946 စတင်ပြုလုပ်တီထွင်ခဲ့ကြပေမဲ့ NOTE Paragraph 00:03:05.946 --> 00:03:08.748 Talos လောက်တော့ နာမည်မကြီးခဲ့ပါဘူး 00:03:08.748 --> 00:03:12.509 Talos ဟာ ဂရိဒင်္ဂါးတွေ၊ ပန်းအိုးတွေ၊ ပန်းချီကားတွေ၊ နံရံဆေးရေးပန်းချီတွေ၊ 00:03:12.509 --> 00:03:14.508 ပြဇာတ်တွေထိ နာမည်ကြီးခဲ့တာပါ 00:03:14.508 --> 00:03:16.919 လွန်ခဲ့တဲ့ နှစ် ၂၅၀၀ ကတည်းက 00:03:16.919 --> 00:03:20.240 ဂရိတွေဟာ လူသားနဲ့ စက်ရုပ်ကြားက ခြားနားခြင်းမျဥ်းကို 00:03:20.240 --> 00:03:22.576 ယနေ့ခေတ် AI ဇာတ်လမ်းပုံပြင်ဝတ္တုတွေလို 00:03:22.576 --> 00:03:25.810 ရှာဖွေစူးစမ်းနေကြပြီ ဖြစ်ပါတယ် 00:03:25.810 --> 00:03:31.736 ဒီပုံပြင်မှာ စက်ရုပ်ကြီးရဲ့နှလုံးသားပါမက စက်ရုပ်အသိဉာဏ်ကိုပါ ဖေါ်ပြထားတာပါ 00:03:31.736 --> 00:03:36.226 ဘီစီ ၅ ရာစု ပန်းအိုးတစ်လုံးပေါ်က Talos ဇာတ်ပန်းချီမှာဆိုရင် 00:03:36.226 --> 00:03:39.536 ပန်းချီဆရာက စက်ရုပ်ကြီးသေဆုံးခန်းမှာ စက်ရုပ်ရဲ့ကြေးပါးပေါ်က 00:03:39.536 --> 00:03:42.586 မျက်ရည်တစ်စက် လိမ့်ကျလာပုံကို ရေးဆွဲပုံဖော်ထားပါတယ်