0:00:07.308,0:00:12.658 နည်းပညာနတ်ဘုရား Hephaestus ဟာ[br]သူ့အကောင်းဆုံးလက်ရာအတွက် အားထည့်နေပါတယ် 0:00:12.658,0:00:15.946 သူဟာ Crete ကျွန်းနိုင်ငံလေး[br]ကျူးကျော်သူတွေ နည်းပါးသွားအောင် 0:00:15.946,0:00:19.947 Minos ဘုရင်အတွက်[br]ကာကွယ်ရေးစနစ်အသစ်တစ်ခု ဖန်တီးနေတာပါ 0:00:19.947,0:00:23.279 သက်ရှိအစောင့်လက်နက်တွေနဲ့ မလုံလောက်လို့ 0:00:23.279,0:00:27.339 ဘယ်သူမှ မယှဥ်နိုင်တဲ့ ကာကွယ်သူတစ်ဦးကို[br]ပန်းပဲဖိုမီးတွေကြားမှာ 0:00:27.339,0:00:29.025 နတ်ဘုရားက တီထွင်ပေးခဲ့တာပါ 0:00:29.025,0:00:33.535 ပြောင်လက်တောက်ပနေတဲ့ ကြေးနဲ့လုပ်ထားပြီး[br]လူလွန်မသား အစွမ်းတွေနဲ့ 0:00:33.538,0:00:37.227 နတ်ဘုရားတွေရဲ့ ဇီ၀သွေးရည်ဖြစ်တဲ့ ichor[br]အစွမ်း သုံးထားတဲ့ 0:00:37.227,0:00:40.522 ဧရာမစက်ရုပ်ကြီးတစ်ခုကို[br]နတ်ဘုရား Hephaestus က တီထွင်ခဲ့တာပါ။ 0:00:40.522,0:00:44.743 ဒီစက်ရုပ်ကြီးဟာ Hephaestus [br]တီထွင်ခဲ့ဖူးတာတွေနဲ့ လုံးဝမတူပါဘူး။ 0:00:44.743,0:00:49.433 နတ်ဘုရားဟာ စက်ရုပ်ကြီးကို Talos လို့[br]နာမည်ပေးခဲ့ပြီး ပထမဆုံးစက်ရုပ်ဖြစ်လာပါတယ် 0:00:49.433,0:00:53.605 ကြေးစက်ရုပ်အစောင့်ကြီးဟာ ကျွန်းတဝှိက်မှာ[br]တနေ့သုံးကြိမ် ချီတက်ကင်းလှည့်ပြီး 0:00:53.605,0:00:55.389 ခိုးဝင်သူတွေကို ရှာဖွေပါတယ်။ 0:00:55.389,0:00:57.856 ကမ်းခြေကိုကပ်လာတဲ့ သင်္ဘောတွေကို[br]တွေ့တာနဲ့ 0:00:57.856,0:01:00.763 သင်္ဘောလားရာလမ်းကြောင်းတွေကို[br]ကျောက်တုံးကြီးတွေနဲ့ ပစ်ပါတယ်။ 0:01:00.763,0:01:02.957 အသက်ရှင်ကျန်ရစ်သူတွေ ကမ်းခြေကို[br]မျောပါလာခဲ့ရင် 0:01:02.957,0:01:08.047 သူ့ရဲ့ ကြေးကိုယ်ထည်ကြီးကို ပူအောင်လုပ်ပြီး[br]ရင်ဘတ်မှာ ညှစ်သတ်ပစ်ပါတယ်။ 0:01:08.047,0:01:12.961 ဒီလိုနဲ့ သူ့ရဲ့တာဝန်ကို နေ့စဥ်နေ့တိုင်း[br]ဦးလည်မသုန် ကျေပွန်စွာ ထမ်းဆောင်ပါတယ် 0:01:12.961,0:01:15.040 သို့သော် စက်ရုပ်အကျင့်တွေနဲ့ ဆန့်ကျင်စွာပဲ 0:01:15.040,0:01:19.200 သူ့အတွင်းမှာ လူတွေထင်မှတ်မထားတဲ့[br]လူစိတ် ရှိနေခဲ့ပါတယ် 0:01:19.200,0:01:20.124 မကြာခင်မှာပဲ 0:01:20.124,0:01:24.834 သူ့ရဲ့စိတ်ကို စမ်းသပ်မယ့်[br]သင်္ဘောတစ်စင်းနဲ့ တွေ့ပါတော့တယ် 0:01:24.834,0:01:28.269 Jason, Medea နဲ့ Argonauts တို့ရဲ့[br]ပေတိပေစုတ်သင်္ဘောသားတွေဟာ 0:01:28.269,0:01:32.519 ရွှေသိုးမွှေးရဖို့ အခက်အခဲပေါင်းစုံကို[br]ကျော်လွှားခဲ့ပြီး 0:01:32.519,0:01:34.972 အပြန်ခရီးမှာလည်း ပြဿနာပေါင်းစုံ[br]ကြုံနေရတာကြောင့် 0:01:34.972,0:01:38.969 ပင်ပန်းနေကြပြီး စိတ်ချရတဲ့ဆိပ်ကမ်းတစ်ခုမှာ[br]ကမ်းကပ် အနားယူချင်နေပါတယ်။ 0:01:38.969,0:01:42.420 သူတို့ဟာ Crete ရဲ့[br]ကြေးစက်ရုပ်ကြီးအကြောင်း ကြားသိရတဲ့အခါ 0:01:42.420,0:01:44.902 ပင်လယ်အော်တွင်း ခိုလှုံဖို့ကြိုးစားပေမဲ့ 0:01:44.902,0:01:49.872 ကျောက်မချခင်မှာပဲ Talos က[br]သူတို့ကို တွေ့သွားပါတယ်။ 0:01:49.872,0:01:53.668 အံ့ဖွယ်စက်ရုပ်ကြီး ချဥ်းကပ်လာတာကို [br]Argonauts က မှင်သက်နေမိချိန်မှာပဲ 0:01:53.668,0:01:58.068 Medea က စက်ရုပ်ကြီးရဲ့ ဖနောင့်က[br]တောက်ပနေတဲ့ အဆို့ကို သတိထားမိသွားကာ 0:01:58.068,0:02:00.757 ဉာဏ်နီဉာဏ်နက်ထုတ်ပြီး[br]ကံစမ်းဖို့ ကြံစည်ပါတယ် 0:02:00.757,0:02:02.989 Medea က 0:02:02.989,0:02:05.593 တကယ်လို့ Talos သာ[br]ဖနောင့်က အဆို့ကို ဖြုတ်ပေးရင် 0:02:05.593,0:02:08.206 Talos ကို မသေအောင် လုပ်ပေးမယ်လို့[br]ကမ်းလှမ်းပါတယ်။ 0:02:08.206,0:02:11.372 Medea ရဲ့ ကမ်းလှမ်းချက်ဟာ[br]စက်ရုပ်ကြီးရဲ့အတွင်းစိတ်ထဲက 0:02:11.372,0:02:13.869 စက်ရဲ့ သဘာဝကို မသိခြင်း၊[br]လူလို အသက်ရှည်ချင်ခြင်းကို 0:02:13.869,0:02:18.659 ဆွဲကိုင်လှုပ်ခဲ့နိုင်တာကြောင့်[br]စက်ရုပ်ကြီးဟာ သဘောတူခဲ့ပါတယ်။ 0:02:18.659,0:02:22.971 Medea က ဂါထာမန္တာန်တွေ ရေရွတ်နေချိန်မှာ[br]Jason က အဆို့ကို ဖြုတ်ပါတယ်။ 0:02:22.971,0:02:27.901 Medea မျှော်မှန်းထားသလိုပဲ အဆို့ဟာ[br]စက်ရုပ်ကြီးအတွက် အားနည်းချက်ဖြစ်နေပြီး 0:02:27.901,0:02:33.804 ichor တွေ ချော်ရည်တွေလို စီးထွက်သွားတာနဲ့[br]Talos လည်း အင်အားနည်းသွားပါတယ်။ 0:02:33.804,0:02:36.943 စက်ရုပ်ကြီးဟာ အသံအကျယ်ကြီး[br]မြည်ဟိန်းကာ လဲကျသွားတဲ့နောက်မှာတော့ 0:02:36.943,0:02:40.508 Argonauts တို့ လွတ်သွားပြီး[br]အိမ်ပြန်သွားခဲ့ပါတယ်။ 0:02:40.508,0:02:44.310 ဒီပုံပြင်ကို ၇၀၀ ဘီစီမှာ မှတ်တမ်းတင်ထားတာ[br]စတင်တွေ့ရှိခဲ့ပြီး 0:02:44.310,0:02:48.404 စက်ရုပ်အသိဉာဏ်နဲ့ ပတ်သက်တဲ့[br]တွေးစရာ ပူပန်စရာတွေ ပေးခဲ့သလို 0:02:48.404,0:02:52.399 ရှေးခေတ် သိပ္ပံဝတ္တုတစ်ပုဒ်၊ ဇာတ်အိမ်တစ်ခု[br]ဖြစ်ခဲ့ပါတယ်။ 0:02:52.399,0:02:56.739 ဒါပေမဲ့ သမိုင်းပညာရှင်တွေအဆိုအရတော့[br]ရှေးစက်ရုပ်တွေဟာ ဒဏ္ဏာရီတွေသာ ဖြစ်ပါတယ် 0:02:56.739,0:02:58.583 ဘီစီ ၄ ရာစုမှာတော့ 0:02:58.583,0:03:01.949 ဂရိအင်ဂျင်နီယာတွေက အစေခံစက်ရုပ်၊[br]ငှက်စက်ရုပ်စတဲ့ စက်ရုပ်တွေကို 0:03:01.949,0:03:05.946 စတင်ပြုလုပ်တီထွင်ခဲ့ကြပေမဲ့ 0:03:05.946,0:03:08.748 Talos လောက်တော့ နာမည်မကြီးခဲ့ပါဘူး 0:03:08.748,0:03:12.509 Talos ဟာ ဂရိဒင်္ဂါးတွေ၊ ပန်းအိုးတွေ၊[br]ပန်းချီကားတွေ၊ နံရံဆေးရေးပန်းချီတွေ၊ 0:03:12.509,0:03:14.508 ပြဇာတ်တွေထိ နာမည်ကြီးခဲ့တာပါ 0:03:14.508,0:03:16.919 လွန်ခဲ့တဲ့ နှစ် ၂၅၀၀ ကတည်းက 0:03:16.919,0:03:20.240 ဂရိတွေဟာ လူသားနဲ့ စက်ရုပ်ကြားက[br]ခြားနားခြင်းမျဥ်းကို 0:03:20.240,0:03:22.576 ယနေ့ခေတ် AI ဇာတ်လမ်းပုံပြင်ဝတ္တုတွေလို 0:03:22.576,0:03:25.810 ရှာဖွေစူးစမ်းနေကြပြီ ဖြစ်ပါတယ် 0:03:25.810,0:03:31.736 ဒီပုံပြင်မှာ စက်ရုပ်ကြီးရဲ့နှလုံးသားပါမက[br]စက်ရုပ်အသိဉာဏ်ကိုပါ ဖေါ်ပြထားတာပါ 0:03:31.736,0:03:36.226 ဘီစီ ၅ ရာစု ပန်းအိုးတစ်လုံးပေါ်က[br]Talos ဇာတ်ပန်းချီမှာဆိုရင် 0:03:36.226,0:03:39.536 ပန်းချီဆရာက စက်ရုပ်ကြီးသေဆုံးခန်းမှာ[br]စက်ရုပ်ရဲ့ကြေးပါးပေါ်က 0:03:39.536,0:03:42.586 မျက်ရည်တစ်စက် လိမ့်ကျလာပုံကို[br]ရေးဆွဲပုံဖော်ထားပါတယ်