-
ဒီဗီဒီယိုထဲမှာအကြောင်းအရာ ၄ ၅ ခုလောက်ပြောပြချင်ပါတယ်။
-
အဲ့ဒီအကြောင်းအရာတွေကလည်း တစ်ခုနဲ့တစ်ခုဆက်စပ်နေကြတာကိုး။
-
တချို့နေရာတွေမှာအရမ်းရိုးရှင်းပေမယ့်၊ အားလုံးခြုံငုံလိုက်ရင်တော့
-
ရှုပ်သွားတတ်တယ်။
-
ကျွန်တော်တို့လေ့လာနိုင်မယ်လို့ယုံကြည်ပါတယ်။
-
ကောင်းပြီ - စကြရအောင်။ ကျွန်တော့်မှာ
-
ထည့်စရာခွက်တစ်ခုရှိတယ်ဆိုပါစို့။
-
ဒီဟာကကျွန်တော့်ရဲ့ခွက်တစ်ခုအဖြစ်ဆိုကြပါစို့။
အဲ့ဒီထဲမှာ ---
-
ရေမော်လီကျူးတွေအများကြီးရှိတယ်။
-
ရေမော်လီကျူးတွေအများကြီးနဲ့နော်။
-
သူတို့တွေကတစ်ခုနဲ့တစ်ခုပွတ်တိုက်နေကြပါတယ်။
-
အဲ့ဒါတွေကအရည်ပုံစံနဲ့ရှိနေတဲ့ရေတွေပါ။ ဒါတွေကရေတွေပါ။
-
အဲ့ဒီရေမော်လီကျူးတွေထဲမှာ
-
သကြားမော်လီကျူးတစ်ချို့ရှိပါတယ်။
-
သကြားမော်လီကျူးတွေကို ပန်းရောင်နဲ့ကျွန်တော်ဆွဲလိုက်မယ်။
-
အခုဒီထဲမှာ သကြားမော်လီကျူးတွေအများကြီးရှိနေပါတယ်။
-
ဒါပေမယ့်ရေမော်လီကျူးကပိုများပါတယ်။
-
အဲ့ဒါကိုပိုပြီးမြင်သာအောင်လုပ်ချင်တယ်။
-
ဒီထဲမှာရေမော်လီကျူးတွေအများကြီးအများကြီးပိုပြီးရှိပါတယ်။
-
ဒီလိုအခြေအနေမှာများတဲ့အရည်ကို
-
solvent (ပျော်၀င်မှုကိုအားပေးတဲ့အရည်) လို့ခေါ်တယ်။
-
ဒီအခြေအနေမှာရေမော်လီကျူးတွေကပိုများနေပြီး
-
တကယ့်ကို မော်လီကျူးအရေအတွက်ပိုများနေတယ်လို့သိနိုင်ပါတယ်။
-
မော်လီကျူးအကြောင်းကို အသေးစိတ်မပြောတော့ပါဘူး။
-
ခင်ဗျားအနေနဲ့အဲ့ဒီအကြောင်းကိုသိပြီးသားဖြစ်နိုင်သလိုမသိသေးတာလည်းဖြစ်နိုင်ပါတယ်။
-
ဘယ်လိုပဲဖြစ်ဖြစ်ပါမော်လီကျူအရေအတွက်များနေတဲ့အရည်ကို
-
solvent (ပျော်၀င်မှုကို အားပေးတဲ့ အရည်) လို့ပဲ ခေါ်ကြပါမယ်။
-
ဒီတော့ ဒီအခြေအနေမှာရေကပျော်၀င်မှုကိုအားပေးတဲ့ အရည် (solvent) ပါ။
-
ဒီတော့ ပမာဏနည်းတဲ့မော်လီကျူးကို .. ဒီကိစ္စမှာ
-
သကြားကိုပျော်၀င်နိုင်တဲ့အရာ (solute) အဖြစ်သတ်မှတ်မယ်။
-
ဒီတော့၊ သကြားက solute ပေါ့။
-
သကြားတစ်မျိုးထဲပဲ solute ဖြစ်တယ်လို့သတ်မှတ်လို့မရပါဘူး။
-
ရေထဲမှာပါ၀င်တဲ့မော်လီကျူးတွေထဲကနည်းတဲ့မော်လီကျူးကို solute လို့ ခေါ်တဲ့အတွက်
-
ဘယ်မော်လီကျူးမဆိုဖြစ်နိုင်ပါတယ်။ ဒီကိစ္စမှာတော့သကြားပေါ့။
-
သကြားကပျော်၀င်နိုင်တဲ့အရာ solute ပေါ့။
-
ပြီးခဲ့တုန်းကပြောခဲ့သလိုပဲသကြားကရေထဲမှာပျော်၀င်သွားတာ။
-
ဒီတစ်ခုလုံးက --
-
ရေမော်လီကျူးနဲ့သကြားမော်လီကျူးရောစပ်ပါ၀င်တဲ့ဒီအရာကို
-
solution (ပျော်ရည်) လို့ခေါ်တယ်။
-
ဒီတစ်ခုလုံးကို solution (ပျော်ရည်) လို့ခေါ်တာပါ။
-
ဒီတော့ solution (ပျော်ရည်) မှာ solvent နဲ့ solute
နှစ်မျိုး ပါ၀င်ပါတယ်။
-
ပျော်၀င်မှုကိုအားပေးတာက ရေ။
-
ဆိုလိုတာကအဲ့ဒီအရာကအခြားအရာကိုပျော်၀င်သွားစေတာ။
-
ပျော်၀င်သွားရတာက သကြား။
-
ဒါကို solute လို့ခေါ်တယ်။
-
ဒါတွေကခင်ဗျားအတွက်တော့ပြန်နွှေးတာဟုတ်ချင်မှဟုတ်မယ်။
-
ကျွန်တော်ဒီလိုရှင်းပြတာကရည်ရွယ်ချက်ရှိပါတယ်။ ဘာလဲဆိုတော့
-
diffusion ပျံ့နှံခြင်း ဆိုတဲ့အကြောင်းကိုပြောပြချင်လို့ပါ။
-
အရမ်းလွယ်ပါတယ်။
-
ကျွန်တော့မှာအလားတူထည့်စရာခွက်တစ်ခု ရှိတယ်ဆိုပါစို့။
-
နည်းနည်းလေးကွဲပြားတဲ့ထည့်စရာတစ်ခုထဲမှာဆွဲပြပါမယ်။
-
diffusion (စိမ့်၀င်ခြင်း) အကြောင်းကိုပြောပြဖို့လေ။
-
ရေနဲ့သကြားအကြောင်းပြန်စဉ်းစားရအောင်။
-
အဓိကက ရေပေါ့။
-
ကျွန်တော်တို့မှာထည့်စရာခွက်တစ်ခုရှိတယ်။
-
အဲ့ဒီခွက်ထဲမှာလေအမှုန်လေးတွေရှိတယ်ဆိုပါတော့။
-
ဒီထဲမှာအောက်စီဂျင် (ဒါမှမဟုတ်) ကာဗွန်ဒိုင်အောက်ဆိုက်တစ်ခုခုဖြစ်နိုင်ပါတယ်။
-
ဒီမှာလေမော်လီကျူးလေးတွေကျွန်တော်ဆွဲမယ်။
-
ဒါကဓါတ်ငွေ့ဆိုပါစို့။
-
အတိအကျပြောရရင်အောက်ဆီဂျင်ဓါတ်ငွေ့ပေါ့။
-
ဒါတွေက အောက်ဆီဂျင် O2၊ ဟုတ်တယ်နော်။
-
ဒါကတော့ လက်ရှိအခြေအနေပါ။
-
ဒါတွေအားလုံးကလေဟာနယ်ဖြစ်ပြီးတော့
-
အဲ့ဒီမှာအပူချိန်လည်းရှိပါတယ်။
-
ဒီတော့ ဒီရေမော်လီကျူးတွေမှာ
-
kinetic energy အရွေ့စွမ်းအင်လို့ခေါ်တဲ့စွမ်းအင်ရှိပါတယ်။
-
သူတို့တွေက ဒီမှာကြုံသလိုဦးတည်ရာဘက်ကိုရွေ့နေတာ။
-
ကျွန်တော်မေးချင်တာကဘာဆက်ဖြစ်မလဲဆိုတာ။
-
ဒီခွက်ထဲမှာဘာဆက်ဖြစ်မလဲ။
-
ကောင်းပြီ။ ဒီကောင်တွေကတစ်ခုနဲ့တစ်ခုကြုံသလို
-
ပွတ်တိုက်နေကြတယ်။
-
အပေါ်ဘက်ကိုထက်
-
အောက်ဘက်-ဘယ်ဘက်အခြမ်းကိုပိုပြီးတော့တွန်းတိုက်တဲ့သဘောရှိတယ်။
-
ဒီတော့ ဒီကောင် အောက်ဘက်-ဘယ်ဘက်ခြမ်းကိုတွန်းတိုက်နေပြီဆိုလျှင်
-
တစ်ခုခုနဲ့ တိုက်မိမယ်။ ပြီးလျှင်
-
အပေါ်ပိုင်း ညာဘက်ကိုပြန်တက်မယ်။
-
ဒါပေမယ့်အပေါ်ပိုင်းညာဘက်မှာ
-
သွားတိုက်ဖို့ဘာမှမရှိတော့ဘူး။
-
ဒီတော့ အားလုံးကအလျဉ်းသင့်သလိုသွားနေကြတယ်။
-
ဒါပေမယ့် ခင်ဗျားအနေနဲ့
-
ညာဖက်တည့်တည့်ကိုပဲရွှေ့နိုင်လိမ့်မယ်။
-
ဘယ်ဘက်ကိုသွားလျှင်
-
တစ်ခုနဲ့တစ်ခုတိုက်မိလိမ့်မယ်။
-
ဒီတော့သိသာပါတယ်။
-
အချိန်ကြာလာတာနဲ့အမျှညီသွားပါလိမ့်မယ်။
-
ဘာဆိုလိုတယ်ဆိုတာကို
-
သိချင်တယ်ဆိုလျှင်တော့
-
thermodynamics ဗီဒီယိုကို
-
ကြည့်လိုက်ပါ။
-
ခွက်က
-
ဒီလိုပုံစံမျိုးနဲ့ နည်းနည်းတူတယ်ဆိုတာတွေ့ပါလိမ့်မယ်။
-
သေတော့မသေချာဘူး။
-
ဒီလိုပုံစံဖြစ်မှာပါ။
-
ဒါပေမယ့် ဒီအမှုန် ငါးခုက
-
ပြန့်သွားမယ့်ပုံစံရှိပါတယ်။
-
အဲ့ဒါ စိမ့်၀င်ခြင်း ဖြစ်ပြီးတော့အမှုန်တွေ ဒါမှမဟုတ်မော်လီကျူးတွေကို
-
ပိုမိုသိပ်သည်းမှုရှိတဲ့နေရာ (high concentration) ကနေသိပ်သည်းမှု
နည်းတဲ့နေရာ (low concentration)
-
ဆီကိုဖြန့်လိုက်တာပါ။ concentration areas ဟုတ်တယ်နော်။
-
ဒီကိစ္စမှာ မော်လီကျူးတွေက
-
high concentration ကနေ low concentration ကို
-
ပြန့်သွားမယ်။
-
အခုပြောနေတဲ့ concentration ဆိုတာဘာလဲ
-
concentration ကို တိုင်းတဲ့နည်းပေါင်းစုံရှိမှာပေါ့။
-
molarity နဲ့ molality ကိုလေ့လာ။ ဒါတွေပဲလေ။
-
ရိုးရှင်းတဲ့အချက်က per unit space မှာ
-
အမှုန်ဘယ်လောက်များများရှိလဲ။
-
ဒီမှာတော့ per unit space မှာအမှုန်တွေအများကြီးရှိတယ်။
-
ဒီမှာတော့ per unit space ကို
-
အမှုန်နည်းနည်းပဲရှိတယ်။
-
ဒါကြောင့် ဒါက high concentration ဖြစ်ပြီး
-
ဒါက low concentration ပေါ့။
-
တစ်ခြားစမ်းသပ်ချက်တွေကိုလည်းစဉ်းစားကြည့်ပေါ့။
-
ဒီလိုအရည်မျိုးကိုစဉ်းစားနိုင်တယ်ပြောတာ။
-
အလားတူတစ်ခုခုလုပ်ကြည့်ရအောင်။
-
ကျွန်တော်
-
ကျွန်တော့်မှာထည့်စရာနှစ်ခုရှိတယ်ဆိုပါတော့။
-
အဲ့ဒီခွက်နှစ်ခုကိုကြည့်ရအောင်။
-
စောစောက ပျော်ရည်အခြေအနေကိုပြန်သွားကြည့်ရအောင်။
-
ဒါကအငွေ့။ ဥပမာအနေနဲ့စခဲ့တာ။
-
ဒီတော့ဒီဥပမာနဲ့ပဲကြည့်ရအောင်။
-
အဲ့ဒီမှာအပေါက်တစ်ပေါက်ရှိတယ်ဆိုပါတော့။
-
အဲ့ဒီအပေါက်ကရေ (ဒါမှမဟုတ်) သကြားမော်လီကျူးတွေထက်ကြီးတယ်။
-
တစ်ဖက်မှာလည်း ကျွန်တော့မှာရေမော်လီကျူးတွေအများကြီးရှိတယ်။
-
တခြားတစ်ဖက်မှာလည်း ရေမော်လီကျူးတွေအများကြီးရှိတယ်။ ဒီဖက်ကလိုဘဲ။
-
ဒီတော့ ကျွန်တော့မှာရေမော်လီကျူးတွေတကယ့်ကိုအများကြီး ရှိနေတယ်။
-
ဒီမှာဘဲ ကျွန်တော်ရေမော်လီကျူးရှိမယ်ဆိုရင်
-
သူတို့အားလုံးကကြုံသလိုဦးတည်ရာဘက်ကိုခုန်နေကြမယ်။
-
ဒီဖက်ကရေမော်လီကျူးတွေကဒီလမ်းအတိုင်းသွားပြီး
-
ဒီဖက်ကရေမော်လီကျူးတွေကလည်းဒီလမ်းအတိုင်းသွားမယ်။
နှစ်ဖက်စလုံးမှာ
-
ရေမျက်နှာပြင်အတူတူပဲရှိတယ်။ မဟုတ်လျှင်
-
ဖိအားကမတူဘဲနေလိမ့်မယ်။
-
ဒါပေမယ့် ဒီဟာရဲ့ထိပ်ပိုင်းက
-
ဒီဟာရဲ့ထိပ်နဲ့တူတယ်ဆိုတာသိတယ်နော်။
-
ဒီတော့ ဦးတည်ရာဖက်တစ်ဖက်တည်း (ဒါမှမဟုတ်) တခြားတစ်ဖက်ကိုသွားနေတဲ့
-
ဘယ်ဖိအားမှမရှိတော့ဘူး။
-
ဘယ်လိုဘဲအကြောင်းပြပြ
-
ရေမော်လီကျူးတွေက ညာဖက်တည့်တည့်ကိုပဲသွားပါတယ်။
-
ရုတ်တရက် ဒီနေရာကိုရေတွေကနေရာယူသွားပြီး
-
ဒါမဖြစ်နိုင်ဘူးဆိုတာသိပါတယ်။
-
ဒီတော့ဒါကပျော်ရည်ပေါ့။ ဒါမှမဟုတ်ရေထည့်ထားတဲ့ခွက်နှစ်ခုပေါ့။
-
ဒီထဲကိုပျော်၀င်နိုင်တဲ့အရာ solute တစ်ချို့ထည့်ကြည့်ရအောင်။
-
ဒီထဲမှာနည်းနည်းပျော်အောင်ထားလိုက်
-
ဘယ်ဘက်အခြမ်းမှာဘဲအားလုံးကိုပျော်အောင်လုပ်တယ်ဆိုပါစို့။
-
ဒါကြောင့်ဘယ်ဘက်ခွက်ထဲမှာသကြားမော်လီကျူးအချို့ကိုထားလိုက်တယ်။
-
ဒါတွေကဒီပိုက်သေးသေးလေးကနေဖြတ်ပြီးစီးနိုင်လောက်အောင်သေးရမယ်။
-
ဒါက ကျွန်တော့်ယူဆချက်တစ်ခုဘဲရှိပါသေးတယ်။
-
ဒါဆို ဘာဆက်ဖြစ်မလဲကြည့်ရအောင်။
-
ဒါတွေအားလုံးမှာ ရွေ့လျားစွမ်းအင်လို့ခေါ်တဲ့ kinetic energy ရှိတယ်။
-
သူတို့အားလုံးကခုန်နေတယ်။ ပတ်ခုန်နေကြတာပေါ့။
-
ဒီတော့သိတဲ့အတိုင်းအချိန်ကြာလာတာနဲ့ရေကရှေ့နောက်ရွေ့နေတာပေါ့။
(ဟိုဘက်ဒီဘက်ကူးနေတာပေါ့။)
-
ဒီရေမော်လီကျူးကအဲ့ဒီလမ်းအတိုင်းသွားကောင်းသွားနိုင်တယ်။
-
ရေမော်လီကျူးက ဒီလမ်းအတိုင်းသွားရင်သွားမယ်။
-
ဒါပေမယ့်အချိန်ကြာလာရင်တော့သကြားမော်လီကျူးတွေထဲကတစ်ခုက
-
ညာဖက်ကိုသွားလိမ့်မယ်။
-
သင် သိရင်သိမှာပေါ့။ ဒီလမ်းအတိုင်းသွားရမယ့်အစား
-
ဒီဖက်ဦးတည်ရာအတိုင်းထွက်သွားမယ်။
-
ဒီဟာကိုဖြတ်ပြီးတော့။ ဒီမြောင်းလေးကိုဖြတ်ပြီးတော့။ ခွက်နှစ်ခုကိုဆက်ထားတဲ့
-
မြောင်းကနေတစ်ဆင့်ပေါ့။ ပြီးတော့ဒီမှာအဆုံးသတ်မယ်။ ဟုတ်တယ်နော်။
-
ဒီကောင်က ဒီပတ်လည်မှာခုန်နေလိမ့်မယ်။
-
သူကနောက်ပြန်သွားကောင်းသွားမယ်။
-
ဒါပေမယ့် အဲ့ဒီနေရာမှာထက်အမှုန်တွေသကြားမှုန်တွေပိုများတယ်။
-
ဖြစ်နိုင်ချေရှိတာက
-
ဒီတစ်ကောင်ကဟိုဖက်ကိုသွားတာထက်ဒီတစ်ကောင်ကဒီဘက်ကိုသွားနိုင်ချေရှိတယ်။
-
တစ်ကောင်က ဒီဖက်ကိုသွားမှာ။
-
ဒီတော့ စဉ်းစားကြည့်ပါ။ အမှုန်ပေါင်းမြောက်မြားစွာနဲ့လုပ်မယ်ဆိုရင်ဘယ်လိုဖြစ်မလဲ။
-
ကျွန်တော်ကလေးခုထဲနဲ့လုပ်ဆောင်တာပါ။
-
အချိန်ကြာတာနဲ့အမျှအမှုန်တွေကပြန့်သွားပြီး
-
သူတို့ရဲ့ concentrations ကအကြမ်းဖျင်းအားဖြင့်တူလာမယ်။
-
ကြာလာတာနဲ့အမျှဒီဘက်မှာနှစ်ခုပဲရှိတော့မယ်။
-
သင့်အနေနဲ့ အမှုန်သုံးခု၊ လေးခု၊ ဒါမှမဟုတ်ငါးခုလောက်နဲ့လုပ်မယ်ဆိုရင်တော့
-
အဲ့ဒီလိုဖြစ်ချင်မှဖြစ်မယ်။
-
ဒါပေမယ့်အမှုန်ပေါင်းမြောက်မြားစွာနဲ့လုပ်ပြီးတော့
-
အဲ့ဒီအမှုန်တွေကအရမ်းအရမ်းကိုသေးငယ်မယ်ဆိုရင်ဖြစ်နိုင်ချေရှိပါတယ်။
-
ဘယ်လိုပဲ ဖြစ်ဖြစ်ပါ။ လုပ်ငန်းစဉ်တစ်ခုလုံးက
-
(ဒြပ်)ပါဝင်မှုမြင့်သောပျော်ရည် (high concentration) ရှိတဲ့ခွက်ကနေ
-
(ဒြပ်)ပါဝင်မှုနိမ့်သောပျော်ရည် (low concentration) ရှိတဲ့ခွက်ကိုသွားတယ်။ ပြီးတော့ အမှုန်တွေက
-
low concentration ခွက်ကနေ
-
high concentration ရှိတဲ့ခွက်ထဲကိုပြန့်သွားလိမ့်မယ်။
-
ဒီတော့ သူတို့ကစိမ့်၀င်သွားတာပေါ့။
-
ဒါကို စိမ့်၀င်ခြင်း (diffusion) လို့ခေါ်တယ်။
-
ဒါက စိမ့်၀င်ခြင်းပေါ့။
-
စိမ့်၀င်ခြင်းနဲ့ပတ်သတ်တဲ့တခြားစကားလုံးတွေကို
-
ကျွန်တော်တို့သင်ယူရတယ်။ ကျွန်တော်တို့စလုပ်တုန်းက
-
ဒီဟာက higher concentration ရှိတယ်။
-
ဘယ်ဖက်ခွက်က higher concentration ရှိတယ်။
-
Higher concentration
-
အားလုံးကဆက်စပ်နေတယ်။ ဟုတ်တယ်ဟုတ်။
-
ဒီခွက်ထက်ဒီခွက်က concentration ပိုမြင့်တယ်။
-
ညာဖက်ခွက်က lower concentration (solute ပါ၀င်မှုနည်းတယ်)။
-
lower concentration
-
ဒါတွေအားလုံးကဒီအတွက်စကားလုံးတွေဘဲ။
-
high concentration ရှိတဲ့ပျော်ရည်ကို
-
hypertonic solution (solute ပါ၀င်မှုများသောပျော်ရည်) လို့ခေါ်တယ်။
-
အဝါရောင်စာလုံးနဲ့ရေးမယ်။
-
Hypertonic solution
-
Hyper ဆိုတာအများကြီးရှိတယ်လို့ဆိုလိုတာ။
-
တစ်ခုခုပေါ့။ အများကြီးပဲ။
-
lower concentration က ကျတော့ hypo (နည်းနည်းပဲရှိတာ)။ hypotonic
-
Hypotonic solution (solute ပါ၀င်မှုနည်းတဲ့ပျော်ရည်။) lower concentration။
-
ဆွေမျိုးတွေထဲကတစ်ယောက်ယောက်ပြောတာကြားဖူးမှာပါ။
-
အစာမစားရသေးတဲ့သူတစ်ယောက်ကပြောတယ်။ (ကျွန်တော့ သွေးထဲမှာသကြားဓါတ်နည်းနေတယ်။)
-
သူတို့မှာသကြားဓါတ်နည်းနေတယ်လို့ဆိုတာထက်
-
ရီဝေဝေဖြစ်နေတာကိုပြောချင်တာ။
-
သူတို့ သွေးထဲမှာသကြားဓါတ်နည်းနေပြီး
-
သတိမေ့လဲချင်နေပြီ။ ဒါကြောင့်အစားတစ်ခုခုစားချင်တာ။
-
သင့်မှာသကြားလုံးတွေအများကြီး ရှိရင်တော့သင့်သွေးထဲမှာသကြားဓါတ်များနေပြီလို့ ပြောလို့ရတယ်။ ဒါဆိုရင် သင်က hyperglycemic ဖြစ်နေတာ။
-
ဒါမှမဟုတ် ယေဘုယျများတာမျိုးဖြစ်ချင်ဖြစ်မှာပေါ့။
-
ဒါတွေက သင်သိသင့်တဲ့ (ရှေ့ဆက်စကားလုံး) တွေပါ။
-
hypertonic ဆိုတာသင့်မှာ solute အများကြီးရှိတယ်လို့ဆိုလိုတာ။
-
သင့်မှာ high concentration ရှိတယ်ပေါ့။
-
hypotonic ဆိုတာ solute တွေအများကြီးမရှိဘူးလို့ဆိုချင်တာ။
-
low concentration ပေါ့။
-
ဒီစကားလုံးတွေက သိထားသင့်ပါတယ်။
-
ယေဘုယျပြောရရင်တော့ diffusion ဆိုတာ
-
ဘာအဟန့်အတားမှ မရှိဘူးဆိုရင် ဒီမှာ ပြထားသလိုပဲ။ high concentration ကနေ
-
ဒါမှမဟုတ် hypertonic solution ကနေ
-
hypotonic solution ကိုသွားတဲ့ solute တွေရှိတယ်။
-
အဲ့ဒီ hypotonic solution မှာ concentration နည်းတယ်။
-
နောက်ထပ်စမ်းသပ်ချက်တွေထပ်လုပ်ကြည့်ရအောင်။
-
ပျော်၀င်ခြင်းအကြောင်းကိုကျွန်တော်တို့ပြောခဲ့ပြီးပါပြီ။ ခုထိတော့
-
solute ရဲ့ပျော်၀င်ခြင်းကိုပဲကျွန်တော်ပြောခဲ့သေးတယ်။ ဟုတ်တယ်နော်။
-
ဒီတစ်ခုထဲပြောချင်တာမဟုတ်ပါဘူး။
-
အားလုံးကိုခြုံငုံမိစေချင်တယ်ဆိုရင်တော့
-
solute ဆိုတာအနည်းငယ်သာရှိတဲ့အရာဖြစ်ပြီး
-
solvent ဆိုတာကတော့အများကြီးရှိတဲ့အရာဖြစ်ပါတယ်။
-
အများစုကတော့ရေပါပဲ။
-
ဒါပေမယ့်ရေပဲဖြစ်ရမယ်လို့မဆိုလိုပါဘူး။
-
အရက်လည်းဖြစ်နိုင်တယ်။
-
အင်း.... မာကျူရီလည်းဖြစ်နိုင်တာဘဲ။
-
မော်လီကျူးမှန်သမျှအကုန်ဖြစ်နိုင်တယ်။
-
ဇီ၀ဗေဒနည်းအရ ဒါမှမဟုတ်ဓါတုဗေဒနည်းအရသာ
-
ရေကဖြစ်နိုင်ချေအများဆုံး solvent ဖြစ်နေတာ။
-
ရေထဲမှာကတစ်ခြားအရာတွေပျော်၀င်လို့ရတယ်လေ။
-
solute ကကြီးနေပြီးမြောင်းကကျဉ်းနေတယ်ဆိုရင် ဘာဖြစ်သွားမလဲ။
-
ရေအမှုန်တွေကျတော့ အဲ့ဒီကနေဖြတ်သွားလို့ရလောက်အောင်သေးတယ်။
-
အဲ့ဒီအခြေအနေကိုစဉ်းစားကြည့်ရအောင်။
-
အဲ့လိုစဉ်းစားဖို့ဆိုလျှင်
-
စိတ်၀င်စားစရာကောင်းတဲ့တစ်ခုခုလုပ်မှရမယ်။
-
ဒီမှာထည့်စရာခွက်တစ်ခုရှိတယ်ဆိုပါစို့။
-
ခွက်ကိုမဆွဲတော့ပါဘူး။
-
ပြင်ပပတ်၀န်းကျင်တစ်ခုရှိတယ်ဆိုပါစို့။
-
အဲ့ဒီမှာရေမှုန်တွေရှိတယ်။
-
ဒီဟာကပြင်ပပတ်၀န်းကျင်ပေါ့။
-
membrane ခေါ်တဲ့အမြှေးပါးအလွှာတစ်မျိုးရှိတယ်။
-
ဒီမှာအမြှေးပါးအလွှာရှိတယ်။ ဒါကအမြှေးပါးအလွှာပါ။
-
အဲ့ဒီအမြှေးပါးအလွှာကနေတဆင့်ရေက၀င်သွားနိုင်သလိုပြန်လည်းထွက်လာနိုင်တယ်။
-
အဲ့ဒါကို တစ်စိတ်တစ်ပိုင်းစိမ့်၀င်ပြန့်နှံ့ခြင်း semi-permeable လို့ခေါ်တယ်။
-
ဒါကရေကိုပဲစိမ့်၀င်စေတာ။ solute ကတော့
-
ဒီအလွှာကိုဖြတ်ပြီးမသွားနိုင်ဘူး။
-
solute ကသကြားဆိုပါတော့။
-
ရေကအပြင်ဘက်မှာရှိတယ်။
-
ဒီအလွှာထဲမှာလည်းရှိတယ်။
-
ဒါတွေကရေမှုန် သေးသေးလေးတွေ။
-
ဒါက အမြှေးပါးအလွှာ။
-
ကျွန်တော်တို့မှာသကြားမော်လီကျူးအချို့ ရှိတယ်ဆိုပါစို့။
-
သကြားကိုပဲကျွန်တော်ဥပမာထားပြောတာပါ။
-
တခြားဟာတွေလည်းဖြစ်နိုင်ပါတယ်။
-
ဒီတော့ ဒီမှာသကြားမော်လီကျူးတွေရှိတယ်။
-
သူတို့ကနည်းနည်းကြီးတာ ဒါမှမဟုတ်တော်တော်ကြီးတာမျိုးပေါ့။
-
တကယ်တော့သူတို့ကရေမော်လီကျူးထက်တော်တော်ကြီးတယ်။
-
ခင်ဗျားမှာအများကြီးရှိတယ်နော်။ ကျွန်တော်က၄ ခုဘဲဆွဲလိုက်တာ။
-
ဒီမှာတကယ့်အများကြီးရှိတာ။ ဟုတ်တယ်ဟုတ်။
-
ရေ မော်လီကျူးတွေအဲ့လောက်များများရှိတယ်။
-
ကျွန်တော်ပြောပြနေတာက
-
ခင်ဗျားမှာသကြားမော်လီကျူးထက်ရေမော်လီကျူးကများနေတဲ့အခြေအနေ။
-
ဒီ အမြှေးပါးအလွှာကတစ်စိတ်တစ်ပိုင်းစိမ့်၀င်နိုင်တဲ့အရာ။
-
Permeable ဆိုတာအရာတွေစိမ့်၀င်ဖြတ်သန်းစေခြင်းလို့အဓိပ္ပါယ်ရတယ်။
-
Semi-permeables ဆိုတာကတော့စိမ့်၀င်လို့ရတယ်။ ဒါပေမယ့်အပြည့်အ၀တော့မဟုတ်ဘူးပေါ့။
-
ဒီတော့ဒီမှာပြောတဲ့ Semi-permeables ဆိုတာ
-
ရေကတော့ဒီအလွှာကနေတဆင့်ဖြတ်သန်းနိုင်တယ်။
-
ရေတော့ဖြတ်လို့ရတယ်။ ဒါပေမယ့်သကြားကတော့မရဘူး။
-
သကြားကကြီးလွန်းနေလို့။
-
ချဲ့လိုက်မယ်ဆိုရင်
-
အလွှာကဒီပုံစံလေးရှိချင်ရှိမှာပေါ့ဗျာ။
-
ဒီအလွှာပေါ်မှာချဲ့ပြီးတော့အနီးကပ်ကြည့်လိုက်မယ်ဆိုလျှင်။
-
အလွှာထဲမှာအပေါက်သေးသေးလေးတွေရှိတယ်။ ဒီလိုပုံစံ။
-
ရေမော်လီကျူးတွေကလည်းဒီအရွယ်အစားလောက်ပဲ။
-
ရေမော်လီကျူးတွေကဒီအပေါက်တွေကိုဖြတ်သွားလို့ရတယ်။
-
ရေမော်လီကျူးတွေကရှေ့ နောက်ကို
-
အပေါက်လေးတွေကတစ်ဆင့်ဖြတ်သွားနိုင်တယ်။
ဒါပေမယ့်သကြားမော်လီကျူးတွေကကြီးနေတော့
-
ဖြတ်လို့မရဘူး။
-
ဒီအပေါက်လေးကနေတစ်ဆင့်ရှေ့၊ နောက်ဖြတ်သွားဖို့အတွက်
-
ကြီးလွန်းနေတယ်။
-
ဒီလိုအခြေအနေမျိုးမှာဘာဆက်ဖြစ်မယ်လို့ထင်လဲ။
-
ပထမဆုံးကျွန်တော်တို့ရဲ့သုံးနေကျအသုံးအနှုန်းလေးတွေကိုသုံးရအောင်။
-
မှတ်မိလား။ သကြားက ပျော်၀င်နိုင်တဲ့အရာ (solute) ဖြစ်တယ်။
-
ရေက ပျော်၀င်မှုကိုအားပေးတဲ့အရည် (solvent) ဖြစ်တယ်။.
-
တစ်စိတ်တစ်ပိုင်း စိမ့်၀င်နိုင်တဲ့အမြှေးပါးအလွှာ (Semi-permeable membrane)။
-
ဒီအမြှေးပါးအလွှာရဲ့ဘယ်အပိုင်းက solute ပိုများပြီး
-
ဘယ်အပိုင်းက solute ပိုနည်းနေမလဲ။
-
ကောင်းပြီ။ အတွင်းဘက်အပိုင်းပေါ့။
-
ဒီအတွင်းပိုင်းက hypertonic (solute ပါ၀င်မှုများတယ်။)
-
အပြင်ဘက်က (ဒြပ်)ပါဝင်မှုနိမ့်
-
တဲ့အတွက် သူက hypotonic (solute ပါ၀င်မှုနည်းတယ်။)
-
အခု ဒီအပေါက်လေးတွေအားလုံးမှာ
-
လုံလောက်တဲ့အကျယ်ရှိပြီ။ ဒီကောင်တွေကခုန်နေပြီ
-
ရေကကြိုက်တဲ့ဦးတည်ရာဘက်ကိုသွားပြီဆိုရင်။ ညီသွားနိုင်ပြီ။
-
တကယ်တော့ကျွန်တော်
-
ဒီအကြောင်းကိုအခုဘဲပြောပြတော့မလို့ပါ။
-
အားလုံးကကျယ်ကျယ်ပြန့်ပြန့် ပွင့်နေပြီဆိုရင်တစ်ဖက်နဲ့တစ်ဖက်ညီနေနိုင်ပြီ။
-
ဒါပေမယ့်အဲ့ဒီလိုပွင့်ခဲ့မယ်ဆိုရင်လည်းဒီကောင်တွေက
-
ဒီအပိုင်းကိုကျော်ပြီးခုန်မယ်။ နောက်ဆုံးတော့
-
(ဒြပ်)ပါဝင်မှု concentrations တွေတူညီကောင်းတူညီလိမ့်သွားမယ်။
-
ပုံမှန်ဆိုရင်၊ စိမ့်၀င်ပြန့်နှံခြင်း diffusion သည်
-
ပါ၀င်မှုများသော solute ကနေ
-
ပါ၀င်မှုနည်းသော solute ကိုပြန့်နှံသွားသည်။
-
ဒါပေမယ့်၊ ဒီမှာတော့ဒီကောင်တွေက
-
အပေါက်ကတဆင့်မ၀င်နိုင်ဘူး။
-
ရေကပဲဖြတ်နိုင်တယ်။
-
တကယ်တော့ဒီကောင်တွေဒီမှာမရှိဘူးဆိုလျှင်
-
ရေကဒီဘက်ကိုသွားဖို့နဲ့၊ ဟိုဖက်ကလာတဲ့
-
ဖြစ်နိုင်ခြေသည်လုံး၀တူသည်။
-
ဒါပေမယ့် ဒီကောင်တွေကညာဘက်ခြမ်းမှာရှိနေတဲ့အတွက်၊
-
ဒီမှာတော့၊ အမြှေးပါးအလွှာရဲ့အတွင်းဘက်မှာရှိနေတယ်
-
ဒါကျွန်တော်တို့ချဲ့ကြည့်ထားတဲ့အမြှေးပါးအလွှာရဲ့အတွင်းပိုင်းဖြစ်တယ်။
-
ဒီကောင်တွေကအပေါက်နားကပ်လာနေတဲ့အတွက်
-
ရေဝင်ဖို့အခွင့်နည်းသွားတယ်။
-
တကယ်တော့၊
-
ရေထွက်ဖို့ထက်၊ ၀င်လာဖို့ရာပိုဖြစ်နိုင်တယ်။
-
ဒါကိုလုံးဝရှင်းစေချင်တယ်။
-
သကြားမော်လီကျူးတွေသာဒီမှာမရှိဘူးဆိုလျှင်
-
ရေကဟိုဘက်ဒီဘက်သွားနေမှာ။
-
အခုတော့ဒီသကြားမော်လီကျူးတွေကဒီမှာရှိနေတယ်။
-
ဒီသကြားမော်လီကျူးတွေကညာဖက်မှာရှိနေတယ်။
-
သူတို့ကရေကိုထွက်မသွားနိုင်အောင်ကာထားတာဖြစ်နိုင်တယ်။ အကောင်းဆုံးနည်းနဲ့စဉ်းစားကြည့်ရလျှင်
-
အပေါက်နားကိုသွားတဲ့လမ်းကိုပိတ်ထားသလိုဖြစ်နေတာ။
-
သူတို့ဖာသာဒီအပေါက်ကိုမဖြတ်နိုင်ဘူး။
-
ဒီအပေါက်ကိုပိတ်ထားတာလဲဟုတ်ချင်မှဟုတ်မယ်။ ဒါပေမယ့်
-
သူတို့ကကြုံသလိုသွားနေတာဆိုတော့
-
ဒီတော့ရေမော်လီကျူးကချဉ်းကပ်လာပြီဆိုလျှင်
-
ဒါတွေကဖြစ်နိုင်ချေများတာတွေကိုပြောပြတာပါ။ မြောက်မြားလှတဲ့မော်လီကျူးတွေနဲ့ကျွန်တော်တို့ကအလုပ်လုပ်နေရတာ။
-
ဒီတော့သကြားမော်လီကျူးတွေကရေတွေအပြင်ထွက်ဖို့အတွက်ကို
-
ပိတ်ထားတဲ့သဘောဖြစ်နေတယ်။
-
အပြင်မှာရှိတဲ့ရေမော်လီကျူးတွေအတွက်ကျတော့
-
သူတို့ကို ပိတ်ထားတဲ့အရာ ဘာမှမရှိဘူး။ ဒီတော့
-
ရေတွေကအထဲကိုစီးလို့ရတယ်။
-
ဒီလိုအခြေအနေမျိုးမှာတစိတ်တပိုင်းစိမ့်၀င်နိုင်တဲ့အလွှာနဲ့
-
သင့်အနေနဲ့ရေကိုရမှာဖြစ်တယ်။
-
ဒီတော့ရေကအတွင်းထဲကိုပဲစီးဆင်းမှုရှိမယ်။
-
ဒါက စိတ်၀င်စားစရာပဲနော်။
-
hypotonic ကနေ hypertonic solution ကို စီးဆင်းသွားတဲ့
-
solvent ရှိတယ်။ ဒါပေမယ့်
-
ဒီ hypotonic ဆိုတာက solute
-
ပြောင်းလုပ်လိုက်မယ်ဆိုလျှင်
-
အကယ်၍သကြားကို solvent အနေနဲ့ အသုံးပြုခဲ့မယ်ဆိုလျှင်၊
-
high concentration ရှိတဲ့ရေကနေ low concentration ရှိတဲ့ ရေကိုသွားတယ်လို့ပြောနိုင်တယ်။
-
စိတ်မရှုပ်သွားနဲ့နော်။
-
ဒီဟာကနည်းနည်းရှုပ်တယ်ဆိုပေမယ့်
-
ဘာဆက်ဖြစ်မလဲဆိုတာကိုဘဲစဉ်းစားကြရအောင်။
-
ဘယ်လိုအခြေအနေမှာဘဲဖြစ်ဖြစ်ပျော်ရည်ကဖြစ်မှာပဲ။
-
concentration ကိုညီအောင်
-
လုပ်ရမှာပဲ။
-
နှစ်ဖက်စလုံးမှာ concentrations
-
ညီနိုင်သမျှ ညီအောင်လုပ်ဖို့ဆိုလျှင်
-
သူကမှော်အတက်မဟုတ်ပါဘူး။
-
ပျော်ရည်ကသိလို့တော့မဟုတ်ပါဘူး။
-
ဖြစ်နိုင်ချေကြောင့်ပါဘဲ၊
-
ဒီကောင်တွေကခုန်နေတဲ့အတွက်၊ ဒီမှာတော့ရေက
-
ခွက်ထဲကို ပိုပြီးစီးသွားချင်တယ်။
-
ဒီတော့ solute ရဲ့ low concentration အကြောင်းကိုပြောတဲ့အခါ
-
hypotonic ရှိတဲ့ဘက်ကနေ
-
solute က high concentrations ဖြစ်နေတဲ့ဘက်ကိုသွားတာ။
-
ဆိုလိုတာကသကြားပေါ့။ ဒါကို ဆွဲဆန့်လိုက်မယ်ဆိုလျှင်
-
ရေတွေကပိုပြီးအတွင်းကိုစီးမယ်။ ဒီအမြှေးပါးလွှာက
-
အပြင်ကို ဆန့်ထွက်သွားမယ်
-
ဒီမှာအသေးစိတ်တော့မပြောတော့ပါဘူး။ ဒါပေမယ့်
-
solvent ဖြစ်တဲ့ရေက။ ဒီကိစ္စမှာဆိုလျှင်
-
ရေက solvent အနေနဲ့တစ်စိတ်တစ်ပိုင်းစိမ့်၀င်နိုင်တဲ့အလွှာကိုဖြတ်ပြီး
-
စိမ့်၀င်သွားတယ်။ ဒါကို osmosis (စိမ့်၀င်ပြန့်နှံ့ခြင်း) လို့ခေါ်တယ်။
-
osmosis ကို ကြားဖူးမှာပါ။
-
ခင်ဗျားခေါင်းပေါ်မှာစာအုပ်တင်လိုက်မယ်ဆိုရင်
သင့်ဦးနှောက်ထဲကိုစာတွေစိမ့်၀င်သွားရင်သွားမှာပေါ့။
-
အတူတူပါဘဲ။
-
ဒီစကားလုံးကအဲ့ဒါကလာတာပါ။
-
အမြှေးပါးလွှာကနေတဆင့်ရေစိမ့်ထွက်ရတဲ့အကြောင်းက
-
concentrations ကိုပိုပြီးညီစေချင်လို့ပါ။
-
ပြောရမယ်ဆိုရင်ဒီမှာ high concentration ရှိတယ်။
-
ဒီမှာ low concentration ရှိတယ်။
-
အကယ်၍ဒီမှာသာအလွှာမရှိခဲ့ဘူးဆိုရင်ဒီမော်လီကျူးအကြီးတွေဟာ
-
ထွက်သွားလိမ့်မယ်။ ဒါပေမယ့် ဒီမှာတစ်စိတ်တစ်ပိုင်းစိမ့်၀င်နိုင်တဲ့အလွှာကြောင့်
-
သူတို့ထွက်သွားလို့မရဘူး။
-
ဒီတော့ဒီစနစ်ကမှော်ပညာမဟုတ်ဘူးနော်။
-
ရေတွေက concentration ညီဖို့အတွက်
-
ပိုပြီး၀င်လာလိမ့်မယ်။
-
ဒီမှာမော်လီကျူးနည်းနည်းပဲရှိခဲ့မယ်ဆိုလျှင်
-
high concentration ဘက်လိုမဟုတ်ဘဲနဲ့
-
အားလုံးကအပြည့်အ၀ဖြစ်နိုင်တယ်ဆိုလျှင်
-
သင့်မှာ
-
ဒီဘက်မှာညာဖက်မှာလိုဘဲ high concentration ရှိတယ်။
-
ဘာဖြစ်လို့လဲဆိုတော့ညာဖက်အခြမ်းမှာ
-
ရေတွေနဲ့ ပြည့်သွားပြီးတော့ထုထည်ပိုကြီးလာလိမ့်မယ်။
-
ပြီးရင်ဘယ်ညာသွားနေတဲ့
-
ရေမော်လီကျူးအရေအတွက်ဟာ
-
တူပြီးတော့တဖြည်းဖြည်း ညီသွားမှာပါ။
-
ပိုပြီးရှင်းပြရရင်။ diffusion စိမ့်၀င်ခြင်းဆိုတာ
-
higher concentration ကနေ lower concentration ရှိတဲ့
-
ဧရိယာတစ်ခုဆီကိုပြန့်သွားတာကိုဆိုလိုတာ။
-
ပြန့်သွားရုံပါပဲ။
-
Osmosis ဆိုတာကရေစိမ့်၀င်ပြန့်နှံ့ခြင်းပါ။
-
ရေစိမ့်၀င်ပြန့်နှံ့ခြင်းလို့ဆိုတာပါ။
-
ရေကို solvent အနေနဲ့ပြောတာ။
-
အဲ့ဒီမှာ solute ဖြတ်မသွားနိုင်တဲ့တစ်စိတ်တစ်ပိုင်းစိမ့်၀င်ပျံ့နှံ့နိုင်တဲ့အလွှာရှိတယ်။
-
အဲ့ဒီအလွှာကိုဖြတ်ပြီးတော့ solute ကမသွားနိုင်ပါဘူး။
-
ဘယ်လိုပဲဖြစ်ဖြစ်၊ ဒီသင်ခန်းစာကိုအသုံးကျမယ်လို့ယုံကြည်ပါသည်။
-
မရှုပ်သွားဘူးလို့ထင်ပါတယ်။