ဒီဗီဒီယိုထဲမှာအကြောင်းအရာ ၄ ၅ ခုလောက်ပြောပြချင်ပါတယ်။ အဲ့ဒီအကြောင်းအရာတွေကလည်း တစ်ခုနဲ့တစ်ခုဆက်စပ်နေကြတာကိုး။ တချို့နေရာတွေမှာအရမ်းရိုးရှင်းပေမယ့်၊ အားလုံးခြုံငုံလိုက်ရင်တော့ ရှုပ်သွားတတ်တယ်။ ကျွန်တော်တို့လေ့လာနိုင်မယ်လို့ယုံကြည်ပါတယ်။ ကောင်းပြီ - စကြရအောင်။ ကျွန်တော့်မှာ ထည့်စရာခွက်တစ်ခုရှိတယ်ဆိုပါစို့။ ဒီဟာကကျွန်တော့်ရဲ့ခွက်တစ်ခုအဖြစ်ဆိုကြပါစို့။ အဲ့ဒီထဲမှာ --- ရေမော်လီကျူးတွေအများကြီးရှိတယ်။ ရေမော်လီကျူးတွေအများကြီးနဲ့နော်။ သူတို့တွေကတစ်ခုနဲ့တစ်ခုပွတ်တိုက်နေကြပါတယ်။ အဲ့ဒါတွေကအရည်ပုံစံနဲ့ရှိနေတဲ့ရေတွေပါ။ ဒါတွေကရေတွေပါ။ အဲ့ဒီရေမော်လီကျူးတွေထဲမှာ သကြားမော်လီကျူးတစ်ချို့ရှိပါတယ်။ သကြားမော်လီကျူးတွေကို ပန်းရောင်နဲ့ကျွန်တော်ဆွဲလိုက်မယ်။ အခုဒီထဲမှာ သကြားမော်လီကျူးတွေအများကြီးရှိနေပါတယ်။ ဒါပေမယ့်ရေမော်လီကျူးကပိုများပါတယ်။ အဲ့ဒါကိုပိုပြီးမြင်သာအောင်လုပ်ချင်တယ်။ ဒီထဲမှာရေမော်လီကျူးတွေအများကြီးအများကြီးပိုပြီးရှိပါတယ်။ ဒီလိုအခြေအနေမှာများတဲ့အရည်ကို solvent (ပျော်၀င်မှုကိုအားပေးတဲ့အရည်) လို့ခေါ်တယ်။ ဒီအခြေအနေမှာရေမော်လီကျူးတွေကပိုများနေပြီး တကယ့်ကို မော်လီကျူးအရေအတွက်ပိုများနေတယ်လို့သိနိုင်ပါတယ်။ မော်လီကျူးအကြောင်းကို အသေးစိတ်မပြောတော့ပါဘူး။ ခင်ဗျားအနေနဲ့အဲ့ဒီအကြောင်းကိုသိပြီးသားဖြစ်နိုင်သလိုမသိသေးတာလည်းဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါမော်လီကျူအရေအတွက်များနေတဲ့အရည်ကို solvent (ပျော်၀င်မှုကို အားပေးတဲ့ အရည်) လို့ပဲ ခေါ်ကြပါမယ်။ ဒီတော့ ဒီအခြေအနေမှာရေကပျော်၀င်မှုကိုအားပေးတဲ့ အရည် (solvent) ပါ။ ဒီတော့ ပမာဏနည်းတဲ့မော်လီကျူးကို .. ဒီကိစ္စမှာ သကြားကိုပျော်၀င်နိုင်တဲ့အရာ (solute) အဖြစ်သတ်မှတ်မယ်။ ဒီတော့၊ သကြားက solute ပေါ့။ သကြားတစ်မျိုးထဲပဲ solute ဖြစ်တယ်လို့သတ်မှတ်လို့မရပါဘူး။ ရေထဲမှာပါ၀င်တဲ့မော်လီကျူးတွေထဲကနည်းတဲ့မော်လီကျူးကို solute လို့ ခေါ်တဲ့အတွက် ဘယ်မော်လီကျူးမဆိုဖြစ်နိုင်ပါတယ်။ ဒီကိစ္စမှာတော့သကြားပေါ့။ သကြားကပျော်၀င်နိုင်တဲ့အရာ solute ပေါ့။ ပြီးခဲ့တုန်းကပြောခဲ့သလိုပဲသကြားကရေထဲမှာပျော်၀င်သွားတာ။ ဒီတစ်ခုလုံးက -- ရေမော်လီကျူးနဲ့သကြားမော်လီကျူးရောစပ်ပါ၀င်တဲ့ဒီအရာကို solution (ပျော်ရည်) လို့ခေါ်တယ်။ ဒီတစ်ခုလုံးကို solution (ပျော်ရည်) လို့ခေါ်တာပါ။ ဒီတော့ solution (ပျော်ရည်) မှာ solvent နဲ့ solute နှစ်မျိုး ပါ၀င်ပါတယ်။ ပျော်၀င်မှုကိုအားပေးတာက ရေ။ ဆိုလိုတာကအဲ့ဒီအရာကအခြားအရာကိုပျော်၀င်သွားစေတာ။ ပျော်၀င်သွားရတာက သကြား။ ဒါကို solute လို့ခေါ်တယ်။ ဒါတွေကခင်ဗျားအတွက်တော့ပြန်နွှေးတာဟုတ်ချင်မှဟုတ်မယ်။ ကျွန်တော်ဒီလိုရှင်းပြတာကရည်ရွယ်ချက်ရှိပါတယ်။ ဘာလဲဆိုတော့ diffusion ပျံ့နှံခြင်း ဆိုတဲ့အကြောင်းကိုပြောပြချင်လို့ပါ။ အရမ်းလွယ်ပါတယ်။ ကျွန်တော့မှာအလားတူထည့်စရာခွက်တစ်ခု ရှိတယ်ဆိုပါစို့။ နည်းနည်းလေးကွဲပြားတဲ့ထည့်စရာတစ်ခုထဲမှာဆွဲပြပါမယ်။ diffusion (စိမ့်၀င်ခြင်း) အကြောင်းကိုပြောပြဖို့လေ။ ရေနဲ့သကြားအကြောင်းပြန်စဉ်းစားရအောင်။ အဓိကက ရေပေါ့။ ကျွန်တော်တို့မှာထည့်စရာခွက်တစ်ခုရှိတယ်။ အဲ့ဒီခွက်ထဲမှာလေအမှုန်လေးတွေရှိတယ်ဆိုပါတော့။ ဒီထဲမှာအောက်စီဂျင် (ဒါမှမဟုတ်) ကာဗွန်ဒိုင်အောက်ဆိုက်တစ်ခုခုဖြစ်နိုင်ပါတယ်။ ဒီမှာလေမော်လီကျူးလေးတွေကျွန်တော်ဆွဲမယ်။ ဒါကဓါတ်ငွေ့ဆိုပါစို့။ အတိအကျပြောရရင်အောက်ဆီဂျင်ဓါတ်ငွေ့ပေါ့။ ဒါတွေက အောက်ဆီဂျင် O2၊ ဟုတ်တယ်နော်။ ဒါကတော့ လက်ရှိအခြေအနေပါ။ ဒါတွေအားလုံးကလေဟာနယ်ဖြစ်ပြီးတော့ အဲ့ဒီမှာအပူချိန်လည်းရှိပါတယ်။ ဒီတော့ ဒီရေမော်လီကျူးတွေမှာ kinetic energy အရွေ့စွမ်းအင်လို့ခေါ်တဲ့စွမ်းအင်ရှိပါတယ်။ သူတို့တွေက ဒီမှာကြုံသလိုဦးတည်ရာဘက်ကိုရွေ့နေတာ။ ကျွန်တော်မေးချင်တာကဘာဆက်ဖြစ်မလဲဆိုတာ။ ဒီခွက်ထဲမှာဘာဆက်ဖြစ်မလဲ။ ကောင်းပြီ။ ဒီကောင်တွေကတစ်ခုနဲ့တစ်ခုကြုံသလို ပွတ်တိုက်နေကြတယ်။ အပေါ်ဘက်ကိုထက် အောက်ဘက်-ဘယ်ဘက်အခြမ်းကိုပိုပြီးတော့တွန်းတိုက်တဲ့သဘောရှိတယ်။ ဒီတော့ ဒီကောင် အောက်ဘက်-ဘယ်ဘက်ခြမ်းကိုတွန်းတိုက်နေပြီဆိုလျှင် တစ်ခုခုနဲ့ တိုက်မိမယ်။ ပြီးလျှင် အပေါ်ပိုင်း ညာဘက်ကိုပြန်တက်မယ်။ ဒါပေမယ့်အပေါ်ပိုင်းညာဘက်မှာ သွားတိုက်ဖို့ဘာမှမရှိတော့ဘူး။ ဒီတော့ အားလုံးကအလျဉ်းသင့်သလိုသွားနေကြတယ်။ ဒါပေမယ့် ခင်ဗျားအနေနဲ့ ညာဖက်တည့်တည့်ကိုပဲရွှေ့နိုင်လိမ့်မယ်။ ဘယ်ဘက်ကိုသွားလျှင် တစ်ခုနဲ့တစ်ခုတိုက်မိလိမ့်မယ်။ ဒီတော့သိသာပါတယ်။ အချိန်ကြာလာတာနဲ့အမျှညီသွားပါလိမ့်မယ်။ ဘာဆိုလိုတယ်ဆိုတာကို သိချင်တယ်ဆိုလျှင်တော့ thermodynamics ဗီဒီယိုကို ကြည့်လိုက်ပါ။ ခွက်က ဒီလိုပုံစံမျိုးနဲ့ နည်းနည်းတူတယ်ဆိုတာတွေ့ပါလိမ့်မယ်။ သေတော့မသေချာဘူး။ ဒီလိုပုံစံဖြစ်မှာပါ။ ဒါပေမယ့် ဒီအမှုန် ငါးခုက ပြန့်သွားမယ့်ပုံစံရှိပါတယ်။ အဲ့ဒါ စိမ့်၀င်ခြင်း ဖြစ်ပြီးတော့အမှုန်တွေ ဒါမှမဟုတ်မော်လီကျူးတွေကို ပိုမိုသိပ်သည်းမှုရှိတဲ့နေရာ (high concentration) ကနေသိပ်သည်းမှု နည်းတဲ့နေရာ (low concentration) ဆီကိုဖြန့်လိုက်တာပါ။ concentration areas ဟုတ်တယ်နော်။ ဒီကိစ္စမှာ မော်လီကျူးတွေက high concentration ကနေ low concentration ကို ပြန့်သွားမယ်။ အခုပြောနေတဲ့ concentration ဆိုတာဘာလဲ concentration ကို တိုင်းတဲ့နည်းပေါင်းစုံရှိမှာပေါ့။ molarity နဲ့ molality ကိုလေ့လာ။ ဒါတွေပဲလေ။ ရိုးရှင်းတဲ့အချက်က per unit space မှာ အမှုန်ဘယ်လောက်များများရှိလဲ။ ဒီမှာတော့ per unit space မှာအမှုန်တွေအများကြီးရှိတယ်။ ဒီမှာတော့ per unit space ကို အမှုန်နည်းနည်းပဲရှိတယ်။ ဒါကြောင့် ဒါက high concentration ဖြစ်ပြီး ဒါက low concentration ပေါ့။ တစ်ခြားစမ်းသပ်ချက်တွေကိုလည်းစဉ်းစားကြည့်ပေါ့။ ဒီလိုအရည်မျိုးကိုစဉ်းစားနိုင်တယ်ပြောတာ။ အလားတူတစ်ခုခုလုပ်ကြည့်ရအောင်။ ကျွန်တော် ကျွန်တော့်မှာထည့်စရာနှစ်ခုရှိတယ်ဆိုပါတော့။ အဲ့ဒီခွက်နှစ်ခုကိုကြည့်ရအောင်။ စောစောက ပျော်ရည်အခြေအနေကိုပြန်သွားကြည့်ရအောင်။ ဒါကအငွေ့။ ဥပမာအနေနဲ့စခဲ့တာ။ ဒီတော့ဒီဥပမာနဲ့ပဲကြည့်ရအောင်။ အဲ့ဒီမှာအပေါက်တစ်ပေါက်ရှိတယ်ဆိုပါတော့။ အဲ့ဒီအပေါက်ကရေ (ဒါမှမဟုတ်) သကြားမော်လီကျူးတွေထက်ကြီးတယ်။ တစ်ဖက်မှာလည်း ကျွန်တော့မှာရေမော်လီကျူးတွေအများကြီးရှိတယ်။ တခြားတစ်ဖက်မှာလည်း ရေမော်လီကျူးတွေအများကြီးရှိတယ်။ ဒီဖက်ကလိုဘဲ။ ဒီတော့ ကျွန်တော့မှာရေမော်လီကျူးတွေတကယ့်ကိုအများကြီး ရှိနေတယ်။ ဒီမှာဘဲ ကျွန်တော်ရေမော်လီကျူးရှိမယ်ဆိုရင် သူတို့အားလုံးကကြုံသလိုဦးတည်ရာဘက်ကိုခုန်နေကြမယ်။ ဒီဖက်ကရေမော်လီကျူးတွေကဒီလမ်းအတိုင်းသွားပြီး ဒီဖက်ကရေမော်လီကျူးတွေကလည်းဒီလမ်းအတိုင်းသွားမယ်။ နှစ်ဖက်စလုံးမှာ ရေမျက်နှာပြင်အတူတူပဲရှိတယ်။ မဟုတ်လျှင် ဖိအားကမတူဘဲနေလိမ့်မယ်။ ဒါပေမယ့် ဒီဟာရဲ့ထိပ်ပိုင်းက ဒီဟာရဲ့ထိပ်နဲ့တူတယ်ဆိုတာသိတယ်နော်။ ဒီတော့ ဦးတည်ရာဖက်တစ်ဖက်တည်း (ဒါမှမဟုတ်) တခြားတစ်ဖက်ကိုသွားနေတဲ့ ဘယ်ဖိအားမှမရှိတော့ဘူး။ ဘယ်လိုဘဲအကြောင်းပြပြ ရေမော်လီကျူးတွေက ညာဖက်တည့်တည့်ကိုပဲသွားပါတယ်။ ရုတ်တရက် ဒီနေရာကိုရေတွေကနေရာယူသွားပြီး ဒါမဖြစ်နိုင်ဘူးဆိုတာသိပါတယ်။ ဒီတော့ဒါကပျော်ရည်ပေါ့။ ဒါမှမဟုတ်ရေထည့်ထားတဲ့ခွက်နှစ်ခုပေါ့။ ဒီထဲကိုပျော်၀င်နိုင်တဲ့အရာ solute တစ်ချို့ထည့်ကြည့်ရအောင်။ ဒီထဲမှာနည်းနည်းပျော်အောင်ထားလိုက် ဘယ်ဘက်အခြမ်းမှာဘဲအားလုံးကိုပျော်အောင်လုပ်တယ်ဆိုပါစို့။ ဒါကြောင့်ဘယ်ဘက်ခွက်ထဲမှာသကြားမော်လီကျူးအချို့ကိုထားလိုက်တယ်။ ဒါတွေကဒီပိုက်သေးသေးလေးကနေဖြတ်ပြီးစီးနိုင်လောက်အောင်သေးရမယ်။ ဒါက ကျွန်တော့်ယူဆချက်တစ်ခုဘဲရှိပါသေးတယ်။ ဒါဆို ဘာဆက်ဖြစ်မလဲကြည့်ရအောင်။ ဒါတွေအားလုံးမှာ ရွေ့လျားစွမ်းအင်လို့ခေါ်တဲ့ kinetic energy ရှိတယ်။ သူတို့အားလုံးကခုန်နေတယ်။ ပတ်ခုန်နေကြတာပေါ့။ ဒီတော့သိတဲ့အတိုင်းအချိန်ကြာလာတာနဲ့ရေကရှေ့နောက်ရွေ့နေတာပေါ့။ (ဟိုဘက်ဒီဘက်ကူးနေတာပေါ့။) ဒီရေမော်လီကျူးကအဲ့ဒီလမ်းအတိုင်းသွားကောင်းသွားနိုင်တယ်။ ရေမော်လီကျူးက ဒီလမ်းအတိုင်းသွားရင်သွားမယ်။ ဒါပေမယ့်အချိန်ကြာလာရင်တော့သကြားမော်လီကျူးတွေထဲကတစ်ခုက ညာဖက်ကိုသွားလိမ့်မယ်။ သင် သိရင်သိမှာပေါ့။ ဒီလမ်းအတိုင်းသွားရမယ့်အစား ဒီဖက်ဦးတည်ရာအတိုင်းထွက်သွားမယ်။ ဒီဟာကိုဖြတ်ပြီးတော့။ ဒီမြောင်းလေးကိုဖြတ်ပြီးတော့။ ခွက်နှစ်ခုကိုဆက်ထားတဲ့ မြောင်းကနေတစ်ဆင့်ပေါ့။ ပြီးတော့ဒီမှာအဆုံးသတ်မယ်။ ဟုတ်တယ်နော်။ ဒီကောင်က ဒီပတ်လည်မှာခုန်နေလိမ့်မယ်။ သူကနောက်ပြန်သွားကောင်းသွားမယ်။ ဒါပေမယ့် အဲ့ဒီနေရာမှာထက်အမှုန်တွေသကြားမှုန်တွေပိုများတယ်။ ဖြစ်နိုင်ချေရှိတာက ဒီတစ်ကောင်ကဟိုဖက်ကိုသွားတာထက်ဒီတစ်ကောင်ကဒီဘက်ကိုသွားနိုင်ချေရှိတယ်။ တစ်ကောင်က ဒီဖက်ကိုသွားမှာ။ ဒီတော့ စဉ်းစားကြည့်ပါ။ အမှုန်ပေါင်းမြောက်မြားစွာနဲ့လုပ်မယ်ဆိုရင်ဘယ်လိုဖြစ်မလဲ။ ကျွန်တော်ကလေးခုထဲနဲ့လုပ်ဆောင်တာပါ။ အချိန်ကြာတာနဲ့အမျှအမှုန်တွေကပြန့်သွားပြီး သူတို့ရဲ့ concentrations ကအကြမ်းဖျင်းအားဖြင့်တူလာမယ်။ ကြာလာတာနဲ့အမျှဒီဘက်မှာနှစ်ခုပဲရှိတော့မယ်။ သင့်အနေနဲ့ အမှုန်သုံးခု၊ လေးခု၊ ဒါမှမဟုတ်ငါးခုလောက်နဲ့လုပ်မယ်ဆိုရင်တော့ အဲ့ဒီလိုဖြစ်ချင်မှဖြစ်မယ်။ ဒါပေမယ့်အမှုန်ပေါင်းမြောက်မြားစွာနဲ့လုပ်ပြီးတော့ အဲ့ဒီအမှုန်တွေကအရမ်းအရမ်းကိုသေးငယ်မယ်ဆိုရင်ဖြစ်နိုင်ချေရှိပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ။ လုပ်ငန်းစဉ်တစ်ခုလုံးက (ဒြပ်)ပါဝင်မှုမြင့်သောပျော်ရည် (high concentration) ရှိတဲ့ခွက်ကနေ (ဒြပ်)ပါဝင်မှုနိမ့်သောပျော်ရည် (low concentration) ရှိတဲ့ခွက်ကိုသွားတယ်။ ပြီးတော့ အမှုန်တွေက low concentration ခွက်ကနေ high concentration ရှိတဲ့ခွက်ထဲကိုပြန့်သွားလိမ့်မယ်။ ဒီတော့ သူတို့ကစိမ့်၀င်သွားတာပေါ့။ ဒါကို စိမ့်၀င်ခြင်း (diffusion) လို့ခေါ်တယ်။ ဒါက စိမ့်၀င်ခြင်းပေါ့။ စိမ့်၀င်ခြင်းနဲ့ပတ်သတ်တဲ့တခြားစကားလုံးတွေကို ကျွန်တော်တို့သင်ယူရတယ်။ ကျွန်တော်တို့စလုပ်တုန်းက ဒီဟာက higher concentration ရှိတယ်။ ဘယ်ဖက်ခွက်က higher concentration ရှိတယ်။ Higher concentration အားလုံးကဆက်စပ်နေတယ်။ ဟုတ်တယ်ဟုတ်။ ဒီခွက်ထက်ဒီခွက်က concentration ပိုမြင့်တယ်။ ညာဖက်ခွက်က lower concentration (solute ပါ၀င်မှုနည်းတယ်)။ lower concentration ဒါတွေအားလုံးကဒီအတွက်စကားလုံးတွေဘဲ။ high concentration ရှိတဲ့ပျော်ရည်ကို hypertonic solution (solute ပါ၀င်မှုများသောပျော်ရည်) လို့ခေါ်တယ်။ အဝါရောင်စာလုံးနဲ့ရေးမယ်။ Hypertonic solution Hyper ဆိုတာအများကြီးရှိတယ်လို့ဆိုလိုတာ။ တစ်ခုခုပေါ့။ အများကြီးပဲ။ lower concentration က ကျတော့ hypo (နည်းနည်းပဲရှိတာ)။ hypotonic Hypotonic solution (solute ပါ၀င်မှုနည်းတဲ့ပျော်ရည်။) lower concentration။ ဆွေမျိုးတွေထဲကတစ်ယောက်ယောက်ပြောတာကြားဖူးမှာပါ။ အစာမစားရသေးတဲ့သူတစ်ယောက်ကပြောတယ်။ (ကျွန်တော့ သွေးထဲမှာသကြားဓါတ်နည်းနေတယ်။) သူတို့မှာသကြားဓါတ်နည်းနေတယ်လို့ဆိုတာထက် ရီဝေဝေဖြစ်နေတာကိုပြောချင်တာ။ သူတို့ သွေးထဲမှာသကြားဓါတ်နည်းနေပြီး သတိမေ့လဲချင်နေပြီ။ ဒါကြောင့်အစားတစ်ခုခုစားချင်တာ။ သင့်မှာသကြားလုံးတွေအများကြီး ရှိရင်တော့သင့်သွေးထဲမှာသကြားဓါတ်များနေပြီလို့ ပြောလို့ရတယ်။ ဒါဆိုရင် သင်က hyperglycemic ဖြစ်နေတာ။ ဒါမှမဟုတ် ယေဘုယျများတာမျိုးဖြစ်ချင်ဖြစ်မှာပေါ့။ ဒါတွေက သင်သိသင့်တဲ့ (ရှေ့ဆက်စကားလုံး) တွေပါ။ hypertonic ဆိုတာသင့်မှာ solute အများကြီးရှိတယ်လို့ဆိုလိုတာ။ သင့်မှာ high concentration ရှိတယ်ပေါ့။ hypotonic ဆိုတာ solute တွေအများကြီးမရှိဘူးလို့ဆိုချင်တာ။ low concentration ပေါ့။ ဒီစကားလုံးတွေက သိထားသင့်ပါတယ်။ ယေဘုယျပြောရရင်တော့ diffusion ဆိုတာ ဘာအဟန့်အတားမှ မရှိဘူးဆိုရင် ဒီမှာ ပြထားသလိုပဲ။ high concentration ကနေ ဒါမှမဟုတ် hypertonic solution ကနေ hypotonic solution ကိုသွားတဲ့ solute တွေရှိတယ်။ အဲ့ဒီ hypotonic solution မှာ concentration နည်းတယ်။ နောက်ထပ်စမ်းသပ်ချက်တွေထပ်လုပ်ကြည့်ရအောင်။ ပျော်၀င်ခြင်းအကြောင်းကိုကျွန်တော်တို့ပြောခဲ့ပြီးပါပြီ။ ခုထိတော့ solute ရဲ့ပျော်၀င်ခြင်းကိုပဲကျွန်တော်ပြောခဲ့သေးတယ်။ ဟုတ်တယ်နော်။ ဒီတစ်ခုထဲပြောချင်တာမဟုတ်ပါဘူး။ အားလုံးကိုခြုံငုံမိစေချင်တယ်ဆိုရင်တော့ solute ဆိုတာအနည်းငယ်သာရှိတဲ့အရာဖြစ်ပြီး solvent ဆိုတာကတော့အများကြီးရှိတဲ့အရာဖြစ်ပါတယ်။ အများစုကတော့ရေပါပဲ။ ဒါပေမယ့်ရေပဲဖြစ်ရမယ်လို့မဆိုလိုပါဘူး။ အရက်လည်းဖြစ်နိုင်တယ်။ အင်း.... မာကျူရီလည်းဖြစ်နိုင်တာဘဲ။ မော်လီကျူးမှန်သမျှအကုန်ဖြစ်နိုင်တယ်။ ဇီ၀ဗေဒနည်းအရ ဒါမှမဟုတ်ဓါတုဗေဒနည်းအရသာ ရေကဖြစ်နိုင်ချေအများဆုံး solvent ဖြစ်နေတာ။ ရေထဲမှာကတစ်ခြားအရာတွေပျော်၀င်လို့ရတယ်လေ။ solute ကကြီးနေပြီးမြောင်းကကျဉ်းနေတယ်ဆိုရင် ဘာဖြစ်သွားမလဲ။ ရေအမှုန်တွေကျတော့ အဲ့ဒီကနေဖြတ်သွားလို့ရလောက်အောင်သေးတယ်။ အဲ့ဒီအခြေအနေကိုစဉ်းစားကြည့်ရအောင်။ အဲ့လိုစဉ်းစားဖို့ဆိုလျှင် စိတ်၀င်စားစရာကောင်းတဲ့တစ်ခုခုလုပ်မှရမယ်။ ဒီမှာထည့်စရာခွက်တစ်ခုရှိတယ်ဆိုပါစို့။ ခွက်ကိုမဆွဲတော့ပါဘူး။ ပြင်ပပတ်၀န်းကျင်တစ်ခုရှိတယ်ဆိုပါစို့။ အဲ့ဒီမှာရေမှုန်တွေရှိတယ်။ ဒီဟာကပြင်ပပတ်၀န်းကျင်ပေါ့။ membrane ခေါ်တဲ့အမြှေးပါးအလွှာတစ်မျိုးရှိတယ်။ ဒီမှာအမြှေးပါးအလွှာရှိတယ်။ ဒါကအမြှေးပါးအလွှာပါ။ အဲ့ဒီအမြှေးပါးအလွှာကနေတဆင့်ရေက၀င်သွားနိုင်သလိုပြန်လည်းထွက်လာနိုင်တယ်။ အဲ့ဒါကို တစ်စိတ်တစ်ပိုင်းစိမ့်၀င်ပြန့်နှံ့ခြင်း semi-permeable လို့ခေါ်တယ်။ ဒါကရေကိုပဲစိမ့်၀င်စေတာ။ solute ကတော့ ဒီအလွှာကိုဖြတ်ပြီးမသွားနိုင်ဘူး။ solute ကသကြားဆိုပါတော့။ ရေကအပြင်ဘက်မှာရှိတယ်။ ဒီအလွှာထဲမှာလည်းရှိတယ်။ ဒါတွေကရေမှုန် သေးသေးလေးတွေ။ ဒါက အမြှေးပါးအလွှာ။ ကျွန်တော်တို့မှာသကြားမော်လီကျူးအချို့ ရှိတယ်ဆိုပါစို့။ သကြားကိုပဲကျွန်တော်ဥပမာထားပြောတာပါ။ တခြားဟာတွေလည်းဖြစ်နိုင်ပါတယ်။ ဒီတော့ ဒီမှာသကြားမော်လီကျူးတွေရှိတယ်။ သူတို့ကနည်းနည်းကြီးတာ ဒါမှမဟုတ်တော်တော်ကြီးတာမျိုးပေါ့။ တကယ်တော့သူတို့ကရေမော်လီကျူးထက်တော်တော်ကြီးတယ်။ ခင်ဗျားမှာအများကြီးရှိတယ်နော်။ ကျွန်တော်က၄ ခုဘဲဆွဲလိုက်တာ။ ဒီမှာတကယ့်အများကြီးရှိတာ။ ဟုတ်တယ်ဟုတ်။ ရေ မော်လီကျူးတွေအဲ့လောက်များများရှိတယ်။ ကျွန်တော်ပြောပြနေတာက ခင်ဗျားမှာသကြားမော်လီကျူးထက်ရေမော်လီကျူးကများနေတဲ့အခြေအနေ။ ဒီ အမြှေးပါးအလွှာကတစ်စိတ်တစ်ပိုင်းစိမ့်၀င်နိုင်တဲ့အရာ။ Permeable ဆိုတာအရာတွေစိမ့်၀င်ဖြတ်သန်းစေခြင်းလို့အဓိပ္ပါယ်ရတယ်။ Semi-permeables ဆိုတာကတော့စိမ့်၀င်လို့ရတယ်။ ဒါပေမယ့်အပြည့်အ၀တော့မဟုတ်ဘူးပေါ့။ ဒီတော့ဒီမှာပြောတဲ့ Semi-permeables ဆိုတာ ရေကတော့ဒီအလွှာကနေတဆင့်ဖြတ်သန်းနိုင်တယ်။ ရေတော့ဖြတ်လို့ရတယ်။ ဒါပေမယ့်သကြားကတော့မရဘူး။ သကြားကကြီးလွန်းနေလို့။ ချဲ့လိုက်မယ်ဆိုရင် အလွှာကဒီပုံစံလေးရှိချင်ရှိမှာပေါ့ဗျာ။ ဒီအလွှာပေါ်မှာချဲ့ပြီးတော့အနီးကပ်ကြည့်လိုက်မယ်ဆိုလျှင်။ အလွှာထဲမှာအပေါက်သေးသေးလေးတွေရှိတယ်။ ဒီလိုပုံစံ။ ရေမော်လီကျူးတွေကလည်းဒီအရွယ်အစားလောက်ပဲ။ ရေမော်လီကျူးတွေကဒီအပေါက်တွေကိုဖြတ်သွားလို့ရတယ်။ ရေမော်လီကျူးတွေကရှေ့ နောက်ကို အပေါက်လေးတွေကတစ်ဆင့်ဖြတ်သွားနိုင်တယ်။ ဒါပေမယ့်သကြားမော်လီကျူးတွေကကြီးနေတော့ ဖြတ်လို့မရဘူး။ ဒီအပေါက်လေးကနေတစ်ဆင့်ရှေ့၊ နောက်ဖြတ်သွားဖို့အတွက် ကြီးလွန်းနေတယ်။ ဒီလိုအခြေအနေမျိုးမှာဘာဆက်ဖြစ်မယ်လို့ထင်လဲ။ ပထမဆုံးကျွန်တော်တို့ရဲ့သုံးနေကျအသုံးအနှုန်းလေးတွေကိုသုံးရအောင်။ မှတ်မိလား။ သကြားက ပျော်၀င်နိုင်တဲ့အရာ (solute) ဖြစ်တယ်။ ရေက ပျော်၀င်မှုကိုအားပေးတဲ့အရည် (solvent) ဖြစ်တယ်။. တစ်စိတ်တစ်ပိုင်း စိမ့်၀င်နိုင်တဲ့အမြှေးပါးအလွှာ (Semi-permeable membrane)။ ဒီအမြှေးပါးအလွှာရဲ့ဘယ်အပိုင်းက solute ပိုများပြီး ဘယ်အပိုင်းက solute ပိုနည်းနေမလဲ။ ကောင်းပြီ။ အတွင်းဘက်အပိုင်းပေါ့။ ဒီအတွင်းပိုင်းက hypertonic (solute ပါ၀င်မှုများတယ်။) အပြင်ဘက်က (ဒြပ်)ပါဝင်မှုနိမ့် တဲ့အတွက် သူက hypotonic (solute ပါ၀င်မှုနည်းတယ်။) အခု ဒီအပေါက်လေးတွေအားလုံးမှာ လုံလောက်တဲ့အကျယ်ရှိပြီ။ ဒီကောင်တွေကခုန်နေပြီ ရေကကြိုက်တဲ့ဦးတည်ရာဘက်ကိုသွားပြီဆိုရင်။ ညီသွားနိုင်ပြီ။ တကယ်တော့ကျွန်တော် ဒီအကြောင်းကိုအခုဘဲပြောပြတော့မလို့ပါ။ အားလုံးကကျယ်ကျယ်ပြန့်ပြန့် ပွင့်နေပြီဆိုရင်တစ်ဖက်နဲ့တစ်ဖက်ညီနေနိုင်ပြီ။ ဒါပေမယ့်အဲ့ဒီလိုပွင့်ခဲ့မယ်ဆိုရင်လည်းဒီကောင်တွေက ဒီအပိုင်းကိုကျော်ပြီးခုန်မယ်။ နောက်ဆုံးတော့ (ဒြပ်)ပါဝင်မှု concentrations တွေတူညီကောင်းတူညီလိမ့်သွားမယ်။ ပုံမှန်ဆိုရင်၊ စိမ့်၀င်ပြန့်နှံခြင်း diffusion သည် ပါ၀င်မှုများသော solute ကနေ ပါ၀င်မှုနည်းသော solute ကိုပြန့်နှံသွားသည်။ ဒါပေမယ့်၊ ဒီမှာတော့ဒီကောင်တွေက အပေါက်ကတဆင့်မ၀င်နိုင်ဘူး။ ရေကပဲဖြတ်နိုင်တယ်။ တကယ်တော့ဒီကောင်တွေဒီမှာမရှိဘူးဆိုလျှင် ရေကဒီဘက်ကိုသွားဖို့နဲ့၊ ဟိုဖက်ကလာတဲ့ ဖြစ်နိုင်ခြေသည်လုံး၀တူသည်။ ဒါပေမယ့် ဒီကောင်တွေကညာဘက်ခြမ်းမှာရှိနေတဲ့အတွက်၊ ဒီမှာတော့၊ အမြှေးပါးအလွှာရဲ့အတွင်းဘက်မှာရှိနေတယ် ဒါကျွန်တော်တို့ချဲ့ကြည့်ထားတဲ့အမြှေးပါးအလွှာရဲ့အတွင်းပိုင်းဖြစ်တယ်။ ဒီကောင်တွေကအပေါက်နားကပ်လာနေတဲ့အတွက် ရေဝင်ဖို့အခွင့်နည်းသွားတယ်။ တကယ်တော့၊ ရေထွက်ဖို့ထက်၊ ၀င်လာဖို့ရာပိုဖြစ်နိုင်တယ်။ ဒါကိုလုံးဝရှင်းစေချင်တယ်။ သကြားမော်လီကျူးတွေသာဒီမှာမရှိဘူးဆိုလျှင် ရေကဟိုဘက်ဒီဘက်သွားနေမှာ။ အခုတော့ဒီသကြားမော်လီကျူးတွေကဒီမှာရှိနေတယ်။ ဒီသကြားမော်လီကျူးတွေကညာဖက်မှာရှိနေတယ်။ သူတို့ကရေကိုထွက်မသွားနိုင်အောင်ကာထားတာဖြစ်နိုင်တယ်။ အကောင်းဆုံးနည်းနဲ့စဉ်းစားကြည့်ရလျှင် အပေါက်နားကိုသွားတဲ့လမ်းကိုပိတ်ထားသလိုဖြစ်နေတာ။ သူတို့ဖာသာဒီအပေါက်ကိုမဖြတ်နိုင်ဘူး။ ဒီအပေါက်ကိုပိတ်ထားတာလဲဟုတ်ချင်မှဟုတ်မယ်။ ဒါပေမယ့် သူတို့ကကြုံသလိုသွားနေတာဆိုတော့ ဒီတော့ရေမော်လီကျူးကချဉ်းကပ်လာပြီဆိုလျှင် ဒါတွေကဖြစ်နိုင်ချေများတာတွေကိုပြောပြတာပါ။ မြောက်မြားလှတဲ့မော်လီကျူးတွေနဲ့ကျွန်တော်တို့ကအလုပ်လုပ်နေရတာ။ ဒီတော့သကြားမော်လီကျူးတွေကရေတွေအပြင်ထွက်ဖို့အတွက်ကို ပိတ်ထားတဲ့သဘောဖြစ်နေတယ်။ အပြင်မှာရှိတဲ့ရေမော်လီကျူးတွေအတွက်ကျတော့ သူတို့ကို ပိတ်ထားတဲ့အရာ ဘာမှမရှိဘူး။ ဒီတော့ ရေတွေကအထဲကိုစီးလို့ရတယ်။ ဒီလိုအခြေအနေမျိုးမှာတစိတ်တပိုင်းစိမ့်၀င်နိုင်တဲ့အလွှာနဲ့ သင့်အနေနဲ့ရေကိုရမှာဖြစ်တယ်။ ဒီတော့ရေကအတွင်းထဲကိုပဲစီးဆင်းမှုရှိမယ်။ ဒါက စိတ်၀င်စားစရာပဲနော်။ hypotonic ကနေ hypertonic solution ကို စီးဆင်းသွားတဲ့ solvent ရှိတယ်။ ဒါပေမယ့် ဒီ hypotonic ဆိုတာက solute ပြောင်းလုပ်လိုက်မယ်ဆိုလျှင် အကယ်၍သကြားကို solvent အနေနဲ့ အသုံးပြုခဲ့မယ်ဆိုလျှင်၊ high concentration ရှိတဲ့ရေကနေ low concentration ရှိတဲ့ ရေကိုသွားတယ်လို့ပြောနိုင်တယ်။ စိတ်မရှုပ်သွားနဲ့နော်။ ဒီဟာကနည်းနည်းရှုပ်တယ်ဆိုပေမယ့် ဘာဆက်ဖြစ်မလဲဆိုတာကိုဘဲစဉ်းစားကြရအောင်။ ဘယ်လိုအခြေအနေမှာဘဲဖြစ်ဖြစ်ပျော်ရည်ကဖြစ်မှာပဲ။ concentration ကိုညီအောင် လုပ်ရမှာပဲ။ နှစ်ဖက်စလုံးမှာ concentrations ညီနိုင်သမျှ ညီအောင်လုပ်ဖို့ဆိုလျှင် သူကမှော်အတက်မဟုတ်ပါဘူး။ ပျော်ရည်ကသိလို့တော့မဟုတ်ပါဘူး။ ဖြစ်နိုင်ချေကြောင့်ပါဘဲ၊ ဒီကောင်တွေကခုန်နေတဲ့အတွက်၊ ဒီမှာတော့ရေက ခွက်ထဲကို ပိုပြီးစီးသွားချင်တယ်။ ဒီတော့ solute ရဲ့ low concentration အကြောင်းကိုပြောတဲ့အခါ hypotonic ရှိတဲ့ဘက်ကနေ solute က high concentrations ဖြစ်နေတဲ့ဘက်ကိုသွားတာ။ ဆိုလိုတာကသကြားပေါ့။ ဒါကို ဆွဲဆန့်လိုက်မယ်ဆိုလျှင် ရေတွေကပိုပြီးအတွင်းကိုစီးမယ်။ ဒီအမြှေးပါးလွှာက အပြင်ကို ဆန့်ထွက်သွားမယ် ဒီမှာအသေးစိတ်တော့မပြောတော့ပါဘူး။ ဒါပေမယ့် solvent ဖြစ်တဲ့ရေက။ ဒီကိစ္စမှာဆိုလျှင် ရေက solvent အနေနဲ့တစ်စိတ်တစ်ပိုင်းစိမ့်၀င်နိုင်တဲ့အလွှာကိုဖြတ်ပြီး စိမ့်၀င်သွားတယ်။ ဒါကို osmosis (စိမ့်၀င်ပြန့်နှံ့ခြင်း) လို့ခေါ်တယ်။ osmosis ကို ကြားဖူးမှာပါ။ ခင်ဗျားခေါင်းပေါ်မှာစာအုပ်တင်လိုက်မယ်ဆိုရင် သင့်ဦးနှောက်ထဲကိုစာတွေစိမ့်၀င်သွားရင်သွားမှာပေါ့။ အတူတူပါဘဲ။ ဒီစကားလုံးကအဲ့ဒါကလာတာပါ။ အမြှေးပါးလွှာကနေတဆင့်ရေစိမ့်ထွက်ရတဲ့အကြောင်းက concentrations ကိုပိုပြီးညီစေချင်လို့ပါ။ ပြောရမယ်ဆိုရင်ဒီမှာ high concentration ရှိတယ်။ ဒီမှာ low concentration ရှိတယ်။ အကယ်၍ဒီမှာသာအလွှာမရှိခဲ့ဘူးဆိုရင်ဒီမော်လီကျူးအကြီးတွေဟာ ထွက်သွားလိမ့်မယ်။ ဒါပေမယ့် ဒီမှာတစ်စိတ်တစ်ပိုင်းစိမ့်၀င်နိုင်တဲ့အလွှာကြောင့် သူတို့ထွက်သွားလို့မရဘူး။ ဒီတော့ဒီစနစ်ကမှော်ပညာမဟုတ်ဘူးနော်။ ရေတွေက concentration ညီဖို့အတွက် ပိုပြီး၀င်လာလိမ့်မယ်။ ဒီမှာမော်လီကျူးနည်းနည်းပဲရှိခဲ့မယ်ဆိုလျှင် high concentration ဘက်လိုမဟုတ်ဘဲနဲ့ အားလုံးကအပြည့်အ၀ဖြစ်နိုင်တယ်ဆိုလျှင် သင့်မှာ ဒီဘက်မှာညာဖက်မှာလိုဘဲ high concentration ရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ညာဖက်အခြမ်းမှာ ရေတွေနဲ့ ပြည့်သွားပြီးတော့ထုထည်ပိုကြီးလာလိမ့်မယ်။ ပြီးရင်ဘယ်ညာသွားနေတဲ့ ရေမော်လီကျူးအရေအတွက်ဟာ တူပြီးတော့တဖြည်းဖြည်း ညီသွားမှာပါ။ ပိုပြီးရှင်းပြရရင်။ diffusion စိမ့်၀င်ခြင်းဆိုတာ higher concentration ကနေ lower concentration ရှိတဲ့ ဧရိယာတစ်ခုဆီကိုပြန့်သွားတာကိုဆိုလိုတာ။ ပြန့်သွားရုံပါပဲ။ Osmosis ဆိုတာကရေစိမ့်၀င်ပြန့်နှံ့ခြင်းပါ။ ရေစိမ့်၀င်ပြန့်နှံ့ခြင်းလို့ဆိုတာပါ။ ရေကို solvent အနေနဲ့ပြောတာ။ အဲ့ဒီမှာ solute ဖြတ်မသွားနိုင်တဲ့တစ်စိတ်တစ်ပိုင်းစိမ့်၀င်ပျံ့နှံ့နိုင်တဲ့အလွှာရှိတယ်။ အဲ့ဒီအလွှာကိုဖြတ်ပြီးတော့ solute ကမသွားနိုင်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ်၊ ဒီသင်ခန်းစာကိုအသုံးကျမယ်လို့ယုံကြည်ပါသည်။ မရှုပ်သွားဘူးလို့ထင်ပါတယ်။