ကျွန်တော်တို့ ငိုကြတာ ဘာကြောင့်လဲ? မျက်ရည် အမျိုးအစား သုံးမျိုးရှိတာကို Alex Gendler ပြောပြထားပါတယ်။
-
0:06 - 0:10ကျွန်တော်တို့ ဒီနေ့ ပြောပြလိုတာ အိုင်ရီးစ် ဆိုတဲ့ ကလေးမလေးရဲ့ အဖြစ်အပျက်ပါ။
-
0:10 - 0:13အိုင်ရီးစ်ဟာ သိပ်ကို ထိခိုက်လွယ်သူလေးပါ။
-
0:13 - 0:17ဘယ်လောက်အထိတောင်လဲ ဆိုတော့ တစ်ချိန်လုံးကို မျက်ရည် စက်လက်နဲ့ပါ။
-
0:17 - 0:20သူဟာဝမ်းနည်းတဲ့ အခါမှာ ငိုတယ်၊
-
0:20 - 0:23ဝမ်းသာတဲ့ အခါမှာ
-
0:23 - 0:28အကြောင်းဖြစ်ရပ်တွေက သူမကို စိတ်အနျောက်အယှက် ပေးတဲ့ အခါတွေတောင်မှာမှ မျက်ရည်ကျတတ်တယ်။
-
0:28 - 0:31သူမဆီမှာ ရှိတဲ့ အထူး အကျိတ် (lacrimal gland) တွေဟာ မျက်ရည်အသစ်တွေကို ထုတ်လုပ်ပေးကြပါတယ်၊
-
0:31 - 0:34ပြီးတော့ lacrimal puncta လို့ခေါ်တဲ့ အထူးပြွန်တွေကျတော့
-
0:34 - 0:37မျက်ရည် အဟောင်ေးတွကို အဝေးယူထုတ်ပစ်ပြီး ခြောက်သွားစေဖို့ အတွက်ပါ။
-
0:37 - 0:39သူငိုတာ ဘယ်လောက်တောင် များသလဲဆိုတော့၊
-
0:39 - 0:41တစ်ရက်တစ်ရက်ကို မျက်ရည် ဆယ်အောင်စ ရှိတာမို့လို့
-
0:41 - 0:43တစ်နှစ်ကို ဂါလံ သုံးဆယ်ကြီးတောင်ဗျာ။
-
0:43 - 0:45တကယ့်တကယ်ကျတော့၊ အနီးကပ် ကြည့်ကြည့်မယ်ဆိုရင်၊
-
0:45 - 0:50သူမဟာ တစ်ချိန်လုံးလိုလိုမှာ အနည်းနဲ့အများ ငိုနေတာပါ။
-
0:50 - 0:53အိုင်ရီးစ်က တစ်ချိန်လုံး ထုတ်လုပ်ပေးနေတဲ့ အခြေခံ မျက်ရည်တွေကတော့
-
0:53 - 0:55ပါးလှတဲ့အလွှာပါး သုံးခုမှ ထွက်လာခြင်း ဖြစ်ပ်ြီါ
-
0:55 - 0:58သူမကို လွှမ်းခြုံထားတဲ့ အညစ်အကြေးများကို ထုတ်ယူပစ်ပေးပါတယ်။
-
0:58 - 1:01အိုင်ရီးစ်နဲ့ကပ်လျက် နောက်တစ်ခုက ချွဲရည်အလွှာပါ
-
1:01 - 1:04၎င်းဟာ အရာအားလုံးကို တုတ်ချီထားတာပါ။
-
1:04 - 1:06အဲဒါရဲ့ အပေါ်မှာက ရေကြည်လွှာ ရှိတယ်
-
1:06 - 1:08အိုင်ရီးစ်ကို ရေစိုနေအောင် လုပ်ပေးတယ်
-
1:08 - 1:09ကျူးကျော်ဝင်လာကြတဲ့ ဗက်တးရီးယားတွေကို တွန်းထုတ်ပါတယ်၊
-
1:09 - 1:13ပြီးတော့ သူမရဲ့ အသား ဒါမှမဟုတ် မျက်ကြည်လွှာကို ကာကွယ်ပေးပါတယ်။
-
1:13 - 1:16နောက်ဆုံးမှာတော့ အဆီရဲ့အလွှာ ရှိပါတယ်။
-
1:16 - 1:19အပြင်မှနေပြီး ဖုံးအုပ်ထားတဲ့ အဆီလွှာဖြစ်ပြီး မျက်နှာပြင်ကိုချောမွေ့အောင်လုပ်ပေးပါတယ်။
-
1:19 - 1:20အဲဒါမှ အိုင်ရီးစ်ဟာ ထုတ်ချင်းပေါက် မြင်နိုင်မှာ ဖြစ်သလို
-
1:20 - 1:23ကျန်တဲ့ အလွှာတွေ အငွေပျံ ခြောက်မသွားအောင် ကူပေးပါတယ်။
-
1:23 - 1:25ပုံမှန်အားဖြင့် အိုင်ရီးစ်ဟာ တစ်နေ့လုံး သွားလာနေရင်း
-
1:25 - 1:27ပင်ကိုမူလ မျက်ရည်တွေ သူတို့ရဲ့ အလုပ်ကို လုပ်နေကြတာကို
-
1:27 - 1:28သတိတောင် မထားမိပါဘူး။
-
1:28 - 1:30အဲဒါမျိုးကို စဉ်းစားမိတာတောင် မဟုတ်ပါဘူး။
-
1:30 - 1:33ဒါပေမဲ့၊ တစ်နေ့တော့ သူမဟာ ကြက်သွန်နီ ဆိုတဲ့ ကလေးမလေးနဲ့ တွေ့မိပါတယ်
-
1:33 - 1:35အိုင်ရီးစ်ဟာ တစ်ချက်တည်းနဲ့ကို အရမ်းကြိုက်မိတယ်။
-
1:35 - 1:38ကြက်သွန်နီဟာ သူမရဲ့ ခရမ်းရောင် အပေါ်အင်္ကျီနဲ့ သားနားနေလိုက်တာ၊
-
1:38 - 1:40ပြီးတော့ အနံ့ကလဲ အရမ်းကို ကောင်းလိုက်တာ။
-
1:40 - 1:42အဲဒါနဲ့ အိုင်ရီးစ်ဟာ ကြက်သွန်နီကို ညာစာစားဖို့ သူ့အိမ်ကို ဖိတ်လိုက်ပါတယ်။
-
1:42 - 1:45ဒါပေမဲ့ သူမဟာ အိမ်ကို ရောက်လာလို့ အပေါ်အင်္ကျီကို ချွတ်လိုက်တာနဲ့
-
1:45 - 1:47ကြောက်မက်စရာ တစ်ခုခု ဖြစ်လာပါတော့တယ်။
-
1:47 - 1:50ဖြစ်ပုံက ကြက်သွန်နီက သူ့အပေါ်အင်္ကျီကို ချွတ်ခွာလိုက်တာနဲ့
-
1:50 - 1:51ဓါတု အပြောင်းအလဲ တစ်ခု ဖြစ်လာခဲ့လို့ပါ။
-
1:51 - 1:55၎င်းရဲ့ ထက်မြက်တဲ့ အနံ့ရဲ့ အကြောင်းရင်း ဖြစ်တဲ့ ဆာလ်ဖိုဆိုက်တွေဟာ
-
1:55 - 1:57ဆာလ်ဖဲနစ် ငရဲမီး အဖြစ် ပြောင်းလဲလာပြီး
-
1:57 - 2:01အဲဒါက တဖန် syn-Propanethial S-oxide လို့ ရှည်လျားစွာခေါ်ယူရတဲ့ မနှစ်မြို့ဖွယ်
-
2:01 - 2:04ဓါတ်ငွေ့အဖြစ်ကို ပြောင်းလဲလာခဲ့ခြင်း ကြောင့်ပါ။
-
2:04 - 2:06အဲဒီဓါတ်ငွေ့ဟာ အိုင်ရီးစ် စပ်ဖျဉ်းဖျဉ်း ဖြစ်လာစေတော့တာပေါ့။
-
2:06 - 2:08အဲဒါနဲ့ ရုတ်ခနဲဆိုသလို သူမဟာ ဘာမှ မတတ်နိုင်တော့ပါဘူး။
-
2:08 - 2:10ထိန်းမရ သိမ်းမရ ငိုလာပါတော့တယ်။
-
2:10 - 2:13အဲဒီ အလိုလို တုန့်ပြန်ပြီး ထွက်လာကြတဲ့ မျက်ရည်တွေဟာ
-
2:13 - 2:15အိုင်ရီးစ် အနေနဲ့ ရိုးနေပြီဖြစ်တဲ့ ပင်ကိုမူလ မျက်ရည်တွေနဲ့ မတူပါဘူး။
-
2:15 - 2:16အဲဒီလို ထွက်လာတဲ့ မျက်ရည်တွေရဲ့ ရည်ရွယ်ရင်းကိုက
-
2:16 - 2:18အန္တရာယ် ရှိနိုင်ကြတဲ့ အရာများ ဒါမှမဟုတ်အပိုင်းအစလေးတွေကို ဆေးကြောပစ်ဖို့
-
2:18 - 2:21ဖြစ်တာမို့လို့ အလုံးအရင်းနဲ့ ထုတ်လုပ်ပေးရပါတယ်။
-
2:21 - 2:24ပြီးတော့ ၎င်းတို့ရဲ့ အရည်ကြည်လွှာထဲမှာ ပဋိပစ္စည်းတွေ အများကြီး ပါဝင်နေလို့
-
2:24 - 2:28အထဲကိုဖောက်ဝင်ဖို့ ကြိုးစားနိုင်ကြတဲ့ ဘယ်လို မိုက်ခရို အကောင်လေးတွေကိုမဆို တားဆီးပစ်မှာပါ။
-
2:28 - 2:31အိုင်ရီးစ်ရော ကြက်သွန်နီ နစ်ဦးစလုံး စိတ်ပျက်ကြရပါတယ်။
-
2:31 - 2:33အခုလို ပုံစံမျိုးနဲ့ အိုင်ရီးစ်ဟာ ကြက်သွန်နီက သူ့အပေါ်အင်္ကျီကို ချွတ်လိုက်တိုင်း
-
2:33 - 2:35နာကျင်လွန်လို့ သူ ငိုနေရမယ့် အဖြစ်ကြောင့်
-
2:35 - 2:38သူတို့ဟာ ဆက်လက်ဆက်ဆံ မရနိုင်တော့ပါ။
-
2:38 - 2:40အဲဒါနဲ့ သူတို့ဟာ ခွဲလိုက်ကြဖို့ ဆုံးဖြတ်ကြရပါတယ်။
-
2:40 - 2:42ကက်သွန်နီက တံခါးအပြင်ကို ထွက်သွားတာနဲ့
-
2:42 - 2:43အိုင်ရီးစ်ဟာ အငိုတိတ်သွားပါတယ်။
-
2:43 - 2:45ပြီးတော့ ချက်ချင်းဆိုသလို ပြန်ပြီး ငိုလာတယ်။
-
2:45 - 2:47အခုတစ်ခါၽမှာတော့ သူမရဲ့ မျက်ရည်တွေဟာ အလိုလိုတုံ့ပြန်တဲ့မျက်ရည် မဟုတ်ဘဲ
-
2:47 - 2:50စိတ်လှုပ်ရှား ဝမ်းနည်းမှု မျက်ရည်တွေပါ။
-
2:50 - 2:53တစ်ယောက်ယောက်ဟာ သိပ်ကို ဝမ်းနည်းနေမယ် ဒါမှမဟုတ် ဝမ်းသာနေမယ်ဆိုရင်
-
2:53 - 2:54ကိုယ့်ကို ထိန်းချုပ် မရသလို ခံစားလာရခြင်းဟာ
-
2:54 - 2:56အန္တရာယ် ရှိနိုင်ပါတယ်။
-
2:56 - 2:57အဲဒါကြောင့်မို့လို့ စိတ်လှုပ်ရှားမှု မျက်ရည်တွေကို
-
2:57 - 2:59စေလွှတ်ပြီး စိတ် ခြေအနေကို
-
2:59 - 3:01အတတ်နိုင်ဆုံး အမြန်ဆုံး တည်ငြိမ်အောင် လုပ်ပေးတာပါ။
-
3:01 - 3:03အဲဒီ တစ်ချိန်တည်းမှာ နှလုံးခုန်နှုန်း မြန်လာတာတို့၊
-
3:03 - 3:04အသက်ရှူမှု နှေးလာတာတို့လို
-
3:04 - 3:06တခြား ရုပ်ပိုင်းဆိူင်ရာ တုံ့ပြန်မှုတွေကိုလည်း တွေ့မြင်ကြရမှာပါ။
-
3:06 - 3:08ဘယ်လိုပဲဖြစ်ဖြစ် သိပ္ပံပညာရှင်တွေကတော့
-
3:08 - 3:12ဒီကိစ္စထဲမှာ မျက်ရည်တွေ ကိုယ်၌ ကိုက ဘယ်လို ကူညီပေးကြတာလဲ ဆိုတာ မသေချာကြပါဘူး။
-
3:12 - 3:13၎င်းတို့ဟာ လူမှုရေး ယန္တရား တစ်ခု ဖြစ်နိုင်ပြီး၊
-
3:13 - 3:16တဖက်သားရဲ့ ကြင်နာမှုကို ဒါမှ အရှုံးပေးမှုကို ခံယူချင်လို့ ဖြစ်နိုင်ပါတယ်။
-
3:16 - 3:18တစ်ချိန်တည်းမှာ တချို့သော လေ့လာမှုများအရ
-
3:18 - 3:20စိတ်လှုပ်ရှားလို့ ထွက်လာတဲ့ မျက်ရည်တွေထဲမှာ
-
3:20 - 3:21ဖိစီးမုႈ ဟိုမုန်းဓါတ်တွေ တိုးပွားလာတာကို တွေ့ရပါတယ်။
-
3:21 - 3:24ACTH နဲ့ enkephalin လိုခေါ်တဲ့
-
3:24 - 3:27endorphin နဲ့ နာကျင်မှုကို ပျောက်စေတဲ့ အရာတွေပါပါတယ်။
-
3:27 - 3:30ကျွန်တော်တို့ အခုမြင်ကြရတဲ့ အဖြစ်ထဲမှာ စိတ်လှုပ်ရှားမှု မျက်ရည်တွေက အိုင်ရီးစ်ကို စိတ်ငြိမ်အောင် တိုက်ရိုက် ကူညီပေးတာကို
-
3:30 - 3:33ပြီးတော့ သူမရဲ့ စိတ်လှုပ်ရှားမှု အခြေအနေကို အခြားသူတို့အား ပြသပေးနေတာကို တွေ့မြင်နိုင်ပါတယ်။
-
3:33 - 3:36ဆော်ရီးပဲ ကြက်သွန်နီရေ၊ အိုင်ရီးစ်နဲ့ အဆင်မပြေတာကို
-
3:36 - 3:37စိတ်မပူပါနဲ့လေ။
-
3:37 - 3:39ကျွန်တော်တို့ အားလုံးဆီမှာ အဲဒီလို မျက်ရည်တွေ သုံးမျိုးသုံးစား ရှိနေသရွေ့
-
3:39 - 3:41ကျွန်တော်တို့ဟာ စိတ်ချက်လက်ချ ကျန်းမာစွာ
-
3:41 - 3:42နေထိုင်နိုင်ကြမှာ ဖြစ်ပြီး အားလုံး အခြေအနေ ကောင်းနေမှာပါ။
-
3:42 - 3:43ခင်ဗျားတို့အားလုံး မြင်လာကြရမှာပါ။
- Title:
- ကျွန်တော်တို့ ငိုကြတာ ဘာကြောင့်လဲ? မျက်ရည် အမျိုးအစား သုံးမျိုးရှိတာကို Alex Gendler ပြောပြထားပါတယ်။
- Speaker:
- Alex Gendler
- Description:
-
ဒီသင်ခန်းစာ အပြည့်ကိုကြည့်ရန် : http://ed.ted.com/lessons/why-do-we-cry-the-three-types-of-tears-alex-gendler
ကျွန်တော်တို့ဟာ ဝမ်းနည်းစရာ ရုပ်ရှင်ကြည့်လိုက်ရလို့ ငိုနေစဉ်၊ ကြက်သွန်နီကို လှီးနေစဉ် ဒါမှမဟုတ် လုံးဝထိန်းမရသိမ်းမရ မျက်ရည် လျှံထွက်လာစဉ်မှာ ကျွန်တော်တို့ရဲ့ မျက်လုံးများဟာ တစ်ချိန်လုံး မျက်ရည်ကို ထုတ်လုပ်ပေးနေကြပါတယ်။ Alex Gendler ဟာ အိုင်ရီးစ်ရဲ့ ဘဝကို အခြေံမျက်ရည်၊ တုံ့ပြန်မှုမျက်ရည် နှင့် စိတ်လှုပ်ရှားမှုမျက်ရည် ဆိုတဲ့ မျက်ရည် စက်ဝန်းကို လေ့လာ တင်ပြထားပါတယ်။
Alex Gendler ရဲ့ သင်ခန်းစာကို The Moving Company Animation Studio က လှုပ်ရှားပုံများဖြင့် ရိုက်ကူးပေးထားပါတယ်။ - Video Language:
- English
- Team:
closed TED
- Project:
- TED-Ed
- Duration:
- 03:59
![]() |
Myo Aung edited Burmese subtitles for Why do we cry? The three types of tears | |
![]() |
Myo Aung edited Burmese subtitles for Why do we cry? The three types of tears | |
![]() |
Myo Aung approved Burmese subtitles for Why do we cry? The three types of tears | |
![]() |
Myo Aung commented on Burmese subtitles for Why do we cry? The three types of tears | |
![]() |
Myo Aung commented on Burmese subtitles for Why do we cry? The three types of tears | |
![]() |
sann tint commented on Burmese subtitles for Why do we cry? The three types of tears | |
![]() |
sann tint edited Burmese subtitles for Why do we cry? The three types of tears | |
![]() |
sann tint edited Burmese subtitles for Why do we cry? The three types of tears |
sann tint
The fascinating talk with beautiful translation !
Myo Aung
ကျေးဇူးတင်ပါတယ်
ဒီရက်ပိုင်းထဲ ကျွန်တော် အလုပ်ပိနေတယ်
Myo Aung
Done!