0:00:06.171,0:00:09.930 ကျွန်တော်တို့ ဒီနေ့ ပြောပြလိုတာ အိုင်ရီးစ် ဆိုတဲ့ ကလေးမလေးရဲ့ အဖြစ်အပျက်ပါ။ 0:00:09.930,0:00:13.360 အိုင်ရီးစ်ဟာ သိပ်ကို ထိခိုက်လွယ်သူလေးပါ။ 0:00:13.360,0:00:16.998 ဘယ်လောက်အထိတောင်လဲ ဆိုတော့ တစ်ချိန်လုံးကို မျက်ရည် စက်လက်နဲ့ပါ။ 0:00:16.998,0:00:20.002 သူဟာဝမ်းနည်းတဲ့ အခါမှာ ငိုတယ်၊ 0:00:20.002,0:00:23.085 ဝမ်းသာတဲ့ အခါမှာ 0:00:23.085,0:00:28.020 အကြောင်းဖြစ်ရပ်တွေက သူမကို စိတ်အနျောက်အယှက် ပေးတဲ့ အခါတွေတောင်မှာမှ မျက်ရည်ကျတတ်တယ်။ 0:00:28.020,0:00:31.363 သူမဆီမှာ ရှိတဲ့ အထူး အကျိတ် (lacrimal gland) တွေဟာ မျက်ရည်အသစ်တွေကို ထုတ်လုပ်ပေးကြပါတယ်၊ 0:00:31.363,0:00:33.786 ပြီးတော့ lacrimal puncta လို့ခေါ်တဲ့ အထူးပြွန်တွေကျတော့ 0:00:33.786,0:00:36.911 မျက်ရည် အဟောင်ေးတွကို အဝေးယူထုတ်ပစ်ပြီး ခြောက်သွားစေဖို့ အတွက်ပါ။ 0:00:36.911,0:00:38.949 သူငိုတာ ဘယ်လောက်တောင် များသလဲဆိုတော့၊ 0:00:38.949,0:00:41.257 တစ်ရက်တစ်ရက်ကို မျက်ရည် ဆယ်အောင်စ ရှိတာမို့လို့ 0:00:41.257,0:00:43.469 တစ်နှစ်ကို ဂါလံ သုံးဆယ်ကြီးတောင်ဗျာ။ 0:00:43.469,0:00:45.368 တကယ့်တကယ်ကျတော့၊ အနီးကပ် ကြည့်ကြည့်မယ်ဆိုရင်၊ 0:00:45.368,0:00:49.971 သူမဟာ တစ်ချိန်လုံးလိုလိုမှာ အနည်းနဲ့အများ ငိုနေတာပါ။ 0:00:49.971,0:00:52.592 အိုင်ရီးစ်က တစ်ချိန်လုံး ထုတ်လုပ်ပေးနေတဲ့ အခြေခံ မျက်ရည်တွေကတော့ 0:00:52.592,0:00:54.999 ပါးလှတဲ့အလွှာပါး သုံးခုမှ ထွက်လာခြင်း ဖြစ်ပ်ြီါ 0:00:54.999,0:00:58.383 သူမကို လွှမ်းခြုံထားတဲ့ အညစ်အကြေးများကို ထုတ်ယူပစ်ပေးပါတယ်။ 0:00:58.383,0:01:00.915 အိုင်ရီးစ်နဲ့ကပ်လျက် နောက်တစ်ခုက ချွဲရည်အလွှာပါ 0:01:00.915,0:01:03.745 ၎င်းဟာ အရာအားလုံးကို တုတ်ချီထားတာပါ။ 0:01:03.745,0:01:06.055 အဲဒါရဲ့ အပေါ်မှာက ရေကြည်လွှာ ရှိတယ် 0:01:06.055,0:01:07.515 အိုင်ရီးစ်ကို ရေစိုနေအောင် လုပ်ပေးတယ် 0:01:07.515,0:01:09.449 ကျူးကျော်ဝင်လာကြတဲ့ ဗက်တးရီးယားတွေကို တွန်းထုတ်ပါတယ်၊ 0:01:09.449,0:01:13.172 ပြီးတော့ သူမရဲ့ အသား ဒါမှမဟုတ် မျက်ကြည်လွှာကို ကာကွယ်ပေးပါတယ်။ 0:01:13.172,0:01:15.585 နောက်ဆုံးမှာတော့ အဆီရဲ့အလွှာ ရှိပါတယ်။ 0:01:15.585,0:01:18.759 အပြင်မှနေပြီး ဖုံးအုပ်ထားတဲ့ အဆီလွှာဖြစ်ပြီး မျက်နှာပြင်ကိုချောမွေ့အောင်လုပ်ပေးပါတယ်။ 0:01:18.759,0:01:20.340 အဲဒါမှ အိုင်ရီးစ်ဟာ ထုတ်ချင်းပေါက် မြင်နိုင်မှာ ဖြစ်သလို 0:01:20.340,0:01:22.996 ကျန်တဲ့ အလွှာတွေ အငွေပျံ ခြောက်မသွားအောင် ကူပေးပါတယ်။ 0:01:22.996,0:01:24.929 ပုံမှန်အားဖြင့် အိုင်ရီးစ်ဟာ တစ်နေ့လုံး သွားလာနေရင်း 0:01:24.929,0:01:26.888 ပင်ကိုမူလ မျက်ရည်တွေ သူတို့ရဲ့ အလုပ်ကို လုပ်နေကြတာကို 0:01:26.888,0:01:28.209 သတိတောင် မထားမိပါဘူး။ 0:01:28.209,0:01:30.041 အဲဒါမျိုးကို စဉ်းစားမိတာတောင် မဟုတ်ပါဘူး။ 0:01:30.041,0:01:32.919 ဒါပေမဲ့၊ တစ်နေ့တော့ သူမဟာ ကြက်သွန်နီ ဆိုတဲ့ ကလေးမလေးနဲ့ တွေ့မိပါတယ် 0:01:32.919,0:01:34.911 အိုင်ရီးစ်ဟာ တစ်ချက်တည်းနဲ့ကို အရမ်းကြိုက်မိတယ်။ 0:01:34.911,0:01:37.577 ကြက်သွန်နီဟာ သူမရဲ့ ခရမ်းရောင် အပေါ်အင်္ကျီနဲ့ သားနားနေလိုက်တာ၊ 0:01:37.577,0:01:39.830 ပြီးတော့ အနံ့ကလဲ အရမ်းကို ကောင်းလိုက်တာ။ 0:01:39.830,0:01:42.339 အဲဒါနဲ့ အိုင်ရီးစ်ဟာ ကြက်သွန်နီကို ညာစာစားဖို့ သူ့အိမ်ကို ဖိတ်လိုက်ပါတယ်။ 0:01:42.339,0:01:45.034 ဒါပေမဲ့ သူမဟာ အိမ်ကို ရောက်လာလို့ အပေါ်အင်္ကျီကို ချွတ်လိုက်တာနဲ့ 0:01:45.034,0:01:47.250 ကြောက်မက်စရာ တစ်ခုခု ဖြစ်လာပါတော့တယ်။ 0:01:47.250,0:01:49.664 ဖြစ်ပုံက ကြက်သွန်နီက သူ့အပေါ်အင်္ကျီကို ချွတ်ခွာလိုက်တာနဲ့ 0:01:49.664,0:01:51.499 ဓါတု အပြောင်းအလဲ တစ်ခု ဖြစ်လာခဲ့လို့ပါ။ 0:01:51.499,0:01:54.782 ၎င်းရဲ့ ထက်မြက်တဲ့ အနံ့ရဲ့ အကြောင်းရင်း ဖြစ်တဲ့ ဆာလ်ဖိုဆိုက်တွေဟာ 0:01:54.782,0:01:56.616 ဆာလ်ဖဲနစ် ငရဲမီး အဖြစ် ပြောင်းလဲလာပြီး 0:01:56.616,0:02:00.579 အဲဒါက တဖန် syn-Propanethial S-oxide လို့ ရှည်လျားစွာခေါ်ယူရတဲ့ မနှစ်မြို့ဖွယ် 0:02:00.579,0:02:03.825 ဓါတ်ငွေ့အဖြစ်ကို ပြောင်းလဲလာခဲ့ခြင်း ကြောင့်ပါ။ 0:02:03.825,0:02:06.203 အဲဒီဓါတ်ငွေ့ဟာ အိုင်ရီးစ် စပ်ဖျဉ်းဖျဉ်း ဖြစ်လာစေတော့တာပေါ့။ 0:02:06.203,0:02:07.705 အဲဒါနဲ့ ရုတ်ခနဲဆိုသလို သူမဟာ ဘာမှ မတတ်နိုင်တော့ပါဘူး။ 0:02:07.705,0:02:10.327 ထိန်းမရ သိမ်းမရ ငိုလာပါတော့တယ်။ 0:02:10.327,0:02:13.164 အဲဒီ အလိုလို တုန့်ပြန်ပြီး ထွက်လာကြတဲ့ မျက်ရည်တွေဟာ 0:02:13.164,0:02:14.875 အိုင်ရီးစ် အနေနဲ့ ရိုးနေပြီဖြစ်တဲ့ ပင်ကိုမူလ မျက်ရည်တွေနဲ့ မတူပါဘူး။ 0:02:14.875,0:02:16.290 အဲဒီလို ထွက်လာတဲ့ မျက်ရည်တွေရဲ့ ရည်ရွယ်ရင်းကိုက 0:02:16.290,0:02:17.833 အန္တရာယ် ရှိနိုင်ကြတဲ့ အရာများ ဒါမှမဟုတ်အပိုင်းအစလေးတွေကို ဆေးကြောပစ်ဖို့ 0:02:17.833,0:02:21.218 ဖြစ်တာမို့လို့ အလုံးအရင်းနဲ့ ထုတ်လုပ်ပေးရပါတယ်။ 0:02:21.218,0:02:23.910 ပြီးတော့ ၎င်းတို့ရဲ့ အရည်ကြည်လွှာထဲမှာ ပဋိပစ္စည်းတွေ အများကြီး ပါဝင်နေလို့ 0:02:23.910,0:02:28.249 အထဲကိုဖောက်ဝင်ဖို့ ကြိုးစားနိုင်ကြတဲ့ ဘယ်လို မိုက်ခရို အကောင်လေးတွေကိုမဆို တားဆီးပစ်မှာပါ။ 0:02:28.249,0:02:30.912 အိုင်ရီးစ်ရော ကြက်သွန်နီ နစ်ဦးစလုံး စိတ်ပျက်ကြရပါတယ်။ 0:02:30.912,0:02:32.839 အခုလို ပုံစံမျိုးနဲ့ အိုင်ရီးစ်ဟာ ကြက်သွန်နီက သူ့အပေါ်အင်္ကျီကို ချွတ်လိုက်တိုင်း 0:02:32.839,0:02:34.782 နာကျင်လွန်လို့ သူ ငိုနေရမယ့် အဖြစ်ကြောင့် 0:02:34.782,0:02:37.613 သူတို့ဟာ ဆက်လက်ဆက်ဆံ မရနိုင်တော့ပါ။ 0:02:37.613,0:02:39.522 အဲဒါနဲ့ သူတို့ဟာ ခွဲလိုက်ကြဖို့ ဆုံးဖြတ်ကြရပါတယ်။ 0:02:39.522,0:02:41.666 ကက်သွန်နီက တံခါးအပြင်ကို ထွက်သွားတာနဲ့ 0:02:41.666,0:02:43.346 အိုင်ရီးစ်ဟာ အငိုတိတ်သွားပါတယ်။ 0:02:43.346,0:02:44.870 ပြီးတော့ ချက်ချင်းဆိုသလို ပြန်ပြီး ငိုလာတယ်။ 0:02:44.870,0:02:47.161 အခုတစ်ခါၽမှာတော့ သူမရဲ့ မျက်ရည်တွေဟာ အလိုလိုတုံ့ပြန်တဲ့မျက်ရည် မဟုတ်ဘဲ 0:02:47.161,0:02:49.660 စိတ်လှုပ်ရှား ဝမ်းနည်းမှု မျက်ရည်တွေပါ။ 0:02:49.660,0:02:52.591 တစ်ယောက်ယောက်ဟာ သိပ်ကို ဝမ်းနည်းနေမယ် ဒါမှမဟုတ် ဝမ်းသာနေမယ်ဆိုရင် 0:02:52.591,0:02:54.369 ကိုယ့်ကို ထိန်းချုပ် မရသလို ခံစားလာရခြင်းဟာ 0:02:54.369,0:02:55.635 အန္တရာယ် ရှိနိုင်ပါတယ်။ 0:02:55.635,0:02:57.163 အဲဒါကြောင့်မို့လို့ စိတ်လှုပ်ရှားမှု မျက်ရည်တွေကို 0:02:57.163,0:02:58.841 စေလွှတ်ပြီး စိတ် ခြေအနေကို 0:02:58.841,0:03:00.832 အတတ်နိုင်ဆုံး အမြန်ဆုံး တည်ငြိမ်အောင် လုပ်ပေးတာပါ။ 0:03:00.832,0:03:02.757 အဲဒီ တစ်ချိန်တည်းမှာ နှလုံးခုန်နှုန်း မြန်လာတာတို့၊ 0:03:02.757,0:03:04.329 အသက်ရှူမှု နှေးလာတာတို့လို 0:03:04.329,0:03:05.921 တခြား ရုပ်ပိုင်းဆိူင်ရာ တုံ့ပြန်မှုတွေကိုလည်း တွေ့မြင်ကြရမှာပါ။ 0:03:05.921,0:03:07.849 ဘယ်လိုပဲဖြစ်ဖြစ် သိပ္ပံပညာရှင်တွေကတော့ 0:03:07.849,0:03:11.581 ဒီကိစ္စထဲမှာ မျက်ရည်တွေ ကိုယ်၌ ကိုက ဘယ်လို ကူညီပေးကြတာလဲ ဆိုတာ မသေချာကြပါဘူး။ 0:03:11.581,0:03:13.183 ၎င်းတို့ဟာ လူမှုရေး ယန္တရား တစ်ခု ဖြစ်နိုင်ပြီး၊ 0:03:13.183,0:03:16.005 တဖက်သားရဲ့ ကြင်နာမှုကို ဒါမှ အရှုံးပေးမှုကို ခံယူချင်လို့ ဖြစ်နိုင်ပါတယ်။ 0:03:16.005,0:03:17.818 တစ်ချိန်တည်းမှာ တချို့သော လေ့လာမှုများအရ 0:03:17.818,0:03:19.766 စိတ်လှုပ်ရှားလို့ ထွက်လာတဲ့ မျက်ရည်တွေထဲမှာ 0:03:19.766,0:03:21.400 ဖိစီးမုႈ ဟိုမုန်းဓါတ်တွေ တိုးပွားလာတာကို တွေ့ရပါတယ်။ 0:03:21.400,0:03:24.319 ACTH နဲ့ enkephalin လိုခေါ်တဲ့ 0:03:24.319,0:03:26.666 endorphin နဲ့ နာကျင်မှုကို ပျောက်စေတဲ့ အရာတွေပါပါတယ်။ 0:03:26.666,0:03:30.423 ကျွန်တော်တို့ အခုမြင်ကြရတဲ့ အဖြစ်ထဲမှာ စိတ်လှုပ်ရှားမှု မျက်ရည်တွေက အိုင်ရီးစ်ကို စိတ်ငြိမ်အောင် တိုက်ရိုက် ကူညီပေးတာကို 0:03:30.423,0:03:33.416 ပြီးတော့ သူမရဲ့ စိတ်လှုပ်ရှားမှု အခြေအနေကို အခြားသူတို့အား ပြသပေးနေတာကို တွေ့မြင်နိုင်ပါတယ်။ 0:03:33.416,0:03:35.703 ဆော်ရီးပဲ ကြက်သွန်နီရေ၊ အိုင်ရီးစ်နဲ့ အဆင်မပြေတာကို 0:03:35.703,0:03:37.085 စိတ်မပူပါနဲ့လေ။ 0:03:37.085,0:03:39.180 ကျွန်တော်တို့ အားလုံးဆီမှာ အဲဒီလို မျက်ရည်တွေ သုံးမျိုးသုံးစား ရှိနေသရွေ့ 0:03:39.180,0:03:41.172 ကျွန်တော်တို့ဟာ စိတ်ချက်လက်ချ ကျန်းမာစွာ 0:03:41.172,0:03:42.300 နေထိုင်နိုင်ကြမှာ ဖြစ်ပြီး အားလုံး အခြေအနေ ကောင်းနေမှာပါ။ 0:03:42.300,0:03:43.017 ခင်ဗျားတို့အားလုံး မြင်လာကြရမှာပါ။