1 00:00:06,171 --> 00:00:09,930 ကျွန်တော်တို့ ဒီနေ့ ပြောပြလိုတာ အိုင်ရီးစ် ဆိုတဲ့ ကလေးမလေးရဲ့ အဖြစ်အပျက်ပါ။ 2 00:00:09,930 --> 00:00:13,360 အိုင်ရီးစ်ဟာ သိပ်ကို ထိခိုက်လွယ်သူလေးပါ။ 3 00:00:13,360 --> 00:00:16,998 ဘယ်လောက်အထိတောင်လဲ ဆိုတော့ တစ်ချိန်လုံးကို မျက်ရည် စက်လက်နဲ့ပါ။ 4 00:00:16,998 --> 00:00:20,002 သူဟာဝမ်းနည်းတဲ့ အခါမှာ ငိုတယ်၊ 5 00:00:20,002 --> 00:00:23,085 ဝမ်းသာတဲ့ အခါမှာ 6 00:00:23,085 --> 00:00:28,020 အကြောင်းဖြစ်ရပ်တွေက သူမကို စိတ်အနျောက်အယှက် ပေးတဲ့ အခါတွေတောင်မှာမှ မျက်ရည်ကျတတ်တယ်။ 7 00:00:28,020 --> 00:00:31,363 သူမဆီမှာ ရှိတဲ့ အထူး အကျိတ် (lacrimal gland) တွေဟာ မျက်ရည်အသစ်တွေကို ထုတ်လုပ်ပေးကြပါတယ်၊ 8 00:00:31,363 --> 00:00:33,786 ပြီးတော့ lacrimal puncta လို့ခေါ်တဲ့ အထူးပြွန်တွေကျတော့ 9 00:00:33,786 --> 00:00:36,911 မျက်ရည် အဟောင်ေးတွကို အဝေးယူထုတ်ပစ်ပြီး ခြောက်သွားစေဖို့ အတွက်ပါ။ 10 00:00:36,911 --> 00:00:38,949 သူငိုတာ ဘယ်လောက်တောင် များသလဲဆိုတော့၊ 11 00:00:38,949 --> 00:00:41,257 တစ်ရက်တစ်ရက်ကို မျက်ရည် ဆယ်အောင်စ ရှိတာမို့လို့ 12 00:00:41,257 --> 00:00:43,469 တစ်နှစ်ကို ဂါလံ သုံးဆယ်ကြီးတောင်ဗျာ။ 13 00:00:43,469 --> 00:00:45,368 တကယ့်တကယ်ကျတော့၊ အနီးကပ် ကြည့်ကြည့်မယ်ဆိုရင်၊ 14 00:00:45,368 --> 00:00:49,971 သူမဟာ တစ်ချိန်လုံးလိုလိုမှာ အနည်းနဲ့အများ ငိုနေတာပါ။ 15 00:00:49,971 --> 00:00:52,592 အိုင်ရီးစ်က တစ်ချိန်လုံး ထုတ်လုပ်ပေးနေတဲ့ အခြေခံ မျက်ရည်တွေကတော့ 16 00:00:52,592 --> 00:00:54,999 ပါးလှတဲ့အလွှာပါး သုံးခုမှ ထွက်လာခြင်း ဖြစ်ပ်ြီါ 17 00:00:54,999 --> 00:00:58,383 သူမကို လွှမ်းခြုံထားတဲ့ အညစ်အကြေးများကို ထုတ်ယူပစ်ပေးပါတယ်။ 18 00:00:58,383 --> 00:01:00,915 အိုင်ရီးစ်နဲ့ကပ်လျက် နောက်တစ်ခုက ချွဲရည်အလွှာပါ 19 00:01:00,915 --> 00:01:03,745 ၎င်းဟာ အရာအားလုံးကို တုတ်ချီထားတာပါ။ 20 00:01:03,745 --> 00:01:06,055 အဲဒါရဲ့ အပေါ်မှာက ရေကြည်လွှာ ရှိတယ် 21 00:01:06,055 --> 00:01:07,515 အိုင်ရီးစ်ကို ရေစိုနေအောင် လုပ်ပေးတယ် 22 00:01:07,515 --> 00:01:09,449 ကျူးကျော်ဝင်လာကြတဲ့ ဗက်တးရီးယားတွေကို တွန်းထုတ်ပါတယ်၊ 23 00:01:09,449 --> 00:01:13,172 ပြီးတော့ သူမရဲ့ အသား ဒါမှမဟုတ် မျက်ကြည်လွှာကို ကာကွယ်ပေးပါတယ်။ 24 00:01:13,172 --> 00:01:15,585 နောက်ဆုံးမှာတော့ အဆီရဲ့အလွှာ ရှိပါတယ်။ 25 00:01:15,585 --> 00:01:18,759 အပြင်မှနေပြီး ဖုံးအုပ်ထားတဲ့ အဆီလွှာဖြစ်ပြီး မျက်နှာပြင်ကိုချောမွေ့အောင်လုပ်ပေးပါတယ်။ 26 00:01:18,759 --> 00:01:20,340 အဲဒါမှ အိုင်ရီးစ်ဟာ ထုတ်ချင်းပေါက် မြင်နိုင်မှာ ဖြစ်သလို 27 00:01:20,340 --> 00:01:22,996 ကျန်တဲ့ အလွှာတွေ အငွေပျံ ခြောက်မသွားအောင် ကူပေးပါတယ်။ 28 00:01:22,996 --> 00:01:24,929 ပုံမှန်အားဖြင့် အိုင်ရီးစ်ဟာ တစ်နေ့လုံး သွားလာနေရင်း 29 00:01:24,929 --> 00:01:26,888 ပင်ကိုမူလ မျက်ရည်တွေ သူတို့ရဲ့ အလုပ်ကို လုပ်နေကြတာကို 30 00:01:26,888 --> 00:01:28,209 သတိတောင် မထားမိပါဘူး။ 31 00:01:28,209 --> 00:01:30,041 အဲဒါမျိုးကို စဉ်းစားမိတာတောင် မဟုတ်ပါဘူး။ 32 00:01:30,041 --> 00:01:32,919 ဒါပေမဲ့၊ တစ်နေ့တော့ သူမဟာ ကြက်သွန်နီ ဆိုတဲ့ ကလေးမလေးနဲ့ တွေ့မိပါတယ် 33 00:01:32,919 --> 00:01:34,911 အိုင်ရီးစ်ဟာ တစ်ချက်တည်းနဲ့ကို အရမ်းကြိုက်မိတယ်။ 34 00:01:34,911 --> 00:01:37,577 ကြက်သွန်နီဟာ သူမရဲ့ ခရမ်းရောင် အပေါ်အင်္ကျီနဲ့ သားနားနေလိုက်တာ၊ 35 00:01:37,577 --> 00:01:39,830 ပြီးတော့ အနံ့ကလဲ အရမ်းကို ကောင်းလိုက်တာ။ 36 00:01:39,830 --> 00:01:42,339 အဲဒါနဲ့ အိုင်ရီးစ်ဟာ ကြက်သွန်နီကို ညာစာစားဖို့ သူ့အိမ်ကို ဖိတ်လိုက်ပါတယ်။ 37 00:01:42,339 --> 00:01:45,034 ဒါပေမဲ့ သူမဟာ အိမ်ကို ရောက်လာလို့ အပေါ်အင်္ကျီကို ချွတ်လိုက်တာနဲ့ 38 00:01:45,034 --> 00:01:47,250 ကြောက်မက်စရာ တစ်ခုခု ဖြစ်လာပါတော့တယ်။ 39 00:01:47,250 --> 00:01:49,664 ဖြစ်ပုံက ကြက်သွန်နီက သူ့အပေါ်အင်္ကျီကို ချွတ်ခွာလိုက်တာနဲ့ 40 00:01:49,664 --> 00:01:51,499 ဓါတု အပြောင်းအလဲ တစ်ခု ဖြစ်လာခဲ့လို့ပါ။ 41 00:01:51,499 --> 00:01:54,782 ၎င်းရဲ့ ထက်မြက်တဲ့ အနံ့ရဲ့ အကြောင်းရင်း ဖြစ်တဲ့ ဆာလ်ဖိုဆိုက်တွေဟာ 42 00:01:54,782 --> 00:01:56,616 ဆာလ်ဖဲနစ် ငရဲမီး အဖြစ် ပြောင်းလဲလာပြီး 43 00:01:56,616 --> 00:02:00,579 အဲဒါက တဖန် syn-Propanethial S-oxide လို့ ရှည်လျားစွာခေါ်ယူရတဲ့ မနှစ်မြို့ဖွယ် 44 00:02:00,579 --> 00:02:03,825 ဓါတ်ငွေ့အဖြစ်ကို ပြောင်းလဲလာခဲ့ခြင်း ကြောင့်ပါ။ 45 00:02:03,825 --> 00:02:06,203 အဲဒီဓါတ်ငွေ့ဟာ အိုင်ရီးစ် စပ်ဖျဉ်းဖျဉ်း ဖြစ်လာစေတော့တာပေါ့။ 46 00:02:06,203 --> 00:02:07,705 အဲဒါနဲ့ ရုတ်ခနဲဆိုသလို သူမဟာ ဘာမှ မတတ်နိုင်တော့ပါဘူး။ 47 00:02:07,705 --> 00:02:10,327 ထိန်းမရ သိမ်းမရ ငိုလာပါတော့တယ်။ 48 00:02:10,327 --> 00:02:13,164 အဲဒီ အလိုလို တုန့်ပြန်ပြီး ထွက်လာကြတဲ့ မျက်ရည်တွေဟာ 49 00:02:13,164 --> 00:02:14,875 အိုင်ရီးစ် အနေနဲ့ ရိုးနေပြီဖြစ်တဲ့ ပင်ကိုမူလ မျက်ရည်တွေနဲ့ မတူပါဘူး။ 50 00:02:14,875 --> 00:02:16,290 အဲဒီလို ထွက်လာတဲ့ မျက်ရည်တွေရဲ့ ရည်ရွယ်ရင်းကိုက 51 00:02:16,290 --> 00:02:17,833 အန္တရာယ် ရှိနိုင်ကြတဲ့ အရာများ ဒါမှမဟုတ်အပိုင်းအစလေးတွေကို ဆေးကြောပစ်ဖို့ 52 00:02:17,833 --> 00:02:21,218 ဖြစ်တာမို့လို့ အလုံးအရင်းနဲ့ ထုတ်လုပ်ပေးရပါတယ်။ 53 00:02:21,218 --> 00:02:23,910 ပြီးတော့ ၎င်းတို့ရဲ့ အရည်ကြည်လွှာထဲမှာ ပဋိပစ္စည်းတွေ အများကြီး ပါဝင်နေလို့ 54 00:02:23,910 --> 00:02:28,249 အထဲကိုဖောက်ဝင်ဖို့ ကြိုးစားနိုင်ကြတဲ့ ဘယ်လို မိုက်ခရို အကောင်လေးတွေကိုမဆို တားဆီးပစ်မှာပါ။ 55 00:02:28,249 --> 00:02:30,912 အိုင်ရီးစ်ရော ကြက်သွန်နီ နစ်ဦးစလုံး စိတ်ပျက်ကြရပါတယ်။ 56 00:02:30,912 --> 00:02:32,839 အခုလို ပုံစံမျိုးနဲ့ အိုင်ရီးစ်ဟာ ကြက်သွန်နီက သူ့အပေါ်အင်္ကျီကို ချွတ်လိုက်တိုင်း 57 00:02:32,839 --> 00:02:34,782 နာကျင်လွန်လို့ သူ ငိုနေရမယ့် အဖြစ်ကြောင့် 58 00:02:34,782 --> 00:02:37,613 သူတို့ဟာ ဆက်လက်ဆက်ဆံ မရနိုင်တော့ပါ။ 59 00:02:37,613 --> 00:02:39,522 အဲဒါနဲ့ သူတို့ဟာ ခွဲလိုက်ကြဖို့ ဆုံးဖြတ်ကြရပါတယ်။ 60 00:02:39,522 --> 00:02:41,666 ကက်သွန်နီက တံခါးအပြင်ကို ထွက်သွားတာနဲ့ 61 00:02:41,666 --> 00:02:43,346 အိုင်ရီးစ်ဟာ အငိုတိတ်သွားပါတယ်။ 62 00:02:43,346 --> 00:02:44,870 ပြီးတော့ ချက်ချင်းဆိုသလို ပြန်ပြီး ငိုလာတယ်။ 63 00:02:44,870 --> 00:02:47,161 အခုတစ်ခါၽမှာတော့ သူမရဲ့ မျက်ရည်တွေဟာ အလိုလိုတုံ့ပြန်တဲ့မျက်ရည် မဟုတ်ဘဲ 64 00:02:47,161 --> 00:02:49,660 စိတ်လှုပ်ရှား ဝမ်းနည်းမှု မျက်ရည်တွေပါ။ 65 00:02:49,660 --> 00:02:52,591 တစ်ယောက်ယောက်ဟာ သိပ်ကို ဝမ်းနည်းနေမယ် ဒါမှမဟုတ် ဝမ်းသာနေမယ်ဆိုရင် 66 00:02:52,591 --> 00:02:54,369 ကိုယ့်ကို ထိန်းချုပ် မရသလို ခံစားလာရခြင်းဟာ 67 00:02:54,369 --> 00:02:55,635 အန္တရာယ် ရှိနိုင်ပါတယ်။ 68 00:02:55,635 --> 00:02:57,163 အဲဒါကြောင့်မို့လို့ စိတ်လှုပ်ရှားမှု မျက်ရည်တွေကို 69 00:02:57,163 --> 00:02:58,841 စေလွှတ်ပြီး စိတ် ခြေအနေကို 70 00:02:58,841 --> 00:03:00,832 အတတ်နိုင်ဆုံး အမြန်ဆုံး တည်ငြိမ်အောင် လုပ်ပေးတာပါ။ 71 00:03:00,832 --> 00:03:02,757 အဲဒီ တစ်ချိန်တည်းမှာ နှလုံးခုန်နှုန်း မြန်လာတာတို့၊ 72 00:03:02,757 --> 00:03:04,329 အသက်ရှူမှု နှေးလာတာတို့လို 73 00:03:04,329 --> 00:03:05,921 တခြား ရုပ်ပိုင်းဆိူင်ရာ တုံ့ပြန်မှုတွေကိုလည်း တွေ့မြင်ကြရမှာပါ။ 74 00:03:05,921 --> 00:03:07,849 ဘယ်လိုပဲဖြစ်ဖြစ် သိပ္ပံပညာရှင်တွေကတော့ 75 00:03:07,849 --> 00:03:11,581 ဒီကိစ္စထဲမှာ မျက်ရည်တွေ ကိုယ်၌ ကိုက ဘယ်လို ကူညီပေးကြတာလဲ ဆိုတာ မသေချာကြပါဘူး။ 76 00:03:11,581 --> 00:03:13,183 ၎င်းတို့ဟာ လူမှုရေး ယန္တရား တစ်ခု ဖြစ်နိုင်ပြီး၊ 77 00:03:13,183 --> 00:03:16,005 တဖက်သားရဲ့ ကြင်နာမှုကို ဒါမှ အရှုံးပေးမှုကို ခံယူချင်လို့ ဖြစ်နိုင်ပါတယ်။ 78 00:03:16,005 --> 00:03:17,818 တစ်ချိန်တည်းမှာ တချို့သော လေ့လာမှုများအရ 79 00:03:17,818 --> 00:03:19,766 စိတ်လှုပ်ရှားလို့ ထွက်လာတဲ့ မျက်ရည်တွေထဲမှာ 80 00:03:19,766 --> 00:03:21,400 ဖိစီးမုႈ ဟိုမုန်းဓါတ်တွေ တိုးပွားလာတာကို တွေ့ရပါတယ်။ 81 00:03:21,400 --> 00:03:24,319 ACTH နဲ့ enkephalin လိုခေါ်တဲ့ 82 00:03:24,319 --> 00:03:26,666 endorphin နဲ့ နာကျင်မှုကို ပျောက်စေတဲ့ အရာတွေပါပါတယ်။ 83 00:03:26,666 --> 00:03:30,423 ကျွန်တော်တို့ အခုမြင်ကြရတဲ့ အဖြစ်ထဲမှာ စိတ်လှုပ်ရှားမှု မျက်ရည်တွေက အိုင်ရီးစ်ကို စိတ်ငြိမ်အောင် တိုက်ရိုက် ကူညီပေးတာကို 84 00:03:30,423 --> 00:03:33,416 ပြီးတော့ သူမရဲ့ စိတ်လှုပ်ရှားမှု အခြေအနေကို အခြားသူတို့အား ပြသပေးနေတာကို တွေ့မြင်နိုင်ပါတယ်။ 85 00:03:33,416 --> 00:03:35,703 ဆော်ရီးပဲ ကြက်သွန်နီရေ၊ အိုင်ရီးစ်နဲ့ အဆင်မပြေတာကို 86 00:03:35,703 --> 00:03:37,085 စိတ်မပူပါနဲ့လေ။ 87 00:03:37,085 --> 00:03:39,180 ကျွန်တော်တို့ အားလုံးဆီမှာ အဲဒီလို မျက်ရည်တွေ သုံးမျိုးသုံးစား ရှိနေသရွေ့ 88 00:03:39,180 --> 00:03:41,172 ကျွန်တော်တို့ဟာ စိတ်ချက်လက်ချ ကျန်းမာစွာ 89 00:03:41,172 --> 00:03:42,300 နေထိုင်နိုင်ကြမှာ ဖြစ်ပြီး အားလုံး အခြေအနေ ကောင်းနေမှာပါ။ 90 00:03:42,300 --> 00:03:43,017 ခင်ဗျားတို့အားလုံး မြင်လာကြရမှာပါ။