သင့်စိတ်ဓာတ်ကျခြင်းကို ကြိတ်ပြီး မခံစားပါနဲ့။
-
0:01 - 0:05ဒီစင်ပေါ်မှာ ဒီလူအားလုံး ရှေ့မှာ
-
0:05 - 0:09နင်က ဘာလုပ်နေတာတုန်း။
-
0:09 - 0:10(ရယ်သံများ)
-
0:10 - 0:11ပြေးလေ။
-
0:11 - 0:12(ရယ်သံများ)
-
0:12 - 0:13အခု ပြေးတော့။
-
0:15 - 0:18ဒါက ကျွန်မရဲ့ ပူပန်မှုက ပြောနေတဲ့ အသံပါ။
-
0:19 - 0:21လုံးဝ ဘာမှ အမှားမှ မရှိတာတောင်မှ
-
0:21 - 0:25ဒီလွန်ကဲတဲ့ စိတ်ဓာတ်ကျတဲ့ အသိကို
တစ်ခါတစ်ခါ ကျွန်မ ရတယ်၊ -
0:25 - 0:28ဒီနားမှာတင် အန္တရာယ်က
ပုန်းအောင်းနေတာမျိုးပါ။ -
0:29 - 0:31သိတဲ့အတိုင်း လွန်ခဲ့တဲ့ နှစ်အနည်းငယ်က
-
0:31 - 0:34အတိအကျမဟုတ်တဲ ပူပန်မှုနဲ့ စိတ်ဓာတ်ကျမှု
-
0:34 - 0:35ရောဂါပေါ်ခဲ့တယ်၊
-
0:35 - 0:38မကြာခဏ ဒွန်တွဲနေတဲ့ အခြေအနေ နှစ်ခုပါ။
-
0:38 - 0:42ကဲ ဘယ်သူ့ကိုမှ ပြောပြမှာမဟုတ်တဲ့
ကာလတစ်ခုရှိခဲ့တယ်။ -
0:42 - 0:45အထူးသဖြင့် ပရိတ်သတ်အများကြီး ရှေ့မှာပေါ့။
-
0:45 - 0:46လူမည်းအမျိုသမီးတစ်ဦးအနေနဲ့
-
0:46 - 0:50အောင်မြင်ဖို့ အထူးဒဏ်ခံနိုင်စွမ်းကို
ဖွံ့ဖြိုးအောင် လုပ်ဖို့လိုခဲ့တယ်။ -
0:50 - 0:52ကျွန်မရဲ့ လူ့အဖွဲ့အစည်းက လူအများစုလို
-
0:52 - 0:56စိတ်ဓာတ်ကျမှုကို အားနည်းချက်ရဲ့
လက္ခဏာ၊ စရိုက်ချွတ်ယွင်းချက်လို့ -
0:56 - 0:57နားလည်မှုလွဲခဲ့တယ်။
-
0:57 - 0:59ဒါပေမဲ့ ကျွန်မက အားနည်းသူမဟုတ်ဘူး
-
0:59 - 1:01မြင့်မားတဲ့ အောင်မြင်သူပါ၊
-
1:01 - 1:03Media Studies မှာ မဟာဘွဲ့ ရရှိခဲ့ပြီး
-
1:03 - 1:07ရုပ်ရှင်နဲ့ ရုပ်မြင်သံကြားလုပ်ငန်းတွေမှာ
အလုပ်မှတ်တမ်းတွေ တသီကြီးရှိခဲ့တယ်။ -
1:08 - 1:11အလုပ်ကြိုးစားမှုအတွက်
Emmy Awards နှစ်ခုရှိထားပါတယ်။ -
1:11 - 1:14သေချာတာပေါ့ ကျွန်မဟာ လုံးဝ
ခြေပစ်လက်ပစ်ဖြစ်ခဲ့ပြီး -
1:14 - 1:17အရင်က နှစ်ခြိုက်ခဲ့တာတွေမှာ
စိတ်ဝင်စားမှု ကင်းမဲ့ခဲ့တယ်၊ -
1:17 - 1:18စားရုံသာစားပြီး
-
1:18 - 1:20အိပ်မပျော်တာကို ရုန်းကန်ကာ
-
1:20 - 1:23အထီးကျန်ပြီး ကုန်ခန်းနေခဲ့တယ်။
-
1:24 - 1:25ဒါပေမဲ့ စိတ်ဓာတ်ကျတာကရော၊
-
1:25 - 1:26နိုး၊ ကျွန်မ မဟုတ်ဘူး။
-
1:28 - 1:30ဒါကို ဝန်မခံခင် သီတင်းပတ်ချီ ကြာခဲ့တယ်။
-
1:30 - 1:32ဒါပေမဲ့ ဆရာဝန်ပြောတာ မှန်တယ်၊
-
1:32 - 1:33ကျွန်မ စိတ်ဓာတ်ကျခဲ့တာပါ။
-
1:33 - 1:37ဒါပေမဲ့ ကျွန်မရဲ့ ရောဂါတွေ့ရှိမှုကို
ဘယ်သူ့ကိုမှ မပြောခဲ့ဘူး။ -
1:38 - 1:39ကျွန်မက အရမ်းရှက်တတ်တာလေ။
-
1:39 - 1:42ကျွန်မမှာ စိတ်ဓာတ်ကျခွင့် ရှိတယ်လို့
မထင်ခဲ့ဘူး။ -
1:42 - 1:44ကျွန်မမှာ ချစ်စရာမိသားစု
-
1:44 - 1:47အောင်မြင်တဲ့ အလုပ်နဲ့
အခွင့်ထူးခံ ဘဝတစ်ခုရှိတယ်။ -
1:48 - 1:50သက်သာသွားနိုင်အောင်
ဒီတိုင်းပြည်မှာ ကျွန်မဘိုးဘွားတွေ -
1:50 - 1:53ဖြတ်သန်းခဲ့တဲ့ ပြောမထွက်နိုင်အောင်
ဆိုးဝါးတဲ့ -
1:53 - 1:55အနိဋ္ဌာရုံတွေအကြောင်း တွေးတဲ့အခါ
-
1:55 - 1:57ရှက်တာက ပိုတောင်နက်ရှိုင်းလာတယ်။
-
1:57 - 1:59သူတို့ရဲ့ ပခုံးတွေပေါ် ကျွန်မရပ်နေခဲ့တယ်။
-
1:59 - 2:01ဒါတွေကို ဘယ်လို လွှတ်ချပစ်နိုင်လဲ
-
2:01 - 2:03ခေါင်းကိုမော့ထားပြီး
-
2:03 - 2:06မျက်နှာမှာ ပြုံးထားကာ
-
2:06 - 2:08တစ်ယောက်ကိုမှ မပြောပြဘူး။
-
2:10 - 2:14၂၀၁၃ ဇူလိုင်လ ၄ ရက်မှာ
-
2:14 - 2:17ကျွန်မရဲ့ ကမ္ဘာဟာ ပြိုကျခဲ့တယ်။
-
2:17 - 2:20ဒါက အမေ့ဆီက ဖုန်းခေါ်ဆိုခဲ့တဲ့နေ့ပါ၊
-
2:20 - 2:25ကျွန်မကို ပြောနေတာက ၂၂ နှစ်သား
ကျွန်မတူ Paul စိတ်ဓာတ်ကျမှုနဲ့ -
2:25 - 2:27ပူပန်မှုကို နှစ်ချီ
ရုန်းကန်နေပြီး ဘဝဆုံးသွားပြီတဲ့။ -
2:29 - 2:32ကျွန်မခံစားရတဲ့ စိတ်ထိခိုက်မှုကို
ဖော်ပြနိုင်တဲ့ စကားလုံး မရှိဘူး။ -
2:33 - 2:34Paul နဲ့ အရမ်း ရင်းနီးပေမဲ့
-
2:34 - 2:36သူဒီလောက် နာကျင်ခဲ့မှန်း ကျွန်မ မသိခဲ့ဘူး။
-
2:37 - 2:40ကျွန်မတို့တစ်ယောက်ကမှ ကျွန်မတို့
ရုန်းကန်မှုတွေ အကြောင်း မပြောဖြစ်ခဲ့ဘူး။ -
2:40 - 2:42ရှက်တာနဲ့ အမည်းစက်က
နှစ်ဦးစလုံးကို တိတ်စေတယ်။ -
2:44 - 2:48အခု ဘေးဆိုးကို ရင်ဆိုင်ဖို့ ကျွန်မနည်းလမ်း
က ထိပ်တိုက် ရင်ဆိုင်ဖို့ပါ။ -
2:48 - 2:51ဒါနဲ့ နောက်နှစ်နှစ် စိတ်ဓာတ်ကျမှုနဲ့
ပူပန်မှုအကြောင်း သုတေသနပြုကာ -
2:51 - 2:54ကုန်ဆုံးခဲ့ပြီး တွေ့လိုက်တာက အဲ့ဖွယ်သရဲပါ။
-
2:55 - 2:57စိတ်ဓာတ်ကျခြင်းဟာ ကမ္ဘာမှာ နာဖျားမှုနဲ့
-
2:57 - 3:02မသန်မစွမ်းဖြစ်မှုရဲ့ အဓိအက အကြောင်းရင်း
လို့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က -
3:02 - 3:03အစီရင်ခံပါတယ်။
-
3:04 - 3:07စိတ်ဓာတ်ကျခြင်းရဲ့ တိကျတဲ့
အကြောင်းရင်းက မရှင်းလင်းပေမဲ့ -
3:07 - 3:10သုတေသနက ညွှန်းတာက
စိတ်ဖောက်ပြန်မှုအဖြစ်ဆုံးဟာ -
3:10 - 3:12အနည်းဆုံး အပိုင်းလိုက် ဖြစ်ပေါ်တယ်၊
-
3:12 - 3:15ဦးနှောက်မှာရှိတဲ့ ဓာတု မညီမျှမှုနဲ့
-
3:15 - 3:19(သို့) ငုပ်နေတဲ့ ဗီဇ အထုံကြောင့်ပါ။
-
3:19 - 3:21ဒီတော့ ဒါကို ခါထုတ်လို့မရဘူးပေါ့။
-
3:23 - 3:25အမေရိကန် လူမည်းတွေအတွက်
-
3:25 - 3:29လူမျိုးကြီးဝါဒနဲ့ လူမှုစီးပွားရေး
ကွာဟချက်လို စိတ်ဖိအားပေးမှုတွေဟာ -
3:29 - 3:34၎င်းတို့ကို စိတ်ဖောက်ပြန်မှုရောဂါဖြစ်တာရဲ့
၂၀% ပိုများကြီးမားတဲ့ အန္တရာယ်ဖြစ်စေတယ် -
3:34 - 3:36ဒါပေမဲ့ အမေရိကန် လူဖြူတွေရဲ့
ထက်ဝက်နှုန်းလောက်ပဲ -
3:36 - 3:39စိတ်ကျန်းမားရေး ဝန်ဆောင်မှု ရယူပါတယ်။
-
3:40 - 3:42အကြောင်းပြချက်တစ်ခုက အမည်းစက်ပါ၊
-
3:42 - 3:49အမေရိကန် လူမည်း ၆၃% က စိတ်ဓာတ်ကျတာကို
အားနည်းချက်လို့ အထင်မှားကြတယ်။ -
3:50 - 3:54ဝမ်းနည်းစရာက လူမည်း ကလေးတွေကြားမှာ
ကိုယ်ကိုယ်ကို သတ်သေမှုကနှုန်းက -
3:54 - 3:57လွန်ခဲ့တဲ့ နှစ် ၂၀ မှာ နှစ်ဆဖြစ်ခဲ့တယ်။
-
3:58 - 4:00ကဲ ဒီမှာတော့ သတင်းကောင်းပါ၊
-
4:01 - 4:05စိတ်ဓာတ်ကျမှုကို ရုန်းကန်နေတဲ့
လူတွေရဲ့ ၇၀% ဟာ ကုထုံး၊ ကုသမှု၊ -
4:05 - 4:08ဆေးဝါးတွေနဲ့ တိုးတက် ကောင်းမွန်လာမယ်။
-
4:09 - 4:11ဒီသတင်း စွဲကိုင်ပြီး
-
4:11 - 4:13ကျွန်မ ဆုံးဖြတ်ချက်ချလိုက်တာက
-
4:13 - 4:16ငါ နှုတ်ဆိတ် မနေတော့ဘူး၊
-
4:17 - 4:19မိသားစုရဲ့ ကောင်ချီးနဲ့အတူ
-
4:19 - 4:20အမျိုးသား ပြောဆိုဆွေးနွေးမှုတစ်ခု
-
4:20 - 4:23အစပျိုးဖို့ မျှော်လင့်ချက်တွေနဲ့
ကျွန်မဇာတ်လမ်းကို မျှဝေမယ်။ -
4:24 - 4:27မိတ်ဆွေတစ်ဦးဖြစ်တဲ့ Kelly Pierre-Louis က
-
4:27 - 4:29"အားကောင်းတာက တို့ကို သတ်နေတာ"တဲ့။
-
4:31 - 4:32သူမ ပြောတာမှန်တယ်။
-
4:32 - 4:36အားကောင်းလှတဲ့ လူမည်းအမျိုးသမီးတွေနဲ့
မဟာ ပုရိသ လူမည်းအမျိုးသားတွေရဲ့ -
4:36 - 4:38ရိုးအီနေတဲ့ ဇာတ်လမ်းဟောင်းတွေကို
-
4:38 - 4:40အနားပေးဖို့ လိုပါတယ်၊
-
4:40 - 4:43သူတို့တွေဟာ ဘယ်နှစ်ကြိမ် အလဲထိုးချခံရခံရ
-
4:43 - 4:45ဒါကို ခါချကာ ဦးလည်မသုန် ကြိုးပမ်းသူတွေပါ။
-
4:46 - 4:49ခံစားချက်တွေရှိခြင်းဟာ
အားနည်းချက်မဟုတ်ဘူး။ -
4:51 - 4:52ခံစားချက်တွေက ကျွန်မတို့
လူသားဖြစ်တာပါ။ -
4:53 - 4:55ကျွန်မတို့ လူသားဆန်မှုကို ငြင်းပယ်တဲ့အခါ
-
4:55 - 4:57အတွင်းမှာ ခံစားမှု ဗလာကျင်း ကျန်ခဲ့ပြီး
-
4:57 - 5:00ဒီဟာကွက်ကိုဖြည့်ဖို့ မိမိဘာသာ ဆေးကုဖို့
နည်းလမ်းတွေ ရှာနေခြင်းပါ -
5:01 - 5:03ကျွန်မရဲ့ ဆေးဝါးက မြင့်မားတဲ့
အောင်မြင်မှုပါ။ -
5:04 - 5:08ဒီနေ့တွေမှာ ကျွန်မဇာတ်လမ်းကို ပွင့်လင်းစွာ
မျှဝေပြီး အခြားသူတွေကို -
5:08 - 5:10သူတို့ဇာတ်လမ်းတွေကိုလည်း
မျှဝေခိုင်းပါတယ်။ -
5:10 - 5:12ကျွန်မ ယုံကြည်တာက
-
5:12 - 5:14ကြိတ်ပြီး ခံစားနေလောက်မယ့်သူတွေ လိုတာက
-
5:14 - 5:17သူတို့တွေချည်းမဟုတ်တာ သိဖို့နဲ့
-
5:17 - 5:18အကူအညီနဲ့ဆို
-
5:18 - 5:20သူတို့သက်သာနိုင်တာ သိဖို့ပါ။
-
5:20 - 5:22အခု ကျွန်မမှာ ရုန်းကန်မှုတွေ ရှိဆဲပါ၊
-
5:22 - 5:24အထူးသဖြင့် ပူပန်မှုနဲ့ပါ၊
-
5:24 - 5:26ဒါပေမဲ့ နေ့စဉ် တရားထိုင်ခြင်း၊
-
5:26 - 5:31ယောဂနဲ့ အတော်အသင့် ကျန်းမားတဲ့
အဟာရကနေ ဒါကို ကိုင်တွယ်နိုင်ပါတယ်။ -
5:31 - 5:32(ရယ်သံများ)
-
5:32 - 5:34အရာတွေဟာ ချာလပတ်
စလည်လာတယ်လို့ ခံစားရရင် -
5:34 - 5:36ကျွန်မရဲ့ အထူးကု Dawn Armstrong
လို့ခေါ်တဲ့ -
5:36 - 5:39တက်ကြွတဲ့ လူမည်း အမျိုးသမီး
ကိုတွေ့ဖို့ ချိန်းဆိုပါတယ်။ -
5:39 - 5:41သူမဟာ ဖြေသိမ့်နိုင်တယ်လို့ ကျွန်မထင်တဲ့
-
5:41 - 5:44ဟာသဉာဏ်နဲ့ ကျွမ်းဝင်မှုရှိသူပါ။
-
5:45 - 5:47ကျွန်မရဲ့တူလေးအတွက် အဲဒီကို
-
5:47 - 5:49မရောက်နိုင်ခဲ့တာကို အမြဲ နောင်တရနေမှာပါ။
-
5:50 - 5:52ဒါပေမဲ့ အရိုးသားဆုံး မျှော်လင့်ချက်က
-
5:53 - 5:56ကိုယ်သင်ယူခဲ့တဲ့ သင်ခန်းစာတွေက
အခြားသူတွေကို စေ့ဆော်ပေးနိုင်တာပါ -
5:59 - 6:02ဘဝဆိုတာ လှပပါတယ်။
-
6:03 - 6:04တစ်ခါတစ်လေကျတော့ ရှုပ်ပွေနေပြီး
-
6:04 - 6:06ဒါက အမြဲ ကြိုမသိနိုင်တာပါ။
-
6:07 - 6:08ဒါပေမဲ့ သင့်ကိုကူညီဖို့
-
6:08 - 6:11သင့်ရဲ့ အထောက်အပံ့စနစ်ရှိရင်
အားလုံး အဆင်ပြေသွားပါလိမ့်မယ်။ -
6:12 - 6:14မျှော်လင့်တာက သင့်ရဲ့ဝန်ထုပ်က
အဆမတန် လေးလာရင် -
6:14 - 6:16အကူအညီလည်း သင်တောင်းရမှာပဲလေ။
-
6:16 - 6:17ကျေးဇူးတင်ပါတယ်။
-
6:17 - 6:20(လက်ခုပ်သံများ)
- Title:
- သင့်စိတ်ဓာတ်ကျခြင်းကို ကြိတ်ပြီး မခံစားပါနဲ့။
- Speaker:
- Nikki Webber Allen
- Description:
-
ခံစားမှုတွေရှိခြင်းဟာ အားနည်းမှုရဲ့ လက္ခဏာတစ်ရပ်မဟုတ်ပါ၊ ၎င်းတို့ဟာ ကျွန်ုပ်တို့ လူသားတွေလို့ ဆိုလိုတာပါလို့ ထုတ်လုပ်သူနဲ့ လှုပ်ရှားရေးသမား Nikki Webber Allen ကဆိုပါတယ်။ စိတ်ပူပန်မှုနဲ့ စိတ်ဓာတ်ကျမှု ရောဂါစစ်တမ်း တွေ့ရှိပြီးတာတောင်မှ Webber Allen ဟာ သူမနဲ့ရင်းနှီးတဲ့ အခြား သူတွေ ဟာလည်း ခံစားနေရပုံကို လှစ်ဟပြတဲ့ မိသားစု အဖြစ်ဆိုးတစ်ခုကို သိရတဲ့အထိတိုင် သူမရဲ့ အခြေအနေကို လျှို့ဝှက်ထားရင်း တစ်စုံတစ်ယောက်ကို ပြောပြဖို့ ရှက်တတ်လွန်းသူပါ။
စိတ်ကျန်းမာရေး အကြောင်း ဒီအရေးပါတဲ့ ဟောပြောချက်ထဲမှာ သူမဟာ သူမရဲ့ ရုန်းကန်မှုအကြောင်း ပွင့်လင်းစွာ ပြောပြထားပါတယ်။ ဘာကြောင့် အသားအရောင်ရှိတဲ့ လူမှုအဖွဲ့အစည်းတွေဟာ စိတ်ဓာတ်ကျခြင်းကို အားနည်းချက်တစ်ခုအဖြစ် လှည့်စားပြီး ဝေဒနာခံစားနေရသူတွေကို အကူအညီရခြင်းကနေ တားဆီးနေတဲ့ အမည်းစက်ကို ပျက်ပြယ်အောင်လုပ်ရမယ်ဆိုတာပါ။ - Video Language:
- English
- Team:
- closed TED
- Project:
- TEDTalks
- Duration:
- 06:35
sann tint approved Burmese subtitles for Don't suffer from your depression in silence | ||
Myo Aung accepted Burmese subtitles for Don't suffer from your depression in silence | ||
Myo Aung edited Burmese subtitles for Don't suffer from your depression in silence | ||
sann tint edited Burmese subtitles for Don't suffer from your depression in silence | ||
sann tint edited Burmese subtitles for Don't suffer from your depression in silence | ||
sann tint edited Burmese subtitles for Don't suffer from your depression in silence | ||
sann tint edited Burmese subtitles for Don't suffer from your depression in silence | ||
sann tint edited Burmese subtitles for Don't suffer from your depression in silence |