< Return to Video

ကလေးတွေဟာ အခြားသူတွေရဲ့အမြင်တွေကို စတင် အရေးစိုက်လာကြတာ ဘယ်အချိန်မှာလဲ။

  • 0:00 - 0:02
    အချိန် ခဏလောက်ယူပြီး
  • 0:02 - 0:05
    သင်တို့ လောလောဆယ် ဝတ်ထားတာကို
    စဉ်းစားကြည့် စေချင်ပါတယ်။
  • 0:06 - 0:09
    သင်တို့အတွက် လေးနက်ပြီး
    ဒဿနဆန်တဲ့ မေးခွန်းတစ်ခုရှိတယ်။
  • 0:09 - 0:12
    ဘာဖြစ်လို့ ကျွန်မတို့အိပ်ရာဝင်
    ဝတ်စုံတွေ အခု ဝတ်မထားတာလဲ။
  • 0:12 - 0:13
    (ရယ်သံများ)
  • 0:13 - 0:15
    ကဲ၊ ကျွန်မက စိတ်ပညာရှင်ပါ၊
    စိတ်ဖတ်တတ်သူ မဟုတ်ဘူး၊
  • 0:15 - 0:18
    ဒါဟာ အတူတူပံလို့ လူအများက
    ထင်ကြပေမဲ့
  • 0:18 - 0:22
    သင်တို့ရဲ့တုံ့ပြန်မှုက "လူကြားသူကြားထဲမှာ
    အိပ်ရာဝင် ဝတ်စုံဝတ်ဖို့ ထင်မထားဘူး။"
  • 0:22 - 0:24
    (သို့) "ငါ့ကို ဖိုသီဖတ်သီ
    နိုင်တယ်လို့ မထင်စေချင်ဘူး။"
  • 0:24 - 0:27
    ဆိုတာရဲ့ တစ်နေရာရာမှာရှိတာ သေချာပါတယ်။
  • 0:28 - 0:32
    ဘယ်နည်းဖြစ်ဖြစ်၊ ကျွန်မတို့အကြိုက်
    ချွေးခံဘောင်းဘီကို ဆန့်ကျင်တဲ့
  • 0:32 - 0:34
    အလုပ်အရ ပုံမှန် အဝတ်ကို
    ဝတ်ဖို့ရွေးတဲ့ အချက်ဟာ
  • 0:34 - 0:36
    ကလေးကလား တိုက်ဆိုင်မှု
    တစ်ခုမဟုတ်တာပါ။
  • 0:36 - 0:40
    ဒီအစား ဒါက ပေါ်လွင်တဲ့ လူသား
    ပင်ကို လက္ခဏာ နှစ်ခုကို ဖော်ပြတယ်။
  • 0:41 - 0:44
    ပထမက ကျွန်မတို့ဟာ တခြားသူတွေ
    တန်ဖိုးထားတာကို ထည့်သွင်းစဉ်းစားတာပါ။
  • 0:44 - 0:47
    ဥပမာ သူတို့တွေက လက်ခံမယ်
    (သို့) လက်မခံဘူးဆိုတာပေါ့
  • 0:47 - 0:50
    အိပ်ရာဝင် ဝတ်စုံမဝတ်တာတို့
    အဲလိုမျိုး အနေအထားတွေပေါ့။
  • 0:50 - 0:54
    နှစ်၊ ကိုယ့်အပြုအမူကို လမ်းပြဖို့
    ဒီအချက်အလက်ကို မဆိုင်းမတွ သုံးခဲ့တယ််။
  • 0:55 - 0:57
    အခြားမျိုးစိတ်တွေနဲ့ မတူဘဲ
  • 0:57 - 1:01
    လူသားတွေဟာ အခြားသူတွေရဲ့ ရှေ့မှာ
    သဘောကျစေဖို့သူတိုရဲ့ အပြုအမူကို
  • 1:01 - 1:02
    ခွင်ကျအောင် လုပ်လေ့ရှိတာပါ။
  • 1:03 - 1:05
    မိတ်ကပ်လိမ်းရာမှာ၊ လိုက်ဖက်တဲ့ပုံနဲ့
  • 1:05 - 1:08
    Instagram အရောင်ချိန်တာ ရွေးရာမှာ
    ကမ္ဘာကြီးကို သေချာပေါက်
  • 1:08 - 1:11
    ပြောင်းလဲစေမယ့် စိတ်ကူးတွေ
    စာလုံးရေ ၁၄၀ အတွင်း သီဖွဲ့ရာမှာ
  • 1:11 - 1:13
    တန်ဖိုးရှိတဲ့ အချိန်ကို သုံးကြတယ်။
  • 1:14 - 1:17
    ရှင်းပါတယ် တခြားသူတွေ ကျွန်မတို့ကို
    တန်ဖိုးဖြတ်မှာကို ပူပန်မှုက
  • 1:17 - 1:19
    လူသားဖြစ်မှုရဲ့ အပိုင်းကြီးတစ်ခုပါ။
  • 1:20 - 1:22
    ဒါပေမဲ့ ကြီးမားတဲ့ လူသားရဲ့
    ဉာဉ်တစ်ခုဖြစ်နေတယ်ဆိုပေမဲ့
  • 1:22 - 1:25
    ဘယ်အချိန်၊ ဘယ်လိုနည်းနဲ
    အခြားသူတွေရဲ့ အမြင်တွေကို
  • 1:25 - 1:27
    ဂရုစိုက်လာတယ်ဆိုတာကို
    သိတာတော့ အတော် နည်းပါတယ်။
  • 1:28 - 1:31
    ကဲ ဒါက လေ့လာမှုတေွ အများကြီးလိုတဲ့
    မေးခွန်းကြီးတစ်ပုဒ်ပါ။
  • 1:31 - 1:34
    ဒါပေမဲ့ ဒီမေးခွန်းကို ဖော်ထုတ်ဖို့
    ပထမဆုံး အဆင့်က
  • 1:34 - 1:36
    ဖွံ့ဖြိုးမှုမှာ အခြားသူတွေရဲ့
  • 1:36 - 1:39
    အကဲဖြတ်မှုတွေကို ဆတ်ဆတ်ထိ
    မခံဖြစ်လာတာကို လေ့လာဖို့ပါ။
  • 1:39 - 1:42
    ကလေးအင်္ကျီဝတ်ပြီး
    ကုန်စုံဆိုင်နားမှာ လမ်းလျှောက်ဖို့
  • 1:42 - 1:44
    ပြဿနာမရှိတဲ့ နို့စို့ ကလေးတစ်ယောက်ဟာ
  • 1:44 - 1:49
    အပျက်သဘော ထင်မြင်ချက်အပေးခံရမှာကြောက်လို့
    လူရှေ့မှာ စကားပြောဖို့ ကြောက်တဲ့
  • 1:49 - 1:51
    လူကြီးအဖြစ် ကြီးလာပုံကို လေ့လာရင်း
    Emory University မှာ
  • 1:51 - 1:54
    လေးနှစ် အချိန်ကုန်ခဲ့တယ်။
  • 1:54 - 1:56
    (ရယ်သံများ)
  • 1:56 - 1:58
    ကဲ လူတွေက မေးတဲ့အခါ
    အမြဲလိုလို ဖြစ်တဲ့ အချက်တစ်ခုက
  • 1:58 - 2:01
    "ဒီမေးခွန်းကို ခင်ဗျားဘယ်လို
    အတိအကျ စူးစမ်းလေ့လာလဲ။
  • 2:01 - 2:03
    နို့စို့ကလေးတွေက
    စကားမပြောတတ်ဘူးလေ။"
  • 2:04 - 2:06
    ကျွန်မရဲ့အမျိုးသားသာ
    အခု ဒီမှာ ရှိမယ်ဆိုရင်
  • 2:06 - 2:08
    ကျွန်မ ကလေးတွေကို တွေ့ဆုံမေးမြန်းတာ
    လို့သူပြောလိမ့်မယ်၊
  • 2:08 - 2:13
    အကြောင်းက သူ့အမျိုးသမီးက ကလေးတွေကို
    စမ်းသပ်တယ်လို့ သူ မပြောချင်လို့ပါ။
  • 2:13 - 2:15
    (ရယ်သံများ)
  • 2:15 - 2:19
    တကယ်တမ်းက ကျွန်မဟာ ကလေးတွေ
    အတွက်စမ်းသပ်မှုတွေကို ပုံစံထုတ်တယ်။
  • 2:19 - 2:21
    အမြဲလိုလိုတော့ ကစားနည်း ပုံစံနဲ့ပါ။
  • 2:21 - 2:24
    ဖွံ့ဖြိုးရေး စိတ်ပညာရှင်
    Dr. Philippe Rochat နဲ့ ကျွန်မဟာ
  • 2:24 - 2:27
    ကလေးတွေဟာ အခြားသူတွေကိုရဲ့
    အကဲဖြတ်မှုတွေကို ဘယ်အချိန်မှာ
  • 2:27 - 2:30
    တုန့်ပြန်တတ်တာကို စူးစမ်းဖို့
    "The Robot Task" ဆိုတဲ့
  • 2:30 - 2:32
    ကစားနည်းတစ်ခုကို ပုံစံထုတ်ခဲ့တယ်။
  • 2:32 - 2:37
    တိတိကျကျဆို စက်ရုပ် လုပ်ဆောင်မှုဟာ
    လူကြီးတွေလိုပဲ ကလေးတွေဟာ အခြားသူတွေ
  • 2:37 - 2:40
    ကြည့်နေတဲ့အခါ သူတို့ရဲ့အပြုအမူကို
    နေထားတကျ ပြုပြင်တာပါ။
  • 2:41 - 2:44
    ဒါလုပ်ဖို့ ၁၄ လ ကနေ ၂၄ လသား
    ကလေးတွေကို ကစားစရာ စက်ရုပ်တစ်ခုကို
  • 2:44 - 2:46
    ခလုတ်ဖွင့်ပုံကို ပြတယ်၊
  • 2:46 - 2:49
    အရေးကြီးတာက ခလုတ်နှိပ်ပြီးရင်
    "အိုး၊ ကောင်းလိုက်တာ"
  • 2:49 - 2:51
    လို့ ပြောရင် အပြုသဘော တန်ဖိုးတစ်ခုဖြစ်ဖြစ်
  • 2:51 - 2:54
    "အိုး၊ အဲ့လိုမှ မဟုတ်တာ"လို့ဆိုတဲ့
    အပျက်သဘော
  • 2:54 - 2:56
    တန်ဖိုးတစ်ခုကို သတ်မှတ်ပေးတာပါ။
  • 2:56 - 2:58
    ဒီ ကစားစရာ သရုပ်ပြကွက်နောက်မှာ
  • 2:58 - 3:00
    ခလုတ်နဲ့ ကစားဖို့
    ကလေးတွေကို ဖိတ်ခေါ်ခဲ့တယ်၊
  • 3:00 - 3:02
    နောက် သူတို့ကို စောင့်ကြည့်တာ
  • 3:02 - 3:05
    (သို့) တစ်ဘက်လှည့်ကာ မဂ္ဂဇင်းကို
    ဟန်ဆောင် ဖတ်တာလုပ်တယ်။
  • 3:05 - 3:08
    စိတ်ကူးကတော့ ၂၄ လသား
    ကလေးတွေဟာ
  • 3:08 - 3:11
    အခြားသူတွေရဲ့အကဲဖြတ်မှုတွေကို
    တကယ်ပဲ တုန့်ပြန်တယ်ဆိုရင်
  • 3:11 - 3:14
    သူတို့ကို ကြည့်တာ၊ မကြည့်တာတင်မက
  • 3:14 - 3:16
    ခလုတ်နှိတ်တာအပေါ် စမ်းသပ်သူက
    ဖော်ပြတဲ့
  • 3:16 - 3:19
    တန်ဖိုးတွေအရပါ သူတို့ရဲ့ ခလုတ်နှိပ်ပုံကို
  • 3:19 - 3:20
    သြဇာသက်ရောက်မှု ရှိမယ်ဆိုတာပါ။
  • 3:21 - 3:22
    ဒီတော့ ဥပမာအနေနဲ့
  • 3:22 - 3:26
    ကလေးတွေဟာ စောင့်ကြည့်ခံနေရရင်
    အပြုသဘော ခလုတ်နဲ ပိုပြီး သိသိသာသာ
  • 3:26 - 3:27
    ကစားဖို့ မျှော်လင့်ရပေမဲ့
  • 3:27 - 3:30
    ဘယ်သူမှ ကြည့်မနေရင်တော့
    အပျက်သဘော ခလုတ်ကို
  • 3:30 - 3:31
    စူးစမ်းဖို့ ရွေးတာပါ။
  • 3:32 - 3:35
    ဒီဖြစ်ရပ်ကို တကယ်ပဲ ဖမ်းယူမိဖို့
    လေ့လာမှု မူကွဲ သုံးခုကို ပြုလုပ်ခဲ့တယ်။
  • 3:36 - 3:39
    လေ့လာမှု တစ်က တန်ဖိုးတွေ(သို့)
    ညွှန်ကြားချက်တွေ ပေးမထားရင်
  • 3:39 - 3:42
    ကလေးတွေ ဆန်းသစ်တဲ့ ကစားစရာနဲ့
    ထိတွေ့ပုံကိုစူးစမ်းတယ်။
  • 3:42 - 3:45
    ဒီတော့ ကလေးတွေကို ကစားစရာ
    စက်ရုပ်ကို ခလုတ်နှိပ်ပုံပြပေမဲ့
  • 3:45 - 3:46
    ဘာတန်ဖိုးမှ သတ်မှတ်ပေးမထားဘူး၊
  • 3:46 - 3:49
    အဝေးထိန်း ခလုတ်နဲ့ ကစားလို့ရတယ်
    လို့လည်း သူတို့ကို မပြောခဲ့ဘဲ
  • 3:49 - 3:52
    သူတို့ကို တကယ့် ဒွိဟ
    အခြေအနေတစ်ခုကို ပံ့ပိုးပေးတာပါ။
  • 3:52 - 3:53
    လေ့လာမှု နှစ်မှာ
  • 3:53 - 3:58
    တန်ဖိုးနှစ်ခုကို ပေါင်းစပ်ခဲ့တယ်၊
    အပြုသဘောတစ်ခု၊ အပျက်သဘော တစ်ခုပါ။
  • 3:59 - 4:02
    နောက်ဆုံး လေ့လာမှုမှာ
    စမ်းသပ်သူ နှစ်ဦးနဲ့ ခလုတ် တစ်ခုရှိတယ်။
  • 4:02 - 4:06
    စမ်းသပ်သူတစ်ဦးက ခလုပ်နှိပ်တာအတွက်
    အပျက်သဘော တန်ဖိုးတစ်ခုကို ဖေါ်ပြကာ
  • 4:06 - 4:07
    "ဟာ အရုပ် ရွေ့တယ်" လို့ ပြောစဉ်
  • 4:07 - 4:10
    နောက်စမ်သပ်သူတစ်ဦးက
    အပြုသဘော တန်ဖိုးတစ်ခုကို
  • 4:10 - 4:12
    "ဟေး၊ အရုပ် ရွေ့တယ်"တဲ့။
  • 4:12 - 4:15
    ဒါက ကလေးတွေ အခြေအနေ
    သုံးခုကို တုံ့ပြန်ခဲ့ပုံပါ။
  • 4:15 - 4:18
    ဒီတော့ လေ့လာမှု တစ်မှာ ဒွိဟဖြစ်တဲ့
    အခြေအနေတစ်ခု၊
  • 4:18 - 4:21
    ကျွန်မ လောလောဆယ်
    ကလေးကို စောင့်ကြည့်နေတယ်။
  • 4:21 - 4:24
    သူဟာ ခလုတ်ကို နှိပ်ဖို့
    သိပ်ပြီး စိတ်ဝင်စားပုံ မရဘူး။
  • 4:25 - 4:26
    ကျွန်မ လှည့်လိုက်တာနဲ့
  • 4:27 - 4:29
    အခု သူဟာ ကစားဖို့ အသင့်ပါ။
  • 4:29 - 4:30
    (ရယ်သံများ)
  • 4:32 - 4:34
    လောလောဆယ် ကလေးကို
    ကျွန်မ ကြည့်မနေဘူး။
  • 4:34 - 4:35
    သူ တကယ် အာရုံစိုက်နေတယ်။
  • 4:35 - 4:36
    ကျွန်မ လှည့်လိုက်တယ်။
  • 4:38 - 4:39
    (ရယ်သံများ)
  • 4:39 - 4:41
    သူ ဘာမှ လုပ်မနေဘူးမို့လား။
  • 4:44 - 4:45
    လေ့လာမှု နှစ်မှာ ခလုတ်နှစ်ခုရှိတယ်၊
  • 4:45 - 4:48
    အပြုသဘော တန်ဖိုးနဲ့ တစ်ခု
    အပျက်သဘော တန်ဖိုးနဲ့ တစ်ခု။
  • 4:48 - 4:50
    အခု ကလေးကို ကျွန်မ ကြည့်နေတယ်။
  • 4:50 - 4:52
    လိမ္မော်ရောင် ခလုတ်က
    အပျက်သဘော ခလုတ်ပါ။
  • 4:53 - 4:56
    ဘေးကိုကြည့်နေတယ်၊ ကျွန်မကို
    ကြည့်နေတယ်၊ အချိန်ဖြုန်းနေတာ၊
  • 4:56 - 4:58
    နောက် ကျွန်မ လှည့်လိုက်တယ်
  • 5:00 - 5:01
    (ရယ်သံများ)
  • 5:03 - 5:05
    သူ ကြံနေတာက ဒါကိုး။
  • 5:08 - 5:09
    ကလေးကို ကျွန်မ ကြည့်မနေဘူး။
  • 5:09 - 5:12
    သူက အမေကို ဒါနဲ့ ကစားစေချင်တာနော်။
  • 5:12 - 5:13
    ပိုစိတ်ချတဲ့ လမ်းကြောင်းယူ
  • 5:14 - 5:15
    ကျွန်မ လှည့်လိုက်တယ်...
  • 5:16 - 5:18
    (ရယ်သံများ)
  • 5:18 - 5:20
    သူလည်း ဘာမှ လုပ်မနေဘူး။
  • 5:24 - 5:26
    ဟုတ်တာပေါ့၊ သူ အနေခက်နေတာလေ။
  • 5:26 - 5:27
    (ရယ်သံများ)
  • 5:27 - 5:29
    ဒီမျက်စောင်းထိုးအကြည့်ကို
    လူတိုင်းသိတယ်နော်။
  • 5:30 - 5:32
    လေ့လာမှု သုံး၊ စမ်းသပ်သူ
    နှစ်ယောက်၊ ခလုတ်တစ်ခု။
  • 5:32 - 5:36
    ခလုတ်နှိပ်တာကို အပျက်သဘော
    တုံ့ပြန်တဲ့ စမ်းသပ်သူက လောလောဆယ်
  • 5:36 - 5:37
    ကလေးကို စောင့်ကြည့်နေတယ်။
  • 5:37 - 5:41
    သူဟာ နည်းနည်း အနေခက်နေတယ်၊
    ဘာလုပ်ရမှန်း မသိဘူး၊ အမေကို အားကိုးနေတယ်။
  • 5:44 - 5:47
    ဒီနောက် အပြုသဘော ဖော်ပြတဲ့ စမ်းသပ်သူ
  • 5:47 - 5:50
    ကြည့်နေအောင် ဘေးကို သူ လည့်တော့မယ်။
  • 5:52 - 5:54
    လမ်းကြောင်း ရှင်းတယ်၊
    အခု သူ ကစားဖို့ အသင့်ပဲ။
  • 5:54 - 5:55
    (ရယ်သံများ)
  • 5:55 - 5:57
    ဒီတော့ ဒေတာ ညွှန်းတဲ့အတိုင်းဆို
  • 5:57 - 6:00
    ကလေးတွေရဲ့ ခလုတ်နှိပ်တဲ့ အပြုအမူကို
    တကယ်ကျတော့
  • 6:00 - 6:05
    တန်ဖိုးတွေနဲ့ စမ်းသပ်သူရဲ့ညွှန်ကြားချက်
    တွေက သက်ရောက်မှုရှိတာတွေ့ရှိရတယ်။
  • 6:05 - 6:07
    အကြောင်းက လေ့လာမှု တစ်မှာ
    ဘယ်ဟာကို အပြုသဘော၊
  • 6:07 - 6:10
    ဘယ်ဟာက အပျက်သဘော
    အကဲဖြတ်ခံရတာကို ကလေးတွေ မသိဘူး၊
  • 6:10 - 6:12
    သူတို့ဟာ စိတ်အချရဆုံး လမ်းကြောင်းကိုယူကာ
  • 6:12 - 6:15
    ကျွန်မ ခလုတ်နှိပ်ဖို့ ပြန်လှည့်တဲ့အထိ
    စောင့်ကြလို့ပါ။
  • 6:15 - 6:16
    လေ့လာမှု နှစ်က ကလေးတွေဟာ
  • 6:16 - 6:20
    စောင့်ကြည့်နေတဲ့အခါ အပြုသဘော
    ခလုတ်ကို သိသိသာသာ ပို နှိပ်ဖို့ ရွေးပေမဲ့
  • 6:20 - 6:22
    နောက် ကျွန်မ လှည့်လိုပြီဆိုတာနဲ့
  • 6:22 - 6:25
    အပျက်သဘော ခလုတ်ကို ယူပြီး
    စပြီး ကစားကြတော့တာပဲ။
  • 6:25 - 6:27
    အရေးကြီးတာက ထိန်းချုပ် လေ့လာမှုက
  • 6:27 - 6:30
    ခလုတ်တွေရဲ့ မတူတဲ့
    တန်ဖိုးကို ဖယ်ထားထားတော့
  • 6:30 - 6:33
    ဘယ်ခလုတ်ဖြစ်ဖြစ် နှိပ်ပြီးနောက်
    "ဝိုး" လို့ ကျွန်မတို့အော်တဲ့ နေရာမှာ
  • 6:33 - 6:37
    ကလေးတွေရဲ့ ခလုတ်နှိပ်တဲ့ အပြုအမူဟာ
    အခြေအနေအရပ်ရပ်မှာ မကွဲပြားတော့ဘူး၊
  • 6:37 - 6:40
    ဒါက အရင် လေ့လာမှုထဲက အပြုအမူကို
    မောင်းနှင်တဲ့ ကျွန်မတို့ ပေးတဲ့
  • 6:40 - 6:43
    ခလုတ်နှစ်ခုဆိုတာ ညွှန်းနေတယ်။
  • 6:43 - 6:44
    နောက်ဆုံး အနေနဲ့က
  • 6:44 - 6:48
    လေ့လာမှု သုံးထဲက ကလေးတွေဟာ
    အပျက်သဘော တန်ဖိုးတစ်ခု ဖော်ပြတဲ့
  • 6:48 - 6:52
    စမ်းသပ်သူနဲ့ ဆန့်ကျင်တဲ့
    အပြုသဘော တန်ဖိုးတစ်ခု ဖော်ပြတဲ့
  • 6:52 - 6:55
    စမ်းသပ်သူက စောင့်ကြည့်နေတဲ့အခါ
    ခလုတ်တစ်ခုကို သိသိသာသာ ပိုနှိပ်တာပါ။
  • 6:56 - 6:57
    တိုက်ဆိုင်မှု မဟုတ်တာက
  • 6:57 - 7:00
    ဒါဟာ အပျက်သဘော အကဲဖြတ်မှုတစ်ခုကို
    အစ်ထုတ်တဲ့ အခြေအနေတွေမှာ
  • 7:01 - 7:04
    ကသိကအောက်ဖြစ်တာကို စတင်ပြတဲ့
    ကလေးတွေရဲ့ အသက်လောက်လည်းဖြစ်တယ်။
  • 7:04 - 7:06
    မှန်ထဲမှာ ကြည့်ပြီး နှာခေါင်းပေါ်က
  • 7:06 - 7:07
    အမှတ်တစ်ခုကို သတိပြုမိတာမျိုးပေါ့။
  • 7:07 - 7:10
    လူကြီးတွေအတွက်တော့ သွားထဲက
    ဟင်းနုနွယ်ရွက် ရှာတာနဲ့ တူပါတယ်။
  • 7:10 - 7:11
    (ရယ်သံများ)
  • 7:11 - 7:14
    ဒီတော့ ဒီတွေ့ရှိချက်တွေကို
    အခြေခံပြီး ဘာပြောနိုင်လဲ။
  • 7:14 - 7:18
    ကလေးတွေဟာ တကယ်တော့ အင်မတန်
    ခိုးကြောင်ခိုးဝှက်နိုင်တယ်ဆိုတာ အပြင်ပေါ့။
  • 7:18 - 7:19
    (ရယ်သံများ)
  • 7:19 - 7:22
    အစောပိုင်းကနေ ကလေးတွေဟာ
    လူကြီးတွေလိုပဲ
  • 7:22 - 7:26
    အရာဝတ္ထုတွေ၊အပြုအမူတွေမှာ ကျွန်မတို့ထားတဲ့
    တန်ဖိုးတွေကို တုံ့ပြန်မှုရှိတယ်။
  • 7:26 - 7:30
    အရေးကြီးတာက ဒီတန်ဖိုးတွေကို
    သူတို့အမူအရာကို လမ်းညွှန်ဖို့သုံးတာပါ။
  • 7:30 - 7:32
    သတိပြုမိသည်ဖြစ်စေ၊ သတိမပြုသည်ဖြစ်စေ
  • 7:32 - 7:35
    ကျွန်မတို့ဟာ ကိုယ့်ဝန်းကျင်က
    တန်ဖိုးတွေနဲ့ မပြတ် ဆက်သွယ်နေတယ်။
  • 7:36 - 7:39
    တန်ဖိုးဆိုတာက ကြင်နာပါ"၊ "မခိုးနဲ့"
    ဆိုတာမျိုးတွေလို့ မဆိုလိုဘူးနော်၊
  • 7:39 - 7:41
    ဒါတွေလည်း တန်ဖိုးတွေ ဆိုပေမည့်ပေါ့လေ။
  • 7:41 - 7:45
    ကျွန်မတို့ဟာ အြခားသူတွေ၊ အထူးသဖြင့်
    ကလေးတွေကို ဘာကနှစ်လို့ဖွယ်၊အဖိုးတန်တာ၊
  • 7:45 - 7:49
    ချီးကျူးထိုက်တာ၊ ဘာက မဟုတ်ဘူးဆိုတာကို
    အမြဲမပြတ် ပြသနေတာကိုချီးကျူးထိုက်တာပါ။
  • 7:49 - 7:50
    အကြိမ် အတော်များများမှာ
  • 7:51 - 7:53
    ဒါကို သတိမထားမိဘဲ
    ကျွန်မတို့ လုပ်ကြတယ်။
  • 7:54 - 7:57
    စိတ်ပညာရှင်တွေက စိတ်မှာရှိတာတွေကို
    စူးစမ်းဖို့ အပြုအမူကို လေ့လာကြတာက
  • 7:57 - 8:00
    ကျွန်မတို့အပြုအမူဟာ မကြာခဏဆိုသလို
    ကျွန်မတို့ ယုံကြည်မှုတွေ၊
  • 8:00 - 8:03
    တန်ဖိုးတွေနဲ့လိုအင်တွေကို
    ရောင်ပြန်ဟပ်လို့ပါ။
  • 8:03 - 8:06
    ဒီ Atlanta မှာတော့
    တစ်မျိုးတည်းကိုပဲ ကျွန်မတို့ယုံတယ်
  • 8:07 - 8:09
    Coke ဟာ Pepsi ထက် ပိုကောင်းတာကိုပါ။
  • 8:09 - 8:11
    (လက်ခုပ်သံများ)
  • 8:11 - 8:15
    ကဲ ဒါက Coke ဟာ Atlanta မှာ
    တီထွင်ခဲ့တယ်ဆိုတဲ့ အချက်နဲ့ ဆိုင်လောက်တယ်။
  • 8:15 - 8:16
    ဒါပေမဲ့လည်း
  • 8:17 - 8:21
    လူအများစု Coke ကိုသောက်ဖို့ ရွေးချယ်မယ်
    ဆိုတဲ့အချက်ကို ဒီယုံကြည်မှုက သီမြင်စေတာပါ။
  • 8:21 - 8:23
    အလားတူပဲ
  • 8:23 - 8:25
    အများအားဖြင့် မိန်းကလေးတွေရဲ့
  • 8:25 - 8:26
    ချစ်စရာဆံပင်(သို့) ချစ်စရာဝတ်စုံ
  • 8:26 - 8:29
    ကောင်းလေးတွေအတွက်တော့ ဉာဏ်ရည်ကို
    ချီးကျူးတဲ့အခါ
  • 8:29 - 8:31
    တန်ဖိုးတစ်ခုကို ဆက်သွယ်နေတာပါ။
  • 8:31 - 8:35
    (သို့) အပြုအမူကောင်းအတွက် ဆုလာဒ်အဖြစ်
    အဟာရှိတဲ့ အစားအစားနဲ့ဆန့်ကျင်တဲ့
  • 8:35 - 8:37
    သကြားလုံး ပေးဖို့ရွေးတဲ့အခါပါ။
  • 8:37 - 8:40
    လူကြီးတွေနဲ့ ကလေးတွေဟာ
    သိမ်မွေ့တဲ့ အပြုအမူတွေကနေ
  • 8:40 - 8:43
    တန်ဖိုးတွေ ရွေးရာမှာ
    မယုံနိုင်အောင် ထက်မြက်တယ်။
  • 8:43 - 8:47
    အလှည့်အပြောင်းအနေနဲ့ ဒါက သူတို့ရဲ့
    ကိုယ်ပိုင်အပြုအမူကို ပုံသွင်းနေတယ်။
  • 8:47 - 8:49
    ဒီနေ့ သင်တို့နဲ့မျှဝေခဲ့တဲ့ လေ့လာမှုက
  • 8:49 - 8:53
    ဒီအရည်အချင်းဟာ အစောပိုင်း ဖွံ့ဖြိုးမှုမှာ
    ပေါ်လာတာကို ညွှန်းပါတယ်။
  • 8:53 - 8:55
    ဝါကျတစ်ခုလုံးကိုတောင်
    မပြောတတ်ခင်၊
  • 8:55 - 8:57
    သို့) ရှူရှူးအိုး မတည်ခင်ကပါ။
  • 8:57 - 9:00
    ဒါဟာ ကျွန်မတို့ ကြီးပြင်းလာဖို့ရဲ့
    တစ်သားတည်းရှိတဲ့ အစိတ်အပိုင်းပါ။။
  • 9:01 - 9:02
    ဒီတော့ ကျွန်မ မသွားခင်
  • 9:03 - 9:05
    နေ့စဉ် တုံ့ပြန်ဆက်သွယ်မှုတွေမှာ
    ထုတ်လွှင့်နေတဲ့ တန်ဖိုးတွေနဲ့
  • 9:05 - 9:08
    ဒီတန်ဖိုးတွေက သင့်ဝန်းကျင်က
    လူတွေရဲ့ အပြုအမူကို
  • 9:08 - 9:12
    ပုံဖော်ပေးနေပုံကို အလေးအနက်ဆင်ခြင်ဖို့
    သင်တို့ကို ဖိတ်ကြားချင်ပါတယ်။
  • 9:12 - 9:15
    ဥပမာ၊ အခြားလူတွေကို ပြုံးပြနေတာထက်
  • 9:15 - 9:18
    ကိုယ့်ဖုန်းမှာ ပြုံးပြနေရာမှာ
    အချိန်ပို ကုန်ဆုံးတဲ့အခါ
  • 9:18 - 9:20
    ဘာတန်ဖိုးကို ထုတ်လွှင့်နေသလဲ။
  • 9:21 - 9:25
    အလားတူပဲ သင့်ဝန်းကျင်က လူတွေက
    သင့် အပြုအမူကို ပုံသွင်းပုံကိုတွေးကြည့်ပါ။
  • 9:25 - 9:27
    အရင်က သင်မစဉ်းစားမိလောက်တဲ့
    နည်းလမ်းတွေနဲ့ပေါ့။
  • 9:28 - 9:30
    ရိုးရှင်းတဲ့ သာဓကဆီ ပြန်သွားရရင်
  • 9:30 - 9:32
    သင်ဟာ တကယ်ပဲ Pepsi ထက်
    Coke ကို ပိုနှစ်သက်လား။
  • 9:32 - 9:36
    ဒီနှစ်သက်မှုက သင့်ဝန်းကျင်က အခြားလူတွေ
    တန်ဖိုးထားတာက စေ့ဆော်တာလား။
  • 9:36 - 9:39
    မိဘတွေ၊ ဆရာတွေဟာ သူတို့
    ကလေးတွေရဲ့အပြူအမူကို ပုံသွင်းဖို့
  • 9:39 - 9:41
    အခွင့်ထူးရှိတာ အသေအချာပါ။
  • 9:42 - 9:44
    ဒါပေမဲ့ သတိရဖို့ အရေးကြီးတာက
  • 9:44 - 9:48
    ရိုးစင်းတဲ့ နေ့စဉ် တုံ့ပြန်ဆက်သွယ်မှုတွေက
    ကျွန်မတို့ပေးသိတဲ့ တန်ဖိုးတွေကနေ
  • 9:48 - 9:52
    အားလုံးမှာ ကိုယ့်ဝန်းကျင်ကလူတွေရဲ့
    အပြုအမူကိုပုံသွင်းဖို့ အစွမ်းရှိတာပါ
  • 9:52 - 9:54
    ကျေးဇူတင်ပါတယ်။
  • 9:54 - 9:58
    (လက်ခုပ်သံများ)
Title:
ကလေးတွေဟာ အခြားသူတွေရဲ့အမြင်တွေကို စတင် အရေးစိုက်လာကြတာ ဘယ်အချိန်မှာလဲ။
Speaker:
Sara Botto
Description:

သူရဲ့ အစောပိုင်း ကလေးဘဝ ဖွံ့ဖြိုးမှုအကြောင်း သုသေသနပြချက်ကို အခြေတည်ပြီး စိတ်ပညာရှင် Valencia Botto ကနေပြီး ဘယ်အချိန်မှာ (ဘယ်လိုနည်းနဲ) ကလေးတွေဟာ အခြားသူတွေရဲ့ရှေ့မှာ သူတို့ရဲ့ အပြုအမူတွေ စတင်ပြောင်းလဲဆိုတာကို သုတေသနလုပ်ကာ ဒါက နေ့စဉ် တုံ့ပြန်ဆက်သွယ်မှုတွေမှာ ကျွန်တော်တို့ ဆက်သွယ်ကြတဲ့ တန်ဖိုးတွေအတွက် ဘာကို ဆိုလိုတာလဲဆိုတာကို စူးစမ်းထားပါတယ်။ ( ခိုးကြောင်ခိုးဝှက် လမ်းလျှောက်တတ်စ ကလေးတွေရဲ့ ချစ်စရာကောင်းတဲ့ ရုပ်ရှင်ကို ကြည့်လိုက်ပါဦး။)

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
10:11

Burmese subtitles

Revisions Compare revisions