ကလေးတွေဟာ အခြားသူတွေရဲ့အမြင်တွေကို စတင် အရေးစိုက်လာကြတာ ဘယ်အချိန်မှာလဲ။
-
0:00 - 0:02အချိန် ခဏလောက်ယူပြီး
-
0:02 - 0:05သင်တို့ လောလောဆယ် ဝတ်ထားတာကို
စဉ်းစားကြည့် စေချင်ပါတယ်။ -
0:06 - 0:09သင်တို့အတွက် လေးနက်ပြီး
ဒဿနဆန်တဲ့ မေးခွန်းတစ်ခုရှိတယ်။ -
0:09 - 0:12ဘာဖြစ်လို့ ကျွန်မတို့အိပ်ရာဝင်
ဝတ်စုံတွေ အခု ဝတ်မထားတာလဲ။ -
0:12 - 0:13(ရယ်သံများ)
-
0:13 - 0:15ကဲ၊ ကျွန်မက စိတ်ပညာရှင်ပါ၊
စိတ်ဖတ်တတ်သူ မဟုတ်ဘူး၊ -
0:15 - 0:18ဒါဟာ အတူတူပံလို့ လူအများက
ထင်ကြပေမဲ့ -
0:18 - 0:22သင်တို့ရဲ့တုံ့ပြန်မှုက "လူကြားသူကြားထဲမှာ
အိပ်ရာဝင် ဝတ်စုံဝတ်ဖို့ ထင်မထားဘူး။" -
0:22 - 0:24(သို့) "ငါ့ကို ဖိုသီဖတ်သီ
နိုင်တယ်လို့ မထင်စေချင်ဘူး။" -
0:24 - 0:27ဆိုတာရဲ့ တစ်နေရာရာမှာရှိတာ သေချာပါတယ်။
-
0:28 - 0:32ဘယ်နည်းဖြစ်ဖြစ်၊ ကျွန်မတို့အကြိုက်
ချွေးခံဘောင်းဘီကို ဆန့်ကျင်တဲ့ -
0:32 - 0:34အလုပ်အရ ပုံမှန် အဝတ်ကို
ဝတ်ဖို့ရွေးတဲ့ အချက်ဟာ -
0:34 - 0:36ကလေးကလား တိုက်ဆိုင်မှု
တစ်ခုမဟုတ်တာပါ။ -
0:36 - 0:40ဒီအစား ဒါက ပေါ်လွင်တဲ့ လူသား
ပင်ကို လက္ခဏာ နှစ်ခုကို ဖော်ပြတယ်။ -
0:41 - 0:44ပထမက ကျွန်မတို့ဟာ တခြားသူတွေ
တန်ဖိုးထားတာကို ထည့်သွင်းစဉ်းစားတာပါ။ -
0:44 - 0:47ဥပမာ သူတို့တွေက လက်ခံမယ်
(သို့) လက်မခံဘူးဆိုတာပေါ့ -
0:47 - 0:50အိပ်ရာဝင် ဝတ်စုံမဝတ်တာတို့
အဲလိုမျိုး အနေအထားတွေပေါ့။ -
0:50 - 0:54နှစ်၊ ကိုယ့်အပြုအမူကို လမ်းပြဖို့
ဒီအချက်အလက်ကို မဆိုင်းမတွ သုံးခဲ့တယ််။ -
0:55 - 0:57အခြားမျိုးစိတ်တွေနဲ့ မတူဘဲ
-
0:57 - 1:01လူသားတွေဟာ အခြားသူတွေရဲ့ ရှေ့မှာ
သဘောကျစေဖို့သူတိုရဲ့ အပြုအမူကို -
1:01 - 1:02ခွင်ကျအောင် လုပ်လေ့ရှိတာပါ။
-
1:03 - 1:05မိတ်ကပ်လိမ်းရာမှာ၊ လိုက်ဖက်တဲ့ပုံနဲ့
-
1:05 - 1:08Instagram အရောင်ချိန်တာ ရွေးရာမှာ
ကမ္ဘာကြီးကို သေချာပေါက် -
1:08 - 1:11ပြောင်းလဲစေမယ့် စိတ်ကူးတွေ
စာလုံးရေ ၁၄၀ အတွင်း သီဖွဲ့ရာမှာ -
1:11 - 1:13တန်ဖိုးရှိတဲ့ အချိန်ကို သုံးကြတယ်။
-
1:14 - 1:17ရှင်းပါတယ် တခြားသူတွေ ကျွန်မတို့ကို
တန်ဖိုးဖြတ်မှာကို ပူပန်မှုက -
1:17 - 1:19လူသားဖြစ်မှုရဲ့ အပိုင်းကြီးတစ်ခုပါ။
-
1:20 - 1:22ဒါပေမဲ့ ကြီးမားတဲ့ လူသားရဲ့
ဉာဉ်တစ်ခုဖြစ်နေတယ်ဆိုပေမဲ့ -
1:22 - 1:25ဘယ်အချိန်၊ ဘယ်လိုနည်းနဲ
အခြားသူတွေရဲ့ အမြင်တွေကို -
1:25 - 1:27ဂရုစိုက်လာတယ်ဆိုတာကို
သိတာတော့ အတော် နည်းပါတယ်။ -
1:28 - 1:31ကဲ ဒါက လေ့လာမှုတေွ အများကြီးလိုတဲ့
မေးခွန်းကြီးတစ်ပုဒ်ပါ။ -
1:31 - 1:34ဒါပေမဲ့ ဒီမေးခွန်းကို ဖော်ထုတ်ဖို့
ပထမဆုံး အဆင့်က -
1:34 - 1:36ဖွံ့ဖြိုးမှုမှာ အခြားသူတွေရဲ့
-
1:36 - 1:39အကဲဖြတ်မှုတွေကို ဆတ်ဆတ်ထိ
မခံဖြစ်လာတာကို လေ့လာဖို့ပါ။ -
1:39 - 1:42ကလေးအင်္ကျီဝတ်ပြီး
ကုန်စုံဆိုင်နားမှာ လမ်းလျှောက်ဖို့ -
1:42 - 1:44ပြဿနာမရှိတဲ့ နို့စို့ ကလေးတစ်ယောက်ဟာ
-
1:44 - 1:49အပျက်သဘော ထင်မြင်ချက်အပေးခံရမှာကြောက်လို့
လူရှေ့မှာ စကားပြောဖို့ ကြောက်တဲ့ -
1:49 - 1:51လူကြီးအဖြစ် ကြီးလာပုံကို လေ့လာရင်း
Emory University မှာ -
1:51 - 1:54လေးနှစ် အချိန်ကုန်ခဲ့တယ်။
-
1:54 - 1:56(ရယ်သံများ)
-
1:56 - 1:58ကဲ လူတွေက မေးတဲ့အခါ
အမြဲလိုလို ဖြစ်တဲ့ အချက်တစ်ခုက -
1:58 - 2:01"ဒီမေးခွန်းကို ခင်ဗျားဘယ်လို
အတိအကျ စူးစမ်းလေ့လာလဲ။ -
2:01 - 2:03နို့စို့ကလေးတွေက
စကားမပြောတတ်ဘူးလေ။" -
2:04 - 2:06ကျွန်မရဲ့အမျိုးသားသာ
အခု ဒီမှာ ရှိမယ်ဆိုရင် -
2:06 - 2:08ကျွန်မ ကလေးတွေကို တွေ့ဆုံမေးမြန်းတာ
လို့သူပြောလိမ့်မယ်၊ -
2:08 - 2:13အကြောင်းက သူ့အမျိုးသမီးက ကလေးတွေကို
စမ်းသပ်တယ်လို့ သူ မပြောချင်လို့ပါ။ -
2:13 - 2:15(ရယ်သံများ)
-
2:15 - 2:19တကယ်တမ်းက ကျွန်မဟာ ကလေးတွေ
အတွက်စမ်းသပ်မှုတွေကို ပုံစံထုတ်တယ်။ -
2:19 - 2:21အမြဲလိုလိုတော့ ကစားနည်း ပုံစံနဲ့ပါ။
-
2:21 - 2:24ဖွံ့ဖြိုးရေး စိတ်ပညာရှင်
Dr. Philippe Rochat နဲ့ ကျွန်မဟာ -
2:24 - 2:27ကလေးတွေဟာ အခြားသူတွေကိုရဲ့
အကဲဖြတ်မှုတွေကို ဘယ်အချိန်မှာ -
2:27 - 2:30တုန့်ပြန်တတ်တာကို စူးစမ်းဖို့
"The Robot Task" ဆိုတဲ့ -
2:30 - 2:32ကစားနည်းတစ်ခုကို ပုံစံထုတ်ခဲ့တယ်။
-
2:32 - 2:37တိတိကျကျဆို စက်ရုပ် လုပ်ဆောင်မှုဟာ
လူကြီးတွေလိုပဲ ကလေးတွေဟာ အခြားသူတွေ -
2:37 - 2:40ကြည့်နေတဲ့အခါ သူတို့ရဲ့အပြုအမူကို
နေထားတကျ ပြုပြင်တာပါ။ -
2:41 - 2:44ဒါလုပ်ဖို့ ၁၄ လ ကနေ ၂၄ လသား
ကလေးတွေကို ကစားစရာ စက်ရုပ်တစ်ခုကို -
2:44 - 2:46ခလုတ်ဖွင့်ပုံကို ပြတယ်၊
-
2:46 - 2:49အရေးကြီးတာက ခလုတ်နှိပ်ပြီးရင်
"အိုး၊ ကောင်းလိုက်တာ" -
2:49 - 2:51လို့ ပြောရင် အပြုသဘော တန်ဖိုးတစ်ခုဖြစ်ဖြစ်
-
2:51 - 2:54"အိုး၊ အဲ့လိုမှ မဟုတ်တာ"လို့ဆိုတဲ့
အပျက်သဘော -
2:54 - 2:56တန်ဖိုးတစ်ခုကို သတ်မှတ်ပေးတာပါ။
-
2:56 - 2:58ဒီ ကစားစရာ သရုပ်ပြကွက်နောက်မှာ
-
2:58 - 3:00ခလုတ်နဲ့ ကစားဖို့
ကလေးတွေကို ဖိတ်ခေါ်ခဲ့တယ်၊ -
3:00 - 3:02နောက် သူတို့ကို စောင့်ကြည့်တာ
-
3:02 - 3:05(သို့) တစ်ဘက်လှည့်ကာ မဂ္ဂဇင်းကို
ဟန်ဆောင် ဖတ်တာလုပ်တယ်။ -
3:05 - 3:08စိတ်ကူးကတော့ ၂၄ လသား
ကလေးတွေဟာ -
3:08 - 3:11အခြားသူတွေရဲ့အကဲဖြတ်မှုတွေကို
တကယ်ပဲ တုန့်ပြန်တယ်ဆိုရင် -
3:11 - 3:14သူတို့ကို ကြည့်တာ၊ မကြည့်တာတင်မက
-
3:14 - 3:16ခလုတ်နှိတ်တာအပေါ် စမ်းသပ်သူက
ဖော်ပြတဲ့ -
3:16 - 3:19တန်ဖိုးတွေအရပါ သူတို့ရဲ့ ခလုတ်နှိပ်ပုံကို
-
3:19 - 3:20သြဇာသက်ရောက်မှု ရှိမယ်ဆိုတာပါ။
-
3:21 - 3:22ဒီတော့ ဥပမာအနေနဲ့
-
3:22 - 3:26ကလေးတွေဟာ စောင့်ကြည့်ခံနေရရင်
အပြုသဘော ခလုတ်နဲ ပိုပြီး သိသိသာသာ -
3:26 - 3:27ကစားဖို့ မျှော်လင့်ရပေမဲ့
-
3:27 - 3:30ဘယ်သူမှ ကြည့်မနေရင်တော့
အပျက်သဘော ခလုတ်ကို -
3:30 - 3:31စူးစမ်းဖို့ ရွေးတာပါ။
-
3:32 - 3:35ဒီဖြစ်ရပ်ကို တကယ်ပဲ ဖမ်းယူမိဖို့
လေ့လာမှု မူကွဲ သုံးခုကို ပြုလုပ်ခဲ့တယ်။ -
3:36 - 3:39လေ့လာမှု တစ်က တန်ဖိုးတွေ(သို့)
ညွှန်ကြားချက်တွေ ပေးမထားရင် -
3:39 - 3:42ကလေးတွေ ဆန်းသစ်တဲ့ ကစားစရာနဲ့
ထိတွေ့ပုံကိုစူးစမ်းတယ်။ -
3:42 - 3:45ဒီတော့ ကလေးတွေကို ကစားစရာ
စက်ရုပ်ကို ခလုတ်နှိပ်ပုံပြပေမဲ့ -
3:45 - 3:46ဘာတန်ဖိုးမှ သတ်မှတ်ပေးမထားဘူး၊
-
3:46 - 3:49အဝေးထိန်း ခလုတ်နဲ့ ကစားလို့ရတယ်
လို့လည်း သူတို့ကို မပြောခဲ့ဘဲ -
3:49 - 3:52သူတို့ကို တကယ့် ဒွိဟ
အခြေအနေတစ်ခုကို ပံ့ပိုးပေးတာပါ။ -
3:52 - 3:53လေ့လာမှု နှစ်မှာ
-
3:53 - 3:58တန်ဖိုးနှစ်ခုကို ပေါင်းစပ်ခဲ့တယ်၊
အပြုသဘောတစ်ခု၊ အပျက်သဘော တစ်ခုပါ။ -
3:59 - 4:02နောက်ဆုံး လေ့လာမှုမှာ
စမ်းသပ်သူ နှစ်ဦးနဲ့ ခလုတ် တစ်ခုရှိတယ်။ -
4:02 - 4:06စမ်းသပ်သူတစ်ဦးက ခလုပ်နှိပ်တာအတွက်
အပျက်သဘော တန်ဖိုးတစ်ခုကို ဖေါ်ပြကာ -
4:06 - 4:07"ဟာ အရုပ် ရွေ့တယ်" လို့ ပြောစဉ်
-
4:07 - 4:10နောက်စမ်သပ်သူတစ်ဦးက
အပြုသဘော တန်ဖိုးတစ်ခုကို -
4:10 - 4:12"ဟေး၊ အရုပ် ရွေ့တယ်"တဲ့။
-
4:12 - 4:15ဒါက ကလေးတွေ အခြေအနေ
သုံးခုကို တုံ့ပြန်ခဲ့ပုံပါ။ -
4:15 - 4:18ဒီတော့ လေ့လာမှု တစ်မှာ ဒွိဟဖြစ်တဲ့
အခြေအနေတစ်ခု၊ -
4:18 - 4:21ကျွန်မ လောလောဆယ်
ကလေးကို စောင့်ကြည့်နေတယ်။ -
4:21 - 4:24သူဟာ ခလုတ်ကို နှိပ်ဖို့
သိပ်ပြီး စိတ်ဝင်စားပုံ မရဘူး။ -
4:25 - 4:26ကျွန်မ လှည့်လိုက်တာနဲ့
-
4:27 - 4:29အခု သူဟာ ကစားဖို့ အသင့်ပါ။
-
4:29 - 4:30(ရယ်သံများ)
-
4:32 - 4:34လောလောဆယ် ကလေးကို
ကျွန်မ ကြည့်မနေဘူး။ -
4:34 - 4:35သူ တကယ် အာရုံစိုက်နေတယ်။
-
4:35 - 4:36ကျွန်မ လှည့်လိုက်တယ်။
-
4:38 - 4:39(ရယ်သံများ)
-
4:39 - 4:41သူ ဘာမှ လုပ်မနေဘူးမို့လား။
-
4:44 - 4:45လေ့လာမှု နှစ်မှာ ခလုတ်နှစ်ခုရှိတယ်၊
-
4:45 - 4:48အပြုသဘော တန်ဖိုးနဲ့ တစ်ခု
အပျက်သဘော တန်ဖိုးနဲ့ တစ်ခု။ -
4:48 - 4:50အခု ကလေးကို ကျွန်မ ကြည့်နေတယ်။
-
4:50 - 4:52လိမ္မော်ရောင် ခလုတ်က
အပျက်သဘော ခလုတ်ပါ။ -
4:53 - 4:56ဘေးကိုကြည့်နေတယ်၊ ကျွန်မကို
ကြည့်နေတယ်၊ အချိန်ဖြုန်းနေတာ၊ -
4:56 - 4:58နောက် ကျွန်မ လှည့်လိုက်တယ်
-
5:00 - 5:01(ရယ်သံများ)
-
5:03 - 5:05သူ ကြံနေတာက ဒါကိုး။
-
5:08 - 5:09ကလေးကို ကျွန်မ ကြည့်မနေဘူး။
-
5:09 - 5:12သူက အမေကို ဒါနဲ့ ကစားစေချင်တာနော်။
-
5:12 - 5:13ပိုစိတ်ချတဲ့ လမ်းကြောင်းယူ
-
5:14 - 5:15ကျွန်မ လှည့်လိုက်တယ်...
-
5:16 - 5:18(ရယ်သံများ)
-
5:18 - 5:20သူလည်း ဘာမှ လုပ်မနေဘူး။
-
5:24 - 5:26ဟုတ်တာပေါ့၊ သူ အနေခက်နေတာလေ။
-
5:26 - 5:27(ရယ်သံများ)
-
5:27 - 5:29ဒီမျက်စောင်းထိုးအကြည့်ကို
လူတိုင်းသိတယ်နော်။ -
5:30 - 5:32လေ့လာမှု သုံး၊ စမ်းသပ်သူ
နှစ်ယောက်၊ ခလုတ်တစ်ခု။ -
5:32 - 5:36ခလုတ်နှိပ်တာကို အပျက်သဘော
တုံ့ပြန်တဲ့ စမ်းသပ်သူက လောလောဆယ် -
5:36 - 5:37ကလေးကို စောင့်ကြည့်နေတယ်။
-
5:37 - 5:41သူဟာ နည်းနည်း အနေခက်နေတယ်၊
ဘာလုပ်ရမှန်း မသိဘူး၊ အမေကို အားကိုးနေတယ်။ -
5:44 - 5:47ဒီနောက် အပြုသဘော ဖော်ပြတဲ့ စမ်းသပ်သူ
-
5:47 - 5:50ကြည့်နေအောင် ဘေးကို သူ လည့်တော့မယ်။
-
5:52 - 5:54လမ်းကြောင်း ရှင်းတယ်၊
အခု သူ ကစားဖို့ အသင့်ပဲ။ -
5:54 - 5:55(ရယ်သံများ)
-
5:55 - 5:57ဒီတော့ ဒေတာ ညွှန်းတဲ့အတိုင်းဆို
-
5:57 - 6:00ကလေးတွေရဲ့ ခလုတ်နှိပ်တဲ့ အပြုအမူကို
တကယ်ကျတော့ -
6:00 - 6:05တန်ဖိုးတွေနဲ့ စမ်းသပ်သူရဲ့ညွှန်ကြားချက်
တွေက သက်ရောက်မှုရှိတာတွေ့ရှိရတယ်။ -
6:05 - 6:07အကြောင်းက လေ့လာမှု တစ်မှာ
ဘယ်ဟာကို အပြုသဘော၊ -
6:07 - 6:10ဘယ်ဟာက အပျက်သဘော
အကဲဖြတ်ခံရတာကို ကလေးတွေ မသိဘူး၊ -
6:10 - 6:12သူတို့ဟာ စိတ်အချရဆုံး လမ်းကြောင်းကိုယူကာ
-
6:12 - 6:15ကျွန်မ ခလုတ်နှိပ်ဖို့ ပြန်လှည့်တဲ့အထိ
စောင့်ကြလို့ပါ။ -
6:15 - 6:16လေ့လာမှု နှစ်က ကလေးတွေဟာ
-
6:16 - 6:20စောင့်ကြည့်နေတဲ့အခါ အပြုသဘော
ခလုတ်ကို သိသိသာသာ ပို နှိပ်ဖို့ ရွေးပေမဲ့ -
6:20 - 6:22နောက် ကျွန်မ လှည့်လိုပြီဆိုတာနဲ့
-
6:22 - 6:25အပျက်သဘော ခလုတ်ကို ယူပြီး
စပြီး ကစားကြတော့တာပဲ။ -
6:25 - 6:27အရေးကြီးတာက ထိန်းချုပ် လေ့လာမှုက
-
6:27 - 6:30ခလုတ်တွေရဲ့ မတူတဲ့
တန်ဖိုးကို ဖယ်ထားထားတော့ -
6:30 - 6:33ဘယ်ခလုတ်ဖြစ်ဖြစ် နှိပ်ပြီးနောက်
"ဝိုး" လို့ ကျွန်မတို့အော်တဲ့ နေရာမှာ -
6:33 - 6:37ကလေးတွေရဲ့ ခလုတ်နှိပ်တဲ့ အပြုအမူဟာ
အခြေအနေအရပ်ရပ်မှာ မကွဲပြားတော့ဘူး၊ -
6:37 - 6:40ဒါက အရင် လေ့လာမှုထဲက အပြုအမူကို
မောင်းနှင်တဲ့ ကျွန်မတို့ ပေးတဲ့ -
6:40 - 6:43ခလုတ်နှစ်ခုဆိုတာ ညွှန်းနေတယ်။
-
6:43 - 6:44နောက်ဆုံး အနေနဲ့က
-
6:44 - 6:48လေ့လာမှု သုံးထဲက ကလေးတွေဟာ
အပျက်သဘော တန်ဖိုးတစ်ခု ဖော်ပြတဲ့ -
6:48 - 6:52စမ်းသပ်သူနဲ့ ဆန့်ကျင်တဲ့
အပြုသဘော တန်ဖိုးတစ်ခု ဖော်ပြတဲ့ -
6:52 - 6:55စမ်းသပ်သူက စောင့်ကြည့်နေတဲ့အခါ
ခလုတ်တစ်ခုကို သိသိသာသာ ပိုနှိပ်တာပါ။ -
6:56 - 6:57တိုက်ဆိုင်မှု မဟုတ်တာက
-
6:57 - 7:00ဒါဟာ အပျက်သဘော အကဲဖြတ်မှုတစ်ခုကို
အစ်ထုတ်တဲ့ အခြေအနေတွေမှာ -
7:01 - 7:04ကသိကအောက်ဖြစ်တာကို စတင်ပြတဲ့
ကလေးတွေရဲ့ အသက်လောက်လည်းဖြစ်တယ်။ -
7:04 - 7:06မှန်ထဲမှာ ကြည့်ပြီး နှာခေါင်းပေါ်က
-
7:06 - 7:07အမှတ်တစ်ခုကို သတိပြုမိတာမျိုးပေါ့။
-
7:07 - 7:10လူကြီးတွေအတွက်တော့ သွားထဲက
ဟင်းနုနွယ်ရွက် ရှာတာနဲ့ တူပါတယ်။ -
7:10 - 7:11(ရယ်သံများ)
-
7:11 - 7:14ဒီတော့ ဒီတွေ့ရှိချက်တွေကို
အခြေခံပြီး ဘာပြောနိုင်လဲ။ -
7:14 - 7:18ကလေးတွေဟာ တကယ်တော့ အင်မတန်
ခိုးကြောင်ခိုးဝှက်နိုင်တယ်ဆိုတာ အပြင်ပေါ့။ -
7:18 - 7:19(ရယ်သံများ)
-
7:19 - 7:22အစောပိုင်းကနေ ကလေးတွေဟာ
လူကြီးတွေလိုပဲ -
7:22 - 7:26အရာဝတ္ထုတွေ၊အပြုအမူတွေမှာ ကျွန်မတို့ထားတဲ့
တန်ဖိုးတွေကို တုံ့ပြန်မှုရှိတယ်။ -
7:26 - 7:30အရေးကြီးတာက ဒီတန်ဖိုးတွေကို
သူတို့အမူအရာကို လမ်းညွှန်ဖို့သုံးတာပါ။ -
7:30 - 7:32သတိပြုမိသည်ဖြစ်စေ၊ သတိမပြုသည်ဖြစ်စေ
-
7:32 - 7:35ကျွန်မတို့ဟာ ကိုယ့်ဝန်းကျင်က
တန်ဖိုးတွေနဲ့ မပြတ် ဆက်သွယ်နေတယ်။ -
7:36 - 7:39တန်ဖိုးဆိုတာက ကြင်နာပါ"၊ "မခိုးနဲ့"
ဆိုတာမျိုးတွေလို့ မဆိုလိုဘူးနော်၊ -
7:39 - 7:41ဒါတွေလည်း တန်ဖိုးတွေ ဆိုပေမည့်ပေါ့လေ။
-
7:41 - 7:45ကျွန်မတို့ဟာ အြခားသူတွေ၊ အထူးသဖြင့်
ကလေးတွေကို ဘာကနှစ်လို့ဖွယ်၊အဖိုးတန်တာ၊ -
7:45 - 7:49ချီးကျူးထိုက်တာ၊ ဘာက မဟုတ်ဘူးဆိုတာကို
အမြဲမပြတ် ပြသနေတာကိုချီးကျူးထိုက်တာပါ။ -
7:49 - 7:50အကြိမ် အတော်များများမှာ
-
7:51 - 7:53ဒါကို သတိမထားမိဘဲ
ကျွန်မတို့ လုပ်ကြတယ်။ -
7:54 - 7:57စိတ်ပညာရှင်တွေက စိတ်မှာရှိတာတွေကို
စူးစမ်းဖို့ အပြုအမူကို လေ့လာကြတာက -
7:57 - 8:00ကျွန်မတို့အပြုအမူဟာ မကြာခဏဆိုသလို
ကျွန်မတို့ ယုံကြည်မှုတွေ၊ -
8:00 - 8:03တန်ဖိုးတွေနဲ့လိုအင်တွေကို
ရောင်ပြန်ဟပ်လို့ပါ။ -
8:03 - 8:06ဒီ Atlanta မှာတော့
တစ်မျိုးတည်းကိုပဲ ကျွန်မတို့ယုံတယ် -
8:07 - 8:09Coke ဟာ Pepsi ထက် ပိုကောင်းတာကိုပါ။
-
8:09 - 8:11(လက်ခုပ်သံများ)
-
8:11 - 8:15ကဲ ဒါက Coke ဟာ Atlanta မှာ
တီထွင်ခဲ့တယ်ဆိုတဲ့ အချက်နဲ့ ဆိုင်လောက်တယ်။ -
8:15 - 8:16ဒါပေမဲ့လည်း
-
8:17 - 8:21လူအများစု Coke ကိုသောက်ဖို့ ရွေးချယ်မယ်
ဆိုတဲ့အချက်ကို ဒီယုံကြည်မှုက သီမြင်စေတာပါ။ -
8:21 - 8:23အလားတူပဲ
-
8:23 - 8:25အများအားဖြင့် မိန်းကလေးတွေရဲ့
-
8:25 - 8:26ချစ်စရာဆံပင်(သို့) ချစ်စရာဝတ်စုံ
-
8:26 - 8:29ကောင်းလေးတွေအတွက်တော့ ဉာဏ်ရည်ကို
ချီးကျူးတဲ့အခါ -
8:29 - 8:31တန်ဖိုးတစ်ခုကို ဆက်သွယ်နေတာပါ။
-
8:31 - 8:35(သို့) အပြုအမူကောင်းအတွက် ဆုလာဒ်အဖြစ်
အဟာရှိတဲ့ အစားအစားနဲ့ဆန့်ကျင်တဲ့ -
8:35 - 8:37သကြားလုံး ပေးဖို့ရွေးတဲ့အခါပါ။
-
8:37 - 8:40လူကြီးတွေနဲ့ ကလေးတွေဟာ
သိမ်မွေ့တဲ့ အပြုအမူတွေကနေ -
8:40 - 8:43တန်ဖိုးတွေ ရွေးရာမှာ
မယုံနိုင်အောင် ထက်မြက်တယ်။ -
8:43 - 8:47အလှည့်အပြောင်းအနေနဲ့ ဒါက သူတို့ရဲ့
ကိုယ်ပိုင်အပြုအမူကို ပုံသွင်းနေတယ်။ -
8:47 - 8:49ဒီနေ့ သင်တို့နဲ့မျှဝေခဲ့တဲ့ လေ့လာမှုက
-
8:49 - 8:53ဒီအရည်အချင်းဟာ အစောပိုင်း ဖွံ့ဖြိုးမှုမှာ
ပေါ်လာတာကို ညွှန်းပါတယ်။ -
8:53 - 8:55ဝါကျတစ်ခုလုံးကိုတောင်
မပြောတတ်ခင်၊ -
8:55 - 8:57သို့) ရှူရှူးအိုး မတည်ခင်ကပါ။
-
8:57 - 9:00ဒါဟာ ကျွန်မတို့ ကြီးပြင်းလာဖို့ရဲ့
တစ်သားတည်းရှိတဲ့ အစိတ်အပိုင်းပါ။။ -
9:01 - 9:02ဒီတော့ ကျွန်မ မသွားခင်
-
9:03 - 9:05နေ့စဉ် တုံ့ပြန်ဆက်သွယ်မှုတွေမှာ
ထုတ်လွှင့်နေတဲ့ တန်ဖိုးတွေနဲ့ -
9:05 - 9:08ဒီတန်ဖိုးတွေက သင့်ဝန်းကျင်က
လူတွေရဲ့ အပြုအမူကို -
9:08 - 9:12ပုံဖော်ပေးနေပုံကို အလေးအနက်ဆင်ခြင်ဖို့
သင်တို့ကို ဖိတ်ကြားချင်ပါတယ်။ -
9:12 - 9:15ဥပမာ၊ အခြားလူတွေကို ပြုံးပြနေတာထက်
-
9:15 - 9:18ကိုယ့်ဖုန်းမှာ ပြုံးပြနေရာမှာ
အချိန်ပို ကုန်ဆုံးတဲ့အခါ -
9:18 - 9:20ဘာတန်ဖိုးကို ထုတ်လွှင့်နေသလဲ။
-
9:21 - 9:25အလားတူပဲ သင့်ဝန်းကျင်က လူတွေက
သင့် အပြုအမူကို ပုံသွင်းပုံကိုတွေးကြည့်ပါ။ -
9:25 - 9:27အရင်က သင်မစဉ်းစားမိလောက်တဲ့
နည်းလမ်းတွေနဲ့ပေါ့။ -
9:28 - 9:30ရိုးရှင်းတဲ့ သာဓကဆီ ပြန်သွားရရင်
-
9:30 - 9:32သင်ဟာ တကယ်ပဲ Pepsi ထက်
Coke ကို ပိုနှစ်သက်လား။ -
9:32 - 9:36ဒီနှစ်သက်မှုက သင့်ဝန်းကျင်က အခြားလူတွေ
တန်ဖိုးထားတာက စေ့ဆော်တာလား။ -
9:36 - 9:39မိဘတွေ၊ ဆရာတွေဟာ သူတို့
ကလေးတွေရဲ့အပြူအမူကို ပုံသွင်းဖို့ -
9:39 - 9:41အခွင့်ထူးရှိတာ အသေအချာပါ။
-
9:42 - 9:44ဒါပေမဲ့ သတိရဖို့ အရေးကြီးတာက
-
9:44 - 9:48ရိုးစင်းတဲ့ နေ့စဉ် တုံ့ပြန်ဆက်သွယ်မှုတွေက
ကျွန်မတို့ပေးသိတဲ့ တန်ဖိုးတွေကနေ -
9:48 - 9:52အားလုံးမှာ ကိုယ့်ဝန်းကျင်ကလူတွေရဲ့
အပြုအမူကိုပုံသွင်းဖို့ အစွမ်းရှိတာပါ -
9:52 - 9:54ကျေးဇူတင်ပါတယ်။
-
9:54 - 9:58(လက်ခုပ်သံများ)
- Title:
- ကလေးတွေဟာ အခြားသူတွေရဲ့အမြင်တွေကို စတင် အရေးစိုက်လာကြတာ ဘယ်အချိန်မှာလဲ။
- Speaker:
- Sara Botto
- Description:
-
သူရဲ့ အစောပိုင်း ကလေးဘဝ ဖွံ့ဖြိုးမှုအကြောင်း သုသေသနပြချက်ကို အခြေတည်ပြီး စိတ်ပညာရှင် Valencia Botto ကနေပြီး ဘယ်အချိန်မှာ (ဘယ်လိုနည်းနဲ) ကလေးတွေဟာ အခြားသူတွေရဲ့ရှေ့မှာ သူတို့ရဲ့ အပြုအမူတွေ စတင်ပြောင်းလဲဆိုတာကို သုတေသနလုပ်ကာ ဒါက နေ့စဉ် တုံ့ပြန်ဆက်သွယ်မှုတွေမှာ ကျွန်တော်တို့ ဆက်သွယ်ကြတဲ့ တန်ဖိုးတွေအတွက် ဘာကို ဆိုလိုတာလဲဆိုတာကို စူးစမ်းထားပါတယ်။ ( ခိုးကြောင်ခိုးဝှက် လမ်းလျှောက်တတ်စ ကလေးတွေရဲ့ ချစ်စရာကောင်းတဲ့ ရုပ်ရှင်ကို ကြည့်လိုက်ပါဦး။)
- Video Language:
- English
- Team:
- closed TED
- Project:
- TEDTalks
- Duration:
- 10:11
sann tint edited Burmese subtitles for When do kids start to care about other people's opinions? | ||
sann tint approved Burmese subtitles for When do kids start to care about other people's opinions? | ||
Myo Aung accepted Burmese subtitles for When do kids start to care about other people's opinions? | ||
Myo Aung edited Burmese subtitles for When do kids start to care about other people's opinions? | ||
Myo Aung edited Burmese subtitles for When do kids start to care about other people's opinions? | ||
sann tint edited Burmese subtitles for When do kids start to care about other people's opinions? | ||
sann tint edited Burmese subtitles for When do kids start to care about other people's opinions? | ||
sann tint edited Burmese subtitles for When do kids start to care about other people's opinions? |