အချိန် ခဏလောက်ယူပြီး သင်တို့ လောလောဆယ် ဝတ်ထားတာကို စဉ်းစားကြည့် စေချင်ပါတယ်။ သင်တို့အတွက် လေးနက်ပြီး ဒဿနဆန်တဲ့ မေးခွန်းတစ်ခုရှိတယ်။ ဘာဖြစ်လို့ ကျွန်မတို့အိပ်ရာဝင် ဝတ်စုံတွေ အခု ဝတ်မထားတာလဲ။ (ရယ်သံများ) ကဲ၊ ကျွန်မက စိတ်ပညာရှင်ပါ၊ စိတ်ဖတ်တတ်သူ မဟုတ်ဘူး၊ ဒါဟာ အတူတူပံလို့ လူအများက ထင်ကြပေမဲ့ သင်တို့ရဲ့တုံ့ပြန်မှုက "လူကြားသူကြားထဲမှာ အိပ်ရာဝင် ဝတ်စုံဝတ်ဖို့ ထင်မထားဘူး။" (သို့) "ငါ့ကို ဖိုသီဖတ်သီ နိုင်တယ်လို့ မထင်စေချင်ဘူး။" ဆိုတာရဲ့ တစ်နေရာရာမှာရှိတာ သေချာပါတယ်။ ဘယ်နည်းဖြစ်ဖြစ်၊ ကျွန်မတို့အကြိုက် ချွေးခံဘောင်းဘီကို ဆန့်ကျင်တဲ့ အလုပ်အရ ပုံမှန် အဝတ်ကို ဝတ်ဖို့ရွေးတဲ့ အချက်ဟာ ကလေးကလား တိုက်ဆိုင်မှု တစ်ခုမဟုတ်တာပါ။ ဒီအစား ဒါက ပေါ်လွင်တဲ့ လူသား ပင်ကို လက္ခဏာ နှစ်ခုကို ဖော်ပြတယ်။ ပထမက ကျွန်မတို့ဟာ တခြားသူတွေ တန်ဖိုးထားတာကို ထည့်သွင်းစဉ်းစားတာပါ။ ဥပမာ သူတို့တွေက လက်ခံမယ် (သို့) လက်မခံဘူးဆိုတာပေါ့ အိပ်ရာဝင် ဝတ်စုံမဝတ်တာတို့ အဲလိုမျိုး အနေအထားတွေပေါ့။ နှစ်၊ ကိုယ့်အပြုအမူကို လမ်းပြဖို့ ဒီအချက်အလက်ကို မဆိုင်းမတွ သုံးခဲ့တယ််။ အခြားမျိုးစိတ်တွေနဲ့ မတူဘဲ လူသားတွေဟာ အခြားသူတွေရဲ့ ရှေ့မှာ သဘောကျစေဖို့သူတိုရဲ့ အပြုအမူကို ခွင်ကျအောင် လုပ်လေ့ရှိတာပါ။ မိတ်ကပ်လိမ်းရာမှာ၊ လိုက်ဖက်တဲ့ပုံနဲ့ Instagram အရောင်ချိန်တာ ရွေးရာမှာ ကမ္ဘာကြီးကို သေချာပေါက် ပြောင်းလဲစေမယ့် စိတ်ကူးတွေ စာလုံးရေ ၁၄၀ အတွင်း သီဖွဲ့ရာမှာ တန်ဖိုးရှိတဲ့ အချိန်ကို သုံးကြတယ်။ ရှင်းပါတယ် တခြားသူတွေ ကျွန်မတို့ကို တန်ဖိုးဖြတ်မှာကို ပူပန်မှုက လူသားဖြစ်မှုရဲ့ အပိုင်းကြီးတစ်ခုပါ။ ဒါပေမဲ့ ကြီးမားတဲ့ လူသားရဲ့ ဉာဉ်တစ်ခုဖြစ်နေတယ်ဆိုပေမဲ့ ဘယ်အချိန်၊ ဘယ်လိုနည်းနဲ အခြားသူတွေရဲ့ အမြင်တွေကို ဂရုစိုက်လာတယ်ဆိုတာကို သိတာတော့ အတော် နည်းပါတယ်။ ကဲ ဒါက လေ့လာမှုတေွ အများကြီးလိုတဲ့ မေးခွန်းကြီးတစ်ပုဒ်ပါ။ ဒါပေမဲ့ ဒီမေးခွန်းကို ဖော်ထုတ်ဖို့ ပထမဆုံး အဆင့်က ဖွံ့ဖြိုးမှုမှာ အခြားသူတွေရဲ့ အကဲဖြတ်မှုတွေကို ဆတ်ဆတ်ထိ မခံဖြစ်လာတာကို လေ့လာဖို့ပါ။ ကလေးအင်္ကျီဝတ်ပြီး ကုန်စုံဆိုင်နားမှာ လမ်းလျှောက်ဖို့ ပြဿနာမရှိတဲ့ နို့စို့ ကလေးတစ်ယောက်ဟာ အပျက်သဘော ထင်မြင်ချက်အပေးခံရမှာကြောက်လို့ လူရှေ့မှာ စကားပြောဖို့ ကြောက်တဲ့ လူကြီးအဖြစ် ကြီးလာပုံကို လေ့လာရင်း Emory University မှာ လေးနှစ် အချိန်ကုန်ခဲ့တယ်။ (ရယ်သံများ) ကဲ လူတွေက မေးတဲ့အခါ အမြဲလိုလို ဖြစ်တဲ့ အချက်တစ်ခုက "ဒီမေးခွန်းကို ခင်ဗျားဘယ်လို အတိအကျ စူးစမ်းလေ့လာလဲ။ နို့စို့ကလေးတွေက စကားမပြောတတ်ဘူးလေ။" ကျွန်မရဲ့အမျိုးသားသာ အခု ဒီမှာ ရှိမယ်ဆိုရင် ကျွန်မ ကလေးတွေကို တွေ့ဆုံမေးမြန်းတာ လို့သူပြောလိမ့်မယ်၊ အကြောင်းက သူ့အမျိုးသမီးက ကလေးတွေကို စမ်းသပ်တယ်လို့ သူ မပြောချင်လို့ပါ။ (ရယ်သံများ) တကယ်တမ်းက ကျွန်မဟာ ကလေးတွေ အတွက်စမ်းသပ်မှုတွေကို ပုံစံထုတ်တယ်။ အမြဲလိုလိုတော့ ကစားနည်း ပုံစံနဲ့ပါ။ ဖွံ့ဖြိုးရေး စိတ်ပညာရှင် Dr. Philippe Rochat နဲ့ ကျွန်မဟာ ကလေးတွေဟာ အခြားသူတွေကိုရဲ့ အကဲဖြတ်မှုတွေကို ဘယ်အချိန်မှာ တုန့်ပြန်တတ်တာကို စူးစမ်းဖို့ "The Robot Task" ဆိုတဲ့ ကစားနည်းတစ်ခုကို ပုံစံထုတ်ခဲ့တယ်။ တိတိကျကျဆို စက်ရုပ် လုပ်ဆောင်မှုဟာ လူကြီးတွေလိုပဲ ကလေးတွေဟာ အခြားသူတွေ ကြည့်နေတဲ့အခါ သူတို့ရဲ့အပြုအမူကို နေထားတကျ ပြုပြင်တာပါ။ ဒါလုပ်ဖို့ ၁၄ လ ကနေ ၂၄ လသား ကလေးတွေကို ကစားစရာ စက်ရုပ်တစ်ခုကို ခလုတ်ဖွင့်ပုံကို ပြတယ်၊ အရေးကြီးတာက ခလုတ်နှိပ်ပြီးရင် "အိုး၊ ကောင်းလိုက်တာ" လို့ ပြောရင် အပြုသဘော တန်ဖိုးတစ်ခုဖြစ်ဖြစ် "အိုး၊ အဲ့လိုမှ မဟုတ်တာ"လို့ဆိုတဲ့ အပျက်သဘော တန်ဖိုးတစ်ခုကို သတ်မှတ်ပေးတာပါ။ ဒီ ကစားစရာ သရုပ်ပြကွက်နောက်မှာ ခလုတ်နဲ့ ကစားဖို့ ကလေးတွေကို ဖိတ်ခေါ်ခဲ့တယ်၊ နောက် သူတို့ကို စောင့်ကြည့်တာ (သို့) တစ်ဘက်လှည့်ကာ မဂ္ဂဇင်းကို ဟန်ဆောင် ဖတ်တာလုပ်တယ်။ စိတ်ကူးကတော့ ၂၄ လသား ကလေးတွေဟာ အခြားသူတွေရဲ့အကဲဖြတ်မှုတွေကို တကယ်ပဲ တုန့်ပြန်တယ်ဆိုရင် သူတို့ကို ကြည့်တာ၊ မကြည့်တာတင်မက ခလုတ်နှိတ်တာအပေါ် စမ်းသပ်သူက ဖော်ပြတဲ့ တန်ဖိုးတွေအရပါ သူတို့ရဲ့ ခလုတ်နှိပ်ပုံကို သြဇာသက်ရောက်မှု ရှိမယ်ဆိုတာပါ။ ဒီတော့ ဥပမာအနေနဲ့ ကလေးတွေဟာ စောင့်ကြည့်ခံနေရရင် အပြုသဘော ခလုတ်နဲ ပိုပြီး သိသိသာသာ ကစားဖို့ မျှော်လင့်ရပေမဲ့ ဘယ်သူမှ ကြည့်မနေရင်တော့ အပျက်သဘော ခလုတ်ကို စူးစမ်းဖို့ ရွေးတာပါ။ ဒီဖြစ်ရပ်ကို တကယ်ပဲ ဖမ်းယူမိဖို့ လေ့လာမှု မူကွဲ သုံးခုကို ပြုလုပ်ခဲ့တယ်။ လေ့လာမှု တစ်က တန်ဖိုးတွေ(သို့) ညွှန်ကြားချက်တွေ ပေးမထားရင် ကလေးတွေ ဆန်းသစ်တဲ့ ကစားစရာနဲ့ ထိတွေ့ပုံကိုစူးစမ်းတယ်။ ဒီတော့ ကလေးတွေကို ကစားစရာ စက်ရုပ်ကို ခလုတ်နှိပ်ပုံပြပေမဲ့ ဘာတန်ဖိုးမှ သတ်မှတ်ပေးမထားဘူး၊ အဝေးထိန်း ခလုတ်နဲ့ ကစားလို့ရတယ် လို့လည်း သူတို့ကို မပြောခဲ့ဘဲ သူတို့ကို တကယ့် ဒွိဟ အခြေအနေတစ်ခုကို ပံ့ပိုးပေးတာပါ။ လေ့လာမှု နှစ်မှာ တန်ဖိုးနှစ်ခုကို ပေါင်းစပ်ခဲ့တယ်၊ အပြုသဘောတစ်ခု၊ အပျက်သဘော တစ်ခုပါ။ နောက်ဆုံး လေ့လာမှုမှာ စမ်းသပ်သူ နှစ်ဦးနဲ့ ခလုတ် တစ်ခုရှိတယ်။ စမ်းသပ်သူတစ်ဦးက ခလုပ်နှိပ်တာအတွက် အပျက်သဘော တန်ဖိုးတစ်ခုကို ဖေါ်ပြကာ "ဟာ အရုပ် ရွေ့တယ်" လို့ ပြောစဉ် နောက်စမ်သပ်သူတစ်ဦးက အပြုသဘော တန်ဖိုးတစ်ခုကို "ဟေး၊ အရုပ် ရွေ့တယ်"တဲ့။ ဒါက ကလေးတွေ အခြေအနေ သုံးခုကို တုံ့ပြန်ခဲ့ပုံပါ။ ဒီတော့ လေ့လာမှု တစ်မှာ ဒွိဟဖြစ်တဲ့ အခြေအနေတစ်ခု၊ ကျွန်မ လောလောဆယ် ကလေးကို စောင့်ကြည့်နေတယ်။ သူဟာ ခလုတ်ကို နှိပ်ဖို့ သိပ်ပြီး စိတ်ဝင်စားပုံ မရဘူး။ ကျွန်မ လှည့်လိုက်တာနဲ့ အခု သူဟာ ကစားဖို့ အသင့်ပါ။ (ရယ်သံများ) လောလောဆယ် ကလေးကို ကျွန်မ ကြည့်မနေဘူး။ သူ တကယ် အာရုံစိုက်နေတယ်။ ကျွန်မ လှည့်လိုက်တယ်။ (ရယ်သံများ) သူ ဘာမှ လုပ်မနေဘူးမို့လား။ လေ့လာမှု နှစ်မှာ ခလုတ်နှစ်ခုရှိတယ်၊ အပြုသဘော တန်ဖိုးနဲ့ တစ်ခု အပျက်သဘော တန်ဖိုးနဲ့ တစ်ခု။ အခု ကလေးကို ကျွန်မ ကြည့်နေတယ်။ လိမ္မော်ရောင် ခလုတ်က အပျက်သဘော ခလုတ်ပါ။ ဘေးကိုကြည့်နေတယ်၊ ကျွန်မကို ကြည့်နေတယ်၊ အချိန်ဖြုန်းနေတာ၊ နောက် ကျွန်မ လှည့်လိုက်တယ် (ရယ်သံများ) သူ ကြံနေတာက ဒါကိုး။ ကလေးကို ကျွန်မ ကြည့်မနေဘူး။ သူက အမေကို ဒါနဲ့ ကစားစေချင်တာနော်။ ပိုစိတ်ချတဲ့ လမ်းကြောင်းယူ ကျွန်မ လှည့်လိုက်တယ်... (ရယ်သံများ) သူလည်း ဘာမှ လုပ်မနေဘူး။ ဟုတ်တာပေါ့၊ သူ အနေခက်နေတာလေ။ (ရယ်သံများ) ဒီမျက်စောင်းထိုးအကြည့်ကို လူတိုင်းသိတယ်နော်။ လေ့လာမှု သုံး၊ စမ်းသပ်သူ နှစ်ယောက်၊ ခလုတ်တစ်ခု။ ခလုတ်နှိပ်တာကို အပျက်သဘော တုံ့ပြန်တဲ့ စမ်းသပ်သူက လောလောဆယ် ကလေးကို စောင့်ကြည့်နေတယ်။ သူဟာ နည်းနည်း အနေခက်နေတယ်၊ ဘာလုပ်ရမှန်း မသိဘူး၊ အမေကို အားကိုးနေတယ်။ ဒီနောက် အပြုသဘော ဖော်ပြတဲ့ စမ်းသပ်သူ ကြည့်နေအောင် ဘေးကို သူ လည့်တော့မယ်။ လမ်းကြောင်း ရှင်းတယ်၊ အခု သူ ကစားဖို့ အသင့်ပဲ။ (ရယ်သံများ) ဒီတော့ ဒေတာ ညွှန်းတဲ့အတိုင်းဆို ကလေးတွေရဲ့ ခလုတ်နှိပ်တဲ့ အပြုအမူကို တကယ်ကျတော့ တန်ဖိုးတွေနဲ့ စမ်းသပ်သူရဲ့ညွှန်ကြားချက် တွေက သက်ရောက်မှုရှိတာတွေ့ရှိရတယ်။ အကြောင်းက လေ့လာမှု တစ်မှာ ဘယ်ဟာကို အပြုသဘော၊ ဘယ်ဟာက အပျက်သဘော အကဲဖြတ်ခံရတာကို ကလေးတွေ မသိဘူး၊ သူတို့ဟာ စိတ်အချရဆုံး လမ်းကြောင်းကိုယူကာ ကျွန်မ ခလုတ်နှိပ်ဖို့ ပြန်လှည့်တဲ့အထိ စောင့်ကြလို့ပါ။ လေ့လာမှု နှစ်က ကလေးတွေဟာ စောင့်ကြည့်နေတဲ့အခါ အပြုသဘော ခလုတ်ကို သိသိသာသာ ပို နှိပ်ဖို့ ရွေးပေမဲ့ နောက် ကျွန်မ လှည့်လိုပြီဆိုတာနဲ့ အပျက်သဘော ခလုတ်ကို ယူပြီး စပြီး ကစားကြတော့တာပဲ။ အရေးကြီးတာက ထိန်းချုပ် လေ့လာမှုက ခလုတ်တွေရဲ့ မတူတဲ့ တန်ဖိုးကို ဖယ်ထားထားတော့ ဘယ်ခလုတ်ဖြစ်ဖြစ် နှိပ်ပြီးနောက် "ဝိုး" လို့ ကျွန်မတို့အော်တဲ့ နေရာမှာ ကလေးတွေရဲ့ ခလုတ်နှိပ်တဲ့ အပြုအမူဟာ အခြေအနေအရပ်ရပ်မှာ မကွဲပြားတော့ဘူး၊ ဒါက အရင် လေ့လာမှုထဲက အပြုအမူကို မောင်းနှင်တဲ့ ကျွန်မတို့ ပေးတဲ့ ခလုတ်နှစ်ခုဆိုတာ ညွှန်းနေတယ်။ နောက်ဆုံး အနေနဲ့က လေ့လာမှု သုံးထဲက ကလေးတွေဟာ အပျက်သဘော တန်ဖိုးတစ်ခု ဖော်ပြတဲ့ စမ်းသပ်သူနဲ့ ဆန့်ကျင်တဲ့ အပြုသဘော တန်ဖိုးတစ်ခု ဖော်ပြတဲ့ စမ်းသပ်သူက စောင့်ကြည့်နေတဲ့အခါ ခလုတ်တစ်ခုကို သိသိသာသာ ပိုနှိပ်တာပါ။ တိုက်ဆိုင်မှု မဟုတ်တာက ဒါဟာ အပျက်သဘော အကဲဖြတ်မှုတစ်ခုကို အစ်ထုတ်တဲ့ အခြေအနေတွေမှာ ကသိကအောက်ဖြစ်တာကို စတင်ပြတဲ့ ကလေးတွေရဲ့ အသက်လောက်လည်းဖြစ်တယ်။ မှန်ထဲမှာ ကြည့်ပြီး နှာခေါင်းပေါ်က အမှတ်တစ်ခုကို သတိပြုမိတာမျိုးပေါ့။ လူကြီးတွေအတွက်တော့ သွားထဲက ဟင်းနုနွယ်ရွက် ရှာတာနဲ့ တူပါတယ်။ (ရယ်သံများ) ဒီတော့ ဒီတွေ့ရှိချက်တွေကို အခြေခံပြီး ဘာပြောနိုင်လဲ။ ကလေးတွေဟာ တကယ်တော့ အင်မတန် ခိုးကြောင်ခိုးဝှက်နိုင်တယ်ဆိုတာ အပြင်ပေါ့။ (ရယ်သံများ) အစောပိုင်းကနေ ကလေးတွေဟာ လူကြီးတွေလိုပဲ အရာဝတ္ထုတွေ၊အပြုအမူတွေမှာ ကျွန်မတို့ထားတဲ့ တန်ဖိုးတွေကို တုံ့ပြန်မှုရှိတယ်။ အရေးကြီးတာက ဒီတန်ဖိုးတွေကို သူတို့အမူအရာကို လမ်းညွှန်ဖို့သုံးတာပါ။ သတိပြုမိသည်ဖြစ်စေ၊ သတိမပြုသည်ဖြစ်စေ ကျွန်မတို့ဟာ ကိုယ့်ဝန်းကျင်က တန်ဖိုးတွေနဲ့ မပြတ် ဆက်သွယ်နေတယ်။ တန်ဖိုးဆိုတာက ကြင်နာပါ"၊ "မခိုးနဲ့" ဆိုတာမျိုးတွေလို့ မဆိုလိုဘူးနော်၊ ဒါတွေလည်း တန်ဖိုးတွေ ဆိုပေမည့်ပေါ့လေ။ ကျွန်မတို့ဟာ အြခားသူတွေ၊ အထူးသဖြင့် ကလေးတွေကို ဘာကနှစ်လို့ဖွယ်၊အဖိုးတန်တာ၊ ချီးကျူးထိုက်တာ၊ ဘာက မဟုတ်ဘူးဆိုတာကို အမြဲမပြတ် ပြသနေတာကိုချီးကျူးထိုက်တာပါ။ အကြိမ် အတော်များများမှာ ဒါကို သတိမထားမိဘဲ ကျွန်မတို့ လုပ်ကြတယ်။ စိတ်ပညာရှင်တွေက စိတ်မှာရှိတာတွေကို စူးစမ်းဖို့ အပြုအမူကို လေ့လာကြတာက ကျွန်မတို့အပြုအမူဟာ မကြာခဏဆိုသလို ကျွန်မတို့ ယုံကြည်မှုတွေ၊ တန်ဖိုးတွေနဲ့လိုအင်တွေကို ရောင်ပြန်ဟပ်လို့ပါ။ ဒီ Atlanta မှာတော့ တစ်မျိုးတည်းကိုပဲ ကျွန်မတို့ယုံတယ် Coke ဟာ Pepsi ထက် ပိုကောင်းတာကိုပါ။ (လက်ခုပ်သံများ) ကဲ ဒါက Coke ဟာ Atlanta မှာ တီထွင်ခဲ့တယ်ဆိုတဲ့ အချက်နဲ့ ဆိုင်လောက်တယ်။ ဒါပေမဲ့လည်း လူအများစု Coke ကိုသောက်ဖို့ ရွေးချယ်မယ် ဆိုတဲ့အချက်ကို ဒီယုံကြည်မှုက သီမြင်စေတာပါ။ အလားတူပဲ အများအားဖြင့် မိန်းကလေးတွေရဲ့ ချစ်စရာဆံပင်(သို့) ချစ်စရာဝတ်စုံ ကောင်းလေးတွေအတွက်တော့ ဉာဏ်ရည်ကို ချီးကျူးတဲ့အခါ တန်ဖိုးတစ်ခုကို ဆက်သွယ်နေတာပါ။ (သို့) အပြုအမူကောင်းအတွက် ဆုလာဒ်အဖြစ် အဟာရှိတဲ့ အစားအစားနဲ့ဆန့်ကျင်တဲ့ သကြားလုံး ပေးဖို့ရွေးတဲ့အခါပါ။ လူကြီးတွေနဲ့ ကလေးတွေဟာ သိမ်မွေ့တဲ့ အပြုအမူတွေကနေ တန်ဖိုးတွေ ရွေးရာမှာ မယုံနိုင်အောင် ထက်မြက်တယ်။ အလှည့်အပြောင်းအနေနဲ့ ဒါက သူတို့ရဲ့ ကိုယ်ပိုင်အပြုအမူကို ပုံသွင်းနေတယ်။ ဒီနေ့ သင်တို့နဲ့မျှဝေခဲ့တဲ့ လေ့လာမှုက ဒီအရည်အချင်းဟာ အစောပိုင်း ဖွံ့ဖြိုးမှုမှာ ပေါ်လာတာကို ညွှန်းပါတယ်။ ဝါကျတစ်ခုလုံးကိုတောင် မပြောတတ်ခင်၊ သို့) ရှူရှူးအိုး မတည်ခင်ကပါ။ ဒါဟာ ကျွန်မတို့ ကြီးပြင်းလာဖို့ရဲ့ တစ်သားတည်းရှိတဲ့ အစိတ်အပိုင်းပါ။။ ဒီတော့ ကျွန်မ မသွားခင် နေ့စဉ် တုံ့ပြန်ဆက်သွယ်မှုတွေမှာ ထုတ်လွှင့်နေတဲ့ တန်ဖိုးတွေနဲ့ ဒီတန်ဖိုးတွေက သင့်ဝန်းကျင်က လူတွေရဲ့ အပြုအမူကို ပုံဖော်ပေးနေပုံကို အလေးအနက်ဆင်ခြင်ဖို့ သင်တို့ကို ဖိတ်ကြားချင်ပါတယ်။ ဥပမာ၊ အခြားလူတွေကို ပြုံးပြနေတာထက် ကိုယ့်ဖုန်းမှာ ပြုံးပြနေရာမှာ အချိန်ပို ကုန်ဆုံးတဲ့အခါ ဘာတန်ဖိုးကို ထုတ်လွှင့်နေသလဲ။ အလားတူပဲ သင့်ဝန်းကျင်က လူတွေက သင့် အပြုအမူကို ပုံသွင်းပုံကိုတွေးကြည့်ပါ။ အရင်က သင်မစဉ်းစားမိလောက်တဲ့ နည်းလမ်းတွေနဲ့ပေါ့။ ရိုးရှင်းတဲ့ သာဓကဆီ ပြန်သွားရရင် သင်ဟာ တကယ်ပဲ Pepsi ထက် Coke ကို ပိုနှစ်သက်လား။ ဒီနှစ်သက်မှုက သင့်ဝန်းကျင်က အခြားလူတွေ တန်ဖိုးထားတာက စေ့ဆော်တာလား။ မိဘတွေ၊ ဆရာတွေဟာ သူတို့ ကလေးတွေရဲ့အပြူအမူကို ပုံသွင်းဖို့ အခွင့်ထူးရှိတာ အသေအချာပါ။ ဒါပေမဲ့ သတိရဖို့ အရေးကြီးတာက ရိုးစင်းတဲ့ နေ့စဉ် တုံ့ပြန်ဆက်သွယ်မှုတွေက ကျွန်မတို့ပေးသိတဲ့ တန်ဖိုးတွေကနေ အားလုံးမှာ ကိုယ့်ဝန်းကျင်ကလူတွေရဲ့ အပြုအမူကိုပုံသွင်းဖို့ အစွမ်းရှိတာပါ ကျေးဇူတင်ပါတယ်။ (လက်ခုပ်သံများ)