< Return to Video

ဆရာတွေဟာ တကယ့်ကို တုံ့ပြန်သုံးသပ်ပေးကြမှာ လိုအပ်နေပါတယ်။

  • 0:01 - 0:04
    လူတိုင်းမှာနည်းပြတစ်ယောက်တော့
    လိုတယ်ဗျ

  • 0:04 - 0:07
    ဘက်စကက်ဘော ကစားသမားပဲဖြစ်ဖြစ်၊
  • 0:07 - 0:10
    တင်းနစ်သမား၊ ကျွမ်းဘာသမား
  • 0:10 - 0:12
    ဒါမှမဟုတ် ဘရစ်ချ သမားပဲဖြစ်ဖြစ်ပါ။
  • 0:12 - 0:15
    (ရယ်သံများ)
  • 0:15 - 0:17
    ကျွန်တော့ ဘရစ်ချ်ဖဲနည်းပြ
    Sharon Osberg ပြောတာက
  • 0:17 - 0:19
    သူမရဲ ့ခေါင်းနောက်ဘက်က ပုံတွေဟာ
    ကမ္ဘာပေါ်က
  • 0:19 - 0:23
    အခြားသူတွေရဲ့ပုံတွေထက်
    ပိုများတယ်တဲ့ (ရယ်သံများ)
  • 0:23 - 0:27
    တောင်းပန်ပါတယ် Sharon။ ကဲစမယ်ဗျာ။
  • 0:27 - 0:30
    ကျွန်တော်တို့အားလုံးဟာ သုံးသပ်ချက်တွေ
    ပေးမယ့်သူတွေလိုပါတယ်
  • 0:30 - 0:32
    ဒီလိုနည်းနဲ့ ကျွန်တော်တို့ တိုးတက်လာတာပါ။
  • 0:32 - 0:35
    ဖြစ်ချင်တော့
    သူတို့အလုပ်တွေပို ကောင်းဖို့ထောက်ကူတဲ့
  • 0:35 - 0:38
    စနစ်ကျတဲ့ တုံ့ပြန်မှုတွေ မရသလောက်ဖြစ်နေတဲ့
  • 0:38 - 0:40
    လူတစ်စုတော့ရှိတယ်။
  • 0:40 - 0:42
    ပြီးတော့ ဒီလူတွေဟာ
  • 0:42 - 0:45
    ကမ္ဘာပေါ်မှာရှိတဲ့အရေးပါဆုံး
    အလုပ်တစ်ခုကိုလုပ်နေတာပါ
  • 0:45 - 0:47
    ကျောင်းဆရာတွေကို ဆိုလိုတာပါ။
  • 0:47 - 0:49
    ကျွန်တော်နဲ့ Melinda က
    ကျောင်းဆရာ အများစုရတဲ့
  • 0:49 - 0:51
    အကျိုးရှိတဲ့ သုံးသပ်ချက်ဟာ
  • 0:51 - 0:52
    ဘယ်လောက်တောင်များ
    နည်းပါးလဲဆိုတာ
  • 0:52 - 0:54
    သိလိုက်ရတော့ တော်တော်အံ့ဩသွားမိတယ်။
  • 0:54 - 0:58
    မကြာသေးခင်ကအထိ ၉၈ ရာခိုင်နှုန်းကျော်ရှိတဲ့
  • 0:58 - 1:01
    ကျောင်းဆရာတွေဟာ "အသင့်အတင့်"ဆိုတဲ့
  • 1:01 - 1:04
    သုံးသပ်ချက် စကားလုံးတစ်လုံးပဲ ရခဲ့တယ်။
  • 1:04 - 1:06
    ကျွန်တော့ ဘရစ်ချ်ဖဲနည်းပြတွေ အကုန်လုံးက
  • 1:06 - 1:09
    ကျွန်တော့ကို "အသင့်အတင့်"ပဲလို့ ပြောခဲ့ရင်
  • 1:09 - 1:11
    ပိုတော်လာဖို့ မျှော်လင့်ချက်ရှိမှာ
    မဟုတ်ပါဘူး
  • 1:11 - 1:15
    အတော်ဆုံးကဘယ်သူဆိုတာ
    ဘယ်လိုလုပ်သိမှာလဲ။
  • 1:15 - 1:18
    ကျွန်တော် တစ်မူထူးခြားပြီး လုပ်နိုင်တာကို
    ကျွန်တော်ဘယ်လို လုပ်သိမှာလဲ
  • 1:18 - 1:21
    ဒီနေ့ ခရိုင်ဒေသတွေက
    သူတို့ရဲ့ ကျောင်းဆရာတွေကို
  • 1:21 - 1:23
    အကဲဖြတ်ပုံတွေကို ပြင်ဆင်မွမ်းမံနေပါတယ်
  • 1:23 - 1:26
    သူတို့ အလုပ်ကိုတိုးတက်အောင်
    တကယ် ထောက်ကူပေးမယ့်
  • 1:26 - 1:29
    သုံးသပ်ချက်တော့ မရှိသလောက် ဖြစ်နေတုန်းပါ။
  • 1:29 - 1:33
    ကျွန်တော်တို့ ဆရာတွေဟာ
    ဒီထက် ပိုထိုက်တန်ပါတယ်
  • 1:33 - 1:35
    ကျွန်တော်တို့ရဲ့ ဒီနေ့စနစ်က
    သူတို့အပေါ် မတရားပါဘူး
  • 1:35 - 1:38
    ကျောင်းသားတွေအပေါ်မှာ
    မတရားပါဘူး။ အမေရိကရဲ့
  • 1:38 - 1:43
    ကမ္ဘာလုံးဆိုင်ရာ ရှေဆောင်မှုအခန်းကို
    အန္တရာယ်ထဲ တွန်းပို့နေပါတယ်။
  • 1:43 - 1:46
    ဒါကြောင့် ဒီနေ့ပြောပြချင်တာက
    ကျောင်းဆရာတွေ သူတို့လိုချင်ပြီး ထိုက်တန်တဲ့
  • 1:46 - 1:51
    တိုးတက်မှုအတွက် ကိရိယာတွေရရှိဖို့
    ဘယ်လို ကူညီပေးနိူင်မလဲဆိုတာပါ။
  • 1:51 - 1:54
    ဘယ်သူတွေ အခြေအနေ ကောင်းနေလဲလို့
    မေးရင်း စကြရအောင်
  • 1:54 - 1:58
    ကောင်းပြီ ဖြစ်ချင်တော့ ဆရာတွေကို
    သုံးသပ်ချက်ပေးတဲ့ စနစ်အတွက်
  • 1:58 - 2:00
    နိူင်ငံတကာအဆင့် ဇယားတွေမရှိဘူးဗျာ။
  • 2:00 - 2:02
    ဒီတော့ ပညာရေးမှာ ထူးချွန်တဲ့
  • 2:02 - 2:05
    ကျောင်းသားတွေရဲ့ နိူင်ငံတွေကို ကြည့်ပြီး
  • 2:05 - 2:07
    သူတို့ဆရာတွေ တိုးတက်အောင် ကူပေးဖို့
  • 2:07 - 2:10
    ဘာတွေလုပ်နေလဲ ဆိုတာကြည့်မိတယ်။
  • 2:10 - 2:13
    စာဖတ်ကျွမ်းကျင်မှု အဆင့်ကို စဉ်းစားကြည့်ပါ။
  • 2:13 - 2:16
    U.S ကနံပါတ် ၁ မဟုတ်ဘူး။
  • 2:16 - 2:18
    ထိပ်ဆုံး နံပါတ် ၁၀ မှာတောင်မရှိဘူး။
  • 2:18 - 2:23
    Iceland နဲ့ Polandတို့နဲ့အမှတ်တူ
    အဆင့် ၁၅ မှာရှိတယ်။
  • 2:23 - 2:25
    ကဲ စာဖတ်တာမှာ U.S ထက်ပိုကောင်းတဲ့
  • 2:25 - 2:28
    နေရာတွေထဲက ဘယ်နှစ်ခုမှာ
  • 2:28 - 2:30
    ဆရာတွေ တိုးတက်ဖို့ ကူညီပေးတဲ့
  • 2:30 - 2:33
    နည်းလမ်းတကျ စနစ်ရှိလဲ။
  • 2:33 - 2:36
    ၁၄ ခုမှာ ၁၁ ခုရှိတယ်။
  • 2:36 - 2:39
    ကျွန်တော်တို့က
    စာဖတ်တဲ့အဆင့်၁၅မှာတူညီနေပြီး
  • 2:39 - 2:42
    သိပ္ပံမှာ အဆင့် ၂၃ နဲ့
    သင်္ချာမှာ အဆင့် ၃၁ ပါ။
  • 2:42 - 2:45
    ဒီတော့ ထိပ်ဆုံးနားမှာရှိတဲ့
    နေရာတစ်ခုပဲရှိပြီး ဒါဟာ
  • 2:45 - 2:48
    ဆရာတွေလိုအပ်တဲ့ ကျွမ်းကျင်မှုတွေ
    ဖွံ့ဖြိုးဖို့ ထောက်ပံ့ရန် ပျက်ကွက်တာပဲပေါ့
  • 2:48 - 2:52
    စာပေဆိုင်ရာ အကောင်းဆုံး
    စွမ်းဆောင်သူကို ကြည့်ရအောင်။
  • 2:52 - 2:56
    တရုတ်နိူင်ငံ ရှန်ဟိုင်းကပါ။
  • 2:56 - 2:59
    အခု သူတို့ဟာ
  • 2:59 - 3:02
    စာဖတ်ခြင်း၊ သင်္ချာနဲ့ သိပ္ပံမှာ
  • 3:02 - 3:05
    ဇယားရဲ့ ထိပ်ဆုံးအဆင့်မှာပါ။
  • 3:05 - 3:08
    ရှန်ဟိုင်းရဲ့ မယုံနိူင်လောက်တဲ့
    အောင်မြင်မှုရဲ့ လျှို့ဝှက်ချက်တစ်ခုက
  • 3:08 - 3:12
    သူတို့ဆရာတွေကို ဆက်လက်
    တိုးတက်အောင် ထောက်ပံ့ပေးပုံပါပဲ။
  • 3:12 - 3:14
    လုပ်ငန်းခွင်မှာ ငယ်တဲ့ဆရာတွေက
    ဆရာကြီးတွေ ဂရုစိုက်ကြည့်ဖို့
  • 3:14 - 3:18
    အခွင့်အလမ်းရဖို့ သေချာအောင်လုပ်တယ်။
  • 3:18 - 3:20
    အပတ်စဉ် သင်ကြားလေ့လာမှု အဖွဲ့တွေရှိတယ်။
  • 3:20 - 3:23
    ဆရာတွေစုပြီး အလုပ်နှင့်ဆိုင်တာ
    ဆွေးနွေးကြတယ်။
  • 3:23 - 3:26
    ဆရာတိုင်းက သူတို့ရဲ့
    လုပ်ဖော်ကိုင်ဖက်တွေကို စောင့်ကြည့်ပြီး
  • 3:26 - 3:30
    သုံးသပ်ချက် ပေးဖို့တောင် တောင်းဆိုကြတယ်။
  • 3:30 - 3:33
    မေးနိူင်တာက ဘာဖြစ်လို့ ဒီလိုစနစ်တစ်ခုက
    အရေးပါတာလဲပေါ့
  • 3:33 - 3:36
    အကြောင်းကတော့ သင်ကြားခြင်းအလုပ်မှာ
  • 3:36 - 3:38
    အပြောင်းအလဲက အတော့ကိုများတယ်။
  • 3:38 - 3:42
    တစ်ချို့ဆရာတွေက အခြားသူတွေထက်
    အပုံကြီးထက်မြက်တယ်။
  • 3:42 - 3:45
    တကယ်တော့ နိူင်ငံအနှံ့မှာ
    သူတို့ကျောင်းသားတွေကို ထူးခြားတဲ့
  • 3:45 - 3:48
    တိုးတက်မှုတွေ ရအောင်ကူညီပေးနေတဲ့
    ဆရာတွေရှိတယ်
  • 3:48 - 3:51
    ယနေ့ တော်ရုံဆရာဟာ အဲဒီဆရာတွေလို
    တော်လာနိူင်တယ်ဆိုရင်
  • 3:51 - 3:53
    ကျွန်တော်တို့ ကျောင်းသားတွေကို
  • 3:53 - 3:58
    ကျန်တဲ့ ကမ္ဘာမှာကို အထင်ကြီးစေနိူင်တာပေါ့။
  • 3:58 - 4:01
    ဒါကြောင့် ဆရာတွေကို
    အကောင်းဆုံး ဆိုတာတွေလိုပဲ
  • 4:01 - 4:03
    ကောင်းအောင် ထောက်ပံ့တဲ့စနစ်
    တစ်ခုလိုတာပေါ့။
  • 4:03 - 4:05
    ဒီစနစ်ကဘာနဲ့တူလိမ့်မလဲဗျာ။
  • 4:05 - 4:07
    အင်း ဒါကိုသိဖို့ ကျွန်တော်တို့ အဖွဲ့အစည်းက
  • 4:07 - 4:10
    နိူင်ငံအနှံ့မှာရှိတဲ့ ခရိုင်တွေက
    ဆရာ ၃၀၀၀ နဲ့ တွဲပြီး
  • 4:10 - 4:12
    "ထိရောက်တဲ့ သင်ကြားမှုကို
    တိုင်းတာမှုများ"ဆိုတဲ့
  • 4:12 - 4:14
    စီမံကိန်းတစ်ခုလုပ်နေပါတယ်။
  • 4:14 - 4:18
    စာသင်ခန်းထဲက ဆရာတွေရဲ့
    ဗွီဒီယိုတွေကို စောင့်ကြည့်ဖို့
  • 4:18 - 4:20
    လေ့လာသူတွေ ထားရှိပြီးလက်တွေ့
    လေ့ကျင့်မှုတွေမှာ
  • 4:20 - 4:23
    လုပ်ဆောင်ပုံအမျိုးမျိုးကို
    အဆင့်သတ်မှတ်စေပါတယ်
  • 4:23 - 4:26
    ဥပမာ ကျောင်းသားတွေကို
  • 4:26 - 4:28
    အကဲစမ်းတဲ့ မေးခွန်းတွေ မေးလား။
  • 4:28 - 4:32
    ထင်မြင်ချက်တစ်ခုကို ရှင်းပြဖို့
    နည်းလမ်းစုံရှာလား။
  • 4:32 - 4:36
    ကျောင်းသားတွေကို မေးခွန်းတွေပါတဲ့
    ဆန်းဆစ် လေ့လာချက်တွေကို ဖြေခိုင်းတယ်
  • 4:36 - 4:38
    သင်ခန်းစာတစ်ခုကို
    ကျောင်းသားတွေ ဘယ်အချိန်မှာ
  • 4:38 - 4:41
    နားလည်လဲဆိုတာ မင်းတို့ဆရာသိလား။
  • 4:41 - 4:44
    "ကိုယ့်အမှားတွေကို ပြင်ဖို့ သင်ယူနိုင်ခဲ့လား"
    ဆိုတာမျိုးပေါ့
  • 4:44 - 4:47
    ပြီး တွေ့လိုက်ရတာက အရမ်းစိတ်လှုပ်ရှားစရာ
    ကောင်းပါတယ်
  • 4:47 - 4:51
    ပထမ ဒီလေ့လာမှုတွေမှာ ကောင်းကောင်း
    လုပ်ခဲ့တဲ့ ဆရာတွေမှာ
  • 4:51 - 4:53
    အပြတ်အသတ် ပိုကောင်းတဲ့ ကျောင်းသား
    အမှတ်စာရင်းတွေရှိတယ်
  • 4:53 - 4:57
    ဒီတော့ ဒါကကျွန်တော်တို့ မှန်ကန်တဲ့
    မေးခွန်းတွေ မေးနေတယ်ဆိုတာ ပြောပြနေတာပေါ့။
  • 4:57 - 4:59
    နောက် ဒုတိယက အစီအစဉ်မှာပါတဲ့ ဆရာတွေပြောတာက
  • 4:59 - 5:03
    ဒီဗီဒီယိုတွေနဲ့ ကျောင်းသားတွေဆီက
    သုံးသပ်ချက်တွေဟာ
  • 5:03 - 5:06
    အရမ်းအထောက်အကူရတဲ့
    ခွဲခြမ်းစိတ်ဖြာတဲ့ ကိရိယာပါတဲ့၊
  • 5:06 - 5:08
    အကြောင်းက ဒါတွေက သူတို့မြှင့်တင်ခဲ့တဲ့
    နေရာတွေကို တိကျစွာ
  • 5:08 - 5:10
    ညွှန်ပြပေးနေတာ ကြောင့်ပါ။
  • 5:10 - 5:14
    လုပ်ဆောင်မှုမှာ MET ရဲ့
    ဒီဗီဒီယို အစိတ်အပိုင်းက
  • 5:14 - 5:17
    ဘာပုံစံဆိုတာကို ပြချင်ပါတယ်။
  • 5:17 - 5:19
    (ဂီတသံ)
  • 5:19 - 5:22
    (ဗီဒီယို) Sarah Brown Wessling:
    အားလုံးပဲ မင်္ဂလာပါ။
  • 5:22 - 5:24
    ဒီနေ့ ဘာဖြစ်နေတယ်ဆိုတာ
    ဆွေးနွေးကြည့်ရအောင်
  • 5:24 - 5:27
    အစအနေနဲ့ အချင်းချင်းပြန်လည်
    သုံးသပ်တဲ့ နေ့တစ်နေ့ပါ၊ ဟုတ်တယ်နော်
  • 5:27 - 5:29
    အချင်းချင်း ပြန်လည်သုံးသပ်တဲ့နေ့။
    သင်တို့အတွက်
  • 5:29 - 5:32
    အတန်းရဲ့ အဆုံးသတ် ရည်ရွယ်ချက်က
    သင်တို့ တိုးတက်မှုရှိမရှိဆိုတာ
  • 5:32 - 5:34
    သင်တို့ရဲ့စာတန်းတိုထဲမှာ
    သက်သေပြ ဆုံးဖြတ်ပေးနိူင်ဖို့ပါ
  • 5:34 - 5:36
    ကျွန်က Sarah Brown Wessling ပါ
  • 5:36 - 5:38
    Iowa ပြည်နယ် Johnston အထက်တန်းကျောင်းက
    အင်္ဂလိပ် ဆရာမပါ
  • 5:38 - 5:40
    သင့်ဘေးမှာ ထိုင်နေသူဘက်ကို လှည့်လိုက်ပါ။
  • 5:40 - 5:43
    တိုးတက်မှုတွေကို
    သက်သေပြဖို့ ကျွန်မပြောတော့
  • 5:43 - 5:45
    ကျွန်မဆိုလိုချက်ဆိုင်ရာ
    သင့်အမြင်ကို သူတို့ကိုပြောပြပါ
  • 5:45 - 5:47
    ကျွန်မအထင်ဆရာတွေအတွက်
    လေ့ကျင်သင်ကြားမှုကို
  • 5:47 - 5:50
    ကျွန်မတို့မြင်ပုံရဲ့ ယေဘုယျသဘောနဲ့
  • 5:50 - 5:52
    ဒါရဲ့အထည်ဒြပ်သဘော ကွာခြားပါတယ်။
  • 5:52 - 5:55
    ကောင်းပြီး၊ ဒီတော့ တစ်ဆိတ်လောက်
    စာတမ်းတွေကို တင်ပြစေချင်ပါတယ်
  • 5:55 - 5:58
    ဗီဒီယိုက ကျွန်မတို့ကိုပေးတာက
    သဘာဝကျမှုရဲ့
  • 5:58 - 6:00
    သေချာတဲ့ အတိုင်းအတာတစ်ခုလို့ ထင်တယ်။
  • 6:00 - 6:01
    ဗီဒီယိုမှာမြင်ရတာကို
  • 6:01 - 6:03
    လုံးဝငြင်းလို့မရဘူးလေ
  • 6:03 - 6:06
    ဒါကနေ သင်ယူစရာတွေ အများကြီးပါ
  • 6:06 - 6:08
    ဒါကို အမှန်တကယ် တွေ့တဲ့အခါ
    အလုပ်တစ်ခုအနေနဲ့
  • 6:08 - 6:11
    ဖွံဖြိုးနိူင်တဲ့နည်းတွေအများကြီးရှိပါတယ်။
  • 6:11 - 6:14
    အဖွင့်အပိတ် လုပ်လို့ရတဲ့ ကင်မရာနဲ့
    သုံးချောင်းထောက်ကလေးကို
  • 6:14 - 6:17
    မြင်ကွင်းကျယ် မှန်ဘီလူးထဲမှာ
    တပ်ဆင်လိုက်ရုံပါ။
  • 6:17 - 6:19
    အတန်းအစမှာ အတန်းရဲ့နောက်ကနေပြီး
  • 6:19 - 6:22
    ဒါကိုတပ်လိုက်ရုံပါပဲ။ ခြောက်ပစ်ကင်း
    ရိုက်ချက်တော့ မဟုတ်ဘူးပေါ့
  • 6:22 - 6:25
    ဖြစ်နေတဲ့ သေးသေးမွှားမွှားတွေတော့
    မမိဘူးပေါ့
  • 6:25 - 6:28
    ဒါပေမဲ့ အသံကိုကြားနိူင်တယ်။
    အများကြီးမြင်နိူင်တယ်။
  • 6:28 - 6:30
    ဒါကနေ အများကြီး သင်ယူနိူင်တာပေါ့။
  • 6:30 - 6:33
    ဒါကြောင့် တကယ်တမ်း ပြန်တွေးကြည်တော့
    ရိုးရှင်းပေမဲ့
  • 6:33 - 6:36
    အစွမ်းထက်တဲ့ ကိရိယာတစ်ခုပါ။
  • 6:36 - 6:39
    ကောင်းပြီ၊ ပထမ အရှည်တစ်ခုကို
    ကြည့်ကြရအောင်နော်
  • 6:39 - 6:42
    တိပ်ခွေနဲ့ဖမ်းပြီးတာနဲ့ ကွန်ပြူတာထဲ
    ထည့်လိုက်တယ်
  • 6:42 - 6:44
    ပြီးတော့ စကင်ဖတ်ပြီး တစ်ချက်ကြည့်လိုက်တယ်။
  • 6:44 - 6:47
    ကိစ္စတွေက ရေးမချထားရင် မမှတ်မိတော့ဘူးဗျ။
  • 6:47 - 6:50
    ဒါကြောင့် မှတ်စုရေးခြင်းဟာ
    စဉ်းစားခြင်းဖြစ်စဉ်ရဲ့ အစိတ်အပိုင်းတစ်ခုပါ
  • 6:50 - 6:53
    ရေးနေတာကို မြင်နေရတယ် ဆိုတာသိလာတယ်။
  • 6:53 - 6:55
    ဒါကို ကိုယ့်ကို တိုးတက်စေဖို့ အတွက်
    သုံးခဲ့တယ်၊
  • 6:55 - 6:59
    သင်ကြားရေးဗျူဟာနဲ့ နည်းပညာ၊
    စာသင်ခန်းစီမံခန့်ခွဲမှုမှာ
  • 6:59 - 7:03
    ကိုယ်ပိုင် သုံးသပ်ချက်တွေမှာ သုံးပါတယ်။
  • 7:03 - 7:06
    ပြီးတော့ စာသင်ခန်းရဲ့
    ရှုထောင့်မျိုးစုံရောပေါ့။
  • 7:06 - 7:08
    ဒီဖြစ်စဉ်ကြိုပြီး လုပ်ထားရတာကို ဝမ်းသာတယ်။
  • 7:08 - 7:11
    ဒီတော့ အလုပ်ဖြစ်တာနဲ့ မဖြစ်တာကို
    နှိုင်းယှဉ်လို့ရတာမျိုးပေါ့
  • 7:11 - 7:15
    အထင်ပြောရရင် ဒီဗီဒီယိုကလှစ်ပြတာက
  • 7:15 - 7:18
    ပင်ကိုယ်ကဘာလဲ ဆိုတာကို
    ဆရာတွေအဖြစ်နဲ့
  • 7:18 - 7:21
    သင်ယူဖို့၊ နားလည်စေဖို့ အထောက်အကူပေးတဲ့
    နည်းလမ်းတွေ၊
  • 7:21 - 7:24
    ကျွန်မတို့ရဲ့ ပိုကျယ်ဝန်းတဲ့
    အသိုင်းအဝိုင်းတွေကို
  • 7:24 - 7:28
    ဒီရှုပ်တွေးတဲ့အလုပ်က တကယ့်တော့ ဘာလဲဆိုတာ
    နားလည်ဖို့ပါ
  • 7:28 - 7:32
    ဒါဟာ သင်ခန်းစာ အစီအစဉ်တစ်ခုမှာ
  • 7:32 - 7:35
    စံသတ်မှတ်ချက်တစ်ခုမှာ
  • 7:35 - 7:37
    သင်ကြားရေး စာအုပ်တစ်အုပ်မှာ
  • 7:37 - 7:39
    ဖော်တောင်မပြနိူင်တာတွေကို
  • 7:39 - 7:42
    စံနမူနာပြဖို့ နည်းလမ်းတစ်ခုပါ။
  • 7:42 - 7:44
    ကောင်းပြီ။ အားလုံး အရမ်းကောင်းတဲ့
    နားရက်ဖြစ်ပါစေရှင်
  • 7:44 - 7:45
    နောက်မှတွေ့မယ်နော်
  • 7:45 - 7:48
    (အတန်းတိုင်းဟာ ဒီအတိုင်းပါပဲ)
  • 7:48 - 7:53
    (လက်ခုပ်သံများ)
  • 7:53 - 7:56
    Bill Gates: တစ်နေ့မှာ အမေမရိကမှာရှိတဲ့
  • 7:56 - 7:59
    စာသင်ခန်းတိုင်းဟာ ဒီလိုမျိုး
    ဖြစ်စေချင်ပါတယ်
  • 7:59 - 8:01
    ဒါပေမဲ့ ဒီထက်ပိုလုပ်စရာတွေက ရှိသေးတယ်။
  • 8:01 - 8:04
    ဆရာတစ်ယောက် တိုးတက်ဖို့
    နယ်ပယ်ကို ရှာဖွေခြင်းဟာ
  • 8:04 - 8:07
    တိုက်ပွဲ့ရဲ့ တစ်ဝက်ပဲ ရှိပါသေးတယ်။
  • 8:07 - 8:09
    ရှာဖွေတွေ့ရှိခြင်းအပေါ် လုပ်ဆောင်ဖို့
  • 8:09 - 8:12
    ကိရိယာတွေကိုလည်း ပေးရမှာပါ။
  • 8:12 - 8:14
    အပိုင်းကိန်းတွေကို သင်ပုံသင်နည်း
  • 8:14 - 8:15
    တိုးတက်အောင် လုပ်ချင်ရင်တော့ဗျာ
  • 8:15 - 8:18
    ကမ္ဘာမှာ အတော်ဆုံး အပိုင်းကိန်းသင်သူရဲ့
  • 8:18 - 8:22
    ဗီဒီယိုကို ကြည်နိူင်စွမ်းတော့
    ရှိသင့်တာပေါ့။
  • 8:22 - 8:24
    ဒါကြောင့် ဒီပြီးပြည့်စုံတဲ့
    ဆရာအား သုံးသပ်ဖို့နဲ့
  • 8:24 - 8:27
    မြှင့်တင်ရေးစနစ်ဟာ လွယ်မှာမတော့ဟုတ်ဘူး။
  • 8:27 - 8:29
    ဥပမာ တစ်ချို့ဆရာတွေက
  • 8:29 - 8:32
    စာသင်ခန်းထဲက ကင်မရာနဲ့
  • 8:32 - 8:35
    ချက်ချင်းကြီး အသားကျသေးမှာ မဟုတ်ဘူး။
  • 8:35 - 8:38
    ဒါကရှင်းပါတယ်။ ဒါပေမဲ့
    MET နဲ့ ကျွန်တော်တို့
  • 8:38 - 8:40
    အတွေအကြုံက ပေးတာက ဒီဖြစ်စဉ်ကို
  • 8:40 - 8:42
    ဆရာတွေ ကိုင်တွယ်နိူင်ရင်
  • 8:42 - 8:44
    သူတို့စာသင်ခန်းမှာ ဗီဒီယိုရရှိပြီး
  • 8:44 - 8:47
    သူတို့တင်ပြချင်တဲ့ သငခန်းစာကို ရွေးရရင်
  • 8:47 - 8:51
    သူတို့ထဲက တော်တော်များများဟာ
    ပါဝင်ဖို့ စိတ်ထက်သန်မှာပါ
  • 8:51 - 8:54
    ဒီစနစ်တည်ဆောက်ဖို့က အတော်အတန်ကြီးမားတဲ့
  • 8:54 - 8:57
    အရင်းအနှီးလည်း လိုပါလိမ့်မယ်။
  • 8:57 - 9:00
    ကျွန်တော်တို့ အဖွဲ့အစည်းက ဒါဟာ
  • 9:00 - 9:02
    ၅ သန်းလောက်ထိ ကုန်ကျနိုင်တယ်လို့
    ခန့်မှန်းတယ်။
  • 9:02 - 9:06
    အခုတော့ ဒါဟာ ကြီးမားတဲ့ ကိန်းတစ်ခုပါ၊
    ဒါပေမဲ့ ရှေရည်အကျိုးနဲ့ ယဉ်ပြောရရင်တော့
  • 9:06 - 9:08
    ကျွန်တော်တို့သုံးနေတဲ့ ဆရာတွေရဲ့
  • 9:08 - 9:13
    လစာရဲ့ ၂ ရာခိုင်နှုန်းထက် မပိုပါဘူး။
  • 9:13 - 9:16
    ဆရာတွေအအတွက် သက်ရောက်မှုက အံ့မခန်းပါ
  • 9:16 - 9:20
    နောက်ဆုံးမှာ သူတို့ကို သုံးသပ်ချက်ပေးဖို့
    နည်းလမ်းတစ်ခုရမှာပါ။
  • 9:20 - 9:23
    ဒါကို ဆောင်ရွက်ဖို့ နည်းလမ်း တွေရောပေါ့။
  • 9:23 - 9:25
    ဒါပမဲ့ ဒီစနစ်က နူင်ငံအတွက် အရေးပါတဲ့
  • 9:25 - 9:28
    အကျိုးက ပိုပြီးများပါလိမ့်မယ်။
  • 9:28 - 9:31
    ကျောင်းသာအားလုံးကို ကြီးမားကျယ်ပြန့်တဲ့
    ပညာရေးကိုရရှိဖို့၊
  • 9:31 - 9:34
    စိတ်ချမ်းသာပြီး လုပ်ရကျိုးနပ်တဲ့
    အလုပ်အကိုင်တစ်ခုရဖို့
  • 9:34 - 9:37
    သူတို့စိတ်ကူးတွေအတိုင်း
    နေဖို့အခွင့်အလမ်းရဖို့
  • 9:37 - 9:40
    ကျွန်တော်တို့ကို သေချာတဲ့
    လမ်းကြာင်းမှန်ကို ပို့ပေးပါလိမ့်မယ်။
  • 9:40 - 9:44
    ပိုပြီးအောင်မြင်တဲ့ နိင်ငံတစ်ခု
    ဖြစ်စေရုံတင်မက
  • 9:44 - 9:50
    တရားမျှတဲ့ နိူင်ငံဖြစ်အောင်လည်း
    လုပ်ပေးဦမှာပါ။
  • 9:50 - 9:53
    ကျွန်တော် စိတ်လှုပ်ရှားမိတာက
    ထောက်ပံ့မှုလိုအပ်ပြီး
  • 9:53 - 9:57
    ထိုက်တန်တဲ့ ဆရာတွေအားလုံးကို
    အခွင့်အရေးပေးနိူင်တာကိုပါ။
  • 9:57 - 9:59
    ခင်ဗျားတို့ရောပဲလို့ မျှော်လင့်မိပါတယ်။
  • 9:59 - 10:01
    ကျေးဇူးတင်ပါတယ်။
  • 10:01 - 10:09
    (လက်ခုပ်သံများ)
Title:
ဆရာတွေဟာ တကယ့်ကို တုံ့ပြန်သုံးသပ်ပေးကြမှာ လိုအပ်နေပါတယ်။
Speaker:
Bill Gates.
Description:

မကြာသေးခင်က အထိတော့ ကျောင်းဆရာ တော်တော်များများဟာ တစ်နှစ်မှာ "အသင့်အတင့်" ဆိုတဲ့ သုံးသပ်ချက်ဆိုတဲ့ စကားလုံးတစ်မျိုးပဲရခဲ့ပါတယ်။ Bill Gates အကြံပေးတာက အတော်ဆုံး ဆရာတွေတောင်မှ သားနားတဲ့တုံ့ပြန်ချက်နဲ့အတူ ဒါထက်ပိုကောင်းတာကို ရနိူင်ပါတယ်တဲ့။စာသင်ခန်းတိုင်းကို ဆောင်ကြဉ်းလာမယ့် သူရဲ့ ပရဟိတ လုပ်ငန်းအဖွဲ့အစည်းက အစီအစဉ် တစ်ခုကို ဒီမှာ ချပြထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
10:24

Burmese subtitles

Revisions