လူတိုင်းမှာနည်းပြတစ်ယောက်တော့ လိုတယ်ဗျ ဘက်စကက်ဘော ကစားသမားပဲဖြစ်ဖြစ်၊ တင်းနစ်သမား၊ ကျွမ်းဘာသမား ဒါမှမဟုတ် ဘရစ်ချ သမားပဲဖြစ်ဖြစ်ပါ။ (ရယ်သံများ) ကျွန်တော့ ဘရစ်ချ်ဖဲနည်းပြ Sharon Osberg ပြောတာက သူမရဲ ့ခေါင်းနောက်ဘက်က ပုံတွေဟာ ကမ္ဘာပေါ်က အခြားသူတွေရဲ့ပုံတွေထက် ပိုများတယ်တဲ့ (ရယ်သံများ) တောင်းပန်ပါတယ် Sharon။ ကဲစမယ်ဗျာ။ ကျွန်တော်တို့အားလုံးဟာ သုံးသပ်ချက်တွေ ပေးမယ့်သူတွေလိုပါတယ် ဒီလိုနည်းနဲ့ ကျွန်တော်တို့ တိုးတက်လာတာပါ။ ဖြစ်ချင်တော့ သူတို့အလုပ်တွေပို ကောင်းဖို့ထောက်ကူတဲ့ စနစ်ကျတဲ့ တုံ့ပြန်မှုတွေ မရသလောက်ဖြစ်နေတဲ့ လူတစ်စုတော့ရှိတယ်။ ပြီးတော့ ဒီလူတွေဟာ ကမ္ဘာပေါ်မှာရှိတဲ့အရေးပါဆုံး အလုပ်တစ်ခုကိုလုပ်နေတာပါ ကျောင်းဆရာတွေကို ဆိုလိုတာပါ။ ကျွန်တော်နဲ့ Melinda က ကျောင်းဆရာ အများစုရတဲ့ အကျိုးရှိတဲ့ သုံးသပ်ချက်ဟာ ဘယ်လောက်တောင်များ နည်းပါးလဲဆိုတာ သိလိုက်ရတော့ တော်တော်အံ့ဩသွားမိတယ်။ မကြာသေးခင်ကအထိ ၉၈ ရာခိုင်နှုန်းကျော်ရှိတဲ့ ကျောင်းဆရာတွေဟာ "အသင့်အတင့်"ဆိုတဲ့ သုံးသပ်ချက် စကားလုံးတစ်လုံးပဲ ရခဲ့တယ်။ ကျွန်တော့ ဘရစ်ချ်ဖဲနည်းပြတွေ အကုန်လုံးက ကျွန်တော့ကို "အသင့်အတင့်"ပဲလို့ ပြောခဲ့ရင် ပိုတော်လာဖို့ မျှော်လင့်ချက်ရှိမှာ မဟုတ်ပါဘူး အတော်ဆုံးကဘယ်သူဆိုတာ ဘယ်လိုလုပ်သိမှာလဲ။ ကျွန်တော် တစ်မူထူးခြားပြီး လုပ်နိုင်တာကို ကျွန်တော်ဘယ်လို လုပ်သိမှာလဲ ဒီနေ့ ခရိုင်ဒေသတွေက သူတို့ရဲ့ ကျောင်းဆရာတွေကို အကဲဖြတ်ပုံတွေကို ပြင်ဆင်မွမ်းမံနေပါတယ် သူတို့ အလုပ်ကိုတိုးတက်အောင် တကယ် ထောက်ကူပေးမယ့် သုံးသပ်ချက်တော့ မရှိသလောက် ဖြစ်နေတုန်းပါ။ ကျွန်တော်တို့ ဆရာတွေဟာ ဒီထက် ပိုထိုက်တန်ပါတယ် ကျွန်တော်တို့ရဲ့ ဒီနေ့စနစ်က သူတို့အပေါ် မတရားပါဘူး ကျောင်းသားတွေအပေါ်မှာ မတရားပါဘူး။ အမေရိကရဲ့ ကမ္ဘာလုံးဆိုင်ရာ ရှေဆောင်မှုအခန်းကို အန္တရာယ်ထဲ တွန်းပို့နေပါတယ်။ ဒါကြောင့် ဒီနေ့ပြောပြချင်တာက ကျောင်းဆရာတွေ သူတို့လိုချင်ပြီး ထိုက်တန်တဲ့ တိုးတက်မှုအတွက် ကိရိယာတွေရရှိဖို့ ဘယ်လို ကူညီပေးနိူင်မလဲဆိုတာပါ။ ဘယ်သူတွေ အခြေအနေ ကောင်းနေလဲလို့ မေးရင်း စကြရအောင် ကောင်းပြီ ဖြစ်ချင်တော့ ဆရာတွေကို သုံးသပ်ချက်ပေးတဲ့ စနစ်အတွက် နိူင်ငံတကာအဆင့် ဇယားတွေမရှိဘူးဗျာ။ ဒီတော့ ပညာရေးမှာ ထူးချွန်တဲ့ ကျောင်းသားတွေရဲ့ နိူင်ငံတွေကို ကြည့်ပြီး သူတို့ဆရာတွေ တိုးတက်အောင် ကူပေးဖို့ ဘာတွေလုပ်နေလဲ ဆိုတာကြည့်မိတယ်။ စာဖတ်ကျွမ်းကျင်မှု အဆင့်ကို စဉ်းစားကြည့်ပါ။ U.S ကနံပါတ် ၁ မဟုတ်ဘူး။ ထိပ်ဆုံး နံပါတ် ၁၀ မှာတောင်မရှိဘူး။ Iceland နဲ့ Polandတို့နဲ့အမှတ်တူ အဆင့် ၁၅ မှာရှိတယ်။ ကဲ စာဖတ်တာမှာ U.S ထက်ပိုကောင်းတဲ့ နေရာတွေထဲက ဘယ်နှစ်ခုမှာ ဆရာတွေ တိုးတက်ဖို့ ကူညီပေးတဲ့ နည်းလမ်းတကျ စနစ်ရှိလဲ။ ၁၄ ခုမှာ ၁၁ ခုရှိတယ်။ ကျွန်တော်တို့က စာဖတ်တဲ့အဆင့်၁၅မှာတူညီနေပြီး သိပ္ပံမှာ အဆင့် ၂၃ နဲ့ သင်္ချာမှာ အဆင့် ၃၁ ပါ။ ဒီတော့ ထိပ်ဆုံးနားမှာရှိတဲ့ နေရာတစ်ခုပဲရှိပြီး ဒါဟာ ဆရာတွေလိုအပ်တဲ့ ကျွမ်းကျင်မှုတွေ ဖွံ့ဖြိုးဖို့ ထောက်ပံ့ရန် ပျက်ကွက်တာပဲပေါ့ စာပေဆိုင်ရာ အကောင်းဆုံး စွမ်းဆောင်သူကို ကြည့်ရအောင်။ တရုတ်နိူင်ငံ ရှန်ဟိုင်းကပါ။ အခု သူတို့ဟာ စာဖတ်ခြင်း၊ သင်္ချာနဲ့ သိပ္ပံမှာ ဇယားရဲ့ ထိပ်ဆုံးအဆင့်မှာပါ။ ရှန်ဟိုင်းရဲ့ မယုံနိူင်လောက်တဲ့ အောင်မြင်မှုရဲ့ လျှို့ဝှက်ချက်တစ်ခုက သူတို့ဆရာတွေကို ဆက်လက် တိုးတက်အောင် ထောက်ပံ့ပေးပုံပါပဲ။ လုပ်ငန်းခွင်မှာ ငယ်တဲ့ဆရာတွေက ဆရာကြီးတွေ ဂရုစိုက်ကြည့်ဖို့ အခွင့်အလမ်းရဖို့ သေချာအောင်လုပ်တယ်။ အပတ်စဉ် သင်ကြားလေ့လာမှု အဖွဲ့တွေရှိတယ်။ ဆရာတွေစုပြီး အလုပ်နှင့်ဆိုင်တာ ဆွေးနွေးကြတယ်။ ဆရာတိုင်းက သူတို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို စောင့်ကြည့်ပြီး သုံးသပ်ချက် ပေးဖို့တောင် တောင်းဆိုကြတယ်။ မေးနိူင်တာက ဘာဖြစ်လို့ ဒီလိုစနစ်တစ်ခုက အရေးပါတာလဲပေါ့ အကြောင်းကတော့ သင်ကြားခြင်းအလုပ်မှာ အပြောင်းအလဲက အတော့ကိုများတယ်။ တစ်ချို့ဆရာတွေက အခြားသူတွေထက် အပုံကြီးထက်မြက်တယ်။ တကယ်တော့ နိူင်ငံအနှံ့မှာ သူတို့ကျောင်းသားတွေကို ထူးခြားတဲ့ တိုးတက်မှုတွေ ရအောင်ကူညီပေးနေတဲ့ ဆရာတွေရှိတယ် ယနေ့ တော်ရုံဆရာဟာ အဲဒီဆရာတွေလို တော်လာနိူင်တယ်ဆိုရင် ကျွန်တော်တို့ ကျောင်းသားတွေကို ကျန်တဲ့ ကမ္ဘာမှာကို အထင်ကြီးစေနိူင်တာပေါ့။ ဒါကြောင့် ဆရာတွေကို အကောင်းဆုံး ဆိုတာတွေလိုပဲ ကောင်းအောင် ထောက်ပံ့တဲ့စနစ် တစ်ခုလိုတာပေါ့။ ဒီစနစ်ကဘာနဲ့တူလိမ့်မလဲဗျာ။ အင်း ဒါကိုသိဖို့ ကျွန်တော်တို့ အဖွဲ့အစည်းက နိူင်ငံအနှံ့မှာရှိတဲ့ ခရိုင်တွေက ဆရာ ၃၀၀၀ နဲ့ တွဲပြီး "ထိရောက်တဲ့ သင်ကြားမှုကို တိုင်းတာမှုများ"ဆိုတဲ့ စီမံကိန်းတစ်ခုလုပ်နေပါတယ်။ စာသင်ခန်းထဲက ဆရာတွေရဲ့ ဗွီဒီယိုတွေကို စောင့်ကြည့်ဖို့ လေ့လာသူတွေ ထားရှိပြီးလက်တွေ့ လေ့ကျင့်မှုတွေမှာ လုပ်ဆောင်ပုံအမျိုးမျိုးကို အဆင့်သတ်မှတ်စေပါတယ် ဥပမာ ကျောင်းသားတွေကို အကဲစမ်းတဲ့ မေးခွန်းတွေ မေးလား။ ထင်မြင်ချက်တစ်ခုကို ရှင်းပြဖို့ နည်းလမ်းစုံရှာလား။ ကျောင်းသားတွေကို မေးခွန်းတွေပါတဲ့ ဆန်းဆစ် လေ့လာချက်တွေကို ဖြေခိုင်းတယ် သင်ခန်းစာတစ်ခုကို ကျောင်းသားတွေ ဘယ်အချိန်မှာ နားလည်လဲဆိုတာ မင်းတို့ဆရာသိလား။ "ကိုယ့်အမှားတွေကို ပြင်ဖို့ သင်ယူနိုင်ခဲ့လား" ဆိုတာမျိုးပေါ့ ပြီး တွေ့လိုက်ရတာက အရမ်းစိတ်လှုပ်ရှားစရာ ကောင်းပါတယ် ပထမ ဒီလေ့လာမှုတွေမှာ ကောင်းကောင်း လုပ်ခဲ့တဲ့ ဆရာတွေမှာ အပြတ်အသတ် ပိုကောင်းတဲ့ ကျောင်းသား အမှတ်စာရင်းတွေရှိတယ် ဒီတော့ ဒါကကျွန်တော်တို့ မှန်ကန်တဲ့ မေးခွန်းတွေ မေးနေတယ်ဆိုတာ ပြောပြနေတာပေါ့။ နောက် ဒုတိယက အစီအစဉ်မှာပါတဲ့ ဆရာတွေပြောတာက ဒီဗီဒီယိုတွေနဲ့ ကျောင်းသားတွေဆီက သုံးသပ်ချက်တွေဟာ အရမ်းအထောက်အကူရတဲ့ ခွဲခြမ်းစိတ်ဖြာတဲ့ ကိရိယာပါတဲ့၊ အကြောင်းက ဒါတွေက သူတို့မြှင့်တင်ခဲ့တဲ့ နေရာတွေကို တိကျစွာ ညွှန်ပြပေးနေတာ ကြောင့်ပါ။ လုပ်ဆောင်မှုမှာ MET ရဲ့ ဒီဗီဒီယို အစိတ်အပိုင်းက ဘာပုံစံဆိုတာကို ပြချင်ပါတယ်။ (ဂီတသံ) (ဗီဒီယို) Sarah Brown Wessling: အားလုံးပဲ မင်္ဂလာပါ။ ဒီနေ့ ဘာဖြစ်နေတယ်ဆိုတာ ဆွေးနွေးကြည့်ရအောင် အစအနေနဲ့ အချင်းချင်းပြန်လည် သုံးသပ်တဲ့ နေ့တစ်နေ့ပါ၊ ဟုတ်တယ်နော် အချင်းချင်း ပြန်လည်သုံးသပ်တဲ့နေ့။ သင်တို့အတွက် အတန်းရဲ့ အဆုံးသတ် ရည်ရွယ်ချက်က သင်တို့ တိုးတက်မှုရှိမရှိဆိုတာ သင်တို့ရဲ့စာတန်းတိုထဲမှာ သက်သေပြ ဆုံးဖြတ်ပေးနိူင်ဖို့ပါ ကျွန်က Sarah Brown Wessling ပါ Iowa ပြည်နယ် Johnston အထက်တန်းကျောင်းက အင်္ဂလိပ် ဆရာမပါ သင့်ဘေးမှာ ထိုင်နေသူဘက်ကို လှည့်လိုက်ပါ။ တိုးတက်မှုတွေကို သက်သေပြဖို့ ကျွန်မပြောတော့ ကျွန်မဆိုလိုချက်ဆိုင်ရာ သင့်အမြင်ကို သူတို့ကိုပြောပြပါ ကျွန်မအထင်ဆရာတွေအတွက် လေ့ကျင်သင်ကြားမှုကို ကျွန်မတို့မြင်ပုံရဲ့ ယေဘုယျသဘောနဲ့ ဒါရဲ့အထည်ဒြပ်သဘော ကွာခြားပါတယ်။ ကောင်းပြီး၊ ဒီတော့ တစ်ဆိတ်လောက် စာတမ်းတွေကို တင်ပြစေချင်ပါတယ် ဗီဒီယိုက ကျွန်မတို့ကိုပေးတာက သဘာဝကျမှုရဲ့ သေချာတဲ့ အတိုင်းအတာတစ်ခုလို့ ထင်တယ်။ ဗီဒီယိုမှာမြင်ရတာကို လုံးဝငြင်းလို့မရဘူးလေ ဒါကနေ သင်ယူစရာတွေ အများကြီးပါ ဒါကို အမှန်တကယ် တွေ့တဲ့အခါ အလုပ်တစ်ခုအနေနဲ့ ဖွံဖြိုးနိူင်တဲ့နည်းတွေအများကြီးရှိပါတယ်။ အဖွင့်အပိတ် လုပ်လို့ရတဲ့ ကင်မရာနဲ့ သုံးချောင်းထောက်ကလေးကို မြင်ကွင်းကျယ် မှန်ဘီလူးထဲမှာ တပ်ဆင်လိုက်ရုံပါ။ အတန်းအစမှာ အတန်းရဲ့နောက်ကနေပြီး ဒါကိုတပ်လိုက်ရုံပါပဲ။ ခြောက်ပစ်ကင်း ရိုက်ချက်တော့ မဟုတ်ဘူးပေါ့ ဖြစ်နေတဲ့ သေးသေးမွှားမွှားတွေတော့ မမိဘူးပေါ့ ဒါပေမဲ့ အသံကိုကြားနိူင်တယ်။ အများကြီးမြင်နိူင်တယ်။ ဒါကနေ အများကြီး သင်ယူနိူင်တာပေါ့။ ဒါကြောင့် တကယ်တမ်း ပြန်တွေးကြည်တော့ ရိုးရှင်းပေမဲ့ အစွမ်းထက်တဲ့ ကိရိယာတစ်ခုပါ။ ကောင်းပြီ၊ ပထမ အရှည်တစ်ခုကို ကြည့်ကြရအောင်နော် တိပ်ခွေနဲ့ဖမ်းပြီးတာနဲ့ ကွန်ပြူတာထဲ ထည့်လိုက်တယ် ပြီးတော့ စကင်ဖတ်ပြီး တစ်ချက်ကြည့်လိုက်တယ်။ ကိစ္စတွေက ရေးမချထားရင် မမှတ်မိတော့ဘူးဗျ။ ဒါကြောင့် မှတ်စုရေးခြင်းဟာ စဉ်းစားခြင်းဖြစ်စဉ်ရဲ့ အစိတ်အပိုင်းတစ်ခုပါ ရေးနေတာကို မြင်နေရတယ် ဆိုတာသိလာတယ်။ ဒါကို ကိုယ့်ကို တိုးတက်စေဖို့ အတွက် သုံးခဲ့တယ်၊ သင်ကြားရေးဗျူဟာနဲ့ နည်းပညာ၊ စာသင်ခန်းစီမံခန့်ခွဲမှုမှာ ကိုယ်ပိုင် သုံးသပ်ချက်တွေမှာ သုံးပါတယ်။ ပြီးတော့ စာသင်ခန်းရဲ့ ရှုထောင့်မျိုးစုံရောပေါ့။ ဒီဖြစ်စဉ်ကြိုပြီး လုပ်ထားရတာကို ဝမ်းသာတယ်။ ဒီတော့ အလုပ်ဖြစ်တာနဲ့ မဖြစ်တာကို နှိုင်းယှဉ်လို့ရတာမျိုးပေါ့ အထင်ပြောရရင် ဒီဗီဒီယိုကလှစ်ပြတာက ပင်ကိုယ်ကဘာလဲ ဆိုတာကို ဆရာတွေအဖြစ်နဲ့ သင်ယူဖို့၊ နားလည်စေဖို့ အထောက်အကူပေးတဲ့ နည်းလမ်းတွေ၊ ကျွန်မတို့ရဲ့ ပိုကျယ်ဝန်းတဲ့ အသိုင်းအဝိုင်းတွေကို ဒီရှုပ်တွေးတဲ့အလုပ်က တကယ့်တော့ ဘာလဲဆိုတာ နားလည်ဖို့ပါ ဒါဟာ သင်ခန်းစာ အစီအစဉ်တစ်ခုမှာ စံသတ်မှတ်ချက်တစ်ခုမှာ သင်ကြားရေး စာအုပ်တစ်အုပ်မှာ ဖော်တောင်မပြနိူင်တာတွေကို စံနမူနာပြဖို့ နည်းလမ်းတစ်ခုပါ။ ကောင်းပြီ။ အားလုံး အရမ်းကောင်းတဲ့ နားရက်ဖြစ်ပါစေရှင် နောက်မှတွေ့မယ်နော် (အတန်းတိုင်းဟာ ဒီအတိုင်းပါပဲ) (လက်ခုပ်သံများ) Bill Gates: တစ်နေ့မှာ အမေမရိကမှာရှိတဲ့ စာသင်ခန်းတိုင်းဟာ ဒီလိုမျိုး ဖြစ်စေချင်ပါတယ် ဒါပေမဲ့ ဒီထက်ပိုလုပ်စရာတွေက ရှိသေးတယ်။ ဆရာတစ်ယောက် တိုးတက်ဖို့ နယ်ပယ်ကို ရှာဖွေခြင်းဟာ တိုက်ပွဲ့ရဲ့ တစ်ဝက်ပဲ ရှိပါသေးတယ်။ ရှာဖွေတွေ့ရှိခြင်းအပေါ် လုပ်ဆောင်ဖို့ ကိရိယာတွေကိုလည်း ပေးရမှာပါ။ အပိုင်းကိန်းတွေကို သင်ပုံသင်နည်း တိုးတက်အောင် လုပ်ချင်ရင်တော့ဗျာ ကမ္ဘာမှာ အတော်ဆုံး အပိုင်းကိန်းသင်သူရဲ့ ဗီဒီယိုကို ကြည်နိူင်စွမ်းတော့ ရှိသင့်တာပေါ့။ ဒါကြောင့် ဒီပြီးပြည့်စုံတဲ့ ဆရာအား သုံးသပ်ဖို့နဲ့ မြှင့်တင်ရေးစနစ်ဟာ လွယ်မှာမတော့ဟုတ်ဘူး။ ဥပမာ တစ်ချို့ဆရာတွေက စာသင်ခန်းထဲက ကင်မရာနဲ့ ချက်ချင်းကြီး အသားကျသေးမှာ မဟုတ်ဘူး။ ဒါကရှင်းပါတယ်။ ဒါပေမဲ့ MET နဲ့ ကျွန်တော်တို့ အတွေအကြုံက ပေးတာက ဒီဖြစ်စဉ်ကို ဆရာတွေ ကိုင်တွယ်နိူင်ရင် သူတို့စာသင်ခန်းမှာ ဗီဒီယိုရရှိပြီး သူတို့တင်ပြချင်တဲ့ သငခန်းစာကို ရွေးရရင် သူတို့ထဲက တော်တော်များများဟာ ပါဝင်ဖို့ စိတ်ထက်သန်မှာပါ ဒီစနစ်တည်ဆောက်ဖို့က အတော်အတန်ကြီးမားတဲ့ အရင်းအနှီးလည်း လိုပါလိမ့်မယ်။ ကျွန်တော်တို့ အဖွဲ့အစည်းက ဒါဟာ ၅ သန်းလောက်ထိ ကုန်ကျနိုင်တယ်လို့ ခန့်မှန်းတယ်။ အခုတော့ ဒါဟာ ကြီးမားတဲ့ ကိန်းတစ်ခုပါ၊ ဒါပေမဲ့ ရှေရည်အကျိုးနဲ့ ယဉ်ပြောရရင်တော့ ကျွန်တော်တို့သုံးနေတဲ့ ဆရာတွေရဲ့ လစာရဲ့ ၂ ရာခိုင်နှုန်းထက် မပိုပါဘူး။ ဆရာတွေအအတွက် သက်ရောက်မှုက အံ့မခန်းပါ နောက်ဆုံးမှာ သူတို့ကို သုံးသပ်ချက်ပေးဖို့ နည်းလမ်းတစ်ခုရမှာပါ။ ဒါကို ဆောင်ရွက်ဖို့ နည်းလမ်း တွေရောပေါ့။ ဒါပမဲ့ ဒီစနစ်က နူင်ငံအတွက် အရေးပါတဲ့ အကျိုးက ပိုပြီးများပါလိမ့်မယ်။ ကျောင်းသာအားလုံးကို ကြီးမားကျယ်ပြန့်တဲ့ ပညာရေးကိုရရှိဖို့၊ စိတ်ချမ်းသာပြီး လုပ်ရကျိုးနပ်တဲ့ အလုပ်အကိုင်တစ်ခုရဖို့ သူတို့စိတ်ကူးတွေအတိုင်း နေဖို့အခွင့်အလမ်းရဖို့ ကျွန်တော်တို့ကို သေချာတဲ့ လမ်းကြာင်းမှန်ကို ပို့ပေးပါလိမ့်မယ်။ ပိုပြီးအောင်မြင်တဲ့ နိင်ငံတစ်ခု ဖြစ်စေရုံတင်မက တရားမျှတဲ့ နိူင်ငံဖြစ်အောင်လည်း လုပ်ပေးဦမှာပါ။ ကျွန်တော် စိတ်လှုပ်ရှားမိတာက ထောက်ပံ့မှုလိုအပ်ပြီး ထိုက်တန်တဲ့ ဆရာတွေအားလုံးကို အခွင့်အရေးပေးနိူင်တာကိုပါ။ ခင်ဗျားတို့ရောပဲလို့ မျှော်လင့်မိပါတယ်။ ကျေးဇူးတင်ပါတယ်။ (လက်ခုပ်သံများ)