1 00:00:00,719 --> 00:00:03,612 လူတိုင်းမှာနည်းပြတစ်ယောက်တော့ လိုတယ်ဗျ 2 00:00:03,612 --> 00:00:06,713 ဘက်စကက်ဘော ကစားသမားပဲဖြစ်ဖြစ်၊ 3 00:00:06,713 --> 00:00:09,991 တင်းနစ်သမား၊ ကျွမ်းဘာသမား 4 00:00:09,991 --> 00:00:12,212 ဒါမှမဟုတ် ဘရစ်ချ သမားပဲဖြစ်ဖြစ်ပါ။ 5 00:00:12,212 --> 00:00:14,701 (ရယ်သံများ) 6 00:00:14,701 --> 00:00:17,160 ကျွန်တော့ ဘရစ်ချ်ဖဲနည်းပြ Sharon Osberg ပြောတာက 7 00:00:17,160 --> 00:00:19,415 သူမရဲ ့ခေါင်းနောက်ဘက်က ပုံတွေဟာ ကမ္ဘာပေါ်က 8 00:00:19,415 --> 00:00:22,932 အခြားသူတွေရဲ့ပုံတွေထက် ပိုများတယ်တဲ့ (ရယ်သံများ) 9 00:00:22,932 --> 00:00:26,594 တောင်းပန်ပါတယ် Sharon။ ကဲစမယ်ဗျာ။ 10 00:00:26,594 --> 00:00:30,185 ကျွန်တော်တို့အားလုံးဟာ သုံးသပ်ချက်တွေ ပေးမယ့်သူတွေလိုပါတယ် 11 00:00:30,185 --> 00:00:32,422 ဒီလိုနည်းနဲ့ ကျွန်တော်တို့ တိုးတက်လာတာပါ။ 12 00:00:32,422 --> 00:00:35,402 ဖြစ်ချင်တော့ သူတို့အလုပ်တွေပို ကောင်းဖို့ထောက်ကူတဲ့ 13 00:00:35,402 --> 00:00:38,208 စနစ်ကျတဲ့ တုံ့ပြန်မှုတွေ မရသလောက်ဖြစ်နေတဲ့ 14 00:00:38,208 --> 00:00:40,393 လူတစ်စုတော့ရှိတယ်။ 15 00:00:40,393 --> 00:00:41,792 ပြီးတော့ ဒီလူတွေဟာ 16 00:00:41,792 --> 00:00:44,942 ကမ္ဘာပေါ်မှာရှိတဲ့အရေးပါဆုံး အလုပ်တစ်ခုကိုလုပ်နေတာပါ 17 00:00:44,942 --> 00:00:46,781 ကျောင်းဆရာတွေကို ဆိုလိုတာပါ။ 18 00:00:46,781 --> 00:00:48,888 ကျွန်တော်နဲ့ Melinda က ကျောင်းဆရာ အများစုရတဲ့ 19 00:00:48,888 --> 00:00:50,605 အကျိုးရှိတဲ့ သုံးသပ်ချက်ဟာ 20 00:00:50,605 --> 00:00:52,322 ဘယ်လောက်တောင်များ နည်းပါးလဲဆိုတာ 21 00:00:52,322 --> 00:00:54,276 သိလိုက်ရတော့ တော်တော်အံ့ဩသွားမိတယ်။ 22 00:00:54,276 --> 00:00:58,400 မကြာသေးခင်ကအထိ ၉၈ ရာခိုင်နှုန်းကျော်ရှိတဲ့ 23 00:00:58,400 --> 00:01:01,053 ကျောင်းဆရာတွေဟာ "အသင့်အတင့်"ဆိုတဲ့ 24 00:01:01,053 --> 00:01:03,773 သုံးသပ်ချက် စကားလုံးတစ်လုံးပဲ ရခဲ့တယ်။ 25 00:01:03,773 --> 00:01:06,266 ကျွန်တော့ ဘရစ်ချ်ဖဲနည်းပြတွေ အကုန်လုံးက 26 00:01:06,266 --> 00:01:08,651 ကျွန်တော့ကို "အသင့်အတင့်"ပဲလို့ ပြောခဲ့ရင် 27 00:01:08,651 --> 00:01:11,428 ပိုတော်လာဖို့ မျှော်လင့်ချက်ရှိမှာ မဟုတ်ပါဘူး 28 00:01:11,428 --> 00:01:14,726 အတော်ဆုံးကဘယ်သူဆိုတာ ဘယ်လိုလုပ်သိမှာလဲ။ 29 00:01:14,726 --> 00:01:18,326 ကျွန်တော် တစ်မူထူးခြားပြီး လုပ်နိုင်တာကို ကျွန်တော်ဘယ်လို လုပ်သိမှာလဲ 30 00:01:18,326 --> 00:01:20,710 ဒီနေ့ ခရိုင်ဒေသတွေက သူတို့ရဲ့ ကျောင်းဆရာတွေကို 31 00:01:20,710 --> 00:01:22,994 အကဲဖြတ်ပုံတွေကို ပြင်ဆင်မွမ်းမံနေပါတယ် 32 00:01:22,994 --> 00:01:26,303 သူတို့ အလုပ်ကိုတိုးတက်အောင် တကယ် ထောက်ကူပေးမယ့် 33 00:01:26,303 --> 00:01:29,476 သုံးသပ်ချက်တော့ မရှိသလောက် ဖြစ်နေတုန်းပါ။ 34 00:01:29,476 --> 00:01:32,808 ကျွန်တော်တို့ ဆရာတွေဟာ ဒီထက် ပိုထိုက်တန်ပါတယ် 35 00:01:32,808 --> 00:01:35,226 ကျွန်တော်တို့ရဲ့ ဒီနေ့စနစ်က သူတို့အပေါ် မတရားပါဘူး 36 00:01:35,226 --> 00:01:37,857 ကျောင်းသားတွေအပေါ်မှာ မတရားပါဘူး။ အမေရိကရဲ့ 37 00:01:37,857 --> 00:01:42,887 ကမ္ဘာလုံးဆိုင်ရာ ရှေဆောင်မှုအခန်းကို အန္တရာယ်ထဲ တွန်းပို့နေပါတယ်။ 38 00:01:42,887 --> 00:01:46,346 ဒါကြောင့် ဒီနေ့ပြောပြချင်တာက ကျောင်းဆရာတွေ သူတို့လိုချင်ပြီး ထိုက်တန်တဲ့ 39 00:01:46,346 --> 00:01:50,604 တိုးတက်မှုအတွက် ကိရိယာတွေရရှိဖို့ ဘယ်လို ကူညီပေးနိူင်မလဲဆိုတာပါ။ 40 00:01:50,604 --> 00:01:54,470 ဘယ်သူတွေ အခြေအနေ ကောင်းနေလဲလို့ မေးရင်း စကြရအောင် 41 00:01:54,470 --> 00:01:57,938 ကောင်းပြီ ဖြစ်ချင်တော့ ဆရာတွေကို သုံးသပ်ချက်ပေးတဲ့ စနစ်အတွက် 42 00:01:57,938 --> 00:01:59,864 နိူင်ငံတကာအဆင့် ဇယားတွေမရှိဘူးဗျာ။ 43 00:01:59,864 --> 00:02:01,654 ဒီတော့ ပညာရေးမှာ ထူးချွန်တဲ့ 44 00:02:01,654 --> 00:02:04,759 ကျောင်းသားတွေရဲ့ နိူင်ငံတွေကို ကြည့်ပြီး 45 00:02:04,759 --> 00:02:07,064 သူတို့ဆရာတွေ တိုးတက်အောင် ကူပေးဖို့ 46 00:02:07,064 --> 00:02:10,103 ဘာတွေလုပ်နေလဲ ဆိုတာကြည့်မိတယ်။ 47 00:02:10,103 --> 00:02:13,336 စာဖတ်ကျွမ်းကျင်မှု အဆင့်ကို စဉ်းစားကြည့်ပါ။ 48 00:02:13,336 --> 00:02:15,826 U.S ကနံပါတ် ၁ မဟုတ်ဘူး။ 49 00:02:15,826 --> 00:02:17,881 ထိပ်ဆုံး နံပါတ် ၁၀ မှာတောင်မရှိဘူး။ 50 00:02:17,881 --> 00:02:22,819 Iceland နဲ့ Polandတို့နဲ့အမှတ်တူ အဆင့် ၁၅ မှာရှိတယ်။ 51 00:02:22,819 --> 00:02:25,045 ကဲ စာဖတ်တာမှာ U.S ထက်ပိုကောင်းတဲ့ 52 00:02:25,045 --> 00:02:27,635 နေရာတွေထဲက ဘယ်နှစ်ခုမှာ 53 00:02:27,635 --> 00:02:30,174 ဆရာတွေ တိုးတက်ဖို့ ကူညီပေးတဲ့ 54 00:02:30,174 --> 00:02:33,165 နည်းလမ်းတကျ စနစ်ရှိလဲ။ 55 00:02:33,165 --> 00:02:36,000 ၁၄ ခုမှာ ၁၁ ခုရှိတယ်။ 56 00:02:36,000 --> 00:02:38,565 ကျွန်တော်တို့က စာဖတ်တဲ့အဆင့်၁၅မှာတူညီနေပြီး 57 00:02:38,565 --> 00:02:42,276 သိပ္ပံမှာ အဆင့် ၂၃ နဲ့ သင်္ချာမှာ အဆင့် ၃၁ ပါ။ 58 00:02:42,276 --> 00:02:44,710 ဒီတော့ ထိပ်ဆုံးနားမှာရှိတဲ့ နေရာတစ်ခုပဲရှိပြီး ဒါဟာ 59 00:02:44,710 --> 00:02:48,422 ဆရာတွေလိုအပ်တဲ့ ကျွမ်းကျင်မှုတွေ ဖွံ့ဖြိုးဖို့ ထောက်ပံ့ရန် ပျက်ကွက်တာပဲပေါ့ 60 00:02:48,422 --> 00:02:52,043 စာပေဆိုင်ရာ အကောင်းဆုံး စွမ်းဆောင်သူကို ကြည့်ရအောင်။ 61 00:02:52,043 --> 00:02:55,600 တရုတ်နိူင်ငံ ရှန်ဟိုင်းကပါ။ 62 00:02:55,600 --> 00:02:58,765 အခု သူတို့ဟာ 63 00:02:58,765 --> 00:03:02,098 စာဖတ်ခြင်း၊ သင်္ချာနဲ့ သိပ္ပံမှာ 64 00:03:02,098 --> 00:03:05,017 ဇယားရဲ့ ထိပ်ဆုံးအဆင့်မှာပါ။ 65 00:03:05,017 --> 00:03:08,388 ရှန်ဟိုင်းရဲ့ မယုံနိူင်လောက်တဲ့ အောင်မြင်မှုရဲ့ လျှို့ဝှက်ချက်တစ်ခုက 66 00:03:08,388 --> 00:03:11,522 သူတို့ဆရာတွေကို ဆက်လက် တိုးတက်အောင် ထောက်ပံ့ပေးပုံပါပဲ။ 67 00:03:11,522 --> 00:03:14,351 လုပ်ငန်းခွင်မှာ ငယ်တဲ့ဆရာတွေက ဆရာကြီးတွေ ဂရုစိုက်ကြည့်ဖို့ 68 00:03:14,351 --> 00:03:18,018 အခွင့်အလမ်းရဖို့ သေချာအောင်လုပ်တယ်။ 69 00:03:18,018 --> 00:03:20,292 အပတ်စဉ် သင်ကြားလေ့လာမှု အဖွဲ့တွေရှိတယ်။ 70 00:03:20,292 --> 00:03:23,126 ဆရာတွေစုပြီး အလုပ်နှင့်ဆိုင်တာ ဆွေးနွေးကြတယ်။ 71 00:03:23,126 --> 00:03:26,481 ဆရာတိုင်းက သူတို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို စောင့်ကြည့်ပြီး 72 00:03:26,481 --> 00:03:29,619 သုံးသပ်ချက် ပေးဖို့တောင် တောင်းဆိုကြတယ်။ 73 00:03:29,619 --> 00:03:33,318 မေးနိူင်တာက ဘာဖြစ်လို့ ဒီလိုစနစ်တစ်ခုက အရေးပါတာလဲပေါ့ 74 00:03:33,318 --> 00:03:36,176 အကြောင်းကတော့ သင်ကြားခြင်းအလုပ်မှာ 75 00:03:36,176 --> 00:03:38,257 အပြောင်းအလဲက အတော့ကိုများတယ်။ 76 00:03:38,257 --> 00:03:42,414 တစ်ချို့ဆရာတွေက အခြားသူတွေထက် အပုံကြီးထက်မြက်တယ်။ 77 00:03:42,414 --> 00:03:45,353 တကယ်တော့ နိူင်ငံအနှံ့မှာ သူတို့ကျောင်းသားတွေကို ထူးခြားတဲ့ 78 00:03:45,353 --> 00:03:48,396 တိုးတက်မှုတွေ ရအောင်ကူညီပေးနေတဲ့ ဆရာတွေရှိတယ် 79 00:03:48,396 --> 00:03:50,899 ယနေ့ တော်ရုံဆရာဟာ အဲဒီဆရာတွေလို တော်လာနိူင်တယ်ဆိုရင် 80 00:03:50,899 --> 00:03:53,495 ကျွန်တော်တို့ ကျောင်းသားတွေကို 81 00:03:53,495 --> 00:03:57,671 ကျန်တဲ့ ကမ္ဘာမှာကို အထင်ကြီးစေနိူင်တာပေါ့။ 82 00:03:57,671 --> 00:04:00,578 ဒါကြောင့် ဆရာတွေကို အကောင်းဆုံး ဆိုတာတွေလိုပဲ 83 00:04:00,578 --> 00:04:02,590 ကောင်းအောင် ထောက်ပံ့တဲ့စနစ် တစ်ခုလိုတာပေါ့။ 84 00:04:02,590 --> 00:04:05,057 ဒီစနစ်ကဘာနဲ့တူလိမ့်မလဲဗျာ။ 85 00:04:05,057 --> 00:04:07,142 အင်း ဒါကိုသိဖို့ ကျွန်တော်တို့ အဖွဲ့အစည်းက 86 00:04:07,142 --> 00:04:09,663 နိူင်ငံအနှံ့မှာရှိတဲ့ ခရိုင်တွေက ဆရာ ၃၀၀၀ နဲ့ တွဲပြီး 87 00:04:09,663 --> 00:04:12,097 "ထိရောက်တဲ့ သင်ကြားမှုကို တိုင်းတာမှုများ"ဆိုတဲ့ 88 00:04:12,097 --> 00:04:14,346 စီမံကိန်းတစ်ခုလုပ်နေပါတယ်။ 89 00:04:14,346 --> 00:04:17,637 စာသင်ခန်းထဲက ဆရာတွေရဲ့ ဗွီဒီယိုတွေကို စောင့်ကြည့်ဖို့ 90 00:04:17,637 --> 00:04:19,803 လေ့လာသူတွေ ထားရှိပြီးလက်တွေ့ လေ့ကျင့်မှုတွေမှာ 91 00:04:19,803 --> 00:04:23,331 လုပ်ဆောင်ပုံအမျိုးမျိုးကို အဆင့်သတ်မှတ်စေပါတယ် 92 00:04:23,331 --> 00:04:25,589 ဥပမာ ကျောင်းသားတွေကို 93 00:04:25,589 --> 00:04:27,680 အကဲစမ်းတဲ့ မေးခွန်းတွေ မေးလား။ 94 00:04:27,680 --> 00:04:31,997 ထင်မြင်ချက်တစ်ခုကို ရှင်းပြဖို့ နည်းလမ်းစုံရှာလား။ 95 00:04:31,997 --> 00:04:35,977 ကျောင်းသားတွေကို မေးခွန်းတွေပါတဲ့ ဆန်းဆစ် လေ့လာချက်တွေကို ဖြေခိုင်းတယ် 96 00:04:35,977 --> 00:04:38,210 သင်ခန်းစာတစ်ခုကို ကျောင်းသားတွေ ဘယ်အချိန်မှာ 97 00:04:38,210 --> 00:04:40,767 နားလည်လဲဆိုတာ မင်းတို့ဆရာသိလား။ 98 00:04:40,767 --> 00:04:43,923 "ကိုယ့်အမှားတွေကို ပြင်ဖို့ သင်ယူနိုင်ခဲ့လား" ဆိုတာမျိုးပေါ့ 99 00:04:43,923 --> 00:04:46,752 ပြီး တွေ့လိုက်ရတာက အရမ်းစိတ်လှုပ်ရှားစရာ ကောင်းပါတယ် 100 00:04:46,752 --> 00:04:50,611 ပထမ ဒီလေ့လာမှုတွေမှာ ကောင်းကောင်း လုပ်ခဲ့တဲ့ ဆရာတွေမှာ 101 00:04:50,611 --> 00:04:53,322 အပြတ်အသတ် ပိုကောင်းတဲ့ ကျောင်းသား အမှတ်စာရင်းတွေရှိတယ် 102 00:04:53,322 --> 00:04:57,010 ဒီတော့ ဒါကကျွန်တော်တို့ မှန်ကန်တဲ့ မေးခွန်းတွေ မေးနေတယ်ဆိုတာ ပြောပြနေတာပေါ့။ 103 00:04:57,010 --> 00:04:59,393 နောက် ဒုတိယက အစီအစဉ်မှာပါတဲ့ ဆရာတွေပြောတာက 104 00:04:59,393 --> 00:05:02,943 ဒီဗီဒီယိုတွေနဲ့ ကျောင်းသားတွေဆီက သုံးသပ်ချက်တွေဟာ 105 00:05:02,943 --> 00:05:05,516 အရမ်းအထောက်အကူရတဲ့ ခွဲခြမ်းစိတ်ဖြာတဲ့ ကိရိယာပါတဲ့၊ 106 00:05:05,516 --> 00:05:08,255 အကြောင်းက ဒါတွေက သူတို့မြှင့်တင်ခဲ့တဲ့ နေရာတွေကို တိကျစွာ 107 00:05:08,255 --> 00:05:10,283 ညွှန်ပြပေးနေတာ ကြောင့်ပါ။ 108 00:05:10,283 --> 00:05:14,326 လုပ်ဆောင်မှုမှာ MET ရဲ့ ဒီဗီဒီယို အစိတ်အပိုင်းက 109 00:05:14,326 --> 00:05:16,910 ဘာပုံစံဆိုတာကို ပြချင်ပါတယ်။ 110 00:05:16,910 --> 00:05:19,127 (ဂီတသံ) 111 00:05:19,127 --> 00:05:21,578 (ဗီဒီယို) Sarah Brown Wessling: အားလုံးပဲ မင်္ဂလာပါ။ 112 00:05:21,578 --> 00:05:23,596 ဒီနေ့ ဘာဖြစ်နေတယ်ဆိုတာ ဆွေးနွေးကြည့်ရအောင် 113 00:05:23,596 --> 00:05:26,685 အစအနေနဲ့ အချင်းချင်းပြန်လည် သုံးသပ်တဲ့ နေ့တစ်နေ့ပါ၊ ဟုတ်တယ်နော် 114 00:05:26,685 --> 00:05:28,840 အချင်းချင်း ပြန်လည်သုံးသပ်တဲ့နေ့။ သင်တို့အတွက် 115 00:05:28,840 --> 00:05:31,733 အတန်းရဲ့ အဆုံးသတ် ရည်ရွယ်ချက်က သင်တို့ တိုးတက်မှုရှိမရှိဆိုတာ 116 00:05:31,733 --> 00:05:34,347 သင်တို့ရဲ့စာတန်းတိုထဲမှာ သက်သေပြ ဆုံးဖြတ်ပေးနိူင်ဖို့ပါ 117 00:05:34,347 --> 00:05:35,816 ကျွန်က Sarah Brown Wessling ပါ 118 00:05:35,816 --> 00:05:38,451 Iowa ပြည်နယ် Johnston အထက်တန်းကျောင်းက အင်္ဂလိပ် ဆရာမပါ 119 00:05:38,451 --> 00:05:40,444 သင့်ဘေးမှာ ထိုင်နေသူဘက်ကို လှည့်လိုက်ပါ။ 120 00:05:40,444 --> 00:05:42,511 တိုးတက်မှုတွေကို သက်သေပြဖို့ ကျွန်မပြောတော့ 121 00:05:42,511 --> 00:05:45,160 ကျွန်မဆိုလိုချက်ဆိုင်ရာ သင့်အမြင်ကို သူတို့ကိုပြောပြပါ 122 00:05:45,160 --> 00:05:47,251 ကျွန်မအထင်ဆရာတွေအတွက် လေ့ကျင်သင်ကြားမှုကို 123 00:05:47,251 --> 00:05:50,244 ကျွန်မတို့မြင်ပုံရဲ့ ယေဘုယျသဘောနဲ့ 124 00:05:50,244 --> 00:05:51,887 ဒါရဲ့အထည်ဒြပ်သဘော ကွာခြားပါတယ်။ 125 00:05:51,887 --> 00:05:55,437 ကောင်းပြီး၊ ဒီတော့ တစ်ဆိတ်လောက် စာတမ်းတွေကို တင်ပြစေချင်ပါတယ် 126 00:05:55,437 --> 00:05:57,840 ဗီဒီယိုက ကျွန်မတို့ကိုပေးတာက သဘာဝကျမှုရဲ့ 127 00:05:57,840 --> 00:05:59,730 သေချာတဲ့ အတိုင်းအတာတစ်ခုလို့ ထင်တယ်။ 128 00:05:59,730 --> 00:06:01,380 ဗီဒီယိုမှာမြင်ရတာကို 129 00:06:01,380 --> 00:06:03,030 လုံးဝငြင်းလို့မရဘူးလေ 130 00:06:03,030 --> 00:06:05,689 ဒါကနေ သင်ယူစရာတွေ အများကြီးပါ 131 00:06:05,689 --> 00:06:07,918 ဒါကို အမှန်တကယ် တွေ့တဲ့အခါ အလုပ်တစ်ခုအနေနဲ့ 132 00:06:07,918 --> 00:06:10,849 ဖွံဖြိုးနိူင်တဲ့နည်းတွေအများကြီးရှိပါတယ်။ 133 00:06:10,849 --> 00:06:13,842 အဖွင့်အပိတ် လုပ်လို့ရတဲ့ ကင်မရာနဲ့ သုံးချောင်းထောက်ကလေးကို 134 00:06:13,842 --> 00:06:16,832 မြင်ကွင်းကျယ် မှန်ဘီလူးထဲမှာ တပ်ဆင်လိုက်ရုံပါ။ 135 00:06:16,832 --> 00:06:19,190 အတန်းအစမှာ အတန်းရဲ့နောက်ကနေပြီး 136 00:06:19,190 --> 00:06:22,185 ဒါကိုတပ်လိုက်ရုံပါပဲ။ ခြောက်ပစ်ကင်း ရိုက်ချက်တော့ မဟုတ်ဘူးပေါ့ 137 00:06:22,185 --> 00:06:24,923 ဖြစ်နေတဲ့ သေးသေးမွှားမွှားတွေတော့ မမိဘူးပေါ့ 138 00:06:24,923 --> 00:06:28,203 ဒါပေမဲ့ အသံကိုကြားနိူင်တယ်။ အများကြီးမြင်နိူင်တယ်။ 139 00:06:28,203 --> 00:06:30,252 ဒါကနေ အများကြီး သင်ယူနိူင်တာပေါ့။ 140 00:06:30,252 --> 00:06:33,137 ဒါကြောင့် တကယ်တမ်း ပြန်တွေးကြည်တော့ ရိုးရှင်းပေမဲ့ 141 00:06:33,137 --> 00:06:35,983 အစွမ်းထက်တဲ့ ကိရိယာတစ်ခုပါ။ 142 00:06:35,983 --> 00:06:39,032 ကောင်းပြီ၊ ပထမ အရှည်တစ်ခုကို ကြည့်ကြရအောင်နော် 143 00:06:39,032 --> 00:06:41,800 တိပ်ခွေနဲ့ဖမ်းပြီးတာနဲ့ ကွန်ပြူတာထဲ ထည့်လိုက်တယ် 144 00:06:41,800 --> 00:06:44,436 ပြီးတော့ စကင်ဖတ်ပြီး တစ်ချက်ကြည့်လိုက်တယ်။ 145 00:06:44,436 --> 00:06:46,548 ကိစ္စတွေက ရေးမချထားရင် မမှတ်မိတော့ဘူးဗျ။ 146 00:06:46,548 --> 00:06:49,873 ဒါကြောင့် မှတ်စုရေးခြင်းဟာ စဉ်းစားခြင်းဖြစ်စဉ်ရဲ့ အစိတ်အပိုင်းတစ်ခုပါ 147 00:06:49,873 --> 00:06:52,580 ရေးနေတာကို မြင်နေရတယ် ဆိုတာသိလာတယ်။ 148 00:06:52,580 --> 00:06:55,469 ဒါကို ကိုယ့်ကို တိုးတက်စေဖို့ အတွက် သုံးခဲ့တယ်၊ 149 00:06:55,469 --> 00:06:59,245 သင်ကြားရေးဗျူဟာနဲ့ နည်းပညာ၊ စာသင်ခန်းစီမံခန့်ခွဲမှုမှာ 150 00:06:59,245 --> 00:07:02,514 ကိုယ်ပိုင် သုံးသပ်ချက်တွေမှာ သုံးပါတယ်။ 151 00:07:02,514 --> 00:07:06,020 ပြီးတော့ စာသင်ခန်းရဲ့ ရှုထောင့်မျိုးစုံရောပေါ့။ 152 00:07:06,020 --> 00:07:08,364 ဒီဖြစ်စဉ်ကြိုပြီး လုပ်ထားရတာကို ဝမ်းသာတယ်။ 153 00:07:08,364 --> 00:07:11,219 ဒီတော့ အလုပ်ဖြစ်တာနဲ့ မဖြစ်တာကို နှိုင်းယှဉ်လို့ရတာမျိုးပေါ့ 154 00:07:11,219 --> 00:07:14,544 အထင်ပြောရရင် ဒီဗီဒီယိုကလှစ်ပြတာက 155 00:07:14,544 --> 00:07:18,028 ပင်ကိုယ်ကဘာလဲ ဆိုတာကို ဆရာတွေအဖြစ်နဲ့ 156 00:07:18,028 --> 00:07:21,185 သင်ယူဖို့၊ နားလည်စေဖို့ အထောက်အကူပေးတဲ့ နည်းလမ်းတွေ၊ 157 00:07:21,185 --> 00:07:23,792 ကျွန်မတို့ရဲ့ ပိုကျယ်ဝန်းတဲ့ အသိုင်းအဝိုင်းတွေကို 158 00:07:23,792 --> 00:07:27,628 ဒီရှုပ်တွေးတဲ့အလုပ်က တကယ့်တော့ ဘာလဲဆိုတာ နားလည်ဖို့ပါ 159 00:07:27,628 --> 00:07:31,760 ဒါဟာ သင်ခန်းစာ အစီအစဉ်တစ်ခုမှာ 160 00:07:31,760 --> 00:07:34,675 စံသတ်မှတ်ချက်တစ်ခုမှာ 161 00:07:34,675 --> 00:07:36,828 သင်ကြားရေး စာအုပ်တစ်အုပ်မှာ 162 00:07:36,828 --> 00:07:39,057 ဖော်တောင်မပြနိူင်တာတွေကို 163 00:07:39,057 --> 00:07:41,617 စံနမူနာပြဖို့ နည်းလမ်းတစ်ခုပါ။ 164 00:07:41,617 --> 00:07:44,233 ကောင်းပြီ။ အားလုံး အရမ်းကောင်းတဲ့ နားရက်ဖြစ်ပါစေရှင် 165 00:07:44,233 --> 00:07:45,469 နောက်မှတွေ့မယ်နော် 166 00:07:45,469 --> 00:07:47,756 (အတန်းတိုင်းဟာ ဒီအတိုင်းပါပဲ) 167 00:07:47,756 --> 00:07:53,183 (လက်ခုပ်သံများ) 168 00:07:53,183 --> 00:07:56,155 Bill Gates: တစ်နေ့မှာ အမေမရိကမှာရှိတဲ့ 169 00:07:56,155 --> 00:07:58,839 စာသင်ခန်းတိုင်းဟာ ဒီလိုမျိုး ဖြစ်စေချင်ပါတယ် 170 00:07:58,839 --> 00:08:01,460 ဒါပေမဲ့ ဒီထက်ပိုလုပ်စရာတွေက ရှိသေးတယ်။ 171 00:08:01,460 --> 00:08:04,180 ဆရာတစ်ယောက် တိုးတက်ဖို့ နယ်ပယ်ကို ရှာဖွေခြင်းဟာ 172 00:08:04,180 --> 00:08:06,767 တိုက်ပွဲ့ရဲ့ တစ်ဝက်ပဲ ရှိပါသေးတယ်။ 173 00:08:06,767 --> 00:08:09,152 ရှာဖွေတွေ့ရှိခြင်းအပေါ် လုပ်ဆောင်ဖို့ 174 00:08:09,152 --> 00:08:11,650 ကိရိယာတွေကိုလည်း ပေးရမှာပါ။ 175 00:08:11,650 --> 00:08:13,565 အပိုင်းကိန်းတွေကို သင်ပုံသင်နည်း 176 00:08:13,565 --> 00:08:15,306 တိုးတက်အောင် လုပ်ချင်ရင်တော့ဗျာ 177 00:08:15,306 --> 00:08:17,814 ကမ္ဘာမှာ အတော်ဆုံး အပိုင်းကိန်းသင်သူရဲ့ 178 00:08:17,814 --> 00:08:21,526 ဗီဒီယိုကို ကြည်နိူင်စွမ်းတော့ ရှိသင့်တာပေါ့။ 179 00:08:21,526 --> 00:08:24,268 ဒါကြောင့် ဒီပြီးပြည့်စုံတဲ့ ဆရာအား သုံးသပ်ဖို့နဲ့ 180 00:08:24,268 --> 00:08:27,378 မြှင့်တင်ရေးစနစ်ဟာ လွယ်မှာမတော့ဟုတ်ဘူး။ 181 00:08:27,378 --> 00:08:29,388 ဥပမာ တစ်ချို့ဆရာတွေက 182 00:08:29,388 --> 00:08:31,856 စာသင်ခန်းထဲက ကင်မရာနဲ့ 183 00:08:31,856 --> 00:08:34,656 ချက်ချင်းကြီး အသားကျသေးမှာ မဟုတ်ဘူး။ 184 00:08:34,656 --> 00:08:37,972 ဒါကရှင်းပါတယ်။ ဒါပေမဲ့ MET နဲ့ ကျွန်တော်တို့ 185 00:08:37,972 --> 00:08:39,948 အတွေအကြုံက ပေးတာက ဒီဖြစ်စဉ်ကို 186 00:08:39,948 --> 00:08:41,924 ဆရာတွေ ကိုင်တွယ်နိူင်ရင် 187 00:08:41,924 --> 00:08:43,902 သူတို့စာသင်ခန်းမှာ ဗီဒီယိုရရှိပြီး 188 00:08:43,902 --> 00:08:46,878 သူတို့တင်ပြချင်တဲ့ သငခန်းစာကို ရွေးရရင် 189 00:08:46,878 --> 00:08:50,639 သူတို့ထဲက တော်တော်များများဟာ ပါဝင်ဖို့ စိတ်ထက်သန်မှာပါ 190 00:08:50,639 --> 00:08:53,592 ဒီစနစ်တည်ဆောက်ဖို့က အတော်အတန်ကြီးမားတဲ့ 191 00:08:53,592 --> 00:08:56,615 အရင်းအနှီးလည်း လိုပါလိမ့်မယ်။ 192 00:08:56,615 --> 00:08:59,972 ကျွန်တော်တို့ အဖွဲ့အစည်းက ဒါဟာ 193 00:08:59,972 --> 00:09:02,127 ၅ သန်းလောက်ထိ ကုန်ကျနိုင်တယ်လို့ ခန့်မှန်းတယ်။ 194 00:09:02,127 --> 00:09:06,481 အခုတော့ ဒါဟာ ကြီးမားတဲ့ ကိန်းတစ်ခုပါ၊ ဒါပေမဲ့ ရှေရည်အကျိုးနဲ့ ယဉ်ပြောရရင်တော့ 195 00:09:06,481 --> 00:09:08,474 ကျွန်တော်တို့သုံးနေတဲ့ ဆရာတွေရဲ့ 196 00:09:08,474 --> 00:09:12,769 လစာရဲ့ ၂ ရာခိုင်နှုန်းထက် မပိုပါဘူး။ 197 00:09:12,769 --> 00:09:16,081 ဆရာတွေအအတွက် သက်ရောက်မှုက အံ့မခန်းပါ 198 00:09:16,081 --> 00:09:20,038 နောက်ဆုံးမှာ သူတို့ကို သုံးသပ်ချက်ပေးဖို့ နည်းလမ်းတစ်ခုရမှာပါ။ 199 00:09:20,038 --> 00:09:22,735 ဒါကို ဆောင်ရွက်ဖို့ နည်းလမ်း တွေရောပေါ့။ 200 00:09:22,735 --> 00:09:24,750 ဒါပမဲ့ ဒီစနစ်က နူင်ငံအတွက် အရေးပါတဲ့ 201 00:09:24,750 --> 00:09:27,710 အကျိုးက ပိုပြီးများပါလိမ့်မယ်။ 202 00:09:27,710 --> 00:09:30,883 ကျောင်းသာအားလုံးကို ကြီးမားကျယ်ပြန့်တဲ့ ပညာရေးကိုရရှိဖို့၊ 203 00:09:30,883 --> 00:09:34,082 စိတ်ချမ်းသာပြီး လုပ်ရကျိုးနပ်တဲ့ အလုပ်အကိုင်တစ်ခုရဖို့ 204 00:09:34,082 --> 00:09:36,773 သူတို့စိတ်ကူးတွေအတိုင်း နေဖို့အခွင့်အလမ်းရဖို့ 205 00:09:36,773 --> 00:09:40,012 ကျွန်တော်တို့ကို သေချာတဲ့ လမ်းကြာင်းမှန်ကို ပို့ပေးပါလိမ့်မယ်။ 206 00:09:40,012 --> 00:09:44,366 ပိုပြီးအောင်မြင်တဲ့ နိင်ငံတစ်ခု ဖြစ်စေရုံတင်မက 207 00:09:44,366 --> 00:09:49,870 တရားမျှတဲ့ နိူင်ငံဖြစ်အောင်လည်း လုပ်ပေးဦမှာပါ။ 208 00:09:49,870 --> 00:09:52,605 ကျွန်တော် စိတ်လှုပ်ရှားမိတာက ထောက်ပံ့မှုလိုအပ်ပြီး 209 00:09:52,605 --> 00:09:56,884 ထိုက်တန်တဲ့ ဆရာတွေအားလုံးကို အခွင့်အရေးပေးနိူင်တာကိုပါ။ 210 00:09:56,884 --> 00:09:59,081 ခင်ဗျားတို့ရောပဲလို့ မျှော်လင့်မိပါတယ်။ 211 00:09:59,081 --> 00:10:00,852 ကျေးဇူးတင်ပါတယ်။ 212 00:10:00,852 --> 00:10:09,160 (လက်ခုပ်သံများ)