အသက်ရှူသင့်ပုံ | Belisa Vranich | TEDxManhattanBeach
-
0:12 - 0:14အသက်ကို နက်ရှိုင်းစွာ ရှူလိုက်ကြပါ။
-
0:14 - 0:16ဟုတ်ကဲ့၊ အခုကို ရှူကြပါ။
-
0:16 - 0:19ထိုင်ခုံနောက်ကျောကို မှီနေရာမှ
ဆန့်ထွက်လိုက်ပါ။ -
0:19 - 0:23ဖြောင့်မတ်စွာ ထိုင်နေရင်း
တဝကြီး ရှူသွင်းကြပါ၊ အပြည့် ရှူသွင်းကြပါ။ -
0:23 - 0:25အဲဒီနောက် မှုတ်ထုတ်လိုက်ကြပါ။
-
0:25 - 0:29တချိန်လုံး နက်ရှိုင်းစွာ ရှူသွင်းလိုက်၊
ပြီးတော့ မှုတ်ထုတ်နေကြပါ။ -
0:29 - 0:32အသက်ကို ရှူသွင်းနေစဉ် နည်းနည်းလေး
အရပ်ရှည်ထွက်လာသလို ခံစားမိကြလား။ -
0:32 - 0:33ဟုတ်တယ် နော်။
-
0:33 - 0:35အရပ်မြင့်လာပြီး ဆန့်ထွက်လာတာကို၊
-
0:35 - 0:37မှုတ်ထုတ်ချိန်မှာ
ပြန်ပြီး နိမ့်ကျသွားသလိုလဲ။ -
0:37 - 0:39ကျွန်မ အဲဒါကို မြင်နိုင်ပါတယ်။
-
0:39 - 0:43အဲဒီလို ခံစားရရင်၊ ရှင်တို့ဟာ
"ဒေါင်လိုက် အသက်ရှူသူ"တွေပါ။ -
0:43 - 0:49ဝမ်းနည်းစရာ ကောင်းတာက အဲဒါ ဇီဝဖွဲ့စည်းမှု
အရ မဖြစ်သင့်တဲ့ အသက်ရှူမှုမျိုးပါ။ -
0:49 - 0:52ရှင်တို့ဟာ ကိုယ့်ခန္ဓာကိုယ်နဲ့
စည်းချက်မကိုက်ဘဲ အသက်ရှူနေကြတာပါ။ -
0:52 - 0:56ဒါပေမဲ့ လူဆယ်ယောက်ထဲမှာ
ကိုးယောက်က အဲဒီလို အသက်ရှူကြတာပါ။ -
0:56 - 0:59အဲဒီလို ဒေါင်လိုက် အသက်ရှူတဲ့အခါ
ဖြစ်ပျက်ပုံက ဒီလိုရှိပါတယ်။ -
0:59 - 1:04ပထမဦးဆုံးက ရှင်တို့ရဲ့ လည်ပင်းနဲ့ ပခုံး
ကြွက်သားတွေကို လွန်ကဲစွာ အသုံးပြုမှုပါ။ -
1:04 - 1:08ရှင်တို့ရဲ့ လည်ပင်းနဲ့ ပခုံးကြွက်သားတွေဟာ
အသက်ရှူရေး ကြွက်သားများ မဟုတ်ကြပါ။ -
1:08 - 1:10အဲဒီလို လှုပ်ရှားမှုဟာ
မသိမသာလေး ဖြစ်ပေမဲ့၊ -
1:10 - 1:13ကျွန်ုပ်တို့ဟာ နေ့စဉ် အကြိမ်ထောင်ချီ
လုပ်ကိုင်ကြရပါတယ်၊ -
1:13 - 1:18တစ်နှစ်ကို အကြိမ် သန်းပေါင်းများစွာ၊
နှစ်စဉ် လုပ်ကိုင်ကြရပါတယ်။ -
1:18 - 1:20ဒီတော့ ရှင်တို့ရဲ့ လည်ပင်းနဲ့
ပခုံး ကိုက်ခဲနေရင် - -
1:20 - 1:21မသိမသာ ကိုက်ခဲနေရေင် -
-
1:21 - 1:24ကားကြောင့်ပါ၊ ကွန်ပျူတာကြောင့်ပါ
အပြစ်ဖို့နိုင်ပေမဲ့၊ -
1:24 - 1:27အဓိကနဲ့ အရေးကြီးဆုံး အကြောင်းရင်းက
ရှင်တို့ရဲ့ အသက်ရှူပုံပါ။ -
1:27 - 1:31ဒုတိယအချက်က ရှင်တို့ဟာ ရှင်တို့ အဆုတ်ရဲ့
အပေါ်ပိုင်းကိုသာ သုံးနေကြပါတယ်။ -
1:31 - 1:35အဆုတ်ရဲ့ အကြီးမားဆုံးနဲ့ အောက်စီဂျင်
အကြွယ်ဝဆုံး အပိုင်းက ဘယ်မှာလဲ။ -
1:35 - 1:37အောက်ပိုင်း ဒီနေရာမှာပါ။
-
1:37 - 1:39ရှင်တို့ရဲ့ လက်တွေကို ယူပြီး
ဒီမှာ ချကိုင်ထားပါ။ -
1:39 - 1:43အဲဒီဆီ၊ ဒီနေရာ အောက်ပိုင်းမှာ။ ရှင်တို့
အဆုတ်ရဲ့ အကြီးဆုံး၊ သိပ်သည်းဆုံး နေရာလေ။ -
1:43 - 1:46ရှင်တို့ ဒေါင်လိုက် အသက်ရှူစဉ်
အဲဒကို ရှင်တို့ အသုံးပြုကြသလား။ -
1:46 - 1:47မသုံးကြပါ။
-
1:47 - 1:51အဲဒါကြောင့် ရှင်တို့ဟာ လက်တွေ့တွင်
နည်းနည်းနဲ့ အကြိမ်များစွာ ရှူကြရပါတယ်။ -
1:51 - 1:54ကိုယ်လိုနေတဲ့ လေကို ရုယူရန်
အမြန် ရှူသွင်းမှုမျိုးပါ။ -
1:55 - 1:58စိတ်ပညာရှင် ဖြစ်တဲ့ ကျွန်မအတွက်
အံ့အားသင့်စရာ အကောင်းဆုံးက- -
1:59 - 2:02ရှင်တို့ရဲ့ နောက်ကျောမှ ဦးခေါင်းဆီက၏
သွားတဲ့ vagus ဆိုတဲ့ အာရုံကြောပါ၊ -
2:02 - 2:04၎င်းဟာ တကိုယ်လုံးအနှံ့ ကူးဖြတ်ထားပါတယ်။
-
2:04 - 2:06"Vagus" က လက်တင်ဘာသာအရ
"လည်ပတ်နေသူ" ဖြစ်ပါတယ်။ -
2:06 - 2:09တကယ်ပါပဲ၊ ၎င်းဟာ ရှင်တို့ရဲ့
ခန္ဓာကို တစ်ခုလုံးကို ကူးဖြတ်လျက်၊ -
2:09 - 2:13ဦးနှောက်အတွက် ခံစားမှုဆိုင်ရာ
အချက်ပြမှုတွေကို လိုက်စုစည်းနေတာပါ။ -
2:13 - 2:15ခုနက ပြောတဲ့ ရှင်တို့ရဲ့
ဒေါင်လိုက်အသက်ရှုမှုမှာ၊ -
2:15 - 2:18vagus အာရုံကြော အလိုလိုနေရင်း
-
2:18 - 2:22ရှင်တို့ကို တိုက်ရမလား၊ ထွက်ပြေးရမလား
ဆိုပြီး ဖိစီးလာစေပါတယ်။ -
2:22 - 2:24အဲဒါ ရှင်တို့ရဲ့ ပတ်ဝန်းကျင် အခြေအနေနဲ့
မသက်ဆိုင်ပါ- -
2:24 - 2:27ပတ်ဝန်းကျင်က ဘယ်လောက်ပဲ ကောင်းနေနေ-
-
2:27 - 2:30ရှင်တို့အတွက် တိုက်ရမလား၊
ထွက်ပြေးရမလား ဆိုတာမျိုးပါ။ -
2:30 - 2:34ဖိစီးမှုနဲ့ ဆက်စပ်နေတဲ့ အဲဒီအချက်ကြောင့်
ကျွန်မး အသက်ရှူမှုကို စိတ်ဝင်စားလာခဲ့တယ်။ -
2:34 - 2:40လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက ကျွန်မ
နိုးလာတော့ မေးရိုးဟာ တအား ကိုက်ခဲနေခဲ့တယ်။ -
2:40 - 2:42ကျွန်မဟာ သွားကုဆရာဝန်ကို သွားပြရပါတယ်။
-
2:42 - 2:45အဲဒီမှာ ကိုယ်က မကြားချင်ဆုံး
စကားလုံးတွေကို ကြားခဲ့ရပါတယ်။ -
2:45 - 2:48"ခင်ဗျားဆီမှာ သွားကုမှု အာမခံ ရှိပါသလား။"
-
2:48 - 2:49(ရယ်သံများ)
-
2:49 - 2:50ကျွန်မဆီမှာ မရှိခဲ့ပါ။
-
2:50 - 2:53ပြီးတော့ ဆန္ဒပြင်းပြသူ ပုံစံအေ ဖြစ်တော့၊
ကျွန်မဟာ သွားတွေကို ကြိတ်နေခဲ့ရုံသာမက -
2:53 - 2:55၎င်းတို့ကို ချေမှုန်းပစ်နေခဲ့ပါတယ်။
-
2:55 - 2:57အဲဒါနဲ့ ဒေါ်လာ ထောင်ချီ
ကုန်သွားပြီးလို့ -
2:57 - 3:01ကျွန်မ ကျွန်မရဲ့ ဖိစီးမှုကို မထိန်းချုပ်
နိုင်တာကို၊ ဖိစီးမှုက ကျွန်မကို -
3:01 - 3:03ထိန်းချုပ်နေခဲ့တာကို နားလည်မိတယ်။
-
3:03 - 3:05အဲဒါကမှ အပြောင်းအလဲကို ဖန်တီးပေးခဲ့တယ်။
-
3:05 - 3:08ကျွန်မဟာ ယောဂ အတန်းတွေ
တက်မှုဖြင့် စတင်ခဲ့တယ်၊ -
3:08 - 3:11သင်တန်း စစချင်း ကျွန်မတို့ဟာ
အသက်ရှူရေး လေ့ကျင့်ခန်းတွေ လုပ်ခဲ့ရတယ်။ -
3:11 - 3:14ကျွန်မဟာ kapalabhati၊ ujjayi စတဲ့
အသုံးအနှုန်းတွေကို ကြားခဲ့ရတယ်။ -
3:14 - 3:18ကျွန်မတို့ နှာခေါင်းပေါက် တစ်ခုမှ အသက်ရှူ၊
ပြီးတော့ နောက်တစ်ပေါက်မှ ရှူခဲ့ရတယ်၊ -
3:18 - 3:20အသက်ရှုမှု အောင့်ရတာလည်း ပါခဲ့တယ်။
-
3:20 - 3:23ကျွန်မ စိတ်ဝင်စားလာမိကာ
ဆက်ပြီး လေ့လာဖို့ ဆုံးဖြတ်လိုက်တယ်။ -
3:23 - 3:26တွေ့သမျှ သင်တန်းကို တက်ခဲ့ပြီး၊
တွေ့တဲ့ စာအုပ်တိုင်းကို ဖတ်ခဲ့တယ်၊ -
3:26 - 3:28သိပ္ပံဆောင်းပါးတိုင်းကို ဖတ်ရှုခဲ့တယ်။
-
3:28 - 3:33ကျွန်မဟာ gong baths နဲ့ chakra ထိန်းညှိမှု
အတန်းတွေကို တက်ခဲ့တယ်။ -
3:34 - 3:39ဆဲလ်ဖြင့် အသက်ရှူမှု၊ အောက်စီဂျင် ဖလှယ်မှု
နှုန်းအကြောင်း ဆောင်းပါးတွေ ဖတ်ခဲ့တယ်။ -
3:39 - 3:43မီးဖွားစဉ်၊ ရေငုပ်စဉ်၊ သီချင်းဆိုစဉ်နဲ့
စစ်ရေးလေ့ကျင့်စဉ် -
3:43 - 3:47အသက်ရှူမှု အကြောင်းကို လေ့လာခဲ့တယ်။
-
3:47 - 3:51ကျွန်မအတွက် စိုးရိမ်စရာ အကောင်းဆုံးအချက်က
ကျွန်မ ပတ်ဝန်းကို လေ့လာကြည့်တော့၊ -
3:51 - 3:55ကျွန်မ သိခဲ့တဲ့ လူတိုင်းလိုလို
အသက်ရှူပုံ မမှန်ခဲ့ခြင်းပါပဲ။ -
3:55 - 3:58ဆေးဖက် သုတေသနရဲ့ အဆိုအရ-
-
3:58 - 4:02အသက်ရှူမှုဟာ
ကျွန်မတို့ရဲ့ အိပ်စက်မှု၊ နောက်ကျော၊ -
4:02 - 4:07အစာခြေမှု၊ မှတ်ဉာဏ်၊ စိုးရိမ်ပူပန်မှုစတဲ့
-
4:07 - 4:08အရာမျိုးစုံအပေါ် သက်ရောက်ပါတယ်။
-
4:08 - 4:12အစာပြွန်နဲ့ တင်ပါးဆုံ ကြမ်းပြင်လို
ကျွန်မတို့ မသိရှိကြတဲ့ ခန္ဓာကိုယ် -
4:12 - 4:15အစိတ်အပိုင်း တွေကိုတောင်
သက်ရောက်မှု ရှိပါတယ်။ -
4:15 - 4:18၎င်းဟာ ခန္ဓာကိုယ် တဝမ်းလုံးမှာ
ကမောက်ကမ ဖြစ်သွားစေနိုင်တယ်။ -
4:18 - 4:23၎င်းဟာ ကျွန်မတို့ရဲ့ ကိုယ်ခံအားစနစ်၊
adrenal ဂလင်း၊ အချဉ်ဓာတ်ကို သက်ရောက်ပါတယ်။ -
4:25 - 4:30အဲဒါနဲ့ ကျွန်မ လေ့လာခဲ့တာတွေကို စနစ်
တကျစုစည်းလျက် စပြီး ပို့ချလာခဲ့ပါတယ်။ -
4:30 - 4:33ကျွန်မဆီ ဖုန်းဆက်လာတဲ့ လူတွေက
ဘယ်သူတွေ ထင်ကြပါသလဲ။ -
4:34 - 4:36ဘဝ ကောင်းစာရေး အဖွဲ့အစည်းထဲက သူတွေများလား။
-
4:36 - 4:38ခေတ်သစ် သမားတွေများလား။
-
4:38 - 4:39မဟုတ်ပါ။
-
4:40 - 4:42SWAT၊ Homeland Security၊
-
4:42 - 4:45DEA နယ်ခြားမျဉ်း ကင်းလှည့်အဖွဲ့၊
-
4:45 - 4:47စစ်တပ်နဲ့ ဥပဒေ လွှမ်းမိုးရေး အဖွဲ့။
-
4:49 - 4:51ကျွန်မတို့ဟာ အသက်ရှူမှု
အရေးပါတာကို သိပါတယ်။ -
4:52 - 4:57ယောဂီများက ကျွန်မတို့ မွေးချိန်မှာ အသက်ရှု
နိုင်မယ့် ပမာဏ သတ်မှတ်ပြီးသားလို့ ဆိုတယ်။ -
4:57 - 5:00ကျွန်မတို့ အသက်ရှူမြန်ရင် ဘဝသက်တာ
တိုပါလိမ့်မည်၊ -
5:00 - 5:05အသက်ကို နက်ရှိုင်းကြာမြင့်စွာ ရှူမယ်ဆိုရင်
အသက်များစွာ ရှည်ပါလိမ့်မည်။ -
5:05 - 5:07အဲဒီနောက် နှစ်ပေါင်း ၄၀၀၀ အကြာတွင်၊
-
5:07 - 5:11Framingham သုတေသနမှ တွေ့လိုက်တာက
အသက်ရှူမှုဟာ -
5:11 - 5:16အသက်ရှည်မှုကို ဟောပေးနိုင်တဲ့
ပမာဏ ဖြစ်လျက် -
5:16 - 5:18အသက်ရှည်မှုနဲ့ ကျန်းမာရေးကို
ဆုံးဖြတ်ပေးတယ်။ -
5:20 - 5:22ရှင်တို့ တွေးထင်မိတာကို ကျွန်မ သိပါတယ်။
-
5:22 - 5:25"ကျွန်တော် အသက်ရှူတာ မှားတယ်
ဆိုတာ ဘယ်လိုများ ဖြစ်နိုင်လဲ။" -
5:26 - 5:28စိတ်မပူပါနဲ့၊ အဲဒါအားလုံး
ခင်ဗျားတို့ အပြစ် မဟုတ်ပါ။ -
5:28 - 5:32ကျွန်မတို့ အသက် ငါးနှစ်မှ ဆယ်နှစ်အတွင်း
အသက်ရှူပုံက ခန္ဓာကိုယ် အောက်ပိုင်းမှနေပြီး -
5:32 - 5:35အပေါ်ပိုင်းဆီကို ပြောင်းလဲသွားတတ်ပါတယ်။
-
5:35 - 5:38အဲဒီလို ဖြစ်ပျက်ရတာ
အကြောင်းတွေ အများကြီးရှိပါတယ်။ -
5:38 - 5:43နံပါတ်တစ်က ကျွန်မတို့ ကျောင်းတက်ကြရပြီး
အချိန်အတော်ကြာ ထိုင်လာရပါတယ်။ -
5:43 - 5:46ထိုင်မှုက ကိုယ်ဟန်အနေအထားကို
ပြောင်းစေလျက် အသက်ရှူမှုကို ပြောင်းစေတယ်။ -
5:47 - 5:50ရှင်တို့ ဆရာဝန်ဆီသွားရင် နားကျပ်နဲ့
ဒီနေရာကို နားထောင်တယ်။ -
5:51 - 5:53သူတို့က "အသက်ပြင်းပြင်းရှူပါ"
လို့ ပြောရင်၊ -
5:53 - 5:56"အင်း၊ ငါ့အဆုတ်က ဒီမှာရှိတယ်"လို့
ထင်လာတယ်။ -
5:58 - 6:01တစ်ယောက်ယော်က ရှင်တို့ ဗိုက်ကို လက်နဲ့
ထိုးလျက် ဝလိုက်တာလို့ ပြောကြတယ်၊ -
6:03 - 6:07အဲဒီလိုနည်းဖြင့် နှစ်တွေ ကြာလာတာနဲ့အမျှ
ပြဿနာတွေ စုစည်းလာကြပါတယ်။ -
6:07 - 6:11အခုလို အရွယ်ရောက် လူကြီးဖြစ်တာတောင်
အဲဒါတွေကို ရင်ဆိုင်နေရတုန်းပါပဲ။ -
6:11 - 6:14ကိုယ့်ကိုကိုယ် နည်းနည်းလေး ပိန်နေသလို
ထင်မှတ်စေချင်လို့ပါ၊ -
6:14 - 6:16အဲဒါဟာ ကြောက်ရွံ့မှုအား
တုံ့ပြန်တဲ့ စိတ်ခံစားမှု တစ်မျိုးပါ၊ -
6:16 - 6:19အဲဒါက ကိုယ့်ကိုကိုယ် ထွက်ပြေးရန် ဒါမှမဟုတ်
-
6:19 - 6:22တိုက်ခိုက်ရန် ပြင်ဆင်ထားဖို့
လှုံ့ဆော်ချက်နဲ့ တူပါတယ်။ -
6:22 - 6:24ကိုယ့်ဗိုက်ကြွက်သွားတွေကို တောင့်ထားမှုက
-
6:24 - 6:28ကျွန်ုပ်တို့ကို ပိုကြံ့ခိုင်စေတယ်ဆိုတဲ့
ပုံပြင်ကို ကျွန်မတို့ ယုံကြည့်ကြလို့ပါ။ -
6:28 - 6:32ဒီတော့ အသက်ရှူမှုဟာ ရှင်တို့ ခန္ဓာကိုယ်ရဲ့
အထက်ပိုင်း တက်ဖို့မှလွဲပြီး ရွေးစရာ မရှိဘဲ -
6:32 - 6:35ဒေါင်လိုက်ရှုမှု ဖြစ်လာပါတော့တယ်။
-
6:35 - 6:37ဒီတော့ ကိုယ် ဘာလုပ်သင့်လဲ။
-
6:38 - 6:43ကိုယ့်အနားရှိ ကလေးငယ်၊ ရှင်တို့ရဲ့ ခွေး၊
ကြောင်၊ ငါးကိုတောင် လေ့လာကြည့်ကြပါ။ -
6:43 - 6:48အသက်ရှူစဉ် ခန္ဓာကိုယ် အလယ်ပိုင်းကို
ချဲ့လိုက် ကျုံ့လိုက် လုပ်ကြပါတယ်။ -
6:48 - 6:52ပြီးတော့ ရင်ဝမ်းခြား ကြွက်သားတွေကို
ကျွန်မတို့ ကောင်းကောင်း နားမလည်ကြလို့ -
6:52 - 6:54အသက်ရှူမှုနဲ့ ပတ်သက်ပြီး
ယူဆချက်တွေ လွဲမှားလာရတာပါ။ -
6:54 - 6:56အဲဒါဟာ အတွင်းပိုင်းရှိ ကြွက်သားပါ၊
-
6:56 - 6:59၎င်းဟာ ဒီမှာ ပြသထားတဲ့ လိုင်းနီ
တစ်လျှောက်မှာ တည်ရှိနေပြီး -
6:59 - 7:03လက်တွေ့တွင် ၎င်းဟာ Starship Enterprise နဲ့
ပိုတူကာ -
7:03 - 7:06ကြီးမားလှတဲ့ အဲဒီကြွက်သားဟာ ကျွန်မတို့
ခန္ဓာကိုယ်ရဲ့ ခလယ်တည့်တည့်နေရာပါ။ -
7:06 - 7:10ကျွန်မတို့ရဲ့ ရင်အုပ်အခေါင်းကို အစာခြေရေး
အင်္ဂါများနဲ့ ခြားပေးထားတယ်။ -
7:10 - 7:14ရှင်တို့က ခွင့်ပြုမယ်ဆိုရင်၊ ကောင်းမွန်စွာ
အသက်ရှူနိုင်ဖို့အတွက် ၎င်းကို အဲဒီနေရာမှာ -
7:14 - 7:15ထားရှိပေးထားတာပါ။
-
7:15 - 7:18ဒီတော့ ရင်ဝမ်းခြား ကြွက်သားနဲ့
အကျွမ်းတဝင် ဖြစ်ဖို့ လိုပါတယ်။ -
7:18 - 7:19အခုတော့၊ ရှင်တို့ရဲ့ လက်ချောင်းတွေကို
-
7:19 - 7:22ဒီနေရာ တည့်တည့်၊ ရင်ညွန့်ရိုးမှာ
ထားပါ။ အိုကေလား။ -
7:22 - 7:25လက်ချောင်းတွေဖြင့် နံရိုးတွေရဲ့
အောက်ဖက်ကို ဆင်းသွားပါ။ -
7:25 - 7:26ဆက် သွားရင်း ဒီနေရာ အရောက် သွားကြမယ်။
-
7:26 - 7:32နံရိုးတွေဟာ ရှင်တို့ရဲ့ ရင်ညွန့်ရိုးနဲ့
လက်ကိုင်သဖွယ် ချိတ်ဆက်နေပါတယ်။ -
7:32 - 7:37အသက်ရှူသွင်းရင် ၎င်းတို့ဟာ
ဘေးတိုက် အပြင်ဖက်ကို ရွေ့ကြမယ်။ -
7:38 - 7:41ရှူထုတ်ချိန်မှာ၊ ၎င်းတို့ဟာ
ခန္ဓာကိုယ်နှင့်အတူ ကျုံ့လာကြမယ်။ -
7:41 - 7:45ခန္ဓာကိုယ်ဟာ သိပ်ကို လှပတဲ့ စက်ကြီးပါပဲ။
-
7:47 - 7:52ဒါပေမဲ့ ကျွန်မတို့ရဲ့ ကျန်းမာရေးအတွက်
သိပ်ကို အချက်အချာကျတဲ့ ဒီအရာကို၊ -
7:53 - 7:58အထူးသဖြင့် ကွန်ပျူတာတွေရဲ့ စခရင်တွေ၊
လက်မှာကိုင်ရတဲ့ ကိရိယာတွေ၊ ကြည့်ရှုနေစဉ် -
7:59 - 8:03အနည်းငယ်မျှသော
လေကို ရှူသွင်းကြချိန်မျိုးမှာ၊ -
8:03 - 8:08နည်းနည်းရှူမှုနဲ့ နည်းနည်းရှူထုတ်မှု၊
လုံးဝမရှူနိုင်ချိန်မှာ ပြန်အာရုံစိုက်ရမယ်။ -
8:08 - 8:09ကောင်းပြီ၊ အဲဒါကို ပြင်ကြမယ်။
-
8:09 - 8:12ထိုင်ခုံနောက်ကျောကို မှီနေရာမှ
ဆန့်ထွက်လာကြပါ။ -
8:12 - 8:12လာကြပါ။
-
8:12 - 8:15ရှင်တို့ ကုလားထိုင်ရှေ့နားမှာ
ရွှေ့ထိုင်ပါ။ ကောင်းပြီ။ -
8:15 - 8:17ကျွန်မတို့ အသက်ရှူမှု လေ့ကျင့်မယ်။
-
8:17 - 8:18Rock and Roll လို့ ခေါ်ပါတယ်။
-
8:18 - 8:20ရှင်တို့ရဲ့ လက်တွေကို ဗိုက်ပေါ် တင်ထားပါ။
-
8:20 - 8:23ရှင်တို့ရဲ့ ရင်ဝမ်းခြားကြွက်သား
စပါဝင်လာစေရန် -
8:23 - 8:25ကျွန်မတို့ဟာ လေ့ကျင့်ခန်းကို
ခပ်ကြမ်းကြမ်း လုပ်ကြရမယ်။ -
8:25 - 8:28အဲဒါကြောင့် ရှင်တို့ နည်းနည်းလေး
ခေါင်းမူးသလို ခံစားရနိုင်တယ်။ -
8:28 - 8:29ပျော်စရာကြီးနော်။
-
8:29 - 8:30(ရယ်သံများ)
-
8:30 - 8:33ရှေ့ကို ညွတ်လိုက်ကြပါ။ အသက်ရှူသွင်းရင်း
ဗိုက် လှုပ်ရှားပါစေ။ အသင့်ဘဲလား။ -
8:33 - 8:38ရှေ့ကို ညွတ် အသက်ရှူရင်း ဆန့်ထွက်လိုက်ပါ၊
မှုတ်ထုတ်ရင်း ကျုံ့လျက် ကျောကို ခုံးပေးပါ။ -
8:38 - 8:41ဗိုက်အတွင်းသားဟာ ကျောရိုးနဲ့ ကပ်လာပါစေ။
-
8:41 - 8:42ဗိုက်ကြွက်သွားတွေ သုံးပါ။
-
8:42 - 8:45ရှူသွင်း၊ ရှေ့ကို ညွတ်ပေး၊
ဗိုက်ဖေါင်းလာပါစေ။ -
8:45 - 8:46အဲဒါ ဆန့်ထုတ်ပစ်ပါ။
-
8:46 - 8:48မှုတ်ထုတ်၊ ညှစ်၊
ရှိသမျှလေကို အပြင်ကို ထုတ်ပစ်။ -
8:48 - 8:51ရှင်တို့ရဲ့ ပခုံးတွေကို ဖြေလျော့ထားပါ၊
ဒီထဲ မပါဝင်အပ်ပါ။ -
8:51 - 8:55တဝကြီး ရှုသွင်း၊ ဆန့်ထုတ်။
မှုတ်ထုတ်၊ ညှစ်ထုတ်။ -
8:55 - 8:58ရှေ့ကို ဆန့်ထုတ်လိုက်၊ ပြန်ဆုတ်လိုက်။
-
8:58 - 9:00ရှင်တို့ဟာ အခုတော့ ဘေးတိုက်
အသက်ရှူနေကြပါပြီ။ -
9:00 - 9:02ကျွန်မတို့ အသက်ရှူလေ့ကျင့်ခန်း လုပ်နေတာပါ။
-
9:02 - 9:05ဒါက ရေတွက်ရင်း အသက်ရှူနည်းပါ။
စစ်တပ်ထံမှ လာတဲ့နည်းပါ။ -
9:05 - 9:08အဲဒါဟာ ကျွန်မ အကြိုက်ဆုံး၊
နည်းဗျူဟာ အသက်ရှူမှုပါ။ -
9:08 - 9:11အခုတော့ ရှင်တို့ဟာ လေးအထိ အသက်ရှူသွင်း၊
လေးအထိ မှုတ်ထုတ်၊ -
9:11 - 9:13ခြောက်အထိ မှုတ်ထုတ်၊ နှစ်အထိ အောင့်ထား။
-
9:13 - 9:16ကျွန်မတို့ အတူတူ လုပ်ကြမယ်။
အသင့်ဘဲလား။ အိုကေ။ -
9:16 - 9:19ရှူသွင်းမယ်း - နှစ်၊ သုံး၊ လေး -
-
9:19 - 9:22အောင့်ထားမယ် - နှစ်၊ သုံး၊ လေး -
-
9:22 - 9:26မှုတ်ထုတ်မယ် - နှစ်၊
သုံး၊ လေး၊ ငါး၊ ခြောက် - -
9:26 - 9:27စောင့်မယ် - နှစ်။
-
9:27 - 9:30ရှူသွင်းမယ်း - နှစ်၊ သုံး၊ လေး -
-
9:30 - 9:33အောင့်ထားမယ် - နှစ်၊ သုံး၊ လေး -
-
9:33 - 9:37မှုတ်ထုတ်မယ် - နှစ်၊ သုံး၊
လေး၊ ငါး၊ ခြောက် - -
9:37 - 9:38စောင့်မယ် - နှစ်။
-
9:38 - 9:42ရှူသွင်းမယ်း - နှစ်၊ သုံး၊ လေး -
-
9:42 - 9:45အောင့်ထားမယ် - နှစ်၊ သုံး၊ လေး -
-
9:45 - 9:50မှုတ်ထုတ်မယ် - နှစ်၊ သုံး၊
လေး၊ ငါး၊ ခြောက် - -
9:50 - 9:51စောင့်မယ် - နှစ်။
-
9:51 - 9:55ရှင်တို့ရဲ့ မျက်စိကို ပိတ်လိုက်ကြပါ၊
နှစ်၊ သုံး၊ လေး - -
9:55 - 9:58အောင့်ထားမယ် - နှစ်၊ သုံး၊ လေး -
-
9:58 - 10:03မှုတ်ထုတ်မယ် - နှစ်၊ သုံး၊
လေး၊ ငါး၊ ခြောက် - -
10:03 - 10:05စောင့်မယ် - နှစ်။
-
10:05 - 10:06ရှေ့ကို ညွတ်ပေးပါ။
-
10:06 - 10:10ရှူသွင်းရင်း ရှေဆက်ပြီး ကိုယ့်ဘာသာကိုယ်
လှပပြီး ဇီဝဗေဒအရ -
10:10 - 10:16မှန်ကန်တဲ့ ခန္ဓာကိုယ် အောက်ပိုင်း
ဘေးတိုက် အသက်ရှူမှုကို ပြုလုပ်ကြပါ။ -
10:17 - 10:18ကျေးဇူးတင်ပါတယ်။
-
10:18 - 10:20(လက်ခုပ်သံများ)
- Title:
- အသက်ရှူသင့်ပုံ | Belisa Vranich | TEDxManhattanBeach
- Description:
-
ဒီဟောပြောချက်ကို TED တွေ့ဆုံပွဲ ပုံစံကိုသုံးထားပေမဲ့ ဒေသခံ အဖွဲ့အစည်းမှ စည်းရုံးကျင်းပခဲ့တဲ့ TEDx အခမ်းအနားမှာ ပြုလုပ်ခဲ့တာပါ။ ပိုပြီး သိရှိချင်ရင် http://ted.com/tedx မှာ လေ့လာနိုင်ပါတယ်။
အသက်ရှူမှုဟာ အသက်ရှင်မှုအတွက် သိပ်ကို အရေးပါလှပေမဲ့၊ ကျွန်ုပ်တို့ အများစုဟာ မှားယွင်းစွာ အသက်ရှူနေကြပပါတယ်။ စိတ်ပညာရှင်နဲ့ အသက်ရှူမှုဆိုင်ရာ ပါရဂူဖြစ်သူ Dr. Belisa Vranich က အသက်ရှူမှုဆိုင်ရာ အံ့အားသင့်ဖွယ် အချက်တချို့ကို မျှဝေထားပြီး ဘယ်လို မှန်ကန်စွာ အသက်ရှူသင့်ကြောင်းကို သင်ပြပေးပါတယ်။
- Video Language:
- English
- Team:
- closed TED
- Project:
- TEDxTalks
- Duration:
- 10:26
sann tint approved Burmese subtitles for How to breathe | Belisa Vranich | TEDxManhattanBeach | ||
sann tint accepted Burmese subtitles for How to breathe | Belisa Vranich | TEDxManhattanBeach | ||
sann tint edited Burmese subtitles for How to breathe | Belisa Vranich | TEDxManhattanBeach | ||
Myo Aung edited Burmese subtitles for How to breathe | Belisa Vranich | TEDxManhattanBeach | ||
Myo Aung edited Burmese subtitles for How to breathe | Belisa Vranich | TEDxManhattanBeach | ||
Myo Aung edited Burmese subtitles for How to breathe | Belisa Vranich | TEDxManhattanBeach |