အသက်ကို နက်ရှိုင်းစွာ ရှူလိုက်ကြပါ။ ဟုတ်ကဲ့၊ အခုကို ရှူကြပါ။ ထိုင်ခုံနောက်ကျောကို မှီနေရာမှ ဆန့်ထွက်လိုက်ပါ။ ဖြောင့်မတ်စွာ ထိုင်နေရင်း တဝကြီး ရှူသွင်းကြပါ၊ အပြည့် ရှူသွင်းကြပါ။ အဲဒီနောက် မှုတ်ထုတ်လိုက်ကြပါ။ တချိန်လုံး နက်ရှိုင်းစွာ ရှူသွင်းလိုက်၊ ပြီးတော့ မှုတ်ထုတ်နေကြပါ။ အသက်ကို ရှူသွင်းနေစဉ် နည်းနည်းလေး အရပ်ရှည်ထွက်လာသလို ခံစားမိကြလား။ ဟုတ်တယ် နော်။ အရပ်မြင့်လာပြီး ဆန့်ထွက်လာတာကို၊ မှုတ်ထုတ်ချိန်မှာ ပြန်ပြီး နိမ့်ကျသွားသလိုလဲ။ ကျွန်မ အဲဒါကို မြင်နိုင်ပါတယ်။ အဲဒီလို ခံစားရရင်၊ ရှင်တို့ဟာ "ဒေါင်လိုက် အသက်ရှူသူ"တွေပါ။ ဝမ်းနည်းစရာ ကောင်းတာက အဲဒါ ဇီဝဖွဲ့စည်းမှု အရ မဖြစ်သင့်တဲ့ အသက်ရှူမှုမျိုးပါ။ ရှင်တို့ဟာ ကိုယ့်ခန္ဓာကိုယ်နဲ့ စည်းချက်မကိုက်ဘဲ အသက်ရှူနေကြတာပါ။ ဒါပေမဲ့ လူဆယ်ယောက်ထဲမှာ ကိုးယောက်က အဲဒီလို အသက်ရှူကြတာပါ။ အဲဒီလို ဒေါင်လိုက် အသက်ရှူတဲ့အခါ ဖြစ်ပျက်ပုံက ဒီလိုရှိပါတယ်။ ပထမဦးဆုံးက ရှင်တို့ရဲ့ လည်ပင်းနဲ့ ပခုံး ကြွက်သားတွေကို လွန်ကဲစွာ အသုံးပြုမှုပါ။ ရှင်တို့ရဲ့ လည်ပင်းနဲ့ ပခုံးကြွက်သားတွေဟာ အသက်ရှူရေး ကြွက်သားများ မဟုတ်ကြပါ။ အဲဒီလို လှုပ်ရှားမှုဟာ မသိမသာလေး ဖြစ်ပေမဲ့၊ ကျွန်ုပ်တို့ဟာ နေ့စဉ် အကြိမ်ထောင်ချီ လုပ်ကိုင်ကြရပါတယ်၊ တစ်နှစ်ကို အကြိမ် သန်းပေါင်းများစွာ၊ နှစ်စဉ် လုပ်ကိုင်ကြရပါတယ်။ ဒီတော့ ရှင်တို့ရဲ့ လည်ပင်းနဲ့ ပခုံး ကိုက်ခဲနေရင် - မသိမသာ ကိုက်ခဲနေရေင် - ကားကြောင့်ပါ၊ ကွန်ပျူတာကြောင့်ပါ အပြစ်ဖို့နိုင်ပေမဲ့၊ အဓိကနဲ့ အရေးကြီးဆုံး အကြောင်းရင်းက ရှင်တို့ရဲ့ အသက်ရှူပုံပါ။ ဒုတိယအချက်က ရှင်တို့ဟာ ရှင်တို့ အဆုတ်ရဲ့ အပေါ်ပိုင်းကိုသာ သုံးနေကြပါတယ်။ အဆုတ်ရဲ့ အကြီးမားဆုံးနဲ့ အောက်စီဂျင် အကြွယ်ဝဆုံး အပိုင်းက ဘယ်မှာလဲ။ အောက်ပိုင်း ဒီနေရာမှာပါ။ ရှင်တို့ရဲ့ လက်တွေကို ယူပြီး ဒီမှာ ချကိုင်ထားပါ။ အဲဒီဆီ၊ ဒီနေရာ အောက်ပိုင်းမှာ။ ရှင်တို့ အဆုတ်ရဲ့ အကြီးဆုံး၊ သိပ်သည်းဆုံး နေရာလေ။ ရှင်တို့ ဒေါင်လိုက် အသက်ရှူစဉ် အဲဒကို ရှင်တို့ အသုံးပြုကြသလား။ မသုံးကြပါ။ အဲဒါကြောင့် ရှင်တို့ဟာ လက်တွေ့တွင် နည်းနည်းနဲ့ အကြိမ်များစွာ ရှူကြရပါတယ်။ ကိုယ်လိုနေတဲ့ လေကို ရုယူရန် အမြန် ရှူသွင်းမှုမျိုးပါ။ စိတ်ပညာရှင် ဖြစ်တဲ့ ကျွန်မအတွက် အံ့အားသင့်စရာ အကောင်းဆုံးက- ရှင်တို့ရဲ့ နောက်ကျောမှ ဦးခေါင်းဆီက၏ သွားတဲ့ vagus ဆိုတဲ့ အာရုံကြောပါ၊ ၎င်းဟာ တကိုယ်လုံးအနှံ့ ကူးဖြတ်ထားပါတယ်။ "Vagus" က လက်တင်ဘာသာအရ "လည်ပတ်နေသူ" ဖြစ်ပါတယ်။ တကယ်ပါပဲ၊ ၎င်းဟာ ရှင်တို့ရဲ့ ခန္ဓာကို တစ်ခုလုံးကို ကူးဖြတ်လျက်၊ ဦးနှောက်အတွက် ခံစားမှုဆိုင်ရာ အချက်ပြမှုတွေကို လိုက်စုစည်းနေတာပါ။ ခုနက ပြောတဲ့ ရှင်တို့ရဲ့ ဒေါင်လိုက်အသက်ရှုမှုမှာ၊ vagus အာရုံကြော အလိုလိုနေရင်း ရှင်တို့ကို တိုက်ရမလား၊ ထွက်ပြေးရမလား ဆိုပြီး ဖိစီးလာစေပါတယ်။ အဲဒါ ရှင်တို့ရဲ့ ပတ်ဝန်းကျင် အခြေအနေနဲ့ မသက်ဆိုင်ပါ- ပတ်ဝန်းကျင်က ဘယ်လောက်ပဲ ကောင်းနေနေ- ရှင်တို့အတွက် တိုက်ရမလား၊ ထွက်ပြေးရမလား ဆိုတာမျိုးပါ။ ဖိစီးမှုနဲ့ ဆက်စပ်နေတဲ့ အဲဒီအချက်ကြောင့် ကျွန်မး အသက်ရှူမှုကို စိတ်ဝင်စားလာခဲ့တယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက ကျွန်မ နိုးလာတော့ မေးရိုးဟာ တအား ကိုက်ခဲနေခဲ့တယ်။ ကျွန်မဟာ သွားကုဆရာဝန်ကို သွားပြရပါတယ်။ အဲဒီမှာ ကိုယ်က မကြားချင်ဆုံး စကားလုံးတွေကို ကြားခဲ့ရပါတယ်။ "ခင်ဗျားဆီမှာ သွားကုမှု အာမခံ ရှိပါသလား။" (ရယ်သံများ) ကျွန်မဆီမှာ မရှိခဲ့ပါ။ ပြီးတော့ ဆန္ဒပြင်းပြသူ ပုံစံအေ ဖြစ်တော့၊ ကျွန်မဟာ သွားတွေကို ကြိတ်နေခဲ့ရုံသာမက ၎င်းတို့ကို ချေမှုန်းပစ်နေခဲ့ပါတယ်။ အဲဒါနဲ့ ဒေါ်လာ ထောင်ချီ ကုန်သွားပြီးလို့ ကျွန်မ ကျွန်မရဲ့ ဖိစီးမှုကို မထိန်းချုပ် နိုင်တာကို၊ ဖိစီးမှုက ကျွန်မကို ထိန်းချုပ်နေခဲ့တာကို နားလည်မိတယ်။ အဲဒါကမှ အပြောင်းအလဲကို ဖန်တီးပေးခဲ့တယ်။ ကျွန်မဟာ ယောဂ အတန်းတွေ တက်မှုဖြင့် စတင်ခဲ့တယ်၊ သင်တန်း စစချင်း ကျွန်မတို့ဟာ အသက်ရှူရေး လေ့ကျင့်ခန်းတွေ လုပ်ခဲ့ရတယ်။ ကျွန်မဟာ kapalabhati၊ ujjayi စတဲ့ အသုံးအနှုန်းတွေကို ကြားခဲ့ရတယ်။ ကျွန်မတို့ နှာခေါင်းပေါက် တစ်ခုမှ အသက်ရှူ၊ ပြီးတော့ နောက်တစ်ပေါက်မှ ရှူခဲ့ရတယ်၊ အသက်ရှုမှု အောင့်ရတာလည်း ပါခဲ့တယ်။ ကျွန်မ စိတ်ဝင်စားလာမိကာ ဆက်ပြီး လေ့လာဖို့ ဆုံးဖြတ်လိုက်တယ်။ တွေ့သမျှ သင်တန်းကို တက်ခဲ့ပြီး၊ တွေ့တဲ့ စာအုပ်တိုင်းကို ဖတ်ခဲ့တယ်၊ သိပ္ပံဆောင်းပါးတိုင်းကို ဖတ်ရှုခဲ့တယ်။ ကျွန်မဟာ gong baths နဲ့ chakra ထိန်းညှိမှု အတန်းတွေကို တက်ခဲ့တယ်။ ဆဲလ်ဖြင့် အသက်ရှူမှု၊ အောက်စီဂျင် ဖလှယ်မှု နှုန်းအကြောင်း ဆောင်းပါးတွေ ဖတ်ခဲ့တယ်။ မီးဖွားစဉ်၊ ရေငုပ်စဉ်၊ သီချင်းဆိုစဉ်နဲ့ စစ်ရေးလေ့ကျင့်စဉ် အသက်ရှူမှု အကြောင်းကို လေ့လာခဲ့တယ်။ ကျွန်မအတွက် စိုးရိမ်စရာ အကောင်းဆုံးအချက်က ကျွန်မ ပတ်ဝန်းကို လေ့လာကြည့်တော့၊ ကျွန်မ သိခဲ့တဲ့ လူတိုင်းလိုလို အသက်ရှူပုံ မမှန်ခဲ့ခြင်းပါပဲ။ ဆေးဖက် သုတေသနရဲ့ အဆိုအရ- အသက်ရှူမှုဟာ ကျွန်မတို့ရဲ့ အိပ်စက်မှု၊ နောက်ကျော၊ အစာခြေမှု၊ မှတ်ဉာဏ်၊ စိုးရိမ်ပူပန်မှုစတဲ့ အရာမျိုးစုံအပေါ် သက်ရောက်ပါတယ်။ အစာပြွန်နဲ့ တင်ပါးဆုံ ကြမ်းပြင်လို ကျွန်မတို့ မသိရှိကြတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်း တွေကိုတောင် သက်ရောက်မှု ရှိပါတယ်။ ၎င်းဟာ ခန္ဓာကိုယ် တဝမ်းလုံးမှာ ကမောက်ကမ ဖြစ်သွားစေနိုင်တယ်။ ၎င်းဟာ ကျွန်မတို့ရဲ့ ကိုယ်ခံအားစနစ်၊ adrenal ဂလင်း၊ အချဉ်ဓာတ်ကို သက်ရောက်ပါတယ်။ အဲဒါနဲ့ ကျွန်မ လေ့လာခဲ့တာတွေကို စနစ် တကျစုစည်းလျက် စပြီး ပို့ချလာခဲ့ပါတယ်။ ကျွန်မဆီ ဖုန်းဆက်လာတဲ့ လူတွေက ဘယ်သူတွေ ထင်ကြပါသလဲ။ ဘဝ ကောင်းစာရေး အဖွဲ့အစည်းထဲက သူတွေများလား။ ခေတ်သစ် သမားတွေများလား။ မဟုတ်ပါ။ SWAT၊ Homeland Security၊ DEA နယ်ခြားမျဉ်း ကင်းလှည့်အဖွဲ့၊ စစ်တပ်နဲ့ ဥပဒေ လွှမ်းမိုးရေး အဖွဲ့။ ကျွန်မတို့ဟာ အသက်ရှူမှု အရေးပါတာကို သိပါတယ်။ ယောဂီများက ကျွန်မတို့ မွေးချိန်မှာ အသက်ရှု နိုင်မယ့် ပမာဏ သတ်မှတ်ပြီးသားလို့ ဆိုတယ်။ ကျွန်မတို့ အသက်ရှူမြန်ရင် ဘဝသက်တာ တိုပါလိမ့်မည်၊ အသက်ကို နက်ရှိုင်းကြာမြင့်စွာ ရှူမယ်ဆိုရင် အသက်များစွာ ရှည်ပါလိမ့်မည်။ အဲဒီနောက် နှစ်ပေါင်း ၄၀၀၀ အကြာတွင်၊ Framingham သုတေသနမှ တွေ့လိုက်တာက အသက်ရှူမှုဟာ အသက်ရှည်မှုကို ဟောပေးနိုင်တဲ့ ပမာဏ ဖြစ်လျက် အသက်ရှည်မှုနဲ့ ကျန်းမာရေးကို ဆုံးဖြတ်ပေးတယ်။ ရှင်တို့ တွေးထင်မိတာကို ကျွန်မ သိပါတယ်။ "ကျွန်တော် အသက်ရှူတာ မှားတယ် ဆိုတာ ဘယ်လိုများ ဖြစ်နိုင်လဲ။" စိတ်မပူပါနဲ့၊ အဲဒါအားလုံး ခင်ဗျားတို့ အပြစ် မဟုတ်ပါ။ ကျွန်မတို့ အသက် ငါးနှစ်မှ ဆယ်နှစ်အတွင်း အသက်ရှူပုံက ခန္ဓာကိုယ် အောက်ပိုင်းမှနေပြီး အပေါ်ပိုင်းဆီကို ပြောင်းလဲသွားတတ်ပါတယ်။ အဲဒီလို ဖြစ်ပျက်ရတာ အကြောင်းတွေ အများကြီးရှိပါတယ်။ နံပါတ်တစ်က ကျွန်မတို့ ကျောင်းတက်ကြရပြီး အချိန်အတော်ကြာ ထိုင်လာရပါတယ်။ ထိုင်မှုက ကိုယ်ဟန်အနေအထားကို ပြောင်းစေလျက် အသက်ရှူမှုကို ပြောင်းစေတယ်။ ရှင်တို့ ဆရာဝန်ဆီသွားရင် နားကျပ်နဲ့ ဒီနေရာကို နားထောင်တယ်။ သူတို့က "အသက်ပြင်းပြင်းရှူပါ" လို့ ပြောရင်၊ "အင်း၊ ငါ့အဆုတ်က ဒီမှာရှိတယ်"လို့ ထင်လာတယ်။ တစ်ယောက်ယော်က ရှင်တို့ ဗိုက်ကို လက်နဲ့ ထိုးလျက် ဝလိုက်တာလို့ ပြောကြတယ်၊ အဲဒီလိုနည်းဖြင့် နှစ်တွေ ကြာလာတာနဲ့အမျှ ပြဿနာတွေ စုစည်းလာကြပါတယ်။ အခုလို အရွယ်ရောက် လူကြီးဖြစ်တာတောင် အဲဒါတွေကို ရင်ဆိုင်နေရတုန်းပါပဲ။ ကိုယ့်ကိုကိုယ် နည်းနည်းလေး ပိန်နေသလို ထင်မှတ်စေချင်လို့ပါ၊ အဲဒါဟာ ကြောက်ရွံ့မှုအား တုံ့ပြန်တဲ့ စိတ်ခံစားမှု တစ်မျိုးပါ၊ အဲဒါက ကိုယ့်ကိုကိုယ် ထွက်ပြေးရန် ဒါမှမဟုတ် တိုက်ခိုက်ရန် ပြင်ဆင်ထားဖို့ လှုံ့ဆော်ချက်နဲ့ တူပါတယ်။ ကိုယ့်ဗိုက်ကြွက်သွားတွေကို တောင့်ထားမှုက ကျွန်ုပ်တို့ကို ပိုကြံ့ခိုင်စေတယ်ဆိုတဲ့ ပုံပြင်ကို ကျွန်မတို့ ယုံကြည့်ကြလို့ပါ။ ဒီတော့ အသက်ရှူမှုဟာ ရှင်တို့ ခန္ဓာကိုယ်ရဲ့ အထက်ပိုင်း တက်ဖို့မှလွဲပြီး ရွေးစရာ မရှိဘဲ ဒေါင်လိုက်ရှုမှု ဖြစ်လာပါတော့တယ်။ ဒီတော့ ကိုယ် ဘာလုပ်သင့်လဲ။ ကိုယ့်အနားရှိ ကလေးငယ်၊ ရှင်တို့ရဲ့ ခွေး၊ ကြောင်၊ ငါးကိုတောင် လေ့လာကြည့်ကြပါ။ အသက်ရှူစဉ် ခန္ဓာကိုယ် အလယ်ပိုင်းကို ချဲ့လိုက် ကျုံ့လိုက် လုပ်ကြပါတယ်။ ပြီးတော့ ရင်ဝမ်းခြား ကြွက်သားတွေကို ကျွန်မတို့ ကောင်းကောင်း နားမလည်ကြလို့ အသက်ရှူမှုနဲ့ ပတ်သက်ပြီး ယူဆချက်တွေ လွဲမှားလာရတာပါ။ အဲဒါဟာ အတွင်းပိုင်းရှိ ကြွက်သားပါ၊ ၎င်းဟာ ဒီမှာ ပြသထားတဲ့ လိုင်းနီ တစ်လျှောက်မှာ တည်ရှိနေပြီး လက်တွေ့တွင် ၎င်းဟာ Starship Enterprise နဲ့ ပိုတူကာ ကြီးမားလှတဲ့ အဲဒီကြွက်သားဟာ ကျွန်မတို့ ခန္ဓာကိုယ်ရဲ့ ခလယ်တည့်တည့်နေရာပါ။ ကျွန်မတို့ရဲ့ ရင်အုပ်အခေါင်းကို အစာခြေရေး အင်္ဂါများနဲ့ ခြားပေးထားတယ်။ ရှင်တို့က ခွင့်ပြုမယ်ဆိုရင်၊ ကောင်းမွန်စွာ အသက်ရှူနိုင်ဖို့အတွက် ၎င်းကို အဲဒီနေရာမှာ ထားရှိပေးထားတာပါ။ ဒီတော့ ရင်ဝမ်းခြား ကြွက်သားနဲ့ အကျွမ်းတဝင် ဖြစ်ဖို့ လိုပါတယ်။ အခုတော့၊ ရှင်တို့ရဲ့ လက်ချောင်းတွေကို ဒီနေရာ တည့်တည့်၊ ရင်ညွန့်ရိုးမှာ ထားပါ။ အိုကေလား။ လက်ချောင်းတွေဖြင့် နံရိုးတွေရဲ့ အောက်ဖက်ကို ဆင်းသွားပါ။ ဆက် သွားရင်း ဒီနေရာ အရောက် သွားကြမယ်။ နံရိုးတွေဟာ ရှင်တို့ရဲ့ ရင်ညွန့်ရိုးနဲ့ လက်ကိုင်သဖွယ် ချိတ်ဆက်နေပါတယ်။ အသက်ရှူသွင်းရင် ၎င်းတို့ဟာ ဘေးတိုက် အပြင်ဖက်ကို ရွေ့ကြမယ်။ ရှူထုတ်ချိန်မှာ၊ ၎င်းတို့ဟာ ခန္ဓာကိုယ်နှင့်အတူ ကျုံ့လာကြမယ်။ ခန္ဓာကိုယ်ဟာ သိပ်ကို လှပတဲ့ စက်ကြီးပါပဲ။ ဒါပေမဲ့ ကျွန်မတို့ရဲ့ ကျန်းမာရေးအတွက် သိပ်ကို အချက်အချာကျတဲ့ ဒီအရာကို၊ အထူးသဖြင့် ကွန်ပျူတာတွေရဲ့ စခရင်တွေ၊ လက်မှာကိုင်ရတဲ့ ကိရိယာတွေ၊ ကြည့်ရှုနေစဉ် အနည်းငယ်မျှသော လေကို ရှူသွင်းကြချိန်မျိုးမှာ၊ နည်းနည်းရှူမှုနဲ့ နည်းနည်းရှူထုတ်မှု၊ လုံးဝမရှူနိုင်ချိန်မှာ ပြန်အာရုံစိုက်ရမယ်။ ကောင်းပြီ၊ အဲဒါကို ပြင်ကြမယ်။ ထိုင်ခုံနောက်ကျောကို မှီနေရာမှ ဆန့်ထွက်လာကြပါ။ လာကြပါ။ ရှင်တို့ ကုလားထိုင်ရှေ့နားမှာ ရွှေ့ထိုင်ပါ။ ကောင်းပြီ။ ကျွန်မတို့ အသက်ရှူမှု လေ့ကျင့်မယ်။ Rock and Roll လို့ ခေါ်ပါတယ်။ ရှင်တို့ရဲ့ လက်တွေကို ဗိုက်ပေါ် တင်ထားပါ။ ရှင်တို့ရဲ့ ရင်ဝမ်းခြားကြွက်သား စပါဝင်လာစေရန် ကျွန်မတို့ဟာ လေ့ကျင့်ခန်းကို ခပ်ကြမ်းကြမ်း လုပ်ကြရမယ်။ အဲဒါကြောင့် ရှင်တို့ နည်းနည်းလေး ခေါင်းမူးသလို ခံစားရနိုင်တယ်။ ပျော်စရာကြီးနော်။ (ရယ်သံများ) ရှေ့ကို ညွတ်လိုက်ကြပါ။ အသက်ရှူသွင်းရင်း ဗိုက် လှုပ်ရှားပါစေ။ အသင့်ဘဲလား။ ရှေ့ကို ညွတ် အသက်ရှူရင်း ဆန့်ထွက်လိုက်ပါ၊ မှုတ်ထုတ်ရင်း ကျုံ့လျက် ကျောကို ခုံးပေးပါ။ ဗိုက်အတွင်းသားဟာ ကျောရိုးနဲ့ ကပ်လာပါစေ။ ဗိုက်ကြွက်သွားတွေ သုံးပါ။ ရှူသွင်း၊ ရှေ့ကို ညွတ်ပေး၊ ဗိုက်ဖေါင်းလာပါစေ။ အဲဒါ ဆန့်ထုတ်ပစ်ပါ။ မှုတ်ထုတ်၊ ညှစ်၊ ရှိသမျှလေကို အပြင်ကို ထုတ်ပစ်။ ရှင်တို့ရဲ့ ပခုံးတွေကို ဖြေလျော့ထားပါ၊ ဒီထဲ မပါဝင်အပ်ပါ။ တဝကြီး ရှုသွင်း၊ ဆန့်ထုတ်။ မှုတ်ထုတ်၊ ညှစ်ထုတ်။ ရှေ့ကို ဆန့်ထုတ်လိုက်၊ ပြန်ဆုတ်လိုက်။ ရှင်တို့ဟာ အခုတော့ ဘေးတိုက် အသက်ရှူနေကြပါပြီ။ ကျွန်မတို့ အသက်ရှူလေ့ကျင့်ခန်း လုပ်နေတာပါ။ ဒါက ရေတွက်ရင်း အသက်ရှူနည်းပါ။ စစ်တပ်ထံမှ လာတဲ့နည်းပါ။ အဲဒါဟာ ကျွန်မ အကြိုက်ဆုံး၊ နည်းဗျူဟာ အသက်ရှူမှုပါ။ အခုတော့ ရှင်တို့ဟာ လေးအထိ အသက်ရှူသွင်း၊ လေးအထိ မှုတ်ထုတ်၊ ခြောက်အထိ မှုတ်ထုတ်၊ နှစ်အထိ အောင့်ထား။ ကျွန်မတို့ အတူတူ လုပ်ကြမယ်။ အသင့်ဘဲလား။ အိုကေ။ ရှူသွင်းမယ်း - နှစ်၊ သုံး၊ လေး - အောင့်ထားမယ် - နှစ်၊ သုံး၊ လေး - မှုတ်ထုတ်မယ် - နှစ်၊ သုံး၊ လေး၊ ငါး၊ ခြောက် - စောင့်မယ် - နှစ်။ ရှူသွင်းမယ်း - နှစ်၊ သုံး၊ လေး - အောင့်ထားမယ် - နှစ်၊ သုံး၊ လေး - မှုတ်ထုတ်မယ် - နှစ်၊ သုံး၊ လေး၊ ငါး၊ ခြောက် - စောင့်မယ် - နှစ်။ ရှူသွင်းမယ်း - နှစ်၊ သုံး၊ လေး - အောင့်ထားမယ် - နှစ်၊ သုံး၊ လေး - မှုတ်ထုတ်မယ် - နှစ်၊ သုံး၊ လေး၊ ငါး၊ ခြောက် - စောင့်မယ် - နှစ်။ ရှင်တို့ရဲ့ မျက်စိကို ပိတ်လိုက်ကြပါ၊ နှစ်၊ သုံး၊ လေး - အောင့်ထားမယ် - နှစ်၊ သုံး၊ လေး - မှုတ်ထုတ်မယ် - နှစ်၊ သုံး၊ လေး၊ ငါး၊ ခြောက် - စောင့်မယ် - နှစ်။ ရှေ့ကို ညွတ်ပေးပါ။ ရှူသွင်းရင်း ရှေဆက်ပြီး ကိုယ့်ဘာသာကိုယ် လှပပြီး ဇီဝဗေဒအရ မှန်ကန်တဲ့ ခန္ဓာကိုယ် အောက်ပိုင်း ဘေးတိုက် အသက်ရှူမှုကို ပြုလုပ်ကြပါ။ ကျေးဇူးတင်ပါတယ်။ (လက်ခုပ်သံများ)