1 00:00:12,110 --> 00:00:13,950 အသက်ကို နက်ရှိုင်းစွာ ရှူလိုက်ကြပါ။ 2 00:00:14,217 --> 00:00:16,417 ဟုတ်ကဲ့၊ အခုကို ရှူကြပါ။ 3 00:00:16,417 --> 00:00:18,707 ထိုင်ခုံနောက်ကျောကို မှီနေရာမှ ဆန့်ထွက်လိုက်ပါ။ 4 00:00:18,707 --> 00:00:23,027 ဖြောင့်မတ်စွာ ထိုင်နေရင်း တဝကြီး ရှူသွင်းကြပါ၊ အပြည့် ရှူသွင်းကြပါ။ 5 00:00:23,027 --> 00:00:24,597 အဲဒီနောက် မှုတ်ထုတ်လိုက်ကြပါ။ 6 00:00:24,972 --> 00:00:28,882 တချိန်လုံး နက်ရှိုင်းစွာ ရှူသွင်းလိုက်၊ ပြီးတော့ မှုတ်ထုတ်နေကြပါ။ 7 00:00:28,882 --> 00:00:32,332 အသက်ကို ရှူသွင်းနေစဉ် နည်းနည်းလေး အရပ်ရှည်ထွက်လာသလို ခံစားမိကြလား။ 8 00:00:32,332 --> 00:00:33,072 ဟုတ်တယ် နော်။ 9 00:00:33,072 --> 00:00:34,612 အရပ်မြင့်လာပြီး ဆန့်ထွက်လာတာကို၊ 10 00:00:34,612 --> 00:00:36,812 မှုတ်ထုတ်ချိန်မှာ ပြန်ပြီး နိမ့်ကျသွားသလိုလဲ။ 11 00:00:36,812 --> 00:00:38,562 ကျွန်မ အဲဒါကို မြင်နိုင်ပါတယ်။ 12 00:00:38,562 --> 00:00:42,563 အဲဒီလို ခံစားရရင်၊ ရှင်တို့ဟာ "ဒေါင်လိုက် အသက်ရှူသူ"တွေပါ။ 13 00:00:42,563 --> 00:00:48,623 ဝမ်းနည်းစရာ ကောင်းတာက အဲဒါ ဇီဝဖွဲ့စည်းမှု အရ မဖြစ်သင့်တဲ့ အသက်ရှူမှုမျိုးပါ။ 14 00:00:48,623 --> 00:00:52,423 ရှင်တို့ဟာ ကိုယ့်ခန္ဓာကိုယ်နဲ့ စည်းချက်မကိုက်ဘဲ အသက်ရှူနေကြတာပါ။ 15 00:00:52,423 --> 00:00:56,183 ဒါပေမဲ့ လူဆယ်ယောက်ထဲမှာ ကိုးယောက်က အဲဒီလို အသက်ရှူကြတာပါ။ 16 00:00:56,183 --> 00:00:59,053 အဲဒီလို ဒေါင်လိုက် အသက်ရှူတဲ့အခါ ဖြစ်ပျက်ပုံက ဒီလိုရှိပါတယ်။ 17 00:00:59,053 --> 00:01:03,523 ပထမဦးဆုံးက ရှင်တို့ရဲ့ လည်ပင်းနဲ့ ပခုံး ကြွက်သားတွေကို လွန်ကဲစွာ အသုံးပြုမှုပါ။ 18 00:01:03,523 --> 00:01:07,743 ရှင်တို့ရဲ့ လည်ပင်းနဲ့ ပခုံးကြွက်သားတွေဟာ အသက်ရှူရေး ကြွက်သားများ မဟုတ်ကြပါ။ 19 00:01:07,743 --> 00:01:09,813 အဲဒီလို လှုပ်ရှားမှုဟာ မသိမသာလေး ဖြစ်ပေမဲ့၊ 20 00:01:09,813 --> 00:01:12,543 ကျွန်ုပ်တို့ဟာ နေ့စဉ် အကြိမ်ထောင်ချီ လုပ်ကိုင်ကြရပါတယ်၊ 21 00:01:12,543 --> 00:01:17,613 တစ်နှစ်ကို အကြိမ် သန်းပေါင်းများစွာ၊ နှစ်စဉ် လုပ်ကိုင်ကြရပါတယ်။ 22 00:01:17,613 --> 00:01:20,113 ဒီတော့ ရှင်တို့ရဲ့ လည်ပင်းနဲ့ ပခုံး ကိုက်ခဲနေရင် - 23 00:01:20,113 --> 00:01:21,233 မသိမသာ ကိုက်ခဲနေရေင် - 24 00:01:21,233 --> 00:01:24,133 ကားကြောင့်ပါ၊ ကွန်ပျူတာကြောင့်ပါ အပြစ်ဖို့နိုင်ပေမဲ့၊ 25 00:01:24,133 --> 00:01:27,393 အဓိကနဲ့ အရေးကြီးဆုံး အကြောင်းရင်းက ရှင်တို့ရဲ့ အသက်ရှူပုံပါ။ 26 00:01:27,393 --> 00:01:31,292 ဒုတိယအချက်က ရှင်တို့ဟာ ရှင်တို့ အဆုတ်ရဲ့ အပေါ်ပိုင်းကိုသာ သုံးနေကြပါတယ်။ 27 00:01:31,292 --> 00:01:34,942 အဆုတ်ရဲ့ အကြီးမားဆုံးနဲ့ အောက်စီဂျင် အကြွယ်ဝဆုံး အပိုင်းက ဘယ်မှာလဲ။ 28 00:01:35,218 --> 00:01:36,688 အောက်ပိုင်း ဒီနေရာမှာပါ။ 29 00:01:36,688 --> 00:01:39,058 ရှင်တို့ရဲ့ လက်တွေကို ယူပြီး ဒီမှာ ချကိုင်ထားပါ။ 30 00:01:39,058 --> 00:01:42,828 အဲဒီဆီ၊ ဒီနေရာ အောက်ပိုင်းမှာ။ ရှင်တို့ အဆုတ်ရဲ့ အကြီးဆုံး၊ သိပ်သည်းဆုံး နေရာလေ။ 31 00:01:42,828 --> 00:01:45,898 ရှင်တို့ ဒေါင်လိုက် အသက်ရှူစဉ် အဲဒကို ရှင်တို့ အသုံးပြုကြသလား။ 32 00:01:46,270 --> 00:01:47,000 မသုံးကြပါ။ 33 00:01:47,000 --> 00:01:50,860 အဲဒါကြောင့် ရှင်တို့ဟာ လက်တွေ့တွင် နည်းနည်းနဲ့ အကြိမ်များစွာ ရှူကြရပါတယ်။ 34 00:01:50,860 --> 00:01:54,410 ကိုယ်လိုနေတဲ့ လေကို ရုယူရန် အမြန် ရှူသွင်းမှုမျိုးပါ။ 35 00:01:54,999 --> 00:01:58,419 စိတ်ပညာရှင် ဖြစ်တဲ့ ကျွန်မအတွက် အံ့အားသင့်စရာ အကောင်းဆုံးက- 36 00:01:58,851 --> 00:02:02,141 ရှင်တို့ရဲ့ နောက်ကျောမှ ဦးခေါင်းဆီက၏ သွားတဲ့ vagus ဆိုတဲ့ အာရုံကြောပါ၊ 37 00:02:02,141 --> 00:02:04,121 ၎င်းဟာ တကိုယ်လုံးအနှံ့ ကူးဖြတ်ထားပါတယ်။ 38 00:02:04,121 --> 00:02:06,291 "Vagus" က လက်တင်ဘာသာအရ "လည်ပတ်နေသူ" ဖြစ်ပါတယ်။ 39 00:02:06,291 --> 00:02:09,251 တကယ်ပါပဲ၊ ၎င်းဟာ ရှင်တို့ရဲ့ ခန္ဓာကို တစ်ခုလုံးကို ကူးဖြတ်လျက်၊ 40 00:02:09,251 --> 00:02:12,501 ဦးနှောက်အတွက် ခံစားမှုဆိုင်ရာ အချက်ပြမှုတွေကို လိုက်စုစည်းနေတာပါ။ 41 00:02:12,501 --> 00:02:15,051 ခုနက ပြောတဲ့ ရှင်တို့ရဲ့ ဒေါင်လိုက်အသက်ရှုမှုမှာ၊ 42 00:02:15,051 --> 00:02:17,901 vagus အာရုံကြော အလိုလိုနေရင်း 43 00:02:17,901 --> 00:02:21,681 ရှင်တို့ကို တိုက်ရမလား၊ ထွက်ပြေးရမလား ဆိုပြီး ဖိစီးလာစေပါတယ်။ 44 00:02:21,681 --> 00:02:24,491 အဲဒါ ရှင်တို့ရဲ့ ပတ်ဝန်းကျင် အခြေအနေနဲ့ မသက်ဆိုင်ပါ- 45 00:02:24,491 --> 00:02:26,731 ပတ်ဝန်းကျင်က ဘယ်လောက်ပဲ ကောင်းနေနေ- 46 00:02:26,731 --> 00:02:29,501 ရှင်တို့အတွက် တိုက်ရမလား၊ ထွက်ပြေးရမလား ဆိုတာမျိုးပါ။ 47 00:02:29,501 --> 00:02:34,017 ဖိစီးမှုနဲ့ ဆက်စပ်နေတဲ့ အဲဒီအချက်ကြောင့် ကျွန်မး အသက်ရှူမှုကို စိတ်ဝင်စားလာခဲ့တယ်။ 48 00:02:34,017 --> 00:02:40,017 လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက ကျွန်မ နိုးလာတော့ မေးရိုးဟာ တအား ကိုက်ခဲနေခဲ့တယ်။ 49 00:02:40,017 --> 00:02:42,307 ကျွန်မဟာ သွားကုဆရာဝန်ကို သွားပြရပါတယ်။ 50 00:02:42,307 --> 00:02:45,257 အဲဒီမှာ ကိုယ်က မကြားချင်ဆုံး စကားလုံးတွေကို ကြားခဲ့ရပါတယ်။ 51 00:02:45,402 --> 00:02:47,562 "ခင်ဗျားဆီမှာ သွားကုမှု အာမခံ ရှိပါသလား။" 52 00:02:47,562 --> 00:02:48,682 (ရယ်သံများ) 53 00:02:48,682 --> 00:02:49,812 ကျွန်မဆီမှာ မရှိခဲ့ပါ။ 54 00:02:49,812 --> 00:02:53,482 ပြီးတော့ ဆန္ဒပြင်းပြသူ ပုံစံအေ ဖြစ်တော့၊ ကျွန်မဟာ သွားတွေကို ကြိတ်နေခဲ့ရုံသာမက 55 00:02:53,482 --> 00:02:55,160 ၎င်းတို့ကို ချေမှုန်းပစ်နေခဲ့ပါတယ်။ 56 00:02:55,160 --> 00:02:57,320 အဲဒါနဲ့ ဒေါ်လာ ထောင်ချီ ကုန်သွားပြီးလို့ 57 00:02:57,320 --> 00:03:00,810 ကျွန်မ ကျွန်မရဲ့ ဖိစီးမှုကို မထိန်းချုပ် နိုင်တာကို၊ ဖိစီးမှုက ကျွန်မကို 58 00:03:00,810 --> 00:03:02,680 ထိန်းချုပ်နေခဲ့တာကို နားလည်မိတယ်။ 59 00:03:03,324 --> 00:03:05,404 အဲဒါကမှ အပြောင်းအလဲကို ဖန်တီးပေးခဲ့တယ်။ 60 00:03:05,404 --> 00:03:07,694 ကျွန်မဟာ ယောဂ အတန်းတွေ တက်မှုဖြင့် စတင်ခဲ့တယ်၊ 61 00:03:07,694 --> 00:03:10,884 သင်တန်း စစချင်း ကျွန်မတို့ဟာ အသက်ရှူရေး လေ့ကျင့်ခန်းတွေ လုပ်ခဲ့ရတယ်။ 62 00:03:10,884 --> 00:03:14,034 ကျွန်မဟာ kapalabhati၊ ujjayi စတဲ့ အသုံးအနှုန်းတွေကို ကြားခဲ့ရတယ်။ 63 00:03:14,034 --> 00:03:17,784 ကျွန်မတို့ နှာခေါင်းပေါက် တစ်ခုမှ အသက်ရှူ၊ ပြီးတော့ နောက်တစ်ပေါက်မှ ရှူခဲ့ရတယ်၊ 64 00:03:17,784 --> 00:03:19,514 အသက်ရှုမှု အောင့်ရတာလည်း ပါခဲ့တယ်။ 65 00:03:19,514 --> 00:03:22,554 ကျွန်မ စိတ်ဝင်စားလာမိကာ ဆက်ပြီး လေ့လာဖို့ ဆုံးဖြတ်လိုက်တယ်။ 66 00:03:22,554 --> 00:03:25,784 တွေ့သမျှ သင်တန်းကို တက်ခဲ့ပြီး၊ တွေ့တဲ့ စာအုပ်တိုင်းကို ဖတ်ခဲ့တယ်၊ 67 00:03:25,784 --> 00:03:27,944 သိပ္ပံဆောင်းပါးတိုင်းကို ဖတ်ရှုခဲ့တယ်။ 68 00:03:27,944 --> 00:03:33,084 ကျွန်မဟာ gong baths နဲ့ chakra ထိန်းညှိမှု အတန်းတွေကို တက်ခဲ့တယ်။ 69 00:03:34,137 --> 00:03:39,257 ဆဲလ်ဖြင့် အသက်ရှူမှု၊ အောက်စီဂျင် ဖလှယ်မှု နှုန်းအကြောင်း ဆောင်းပါးတွေ ဖတ်ခဲ့တယ်။ 70 00:03:39,257 --> 00:03:42,538 မီးဖွားစဉ်၊ ရေငုပ်စဉ်၊ သီချင်းဆိုစဉ်နဲ့ စစ်ရေးလေ့ကျင့်စဉ် 71 00:03:42,538 --> 00:03:46,788 အသက်ရှူမှု အကြောင်းကို လေ့လာခဲ့တယ်။ 72 00:03:46,788 --> 00:03:50,588 ကျွန်မအတွက် စိုးရိမ်စရာ အကောင်းဆုံးအချက်က ကျွန်မ ပတ်ဝန်းကို လေ့လာကြည့်တော့၊ 73 00:03:50,588 --> 00:03:55,128 ကျွန်မ သိခဲ့တဲ့ လူတိုင်းလိုလို အသက်ရှူပုံ မမှန်ခဲ့ခြင်းပါပဲ။ 74 00:03:55,128 --> 00:03:57,848 ဆေးဖက် သုတေသနရဲ့ အဆိုအရ- 75 00:03:57,848 --> 00:04:02,088 အသက်ရှူမှုဟာ ကျွန်မတို့ရဲ့ အိပ်စက်မှု၊ နောက်ကျော၊ 76 00:04:02,088 --> 00:04:06,518 အစာခြေမှု၊ မှတ်ဉာဏ်၊ စိုးရိမ်ပူပန်မှုစတဲ့ 77 00:04:06,518 --> 00:04:08,058 အရာမျိုးစုံအပေါ် သက်ရောက်ပါတယ်။ 78 00:04:08,058 --> 00:04:12,238 အစာပြွန်နဲ့ တင်ပါးဆုံ ကြမ်းပြင်လို ကျွန်မတို့ မသိရှိကြတဲ့ ခန္ဓာကိုယ် 79 00:04:12,238 --> 00:04:15,338 အစိတ်အပိုင်း တွေကိုတောင် သက်ရောက်မှု ရှိပါတယ်။ 80 00:04:15,338 --> 00:04:18,298 ၎င်းဟာ ခန္ဓာကိုယ် တဝမ်းလုံးမှာ ကမောက်ကမ ဖြစ်သွားစေနိုင်တယ်။ 81 00:04:18,298 --> 00:04:23,428 ၎င်းဟာ ကျွန်မတို့ရဲ့ ကိုယ်ခံအားစနစ်၊ adrenal ဂလင်း၊ အချဉ်ဓာတ်ကို သက်ရောက်ပါတယ်။ 82 00:04:24,754 --> 00:04:29,604 အဲဒါနဲ့ ကျွန်မ လေ့လာခဲ့တာတွေကို စနစ် တကျစုစည်းလျက် စပြီး ပို့ချလာခဲ့ပါတယ်။ 83 00:04:29,604 --> 00:04:32,944 ကျွန်မဆီ ဖုန်းဆက်လာတဲ့ လူတွေက ဘယ်သူတွေ ထင်ကြပါသလဲ။ 84 00:04:33,780 --> 00:04:36,250 ဘဝ ကောင်းစာရေး အဖွဲ့အစည်းထဲက သူတွေများလား။ 85 00:04:36,250 --> 00:04:37,880 ခေတ်သစ် သမားတွေများလား။ 86 00:04:38,320 --> 00:04:39,060 မဟုတ်ပါ။ 87 00:04:39,667 --> 00:04:42,127 SWAT၊ Homeland Security၊ 88 00:04:42,127 --> 00:04:44,737 DEA နယ်ခြားမျဉ်း ကင်းလှည့်အဖွဲ့၊ 89 00:04:44,737 --> 00:04:47,067 စစ်တပ်နဲ့ ဥပဒေ လွှမ်းမိုးရေး အဖွဲ့။ 90 00:04:48,560 --> 00:04:50,990 ကျွန်မတို့ဟာ အသက်ရှူမှု အရေးပါတာကို သိပါတယ်။ 91 00:04:51,919 --> 00:04:56,519 ယောဂီများက ကျွန်မတို့ မွေးချိန်မှာ အသက်ရှု နိုင်မယ့် ပမာဏ သတ်မှတ်ပြီးသားလို့ ဆိုတယ်။ 92 00:04:56,519 --> 00:04:59,909 ကျွန်မတို့ အသက်ရှူမြန်ရင် ဘဝသက်တာ တိုပါလိမ့်မည်၊ 93 00:04:59,909 --> 00:05:04,959 အသက်ကို နက်ရှိုင်းကြာမြင့်စွာ ရှူမယ်ဆိုရင် အသက်များစွာ ရှည်ပါလိမ့်မည်။ 94 00:05:04,959 --> 00:05:07,439 အဲဒီနောက် နှစ်ပေါင်း ၄၀၀၀ အကြာတွင်၊ 95 00:05:07,439 --> 00:05:10,989 Framingham သုတေသနမှ တွေ့လိုက်တာက အသက်ရှူမှုဟာ 96 00:05:10,989 --> 00:05:16,019 အသက်ရှည်မှုကို ဟောပေးနိုင်တဲ့ ပမာဏ ဖြစ်လျက် 97 00:05:16,019 --> 00:05:18,279 အသက်ရှည်မှုနဲ့ ကျန်းမာရေးကို ဆုံးဖြတ်ပေးတယ်။ 98 00:05:19,527 --> 00:05:21,657 ရှင်တို့ တွေးထင်မိတာကို ကျွန်မ သိပါတယ်။ 99 00:05:21,953 --> 00:05:25,323 "ကျွန်တော် အသက်ရှူတာ မှားတယ် ဆိုတာ ဘယ်လိုများ ဖြစ်နိုင်လဲ။" 100 00:05:25,559 --> 00:05:28,039 စိတ်မပူပါနဲ့၊ အဲဒါအားလုံး ခင်ဗျားတို့ အပြစ် မဟုတ်ပါ။ 101 00:05:28,039 --> 00:05:32,039 ကျွန်မတို့ အသက် ငါးနှစ်မှ ဆယ်နှစ်အတွင်း အသက်ရှူပုံက ခန္ဓာကိုယ် အောက်ပိုင်းမှနေပြီး 102 00:05:32,039 --> 00:05:35,389 အပေါ်ပိုင်းဆီကို ပြောင်းလဲသွားတတ်ပါတယ်။ 103 00:05:35,389 --> 00:05:37,759 အဲဒီလို ဖြစ်ပျက်ရတာ အကြောင်းတွေ အများကြီးရှိပါတယ်။ 104 00:05:37,759 --> 00:05:42,755 နံပါတ်တစ်က ကျွန်မတို့ ကျောင်းတက်ကြရပြီး အချိန်အတော်ကြာ ထိုင်လာရပါတယ်။ 105 00:05:42,755 --> 00:05:46,235 ထိုင်မှုက ကိုယ်ဟန်အနေအထားကို ပြောင်းစေလျက် အသက်ရှူမှုကို ပြောင်းစေတယ်။ 106 00:05:46,966 --> 00:05:50,206 ရှင်တို့ ဆရာဝန်ဆီသွားရင် နားကျပ်နဲ့ ဒီနေရာကို နားထောင်တယ်။ 107 00:05:50,581 --> 00:05:53,021 သူတို့က "အသက်ပြင်းပြင်းရှူပါ" လို့ ပြောရင်၊ 108 00:05:53,021 --> 00:05:56,001 "အင်း၊ ငါ့အဆုတ်က ဒီမှာရှိတယ်"လို့ ထင်လာတယ်။ 109 00:05:57,867 --> 00:06:01,247 တစ်ယောက်ယော်က ရှင်တို့ ဗိုက်ကို လက်နဲ့ ထိုးလျက် ဝလိုက်တာလို့ ပြောကြတယ်၊ 110 00:06:02,574 --> 00:06:07,404 အဲဒီလိုနည်းဖြင့် နှစ်တွေ ကြာလာတာနဲ့အမျှ ပြဿနာတွေ စုစည်းလာကြပါတယ်။ 111 00:06:07,404 --> 00:06:10,784 အခုလို အရွယ်ရောက် လူကြီးဖြစ်တာတောင် အဲဒါတွေကို ရင်ဆိုင်နေရတုန်းပါပဲ။ 112 00:06:10,784 --> 00:06:13,504 ကိုယ့်ကိုကိုယ် နည်းနည်းလေး ပိန်နေသလို ထင်မှတ်စေချင်လို့ပါ၊ 113 00:06:13,504 --> 00:06:16,464 အဲဒါဟာ ကြောက်ရွံ့မှုအား တုံ့ပြန်တဲ့ စိတ်ခံစားမှု တစ်မျိုးပါ၊ 114 00:06:16,464 --> 00:06:18,544 အဲဒါက ကိုယ့်ကိုကိုယ် ထွက်ပြေးရန် ဒါမှမဟုတ် 115 00:06:18,544 --> 00:06:21,764 တိုက်ခိုက်ရန် ပြင်ဆင်ထားဖို့ လှုံ့ဆော်ချက်နဲ့ တူပါတယ်။ 116 00:06:22,274 --> 00:06:24,324 ကိုယ့်ဗိုက်ကြွက်သွားတွေကို တောင့်ထားမှုက 117 00:06:24,324 --> 00:06:28,034 ကျွန်ုပ်တို့ကို ပိုကြံ့ခိုင်စေတယ်ဆိုတဲ့ ပုံပြင်ကို ကျွန်မတို့ ယုံကြည့်ကြလို့ပါ။ 118 00:06:28,034 --> 00:06:32,108 ဒီတော့ အသက်ရှူမှုဟာ ရှင်တို့ ခန္ဓာကိုယ်ရဲ့ အထက်ပိုင်း တက်ဖို့မှလွဲပြီး ရွေးစရာ မရှိဘဲ 119 00:06:32,108 --> 00:06:34,528 ဒေါင်လိုက်ရှုမှု ဖြစ်လာပါတော့တယ်။ 120 00:06:35,324 --> 00:06:36,754 ဒီတော့ ကိုယ် ဘာလုပ်သင့်လဲ။ 121 00:06:37,771 --> 00:06:42,841 ကိုယ့်အနားရှိ ကလေးငယ်၊ ရှင်တို့ရဲ့ ခွေး၊ ကြောင်၊ ငါးကိုတောင် လေ့လာကြည့်ကြပါ။ 122 00:06:43,256 --> 00:06:48,428 အသက်ရှူစဉ် ခန္ဓာကိုယ် အလယ်ပိုင်းကို ချဲ့လိုက် ကျုံ့လိုက် လုပ်ကြပါတယ်။ 123 00:06:48,428 --> 00:06:52,008 ပြီးတော့ ရင်ဝမ်းခြား ကြွက်သားတွေကို ကျွန်မတို့ ကောင်းကောင်း နားမလည်ကြလို့ 124 00:06:52,008 --> 00:06:54,448 အသက်ရှူမှုနဲ့ ပတ်သက်ပြီး ယူဆချက်တွေ လွဲမှားလာရတာပါ။ 125 00:06:54,448 --> 00:06:56,188 အဲဒါဟာ အတွင်းပိုင်းရှိ ကြွက်သားပါ၊ 126 00:06:56,188 --> 00:06:59,268 ၎င်းဟာ ဒီမှာ ပြသထားတဲ့ လိုင်းနီ တစ်လျှောက်မှာ တည်ရှိနေပြီး 127 00:06:59,268 --> 00:07:02,618 လက်တွေ့တွင် ၎င်းဟာ Starship Enterprise နဲ့ ပိုတူကာ 128 00:07:02,618 --> 00:07:06,158 ကြီးမားလှတဲ့ အဲဒီကြွက်သားဟာ ကျွန်မတို့ ခန္ဓာကိုယ်ရဲ့ ခလယ်တည့်တည့်နေရာပါ။ 129 00:07:06,158 --> 00:07:09,528 ကျွန်မတို့ရဲ့ ရင်အုပ်အခေါင်းကို အစာခြေရေး အင်္ဂါများနဲ့ ခြားပေးထားတယ်။ 130 00:07:09,528 --> 00:07:13,598 ရှင်တို့က ခွင့်ပြုမယ်ဆိုရင်၊ ကောင်းမွန်စွာ အသက်ရှူနိုင်ဖို့အတွက် ၎င်းကို အဲဒီနေရာမှာ 131 00:07:13,598 --> 00:07:14,790 ထားရှိပေးထားတာပါ။ 132 00:07:14,790 --> 00:07:17,690 ဒီတော့ ရင်ဝမ်းခြား ကြွက်သားနဲ့ အကျွမ်းတဝင် ဖြစ်ဖို့ လိုပါတယ်။ 133 00:07:17,690 --> 00:07:19,450 အခုတော့၊ ရှင်တို့ရဲ့ လက်ချောင်းတွေကို 134 00:07:19,450 --> 00:07:21,920 ဒီနေရာ တည့်တည့်၊ ရင်ညွန့်ရိုးမှာ ထားပါ။ အိုကေလား။ 135 00:07:21,920 --> 00:07:24,610 လက်ချောင်းတွေဖြင့် နံရိုးတွေရဲ့ အောက်ဖက်ကို ဆင်းသွားပါ။ 136 00:07:24,610 --> 00:07:26,440 ဆက် သွားရင်း ဒီနေရာ အရောက် သွားကြမယ်။ 137 00:07:26,440 --> 00:07:31,770 နံရိုးတွေဟာ ရှင်တို့ရဲ့ ရင်ညွန့်ရိုးနဲ့ လက်ကိုင်သဖွယ် ချိတ်ဆက်နေပါတယ်။ 138 00:07:32,461 --> 00:07:37,301 အသက်ရှူသွင်းရင် ၎င်းတို့ဟာ ဘေးတိုက် အပြင်ဖက်ကို ရွေ့ကြမယ်။ 139 00:07:37,749 --> 00:07:41,119 ရှူထုတ်ချိန်မှာ၊ ၎င်းတို့ဟာ ခန္ဓာကိုယ်နှင့်အတူ ကျုံ့လာကြမယ်။ 140 00:07:41,119 --> 00:07:44,899 ခန္ဓာကိုယ်ဟာ သိပ်ကို လှပတဲ့ စက်ကြီးပါပဲ။ 141 00:07:47,324 --> 00:07:52,184 ဒါပေမဲ့ ကျွန်မတို့ရဲ့ ကျန်းမာရေးအတွက် သိပ်ကို အချက်အချာကျတဲ့ ဒီအရာကို၊ 142 00:07:52,742 --> 00:07:58,112 အထူးသဖြင့် ကွန်ပျူတာတွေရဲ့ စခရင်တွေ၊ လက်မှာကိုင်ရတဲ့ ကိရိယာတွေ၊ ကြည့်ရှုနေစဉ် 143 00:07:58,818 --> 00:08:02,818 အနည်းငယ်မျှသော လေကို ရှူသွင်းကြချိန်မျိုးမှာ၊ 144 00:08:02,818 --> 00:08:07,528 နည်းနည်းရှူမှုနဲ့ နည်းနည်းရှူထုတ်မှု၊ လုံးဝမရှူနိုင်ချိန်မှာ ပြန်အာရုံစိုက်ရမယ်။ 145 00:08:07,660 --> 00:08:09,361 ကောင်းပြီ၊ အဲဒါကို ပြင်ကြမယ်။ 146 00:08:09,361 --> 00:08:11,561 ထိုင်ခုံနောက်ကျောကို မှီနေရာမှ ဆန့်ထွက်လာကြပါ။ 147 00:08:11,561 --> 00:08:12,271 လာကြပါ။ 148 00:08:12,271 --> 00:08:14,901 ရှင်တို့ ကုလားထိုင်ရှေ့နားမှာ ရွှေ့ထိုင်ပါ။ ကောင်းပြီ။ 149 00:08:14,901 --> 00:08:16,581 ကျွန်မတို့ အသက်ရှူမှု လေ့ကျင့်မယ်။ 150 00:08:16,581 --> 00:08:18,141 Rock and Roll လို့ ခေါ်ပါတယ်။ 151 00:08:18,141 --> 00:08:20,251 ရှင်တို့ရဲ့ လက်တွေကို ဗိုက်ပေါ် တင်ထားပါ။ 152 00:08:20,251 --> 00:08:22,501 ရှင်တို့ရဲ့ ရင်ဝမ်းခြားကြွက်သား စပါဝင်လာစေရန် 153 00:08:22,501 --> 00:08:25,325 ကျွန်မတို့ဟာ လေ့ကျင့်ခန်းကို ခပ်ကြမ်းကြမ်း လုပ်ကြရမယ်။ 154 00:08:25,325 --> 00:08:28,225 အဲဒါကြောင့် ရှင်တို့ နည်းနည်းလေး ခေါင်းမူးသလို ခံစားရနိုင်တယ်။ 155 00:08:28,225 --> 00:08:29,125 ပျော်စရာကြီးနော်။ 156 00:08:29,125 --> 00:08:29,885 (ရယ်သံများ) 157 00:08:29,885 --> 00:08:33,344 ရှေ့ကို ညွတ်လိုက်ကြပါ။ အသက်ရှူသွင်းရင်း ဗိုက် လှုပ်ရှားပါစေ။ အသင့်ဘဲလား။ 158 00:08:33,344 --> 00:08:38,255 ရှေ့ကို ညွတ် အသက်ရှူရင်း ဆန့်ထွက်လိုက်ပါ၊ မှုတ်ထုတ်ရင်း ကျုံ့လျက် ကျောကို ခုံးပေးပါ။ 159 00:08:38,255 --> 00:08:40,514 ဗိုက်အတွင်းသားဟာ ကျောရိုးနဲ့ ကပ်လာပါစေ။ 160 00:08:40,514 --> 00:08:41,845 ဗိုက်ကြွက်သွားတွေ သုံးပါ။ 161 00:08:41,845 --> 00:08:44,625 ရှူသွင်း၊ ရှေ့ကို ညွတ်ပေး၊ ဗိုက်ဖေါင်းလာပါစေ။ 162 00:08:44,625 --> 00:08:45,655 အဲဒါ ဆန့်ထုတ်ပစ်ပါ။ 163 00:08:45,655 --> 00:08:48,035 မှုတ်ထုတ်၊ ညှစ်၊ ရှိသမျှလေကို အပြင်ကို ထုတ်ပစ်။ 164 00:08:48,035 --> 00:08:50,715 ရှင်တို့ရဲ့ ပခုံးတွေကို ဖြေလျော့ထားပါ၊ ဒီထဲ မပါဝင်အပ်ပါ။ 165 00:08:50,715 --> 00:08:55,265 တဝကြီး ရှုသွင်း၊ ဆန့်ထုတ်။ မှုတ်ထုတ်၊ ညှစ်ထုတ်။ 166 00:08:55,265 --> 00:08:58,005 ရှေ့ကို ဆန့်ထုတ်လိုက်၊ ပြန်ဆုတ်လိုက်။ 167 00:08:58,005 --> 00:09:00,175 ရှင်တို့ဟာ အခုတော့ ဘေးတိုက် အသက်ရှူနေကြပါပြီ။ 168 00:09:00,175 --> 00:09:02,375 ကျွန်မတို့ အသက်ရှူလေ့ကျင့်ခန်း လုပ်နေတာပါ။ 169 00:09:02,375 --> 00:09:05,235 ဒါက ရေတွက်ရင်း အသက်ရှူနည်းပါ။ စစ်တပ်ထံမှ လာတဲ့နည်းပါ။ 170 00:09:05,235 --> 00:09:08,255 အဲဒါဟာ ကျွန်မ အကြိုက်ဆုံး၊ နည်းဗျူဟာ အသက်ရှူမှုပါ။ 171 00:09:08,255 --> 00:09:11,275 အခုတော့ ရှင်တို့ဟာ လေးအထိ အသက်ရှူသွင်း၊ လေးအထိ မှုတ်ထုတ်၊ 172 00:09:11,275 --> 00:09:13,335 ခြောက်အထိ မှုတ်ထုတ်၊ နှစ်အထိ အောင့်ထား။ 173 00:09:13,335 --> 00:09:15,985 ကျွန်မတို့ အတူတူ လုပ်ကြမယ်။ အသင့်ဘဲလား။ အိုကေ။ 174 00:09:15,985 --> 00:09:19,245 ရှူသွင်းမယ်း - နှစ်၊ သုံး၊ လေး - 175 00:09:19,245 --> 00:09:21,845 အောင့်ထားမယ် - နှစ်၊ သုံး၊ လေး - 176 00:09:21,845 --> 00:09:26,205 မှုတ်ထုတ်မယ် - နှစ်၊ သုံး၊ လေး၊ ငါး၊ ခြောက် - 177 00:09:26,205 --> 00:09:27,485 စောင့်မယ် - နှစ်။ 178 00:09:27,485 --> 00:09:30,285 ရှူသွင်းမယ်း - နှစ်၊ သုံး၊ လေး - 179 00:09:30,285 --> 00:09:32,975 အောင့်ထားမယ် - နှစ်၊ သုံး၊ လေး - 180 00:09:32,975 --> 00:09:37,105 မှုတ်ထုတ်မယ် - နှစ်၊ သုံး၊ လေး၊ ငါး၊ ခြောက် - 181 00:09:37,105 --> 00:09:38,475 စောင့်မယ် - နှစ်။ 182 00:09:38,475 --> 00:09:41,775 ရှူသွင်းမယ်း - နှစ်၊ သုံး၊ လေး - 183 00:09:41,775 --> 00:09:44,965 အောင့်ထားမယ် - နှစ်၊ သုံး၊ လေး - 184 00:09:44,965 --> 00:09:49,825 မှုတ်ထုတ်မယ် - နှစ်၊ သုံး၊ လေး၊ ငါး၊ ခြောက် - 185 00:09:49,825 --> 00:09:51,095 စောင့်မယ် - နှစ်။ 186 00:09:51,095 --> 00:09:54,735 ရှင်တို့ရဲ့ မျက်စိကို ပိတ်လိုက်ကြပါ၊ နှစ်၊ သုံး၊ လေး - 187 00:09:54,735 --> 00:09:58,045 အောင့်ထားမယ် - နှစ်၊ သုံး၊ လေး - 188 00:09:58,045 --> 00:10:03,265 မှုတ်ထုတ်မယ် - နှစ်၊ သုံး၊ လေး၊ ငါး၊ ခြောက် - 189 00:10:03,265 --> 00:10:04,605 စောင့်မယ် - နှစ်။ 190 00:10:04,605 --> 00:10:05,535 ရှေ့ကို ညွတ်ပေးပါ။ 191 00:10:05,535 --> 00:10:09,535 ရှူသွင်းရင်း ရှေဆက်ပြီး ကိုယ့်ဘာသာကိုယ် လှပပြီး ဇီဝဗေဒအရ 192 00:10:09,535 --> 00:10:16,425 မှန်ကန်တဲ့ ခန္ဓာကိုယ် အောက်ပိုင်း ဘေးတိုက် အသက်ရှူမှုကို ပြုလုပ်ကြပါ။ 193 00:10:16,823 --> 00:10:17,753 ကျေးဇူးတင်ပါတယ်။ 194 00:10:17,753 --> 00:10:19,643 (လက်ခုပ်သံများ)