< Return to Video

အသိဉာဏ်ပါတဲ့ စက်တွေကို မကြောက်ကြပါနဲ့၊ သူတို့နဲ့အတူ အလုပ်လုပ်ကိုင်ကြပါ

  • 0:01 - 0:04
    ဒီဇာတ်လမ်းဟာ ၁၉၈၅ ခုနှစ်မှာ၊
  • 0:04 - 0:06
    ကျွန်တော် အသက် ၂၂ နှစ်တွင်
  • 0:06 - 0:09
    ကျွန်တော် ကမ္ဘာ့ စစ်တုရင်
    ချန်ပီယံ ဖြစ်ချိန်မှာ စခဲ့တယ်၊
  • 0:09 - 0:12
    Anatoly Karpov ကို
    အနိုင်ယူလိုက်တဲ့ နောက်မှာပါ။
  • 0:12 - 0:14
    အဲဒီနှစ် အစောပိုင်းတွင်၊
  • 0:14 - 0:17
    ကျွန်တော်ဟာ
    တစ်ပြိုင်နက်ပြပွဲ လို့ခေါ်တာကို
  • 0:17 - 0:22
    ကမ္ဘာ့ အကောင်းဆုံး စစ်တုရင်
    ကစားတဲ့ စက် ၃၂ လုံးနဲ့
  • 0:22 - 0:24
    ဂျာမနီ နိုင်ငံ
    ဟမ်းဘတ် မြို့မှာ ကစားခဲ့တယ်။
  • 0:24 - 0:26
    အဲဒီ ကစားပွဲအားလုံးကို
    ကျွန်တော် နိုင်ခဲ့တယ်၊
  • 0:27 - 0:30
    အဲဒီတုန်းက ကျွန်တော် ကွန်ပျူတာ ၃၂ လုံးကို
    တပြိုင်နက်တည်း ကစားရင်း
  • 0:30 - 0:34
    အနိုင်ယူနိုင်ခဲ့တာဟာ
    သိပ် အံ့ဩစရာကြီး မဟုတ်ခဲ့ပါဘူး။
  • 0:34 - 0:37
    ကျွန်တော့အတွက် ကတော့
    အဲဒါဟာ ရွှေခေတ်ကြီးပါ။
  • 0:37 - 0:39
    (ရယ်သံများ)
  • 0:39 - 0:41
    စက်တွေ အားနည်းခဲ့ကြတယ်၊
  • 0:41 - 0:43
    ကျွန်တော့ ဆံပင်တွေက သန်မာတုန်းပဲ။
  • 0:43 - 0:45
    (ရယ်သံများ)
  • 0:47 - 0:49
    အဲဒီနောက် ၁၂ နှစ် မျှပဲ ကြာသွားတော့
  • 0:49 - 0:53
    ကျွန်တော်ဟာ သေရေးရှင်ရေး တိုက်ပွဲကို
    ကွန်ပျူတာ တစ်လုံးတည်းနဲ့
  • 0:53 - 0:55
    "Newsweek"က
    "ဦးနှောက်ရဲ့ နောက်ဆုံး တိုက်ပွဲ"လို့
  • 0:55 - 0:57
    ခေါ်ခဲ့တဲ့ တိုက်ပွဲထဲမှာ
  • 0:57 - 0:59
    လုံးပမ်း နေခဲ့ရတယ်။
  • 0:59 - 1:00
    ဘယ်လိုမှ ဖိအား မရှိခဲ့ပါဘူး။
  • 1:00 - 1:02
    (ရယ်သံများ)
  • 1:03 - 1:06
    ဒဏ္ဍာရီတွေကနေ သိပ္ပံစိတ်ကူးယဉ်ဆီကို
  • 1:06 - 1:08
    လူသား နဲ့ စက်တွေကို
  • 1:08 - 1:12
    မကြာခဏဆိုသလို သေရေး ရှင်ရေး တိုက်ပွဲကြီး
    အသွင်နဲ့ ရေးချယ် လာခဲ့ကြပါတယ်။
  • 1:12 - 1:14
    John Henry၊
  • 1:14 - 1:15
    သံမဏိ-ကားမောင်းသူလို့ အခေါ်ခံခဲ့ရသူ၊
  • 1:15 - 1:19
    ၁၉ ရာစု အမေရိကက အာဖရိက လူမျိုးတွေရဲ့
    ရိုးရာဒဏ္ဍာရီထဲမှာ
  • 1:19 - 1:20
    ရေနွေးငွေ့နဲ့ မောင်းတဲ့ တူက
  • 1:20 - 1:23
    ကျောက်တောင်ကို ဖြတ်ပြီး တူမြောင်းကို
  • 1:23 - 1:26
    ထုခွဲဖောက်လုပ်ဖို့ ကြိုးစားရင်း
    ပြိုင်ခဲ့ရတယ်။
  • 1:27 - 1:31
    အဲဒီ John Henry ရဲ့ ဒဏ္ဍာရီ ပုံပြင်ဟာ
    သမိုင်းလာ ရှည်လျားလှတဲ့ ပုံပြင်၊
  • 1:32 - 1:35
    လူသား နဲ့ နည်းပညာ အကြောင်း
    ပုံပြင် တစ်စိတ် တစ်ပိုင်းပါပဲ။
  • 1:36 - 1:39
    အဲဒီလို ပြိုင်ဆိုင်မှု ဇာတ်လမ်းတွေကို
    ဒီနေ့လည်း ကြားနိုင်တုန်းပါ။
  • 1:40 - 1:42
    ကျွန်တော်တို့ဟာ စက်တွေနဲ့
    ယှဉ်ပြိုင်နေကြရပါတယ်၊
  • 1:42 - 1:44
    တိုက်ပွဲထက်
    စစ်ပွဲလို့တောင် ခေါ်နိုင်ပါတယ်။
  • 1:46 - 1:47
    အလုပ်နေရာတွေ ပျောက်လာနေကြတယ်။
  • 1:48 - 1:52
    လူတွေကို အလုပ်နေရာမှာ အစားထိုးပစ်လာနေလို့
    သူတို့ဟာ ကမ္ဘာကြီးမှ ပျောက်သွားနေသလိုပါ။
  • 1:52 - 1:56
    ဒါက "Terminator" ဒါမှမဟုတ် "Matrix" လို
    ရုပ်ရှင်တွေ စိတ်ကူးယဉ် မဟုတ်ဘူးလို့
  • 1:56 - 1:57
    ပြောစရာ ဖြစ်လာတယ်။
  • 2:00 - 2:04
    အခုဆို လူသားရဲ့ ခန္ဓာကိုယ်နဲ့ ဦးနှောက်က
    ကွန်ပျူတာ ဒါမှမဟုတ်
  • 2:05 - 2:10
    ရိုဘော့ စက်ရုပ်နဲ့
    တန်းတူရည်တူ ပြိုင်နိုင်တဲ့
  • 2:10 - 2:11
    နေရာတွေ သိပ်ကို နည်းလှပါတယ်။
  • 2:12 - 2:15
    တကယ်တော့ ဒီထက် နည်းနည်းလေး
    ပိုပြီး ရှိခဲ့ရင် ကောင်းမယ်လို့ ထင်မိတယ်။
  • 2:16 - 2:17
    အဲဒီအစား၊
  • 2:18 - 2:22
    ကျွန်တော့အတွက် ကောင်းချီးမင်္ဂလာလည်း
    ဖြစ်ခဲ့ပြီး ကျိန်စာပါ ဖြစ်လာခဲ့တာက
  • 2:23 - 2:25
    လူတိုင်း ဒီနေ့အထိကို
    ပြောဆိုစရာ ဖြစ်လာခဲ့တဲ့
  • 2:25 - 2:28
    လူသား နဲ့ စက်တွေရဲ့ ပြိုင်ဆိုင်မှုကို
  • 2:28 - 2:30
    သက်သေထူပြရမယ့် လူ ဖြစ်လာခဲ့ရပါတယ်။
  • 2:33 - 2:38
    နာမည်ကြီး လူသား နဲ့ စက်ရဲ့ ပြိုင်ပွဲ
    ပုံပြင်ထဲက John Henryhn လိုပါပဲ၊
  • 2:38 - 2:41
    ကျွန်တော်ဟာ ပွဲနှစ်ပွဲကို ကစားခဲ့ရတယ်၊
  • 2:41 - 2:44
    IBM ရဲံ စူပါကွန်ပျူတာ
    Deep Blue နဲ့ ပြိုင်ခဲ့ရတယ်။
  • 2:46 - 2:49
    အဲဒီတုန်းက ပထမဦးဆုံးပွဲကို ကျွန်တော်
    နိုင်ခဲ့တာ ဘယ်သူမှာမှ မမှတ်မိကြဘူး -
  • 2:49 - 2:52
    (ရယ်သံများ)
  • 2:52 - 2:55
    (လက်ခုပ်သံများ)
  • 2:56 - 3:01
    Philadelphia မှာပါ၊ နောက်တစ်နှစ်
    New York ထပ်ကစားစဉ် မရှုံးခင်ကပါ။
  • 3:01 - 3:03
    တကယ်တော့ အဲဒါ တရားခဲ့တယ် ထင်ပါတယ်။
  • 3:04 - 3:09
    Sir Edmund Hillary နဲ့
    Tenzing Norgay တို့က သမိုင်းထဲမယ်၊
  • 3:09 - 3:12
    ဧဝရက် တောင်ထိပ်ကို တက် မပြခင်တွင်
  • 3:12 - 3:16
    အဲဒီအမြင့်ဆုံး တောင်ထိပ် မတက်နိုင်ခဲ့တဲ့
    လူတွေ ဆိုပြီး သမိုင်းထဲမှာ အထူးလုပ်
  • 3:16 - 3:18
    မှတ်တမ်း တင်ခဲ့တာ မရှိခဲ့ပါဘူး။
  • 3:18 - 3:22
    ၁၉၉၇ ခုနှစ်တုန်းက ကျွန်တော်ဟာ
    ကမ္ဘာ့ချန်ပီယံ ဖြစ်နေတုန်းပါပဲ။
  • 3:25 - 3:29
    စစ်တုရင် ကွန်ပျူတာတွေ ရင့်ကျက်လာတဲ့
    နှစ်တွေ ဖြစ်ခဲ့တယ်။
  • 3:30 - 3:31
    ကျွန်တော်က ဧဝရက် တောင်ထိပ် ဖြစ်ခဲ့ပြီး၊
  • 3:32 - 3:34
    Deep Blue က ထိပ်သီးရင်ဆိုင်ဖို့
    အသင့် ဖြစ်လာခဲ့တယ်။
  • 3:35 - 3:39
    တကယ်တော့ အဲဒါကို လုပ်ပြလိုက်တာက
    Deep Blue မဟုတ်ခဲ့တာ ထောက်ပြချင်တယ်၊
  • 3:39 - 3:41
    ၎င်းကို ဖန်တီးခဲ့ကြတဲ့ လူသားတွေပါ-
  • 3:41 - 3:44
    Anantharaman၊ Campbell၊ Hoane၊ Hsu တို့ပါ။
  • 3:44 - 3:46
    သူတို့ကို အလေးပြုဖို့ လိုအပ်ပါတယ်။
  • 3:47 - 3:51
    ခါတိုင်းလိုပဲ စက်ရဲ့အောင်ပွဲဟာ
    လူသားရဲ့ အောင်ပွဲကြီး ဖြစ်လာတယ်၊
  • 3:51 - 3:56
    ကျွန်တော်တို့ တီထွင်ပေးလိုက်တဲ့ဟာက
    လူသားတွေထက် သာလွန်သွားရင် မေ့တတ်ကြပါတယ်။
  • 3:58 - 4:00
    Deep Blue ဟာ အောင်ပွဲကြီးပါ။
  • 4:01 - 4:03
    အဲဒါဟာ အသိဉာဏ် ထက်ခဲ့သလား။
  • 4:03 - 4:05
    မဟုတ်ဘူး၊ မထက်မြက်ခဲ့ပါဘူး။
  • 4:06 - 4:11
    အနည်းဆုံး Alan Turing နဲ့ ကွန်ပျူတာ
    တီထွင်ရှင်များ မျှော်လင့်ခဲ့ကြသလို
  • 4:11 - 4:12
    မဟုတ်ခဲ့ပါဘူး။
  • 4:13 - 4:18
    စစ်တုရင်ကို ကြမ်းတမ်းတဲ့ အားနဲ့
    ထုချေပစ်နိုင်ကြောင်း တွေ့လာခဲ့ရတယ်၊
  • 4:18 - 4:22
    ဟာ့ဒ်ဝဲတွေ အမြန်နှုန်း ကောင်းလာရင်
  • 4:22 - 4:25
    အယ်လဂိုရီသမ် သုံးတာ တော်လာရင်ပေါ့လေ။
  • 4:27 - 4:30
    ဒါပေမဲ့ ထွက်လာတဲ့ ရလဒ်ကို ကြည့်ပြောရပါက၊
  • 4:30 - 4:34
    grandmaster-အဆင့် စစ်တုရင်၊
  • 4:34 - 4:36
    Deep Blue ဟာ အသိဉာဏ် တော်ခဲ့ပါတယ်။
  • 4:37 - 4:40
    ဒါပေမဲ့၊ မယုံနိုင်လောက်အောင်
    မြန်တဲ့နှုန်းနဲ့၊
  • 4:41 - 4:44
    တစ်စက္ကန့်ကို သန်း ၂၀၀ နှုန်းနဲ့၊
  • 4:45 - 4:47
    Deep Blue ရဲ့ လုပ်ကိုင်ပုံက
  • 4:47 - 4:54
    လူသား အသိဉာဏ် အထဲက အံ့ဖွယ် အရာတွေကို
    နည်းနည်းလေးမျှသာ ဖွင့်ပြနိုင်ခဲ့တာပါ။
  • 4:57 - 4:59
    မကြာခင်မှာပဲ၊
  • 4:59 - 5:01
    စက်တွေဟာ တက္ကစီယာဉ်မောင်းတွေ ဖြစ်လာကြတယ်၊
  • 5:01 - 5:04
    ဆရာဝန်တွေ၊ ပါမောက္ခတွေ ဖြစ်လာနိုင်ကြပေမဲ့
  • 5:04 - 5:06
    "အသိဉာဏ်" ကော ရှိလာကြမလား။
  • 5:08 - 5:10
    ကျွန်တော်ကတော့ အဲဒီလို
    အဓိပ္ပာယ်ဖွင့်ဆိုချက်တွေကို
  • 5:10 - 5:14
    ဒဿနိက ပညာရှင်တွေနဲ့ အဘိဓါန်တွေဆီ
    လွှဲထားခဲ့ချင်တယ်။
  • 5:15 - 5:19
    အရေးကြီးဆုံးက ကျွန်ုပ်တို့ လူသားတွေက
    အဲဒီ စက်တွေနဲ့
  • 5:20 - 5:24
    နေထိုင် အလုပ် လုပ်နေရတာကို
    ဘယ်လို ခံစားရသလဲ။
  • 5:26 - 5:31
    ကျွန်တော် Deep Blue ကို ၁၉၉၆ ခုနှစ်
    တုန်းက ပထမဦးဆုံး အကြိမ် တွေ့ရတော့
  • 5:31 - 5:35
    ကျွန်တော်ဟာ ကမ္ဘာ့ချန်ပီယံ ဖြစ်နေခဲ့တာ
    ဆယ်နှစ် ကျော်နေပါပြီ၊
  • 5:35 - 5:40
    ကမ္ဘာ့ ချန်ပီယံပွဲတွေကို
    ၁၈၂ ကြိမ် ကစားပြီးခဲ့ပါပြီ
  • 5:40 - 5:45
    ပြီးတော့ ဒိပြင်ပြိုင်ပွဲတွေမှာ ထိပ်သီး
    သမားတွေနဲ့ ပွဲရာချီ ကစားပြီးခဲ့ပါပြီ။
  • 5:45 - 5:50
    ကျွန်တော်ဟာ ပြိုင်ဘက်တွေဆီက
    ဘာကို မျှော်လင့်ရမှန်း
  • 5:50 - 5:53
    ကျွန်တော်ဆီမှ ဘာကို မျှေ
    ာ်လင့်ရမှန်း သိခဲ့ပါတယ်။
  • 5:53 - 5:58
    ကျွန်တော်ဟာ သူတို့ရဲ့ အကွက်ရွှေ့ပုံကို
    လေ့လာလေ့ ရှိခဲ့တယ်
  • 5:58 - 6:01
    သူတို့ရဲ့ စိတ်ခံစားမှု အခြေအနေကို
    ခန့်မှန်းတတ်ခဲ့တယ်
  • 6:02 - 6:05
    သူတို့ရဲ့ ခန္ဓာကိုယ် ဘာသာစကားကို သူတို့ရဲ့
    မျက်စိထဲ ကြည့်ရင်း ပေါ့လေ။
  • 6:06 - 6:10
    အဲဒီနောက်မှာ ကျွန်တော်ဟာ Deep Blue နဲ့
    မျက်နှာချင်းဆိုင်ပြီး ထိုင်လာရတယ်။
  • 6:13 - 6:16
    တစ်ခုခု ဆန်းနေတာ
    ကျွန်တော် ချက်ချင်း ခံစားမိတယ်၊
  • 6:16 - 6:17
    တစ်ခုခု မဟုတ်ခဲ့ဘူး။
  • 6:19 - 6:22
    ခင်ဗျားတို့လည်း အလားတူ
    ခံစားမှုကို ခံစားမိခဲ့မှာပါ
  • 6:23 - 6:26
    မောင်းသူမဲ့ကားကို ပထမဦးဆုံး အကြိမ်
    စီးရတဲ့ အခါမျိုး
  • 6:26 - 6:31
    ခင်ဗျားတို့ရဲ့ ကွန်ပျူတာ မန်နေဂျာက
    ပြဿနာ တစ်ခုခုကို ရှင်းပြတဲ့ အခါမျိုး။
  • 6:34 - 6:37
    ဒါပေမဲ့ ကျွန်တော်က အဲဒီပွဲအတွက်
    ပထမအကြိမ် ထိုင်လိုက်တော့၊
  • 6:38 - 6:40
    ဒီအရာက ဘာများ လုပ်နိုင်စွမ်း ရှိမလဲ
  • 6:40 - 6:44
    ဆိုတာကို ကျွန်တော် မသေချာခဲ့ပါ။
  • 6:44 - 6:48
    နည်းပညာတွေဟာ ခုန်ပျံ တိုးတက်နိုင်ပါတယ်၊
    IBM ဟာ အကြီးအကျယ် မြှုပ်နှံခဲ့တယ်။
  • 6:49 - 6:51
    ကျွန်တော်ဟာ ပွဲကို ရှုံးသွားတယ်။
  • 6:52 - 6:54
    ကျွန်တော်ဟာ သိပ်ကို အံ့ဩသွားတယ်၊
  • 6:54 - 6:56
    အဲဒီစက်ကို နိုင်လို့ကို မရနိုင်တာများလား။
  • 6:56 - 6:59
    ကျွန်တော် သိပ်ကြိုက်ခဲ့တဲ့ စစ်တုရင်ခေတ်
    ကုန်သွားပြီလား။
  • 7:01 - 7:05
    အဲဒါတွေဟာ လူသားရဲ့ သံသယတွေ
    ကြောက်စိတ်တွေပါ၊
  • 7:05 - 7:07
    ကျွန်တော် သေချာပေါက် သိထားတာက
  • 7:07 - 7:10
    ကျွန်တော့ ပြိုင်ဘက် Deep Blue ဆီမှာ
    စိုးရိမ်မှုတွေ လုံးဝ မရှိခဲ့ဘူး ဆိုတာပါ။
  • 7:10 - 7:12
    (ရယ်သံများ)
  • 7:14 - 7:15
    ကျွန်တော်ဟာ စိတ်ဓာတ်ကျစရာ
  • 7:16 - 7:18
    ထိုးနှက်မှုကြီးရဲ့ နောက်မှာ ပထမပွဲကို
  • 7:19 - 7:21
    နိုင်ဖို့ တိုက်ပွဲ ဝင်ရတယ်၊
  • 7:21 - 7:23
    ဒါပေမဲ့ အဖြေက နံရံပေါ်မှာ
    ကမ္မည်း ထိုးထားလျက်ပါ။
  • 7:24 - 7:27
    နောက်ဆုံးမှာတော့ ကျွန်တော်ဟာ
    စက်ကို ရှုံးသွားခဲ့တယ်၊
  • 7:27 - 7:30
    ဒါပေမဲ့ ကျွန်တော်ဟာ John Henry ရဲ့
    ကံကြမ္မာမျိုး မရင်ဆိုင်ခဲ့ရပါ၊
  • 7:30 - 7:33
    သူဟာ နိုင်ခဲ့ပေမဲ့ သူ့တူကို လက်ထဲ
    ကိုင်ထားရင်း သေသွားခဲ့တယ်။
  • 7:38 - 7:40
    စစ်တုရင် လောကက လူသား စစ်တုရင်
  • 7:40 - 7:44
    ချန်ပီယံကို ဆက်ပြီး လိုချင်ကြတုန်းပါပဲ။
  • 7:45 - 7:47
    ဒီနေ့မှာတောင်
  • 7:48 - 7:52
    မိုဘိုင်းဖုန်းပေါ်မှာ အခမဲ့ကစားနိုင်တဲ့
    Deep Blue ထက်ကို သာတဲ့
  • 7:52 - 7:54
    စစ်တုရင် app ရှိနေတာတောင်၊
  • 7:54 - 7:56
    လူတွေဟာ စစ်တုရင်ကို ကစားနေကြတုန်းပါပဲ၊
  • 7:57 - 7:59
    အရင်ကထက် ပိုတောင် ကစားလာကြတယ်။
  • 8:00 - 8:03
    အဆိုးမြင်သူတွေက စက်ကနေပြီး နိုင်လိုက်မယ့်
    ဂိမ်းကို ဘယ်သူမှာမှ
  • 8:03 - 8:05
    ကစားကြမှာ မဟုတ်ဘူးလို့ ဟောကိန်း
    ထုတ်ခဲ့ဘူးတယ်၊
  • 8:05 - 8:08
    သူတို့အားလုံး မှားခဲ့ကြတာ ထင်ရှားနေပြီ၊
  • 8:08 - 8:11
    တကယ်တော့ အဆိုးမြင်သူတွေ အစဉ်ပဲ
    ရှိခဲ့ကြပါတယ်၊ အထူသဖြင့်
  • 8:11 - 8:13
    နည်းပညာတွေနဲ့ ပတ်သက်လာရင်ပေါ့လေ။
  • 8:14 - 8:17
    ကျွန်တော့ အတွေ့အကြုံများထဲကနေပြီး
    နားလည်လိုက်တာက
  • 8:17 - 8:22
    ကျွန်တော်တို့ဟာ နည်းပညာထံမှ
    အများဆုံးကို ရယူချင်ရင်
  • 8:22 - 8:26
    ကိုယ့် ကြောက်စိတ်တွေကို
    ရင်ဆိုင်ဖို့ လိုတယ်
  • 8:26 - 8:29
    ပြီးတော့ လူသားဘဝထဲက အကောင်းဆုံးကို
    ရယူချင်ရင်
  • 8:29 - 8:34
    ကျွန်တာ်တို့ဟာ အဲဒီ ကြောက်စိတ်တွေကို
    အနိုင်ယူရန် လိုပါတယ်။
  • 8:36 - 8:38
    ကိုယ့်ဒဏ်ရာတွေကို ကုစားရင်း၊
  • 8:38 - 8:41
    ကျွန်တော်ဟာDeep Blue နဲ့ ဝင်ခဲ့ရတဲ့
    တိုက်ပွဲထဲကနေပြီး
  • 8:41 - 8:44
    အားတက်စရာ အချက်တွေ အများကြီး ရခဲ့ပါတယ်။
  • 8:44 - 8:47
    ရုရှားစကားပုံဟောင်းက ဆိုထားသလို
    ကိုယ်မနိုင်နိုင်ရင်၊ လက်တွဲလိုက်ပါ။
  • 8:49 - 8:50
    အဲဒါနဲ့ စဉ်းစားမိတာက၊
  • 8:50 - 8:53
    ကျွန်တော်ကရော ကွန်ပျူတာနဲ့အတူနှင့်အတူ
    ကစားရင်ကော--
  • 8:53 - 8:56
    ကိုယ့်ဘေးမှာ ကွန်ပျူတာ ချထားပြီး
    ကျွန်တော်တို့ရဲ့ အားကို ပေါင်းလိုက်ရင်၊
  • 8:57 - 9:01
    လူရဲ့ ထိုးထွင်ဉာဏ်နဲ့ ကွန်ပျူတာရဲ့
    တွက်ချက်နိုင်စွမ်း ပေါင်းလိုက်ရင်၊
  • 9:01 - 9:04
    လူရဲ့ မဟာဗျူဟာနဲ့ စက်ရဲ့ နည်းဗျူဟာ၊
  • 9:04 - 9:06
    လူ့အတွေ့အကြုံ နဲ့ စက်ရဲ့ မှတ်ဉာဏ်။
  • 9:06 - 9:09
    အဲဒီလို မကြုံစဖူး ကောင်းတဲ့ က
    စားပွဲများ ဖြစ်လာမလား။
  • 9:10 - 9:12
    ကျွန်တော့ စိတ်ကူးဟာ
  • 9:13 - 9:16
    ၁၉၉၈ ခုနှစ်မှာ လက်တွေ့ ဖြစ်လာတယ်၊
    အဆင့်မြင့် စစ်တုရင် ဆိုတဲ့ နာမည်နဲ့
  • 9:16 - 9:22
    ကျွန်တော်က လူသားနဲ့ကွန်ပျူတာ ပြိုင်ပွဲတွင်
    အခြား အထက်တန်းစား ကစားသမားနဲ့ ကစားခဲ့တယ်။
  • 9:23 - 9:25
    ဒပေမဲ့ ပထမဦးဆုံး စမ်းသပ်ပွဲတွင်
  • 9:25 - 9:32
    ကျွန်တော်တို့ နှစ်ဖက်စလုံး လူသားနဲ့ စက်ရဲ့
    ကျွမ်းမှုကို ထိရောက်စွာ မတွဲဖက်နိုင်ပါ။
  • 9:34 - 9:37
    အဆင့်မြင့် စစ်တုရင်ဟာ အင်တာနက်
    ပေါ်တွင် နေရာယူလိုက်ပါတယ်၊
  • 9:38 - 9:43
    အဲဒါနဲ့ 2005 ခုနှစ်တွင် အလွတ်သဘော
    စစ်တုရင်ပြိုင်ပွဲမှာ
  • 9:43 - 9:45
    ကျွန်တော်တို့ မျက်စိ ပွင့်လာခဲ့တယ်။
  • 9:47 - 9:51
    grandmaster အသင်းနဲ့ နာမည်ကြီး
    စက်တွေ ပါဝင်ခဲ့ကြတယ်၊
  • 9:51 - 9:54
    ဒါပေမဲ့ နိုင်ခဲ့သူတွေဟာ grandmaster တွေ
    မဟုတ်ခဲ့ကြပါ၊
  • 9:54 - 9:55
    စူပါ ကွန်ပျူတာလည်း မဟုတ်ခဲ့ပါ။
  • 9:56 - 10:00
    အပျော်တမ်း အမေရိကန်
    စစ်တုရင် ကစားသူ နှစ်ဦး နိုင်ခဲ့ကြတယ်။
  • 10:00 - 10:03
    တစ်ချိန်တည်းမှာ သာမန် PC သုံးလုံးကို
    တပြိုင်နက်တည်း သုံးခဲ့ကြတယ်။
  • 10:06 - 10:09
    သူတို့က သူတို့စက်တွေကို
    အသုံးပြုနိုင်ခဲ့ပုံက
  • 10:09 - 10:13
    ပြိုင်ဖက် grandmaster တွေရဲ့
    အတွေ့အကြုံတွေကို
  • 10:13 - 10:16
    ပြီးတော့ အားကောင်းလှတဲ့
    ကွန်ပျူတာတွေရဲ့ စွမ်းပကားတွေကို
  • 10:16 - 10:20
    နောက်ကောက် ချန်ရစ် နိုင်ခဲ့ကြပါတယ်။
  • 10:22 - 10:24
    အဲဒါနဲ့ ကျွန်တော်ဟာ
    ဒီလို ဖေါ်မြူလာကို တွေ့လာတယ်။
  • 10:25 - 10:28
    အားနည်းတဲ့ အားကစားသမားနဲ့
    စက်ကိုပေါင်းလိုက်ပြီး
  • 10:28 - 10:31
    ပိုကောင်းစွာ စီမံလုပ်ကိုင်ပေးရင်
  • 10:31 - 10:34
    အားကောင်းလှတဲ့ စက်ကြီး သက်သက်ထက်၊
  • 10:34 - 10:38
    ပြီးတော့ အားကောင်းတဲ့ ကစားသူနဲ့
    သိပ် မကောင်းလှတဲ့ စက်နဲ့
  • 10:38 - 10:40
    စာရင်တောင်
  • 10:41 - 10:44
    ပိုသာမယ် ဆိုတဲ့ အချက်ပါပဲ။
  • 10:46 - 10:48
    အဲဒီအချက်က ကျွန်တော်တို့ဟာ ကိုယ့်စက်တွေကို
  • 10:50 - 10:54
    ပိုပြီး ဦးနှောက်ပါပ သုံးလာနိုင်အောင််
    သင်ကြား အသုံးချကြရာတွင်
  • 10:55 - 10:57
    ပိုကောင်းတဲ့ အင်တာဖေ့စ်
    လိုတာကို နားလည်လာစေတယ်။
  • 10:58 - 11:02
    လူတွေကို စက်နဲ့ ပေါင်းပေးခြင်းဟာ
    အနာဂတ် မဟုတ်ပါဘူး၊
  • 11:02 - 11:03
    အဲဒါ အခု ပစ္စုပ္ပန်ပါ။
  • 11:03 - 11:07
    လူတိုင်းဟာ အွန်လိုင်း ဘ
    ဘာသာပြန်မှုကို သုံးပြီး
  • 11:07 - 11:11
    နိုင်ငံခြား သတင်းစာထဲက ဆောင်းပါးကို
    အကြမ်းဖျင်း သိဖို့ အသုံးပြုပါတယ်၊
  • 11:11 - 11:13
    အဲဒါဟာ သိပ်မပြည့်စုံမှန်း သိပါတယ်။
  • 11:13 - 11:16
    အဲဒီ ဘာသာပြန်ကို ယူပြီး ကျွန်တော်တို့ဟာ
    ကိုယ့်အတွေ့အကြုံကို သုံးပြီး
  • 11:16 - 11:18
    အဲဒီထဲက အနှစ်သာရကို ထုတ်ယူကြတယ်၊
  • 11:18 - 11:21
    အဲဒီနောက်မှာ စက်က ကျွန်တော်တို့
    ပြင်ပေးလိုက်တာ သင်ယူပါတယ်။
  • 11:21 - 11:26
    အဲဒါကို ဆေးဘက်ဆိုင် ရာရောဂါ ရှာဖွေမှု၊
    လုံခြုံရေး ဆန်းစစ်မှုထဲ သုံးနေကြပါပြီ။
  • 11:26 - 11:29
    စက်ဟာ ဒေတာကို ခွဲခြမ်း လေ့လာတယ်
  • 11:29 - 11:31
    ဖြစ်နိုင်ခြေကို တွက်ပေးတယ်၊
  • 11:31 - 11:35
    အလုပ်ကြမ်း ၈၀ ရာခိုင်နှုန်း၊
    ၉၀ ရာခိုင်နှုန်း လုပ်ပေးတယ်၊
  • 11:35 - 11:39
    ဆန်းစစ်ရတာ လွယ်ကူလာစေတယ်
  • 11:39 - 11:42
    ပြီးတော့ လူသားရဲ့ ဆုံးဖြတ်ချက် ပေးရတယ်။
  • 11:42 - 11:47
    ဒါပေမဲ့ ခင်ဗျားတို့ဟာ ကိုယ့်ကလေးတွေကို
    မိမိဘာသာမိမိ မောင်းနိုင်တဲ့
  • 11:48 - 11:52
    ကားနဲ့ ကျောင်းကို ပို့မှာ မဟုတ်ပါဘူး၊
    ၉၀ ရာခိုင်နှုန်း သေချာတောင်။
  • 11:52 - 11:54
    99 ရာခိုင်နှုန်း ဆိုလည်း မပို့ပါဘူး။
  • 11:56 - 11:58
    ဒီတော့ ကျွန်တော်တို့ဟာ ရှေ့ကို
    ခုန်ပျံရန် လိုပါတယ်
  • 11:58 - 12:05
    အရေးပါတဲ့ နောက်ထပ် ဒဿမတွေကို
    ထည့်ပေးနိုင်ဖို့ အတွက်ပါ။
  • 12:07 - 12:11
    Deep Blue နဲ့ ကျွန်တော့ ကစားခဲ့တဲ့ ပွဲရဲ့
    နောက် နှစ် နှစ်ဆယ် အကြာတွင်၊
  • 12:12 - 12:14
    ဒုတိယပွဲ မှာ၊
  • 12:14 - 12:20
    မြင်ခဲ့ကြရတဲ့ "ဦးနှောက်ရဲ့
    နောက်ဆုံး တိုက်ပွဲ" ခေါင်းစဉ်ဟာ
  • 12:20 - 12:22
    သာမန်ကိစ္စ ဖြစ်လာပါပြီ
  • 12:22 - 12:24
    အသိဉာဏ်ပါတဲ့ စက်တွေဟာ
  • 12:24 - 12:26
    နေ့စဉ်
  • 12:27 - 12:29
    ကဏ္ဍတိုင်းမှာ လှုပ်ရှား ရွေ့လျားနေတယ်။
  • 12:30 - 12:33
    ဒါပေမဲ့ အတိတ်ကာလနှင့်မတူဘဲ၊
  • 12:33 - 12:35
    စက်က လယ်သမားတွေ၊
  • 12:36 - 12:39
    လူရဲ့ လုပ်အားကို အစားထိုးမှု မဟုတ်ဘဲ
  • 12:39 - 12:41
    ၎င်းတို့ဟာ ဒီဂရီ ရထားတဲ့ သူတွေကို
    အစားထိုးဖို့ လာနေကြတယ်၊
  • 12:41 - 12:44
    နိုင်ငံရေး သြဇာလွှမ်းမိုးဖို့
    ကြိုးစားနေတယ်။
  • 12:44 - 12:46
    စက်ကို အရှုံးပေးခဲ့ရသူ
    တစ်ဦးအနေနဲ့ ပြောချင်တာက
  • 12:46 - 12:49
    ဒီသတင်းတွေဟာ သိပ်ကို ကောင်းပါတယ်၊
    အရမ်းကောင်းတဲ့ သတင်းတွေပါ။
  • 12:51 - 12:53
    နောက်ဆုံးမှာတော့ ကျွမ်းကျင် အလုပ်တိုင်းဟာ
  • 12:53 - 12:55
    အဲဒီလို ဖိအားပေးမှုကို ခံစားရမှာပါ၊
  • 12:55 - 13:01
    မဟုတ်ရင် လူသားဟာ တိုးတက်မှု
    မရှိတော့တာကို ဆိုလိုမှာပါ။
  • 13:03 - 13:04
    ကျနော်တို့ဆီမှာ
  • 13:05 - 13:07
    နည်းပညာ တိုးတက်မှု
  • 13:08 - 13:11
    ဘယ်တော့ ရပ်သွားမယ် ဆိုတာကို
    ရွေးခွင့် မရှိပါ။
  • 13:13 - 13:15
    ကျွန်တော်တို့ဟာ
  • 13:16 - 13:17
    အရှိန်ကို လျှော့ချ မရနိုင်ပါ။
  • 13:17 - 13:19
    တကယ်တော့၊
  • 13:19 - 13:21
    ကျွန်တော်တို့ဟာ အရှိန်ကို မြှင့်ရပါမယ်။
  • 13:25 - 13:27
    ကျွန်ုတော်တို့ရဲ့ နည်းပညာတွေဟာ
  • 13:29 - 13:34
    ကျွန်တော်တို့ရဲ့ ဘဝထဲက အခက်အခဲတွေနဲ့
    မရေရာမှုတွေကို ဖယ်ရှားရာတွင် သိပ်တော်တယ်။
  • 13:35 - 13:38
    ကျွန်တော်တို့ဟာ ပိုလို့ကို ခက်ခဲတဲ့
  • 13:38 - 13:40
    အရာတွေ၊ ပိုစိန်ခေါ်ရာကျတဲ့
  • 13:40 - 13:44
    ဆက်ပြီး ရှာကြံဖို့ လိုပါတယ်။
  • 13:48 - 13:49
    စက်တွေဆီမှာ
  • 13:52 - 13:54
    တွက်ချက်မှုတွေ ရှိတယ်။
  • 13:54 - 13:55
    ကျွန်တော်ဆို့ဆီမှာ အသိပညာ ရှိတယ်။
  • 13:55 - 13:57
    စက်တွေဆီမှာ ညွှန်ကြားချက်တွေ ရှိတယ်။
  • 13:59 - 14:01
    ကျွန်တော်တို့ဆီမှာ ရည်ရွယ်ချက် ရှိတယ်။
  • 14:01 - 14:03
    စက်တွေဟာ
  • 14:05 - 14:06
    ဓမ္မဓိဋ္ဌာန် ကျပါတယ်။
  • 14:06 - 14:08
    ကျွန်တော်တို့မှာ စိတ်ထက်သန်မှု ရှိတယ်။
  • 14:09 - 14:15
    စက်တွေ ဒီနေ့ ဘာတွေ လုပ်နိုင်တာကို
    ကျွန်တော်တို့ စိုးရိမ်ရန် မလိုပါ။
  • 14:15 - 14:19
    အဲဒီအစား ၎င်းတို့ ဘာတွေကို မလုပ်နိုင်
    သေးတာကို စဉ်းစားဖို့ လိုပါတယ်။
  • 14:19 - 14:25
    ကျွန်တော်တို့ဟာ အသိဉာဏ်ပါမယ့် စက်သစ်တွေရဲ့
    အကူအညီကို လိုအပ်မှာ မို့လို့ပါ။
  • 14:25 - 14:29
    ကျွန်တော်တို့ရဲ့ အကြီးမားဆုံး စိတ်ကူးတွေ
    လက်တွေ့ ရုပ်လုံးဖေါ်ဖို့ အတွက်ပါ။
  • 14:30 - 14:31
    ကျွန်တော်တို့ ကျရှုံးပါက၊
  • 14:32 - 14:37
    ကျရှုံးခဲ့ရင်၊ စက်တွေ အသိဉာဏ်
    သိပ်တော်လို့ ဒါမှမဟုတ်
  • 14:37 - 14:39
    လုံလောက်စွာ မတော်လို့ မဟုတ်ပါ။
  • 14:39 - 14:42
    ကျွန်တော်တို့ ကျရှုံးခဲ့ရင် ကျွန်တော်တို့
    ကျေနပ်အားရနေခဲ့လို့
  • 14:43 - 14:45
    ရည်မှန်းချက်တွေကို ကန့်သတ်ခဲ့ကြလို့ပါ။
  • 14:46 - 14:50
    ကျွန်တော်တို့ လူသားကို ဘယ်လို
    ကျွမ်းကျင်မှုနဲ့မှ ကန့်သတ် မထားပါ၊
  • 14:51 - 14:54
    တူပစ်တာ၊ စစ်တုရင်ကစားတာ ဟာမျိုးဖြင့်
    ကန့်သတ် မထားပါ။
  • 14:55 - 14:58
    လူသား တစ်ဦးတည်းသာ လုပ်နိုင်တဲ့
    အရာ တစ်ခု ရှိပါတယ်။
  • 14:58 - 14:59
    အိပ်မက်ပါ။
  • 15:00 - 15:03
    ဒီတော့ အိပ်မက်ကြပါစို့။
  • 15:03 - 15:04
    ကျေးဇူးတင်ပါတယ်။
  • 15:04 - 15:08
    (လက်ခုပ်သံများ)
Title:
အသိဉာဏ်ပါတဲ့ စက်တွေကို မကြောက်ကြပါနဲ့၊ သူတို့နဲ့အတူ အလုပ်လုပ်ကိုင်ကြပါ
Speaker:
Garry Kasparov
Description:

ကျွန်တော်တို့ဟာ နည်းပညာထံမှ အများဆုံးကို ရယူချင်ရင် --ကိုယ့် ကြောက်စိတ်တွေကို ရင်ဆိုင်ဖို့ လိုတယ်လို့ Garry Kasparov က ဆိုပါတယ်။ သမိုင်းထဲမှာ အကြီးမားဆုံး စစ်တုရင် ကစားသူ Kasparov ဟာ ဟိုလေးတကျော် ဖြစ်သွားခဲ့တဲ့ IBM စူပါကွန်ပျူတာ Deep Blue နဲ့ ၁၉၉၇ ခုနှစ်မှာ ကစားစဉ် ရှုံးသွားခဲ့တယ်။ အခုတော့ သူဟာ အသိဉာဏ်ပါတဲ့ စက်တွေက ကျွန်တော်တို့ရဲ့ အကြီးမားဆုံး စိတ်ကူးတွေကို လက်တွေ့ ရုပ်လုံးဖေါ်နိိုင်အောင် ကျွန်တော်တို့အား ကူညီပေးနိုင်ပုံကို မျှဝေထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
15:20

Burmese subtitles

Revisions