1 00:00:00,960 --> 00:00:03,936 ဒီဇာတ်လမ်းဟာ ၁၉၈၅ ခုနှစ်မှာ၊ 2 00:00:03,960 --> 00:00:05,936 ကျွန်တော် အသက် ၂၂ နှစ်တွင် 3 00:00:05,960 --> 00:00:08,716 ကျွန်တော် ကမ္ဘာ့ စစ်တုရင် ချန်ပီယံ ဖြစ်ချိန်မှာ စခဲ့တယ်၊ 4 00:00:08,716 --> 00:00:12,180 Anatoly Karpov ကို အနိုင်ယူလိုက်တဲ့ နောက်မှာပါ။ 5 00:00:12,480 --> 00:00:13,736 အဲဒီနှစ် အစောပိုင်းတွင်၊ 6 00:00:13,760 --> 00:00:17,376 ကျွန်တော်ဟာ တစ်ပြိုင်နက်ပြပွဲ လို့ခေါ်တာကို 7 00:00:17,400 --> 00:00:21,696 ကမ္ဘာ့ အကောင်းဆုံး စစ်တုရင် ကစားတဲ့ စက် ၃၂ လုံးနဲ့ 8 00:00:21,720 --> 00:00:23,820 ဂျာမနီ နိုင်ငံ ဟမ်းဘတ် မြို့မှာ ကစားခဲ့တယ်။ 9 00:00:23,920 --> 00:00:26,310 အဲဒီ ကစားပွဲအားလုံးကို ကျွန်တော် နိုင်ခဲ့တယ်၊ 10 00:00:26,560 --> 00:00:29,736 အဲဒီတုန်းက ကျွန်တော် ကွန်ပျူတာ ၃၂ လုံးကို တပြိုင်နက်တည်း ကစားရင်း 11 00:00:29,760 --> 00:00:33,800 အနိုင်ယူနိုင်ခဲ့တာဟာ သိပ် အံ့ဩစရာကြီး မဟုတ်ခဲ့ပါဘူး။ 12 00:00:34,480 --> 00:00:37,056 ကျွန်တော့အတွက် ကတော့ အဲဒါဟာ ရွှေခေတ်ကြီးပါ။ 13 00:00:37,080 --> 00:00:39,176 (ရယ်သံများ) 14 00:00:39,200 --> 00:00:40,720 စက်တွေ အားနည်းခဲ့ကြတယ်၊ 15 00:00:41,240 --> 00:00:43,016 ကျွန်တော့ ဆံပင်တွေက သန်မာတုန်းပဲ။ 16 00:00:43,040 --> 00:00:45,240 (ရယ်သံများ) 17 00:00:46,720 --> 00:00:48,776 အဲဒီနောက် ၁၂ နှစ် မျှပဲ ကြာသွားတော့ 18 00:00:48,800 --> 00:00:52,600 ကျွန်တော်ဟာ သေရေးရှင်ရေး တိုက်ပွဲကို ကွန်ပျူတာ တစ်လုံးတည်းနဲ့ 19 00:00:52,600 --> 00:00:55,000 "Newsweek"က "ဦးနှောက်ရဲ့ နောက်ဆုံး တိုက်ပွဲ"လို့ 20 00:00:55,360 --> 00:00:57,416 ခေါ်ခဲ့တဲ့ တိုက်ပွဲထဲမှာ 21 00:00:57,440 --> 00:00:59,060 လုံးပမ်း နေခဲ့ရတယ်။ 22 00:00:59,060 --> 00:01:00,456 ဘယ်လိုမှ ဖိအား မရှိခဲ့ပါဘူး။ 23 00:01:00,480 --> 00:01:02,000 (ရယ်သံများ) 24 00:01:03,040 --> 00:01:05,616 ဒဏ္ဍာရီတွေကနေ သိပ္ပံစိတ်ကူးယဉ်ဆီကို 25 00:01:05,640 --> 00:01:08,376 လူသား နဲ့ စက်တွေကို 26 00:01:08,400 --> 00:01:11,810 မကြာခဏဆိုသလို သေရေး ရှင်ရေး တိုက်ပွဲကြီး အသွင်နဲ့ ရေးချယ် လာခဲ့ကြပါတယ်။ 27 00:01:11,960 --> 00:01:13,500 John Henry၊ 28 00:01:13,500 --> 00:01:15,256 သံမဏိ-ကားမောင်းသူလို့ အခေါ်ခံခဲ့ရသူ၊ 29 00:01:15,280 --> 00:01:19,056 ၁၉ ရာစု အမေရိကက အာဖရိက လူမျိုးတွေရဲ့ ရိုးရာဒဏ္ဍာရီထဲမှာ 30 00:01:19,080 --> 00:01:20,456 ရေနွေးငွေ့နဲ့ မောင်းတဲ့ တူက 31 00:01:20,480 --> 00:01:23,216 ကျောက်တောင်ကို ဖြတ်ပြီး တူမြောင်းကို 32 00:01:23,240 --> 00:01:25,600 ထုခွဲဖောက်လုပ်ဖို့ ကြိုးစားရင်း ပြိုင်ခဲ့ရတယ်။ 33 00:01:26,800 --> 00:01:31,000 အဲဒီ John Henry ရဲ့ ဒဏ္ဍာရီ ပုံပြင်ဟာ သမိုင်းလာ ရှည်လျားလှတဲ့ ပုံပြင်၊ 34 00:01:31,680 --> 00:01:34,760 လူသား နဲ့ နည်းပညာ အကြောင်း ပုံပြင် တစ်စိတ် တစ်ပိုင်းပါပဲ။ 35 00:01:35,700 --> 00:01:39,080 အဲဒီလို ပြိုင်ဆိုင်မှု ဇာတ်လမ်းတွေကို ဒီနေ့လည်း ကြားနိုင်တုန်းပါ။ 36 00:01:39,560 --> 00:01:41,880 ကျွန်တော်တို့ဟာ စက်တွေနဲ့ ယှဉ်ပြိုင်နေကြရပါတယ်၊ 37 00:01:42,360 --> 00:01:44,440 တိုက်ပွဲထက် စစ်ပွဲလို့တောင် ခေါ်နိုင်ပါတယ်။ 38 00:01:45,880 --> 00:01:47,496 အလုပ်နေရာတွေ ပျောက်လာနေကြတယ်။ 39 00:01:47,520 --> 00:01:51,600 လူတွေကို အလုပ်နေရာမှာ အစားထိုးပစ်လာနေလို့ သူတို့ဟာ ကမ္ဘာကြီးမှ ပျောက်သွားနေသလိုပါ။ 40 00:01:52,030 --> 00:01:55,736 ဒါက "Terminator" ဒါမှမဟုတ် "Matrix" လို ရုပ်ရှင်တွေ စိတ်ကူးယဉ် မဟုတ်ဘူးလို့ 41 00:01:55,760 --> 00:01:56,960 ပြောစရာ ဖြစ်လာတယ်။ 42 00:01:59,640 --> 00:02:03,960 အခုဆို လူသားရဲ့ ခန္ဓာကိုယ်နဲ့ ဦးနှောက်က ကွန်ပျူတာ ဒါမှမဟုတ် 43 00:02:04,880 --> 00:02:09,616 ရိုဘော့ စက်ရုပ်နဲ့ တန်းတူရည်တူ ပြိုင်နိုင်တဲ့ 44 00:02:09,639 --> 00:02:11,480 နေရာတွေ သိပ်ကို နည်းလှပါတယ်။ 45 00:02:12,030 --> 00:02:15,288 တကယ်တော့ ဒီထက် နည်းနည်းလေး ပိုပြီး ရှိခဲ့ရင် ကောင်းမယ်လို့ ထင်မိတယ်။ 46 00:02:15,760 --> 00:02:16,960 အဲဒီအစား၊ 47 00:02:17,840 --> 00:02:22,496 ကျွန်တော့အတွက် ကောင်းချီးမင်္ဂလာလည်း ဖြစ်ခဲ့ပြီး ကျိန်စာပါ ဖြစ်လာခဲ့တာက 48 00:02:22,520 --> 00:02:25,216 လူတိုင်း ဒီနေ့အထိကို ပြောဆိုစရာ ဖြစ်လာခဲ့တဲ့ 49 00:02:25,240 --> 00:02:28,336 လူသား နဲ့ စက်တွေရဲ့ ပြိုင်ဆိုင်မှုကို 50 00:02:28,360 --> 00:02:30,240 သက်သေထူပြရမယ့် လူ ဖြစ်လာခဲ့ရပါတယ်။ 51 00:02:33,120 --> 00:02:38,136 နာမည်ကြီး လူသား နဲ့ စက်ရဲ့ ပြိုင်ပွဲ ပုံပြင်ထဲက John Henryhn လိုပါပဲ၊ 52 00:02:38,160 --> 00:02:40,736 ကျွန်တော်ဟာ ပွဲနှစ်ပွဲကို ကစားခဲ့ရတယ်၊ 53 00:02:40,760 --> 00:02:44,200 IBM ရဲံ စူပါကွန်ပျူတာ Deep Blue နဲ့ ပြိုင်ခဲ့ရတယ်။ 54 00:02:45,650 --> 00:02:49,216 အဲဒီတုန်းက ပထမဦးဆုံးပွဲကို ကျွန်တော် နိုင်ခဲ့တာ ဘယ်သူမှာမှ မမှတ်မိကြဘူး - 55 00:02:49,240 --> 00:02:51,576 (ရယ်သံများ) 56 00:02:51,600 --> 00:02:55,000 (လက်ခုပ်သံများ) 57 00:02:55,920 --> 00:03:00,896 Philadelphia မှာပါ၊ နောက်တစ်နှစ် New York ထပ်ကစားစဉ် မရှုံးခင်ကပါ။ 58 00:03:00,920 --> 00:03:02,680 တကယ်တော့ အဲဒါ တရားခဲ့တယ် ထင်ပါတယ်။ 59 00:03:04,320 --> 00:03:09,416 Sir Edmund Hillary နဲ့ Tenzing Norgay တို့က သမိုင်းထဲမယ်၊ 60 00:03:09,440 --> 00:03:12,060 ဧဝရက် တောင်ထိပ်ကို တက် မပြခင်တွင် 61 00:03:12,060 --> 00:03:15,696 အဲဒီအမြင့်ဆုံး တောင်ထိပ် မတက်နိုင်ခဲ့တဲ့ လူတွေ ဆိုပြီး သမိုင်းထဲမှာ အထူးလုပ် 62 00:03:15,720 --> 00:03:17,520 မှတ်တမ်း တင်ခဲ့တာ မရှိခဲ့ပါဘူး။ 63 00:03:17,960 --> 00:03:21,720 ၁၉၉၇ ခုနှစ်တုန်းက ကျွန်တော်ဟာ ကမ္ဘာ့ချန်ပီယံ ဖြစ်နေတုန်းပါပဲ။ 64 00:03:24,520 --> 00:03:28,720 စစ်တုရင် ကွန်ပျူတာတွေ ရင့်ကျက်လာတဲ့ နှစ်တွေ ဖြစ်ခဲ့တယ်။ 65 00:03:29,520 --> 00:03:31,496 ကျွန်တော်က ဧဝရက် တောင်ထိပ် ဖြစ်ခဲ့ပြီး၊ 66 00:03:31,520 --> 00:03:34,390 Deep Blue က ထိပ်သီးရင်ဆိုင်ဖို့ အသင့် ဖြစ်လာခဲ့တယ်။ 67 00:03:34,600 --> 00:03:38,656 တကယ်တော့ အဲဒါကို လုပ်ပြလိုက်တာက Deep Blue မဟုတ်ခဲ့တာ ထောက်ပြချင်တယ်၊ 68 00:03:38,680 --> 00:03:40,816 ၎င်းကို ဖန်တီးခဲ့ကြတဲ့ လူသားတွေပါ- 69 00:03:40,840 --> 00:03:44,176 Anantharaman၊ Campbell၊ Hoane၊ Hsu တို့ပါ။ 70 00:03:44,200 --> 00:03:46,180 သူတို့ကို အလေးပြုဖို့ လိုအပ်ပါတယ်။ 71 00:03:46,840 --> 00:03:51,256 ခါတိုင်းလိုပဲ စက်ရဲ့အောင်ပွဲဟာ လူသားရဲ့ အောင်ပွဲကြီး ဖြစ်လာတယ်၊ 72 00:03:51,280 --> 00:03:56,040 ကျွန်တော်တို့ တီထွင်ပေးလိုက်တဲ့ဟာက လူသားတွေထက် သာလွန်သွားရင် မေ့တတ်ကြပါတယ်။ 73 00:03:58,360 --> 00:03:59,800 Deep Blue ဟာ အောင်ပွဲကြီးပါ။ 74 00:04:01,080 --> 00:04:02,600 အဲဒါဟာ အသိဉာဏ် ထက်ခဲ့သလား။ 75 00:04:03,360 --> 00:04:05,120 မဟုတ်ဘူး၊ မထက်မြက်ခဲ့ပါဘူး။ 76 00:04:06,200 --> 00:04:11,256 အနည်းဆုံး Alan Turing နဲ့ ကွန်ပျူတာ တီထွင်ရှင်များ မျှော်လင့်ခဲ့ကြသလို 77 00:04:11,280 --> 00:04:12,480 မဟုတ်ခဲ့ပါဘူး။ 78 00:04:13,240 --> 00:04:18,016 စစ်တုရင်ကို ကြမ်းတမ်းတဲ့ အားနဲ့ ထုချေပစ်နိုင်ကြောင်း တွေ့လာခဲ့ရတယ်၊ 79 00:04:18,040 --> 00:04:22,296 ဟာ့ဒ်ဝဲတွေ အမြန်နှုန်း ကောင်းလာရင် 80 00:04:22,320 --> 00:04:25,280 အယ်လဂိုရီသမ် သုံးတာ တော်လာရင်ပေါ့လေ။ 81 00:04:26,760 --> 00:04:30,456 ဒါပေမဲ့ ထွက်လာတဲ့ ရလဒ်ကို ကြည့်ပြောရပါက၊ 82 00:04:30,480 --> 00:04:33,696 grandmaster-အဆင့် စစ်တုရင်၊ 83 00:04:33,720 --> 00:04:35,800 Deep Blue ဟာ အသိဉာဏ် တော်ခဲ့ပါတယ်။ 84 00:04:37,320 --> 00:04:39,720 ဒါပေမဲ့၊ မယုံနိုင်လောက်အောင် မြန်တဲ့နှုန်းနဲ့၊ 85 00:04:40,560 --> 00:04:43,760 တစ်စက္ကန့်ကို သန်း ၂၀၀ နှုန်းနဲ့၊ 86 00:04:45,070 --> 00:04:46,560 Deep Blue ရဲ့ လုပ်ကိုင်ပုံက 87 00:04:47,360 --> 00:04:53,960 လူသား အသိဉာဏ် အထဲက အံ့ဖွယ် အရာတွေကို နည်းနည်းလေးမျှသာ ဖွင့်ပြနိုင်ခဲ့တာပါ။ 88 00:04:56,960 --> 00:04:58,776 မကြာခင်မှာပဲ၊ 89 00:04:58,800 --> 00:05:01,376 စက်တွေဟာ တက္ကစီယာဉ်မောင်းတွေ ဖြစ်လာကြတယ်၊ 90 00:05:01,400 --> 00:05:03,816 ဆရာဝန်တွေ၊ ပါမောက္ခတွေ ဖြစ်လာနိုင်ကြပေမဲ့ 91 00:05:03,840 --> 00:05:06,440 "အသိဉာဏ်" ကော ရှိလာကြမလား။ 92 00:05:07,840 --> 00:05:10,336 ကျွန်တော်ကတော့ အဲဒီလို အဓိပ္ပာယ်ဖွင့်ဆိုချက်တွေကို 93 00:05:10,360 --> 00:05:13,920 ဒဿနိက ပညာရှင်တွေနဲ့ အဘိဓါန်တွေဆီ လွှဲထားခဲ့ချင်တယ်။ 94 00:05:15,440 --> 00:05:19,320 အရေးကြီးဆုံးက ကျွန်ုပ်တို့ လူသားတွေက အဲဒီ စက်တွေနဲ့ 95 00:05:20,320 --> 00:05:23,920 နေထိုင် အလုပ် လုပ်နေရတာကို ဘယ်လို ခံစားရသလဲ။ 96 00:05:26,160 --> 00:05:31,416 ကျွန်တော် Deep Blue ကို ၁၉၉၆ ခုနှစ် တုန်းက ပထမဦးဆုံး အကြိမ် တွေ့ရတော့ 97 00:05:31,440 --> 00:05:34,550 ကျွန်တော်ဟာ ကမ္ဘာ့ချန်ပီယံ ဖြစ်နေခဲ့တာ ဆယ်နှစ် ကျော်နေပါပြီ၊ 98 00:05:35,340 --> 00:05:40,096 ကမ္ဘာ့ ချန်ပီယံပွဲတွေကို ၁၈၂ ကြိမ် ကစားပြီးခဲ့ပါပြီ 99 00:05:40,120 --> 00:05:45,216 ပြီးတော့ ဒိပြင်ပြိုင်ပွဲတွေမှာ ထိပ်သီး သမားတွေနဲ့ ပွဲရာချီ ကစားပြီးခဲ့ပါပြီ။ 100 00:05:45,240 --> 00:05:50,296 ကျွန်တော်ဟာ ပြိုင်ဘက်တွေဆီက ဘာကို မျှော်လင့်ရမှန်း 101 00:05:50,320 --> 00:05:52,670 ကျွန်တော်ဆီမှ ဘာကို မျှေ ာ်လင့်ရမှန်း သိခဲ့ပါတယ်။ 102 00:05:52,680 --> 00:05:57,856 ကျွန်တော်ဟာ သူတို့ရဲ့ အကွက်ရွှေ့ပုံကို လေ့လာလေ့ ရှိခဲ့တယ် 103 00:05:57,880 --> 00:06:01,496 သူတို့ရဲ့ စိတ်ခံစားမှု အခြေအနေကို ခန့်မှန်းတတ်ခဲ့တယ် 104 00:06:01,520 --> 00:06:05,360 သူတို့ရဲ့ ခန္ဓာကိုယ် ဘာသာစကားကို သူတို့ရဲ့ မျက်စိထဲ ကြည့်ရင်း ပေါ့လေ။ 105 00:06:05,880 --> 00:06:09,880 အဲဒီနောက်မှာ ကျွန်တော်ဟာ Deep Blue နဲ့ မျက်နှာချင်းဆိုင်ပြီး ထိုင်လာရတယ်။ 106 00:06:12,960 --> 00:06:15,816 တစ်ခုခု ဆန်းနေတာ ကျွန်တော် ချက်ချင်း ခံစားမိတယ်၊ 107 00:06:15,840 --> 00:06:17,160 တစ်ခုခု မဟုတ်ခဲ့ဘူး။ 108 00:06:19,440 --> 00:06:22,240 ခင်ဗျားတို့လည်း အလားတူ ခံစားမှုကို ခံစားမိခဲ့မှာပါ 109 00:06:23,320 --> 00:06:25,856 မောင်းသူမဲ့ကားကို ပထမဦးဆုံး အကြိမ် စီးရတဲ့ အခါမျိုး 110 00:06:25,880 --> 00:06:30,720 ခင်ဗျားတို့ရဲ့ ကွန်ပျူတာ မန်နေဂျာက ပြဿနာ တစ်ခုခုကို ရှင်းပြတဲ့ အခါမျိုး။ 111 00:06:33,800 --> 00:06:36,920 ဒါပေမဲ့ ကျွန်တော်က အဲဒီပွဲအတွက် ပထမအကြိမ် ထိုင်လိုက်တော့၊ 112 00:06:38,080 --> 00:06:40,216 ဒီအရာက ဘာများ လုပ်နိုင်စွမ်း ရှိမလဲ 113 00:06:40,240 --> 00:06:43,920 ဆိုတာကို ကျွန်တော် မသေချာခဲ့ပါ။ 114 00:06:44,410 --> 00:06:48,080 နည်းပညာတွေဟာ ခုန်ပျံ တိုးတက်နိုင်ပါတယ်၊ IBM ဟာ အကြီးအကျယ် မြှုပ်နှံခဲ့တယ်။ 115 00:06:48,680 --> 00:06:50,770 ကျွန်တော်ဟာ ပွဲကို ရှုံးသွားတယ်။ 116 00:06:51,820 --> 00:06:54,010 ကျွန်တော်ဟာ သိပ်ကို အံ့ဩသွားတယ်၊ 117 00:06:54,010 --> 00:06:56,190 အဲဒီစက်ကို နိုင်လို့ကို မရနိုင်တာများလား။ 118 00:06:56,330 --> 00:06:58,960 ကျွန်တော် သိပ်ကြိုက်ခဲ့တဲ့ စစ်တုရင်ခေတ် ကုန်သွားပြီလား။ 119 00:07:00,800 --> 00:07:04,936 အဲဒါတွေဟာ လူသားရဲ့ သံသယတွေ ကြောက်စိတ်တွေပါ၊ 120 00:07:04,960 --> 00:07:06,640 ကျွန်တော် သေချာပေါက် သိထားတာက 121 00:07:07,400 --> 00:07:10,296 ကျွန်တော့ ပြိုင်ဘက် Deep Blue ဆီမှာ စိုးရိမ်မှုတွေ လုံးဝ မရှိခဲ့ဘူး ဆိုတာပါ။ 122 00:07:10,320 --> 00:07:12,080 (ရယ်သံများ) 123 00:07:13,920 --> 00:07:15,320 ကျွန်တော်ဟာ စိတ်ဓာတ်ကျစရာ 124 00:07:16,400 --> 00:07:18,360 ထိုးနှက်မှုကြီးရဲ့ နောက်မှာ ပထမပွဲကို 125 00:07:19,000 --> 00:07:20,530 နိုင်ဖို့ တိုက်ပွဲ ဝင်ရတယ်၊ 126 00:07:20,960 --> 00:07:23,300 ဒါပေမဲ့ အဖြေက နံရံပေါ်မှာ ကမ္မည်း ထိုးထားလျက်ပါ။ 127 00:07:23,780 --> 00:07:26,536 နောက်ဆုံးမှာတော့ ကျွန်တော်ဟာ စက်ကို ရှုံးသွားခဲ့တယ်၊ 128 00:07:26,560 --> 00:07:29,616 ဒါပေမဲ့ ကျွန်တော်ဟာ John Henry ရဲ့ ကံကြမ္မာမျိုး မရင်ဆိုင်ခဲ့ရပါ၊ 129 00:07:29,640 --> 00:07:32,680 သူဟာ နိုင်ခဲ့ပေမဲ့ သူ့တူကို လက်ထဲ ကိုင်ထားရင်း သေသွားခဲ့တယ်။ 130 00:07:37,720 --> 00:07:40,256 စစ်တုရင် လောကက လူသား စစ်တုရင် 131 00:07:40,280 --> 00:07:43,520 ချန်ပီယံကို ဆက်ပြီး လိုချင်ကြတုန်းပါပဲ။ 132 00:07:44,920 --> 00:07:46,600 ဒီနေ့မှာတောင် 133 00:07:48,080 --> 00:07:51,536 မိုဘိုင်းဖုန်းပေါ်မှာ အခမဲ့ကစားနိုင်တဲ့ Deep Blue ထက်ကို သာတဲ့ 134 00:07:51,560 --> 00:07:53,576 စစ်တုရင် app ရှိနေတာတောင်၊ 135 00:07:53,600 --> 00:07:55,890 လူတွေဟာ စစ်တုရင်ကို ကစားနေကြတုန်းပါပဲ၊ 136 00:07:56,680 --> 00:07:58,920 အရင်ကထက် ပိုတောင် ကစားလာကြတယ်။ 137 00:07:59,800 --> 00:08:03,016 အဆိုးမြင်သူတွေက စက်ကနေပြီး နိုင်လိုက်မယ့် ဂိမ်းကို ဘယ်သူမှာမှ 138 00:08:03,040 --> 00:08:05,296 ကစားကြမှာ မဟုတ်ဘူးလို့ ဟောကိန်း ထုတ်ခဲ့ဘူးတယ်၊ 139 00:08:05,320 --> 00:08:07,536 သူတို့အားလုံး မှားခဲ့ကြတာ ထင်ရှားနေပြီ၊ 140 00:08:07,560 --> 00:08:11,016 တကယ်တော့ အဆိုးမြင်သူတွေ အစဉ်ပဲ ရှိခဲ့ကြပါတယ်၊ အထူသဖြင့် 141 00:08:11,040 --> 00:08:13,020 နည်းပညာတွေနဲ့ ပတ်သက်လာရင်ပေါ့လေ။ 142 00:08:14,360 --> 00:08:17,096 ကျွန်တော့ အတွေ့အကြုံများထဲကနေပြီး နားလည်လိုက်တာက 143 00:08:17,120 --> 00:08:21,776 ကျွန်တော်တို့ဟာ နည်းပညာထံမှ အများဆုံးကို ရယူချင်ရင် 144 00:08:21,800 --> 00:08:25,940 ကိုယ့် ကြောက်စိတ်တွေကို ရင်ဆိုင်ဖို့ လိုတယ် 145 00:08:26,360 --> 00:08:28,736 ပြီးတော့ လူသားဘဝထဲက အကောင်းဆုံးကို ရယူချင်ရင် 146 00:08:28,760 --> 00:08:34,000 ကျွန်တာ်တို့ဟာ အဲဒီ ကြောက်စိတ်တွေကို အနိုင်ယူရန် လိုပါတယ်။ 147 00:08:36,120 --> 00:08:37,895 ကိုယ့်ဒဏ်ရာတွေကို ကုစားရင်း၊ 148 00:08:37,919 --> 00:08:40,640 ကျွန်တော်ဟာDeep Blue နဲ့ ဝင်ခဲ့ရတဲ့ တိုက်ပွဲထဲကနေပြီး 149 00:08:41,080 --> 00:08:43,775 အားတက်စရာ အချက်တွေ အများကြီး ရခဲ့ပါတယ်။ 150 00:08:43,799 --> 00:08:47,220 ရုရှားစကားပုံဟောင်းက ဆိုထားသလို ကိုယ်မနိုင်နိုင်ရင်၊ လက်တွဲလိုက်ပါ။ 151 00:08:48,880 --> 00:08:50,256 အဲဒါနဲ့ စဉ်းစားမိတာက၊ 152 00:08:50,280 --> 00:08:52,616 ကျွန်တော်ကရော ကွန်ပျူတာနဲ့အတူနှင့်အတူ ကစားရင်ကော-- 153 00:08:52,640 --> 00:08:56,220 ကိုယ့်ဘေးမှာ ကွန်ပျူတာ ချထားပြီး ကျွန်တော်တို့ရဲ့ အားကို ပေါင်းလိုက်ရင်၊ 154 00:08:57,160 --> 00:09:00,936 လူရဲ့ ထိုးထွင်ဉာဏ်နဲ့ ကွန်ပျူတာရဲ့ တွက်ချက်နိုင်စွမ်း ပေါင်းလိုက်ရင်၊ 155 00:09:00,960 --> 00:09:03,656 လူရဲ့ မဟာဗျူဟာနဲ့ စက်ရဲ့ နည်းဗျူဟာ၊ 156 00:09:03,680 --> 00:09:06,096 လူ့အတွေ့အကြုံ နဲ့ စက်ရဲ့ မှတ်ဉာဏ်။ 157 00:09:06,120 --> 00:09:08,890 အဲဒီလို မကြုံစဖူး ကောင်းတဲ့ က စားပွဲများ ဖြစ်လာမလား။ 158 00:09:10,000 --> 00:09:11,680 ကျွန်တော့ စိတ်ကူးဟာ 159 00:09:12,920 --> 00:09:16,296 ၁၉၉၈ ခုနှစ်မှာ လက်တွေ့ ဖြစ်လာတယ်၊ အဆင့်မြင့် စစ်တုရင် ဆိုတဲ့ နာမည်နဲ့ 160 00:09:16,320 --> 00:09:22,000 ကျွန်တော်က လူသားနဲ့ကွန်ပျူတာ ပြိုင်ပွဲတွင် အခြား အထက်တန်းစား ကစားသမားနဲ့ ကစားခဲ့တယ်။ 161 00:09:23,280 --> 00:09:25,176 ဒပေမဲ့ ပထမဦးဆုံး စမ်းသပ်ပွဲတွင် 162 00:09:25,200 --> 00:09:31,560 ကျွန်တော်တို့ နှစ်ဖက်စလုံး လူသားနဲ့ စက်ရဲ့ ကျွမ်းမှုကို ထိရောက်စွာ မတွဲဖက်နိုင်ပါ။ 163 00:09:34,480 --> 00:09:37,160 အဆင့်မြင့် စစ်တုရင်ဟာ အင်တာနက် ပေါ်တွင် နေရာယူလိုက်ပါတယ်၊ 164 00:09:38,160 --> 00:09:43,016 အဲဒါနဲ့ 2005 ခုနှစ်တွင် အလွတ်သဘော စစ်တုရင်ပြိုင်ပွဲမှာ 165 00:09:43,040 --> 00:09:45,070 ကျွန်တော်တို့ မျက်စိ ပွင့်လာခဲ့တယ်။ 166 00:09:47,240 --> 00:09:50,776 grandmaster အသင်းနဲ့ နာမည်ကြီး စက်တွေ ပါဝင်ခဲ့ကြတယ်၊ 167 00:09:50,800 --> 00:09:53,536 ဒါပေမဲ့ နိုင်ခဲ့သူတွေဟာ grandmaster တွေ မဟုတ်ခဲ့ကြပါ၊ 168 00:09:53,560 --> 00:09:55,190 စူပါ ကွန်ပျူတာလည်း မဟုတ်ခဲ့ပါ။ 169 00:09:55,680 --> 00:10:00,016 အပျော်တမ်း အမေရိကန် စစ်တုရင် ကစားသူ နှစ်ဦး နိုင်ခဲ့ကြတယ်။ 170 00:10:00,040 --> 00:10:03,200 တစ်ချိန်တည်းမှာ သာမန် PC သုံးလုံးကို တပြိုင်နက်တည်း သုံးခဲ့ကြတယ်။ 171 00:10:05,560 --> 00:10:08,576 သူတို့က သူတို့စက်တွေကို အသုံးပြုနိုင်ခဲ့ပုံက 172 00:10:08,600 --> 00:10:13,290 ပြိုင်ဖက် grandmaster တွေရဲ့ အတွေ့အကြုံတွေကို 173 00:10:13,290 --> 00:10:15,976 ပြီးတော့ အားကောင်းလှတဲ့ ကွန်ပျူတာတွေရဲ့ စွမ်းပကားတွေကို 174 00:10:16,000 --> 00:10:20,160 နောက်ကောက် ချန်ရစ် နိုင်ခဲ့ကြပါတယ်။ 175 00:10:21,600 --> 00:10:23,980 အဲဒါနဲ့ ကျွန်တော်ဟာ ဒီလို ဖေါ်မြူလာကို တွေ့လာတယ်။ 176 00:10:24,560 --> 00:10:27,936 အားနည်းတဲ့ အားကစားသမားနဲ့ စက်ကိုပေါင်းလိုက်ပြီး 177 00:10:27,960 --> 00:10:31,216 ပိုကောင်းစွာ စီမံလုပ်ကိုင်ပေးရင် 178 00:10:31,240 --> 00:10:33,656 အားကောင်းလှတဲ့ စက်ကြီး သက်သက်ထက်၊ 179 00:10:33,680 --> 00:10:37,576 ပြီးတော့ အားကောင်းတဲ့ ကစားသူနဲ့ သိပ် မကောင်းလှတဲ့ စက်နဲ့ 180 00:10:37,600 --> 00:10:39,560 စာရင်တောင် 181 00:10:41,120 --> 00:10:43,520 ပိုသာမယ် ဆိုတဲ့ အချက်ပါပဲ။ 182 00:10:46,360 --> 00:10:48,480 အဲဒီအချက်က ကျွန်တော်တို့ဟာ ကိုယ့်စက်တွေကို 183 00:10:50,000 --> 00:10:53,680 ပိုပြီး ဦးနှောက်ပါပ သုံးလာနိုင်အောင်် သင်ကြား အသုံးချကြရာတွင် 184 00:10:54,520 --> 00:10:56,900 ပိုကောင်းတဲ့ အင်တာဖေ့စ် လိုတာကို နားလည်လာစေတယ်။ 185 00:10:58,320 --> 00:11:01,616 လူတွေကို စက်နဲ့ ပေါင်းပေးခြင်းဟာ အနာဂတ် မဟုတ်ပါဘူး၊ 186 00:11:01,640 --> 00:11:02,856 အဲဒါ အခု ပစ္စုပ္ပန်ပါ။ 187 00:11:02,880 --> 00:11:07,016 လူတိုင်းဟာ အွန်လိုင်း ဘ ဘာသာပြန်မှုကို သုံးပြီး 188 00:11:07,040 --> 00:11:11,336 နိုင်ငံခြား သတင်းစာထဲက ဆောင်းပါးကို အကြမ်းဖျင်း သိဖို့ အသုံးပြုပါတယ်၊ 189 00:11:11,360 --> 00:11:13,060 အဲဒါဟာ သိပ်မပြည့်စုံမှန်း သိပါတယ်။ 190 00:11:13,060 --> 00:11:16,256 အဲဒီ ဘာသာပြန်ကို ယူပြီး ကျွန်တော်တို့ဟာ ကိုယ့်အတွေ့အကြုံကို သုံးပြီး 191 00:11:16,256 --> 00:11:17,896 အဲဒီထဲက အနှစ်သာရကို ထုတ်ယူကြတယ်၊ 192 00:11:17,920 --> 00:11:20,696 အဲဒီနောက်မှာ စက်က ကျွန်တော်တို့ ပြင်ပေးလိုက်တာ သင်ယူပါတယ်။ 193 00:11:20,720 --> 00:11:25,680 အဲဒါကို ဆေးဘက်ဆိုင် ရာရောဂါ ရှာဖွေမှု၊ လုံခြုံရေး ဆန်းစစ်မှုထဲ သုံးနေကြပါပြီ။ 194 00:11:26,440 --> 00:11:28,560 စက်ဟာ ဒေတာကို ခွဲခြမ်း လေ့လာတယ် 195 00:11:29,320 --> 00:11:31,056 ဖြစ်နိုင်ခြေကို တွက်ပေးတယ်၊ 196 00:11:31,080 --> 00:11:34,736 အလုပ်ကြမ်း ၈၀ ရာခိုင်နှုန်း၊ ၉၀ ရာခိုင်နှုန်း လုပ်ပေးတယ်၊ 197 00:11:34,760 --> 00:11:39,136 ဆန်းစစ်ရတာ လွယ်ကူလာစေတယ် 198 00:11:39,160 --> 00:11:41,760 ပြီးတော့ လူသားရဲ့ ဆုံးဖြတ်ချက် ပေးရတယ်။ 199 00:11:42,280 --> 00:11:47,120 ဒါပေမဲ့ ခင်ဗျားတို့ဟာ ကိုယ့်ကလေးတွေကို မိမိဘာသာမိမိ မောင်းနိုင်တဲ့ 200 00:11:48,000 --> 00:11:51,560 ကားနဲ့ ကျောင်းကို ပို့မှာ မဟုတ်ပါဘူး၊ ၉၀ ရာခိုင်နှုန်း သေချာတောင်။ 201 00:11:52,250 --> 00:11:54,200 99 ရာခိုင်နှုန်း ဆိုလည်း မပို့ပါဘူး။ 202 00:11:55,560 --> 00:11:58,416 ဒီတော့ ကျွန်တော်တို့ဟာ ရှေ့ကို ခုန်ပျံရန် လိုပါတယ် 203 00:11:58,440 --> 00:12:04,600 အရေးပါတဲ့ နောက်ထပ် ဒဿမတွေကို ထည့်ပေးနိုင်ဖို့ အတွက်ပါ။ 204 00:12:07,160 --> 00:12:11,200 Deep Blue နဲ့ ကျွန်တော့ ကစားခဲ့တဲ့ ပွဲရဲ့ နောက် နှစ် နှစ်ဆယ် အကြာတွင်၊ 205 00:12:12,200 --> 00:12:13,816 ဒုတိယပွဲ မှာ၊ 206 00:12:13,840 --> 00:12:20,136 မြင်ခဲ့ကြရတဲ့ "ဦးနှောက်ရဲ့ နောက်ဆုံး တိုက်ပွဲ" ခေါင်းစဉ်ဟာ 207 00:12:20,160 --> 00:12:21,736 သာမန်ကိစ္စ ဖြစ်လာပါပြီ 208 00:12:21,760 --> 00:12:24,296 အသိဉာဏ်ပါတဲ့ စက်တွေဟာ 209 00:12:24,320 --> 00:12:25,520 နေ့စဉ် 210 00:12:26,560 --> 00:12:28,760 ကဏ္ဍတိုင်းမှာ လှုပ်ရှား ရွေ့လျားနေတယ်။ 211 00:12:30,160 --> 00:12:33,256 ဒါပေမဲ့ အတိတ်ကာလနှင့်မတူဘဲ၊ 212 00:12:33,280 --> 00:12:34,920 စက်က လယ်သမားတွေ၊ 213 00:12:36,480 --> 00:12:38,520 လူရဲ့ လုပ်အားကို အစားထိုးမှု မဟုတ်ဘဲ 214 00:12:38,520 --> 00:12:41,376 ၎င်းတို့ဟာ ဒီဂရီ ရထားတဲ့ သူတွေကို အစားထိုးဖို့ လာနေကြတယ်၊ 215 00:12:41,400 --> 00:12:43,520 နိုင်ငံရေး သြဇာလွှမ်းမိုးဖို့ ကြိုးစားနေတယ်။ 216 00:12:43,520 --> 00:12:46,216 စက်ကို အရှုံးပေးခဲ့ရသူ တစ်ဦးအနေနဲ့ ပြောချင်တာက 217 00:12:46,216 --> 00:12:49,240 ဒီသတင်းတွေဟာ သိပ်ကို ကောင်းပါတယ်၊ အရမ်းကောင်းတဲ့ သတင်းတွေပါ။ 218 00:12:51,000 --> 00:12:53,216 နောက်ဆုံးမှာတော့ ကျွမ်းကျင် အလုပ်တိုင်းဟာ 219 00:12:53,240 --> 00:12:55,336 အဲဒီလို ဖိအားပေးမှုကို ခံစားရမှာပါ၊ 220 00:12:55,360 --> 00:13:00,960 မဟုတ်ရင် လူသားဟာ တိုးတက်မှု မရှိတော့တာကို ဆိုလိုမှာပါ။ 221 00:13:02,760 --> 00:13:03,960 ကျနော်တို့ဆီမှာ 222 00:13:05,440 --> 00:13:07,160 နည်းပညာ တိုးတက်မှု 223 00:13:08,480 --> 00:13:11,200 ဘယ်တော့ ရပ်သွားမယ် ဆိုတာကို ရွေးခွင့် မရှိပါ။ 224 00:13:13,160 --> 00:13:14,520 ကျွန်တော်တို့ဟာ 225 00:13:15,960 --> 00:13:17,456 အရှိန်ကို လျှော့ချ မရနိုင်ပါ။ 226 00:13:17,480 --> 00:13:19,296 တကယ်တော့၊ 227 00:13:19,320 --> 00:13:21,240 ကျွန်တော်တို့ဟာ အရှိန်ကို မြှင့်ရပါမယ်။ 228 00:13:24,600 --> 00:13:27,240 ကျွန်ုတော်တို့ရဲ့ နည်းပညာတွေဟာ 229 00:13:29,200 --> 00:13:33,500 ကျွန်တော်တို့ရဲ့ ဘဝထဲက အခက်အခဲတွေနဲ့ မရေရာမှုတွေကို ဖယ်ရှားရာတွင် သိပ်တော်တယ်။ 230 00:13:35,000 --> 00:13:37,816 ကျွန်တော်တို့ဟာ ပိုလို့ကို ခက်ခဲတဲ့ 231 00:13:37,840 --> 00:13:39,696 အရာတွေ၊ ပိုစိန်ခေါ်ရာကျတဲ့ 232 00:13:39,720 --> 00:13:43,800 ဆက်ပြီး ရှာကြံဖို့ လိုပါတယ်။ 233 00:13:48,200 --> 00:13:49,400 စက်တွေဆီမှာ 234 00:13:51,880 --> 00:13:53,696 တွက်ချက်မှုတွေ ရှိတယ်။ 235 00:13:53,720 --> 00:13:55,296 ကျွန်တော်ဆို့ဆီမှာ အသိပညာ ရှိတယ်။ 236 00:13:55,320 --> 00:13:57,360 စက်တွေဆီမှာ ညွှန်ကြားချက်တွေ ရှိတယ်။ 237 00:13:58,840 --> 00:14:00,696 ကျွန်တော်တို့ဆီမှာ ရည်ရွယ်ချက် ရှိတယ်။ 238 00:14:00,720 --> 00:14:03,000 စက်တွေဟာ 239 00:14:05,080 --> 00:14:06,296 ဓမ္မဓိဋ္ဌာန် ကျပါတယ်။ 240 00:14:06,320 --> 00:14:08,280 ကျွန်တော်တို့မှာ စိတ်ထက်သန်မှု ရှိတယ်။ 241 00:14:08,600 --> 00:14:14,576 စက်တွေ ဒီနေ့ ဘာတွေ လုပ်နိုင်တာကို ကျွန်တော်တို့ စိုးရိမ်ရန် မလိုပါ။ 242 00:14:14,600 --> 00:14:19,176 အဲဒီအစား ၎င်းတို့ ဘာတွေကို မလုပ်နိုင် သေးတာကို စဉ်းစားဖို့ လိုပါတယ်။ 243 00:14:19,200 --> 00:14:24,696 ကျွန်တော်တို့ဟာ အသိဉာဏ်ပါမယ့် စက်သစ်တွေရဲ့ အကူအညီကို လိုအပ်မှာ မို့လို့ပါ။ 244 00:14:24,720 --> 00:14:28,800 ကျွန်တော်တို့ရဲ့ အကြီးမားဆုံး စိတ်ကူးတွေ လက်တွေ့ ရုပ်လုံးဖေါ်ဖို့ အတွက်ပါ။ 245 00:14:30,000 --> 00:14:31,320 ကျွန်တော်တို့ ကျရှုံးပါက၊ 246 00:14:32,240 --> 00:14:36,896 ကျရှုံးခဲ့ရင်၊ စက်တွေ အသိဉာဏ် သိပ်တော်လို့ ဒါမှမဟုတ် 247 00:14:36,920 --> 00:14:38,750 လုံလောက်စွာ မတော်လို့ မဟုတ်ပါ။ 248 00:14:39,200 --> 00:14:42,280 ကျွန်တော်တို့ ကျရှုံးခဲ့ရင် ကျွန်တော်တို့ ကျေနပ်အားရနေခဲ့လို့ 249 00:14:43,390 --> 00:14:45,240 ရည်မှန်းချက်တွေကို ကန့်သတ်ခဲ့ကြလို့ပါ။ 250 00:14:46,320 --> 00:14:49,560 ကျွန်တော်တို့ လူသားကို ဘယ်လို ကျွမ်းကျင်မှုနဲ့မှ ကန့်သတ် မထားပါ၊ 251 00:14:51,280 --> 00:14:53,960 တူပစ်တာ၊ စစ်တုရင်ကစားတာ ဟာမျိုးဖြင့် ကန့်သတ် မထားပါ။ 252 00:14:54,560 --> 00:14:57,576 လူသား တစ်ဦးတည်းသာ လုပ်နိုင်တဲ့ အရာ တစ်ခု ရှိပါတယ်။ 253 00:14:57,600 --> 00:14:58,800 အိပ်မက်ပါ။ 254 00:15:00,120 --> 00:15:02,656 ဒီတော့ အိပ်မက်ကြပါစို့။ 255 00:15:02,680 --> 00:15:03,896 ကျေးဇူးတင်ပါတယ်။ 256 00:15:03,920 --> 00:15:07,807 (လက်ခုပ်သံများ)