WEBVTT 00:00:00.960 --> 00:00:03.936 ဒီဇာတ်လမ်းဟာ ၁၉၈၅ ခုနှစ်မှာ၊ 00:00:03.960 --> 00:00:05.936 ကျွန်တော် အသက် ၂၂ နှစ်တွင် 00:00:05.960 --> 00:00:08.716 ကျွန်တော် ကမ္ဘာ့ စစ်တုရင် ချန်ပီယံ ဖြစ်ချိန်မှာ စခဲ့တယ်၊ 00:00:08.716 --> 00:00:12.180 Anatoly Karpov ကို အနိုင်ယူလိုက်တဲ့ နောက်မှာပါ။ 00:00:12.480 --> 00:00:13.736 အဲဒီနှစ် အစောပိုင်းတွင်၊ 00:00:13.760 --> 00:00:17.376 ကျွန်တော်ဟာ တစ်ပြိုင်နက်ပြပွဲ လို့ခေါ်တာကို 00:00:17.400 --> 00:00:21.696 ကမ္ဘာ့ အကောင်းဆုံး စစ်တုရင် ကစားတဲ့ စက် ၃၂ လုံးနဲ့ 00:00:21.720 --> 00:00:23.820 ဂျာမနီ နိုင်ငံ ဟမ်းဘတ် မြို့မှာ ကစားခဲ့တယ်။ 00:00:23.920 --> 00:00:26.310 အဲဒီ ကစားပွဲအားလုံးကို ကျွန်တော် နိုင်ခဲ့တယ်၊ 00:00:26.560 --> 00:00:29.736 အဲဒီတုန်းက ကျွန်တော် ကွန်ပျူတာ ၃၂ လုံးကို တပြိုင်နက်တည်း ကစားရင်း 00:00:29.760 --> 00:00:33.800 အနိုင်ယူနိုင်ခဲ့တာဟာ သိပ် အံ့ဩစရာကြီး မဟုတ်ခဲ့ပါဘူး။ 00:00:34.480 --> 00:00:37.056 ကျွန်တော့အတွက် ကတော့ အဲဒါဟာ ရွှေခေတ်ကြီးပါ။ 00:00:37.080 --> 00:00:39.176 (ရယ်သံများ) 00:00:39.200 --> 00:00:40.720 စက်တွေ အားနည်းခဲ့ကြတယ်၊ 00:00:41.240 --> 00:00:43.016 ကျွန်တော့ ဆံပင်တွေက သန်မာတုန်းပဲ။ 00:00:43.040 --> 00:00:45.240 (ရယ်သံများ) 00:00:46.720 --> 00:00:48.776 အဲဒီနောက် ၁၂ နှစ် မျှပဲ ကြာသွားတော့ 00:00:48.800 --> 00:00:52.600 ကျွန်တော်ဟာ သေရေးရှင်ရေး တိုက်ပွဲကို ကွန်ပျူတာ တစ်လုံးတည်းနဲ့ 00:00:52.600 --> 00:00:55.000 "Newsweek"က "ဦးနှောက်ရဲ့ နောက်ဆုံး တိုက်ပွဲ"လို့ 00:00:55.360 --> 00:00:57.416 ခေါ်ခဲ့တဲ့ တိုက်ပွဲထဲမှာ 00:00:57.440 --> 00:00:59.060 လုံးပမ်း နေခဲ့ရတယ်။ 00:00:59.060 --> 00:01:00.456 ဘယ်လိုမှ ဖိအား မရှိခဲ့ပါဘူး။ 00:01:00.480 --> 00:01:02.000 (ရယ်သံများ) 00:01:03.040 --> 00:01:05.616 ဒဏ္ဍာရီတွေကနေ သိပ္ပံစိတ်ကူးယဉ်ဆီကို 00:01:05.640 --> 00:01:08.376 လူသား နဲ့ စက်တွေကို 00:01:08.400 --> 00:01:11.810 မကြာခဏဆိုသလို သေရေး ရှင်ရေး တိုက်ပွဲကြီး အသွင်နဲ့ ရေးချယ် လာခဲ့ကြပါတယ်။ 00:01:11.960 --> 00:01:13.500 John Henry၊ 00:01:13.500 --> 00:01:15.256 သံမဏိ-ကားမောင်းသူလို့ အခေါ်ခံခဲ့ရသူ၊ 00:01:15.280 --> 00:01:19.056 ၁၉ ရာစု အမေရိကက အာဖရိက လူမျိုးတွေရဲ့ ရိုးရာဒဏ္ဍာရီထဲမှာ 00:01:19.080 --> 00:01:20.456 ရေနွေးငွေ့နဲ့ မောင်းတဲ့ တူက 00:01:20.480 --> 00:01:23.216 ကျောက်တောင်ကို ဖြတ်ပြီး တူမြောင်းကို 00:01:23.240 --> 00:01:25.600 ထုခွဲဖောက်လုပ်ဖို့ ကြိုးစားရင်း ပြိုင်ခဲ့ရတယ်။ 00:01:26.800 --> 00:01:31.000 အဲဒီ John Henry ရဲ့ ဒဏ္ဍာရီ ပုံပြင်ဟာ သမိုင်းလာ ရှည်လျားလှတဲ့ ပုံပြင်၊ 00:01:31.680 --> 00:01:34.760 လူသား နဲ့ နည်းပညာ အကြောင်း ပုံပြင် တစ်စိတ် တစ်ပိုင်းပါပဲ။ 00:01:35.700 --> 00:01:39.080 အဲဒီလို ပြိုင်ဆိုင်မှု ဇာတ်လမ်းတွေကို ဒီနေ့လည်း ကြားနိုင်တုန်းပါ။ 00:01:39.560 --> 00:01:41.880 ကျွန်တော်တို့ဟာ စက်တွေနဲ့ ယှဉ်ပြိုင်နေကြရပါတယ်၊ 00:01:42.360 --> 00:01:44.440 တိုက်ပွဲထက် စစ်ပွဲလို့တောင် ခေါ်နိုင်ပါတယ်။ 00:01:45.880 --> 00:01:47.496 အလုပ်နေရာတွေ ပျောက်လာနေကြတယ်။ 00:01:47.520 --> 00:01:51.600 လူတွေကို အလုပ်နေရာမှာ အစားထိုးပစ်လာနေလို့ သူတို့ဟာ ကမ္ဘာကြီးမှ ပျောက်သွားနေသလိုပါ။ 00:01:52.030 --> 00:01:55.736 ဒါက "Terminator" ဒါမှမဟုတ် "Matrix" လို ရုပ်ရှင်တွေ စိတ်ကူးယဉ် မဟုတ်ဘူးလို့ 00:01:55.760 --> 00:01:56.960 ပြောစရာ ဖြစ်လာတယ်။ 00:01:59.640 --> 00:02:03.960 အခုဆို လူသားရဲ့ ခန္ဓာကိုယ်နဲ့ ဦးနှောက်က ကွန်ပျူတာ ဒါမှမဟုတ် 00:02:04.880 --> 00:02:09.616 ရိုဘော့ စက်ရုပ်နဲ့ တန်းတူရည်တူ ပြိုင်နိုင်တဲ့ 00:02:09.639 --> 00:02:11.480 နေရာတွေ သိပ်ကို နည်းလှပါတယ်။ 00:02:12.030 --> 00:02:15.288 တကယ်တော့ ဒီထက် နည်းနည်းလေး ပိုပြီး ရှိခဲ့ရင် ကောင်းမယ်လို့ ထင်မိတယ်။ 00:02:15.760 --> 00:02:16.960 အဲဒီအစား၊ 00:02:17.840 --> 00:02:22.496 ကျွန်တော့အတွက် ကောင်းချီးမင်္ဂလာလည်း ဖြစ်ခဲ့ပြီး ကျိန်စာပါ ဖြစ်လာခဲ့တာက 00:02:22.520 --> 00:02:25.216 လူတိုင်း ဒီနေ့အထိကို ပြောဆိုစရာ ဖြစ်လာခဲ့တဲ့ 00:02:25.240 --> 00:02:28.336 လူသား နဲ့ စက်တွေရဲ့ ပြိုင်ဆိုင်မှုကို 00:02:28.360 --> 00:02:30.240 သက်သေထူပြရမယ့် လူ ဖြစ်လာခဲ့ရပါတယ်။ 00:02:33.120 --> 00:02:38.136 နာမည်ကြီး လူသား နဲ့ စက်ရဲ့ ပြိုင်ပွဲ ပုံပြင်ထဲက John Henryhn လိုပါပဲ၊ 00:02:38.160 --> 00:02:40.736 ကျွန်တော်ဟာ ပွဲနှစ်ပွဲကို ကစားခဲ့ရတယ်၊ 00:02:40.760 --> 00:02:44.200 IBM ရဲံ စူပါကွန်ပျူတာ Deep Blue နဲ့ ပြိုင်ခဲ့ရတယ်။ 00:02:45.650 --> 00:02:49.216 အဲဒီတုန်းက ပထမဦးဆုံးပွဲကို ကျွန်တော် နိုင်ခဲ့တာ ဘယ်သူမှာမှ မမှတ်မိကြဘူး - 00:02:49.240 --> 00:02:51.576 (ရယ်သံများ) 00:02:51.600 --> 00:02:55.000 (လက်ခုပ်သံများ) 00:02:55.920 --> 00:03:00.896 Philadelphia မှာပါ၊ နောက်တစ်နှစ် New York ထပ်ကစားစဉ် မရှုံးခင်ကပါ။ 00:03:00.920 --> 00:03:02.680 တကယ်တော့ အဲဒါ တရားခဲ့တယ် ထင်ပါတယ်။ 00:03:04.320 --> 00:03:09.416 Sir Edmund Hillary နဲ့ Tenzing Norgay တို့က သမိုင်းထဲမယ်၊ 00:03:09.440 --> 00:03:12.060 ဧဝရက် တောင်ထိပ်ကို တက် မပြခင်တွင် 00:03:12.060 --> 00:03:15.696 အဲဒီအမြင့်ဆုံး တောင်ထိပ် မတက်နိုင်ခဲ့တဲ့ လူတွေ ဆိုပြီး သမိုင်းထဲမှာ အထူးလုပ် 00:03:15.720 --> 00:03:17.520 မှတ်တမ်း တင်ခဲ့တာ မရှိခဲ့ပါဘူး။ 00:03:17.960 --> 00:03:21.720 ၁၉၉၇ ခုနှစ်တုန်းက ကျွန်တော်ဟာ ကမ္ဘာ့ချန်ပီယံ ဖြစ်နေတုန်းပါပဲ။ 00:03:24.520 --> 00:03:28.720 စစ်တုရင် ကွန်ပျူတာတွေ ရင့်ကျက်လာတဲ့ နှစ်တွေ ဖြစ်ခဲ့တယ်။ 00:03:29.520 --> 00:03:31.496 ကျွန်တော်က ဧဝရက် တောင်ထိပ် ဖြစ်ခဲ့ပြီး၊ 00:03:31.520 --> 00:03:34.390 Deep Blue က ထိပ်သီးရင်ဆိုင်ဖို့ အသင့် ဖြစ်လာခဲ့တယ်။ 00:03:34.600 --> 00:03:38.656 တကယ်တော့ အဲဒါကို လုပ်ပြလိုက်တာက Deep Blue မဟုတ်ခဲ့တာ ထောက်ပြချင်တယ်၊ 00:03:38.680 --> 00:03:40.816 ၎င်းကို ဖန်တီးခဲ့ကြတဲ့ လူသားတွေပါ- 00:03:40.840 --> 00:03:44.176 Anantharaman၊ Campbell၊ Hoane၊ Hsu တို့ပါ။ 00:03:44.200 --> 00:03:46.180 သူတို့ကို အလေးပြုဖို့ လိုအပ်ပါတယ်။ 00:03:46.840 --> 00:03:51.256 ခါတိုင်းလိုပဲ စက်ရဲ့အောင်ပွဲဟာ လူသားရဲ့ အောင်ပွဲကြီး ဖြစ်လာတယ်၊ 00:03:51.280 --> 00:03:56.040 ကျွန်တော်တို့ တီထွင်ပေးလိုက်တဲ့ဟာက လူသားတွေထက် သာလွန်သွားရင် မေ့တတ်ကြပါတယ်။ 00:03:58.360 --> 00:03:59.800 Deep Blue ဟာ အောင်ပွဲကြီးပါ။ 00:04:01.080 --> 00:04:02.600 အဲဒါဟာ အသိဉာဏ် ထက်ခဲ့သလား။ 00:04:03.360 --> 00:04:05.120 မဟုတ်ဘူး၊ မထက်မြက်ခဲ့ပါဘူး။ 00:04:06.200 --> 00:04:11.256 အနည်းဆုံး Alan Turing နဲ့ ကွန်ပျူတာ တီထွင်ရှင်များ မျှော်လင့်ခဲ့ကြသလို 00:04:11.280 --> 00:04:12.480 မဟုတ်ခဲ့ပါဘူး။ 00:04:13.240 --> 00:04:18.016 စစ်တုရင်ကို ကြမ်းတမ်းတဲ့ အားနဲ့ ထုချေပစ်နိုင်ကြောင်း တွေ့လာခဲ့ရတယ်၊ 00:04:18.040 --> 00:04:22.296 ဟာ့ဒ်ဝဲတွေ အမြန်နှုန်း ကောင်းလာရင် 00:04:22.320 --> 00:04:25.280 အယ်လဂိုရီသမ် သုံးတာ တော်လာရင်ပေါ့လေ။ 00:04:26.760 --> 00:04:30.456 ဒါပေမဲ့ ထွက်လာတဲ့ ရလဒ်ကို ကြည့်ပြောရပါက၊ 00:04:30.480 --> 00:04:33.696 grandmaster-အဆင့် စစ်တုရင်၊ 00:04:33.720 --> 00:04:35.800 Deep Blue ဟာ အသိဉာဏ် တော်ခဲ့ပါတယ်။ 00:04:37.320 --> 00:04:39.720 ဒါပေမဲ့၊ မယုံနိုင်လောက်အောင် မြန်တဲ့နှုန်းနဲ့၊ 00:04:40.560 --> 00:04:43.760 တစ်စက္ကန့်ကို သန်း ၂၀၀ နှုန်းနဲ့၊ 00:04:45.070 --> 00:04:46.560 Deep Blue ရဲ့ လုပ်ကိုင်ပုံက 00:04:47.360 --> 00:04:53.960 လူသား အသိဉာဏ် အထဲက အံ့ဖွယ် အရာတွေကို နည်းနည်းလေးမျှသာ ဖွင့်ပြနိုင်ခဲ့တာပါ။ 00:04:56.960 --> 00:04:58.776 မကြာခင်မှာပဲ၊ 00:04:58.800 --> 00:05:01.376 စက်တွေဟာ တက္ကစီယာဉ်မောင်းတွေ ဖြစ်လာကြတယ်၊ 00:05:01.400 --> 00:05:03.816 ဆရာဝန်တွေ၊ ပါမောက္ခတွေ ဖြစ်လာနိုင်ကြပေမဲ့ 00:05:03.840 --> 00:05:06.440 "အသိဉာဏ်" ကော ရှိလာကြမလား။ 00:05:07.840 --> 00:05:10.336 ကျွန်တော်ကတော့ အဲဒီလို အဓိပ္ပာယ်ဖွင့်ဆိုချက်တွေကို 00:05:10.360 --> 00:05:13.920 ဒဿနိက ပညာရှင်တွေနဲ့ အဘိဓါန်တွေဆီ လွှဲထားခဲ့ချင်တယ်။ 00:05:15.440 --> 00:05:19.320 အရေးကြီးဆုံးက ကျွန်ုပ်တို့ လူသားတွေက အဲဒီ စက်တွေနဲ့ 00:05:20.320 --> 00:05:23.920 နေထိုင် အလုပ် လုပ်နေရတာကို ဘယ်လို ခံစားရသလဲ။ 00:05:26.160 --> 00:05:31.416 ကျွန်တော် Deep Blue ကို ၁၉၉၆ ခုနှစ် တုန်းက ပထမဦးဆုံး အကြိမ် တွေ့ရတော့ 00:05:31.440 --> 00:05:34.550 ကျွန်တော်ဟာ ကမ္ဘာ့ချန်ပီယံ ဖြစ်နေခဲ့တာ ဆယ်နှစ် ကျော်နေပါပြီ၊ 00:05:35.340 --> 00:05:40.096 ကမ္ဘာ့ ချန်ပီယံပွဲတွေကို ၁၈၂ ကြိမ် ကစားပြီးခဲ့ပါပြီ 00:05:40.120 --> 00:05:45.216 ပြီးတော့ ဒိပြင်ပြိုင်ပွဲတွေမှာ ထိပ်သီး သမားတွေနဲ့ ပွဲရာချီ ကစားပြီးခဲ့ပါပြီ။ 00:05:45.240 --> 00:05:50.296 ကျွန်တော်ဟာ ပြိုင်ဘက်တွေဆီက ဘာကို မျှော်လင့်ရမှန်း 00:05:50.320 --> 00:05:52.670 ကျွန်တော်ဆီမှ ဘာကို မျှေ ာ်လင့်ရမှန်း သိခဲ့ပါတယ်။ 00:05:52.680 --> 00:05:57.856 ကျွန်တော်ဟာ သူတို့ရဲ့ အကွက်ရွှေ့ပုံကို လေ့လာလေ့ ရှိခဲ့တယ် 00:05:57.880 --> 00:06:01.496 သူတို့ရဲ့ စိတ်ခံစားမှု အခြေအနေကို ခန့်မှန်းတတ်ခဲ့တယ် 00:06:01.520 --> 00:06:05.360 သူတို့ရဲ့ ခန္ဓာကိုယ် ဘာသာစကားကို သူတို့ရဲ့ မျက်စိထဲ ကြည့်ရင်း ပေါ့လေ။ 00:06:05.880 --> 00:06:09.880 အဲဒီနောက်မှာ ကျွန်တော်ဟာ Deep Blue နဲ့ မျက်နှာချင်းဆိုင်ပြီး ထိုင်လာရတယ်။ 00:06:12.960 --> 00:06:15.816 တစ်ခုခု ဆန်းနေတာ ကျွန်တော် ချက်ချင်း ခံစားမိတယ်၊ 00:06:15.840 --> 00:06:17.160 တစ်ခုခု မဟုတ်ခဲ့ဘူး။ 00:06:19.440 --> 00:06:22.240 ခင်ဗျားတို့လည်း အလားတူ ခံစားမှုကို ခံစားမိခဲ့မှာပါ 00:06:23.320 --> 00:06:25.856 မောင်းသူမဲ့ကားကို ပထမဦးဆုံး အကြိမ် စီးရတဲ့ အခါမျိုး 00:06:25.880 --> 00:06:30.720 ခင်ဗျားတို့ရဲ့ ကွန်ပျူတာ မန်နေဂျာက ပြဿနာ တစ်ခုခုကို ရှင်းပြတဲ့ အခါမျိုး။ 00:06:33.800 --> 00:06:36.920 ဒါပေမဲ့ ကျွန်တော်က အဲဒီပွဲအတွက် ပထမအကြိမ် ထိုင်လိုက်တော့၊ 00:06:38.080 --> 00:06:40.216 ဒီအရာက ဘာများ လုပ်နိုင်စွမ်း ရှိမလဲ 00:06:40.240 --> 00:06:43.920 ဆိုတာကို ကျွန်တော် မသေချာခဲ့ပါ။ 00:06:44.410 --> 00:06:48.080 နည်းပညာတွေဟာ ခုန်ပျံ တိုးတက်နိုင်ပါတယ်၊ IBM ဟာ အကြီးအကျယ် မြှုပ်နှံခဲ့တယ်။ 00:06:48.680 --> 00:06:50.770 ကျွန်တော်ဟာ ပွဲကို ရှုံးသွားတယ်။ 00:06:51.820 --> 00:06:54.010 ကျွန်တော်ဟာ သိပ်ကို အံ့ဩသွားတယ်၊ 00:06:54.010 --> 00:06:56.190 အဲဒီစက်ကို နိုင်လို့ကို မရနိုင်တာများလား။ 00:06:56.330 --> 00:06:58.960 ကျွန်တော် သိပ်ကြိုက်ခဲ့တဲ့ စစ်တုရင်ခေတ် ကုန်သွားပြီလား။ 00:07:00.800 --> 00:07:04.936 အဲဒါတွေဟာ လူသားရဲ့ သံသယတွေ ကြောက်စိတ်တွေပါ၊ 00:07:04.960 --> 00:07:06.640 ကျွန်တော် သေချာပေါက် သိထားတာက 00:07:07.400 --> 00:07:10.296 ကျွန်တော့ ပြိုင်ဘက် Deep Blue ဆီမှာ စိုးရိမ်မှုတွေ လုံးဝ မရှိခဲ့ဘူး ဆိုတာပါ။ 00:07:10.320 --> 00:07:12.080 (ရယ်သံများ) 00:07:13.920 --> 00:07:15.320 ကျွန်တော်ဟာ စိတ်ဓာတ်ကျစရာ 00:07:16.400 --> 00:07:18.360 ထိုးနှက်မှုကြီးရဲ့ နောက်မှာ ပထမပွဲကို 00:07:19.000 --> 00:07:20.530 နိုင်ဖို့ တိုက်ပွဲ ဝင်ရတယ်၊ 00:07:20.960 --> 00:07:23.300 ဒါပေမဲ့ အဖြေက နံရံပေါ်မှာ ကမ္မည်း ထိုးထားလျက်ပါ။ 00:07:23.780 --> 00:07:26.536 နောက်ဆုံးမှာတော့ ကျွန်တော်ဟာ စက်ကို ရှုံးသွားခဲ့တယ်၊ 00:07:26.560 --> 00:07:29.616 ဒါပေမဲ့ ကျွန်တော်ဟာ John Henry ရဲ့ ကံကြမ္မာမျိုး မရင်ဆိုင်ခဲ့ရပါ၊ 00:07:29.640 --> 00:07:32.680 သူဟာ နိုင်ခဲ့ပေမဲ့ သူ့တူကို လက်ထဲ ကိုင်ထားရင်း သေသွားခဲ့တယ်။ 00:07:37.720 --> 00:07:40.256 စစ်တုရင် လောကက လူသား စစ်တုရင် 00:07:40.280 --> 00:07:43.520 ချန်ပီယံကို ဆက်ပြီး လိုချင်ကြတုန်းပါပဲ။ 00:07:44.920 --> 00:07:46.600 ဒီနေ့မှာတောင် 00:07:48.080 --> 00:07:51.536 မိုဘိုင်းဖုန်းပေါ်မှာ အခမဲ့ကစားနိုင်တဲ့ Deep Blue ထက်ကို သာတဲ့ 00:07:51.560 --> 00:07:53.576 စစ်တုရင် app ရှိနေတာတောင်၊ 00:07:53.600 --> 00:07:55.890 လူတွေဟာ စစ်တုရင်ကို ကစားနေကြတုန်းပါပဲ၊ 00:07:56.680 --> 00:07:58.920 အရင်ကထက် ပိုတောင် ကစားလာကြတယ်။ 00:07:59.800 --> 00:08:03.016 အဆိုးမြင်သူတွေက စက်ကနေပြီး နိုင်လိုက်မယ့် ဂိမ်းကို ဘယ်သူမှာမှ 00:08:03.040 --> 00:08:05.296 ကစားကြမှာ မဟုတ်ဘူးလို့ ဟောကိန်း ထုတ်ခဲ့ဘူးတယ်၊ 00:08:05.320 --> 00:08:07.536 သူတို့အားလုံး မှားခဲ့ကြတာ ထင်ရှားနေပြီ၊ 00:08:07.560 --> 00:08:11.016 တကယ်တော့ အဆိုးမြင်သူတွေ အစဉ်ပဲ ရှိခဲ့ကြပါတယ်၊ အထူသဖြင့် 00:08:11.040 --> 00:08:13.020 နည်းပညာတွေနဲ့ ပတ်သက်လာရင်ပေါ့လေ။ 00:08:14.360 --> 00:08:17.096 ကျွန်တော့ အတွေ့အကြုံများထဲကနေပြီး နားလည်လိုက်တာက 00:08:17.120 --> 00:08:21.776 ကျွန်တော်တို့ဟာ နည်းပညာထံမှ အများဆုံးကို ရယူချင်ရင် 00:08:21.800 --> 00:08:25.940 ကိုယ့် ကြောက်စိတ်တွေကို ရင်ဆိုင်ဖို့ လိုတယ် 00:08:26.360 --> 00:08:28.736 ပြီးတော့ လူသားဘဝထဲက အကောင်းဆုံးကို ရယူချင်ရင် 00:08:28.760 --> 00:08:34.000 ကျွန်တာ်တို့ဟာ အဲဒီ ကြောက်စိတ်တွေကို အနိုင်ယူရန် လိုပါတယ်။ 00:08:36.120 --> 00:08:37.895 ကိုယ့်ဒဏ်ရာတွေကို ကုစားရင်း၊ 00:08:37.919 --> 00:08:40.640 ကျွန်တော်ဟာDeep Blue နဲ့ ဝင်ခဲ့ရတဲ့ တိုက်ပွဲထဲကနေပြီး 00:08:41.080 --> 00:08:43.775 အားတက်စရာ အချက်တွေ အများကြီး ရခဲ့ပါတယ်။ 00:08:43.799 --> 00:08:47.220 ရုရှားစကားပုံဟောင်းက ဆိုထားသလို ကိုယ်မနိုင်နိုင်ရင်၊ လက်တွဲလိုက်ပါ။ 00:08:48.880 --> 00:08:50.256 အဲဒါနဲ့ စဉ်းစားမိတာက၊ 00:08:50.280 --> 00:08:52.616 ကျွန်တော်ကရော ကွန်ပျူတာနဲ့အတူနှင့်အတူ ကစားရင်ကော-- 00:08:52.640 --> 00:08:56.220 ကိုယ့်ဘေးမှာ ကွန်ပျူတာ ချထားပြီး ကျွန်တော်တို့ရဲ့ အားကို ပေါင်းလိုက်ရင်၊ 00:08:57.160 --> 00:09:00.936 လူရဲ့ ထိုးထွင်ဉာဏ်နဲ့ ကွန်ပျူတာရဲ့ တွက်ချက်နိုင်စွမ်း ပေါင်းလိုက်ရင်၊ 00:09:00.960 --> 00:09:03.656 လူရဲ့ မဟာဗျူဟာနဲ့ စက်ရဲ့ နည်းဗျူဟာ၊ 00:09:03.680 --> 00:09:06.096 လူ့အတွေ့အကြုံ နဲ့ စက်ရဲ့ မှတ်ဉာဏ်။ 00:09:06.120 --> 00:09:08.890 အဲဒီလို မကြုံစဖူး ကောင်းတဲ့ က စားပွဲများ ဖြစ်လာမလား။ 00:09:10.000 --> 00:09:11.680 ကျွန်တော့ စိတ်ကူးဟာ 00:09:12.920 --> 00:09:16.296 ၁၉၉၈ ခုနှစ်မှာ လက်တွေ့ ဖြစ်လာတယ်၊ အဆင့်မြင့် စစ်တုရင် ဆိုတဲ့ နာမည်နဲ့ 00:09:16.320 --> 00:09:22.000 ကျွန်တော်က လူသားနဲ့ကွန်ပျူတာ ပြိုင်ပွဲတွင် အခြား အထက်တန်းစား ကစားသမားနဲ့ ကစားခဲ့တယ်။ 00:09:23.280 --> 00:09:25.176 ဒပေမဲ့ ပထမဦးဆုံး စမ်းသပ်ပွဲတွင် 00:09:25.200 --> 00:09:31.560 ကျွန်တော်တို့ နှစ်ဖက်စလုံး လူသားနဲ့ စက်ရဲ့ ကျွမ်းမှုကို ထိရောက်စွာ မတွဲဖက်နိုင်ပါ။ 00:09:34.480 --> 00:09:37.160 အဆင့်မြင့် စစ်တုရင်ဟာ အင်တာနက် ပေါ်တွင် နေရာယူလိုက်ပါတယ်၊ 00:09:38.160 --> 00:09:43.016 အဲဒါနဲ့ 2005 ခုနှစ်တွင် အလွတ်သဘော စစ်တုရင်ပြိုင်ပွဲမှာ 00:09:43.040 --> 00:09:45.070 ကျွန်တော်တို့ မျက်စိ ပွင့်လာခဲ့တယ်။ 00:09:47.240 --> 00:09:50.776 grandmaster အသင်းနဲ့ နာမည်ကြီး စက်တွေ ပါဝင်ခဲ့ကြတယ်၊ 00:09:50.800 --> 00:09:53.536 ဒါပေမဲ့ နိုင်ခဲ့သူတွေဟာ grandmaster တွေ မဟုတ်ခဲ့ကြပါ၊ 00:09:53.560 --> 00:09:55.190 စူပါ ကွန်ပျူတာလည်း မဟုတ်ခဲ့ပါ။ 00:09:55.680 --> 00:10:00.016 အပျော်တမ်း အမေရိကန် စစ်တုရင် ကစားသူ နှစ်ဦး နိုင်ခဲ့ကြတယ်။ 00:10:00.040 --> 00:10:03.200 တစ်ချိန်တည်းမှာ သာမန် PC သုံးလုံးကို တပြိုင်နက်တည်း သုံးခဲ့ကြတယ်။ 00:10:05.560 --> 00:10:08.576 သူတို့က သူတို့စက်တွေကို အသုံးပြုနိုင်ခဲ့ပုံက 00:10:08.600 --> 00:10:13.290 ပြိုင်ဖက် grandmaster တွေရဲ့ အတွေ့အကြုံတွေကို 00:10:13.290 --> 00:10:15.976 ပြီးတော့ အားကောင်းလှတဲ့ ကွန်ပျူတာတွေရဲ့ စွမ်းပကားတွေကို 00:10:16.000 --> 00:10:20.160 နောက်ကောက် ချန်ရစ် နိုင်ခဲ့ကြပါတယ်။ 00:10:21.600 --> 00:10:23.980 အဲဒါနဲ့ ကျွန်တော်ဟာ ဒီလို ဖေါ်မြူလာကို တွေ့လာတယ်။ 00:10:24.560 --> 00:10:27.936 အားနည်းတဲ့ အားကစားသမားနဲ့ စက်ကိုပေါင်းလိုက်ပြီး 00:10:27.960 --> 00:10:31.216 ပိုကောင်းစွာ စီမံလုပ်ကိုင်ပေးရင် 00:10:31.240 --> 00:10:33.656 အားကောင်းလှတဲ့ စက်ကြီး သက်သက်ထက်၊ 00:10:33.680 --> 00:10:37.576 ပြီးတော့ အားကောင်းတဲ့ ကစားသူနဲ့ သိပ် မကောင်းလှတဲ့ စက်နဲ့ 00:10:37.600 --> 00:10:39.560 စာရင်တောင် 00:10:41.120 --> 00:10:43.520 ပိုသာမယ် ဆိုတဲ့ အချက်ပါပဲ။ 00:10:46.360 --> 00:10:48.480 အဲဒီအချက်က ကျွန်တော်တို့ဟာ ကိုယ့်စက်တွေကို 00:10:50.000 --> 00:10:53.680 ပိုပြီး ဦးနှောက်ပါပ သုံးလာနိုင်အောင်် သင်ကြား အသုံးချကြရာတွင် 00:10:54.520 --> 00:10:56.900 ပိုကောင်းတဲ့ အင်တာဖေ့စ် လိုတာကို နားလည်လာစေတယ်။ 00:10:58.320 --> 00:11:01.616 လူတွေကို စက်နဲ့ ပေါင်းပေးခြင်းဟာ အနာဂတ် မဟုတ်ပါဘူး၊ 00:11:01.640 --> 00:11:02.856 အဲဒါ အခု ပစ္စုပ္ပန်ပါ။ 00:11:02.880 --> 00:11:07.016 လူတိုင်းဟာ အွန်လိုင်း ဘ ဘာသာပြန်မှုကို သုံးပြီး 00:11:07.040 --> 00:11:11.336 နိုင်ငံခြား သတင်းစာထဲက ဆောင်းပါးကို အကြမ်းဖျင်း သိဖို့ အသုံးပြုပါတယ်၊ 00:11:11.360 --> 00:11:13.060 အဲဒါဟာ သိပ်မပြည့်စုံမှန်း သိပါတယ်။ 00:11:13.060 --> 00:11:16.256 အဲဒီ ဘာသာပြန်ကို ယူပြီး ကျွန်တော်တို့ဟာ ကိုယ့်အတွေ့အကြုံကို သုံးပြီး 00:11:16.256 --> 00:11:17.896 အဲဒီထဲက အနှစ်သာရကို ထုတ်ယူကြတယ်၊ 00:11:17.920 --> 00:11:20.696 အဲဒီနောက်မှာ စက်က ကျွန်တော်တို့ ပြင်ပေးလိုက်တာ သင်ယူပါတယ်။ 00:11:20.720 --> 00:11:25.680 အဲဒါကို ဆေးဘက်ဆိုင် ရာရောဂါ ရှာဖွေမှု၊ လုံခြုံရေး ဆန်းစစ်မှုထဲ သုံးနေကြပါပြီ။ 00:11:26.440 --> 00:11:28.560 စက်ဟာ ဒေတာကို ခွဲခြမ်း လေ့လာတယ် 00:11:29.320 --> 00:11:31.056 ဖြစ်နိုင်ခြေကို တွက်ပေးတယ်၊ 00:11:31.080 --> 00:11:34.736 အလုပ်ကြမ်း ၈၀ ရာခိုင်နှုန်း၊ ၉၀ ရာခိုင်နှုန်း လုပ်ပေးတယ်၊ 00:11:34.760 --> 00:11:39.136 ဆန်းစစ်ရတာ လွယ်ကူလာစေတယ် 00:11:39.160 --> 00:11:41.760 ပြီးတော့ လူသားရဲ့ ဆုံးဖြတ်ချက် ပေးရတယ်။ 00:11:42.280 --> 00:11:47.120 ဒါပေမဲ့ ခင်ဗျားတို့ဟာ ကိုယ့်ကလေးတွေကို မိမိဘာသာမိမိ မောင်းနိုင်တဲ့ 00:11:48.000 --> 00:11:51.560 ကားနဲ့ ကျောင်းကို ပို့မှာ မဟုတ်ပါဘူး၊ ၉၀ ရာခိုင်နှုန်း သေချာတောင်။ 00:11:52.250 --> 00:11:54.200 99 ရာခိုင်နှုန်း ဆိုလည်း မပို့ပါဘူး။ 00:11:55.560 --> 00:11:58.416 ဒီတော့ ကျွန်တော်တို့ဟာ ရှေ့ကို ခုန်ပျံရန် လိုပါတယ် 00:11:58.440 --> 00:12:04.600 အရေးပါတဲ့ နောက်ထပ် ဒဿမတွေကို ထည့်ပေးနိုင်ဖို့ အတွက်ပါ။ 00:12:07.160 --> 00:12:11.200 Deep Blue နဲ့ ကျွန်တော့ ကစားခဲ့တဲ့ ပွဲရဲ့ နောက် နှစ် နှစ်ဆယ် အကြာတွင်၊ 00:12:12.200 --> 00:12:13.816 ဒုတိယပွဲ မှာ၊ 00:12:13.840 --> 00:12:20.136 မြင်ခဲ့ကြရတဲ့ "ဦးနှောက်ရဲ့ နောက်ဆုံး တိုက်ပွဲ" ခေါင်းစဉ်ဟာ 00:12:20.160 --> 00:12:21.736 သာမန်ကိစ္စ ဖြစ်လာပါပြီ 00:12:21.760 --> 00:12:24.296 အသိဉာဏ်ပါတဲ့ စက်တွေဟာ 00:12:24.320 --> 00:12:25.520 နေ့စဉ် 00:12:26.560 --> 00:12:28.760 ကဏ္ဍတိုင်းမှာ လှုပ်ရှား ရွေ့လျားနေတယ်။ 00:12:30.160 --> 00:12:33.256 ဒါပေမဲ့ အတိတ်ကာလနှင့်မတူဘဲ၊ 00:12:33.280 --> 00:12:34.920 စက်က လယ်သမားတွေ၊ 00:12:36.480 --> 00:12:38.520 လူရဲ့ လုပ်အားကို အစားထိုးမှု မဟုတ်ဘဲ 00:12:38.520 --> 00:12:41.376 ၎င်းတို့ဟာ ဒီဂရီ ရထားတဲ့ သူတွေကို အစားထိုးဖို့ လာနေကြတယ်၊ 00:12:41.400 --> 00:12:43.520 နိုင်ငံရေး သြဇာလွှမ်းမိုးဖို့ ကြိုးစားနေတယ်။ 00:12:43.520 --> 00:12:46.216 စက်ကို အရှုံးပေးခဲ့ရသူ တစ်ဦးအနေနဲ့ ပြောချင်တာက 00:12:46.216 --> 00:12:49.240 ဒီသတင်းတွေဟာ သိပ်ကို ကောင်းပါတယ်၊ အရမ်းကောင်းတဲ့ သတင်းတွေပါ။ 00:12:51.000 --> 00:12:53.216 နောက်ဆုံးမှာတော့ ကျွမ်းကျင် အလုပ်တိုင်းဟာ 00:12:53.240 --> 00:12:55.336 အဲဒီလို ဖိအားပေးမှုကို ခံစားရမှာပါ၊ 00:12:55.360 --> 00:13:00.960 မဟုတ်ရင် လူသားဟာ တိုးတက်မှု မရှိတော့တာကို ဆိုလိုမှာပါ။ 00:13:02.760 --> 00:13:03.960 ကျနော်တို့ဆီမှာ 00:13:05.440 --> 00:13:07.160 နည်းပညာ တိုးတက်မှု 00:13:08.480 --> 00:13:11.200 ဘယ်တော့ ရပ်သွားမယ် ဆိုတာကို ရွေးခွင့် မရှိပါ။ 00:13:13.160 --> 00:13:14.520 ကျွန်တော်တို့ဟာ 00:13:15.960 --> 00:13:17.456 အရှိန်ကို လျှော့ချ မရနိုင်ပါ။ 00:13:17.480 --> 00:13:19.296 တကယ်တော့၊ 00:13:19.320 --> 00:13:21.240 ကျွန်တော်တို့ဟာ အရှိန်ကို မြှင့်ရပါမယ်။ 00:13:24.600 --> 00:13:27.240 ကျွန်ုတော်တို့ရဲ့ နည်းပညာတွေဟာ 00:13:29.200 --> 00:13:33.500 ကျွန်တော်တို့ရဲ့ ဘဝထဲက အခက်အခဲတွေနဲ့ မရေရာမှုတွေကို ဖယ်ရှားရာတွင် သိပ်တော်တယ်။ 00:13:35.000 --> 00:13:37.816 ကျွန်တော်တို့ဟာ ပိုလို့ကို ခက်ခဲတဲ့ 00:13:37.840 --> 00:13:39.696 အရာတွေ၊ ပိုစိန်ခေါ်ရာကျတဲ့ 00:13:39.720 --> 00:13:43.800 ဆက်ပြီး ရှာကြံဖို့ လိုပါတယ်။ 00:13:48.200 --> 00:13:49.400 စက်တွေဆီမှာ 00:13:51.880 --> 00:13:53.696 တွက်ချက်မှုတွေ ရှိတယ်။ 00:13:53.720 --> 00:13:55.296 ကျွန်တော်ဆို့ဆီမှာ အသိပညာ ရှိတယ်။ 00:13:55.320 --> 00:13:57.360 စက်တွေဆီမှာ ညွှန်ကြားချက်တွေ ရှိတယ်။ 00:13:58.840 --> 00:14:00.696 ကျွန်တော်တို့ဆီမှာ ရည်ရွယ်ချက် ရှိတယ်။ 00:14:00.720 --> 00:14:03.000 စက်တွေဟာ 00:14:05.080 --> 00:14:06.296 ဓမ္မဓိဋ္ဌာန် ကျပါတယ်။ 00:14:06.320 --> 00:14:08.280 ကျွန်တော်တို့မှာ စိတ်ထက်သန်မှု ရှိတယ်။ 00:14:08.600 --> 00:14:14.576 စက်တွေ ဒီနေ့ ဘာတွေ လုပ်နိုင်တာကို ကျွန်တော်တို့ စိုးရိမ်ရန် မလိုပါ။ 00:14:14.600 --> 00:14:19.176 အဲဒီအစား ၎င်းတို့ ဘာတွေကို မလုပ်နိုင် သေးတာကို စဉ်းစားဖို့ လိုပါတယ်။ 00:14:19.200 --> 00:14:24.696 ကျွန်တော်တို့ဟာ အသိဉာဏ်ပါမယ့် စက်သစ်တွေရဲ့ အကူအညီကို လိုအပ်မှာ မို့လို့ပါ။ 00:14:24.720 --> 00:14:28.800 ကျွန်တော်တို့ရဲ့ အကြီးမားဆုံး စိတ်ကူးတွေ လက်တွေ့ ရုပ်လုံးဖေါ်ဖို့ အတွက်ပါ။ 00:14:30.000 --> 00:14:31.320 ကျွန်တော်တို့ ကျရှုံးပါက၊ 00:14:32.240 --> 00:14:36.896 ကျရှုံးခဲ့ရင်၊ စက်တွေ အသိဉာဏ် သိပ်တော်လို့ ဒါမှမဟုတ် 00:14:36.920 --> 00:14:38.750 လုံလောက်စွာ မတော်လို့ မဟုတ်ပါ။ 00:14:39.200 --> 00:14:42.280 ကျွန်တော်တို့ ကျရှုံးခဲ့ရင် ကျွန်တော်တို့ ကျေနပ်အားရနေခဲ့လို့ 00:14:43.390 --> 00:14:45.240 ရည်မှန်းချက်တွေကို ကန့်သတ်ခဲ့ကြလို့ပါ။ 00:14:46.320 --> 00:14:49.560 ကျွန်တော်တို့ လူသားကို ဘယ်လို ကျွမ်းကျင်မှုနဲ့မှ ကန့်သတ် မထားပါ၊ 00:14:51.280 --> 00:14:53.960 တူပစ်တာ၊ စစ်တုရင်ကစားတာ ဟာမျိုးဖြင့် ကန့်သတ် မထားပါ။ 00:14:54.560 --> 00:14:57.576 လူသား တစ်ဦးတည်းသာ လုပ်နိုင်တဲ့ အရာ တစ်ခု ရှိပါတယ်။ 00:14:57.600 --> 00:14:58.800 အိပ်မက်ပါ။ 00:15:00.120 --> 00:15:02.656 ဒီတော့ အိပ်မက်ကြပါစို့။ 00:15:02.680 --> 00:15:03.896 ကျေးဇူးတင်ပါတယ်။ 00:15:03.920 --> 00:15:07.807 (လက်ခုပ်သံများ)